နတ်နဂါးစစ်သည်

By purefeather199

17.2K 1.5K 21

နတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရ... More

အခန်း 1+2 (ငါ ပြန်လာခဲ့မယ်)
အခန်း 3+4 (အရင်းနှီးဆုံး သူစိမ်း)
အခန်း 5+6(အခန်းဖော်)
အခန်း 7+8(အလှနတ်သမီး၏အခြွေံအရံများ)
အခန်း 9+10(ရှောင်ဖို့ပဲတတ်တာလား)
အခန်း 11+12(အဓိပ္ပါယ်မရှိတဲ့ အောက်ဆုံးစည်း)
အခန်း 13+14(အားလုံးကို ထိန်းသိမ်း)
အခန်း 15+16(ရှေ့နေများ၏အဝိုင်းခံရခြင်း)
အခန်း 17+18(ပျားရည်ထောင်ချောက်များပင် အလုပ်မဖြစ်)
အခန်း 19+20(ဒီခန္ဓာကတော့တစ်ခုခုမှားနေပြီ)
အခန်း 21+22(ချောင်ပိတ်မိခြင်း)
အခန်း 23+24(လိမ္မာပါးနပ်တဲ့ရဲ)
အခန်း 25+26(ရုတ်တရက်ရောက်လာသောသတင်းထောက်များ)
အခန်း 27+28(အနည်းငယ်ခံစားသွားရခြင်း)
အခန်း 29+30(မထိန်းချုပ်နိုင်သောစွမ်းအားများ)
အခန်း 31+32(ဂိုဏ်းလေးဂိုဏ်း၏နောက်ခံ)
အခန်း 33+34(၅ မိနစ်တည်းနဲ့ အမှောက်သိပ်မယ်)
အခန်း 35+36 (သူ့ကို ခေါ်သွားချင်ရင် ငါတို့ စည်းကမ်းအတိုင်း လုပ် ))
အခန်း 37+38( ပြဿနာဒုတ်ထိုးရှာသူ )
အခန်း 39+40(အကြီးအကဲများ)
အခန်း 41+42(ခွန်အား စမ်းသပ်မှု )
အခန်း 43+44(အမှတ်မထင် တိုက်ပွဲတခု )
အခန်း 45+46(အမျိုးသမီး နှစ်ဦးကြားမှ အလောင်းအစား )
အခန်း 47+48 (ငါ မဖမ်းရဲတဲ့သူ မရှိဘူး )
အခန်း 49+50 ( ပန်းကလေး၏ စောင့်ရှောက်သူများ ဒေါသထွက်ခြင်း )
အခန်း 51+52( ရန်ငြိုးတွေ ရှိရင် အခုညပဲ အပြတ်ရှင်းရအောင် )
အခန်း 53+54 (သေမင်းတမန် ထိုးသတ်ပွဲ ဖိတ်ကြားလွှာ )
55+56 (သေမင်းတမန် ထိုးသတ်ပွဲအား လက်ခံခြင်း )
57+58( ကြိုတင်ပြင်ဆင်ခြင်း )
59+60( အကဲဖြတ်မှု ( ၁ ) ( တုံ့ပြန်မှု အမြန်နှုန်း )
61+62(မျက်လုံးအုပ်၍ ပစ်ခတ်ခြင်း )
63+64(အားကုန်သုံးပြီး ငါ့ကို ထိုးစမ်းပါ...)
65+66(လုံးဝ အကြံပြုတယ်...)
67+68( စောင့်နေရတာ တန်ရဲ့လား.... )
69+70(အခြေအနေ)
71+72(သူ ငါ့ရည်းစားဖြစ်လာရစေမယ်)
73+74( မတူညီသော အတွေးကိုယ်စီ )
75+76(မခူးဆွတ်ရက်သောပန်းတစ်ပွင့်)
77+78(ဒီအရူးကောင်ကတော့)
79+80(ကြောက်မက်ဖွယ်ရာတို့၏အစ)
အခန်း ၈၁ (ငါတို့ မစ်ရှင်ကို နင်ဘယ်လိုသိတာလဲ)
အခန်း ၈၂ (ငါမင်းနဲ့ကစားမယ်)
အခန်း ၈၃ (လှည့်စားမှု)
အခန်း ၈၄ - ငါ့မှာ သဘောကျတဲ့သူ ရှိပြီးသား
အခန်း ၈၅ ( ရှုချန်း လုပွဲ )
အခန်း ၈၆( လင်ချူရွယ်အား ပိုးပန်းနေသူ )
အခန်း ၈၇ ( တဲဗက်စ် မိသားစုပိုင် ကာစီနိုသို့ အလည်တခေါက် )
အခန်း ၈၈( လောင်းကစားဟူသည် အနုပညာတမျိုး...)
အခန်း ၈၉(အပျော်တမ်း ဖဲရိုက်ကြတာပေါ့... )
အခန်း ၉၀ (အလောင်းအစား)
အခန်း ၉၁ ( ဒီကောင်လေး ပြောင်းလဲသွားပြီ )
အခန်း ၉၂ (စာစဥ် ၇) (အချစ်လေး... ကိုယ့်ကို ဖဲဆော့ဖို့ ပိုက်ဆံ နည်းနည်းချေး )
အခန်း ၉၃ (မင်း တိုက်ပေါ်က ခုန်ခုချင်လည်း ပိုမြင့်တဲ့ တိုက်ကိုရှာ )
အခန်း ၉၄ ( အကြွင်းမဲ့ ပြောင်းလဲခြင်း တစ်ခု )
အခန်း ၉၅(ဒီခံစားချက်ကို လွမ်းတာ ကြာပြီ )
အခန်း ၉၆(ခေါင်းဆောင် ရဲ့ အမိန့်ကို နာခံ )
အခန်း ၉၇
အခန်း ၉၈ +၉၉
အခန်း ၁၀၀+၁၀၁
