သူကြီးသားကကျွန်တော့်အပိုင်[ပု...

By Shinn-0813

302K 14K 677

ပုံတိုင်းဆောင် +ရာချီဒွေး သူကြီးသားလေးနဲ့ အပေါင်ဆိုင်သားလေးတို့ကိုဖတ်ပေးကြပါအုန်းရှင့် တောရွာပုံစံလေးကိုမှ ကြ... More

intro
1(Unicode)
1(ZawGyi)
2(Unicode)
2(ZawGyi)
3(Unicode)
3(ZawGyi)
4(Unicode)
4(ZawGyi)
5(Unicode)
5(ZawGyi)
6(Unicode)
6(ZawGyi)
7(Unicode)
7(ZawGyi)
8(Unicode)
8(ZawGyi)
9(Unicode)
9(ZawGyi)
10(Unicode)
10(ZawGyi)
11(Unicode)
11(ZawGyi)
12(Unicode)
12(ZawGyi)
13(Unicode)
13(ZawGyi)
14(Unicode)
14(ZawGyi)
15(Unicode)
15(ZawGyi)
16(Unicode)
16(ZawGyi)
17(Unicode)
17(ZawGyi)
18(Unicode)
18(ZawGyi)
19(Unicode)
19(ZawGyi)
20(Unicode)
20(ZawGyi)
21(Unicode)
21(ZawGyi)
22(Unicode)
22(ZawGyi)
23(Unicode)
23(ZawGyi)
24(Unicode)
24(ZawGyi)
25(Unicode)
25(ZawGyi)
26(Unicode)
26(ZawGyi)
27(Unicode)
27(ZawGyi)
28(Unicode)
29(Unicode)
29(ZawGyi)
Final part(Unicode)
Final Part (ZawGyi)
အသိပေးခြင်း

28(ZawGyi)

1.2K 29 0
By Shinn-0813

ခပ်ပျင်းပျင်းရိုက်ခံရတဲ့ အရှိန်ကြောင့် ရာချီတစ်ယောက် မူးမေ့သွားကာ။

ပြန်ထလာတာနဲ့အမျှ လှောင်ပိတ်ခံရသလို တိတ်ဆိတ်နေပြီး မိန်းမတစ်ယောက်၏ ငိုသံတွေကလည်း လေထုထဲ ဖုံးလွှမ်းလျက်။

"အင့် အဟင့် "

မျက်စိက လေးလံနေတာမို့ အချိန်ယူပြီး ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တော့ ငိုယိုနေတဲ့ မိန်းကလေးကရွာက ဆရာမလေး မြပိုးနွယ်သာ ဖြစ်လိမ့်မည်။

မြပိုးနွယ်က ဘာလို့ ဒီမှာ လာငိုနေရတာလဲ။
ညကလည်း ဘာတွေဖြစ်ခဲ့တာလဲ ဘယ်သူက ငါ့ကိုရိုက်ခဲ့တာ မဟုတ်မှ ဒီဆရာမကလား။

"ဒီမှာ ကျုပ်ဘယ်လိုဒီရောက်နေတာလဲ အဲ့က ဆရာမလေးကတော့ ဘာကိစ္စငိုနေရတာလဲ "

"ရှင်ကျွန်မကို မဟုတ်တာလုပ်ပြီးမသိချင်ယောင်ဆောင်မနေနဲ့ ကျွန်မ အခု ရှင့်လုပ်ရက်တွေကို သူကြီးကိုရော ဆရာတော်ကိုပါတိုင်ထားတယ် "

"နေပါအုန်း ကျုပ်ကဘာများလုပ်နေလို့လဲ"

သူနားမလည်နိုင်တဲ့ စကားတွေကို ဆက်တိုက်ငိုယိုပြောဆိုနေတဲ့ မြပိုးနွယ်ကြောင့် စိတ်ရူတ်မိပါသည်။
ဘေးပတ်ပတ်လည်ကိုကြည့်တော့လည်း အခု ဘယ်အိမ်ကိုရောက်နေရတာလဲ ပတ်ဝန်းကျင်ကလည်းတိတ်ဆိတ်နေတာ။

သို့သော် သူကြီးနဲ့ ဆရာတော်က ဦးဆောင်၍ လူတစ်စုက အုပ်လိုက်ရောက်လာကြ၏

"ရာချီမင်း"

ခွပ်!!!

