February 14
ဒီနေ့ သိပ်ချစ် မွေးနေ့မို့ အလုပ်နားသည်။ အခက်အခဲတွေ ကြားကနေ အသက်တစ်ရက် ရှင်သန်ခွင့်ရပြန်ပြီမလား။ဒီအရွယ်အထိ ပြုစုစောင့်ရှောက်လာခဲ့တဲ့ မိဘတွေကို ကျေးဇူးတင်ပေမဲ့ ကျေးဇူးဆပ်ခွင့်တော့ မရခဲ့ဘူးပေါ့။ အလုပ်နားသည်မို့ စိတ်ရှိလက်ရှိ အိပ်ပျော်ခဲ့တာ အိပ်ယာနိုးတော့ နေ့လည် 11နာရီ ခွဲ။
" ဟင် နေ့တစ်ဝက်တောင်ကျိုးသွားပြီ!"
နေ့လည်စာစားချိန်တောင်ရောက်ပြီမို့ မနက်စာနှင့်ပါ တစ်ခါတည်း ပေါင်းစားရမည့်ကိန်း။ ဘာမှ မချက်ချင်တော့တာမို့ အပြင်ကနေပဲ စားစရာ တွေမှာလိုက်သည်။ Delivery စောင့်နေရင်း ရေချိုးခန်းထဲဝင်ကာ ရေချိုးနေလိုက်သည်။ ရေချိုပြီးတော့ အဝတ်အစားပင် မဝတ်ရသေး အိမ် တံခါးခေါက်သံကြားရသည်။
" ဟင်! Delivery တောင်ရောက်ပြီ"
အဝတ်အစား လဲပြီးမှ ဆင်းချင်ပေမဲ့ တံခါးကို အဆက်မပြတ် ခေါက်နေသည့်အတွက် တဘက် အရှည်ကို ပတ်ကာ တံခါးသွားဖွင့်ပေးရတော့သည်။
တံခါးကို ဖွင့်လိုက်တော့.....
" မမ!" သိပ်ချစ် ဘာစကားမှ မဆို မိခင် အရှေ့က အမျိုးသမီးဟာ သိပ်ချစ်ကို တင်းကျပ်စွာ ပြေးဖက်ရင်း နှုတ်ခမ်း တို့ကို မွတ်သိပ်စွာ နမ်းတော့သည်။ အံ့ဩမှုတို့ကြောင့် တုံ့ပြန် အနမ်းတွေ တောင်ပေးဖို့ မေ့သွားသည်။ သိပ်ချစ်သတိပြန်ကပ်တော့ ဖက်ထားသည့် လက်တို့အား ဖြည်ချပေမဲ့ မမ ကပိုလို့တောင် ဖက်ထားသေးသည်။
" မမ ခနလေး! အနောက်မှာ လူလာနေလို့! " ထိုသို့သိပ်ချစ်ပြောလိုက်တော့မှ ဖက်ထားသည့် လက်တို့ကို ဖြုတ်လိုက်သည်။
" ပစ္စည်းလာပို့တာပါဗျ"
" ကျေးဇူးပါ မောင်လေး"
" ဒီမှာ လက်မှတ်လေး ထိုးပေးပါ အစ်မ"
Deli ပို့တဲ့ ကောင်လေးမှာ ဘောပင်နဲ့ စာအုပ် ကမ်းပေးတာတောင်လက်က တုန်နေသည်။ ခုနက အဖြစ်အပျက်ကို မြင်သွားလို့ ရှော့ခ် ရသွားသည် ထင်ပါသည်။ သိပ်ချစ်လဲ ပြုံးစိစိဖြင့်....
" ရပြီ မောင်လေး"
Deli ကောင်လေးလဲ ခပ်သုပ်သုပ်ဖြင့် စက်ဘီးနင်းသွားတော့သည်။ သူရှက်သွားပြီကိုး။
.............................