102+103
104+105
106+107
108+109
110+111
112+113
114+115
116+117
118+119
120+121
122+123
124+125
126+127
128+129
131+132
133+134
အခန်း ၁၃၅ ( သွေးကြွေးပြန်တောင်းရန် ရောက်လာသူများ )
အခန်း ၁၃၆ ( ပုန်းလျှိုးကွယ်လျှိုး )
အခန်း ၁၃၇ ( မယုံနိုင်ဖွယ် ဖြစ်ရပ် )
အခန်း ၁၃၈ ( ရှန်ဝမ်ဆန်း )
အခန်း ၁၃၉ ( အဲဒီ ရှုချန်း အစစ်ပဲ... )
အခန်း ၁၄၀
အခန်း ၁၄၁
၁၄၂( အထီးဖြစ်ဖြစ် အမ ဖြစ်ဖြစ် ဂရုမစိုက်ဘူး )
၁၄၃( ဒီကလေးက ငယ်လွန်းသေးပါတယ်... )
၁၄၄( အသန်မာဆုံး B အဆင့် )
၁၄၅( လင်လဲ့ နေထိုင်ခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက် )
၁၄၆( လီတ့ဟွမ်၏ အဆုံးသတ် )
၁၄၇( ကျုပ်မသွားခင် တံခါးဝဂိုဏ်း လေးခုလုံးကို ရှင်းသွားမယ်...)
၁၄၈( လုပ်ရိုးလုပ်စဥ် အတိုင်း စစ်ဆေးမယ် )
၁၄၉( ဟဲထျန်း ၏ ဗျူဟာ )
၁၅၀( အားလုံးကို ဖမ်းဆီးထိန်းသိမ်းခြင်း )
၁၅၁( ကျုပ်တို့ သူဌေးက ခင်ဗျားကို စကား တစ်ခွန်းလောက် ပြောချင်လို့တဲ့... )
၁၅၂( ကျုပ်ကို ခြိမ်းခြောက်ခဲ့တဲ့သူတွေ အခု ဘာဖြစ်နေလဲ သိလား... )
၁၅၃( ညီလေး... စားနော်...)
၁၅၄( စစ်ဒေသ ၃၆ ခု ပြိုင်ပွဲ )
၁၅၅( တကယ်ကို ထိုက်တန်ပါတယ်... )
၁၅၆(နောက်ယောင်ခံ လိုက်ခြင်း )
၁၅၇( ကျုပ် ရှာဖွေရေး ဝရမ်း လိုတယ် )
၁၅၈(ဖော်ထုတ်ခံရပြီ )
၁၅၉(အင်အားသုံး )
၁၆၀( ဟာကွက် အပြည့်နှင့် )
၁၆၁( ခေတ်တစ်ခေတ် အဆုံးသတ်ခြင်း )
၁၆၂( အနာဂတ်မှာ မင်းဘယ်လောက်ထိ အောင်မြင်မလဲဆိုတာ ငါ တကယ်ကိုမြင်ချင်ပါတယ်...)
၁၆၃( ပိုက်ကွန်ထဲမှ လွတ်သွားသော ငါးတစ်ကောင် )
၁၆၄
၁၆၅( သောက်ကျိုးတော့နည်းကုန်ပြီ ယောက်ဖရေ...)
၁၆၆( နင့်သူငယ်ချင်းက နင့် ယောက်ျားကို ဖွင့်ပြောလိုက်ပြီ...
၁၆၇( ရှန်ယောင် ချန်ခဲ့သော စာတစ်စောင် )
၁၆၈( ကတိ )
၁၆၉( ငါပြန်လာပြီ )
၁၇၀( မောက်မာသော လူသစ် )
၁၇၁( စီနီယာများနှင့် ဂျူနီယာများ အကြားမှ စစ်ရေးလေ့ကျင့်မှု )
၁၇၂( တစ်ကိုယ်တော် အစွမ်း )
၁၇၃( ဒီကောင် ဘာ အခွင့်အရေးမှ မရစေရဘူး )
၁၇၄( ပြည့်စုံသော လမ်းကြောင်း )
၁၇၅( မခုတ်တတ်တဲ့ကြောင် )
၁၇၆( စိတ်လှုပ်ရှားစရာ မရှိသလောက်ပါပဲ... )
၁၇၇( ငါတို့ TV အစီအစဥ် တစ်ခုမှ ပါရမယ် )
၁၇၈( ငါ လုပ်နိုင်တယ် )
၁၇၉( လင်ချူရွယ် )
၁၈၀( လေးလေးနက်နက် တွေးတောခြင်း )
အခန်း ၁၈၁( ထပ်ပြီးတော့ ရှုချန်းပဲလား... )
၁၈၂ + ၁၈၃( စစ်ဒေသ ငါးတွင် လူသစ်ကလေး ထင်တိုင်းကြဲရမည့် အလှည့် မရောက်သေးချေ...)
အခန်း ၁၈၄( အသက်တွေလည်း ကြီးပါပြီ... လှေကားက ဆင်းတာပဲ ကောင်းပါတယ်...)
အခန်း ၁၈၅ + ၁၈၆( မင်း မျက်ခွက် )
အခန်း ၁၈၇ + ၁၈၈(တစ်လောကလုံး နဲ့ စစ်ပြိုင်မယ် )
အခန်း ၁၈၉ + ၁၉၀( အရှက်မရှိ... )
အခန်း ၁၉၁ + ၁၉၂ + ၁၉၃( အမျိုးသမီး စစ်ယူနီဖောင်း )
အခန်း ၁၉၄ + ၁၉၅( ကံမကောင်းလွန်းသူကို ရန်ရှန်း ဟု ခေါ်သည်...)
၁၉၆ + ၁၉၇( ခင်ဗျား ရုပ်ရှင် ရိုက်ရင်လည်း ဒီလို အက်ရှင်ကားမျိုး ရိုက်စမ်းဗျာ... )
အခန်း ၁၉၈+၁၉၉( နဖူးပြင်ထက်မှ အနမ်းပန်း တစ်ပွင့် )
အခန်း ၂၀၀+၂၀၁( ခေါင်းမာသူ )