"အဖေ.."

မျက်စိတစ်မှိတ်အတွင်းမှာ အဖေ့ဆီက ထိုးခံလိုက်ရတာကြောင့် ရာချီ ယိုင်သွားခဲ့ပြီး နူတ်ခမ်းနားတစ်ဝိုက်မှာပင်သွေကြည်ဥခဲ့၏ ဘာတွေဖြစ်နေတာလဲကိုလည်း အခုထိ မသိရသေး။

"ငါ့သားဖြစ်ပြီးတော့ အောက်တန်းကျရလားကွ မင်းအဖေလို့ ပြောခံရတောင် ရှက်တယ်ကွာ ငါရှက်တယ်"

"အဖေ အခုဘာတွေလာပြောနေတာလဲ ဘာကိစ္စနဲ့ ကျွန်တော့်ကို ထိုးရတာလဲ ကျွန်တော်နဲ့ပုံတိုင်းကို အခုထိ ခွင့်မပြုနိုင်လို့လား "

"အီးဟီးအင့်ဟင့်"

ရုတ်တရက် ထငိုလာတဲ့ မြပိုးနွယ်ကြောင့် အားလုံးက ရာချီရဲ့ ဖြေသံကို ဂရုမစိုက်ဘဲ မြပိုးနွယ်ကိုသာ အာရုံစိုက်နေကြ၏ ရွာထဲက လူတွေကလည်း မြပိုးနွယ်ကိုကျတော့ သနားတဲ့မျက်စိနဲ့ ကြည့်နေခဲ့ပြီး
သူ့ကိုတော့ တရားခံစစ်ခံရတဲ့ မျက်စိနဲ့ကြည့်နေကျသေးတာ။

"ဆရာမလေး ဆရာမ‌အဆင်ပြေလား"

"ဘယ်ပြေမလဲရှင် ယောင်္ကျားဖြစ်ပြီးတာဝန်မယူတက်တဲ့လူနဲ့ ဒီလိုတွေဖြစ်ပျက်ခဲ့တာ ဘယ်လိုဖြစ်ပြီးအဆင်ပြေမလဲ "

မြပိုးနွယ်ရဲ့ စကားက ဘာကိုဦးတည်နေလဲဆိုတာ‌ကိုတော့ နည်းနည်းလေးတော့ နားလည်လာမိ၏။
သို့ပေမယ့် ဒီကိစ္စ မှာဘာလို့ ကျွန်တော်က ကြားညှပ်နေရတာလဲ။

"ရာချီရာ မင်းငါတို့ရွာသားဖြစ်နေပြီးတော့ အောက်တန်းကျရလားကွ "

"ရာချီ ဒကာလေး ချစ်ပြီးကြိုက်ပြီးလို့သဘောဆောင်ခဲ့ကြပြီဘဲ မိန်းကလေးတစ်ယောက်ကို တာဝန်ယူနိုင်ရမယ်လေကွယ့်"

"ရာချီဒွေး မင်းတကယ်မထင်ရပါလား"

"အရက်သောက် ကြက်တိုက်တာနဲ့တင်လုံလောက်ပြီလေ ဘယ်လို မိန်းမတစ်ယောက်ကို စော်ကားရဲရတာလဲ"