ဧည့်ခန်းထဲရှိ လူနှစ်ဦးဟာ တစ်ဦးကို တစ်ဦး ရီဝေစွာ ကြည့်နေကြသည်။ ထိုအကြည့်တို့သည် စကားလုံးပေါင်းထောင်သောင်းမကထက်တန်ဖိုးရှိမည် ထင်သည်။ သိပ်ချစ်သည် မမ အနားသို့တစ်လှမ်းချင်းလှမ်းကာ မမ ဘေးမှာဝင်ထိုင်ရင်း မမ ပုခုံးလေးကို မှီကာ ........
" အရမ်းလွမ်းနေခဲ့တာ သိရဲ့လား"
" မယုံဘူး"
နှစ်ယောက်သား စကားလုံးတွေ ပျောက်ရှပြန်သည်။
" ပြန်လာပေးတဲ့ အတွက် ကျေးဇူးပါ မိန်းမ" ဒီတစ်ခါတော့ သိပ်ချစ် ဘက်က စကားစလာသည်။
" တကယ်ပြောတာ မိန်းမ ကို နေ့တိုင်းလွမ်းတာ "
" ယုံဖို့ မကောင်းတဲ့ စကားတွေ မပြောစမ်းပါနဲ့"
" မမ ဘာလို့ မယုံရတာလဲ "သိပ်ချစ်မျက်ရည်လေးဝဲကာ မေးနေမိသည်။ ဘယ်တုန်းကမှ မျက်ရည်မကျဘူးတဲ့ သိပ်ချစ်ဟာ မမ နှင့်တွေ့တော့မှ မျက်ရည်ကျရတော့သည်။
" ချစ်ရင် ချစ်ကြောင်း ပြောရတယ်ကွ၊ လွမ်းရင် အကျိုးအကြောင်း လေးမေးသင့်တယ်မဟုတ်လား၊ အတူရှိချင်တယ်ဆိုရင် တို့ရှိတဲ့ နေရာ အထိ လာသင့်တယ်မဟုတ်လား၊ တို့ပြောတဲ့ အရာတွေထဲမှာ မင်းဘာလုပ်ခဲ့ဖူးလဲ ဟမ်"
" မင်းဘက်က ချစ်တယ်လို့ မပြောဖူးသလို၊ လွမ်းလို့ဆိုပြီးဖုန်းလဲ မဆက်ဖူးဘူး၊ တို့ရှိတဲ့ နေရာအထိ လာဖို့ဆို ပိုတောင် ဝေးသေး၊ အဲ့တော့ မင်းကိုတို့ ဘယ်လို ယုံရမှာလဲ"
" မင်းကလေတို့နဲ့ ပတ်သက်ရင် ဘယ်တော့မှ မာန မချဘူး ၊ မင်းက မင်းမာနတွေကို မချပေမဲ့ တို့က မင်းနဲ့ပတ်သက်ရင် ဘယ်လိုမှ မ နေရက်ဘူး သိရဲ့လား၊ ဒီနေ့တော့ မင်းပြန်မခေါ်တော့မဲ့အတူ တို့ ကိုယ်တိုင်ပဲ မင်းဆီကို ဒုတိယ အကြိမ် လိုက်လာခဲ့လိုက်တယ်၊ မောင်းထုတ်ချင်လဲ မောင်းထုတ်တော့! တို့လေ တို့..မင်းကို အဲ့လောက်ထိ ချစ်တာ မင်းသိရဲ့လား အချစ်ဆုံးရယ်"
မမဟာ ပြောချင်ရာပြောပြီး သိပ်ချစ်ကို တင်းကျပ်စွာ ဖက်ထားရင် ရှိုက်ကြီး တငင် ငိုနေလျက်။
" ဒီပွဲမှာ မမ နိုင်တယ်၊ ဒီကို လိုက်လာခဲ့ရလို့ မမမရှုံးပါဘူး၊ တကယ် ရှုံးတဲ့လူက သိပ်ချစ်ပါပဲ၊ ဘာလို့လဲ သိလား ချစ်ရဲ့သားနဲ့ကို ချစ်တယ်လို့ မပြောနိုင်ခဲ့တာ၊ လွမ်းရဲ့သားနဲ့သက်သေမပြနိုင်ခဲ့တာ၊ ဒါမဲ့ မမ ဆီကို သိပ်ချစ် တကယ်သွားခဲ့ပါတယ်၊ အဲ့ဒါ မှန်သောစကားပါ"
" ဟင်!"