အခန်း ၂၀၂ + ၂၀၃( အဲဒါ ငါ့အိပ်မက်ပဲ... )
အခန်း ၂၀၄ (မင်းက ဆရာကြီးပဲ... )
အခန်း ၂၀၅+၂၀၆( ပြင်းထန်သော ပြိုင်ဆိုင်မှု )
အခန်း ၂၀၇+၂၀၈( ပြည့်စုံသော အစပြုခြင်း တစ်ခု )
အခန်း ၂၀၉+၂၁၀(ပစ်ချက် )
၂၁၁ + ၂၁၂( အသံမထွက်အောင် ဘယ်လို လျှောက်လာတာလဲ... )
အခန်း ၂၁၃ + ၂၁၄( တပ်တွင်း အပြေးချန်ပီယံပင် မလွတ်မြောက်နိုင်ခဲ့...)
အခန်း ၂၁၅ + ၂၁၆( သောက်ရမ်း မိုက်ချက်ပဲ )
အခန်း ၂၁၇ + ၂၁၈( ဒါဆို ငါ စ လှုပ်ရှားပြီ )
အခန်း ၂၁၉ + ၂၂၀( လူယုတ်မာ )
အခန်း ၂၂၁ + ၂၂၂(ခက်ခဲတဲ့ ပြိုင်ဘက် )
အခန်း ၂၂၃ + ၂၂၄(အရှက်မရှိ )
အခန်း ၂၂၅(မင်း ထပ်ပစ်ချင်သေးရင် ပစ်လေ )
အခန်း ၂၂၆ + ၂၂၇(မင်းအမေ ကိုယ်စား မင်းကို ခွင့်လွှတ်လိုက်မယ် )
အခန်း ၂၂၈ + ၂၂၉(ဖြစ်ချင်ရာကို အကောင်အထည် ဖော်ခြင်း )
အခန်း ၂၃၀ + ၂၃၁(ထိပ်တန်းအထူးအဖွဲ့ )
အခန်း ၂၃၂ + ၂၃၃(အဖွဲ့ နှစ်ခု အကြား ကွာြခားချက် )
အခန်း ၂၃၄ +​၂၃၅(ဆုပေးပွဲ )
အခန်း ၂၃၆ +​၂၃၇(ကျွန်မရဲ့ သခင်ကြီး ကာနယ် )
အခန်း ၂၃၈ +​၂၃၉ + ၂၄၀(ရည်ရွယ်ချက် ရှိရှိ )
အခန်း ၂၄၁ + ၂၄၂(ငါ သူ့ကို ယုံတယ် )
အပိုင်း - ၂၄၃ +၂၄၄(ဖယ်ရှားပစ်မယ် ( ၂ )
အပိုင်း - ၂၄၅ + ၂၄၆ + ၂၄၇( ငါ တောင်းပန်ဖို့ ရွေးချယ်တယ် )
အပိုင်း - ၂၄၈ + ၁၄၉(ငြင်းပယ်ခြင်း )
အပိုင်း - ၂၅၀ + ၂၅၁(ဒီကောင်လေး မဆိုးဘူးပဲ )
အပိုင်း ၂၅၂ + ၂၅၃( ကျုပ်က နဂါးတပ်ဖွဲ့ကို ကိုယ်စားပြုတယ် )
အပိုင်း ၂၅၄ + ၂၅၅( အရိပ်လက်သီး )
စာရေးသူ မှ ပြန်ကြားလွှာ
အပိုင်း ၂၅၆ + ၂၅၇( နှစ်လေး )
အပိုင်း ၂၆၀ + ၂၆၁( တတိယမင်းသား၏ မဖြစ်စလောက် အကြံ )
အပိုင်း ၂၆၂ + ၂၆၃( စစ်ဆင်ရေးအောင်မြင်ခြင်း )
အပိုင်း ၂၆၄ + ၂၆၅( ကြားဖြတ်ခံရခြင်း )
အပိုင်း ၂၆၆ +​၂၆၇( ငါ ဒီမြို့က မပြန်တော့ဘူး )
အပိုင်း ၂၆၈ +​၂၆၉ + ၂၇၀( ဒီအချိန်မှာတော့ သေးပေါက်ချင်တာပဲ သိတယ် )
အပိုင်း ၂၇၁ + ၂၇၂( ငါ့ကို သောက်ရှက်ခွဲနေတာလား )
အပိုင်း ၂၇၃ + ၂၇၄ + ၂၇၅( အဘိုးကြီးတောင် မင်းလောက် ချော့မသွင်းတတ်ဘူး )
အပိုင်း ၂၇၆ + ၂၇၇ + ၂၇၈(သူ့ကို ဒီမှာ ထိန်းသိမ်းထား )
အပိုင်း ၂၇၉ + ၂၈၀ + ၂၈၁( ညစာစားပွဲ )
အခန်း ၂၈၂ + ၂၈၃( ခင်ဗျားတို့ ဘယ်လောက်ရောင်းမှာလဲ... ကျုပ် အကုန်ဝယ်မယ်... )
အခန်း ၂၈၄ + ၂၈၅( မင်းတို့အားလုံး အမှိုက်လိုကောင်တွေချည်းပဲ...)
အခန်း ၂၈၆ + ၂၈၇ + ၂၈၈(နောက်ဆုံး )
အခန်း ၂၈၉ + ၂၉၀( သူမကိုယ်သူမ အပြစ်တင်ခြင်း )
အခန်း ၂၉၁ + ၂၉၂(မင်း သန္ဓေပြောင်းလူသား ဖြစ်လာလိမ့်မယ် )
အခန်း ၂၉၃ + ၂၉၄ + ၂၉၅( ကျုပ်လက်သီး တွေကို လုံးဝ ရပ်မရတော့ဘူး... )
အခန်း ၂၉၆ + ၂၉၇ + ၂၉၈( ချောက်ချခြင်း.... )
အခန်း ၂၉၉ + ၃၀၀( လျှိုထားမယ်.... )
အခန်း ၃၀၁+၃၀၂( အားလုံးပဲ... ကျွန်မက ရှုချန်း မိန်းမပါ... )
အခန်း ၃၀၃ + ၃၀၄( ရင်ဆိုင်ရန် မဖြစ်နိုင်သော )
အခန်း ၃၀၅+၃၀၆( ရှုချန်း ခြေရာ လိုက်နင်းဖို့ဆိုတာ...)
အခန်း ၃၀၇+၃၀၈( ခြိမ်းခြောက်ခြင်း )
အခန်း ၃၀၉+၃၁၀( ပွဲပြီးသွားပြီ )
၃၁၁+၃၁၂+၃၁၃( ရှုံးသူ ချီးစားကြေး )
အခန်း ၃၁၄+၃၁၅( ကျေးဇူးနော် ချူရွယ် )