မျက်လုံးတွေက အားလုံး ရာချီ့ထံသို့ ကျရောက်နေခဲ့ပြီး အပြစ်စကားတွေကလည်း တစ်ယောက်တစ်ခွန်းစီနဲ့ဟလာကြ၏ ကာရကံရှင်ကတော့တကယ်ဘဲ ဘာတွေဖြစ်နေလဲနားမလည်နိုင်တော့ပါ။

သို့ပေမယ့် ဒီအခြေအနေက ဘယ်လိုရုန်းထွက်ရမလဲ။

"ကျွန်တော် ခင်များတို့ကို ဘာလုပ်ခဲ့လို့လဲ"

"မင်းကွာ ယောင်္ကျားဖြစ်ပြီးယောင်္ကျားစကားပြောစမ်း"

ရုတ်တရက် အဖေ့စကားကလည်းခက်ထန်လာခဲ့၏

"ဆရာမလေးမှာမင်းနဲ့ရတဲ့ ခလေးရှိနေတာတောင် မင်းက ရှောင်ပြေးချင်နေတာဟုတ်လား"

"ကျွန်တော်နဲ့ရတဲ့ခလေးဟုတ်လား ဒီကမြပိုးနွယ်မှာ ကျွန်တော်နဲ့ရတဲ့ခလေးရှိတယ် ဘယ်လိုတောင်မဖြစ်နိုင်ရတာလဲ"

အခုချိန်မှာ သိလိုက်ရတာက လူစိတ်ကခန့်မှန်းလို့မရဘူးဆိုတာဘဲ ။
မြပိုးနွယ်ရဲ့ မျက်လုံးတွေကလည်း မနည်းတင်းမာနေထားပေမယ့် ဟန်ဆောင်နေတာဆိုတာကိုရာချီလုံးဝမြင်နိုင်သည်။

ဘယ်လိုဖြစ်လို့ မင်းရဲ့ပစ်မှတ်က ငါဖြစ်သွားရတာလဲ။ပိုဆိုးတာတွေမဖြစ်လာခင်ထိတော့ရာချီ စိုးရိမ်စိတ်မရှိသေးခဲ့ အမှန်တရားက ကိုယ့်ဘက်ပါလာနိုင်တာဘဲလေ။

<><>

ပုံတိုင်းဒီသတင်းကိုကြားခဲ့ပြီလား မကြားခဲ့တာလားမသိ‌ပေ တစ်ရွာလုံးမှာ ပြန့်နေပေမယ့် ပုံတိုင်းကတော့ အခုထိ ရောက်မလာခဲ့ပါ။

"ရာချီ မင်းဆရာမလေးနဲ့ မင်္ဂလာဆောင်ရမယ်"

"ကျွန်တော် မလုပ်ခဲ့မိတဲ့ အရာတစ်ခုကို ဘာကိစ္စတာဝန်ယူရမှာလဲဗျ "

အဖေက အတင်းလက်ထပ်ခိုင်းနေပေမယ့် ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ မြပိုးနွယ်ကလည်းအငိုမတိတ်သေးဘဲ ဆက်တိုက်ဆိုသလို ငိုလာတာကြောင့် သူများတွေက နှစ်သိမ့်ပေးနေရသေး၏။

"ရာချီ ဘယ်လောက် စိတ်ကစားခဲ့ပါစေ ယောင်္ကျားတစ်ယောက်ရဲ့ အိမ်ထောင်ဖက်က မိန်းမဘဲဖြစ်သင့်တာကွ "

"အဲ့လိုဆိုရင်တောင်မှ အခု ကျွန်တော်လုပ်ခဲ့တဲ့အရာမှမဟုတ်ဘဲ "

"ဘယ်ယောင်္ကျားကမှ ဂျိုမပါတာမို့လို့ဘယ်ကောင်ကဘယ်လိုရှိမှန်းငါမသိဘူး ဒါပေမယ့် ကာရကံရှင်က ဒီလောက်ငို‌ယိုနေတာကို မင်းကိုယ်ချင်းမစာတက်ဘူးလာမင်းမှာလဲ ညီမ ရှိနေတာဘဲရာချီဒွေးရ "