" ဖြစ်ချင်တော့ အဲ့နေ့က မမ ယောက္ခမ နှစ်ယောက်လုံး Accidentဖြစ်တဲ့ နေ့၊ ဆုံးရှုံးသွား တဲ့အရာတစ်ခုက ပြန်မရသေးခင်မှာပဲ နောက်တစ်ခု ထပ် ဆုံးရှုံးရပြန်တယ်၊ သိပ်ချစ်ရူးမတတ်ပါပဲ မမရယ်၊ လောကမှာ အသက်မရှင်နိုင်တော့ဘူးလို့တောင်ထင်ထားတာ"
အားနည်းချက်တွေဆိုပေမဲ့၊ ကိုယ်ချစ်ရသူတွေဆီမှာ တော့ အားလုံးက ဖွင့်ဟ ပြောကြတာပါပဲ။ ဝတ်မှုံသိပ်ချစ်ကို သနားသွားသည်။ အမှန်တော့ ကိစ္စ အားလုံးကို ဝတ်မှုံသိထားပြီးသားပါ။ ဈာပန ပွဲတုန်းက ဝတ်မှုံလာခဲ့ပါသေးသည်။ မိငယ်တို့ လဲ သိသလို ဂျွန်လဲသိသည်။ ဂျွန်က ကိစ္စတွေ အကုန်ရှင်းပြလို့သာ ဝတ်မှုံပြန်လာခဲ့တာပေါ့။ သိပ်ချစ် ကိုယ်တိုင်ချစ်တယ်ပြောမှ ဆိုရင် ဘယ်တော့မှ မနီးစပ်နိုင်တော့မှန်းသိသည်။
" မင်းးး တို့ကို ချစ်လားဟင်"
" အပြောတွေက ကြာတယ် ၊ လက်တွေ့ သက်သေပြတာက ပိုကောင်းတယ် " ဟုဆိုကာ ဝတ်မှုံကို အခန်းထဲသို့ ပွေ့ချီ သွားသူမှာ သိပ်ချစ်။
" ခွင့်ပြုမယ်မလား"
" လာမေးနေသေးတယ်"
"တကယ်ပြောတာ၊ အခုက စပြီး မမ သဘောမတူရင် ဘာမှ အတင်းအကျပ် မလုပ်တော့ဘူး "
" အင်းလို!"
" ထပ်ပြောပါအုံး"
စပ်ဖြီးဖြီး လုပ်နေသည့် သိပ်ချစ်ကို ဝတ်မှုံ မျက်စောင်းထိုးကာ....
" တော်ပြီ မလုပ်ချင်ရင် မလုပ်နဲ့တော့"
" ဟာ လုပ်မှာ! လုပ်မှာ!"
နေ့လည်စာတော့ မစားဖြစ်ခဲ့ပေမဲ့ သိပ်ချစ် ဗိုက်မဆာတော့ပါ။
..........................
" ချစ် အိပ်ယာထတော့လေ အလုပ်သွားရအုံးမယ်မလား၊ မ ထမင်းဘူးပြင်ထားပြီးပြီ ထတော့!ထတော့!"
" ဟာကွာ!အိပ်လို့ကောင်းပြီဆို မိန်းမတို့ ကလုပ်ပြီ "
လူက စေတနာ နှင့်လာနှိုး တာကို သူကပဲ စိတ်ဆိုးရတယ်ရှိသေး။ ဝတ်မှုံလဲ နှိုးမရ သည့်အတူ နှိုးမနေတော့ပဲ အောက်ထပ်ဆင်းခဲ့တော့သည်။
.........................