အခန်း ၂၅၈ + ၂၅၉( ငါ့ဇနီးလောင်းနဲ့ တစ်ခြားလူ လက်ထပ်သွားတော့ ငါဘယ်လို ခံစားရမလဲ )

73 4 0
By purefeather199

နတ်နဂါးစစ်သည်

အပိုင်း ၂၅၈

( ငါ့ဇနီးလောင်းနဲ့ တစ်ခြားလူ လက်ထပ်သွားတော့ ငါဘယ်လို ခံစားရမလဲ )

ရှုချန်းမှာ တံခါးနဘေးတွင် ကြောင်တောင်တောင် အမူအရာနှင့် ရပ်နေလေ၏။ အတန်ကြာမှ လင်ချူရွယ်၏‌ ကျောပြင်ကို ကြည့်ရင်း အော်ပြောလိုက်သည်။

"ဒါပေမဲ့ နောက်ဆုံးကျတော့ မင်း ဆက်နေဖို့ပဲ ဆုံးဖြတ်ခဲ့တယ် မဟုတ်လား"

"မင်းနဲ့ လမ်းမခွဲခင် မင်းနဘေးမှာ အချိန်ကြာကြာ ဆက်ရှိနေချင်တဲ့ အတွက်ကြောင့်ပဲ"

ထိုအချိန်၌ အိမ်ခန်းထောင့်တစ်နေရာမှ ထွက်လာသော လင်လဲ့ က လေသံတိုးတိုးနှင့် ဝင်ပြောလိုက်သည်။

"ငါ့အစ်မ ပြောခဲ့တာက တကယ်လို့သာ အဲဒီအချိန်တုန်းက သူမ ထွက်သွားခဲ့ရင် တပင်တပန်း ကြိုးစားနေတဲ့ မင်းအပေါ် မတရားသလို ဖြစ်သွားမှာ။ ပြီးတော့ မင်း ကြိုးစားအားထုတ်ခဲ့တာတွေ အားလုံး အလဟဿ ဖြစ်ကုန်လိမ့်မယ်တဲ့။ ဒါကြောင့် မင်းအနားမှာ ဆက်နေဖို့ ရွေးချယ်ခဲ့တာ။ အဲဒီမှာ အခွင့်အရေး အဖြစ် ရလာတဲ့ တီဗီရှိုးအစီအစဉ်ကို အသုံးချပြီး စစ်တန်းလျားကို သွားကြည့်ခဲ့တယ်။ "

" စစ်တန်းလျားမှာ ရှိနေတဲ့ ကာလတစ်လျှောက်လုံး ငါ့ဆီကို ညစဉ်ညတိုင်း ဖုန်းဆက်ပြီး မင်းတို့ ဘယ်လောက်ထိ ပင်ပန်ပန်းပန်း လေ့ကျင့်နေကြသလဲဆိုတာ ပြောပြတယ်။ မင်းတို့ဟာ နေ့စဉ်နေ့တိုင်း နေမထွက်ခင် အိပ်ရာကထရတယ်။ ပြီးတာနဲ့ လေ့ကျင့်ခန်း လုပ်ရတယ်။ မင်းတို့အတွက် မပင်ပန်းတဲ့ နေ့ရက်ဆိုတာ မရှိဘူး။ တစ်ခါတလေ ပင်ပန်းလွန်းလို့ ယောက်ျားရင့်မာကြီးတွေတောင် မျက်ရည်ကျတဲ့ အကြောင်း ငါ့ကို ပြောပြတယ်။ ဒါပေမဲ့ သူမစိတ်ထဲ ခံနိုင်ရည် မရှိတော့တဲ့ အကြောင်းကိုတော့ လုံးဝ ထုတ်မပြောခဲ့ဘူး။ မင်းရဲ့ဘဝဟာ အရမ်း ပင်ပန်းကြမ်းတမ်းလွန်းတယ်တဲ့။ မင်း ရင်ဆိုင်နေရတဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို မသိခဲ့လို့ ပြီးခဲ့တဲ့သုံးနှစ်လုံးလုံး မင်းအပေါ်မှာ အေးတိအေးစက် ဆက်ဆံမိခဲ့တဲ့ အကြောင်း ဝန်ခံခဲ့တယ်။ "

" ဒီသုံးနှစ်အတွင်း မင်းဟာ ငရဲလမ်းကနေ တိုးထွက်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေတယ် ဆိုတဲ့ အကြောင်းတွေ ပြောပြခဲ့တယ်။ မင်းအကြောင်းကို စဉ်းစားမိတိုင်း သူမနှလုံးသားက ပိုပို ခံနိုင်ရည်မဲ့လာလေပဲ။ ဒီလိုနဲ့ မင်းဘဝမှာ သူမ တည်ရှိနေတဲ့အတွက် သူမကိုယ်သူမ အပြစ်တစ်ခုလို ခံစားလာရတယ်။ ဒါကြောင့် နောက်ဆုံးမှာ မင်းအတွက် သာမက မိသားစုတွက်ပါ အစ်မဟာ ထွက်သွားဖို့ ဆုံးဖြတ်ခဲ့တာ"

ရှုချန်း၏ မျက်လုံးတို့ နီမြန်းသွားလေသည်။

"ဒါဖြင့် သူမအတွက်ကရော ... ငါ့နဲ့ သူမမိသားစုအတွက် သူမ မချစ်တဲ့ ယောက်ျားတစ်ယောက်ကို လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့တာလား"