"အဖေရဲ့စကားတွေက ဘယ်အဓိပ္ပါယ်ကိုရောက်နေလဲအဖေတကယ်မသိတာလား ကျွန်တော်မှာ ညီမရှိတယ်ဟုတ်တယ် ဒါကြောင့် ကျွန်တော်နှမချင်းလည်းကိုယ်ချင်းစာတက်တယ် ဒါကြောင့် ကျွန်တော်က ဘယ်လိုဖြစ်လို့ ဒီလိုကိစ္စကိုကျူးလွန်ရက်မှာလဲ"

သူစကားတွေမာကြောလာတာနဲ့ အမျှ မြပိုးနွယ်ရဲ့ မျက်ဝန်းတွေကိုလည်းအကဲခက်မိနေ၏ လူတစ်ယောက်လုံးကို နွားဇာတ်ခင်းနေတာတောင်မှ သူ၏ မျက်ဝန်းက နောင်တရတဲ့စိတ်ရှိမယ့်ပုံမပေါ်ပါ။

"ရာချီ မင်းပုံတိုင်းဆောင်နဲ့အတူနေတာကို ငါ့တို့က ညီအကိုတွေဒီလောက်တော့ရှိမှာပေါ့ဆိုပြီးလွှတ်ထားခဲ့ပြီးပြီ အခု ဒီလိုအောက်တန်းကျတဲ့‌လုပ်ရက်ကိုတော့ ငါလုံးဝ ခွင့်မလွှတ်နိုင်ဘူး မင်းပြောသလိုမင်းကိုငါ့ပိုက်ဆံနဲ့ပြန်ရွေးမယ် မင်းလည်းဒီမှာဘဲနေပြီးဆရာမနဲ့ လက်ထပ်ယူရမယ်ဒါဘဲ "

မဖြစ်သင့်တာမဖြစ်ဖို့အတွက် သူ့သားကို ဒီလိုကျော့ကျော့မော့မော့နဲ့ဆရာမလေးနဲ့ ပေးစားလိုက်တာ အကောင်းဆုံးနည်းပင်။

"အဖေရဲ့စကားတွေက အောက်တန်းစားဆိုတဲ့ အဓိပ္ပါယ်က မပါမဖြစ်ဖြစ်နေတယ်နော်
ကျွန်တော် အောက်တန်းစားဆိုရင်တောင် အဲ့တာအဖေမဆုံးမခဲ့လို့ ‌ဖြစ်ခဲ့တာလေ ဒါပေမယ့် အဖေက ကျွန်တော်ကိုဆုံးမ ပေးခဲ့တာဘဲလေ အဖေ့ ပါးစပ်ကပြော ကျွန်တော်က မိကောင်းဖခင်သားသမီးမဟုတ်ဘူးလား ပြောပါ ပြောပါအဖေရဲ့ "

"ရာချီဒွေး မင်းငါ့ကို စကားနိုင်မထိုးနဲ့စမ်း"

"အဖေ!ကျွန်တော်က ဖြစ်နိုင်တာကိုပြောနေတာပါဗျ ပြီးတော့ ကျွန်တော်နဲ့ပုံတိုင်းကညီအကိုလိုနေခဲ့တာမဟုတ်ခဲ့ပါဘူးလို့ပြောနေကြတာကို ဘာလို့မယုံကြရတာလဲ အဖေတို့ပြောသလို မိန်းမနဲ့ယောင်္ကျား ချစ်ကြိုက်မှ အချစ်ဆိုတာ ဖြစ်ပေါ်လာတာလား
အချင်းချင်းကျတော့ရော ချစ်ကြိုက်လို့မရတာလား!"