"ဟ ၈နာရီတောင် ထိုးတော့မယ်!မိန်းမကလဲ နည်းနည်း ပါးပါး ခေါ်တာမဟုတ်ဘူး "
" မင်း ပါးစပ်ပိတ်ထား! တို့ကိုပြသနာ လာမရှာနဲ့!"
" ဟ ရင့်လိုက်ချည်လား စကားက"
" ....."
" အလုပ်နောက်ကျပြီကွာ !ကျစ် အာရုံပဲ၊ ဟာကွာ!"
အလုပ်နောက်ကျနေပြီမို့ သိပ်ချစ် ဟိုမဲဒီမဲ လုပ်ကာ ရှေ့မှာ ရှုပ်နေသည့် အမှိုက်ပုံးအား ကန်ထည့်လိုက်သည်။ ဖြစ်ချင်တော့ အမှိုက်ပုံးက ဝတ်မှုံရှေ့သို့ တည့်တည့်ကျသွားသည်။
" မင်းဒါဘာလုပ်တာလဲ"
" ကန်လိုက်တာလေ မမြင်ဘူးလား"
" မင်း!တောက်! စောစောစီးစီး ရန်မဖြစ်ချင်ဘူးနော်"
" ဘယ်သူက ရန်ဖြစ်ခိုင်းလို့လဲ ၊တစ်ယောက်တည်းနေလေ စကားလာမပြောနဲ့"
"ဒီကိစ္စမှာ မင်းဒေါသထွက်စရာဘာမှမရှိဘူး၊ တို့မင်းကိုနှိုးတယ်၊ မင်းထလို့လား ဟမ်! ဘာမှ လာမဲမနေနဲ့"
" နားငြီးးးးးတယ်!"
ထို့သို့ပြောကာ ထွက်သွားသော ကျောပြင်ကိုကြည့်ရင်း ဝတ်မှုံ မကျေမနပ်ဖြစ်နေသည်။ ပြန်လာပါစေ အုံးပေါ့။ အော် ကိုယ်ထုတ်ထားပေးတဲ့ ထမင်းဘူးတောင် ယူမသွားဘူးပဲ။
.................................................
ဧည့်ခန်းမှာ ဝတ်မှုံTV ကြည့်နေတုန်း တံခါးဖွင့်သံကြားတော့ ကြည့်လိုက်မိသည်။ :ဟင် ဒီနေ့ အလုပ်ကနေ အစောကြီးပြန်လာပါလား။ နေမကောင်းလို့များလား အို မမေးချင်ပါဘူး သူ့ဟာသူ ဘာဖြစ်ဖြစ်ပေါ့: စိတ်ထဲကနေ တွေးနေမိသည်။
" မိန်းမ!"
" ....."
" မိန်းမလို့!"
" ....."
" ချစ် လက်လေး စက်ညှပ်မိတာ ၊ ပြတ်တော့မလားမသိဘူး ဒီမှာကြည့်ပါအုံး"
" ဘယ်မှာလဲ! ပြကြည့်!"
ဝတ်မှုံ စိုးရိမ်တကြီးမေးမိသည်။ ဘယ်လောက်ပင် စိတ်ဆိုး စိတ်ဆိုး ၊အရေးကြုံရင်တော့ နှလုံးသားထဲက အချစ်စိတ်က အနိုင်ရမြဲ။ ပတ်တီးဖြူလေးကို အသာလေး ဖြည်ကြည့်တော့ ......
" အရူး! ဘာမှလဲမရှိဘူး"
" တကယ်ထင်သွားတာပေါ့"
" အင်းပေါ့"
စူပုတ်ပုတ်လေး ပြောနေတဲ့ မမ ရဲ့ ရင်ခွင်ထဲကို အတင်းတိုးပြီ မမ ကိုဖက်ထားလိုက်ကာ.....