လင်လဲ့ မှာ အငိုမျက်လုံးနှင့် ပြုံးပြလိုက်သည်။

"အနည်းဆုံးတော့ သူမ ဒီလိုဆုံးဖြတ်တာ အားလုံးကောင်းဖို့အတွက်ပဲ မဟုတ်လား။ ဒါကြောင့်လည်း ငါ့အစ်မနဲ့အတူ မင်းကို ဗြိတိန်ကို ပြန်လိုက်မလာစေချင်တာ။ ကုမ္ပဏီမှာ ဘာတွေပဲ ဖြစ်နေပါစေ ငါ့အစ်မကို မင်း ကောင်းကောင်း ဂရုစိုက်ရင် အဆင်ပြေပါပြီလို့ အဖေနဲ့အမေတို့နှစ်ယောက်စလုံး တွေးပေးခဲ့ကြတယ်။ ငါ့အစ်မနဲ့ လက်ထပ်ခွင့် တောင်းထားတဲ့ လူတွေလည်း ကုမ္ပဏီမရှိတော့တာနဲ့ ငါတို့ကို ပြဿနာရှာလို့ရမှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ မိဘအပေါ် ကျေးဇူးသိတတ်တဲ့ ငါ့အစ်မအနေနဲ့ အဖေနဲ့အမေ ဒီလိုဘဝမျိုး ရောက်မှာ လုံးဝ ခွင့်ပြုမှာ မဟုတ်ဘူး။ တကယ်တော့ ငါ့အစ်မဟာ အားလုံးရဲ့အလယ်မှာ ကြားညှပ်နေတဲ့ သနားစရာ ဓါးစာခံတစ်ယောက်ပါ"

ရှုချန်းကိုယ်တိုင်လည်း ခါးသက်သက် ပြုံးလိုက်မိသည်။

"တကယ်တော့ ဟွာရှ ကို မင်းတို့ရောက်ကတည်းက မင်းတို့ရဲ့ စိတ်ဓာတ် အမူအကျင့်တွေ ပြောင်းလဲနေမှန်း ငါ သတိထားမိပါတယ်။ မင်းကို ကြည့်ရတာ အများကြီး ရင့်ကျက်လာတယ်။ ဒါကြောင့်လည်း မင်းတို့အိမ်မှာ တစ်ခုခု ဖြစ်နေပြီလို့ ငါ ခန့်မှန်းမိတာပဲ။ သူမ လိုချင်တာအားလုံး ငါ ဖြည့်ဆည်းပေးနိုင်တယ်ဆိုတာ သူမ မယုံသေးဘူး မဟုတ်လား။ "

" ဟုတ်ပါတယ်လေ ... အရင်က ရှုချန်းရဲ့ စရိုက်တွေကို နက်နက်ရှိုင်းရှိုင်း အမှတ်ရနေတဲ့ မင်းတို့စိတ်ထဲမှာတော့ အခု ရှုချန်းအပေါ် ယုံကြည်မှု အားနည်းနေတာ ဖြစ်သင့်တာပေါ့။ ဒါကြောင့်လည်း မင်းအစ်မစိတ်ထဲမှာ သံသယတွေ ရှိနေသေးတာပေါ့။ ဒါကို ငါနားလည်ပါတယ်။ "

"ဒီအကျိုးသက်ရောက်မှုတွေကို လွယ်လွယ်ကူကူနဲ့တော့ ဘယ်ဖြေဖျောက်နိုင်ပါ့မလဲ။ ငါ့ကို သံသယဝင်တဲ့အတွက် မင်းအစ်မကို ငါ အပြစ်မတင်ပါဘူး။ ဒါပေမဲ့ အခု ဒီမှာ ငါ ရှိနေပြီဆိုမှတော့ ငါ့ကို အခွင့်အရေးတစ်ခုလောက် ပေးသင့်တယ် မထင်ဘူးလား"

လင်လဲ့ က မကွယ်မဝှက်ပင် ပြောလိုက်၏။

"ကုမ္ပဏီအနေနဲ့ ဆက်လက်ရပ်တည်နိုင်ဖို့ စုစုပေါင်း မတည်ရင်းနှီးငွေ (၃) ဘီလီယံ လိုအပ်နေတယ်။ အခုလောလောဆယ်တော့ ဒီနိုင်ငံထဲက ကုမ္ပဏီ (၅) ခုအပြင် တော်ဝင်မိသားစုကလည်း ကုမ္ပဏီ အခြေခိုင်ခိုင်နဲ့ ပြန်လည် ရပ်တည်နိုင်တဲ့အထိ ထောက်ပံ့ပေးဖို့ ဆန္ဒရှိကြတယ်။ ဒါပေမဲ့ အကူအညီပေးမယ့် (၆) ခုစလုံးက တစ်ခုတည်းကို အလိုရှိနေကြပြန်တယ်။ အဲဒါက ငါ့အစ်မနဲ့ လက်ထပ်ခွင့် ရဖို့ပဲ"

ရှုချန်း နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။

"ဘယ်အချိန်ကစပြီး ငါ့မိန်းမက ဒီလောက် ဈေးပေါသွားရတာလဲ။ ချူရွယ်ကို ငွေလေး (၃) ဘီလီယံလောက်နဲ့ လက်ထပ်ချင်ကြတယ် ဟုတ်လား။ ဒီကောင်တွေ အိပ်မက်,မက်နေတာပဲ"

လင်လဲ့ "ယောက်ဖ ... အခု မင်းပြောတဲ့ ငွေလေး (၃) ဘီလီယံဆိုတဲ့ ပမာဏ ငါတို့မှာ တကယ် မရှိကြဘူး"

ရှုချန်း နှုတ်ဆိတ်သွားသည်။ လင်လဲ့ စကား မှန်သည်။ ငွေ (၃) ဘီလီယံအား သူ မည်သည့်နေရာက ရှာဖွေရမည်နည်း။

သူ့ဘဝ၌ ငွေမရှိသည့် အခြေအနေမျိုး မည်သည့်အခါမှ မကြုံလာရနိုင်ဟု ရှုချန်း တွေးခဲ့ဖူးသည်။

သာမန် နေထိုင်မှုစရိတ်မျှနှင့် သူ့ငွေကြေးတို့ ကုန်ဆုံးပြတ်လပ်မည်လည်း မဟုတ်ချေ။ သို့သော် ယူရို (၃) ဘီလီယံ ဆိုသော ငွေပမာဏအား ခဏလေးအတွင်း ရှာဖွေရန်မှာလည်း လုံးဝ ဖြစ်နိုင်ချေ မရှိသည့် အခြေအနေမျိုး ဖြစ်နေသည်။

မျှော်လင့်မထားစွာပင် မေးခွန်းတိုင်းက ပိုက်ဆံဟူသော အဖြေတွင်သာ အဆုံးသတ်နေ၏။

သူ့ကွန်ဒိုတိုက်ခန်းအား ရောင်းချပင်လျှင် ယူရို သန်း ၁၀၀ နှင့် ညီမျှသော ယွမ် သန်း ၈၀၀ သာ ရရှိမည် ဖြစ်၏။