ရာချီ မျက်ဝန်းက အရည်ကြည်တွေကလည်း ပိုလိုတောင်လျှံထွက်လာခဲ့၏။

"ဒီမမြပိုးနွယ်ပြောပါ ကျွန်တော်နဲ့ခင်များက တကယ်ဖြစ်ခဲ့ကြတာလား "

ဒီမေးခွန်းအရ မြပိုးနွယ် ကြည့်တဲ့မျက်ဝန်းတွေကလုံးဝခန်းမှန်းလို့မရနိုင်တော့ပါ။

"ကျွန်မ ဗိုက်ထဲက ခ ခလေး ရှင်နဲ့ရခဲ့တာပါ အဲ့နေ့ကရှင်တကယ်မူးနေခဲ့တာ"

"ဘယ်လို အဟမ့် မမြပိုးနွယ် ဖြစ်နိုင်တာကိုပြောပါခမျ"

"ကျွန်မလို ဂုဏ်သရေရှိမိန်းမကရှင့်လိုလူကိုပြန်ပြီးတာဝန်ယူခိုင်းတာဘဲ ကျေးဇူးတင်လိုက်ပါကျွန်မ အနေနဲ့ ကျွန်မခလေးကိုတစ်ယောက်ထဲ ပျိုးတောင်နိုင်တယ် ဒါပေမယ့် ခလေးအတွက် အဖေရှိမှရမှာ ရှင်လဲအဖေနဲ့ နေခဲ့တာဘဲ ကိုယ်ချင်းစာမှပေါ့"

မြပိုးနွယ်ရဲ့ အဖြေက လုံးဝစွံအစေခဲ့မိပါသည်။
အလုပ်နဲ့ မလိုက်အောင် အောက်တန်းကျတဲ့သူက မြပိုးနွယ်အစစ်သာ ဖြစ်လိမ့်မည် ကျန်‌တဲ့သူကတော့ သူဟန်ဆောင်နေတာကိုမသိဘဲ သနားနေပေမယ့်။
သိနေတဲ့ ကျွန်တော့်အတွက်တော့ ရီချင်စရာနဲ့ နာကျည်းစရာပေါ့။

<><><>

"မင်းမြင်လားပုံတိုင်း မင်းမိဘတွေကိုပါစွန့်ပစ်ပြီးရွေချယ်ခဲ့တဲ့ကောင်က သူများသားသမီးကို ဖျက်စီးပြီး တာဝန်မယူနိုင်တဲ့ကောင်ကွ "

"ကျွန်တော်ယူံတယ် ရာချီ မဟုတ်တာမို့ အဘတဖက်သားကို ဒီလိုမပြောပါနဲ့ "

"မင်းကအခုထိ နာတက်နေတာဘဲ မင်းယူတဲ့ကောင်ကအောက်တန်းစားဖြစ်နေတာကိုတောင်လေ"

"ကျွန်တော်က မဟုတ်ဘူးလို့ပြောနေတယ်လေဗျာ အဘတော်ပါတော့ "

"သွားစမ်းပါ မင်းသာ ကိုယ့်အဖေကိုသတ်တဲ့သားမိုက်မဖြစ်စေချင်ရင် အဲ့အောက်တန်းစားကောင်ဆီ ထပ်သွားဖို့ ပါးစပ်မဟနဲ့ ငါ့ဘက်ကတော့ရှင်းတယ်မင်းအဖေသာ တစ်ခုခု ဖြစ်ရင်ငါပါလိုက်သေမှာ"

အမေကအရင်က နူးနူးညံညံလေးဆုံးမပေးခဲ့ပေမယ့် ဒီစကားအမေ့ရဲ့စကားတွေကပါသူတို့နာကျင်စေ၏ ။

"အမေ ရာချီက အဲ့လိုလူမျိုးမဟုတ်တာကို အမေသိတယ်လေဗျာ "

"ဟုတ်ရင်လည်းဟုတ်နေနိုင်မှာဘဲလေ ငါ့သားရယ် မင်းတို့‌တွေမိုက်မဲစမ်းပါနဲ့"