"ဒီမနက် မမနဲ့ စကားများတော့ အလုပ်လုပ်ရတာ အဆင်မပြေဘူး ဒါကြောင့် စောပြန်လာလိုက်တာ "
ချွဲရုံတင် မကသေး မမ ၏ ရင်ဘက်ကို မျက်နှာနှင့် ပွတ်သပ်နေသည်။
" မင်း ပိုနေပြီကွာ မ အေးဆေး TV ကြည့်ပါရစေ"
" TV ကအရေးကြီးလား ချစ်က အရေးကြီးလားပြော"
" ......"
မမ ဟာ ဘာမှ မပြောပဲ TV ကိုသာ ဆက်ကြည့်နေသည်။ အဲ့ဒါက သိပ်ချစ်ကို စမ်းတာပဲ။
" မိန်းမ! ဒီကိုကြည့်"
ဝတ်မှုံ ထိုကောင်မလေးကိုကြည့်မိသည်။ အလုပ်ကနေ ပြန်ရောက်စမို့ အနည်းငယ်ပင်ပန်းနေပုံပေါက်ပေမဲ့၊ မျက်လုံးတို့သည် တစ်ခုခုကို တောင်းဆိုနေသယောင်၊ ထိုအကြည့်တို့ကို နားလည်သဖြင့် မသိချင် ယောင်ဆောင်ကာ မျက်နှာလွဲလိုက်မိသည်။
" မမ တကယ်ပဲ မသိတာလား မသိချင်ယောင်ဆောင်နေတာလား"
"ဘာကိုလဲ "
" ကျစ်!" သိပ်ချစ်စိတ်ကောက်ကာ အနားကနေထွက်သွားတော့သည်။ တစ်စိတ်ရှိ သူ့စိတ်ချည်းပဲ။ ဝတ်မှုံ TV ပိတ်ကာ ချော့ဖို့ပြင်ရတော့သည်။
" မင်းကလဲ နေ့ခင်းကြီး ရှိသေးတာကို"
" အဲ့ဒါကို လုပ်ဖို့ နေ့၊ည ခွဲ နေစရာမလိုပါဘူး"
" ကဲ အဲ့ဒါဆိုလာအခု အခန်းထဲသွားရအောင်"
" ဟင့်အင်း ဒီမှာပဲ လုပ်မယ်"
" ဧည့်ခန်းကြီးထဲမှာကို!"
" နေရာတွေ ရွေးနေစရာမလိုဘူးလေ၊ အဓိက ကိစ္စ ပြီးဖို့မလား"
" တစ်ယောက်ယောက်မြင်သွား!"စကားပင် မဆုံးသေး ထွက်သွားဖို့ ပြင်နေသည့် သိပ်ချစ်ကို ဝတ်မှုံကပဲ အရှုံးပေးလိုက်ကာ....
" ကဲ မထူးတော့ဘူး! ဒီမှာပဲ လုပ်တော့"
" ဒါမှ ပေါ့"
:ရုပ်ကိုက အမြင်ကပ်စရာ: ဝတ်မှုံ စိတ်ထဲကနေ ပြောနေမိသည်။
......................................
သူ့အလာကို မစောင့်ပဲ သူ့ဆီအရောက်သွားခဲ့တာဟာ သူ့ကို အရမ်းချစ်လို့ပါ။ ကိုယ့်ဆီအရောက်မလာခဲ့လို့သူက ကိုယ့်ကို မချစ်ဘူး ဆိုပြီးပြောလို့လဲမရပြန်ဘူး။ ဘာလို့ဆို အချစ်ကို ထုတ်ဖော်မပြတတ်တဲ့ လူတွေလဲ ရှိသေးတာပဲမလား။
ဒီပွဲမှာ ဝတ်မှုံနိုင်သလို သိပ်ချစ်လဲ မရှုံးပါဘူး၊ဘာလို့ဆို အချစ်တွေဟာ နှစ်ယောက်လုံးနဲ့ ထပ်တူကျခဲ့တာကိုး။
အချစ် တဲ့လား။နူးညံ့လိုက်တာ၊ ညင်သာလိုက်တာ၊ချိုမြိန်လိုက်တာ။
»ပြီးပါပြီ«
.........................
Hsan Kyal 🍁☕