လင်ချူရွယ်၏ ပိုင်ဆိုင်မှုများနှင့် နိုင်ငံအတွင်း ဝင်ရောက်လာသည့် အင်ပါယာ ဖျော်ဖြေရေး ကုမ္ပဏီ နှစ်ခုပေါင်း၏ ဈေးကွက်တန်ဖိုးပင်လျှင် ၂ ဘီလီယံသာ ရှိ၏။ ၎င်းက အများဆုံး ယူရိုသန်း ၃၀၀ ပမာဏသာ ရှိသေးသည်။ ယူရိုသန်း ၃၀၀ အပြင် ရှုချန်း၏ စုစုပေါင်း ပိုင်ဆိုင်မှု ယူရိုသန်း ၄၀၀ အား ထပ်ပေါင်းလျှင်ပင် ယူရို (၃) ဘီလီယံဟူသော အပေါက်ကြီးအား လုံးဝ ဖြည့်တင်းနိုင်မည် မဟုတ်ချေ။

နှုတ်ဆိတ်သွားသော ရှုချန်းကို ကြည့်ရင်း လင်လဲ့ က ပခုံးအား အသာအယာပုတ်ကာ ပြောလိုက်သည်။

"အထဲသွားကြစို့"

ညနေစာပင် အသင့် ပြင်ဆင်ထားပြီး ဖြစ်နေသည်။

လင်လဲ့ က လင်ချူရွယ်၏ နဘေးမှ ထိုင်ခုံအား ဆွဲထုတ်ပြီး ရှုချန်းအား ဝင်ထိုင်ခိုင်းလိုက်သည်။ လင်ချူရွယ်လည်း အနံ့အရသာနှင့် ပြည့်စုံလှသော စွပ်ပြုတ် ထည့်ထားသည့် ပန်းကန်လုံးတစ်ခုအား ရှုချန်းထံ အသာအယာ ကမ်းပေးလိုက်၏။

"ပူတယ်နော် ... သတိထား"

ရှုချန်းထံမှ စကားတစ်ခွန်းမှ ထွက်မလာတော့။ ထို့အတူ အစာလည်း မစားတော့ချေ။ ထိုင်ခုံတွင်သာ ထိုင်ရင်း မိုးနတ်မင်းသာ သိနိုင်မည့် အရာများကို တွေးတော့ စဉ်းစားနေလေသည်။

ယောက္ခမလင်သည်လည်း ရှုချန်း၏ ပန်းကန်လုံးထဲသို့ ဟင်းလျာတစ်ချို့ ထည့်ပေးကာ ပြောလိုက်သည်။

"စိတ်မပျက်ပါနဲ့ကွယ်။ အရင်ဆုံး အစာဝင်အောင် စားလိုက်။ အားလုံးထဲမှာ ကျန်းမာဖို့က အရေးကြီးဆုံးပဲ မဟုတ်လား"

ရှုချန်းလည်း လူကြီးများရှေ့တွင် မပေါက်ကွဲချင်တော့၍ အသက်မပါသည့် အပြုံးကို ကြိုးစားပြုံးရင်း တူကို ကောက်ကိုင်ကာ သူ့အတွက် ချပေးထားသည့် ထမင်းကို ခပ်မြန်မြန်ပင် စားသောက်လိုက်၏။ ပြီးလျှင် စွပ်ပြုတ်ကို သောက်ပြီး ပန်းကန်လုံးကို ပြန်ချကာ တစ်ခြားလူများအား လေးလေးနက်နက် ကြည့်ကာ ပြောလိုက်လေသည်။

"ချူရွယ်က လက်ထပ်စာချုပ်မှာ တရားဝင် နာမည် ရေးထိုးထားတဲ့ ကျွန်တော့် မိန်းမပါ။ အခုတော့ အားလုံးက သူမကို တစ်ခြားလူတစ်ယောက်ရဲ့ ဇနီးမယား ဖြစ်စေချင်နေကြပြီ။ အဖေနဲ့အမေ ... ကျွန်တော့်ဆန္ဒကိုရော မေးခဲ့ဖူးသလား။ လင်ယောက်ျားဆိုတဲ့ အဓိပ္ပါယ်ကိုရော သိရဲ့လား။ ဒီလိုပုံစံ အစော်ကားခံရမယ်ဆိုရင် ရှင်နေရတာထက် သေတာကမှ ပိုကောင်းပါဦးမယ်"

ထို့နောက် လင်ကွေ့ရန်တို့ လင်မယားနှစ်ဦးအား စူးစူးရဲရဲ ကြည့်လိုက်လေသည်။

မကျေနပ်ချက်များကို အနည်းငယ် ပေါက်ကွဲပြီးသည့်နောက် ရှုချန်းက ထပ်ပြောလိုက်ပြန်သည်။

""အခုတော့ ဒီမိသားစုထမင်းဝိုင်းမှာ ကျွန်တော် ထိုင်စားလို့ ရနေသေးတယ်။ အခုတော့ ကျွန်တော်ဟာ ဒီမိသားစုဝင်တစ်ယောက် ဖြစ်နေသေးတယ်။ အမေနဲ့အဖေ... ကျွန်တော့်အပေါ်မှာ ကျွေးမွေးစောင့်ရှောက်ခဲ့တဲ့ အမေနဲ့အဖေတို့ရဲ့ ကျေးဇူးတွေ ရှိပါတယ်။ ဒီတစ်ခါတော့ အဲဒီကျေးဇူးတွေကို ကျွန်တော် ပြန်ဆပ်ပါရစေ။ ကျွန်တော် သဘောမတူဘဲ ချူရွယ် အနေနဲ့ ဘယ်သူ့ကိုမှ လက်ထပ်ခွင့် မရှိဘူး"

ထို့နောက် ရှုချန်းက လင်ချူရွယ်ဘက်သို့ လှည့်ပြီး စိုးရိမ်နေသော လေသံဖြင့် ပြောလိုက်သည်။