"ကျွန်တော်တို့ကို မမိုက်မဲဖို့ပြောပြီးတကယ်တမ်းမိုက်မဲနေတာက အမေတို့လူကြီးတွေပါ ကျွန်တော်တို့လူငယ်တွေက မိုက်မဲနေတာမဟုတ်ဘဲ ပျော်ရွင်အောင်နေချင်ရုံလေးပါ ပျော်ရွှင်ချင်ရုံးလေးပါဗျာ အဲ့အတွက် ကျွန်တော်တို့ လူကြီးတွေဆီကဘာမှ မတောင်းဆိုခဲ့ပါဘူး ဒါပေမယ့်ဘာလို့ ဘာလို့များ လူကြီးတွေက လူငယ်တွေကို ပျော်ရွှင်‌ခွင့်မပေးနိုင်ရတာလဲဗျာ"

"ပုံတိုင်းဆောင်!!မင်းဘယ်လိုဖြစ်လို့ ငါတို့ကိုစိတ်ဒုက္ခပေးနေရတာလဲ "

"စိတ်ဒုက္ခရောက်နေခဲ့တာက ကျွန်တော်ပါ
အမေ့ရဲ့ ခြိမ်းခြောက်မှု အဘရဲ့ မကျန်းမာမူကြောင့်စိတ်ဒုက္ခရောက်နေတာ ကျွန်တော်ပါဗျာ ကျေးဇူးပြုပြီးတော်လိုက်ကြပါတော့ ကျွန်တော့်တို့ကိုလည်းလွှတ်ထားပေးပါတော့ဗျာ"

နာကျင်နေပြီ အတော့်ကို ဒီရင်ဘတ်ကြီးက
နာကျင်နေလှပြီ အမေပြောတဲ့စကားရော ပြန်ပြောနေတဲ့ကိုယ်ရဲ့စကားတွေကြောင့်ပါ နာကျင်နေလှပြီး။

သွေးသာမထွက်ပေမယ့် ဒီနှလုံးသားက သေမတက်နာကျင်နေရ၏ တခါမှ ပြန်မပြောခဲ့တဲ့ ကျွန်တော်ကလည်း အခု အဖေ့ကျန်းမာရေးကိုတောင်မထောက်တော့တဲ့သားဆိုးဖြစ်ရတော့မှာလား။
အမေပြောသလို ကိုယ့်အဖေကိုသတ်တဲ့သားမိုက်ဖြစ်နေတော့မှာလား။

ဟင်အင်း အဲ့လိုမဟုတ်ရင်တောင်ရာချီအတွက်သစ္စာမရှိတဲ့ကောင်ဖြစ်တော့မှာလား။
ကျေးဇူးမသိတက်တဲ့ကောင်ဖြစ်နေပြီလား။

"အဟွတ်ဟွတ် "

အဘရဲ့ချောင်းဆိုးမှူက သွေးတွေပါ ပါလာရတဲ့အထိ အခြေအနေဆိုးရွားလွန်းနေသည် ဆရာဝန်ပြောသလို မြို့မှာဘဲ သွားကုမှ အခြေအနေကပြန်ကောင်းလာမှာလဲ ဒီလို‌ဖြစ်နေမှ ရာချီမှာလဲ ဘာကိစ္စနဲ့ ဒါတွေကြုံနေရတာလဲ။

"ပုံတိုင်းမင်းမြင်ပြီမလား မင်းမြင်ပြီမလား အောက်တန်းစားကောင်အတွက် မိဘတွေကိုပြန်ခံပြောနေတဲ့အချိန် မင်းအဖေဘယ်လိုဖြစ်နေပြီလဲဆိုတာကိုမင်းမြင်ပြီလား "

ငိုတာက အမှားကျူးလွန်ထားလို့ စိတ်အားငယ်နေလို့တဲ့ ဒါပေမယ့်ကိုယ်က အမှားမကျူးထားဘူးလေ ဘာလို့မျက်ရည်တွေထွက်ကြလာတာလဲ။
ကိုယ်ရာချီဘက်ကရပ်တည်ပေးရအုန်းမယ်လေ။
စိတ်အားငယ်နေလို့မဖြစ်ဘူးလေ ဘာလို့လဲ မျက်ရည်တွေကဘာလို့ဆက်တိုက်ထွက်နေရတာလဲ။
အမေရဲ့ အပြစ်တင်သံတွေကဘာကြောင့်မရပ်သွားရတာလဲ။

"အောက်တန်းစားကောင်ကိုမေ့လိုက်ပါတော့ ပုံတိုင်းရာ"

"အောက်တန်းစားကောင်နဲ့ပေါင်းပြီးမင်းပါ အောက်တန်းစားဖြစ်ချင်နေတာလား"

တစ်ယောက်ထဲဆိုပေမယ့် စကားသံတွေ ဆက်တိုက်ထွက်နေတဲ့ အမေပါဘဲ။

"အောက်တန်းစား အောက်တန်းစား!အောက်တန်းစား! တော်ပါတော့ အဲ့ဒီအောက်တန်းစားဆိုတဲ့စကား!!ရာချီကို အောက်တန်းစားလို့ခေါ်နေတာရပ်ပေးပါတော့!! အမေပြောတဲ့ အောက်တန်းစားဆိုတဲ့ကောင်မရှိရင်လေ အမေ့သားက လွန်ခဲ့တဲ့ ၁၀ နှစ်ထဲက သေလူဖြစ်နေပြီဗျ အဲ့အ‌မေတို့ပါးစပ်ကဆက်တိုက်ဆိုသလိုထွက်လာတဲ့ အောက်တန်းစားကောင်က သူ့အသက်နဲ့ရင်းပြီး ကျွန်တော် ရေနှစ်တာကို ကယ်ခဲ့ပေးတဲ့ကောင်ပါဗျ "

"ပုံတိုင်းဆောင်ရယ် သားရယ်သားတော်ပါတော့မင်းအ‌ဖေရဲ့အခြေအနေကိုကြည့်ပါအုန်း "

"တောင်းပန်ပါတယ်ဗျာ ကျွန်တော် အမေတို့နဲ့ဘဲနေပါမယ့် အဲ့အစားကျွန်တော်မြတ်နိုးလွန်းတဲ့ ရာချီကို အဲ့လို့ မျက်လုံးတွေနဲ့မကြည့်ဘဲ အောက်တန်းစားလို့လဲ မခေါ်ကြပါနဲ့ဗျာ ဒီရင်ဘတ် ဒီရင်ဘတ်ကလေ သေလုမတက် နာကျင်ရတယ်ဗျ "

ပုံတိုင်းကပါ စိတ်ဖီးစီးမှူတွေများနေခဲ့ပြီဖြစ်၏။
ဒီတခါ အဖေရဲ့ကျန်းမာရေးနဲ့ ဇိုးဇိုးဇက်ဇက် ရွေးချယ်လို့လဲ မရနိုင်ခဲ့ပါ ကိုယ်တောင်းပန်ပါတယ်ရာချီရာ ကိုယ်မင်းဘက်မှာ ရပ်တည်ပေးလို့မရတော့ဘူးထင်ပါရဲ့။





Continue Reading

You'll Also Like

70.2K 156 17
My wlw thoughts Men DNI 🚫 If you don't like these stories just block don't report
195K 4.5K 67
imagines as taylor swift as your mom and travis kelce as your dad
33.4K 1.4K 200
book 2 to kpop quotes :) just more dumbass crackhead shit ;) (it's mostly NCT but that's not a surprise) ⚠️I DO NOT GIVE CONSENT TO TEENFIC.NET TO ST...