"နင်ကိုယ်တိုင်လည်း တစ်ခြားယောက်ျားတစ်ယောက်ကို လက်ထပ်ရမယ်ဆိုတဲ့ အတွေးမျိုး လုံးဝ မတွေးနဲ့။ စိတ်က တွေးရင်တောင် တရားဥပဒေအရ ကာမပိုင် လင်ယောက်ျားအပေါ် လိမ်လည်လှည့်ဖြားမှု မြောက်တယ်။ ငါ့မိန်းမ ဖြစ်ရတာ နင့်အတွက် မလုံလောက်သေးဘူး။ ကမ္ဘာကြီးတစ်ခုလုံးကို ကယ်တင်တော့မလိုမျိုး ဘာဖြစ်လို့ ကြီးကြီးကျယ်ကျယ်တွေ လျှောက်လုပ်နေရတာလဲ။ ငါ နင့်ကို မကွာရှင်းပေးသရွေ့ တစ်ခြား ဘယ်သူစိမ်း ယောက်ျားကိုမှ နင် လက်ထပ်ခွင့် မရှိဘူး"

စကားဆုံးသည်နှင့် ရှုချန်း မတ်တပ်ရပ်လိုက်သည်။

"ပိုက်ဆံကိစ္စကတော့ ကျွန်တော်ပဲ နည်းလမ်း ရှာလိုက်မယ်။ တကယ်လို့ ချူရွယ်ကို လက်ထပ်ဖို့ တစ်စုံတစ်ယောက်က လာတောင်းဆိုခဲ့ရင်လည်း ချူရွယ်မှာ ပိုင်ရှင်ရှိနှင့်နေပြီလို့ တစ်ခါတည်း ပြောလိုက်ပါ။ ချူရွယ်ရဲ့ ယောက်ျားဟာ ကျွန်တော်ပဲလို့။ ဒါကိုမှ မကျေနပ်နိုင်ဘူးဆိုရင်တော့ အဲဒီလူကို ကျွန်တော့်ဆီ လွှတ်လိုက်ပါ"

ထို့နောက် ထမင်းစားပွဲတွင် ပါးစပ်အဟောင်းသားနှင့် ကျန်နေရစ်သော မိသားစုလေးဦးကို ချန်ရစ်လျက် ထွက်သွားလေတော့သည်။ အထူးသဖြင့် ရှုချန်း၏ ကျောပြင်အား ငေးမောကြည့်နေမိသည့် လင်ချူရွယ်မှာ အံ့ဩမှင်တက်သလို ဖြစ်နေ၏။ ရှုချန်းထံမှ တစ်ကိုယ်ကောင်းဆန်ပြီး ပိုင်စိုးပိုင်နင်းနှင့် ပြောဆိုပုံမျိုး သူမ ပထမဆုံး မြင်တွေ့ဖူးခြင်း ဖြစ်သည်။

သို့သော် ယခုအခါတွင်တော့ လင်ချူရွယ်မှာ နှလုံးသားလေး နွေးထွေးသွား၍ ပြုံးလိုက်မိသည်။ အနည်းဆုံးတော့ ရှုချန်းသည် သူမအား အမှန်တကယ် ချစ်မြတ်နိုးကြောင်း သိလိုက်ရသည်။ သူမ မချစ်မနှစ်သက်သူနှင့် လက်ထပ်ရမည်ဆိုလျှင်ပင် တစ်ကြိမ်တစ်ခါက သူမ ချစ်မြတ်နိုးခဲ့သော ရှုချန်းသည် သူမအား ထပ်တူ ချစ်မြတ်နိုးခဲ့သည် ဆိုသော အသိတစ်ခုတည်းနှင့် အရာရာကို ရင်ဆိုင်ဝံ့ပြီ ဖြစ်သည်။

အနည်းဆုံးတော့ မချစ်မနှစ်သက်သောသူနှင့် အတူနေရခြင်း ဆင်းရဲအား ကျော်ဖြတ်ရန် သူမနှလုံးသားထဲ၌ ချိုမြိန်သည့် အမှတ်တရများ အလုံအလောက် ရှင်ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။

"ဒီဘဲက ငါ့ယောက်ဖဆိုတာ အိပ်မက်မဟုတ်ပါဘူးနော်"

လင်လဲ့ သည်လည်း မယုံနိုင်သလို ရေရွတ်မိလိုက်သည်။

"ဟုတ်တယ် ... အဲဒါ မင်း ယောက်ဖပဲ"

လင်ကွေ့ရန်က ဝက်စလူးသားကို ဝါးရင်း မကျေမချမ်းနှင့် ရေရွတ်လိုက်သည်။

""ဒေါသကြီးပုံများကတော့ သောက်ကျိုးနည်း သူ့အဖေနဲ့ တစ်ပုံစံတည်းပဲ။ ဒီနှစ်ကောင် ပြာမှုန့်ဖြစ်သွားရင်တောင် ငါ မှတ်မိတယ်။ ဒီခွေးကောင်လေးက အခြေအနေတွေ ဘယ်လောက် ရှုပ်ထွေးနေမှန်းလည်း သိပုံ မပေါ်ဘူး။ ဒါပေမဲ့ ငွေကြေးပြဿနာကို သူတကယ်သာ ဖြေရှင်းနိုင်လို့ကတော့ သမီး ချူရွယ် ... သူနဲ့ လက်ထပ်ဖို့ ငြင်းစရာ အကြောင်းပြချက် ရှိတော့မှာ မဟုတ်တော့ဘူး"

လင်ချူရွယ်မှာ ကျောခိုင်းထွက်ခွာသွားသော ရှုချန်း၏ ပုံရိပ်အား ငေးကြည့်နေရာမှ ဖခင်ဖြစ်သူ၏ စကားကြောင့် ခပ်ရို့ရို့ ပြုံးလိုက်မိသည်။

"ဟုတ်ကဲ့ပါ ... ဒီပြဿနာကို သူ တကယ် ဖြေရှင်းနိုင်လို့ကတော့ သူနဲ့အတူ ဟွာရှ ကို ပြန်သွားမယ်"

ရှုချန်း အပြင်သို့ ရောက်သည့်အခါ မည်သူနှင့် ဆွေးနွေးတိုင်ပင်ရမည်ကို စဉ်းစားကြည့်လေ၏။ ထိုအခါ စီနီယာအစ်ကိုကြီး ပိုင်ရှန်း ပြောဖူးသည့် အမှတ်အသား ချန်ရစ်၍ ဆက်သွယ်နိုင်ကြောင်း ပြောစကားကို သတိရသွားသည်။

သူ တက္ကစီတစ်စီးကို တားပြီး မြေအောက် ရထားဘူတာသို့ မောင်းခိုင်းလိုက်သည်။ ရထားဘူတာ ရောက်သည်နှင့် နံရံပေါ်၌ ထောင့်ကဒ် (၂) နှင့် ထောင့်ကဒ် အေ ကဒ်နှစ်ကဒ်ကို တင်ထားလိုက်သည်။

သူ လက်ချလိုက်ချိန်မှာပင် ပိုင်ရှန်း၏ အသံကို ကြားလိုက်ရလေ၏။

"ကဒ်တွေကို ပြန်ချထားလိုက်စမ်းပါကွာ။ မင်း ဘာပြောချင်မှန်းတောင် ငါ နားမလည်ဘူး"

ရှုချန်း ဆွံ့အသွားတော့သည်။

"ကျွန်တော့်နောက်ကို တစ်ချိန်လုံး နောက်ယောင်ခံ လိုက်နေတာလား"

ပိုင်ရှန်းက အားပါးတရ ပြုံးပြလိုက်သည်။

"လင်ချူရွယ်က မင်းမိန်းမ တကယ် ဟုတ်၊ မဟုတ် ငါ သိချင်လို့ပါကွာ။ ငါပြောချင်တာက ဒီပန်းလေးဟာ မြင်းချီးပုံထဲ သူ့ဘာသာသူ နစ်ဝင်နေတာတော့ မဖြစ်နိုင်ဘူး။ တစ်ယောက်ယောက်က အတင်းအကြပ် ထိုးနှစ်ထားတာပဲ ဖြစ်ရမယ်"

ရှုချန်း "ချီးပဲ ... ကျုပ်က သည်းခံနိုင်ပေမယ့် ကျုပ်လက်သီးကတော့ သည်းမခံနိုင်တော့ဘူး"

အခန်း ၂၅၈ ပြီး

နတ်နဂါးစစ်သည်

အပိုင်း ၂၅၉

( တစ်ခုခု လုပ်မှရတော့မယ် )

ရှုချန်း တိုက်ခိုက်တော့မည်ကို သတိပြုမိလိုက်သည်နှင့် ပိုင်ရှန်းက လက်ကို ဟန်ပါပါ ဝေ့ယမ်းရင်း ရယ်ကာမောကာနှင့် ရှင်းပြလိုက်သည်။

"ဟုတ်ပါပြီကွာ။ ငါက မင်းကို နောက်နေတာပါ။ ဒါနဲ့ ထောင့် (၂) နဲ့ ထောင့် A နှစ်ကဒ် ကို ချပေးထားတာက ဘာကို ဆိုလိုချင်လို့လဲ"

ရှုချန်းက"ဒါလေးတောင် မသိဘူးလား၊ ပိန်းလိုက်တာ" ဟူသော အဓိပ္ပါယ်ရသည့် မျက်နှာပေးနှင့် ပိုင်ရှန်းအား ကြည့်ကာ ပြောလိုက်သည်။

"ထောင့် (၂) က ထောင့် အေကို ပြောချင်တာ တစ်ခုခု ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲပေါ့ ... ခင်ဗျား ဦးနှောက်နဲ့ နဂါးတပ်ဖွဲ့ထဲ ဘယ်လို ရောက်လာတာလဲဟင်"

ပိုင်ရှန်းတစ်ယောက် ပါးစပ်ပင် မဟနိုင်အောင် ဆွံ့အသွားလေတော့၏။

"ဟေ့ကောင် ... ငါ့ဆီက ဘာလိုချင်လို့လဲ။ ပုံမှန်ဆိုရင် ငါကပဲ မင်းကို ရှာရမှာလေ။ မင်းက စပြီး ငါ့ကို ရှာရမှာ မဟုတ်ဘူးကွ"

ရှုချန်းလည်း မချိပြုံး ပြုံးကာ...

"ကျွန်တော့် မိသားစု ပြဿနာတစ်ခုနဲ့ ကြုံနေရလို့ ကျွန်တော် အကူအညီလိုလို့ပါ။ လိုနေတဲ့ အကူအညီကလည်း ကျွန်တော့်မိသားစု တစ်ခုလုံးရဲ့ အသက်ရှင်ရေးအပြင် ကျွန်တော့် ဘဝတစ်လျှောက်လုံး ပျော်ရွှင်ချမ်းမြေ့သွားစေဖို့ လုံးဝ လိုအပ်နေတဲ့ အကူအညီမျိုးပါ။ ဟို ... ကျွန်တော် ခင်ဗျားဆီက ပိုက်ဆံနည်းနည်းလောက် ချေးချင်လို့ပါ။ တကယ်လို့ ခင်ဗျားမှာ ပိုက်ဆံမရှိဘူး မွဲနေတယ်ဆိုရင်လည်း အကြံလေးဘာလေးများ ရနိုင်မလားလို့"

ပိုင်ရှန်း "ဘယ်လောက်ချေးချင်လို့လဲ"

ရှုချန်း "သိပ်မများပါဘူး။ ၃ ဘီလီယံတည်းပါ။ ပြောရရင် ယူရိုငွေပေါ့"

ပိုင်ရှန်း၏ မျက်လုံးတို့ ဘောလုံးများအလား ပြူးကျယ်ကားထွက်သွားလေတော့၏။

"ဟေ့ကောင် ငါ့ကို ဖာတန်းကို ပို့ရုံ မကလို့ လဥပဲ ဖြုတ်ရောင်းချင်ရောင်း ... ဒီလောက်များတဲ့ ငွေတွေ ဘယ်လိုလုပ် ရှာနိုင်မလဲကွ။ ပြီးတော့ ငါ့တသက်လုံး ဒီလောက်ငွေပမာဏမျိုး မြင်ဖူးတာတောင် မဟုတ်ဘူး။ ပြီးတော့ ယွမ်တောင် မဟုတ်ဘူး။ ယူရိုတဲ့ ..."

ရှုချန်းလည်း အိတ်ကပ်အတွင်းမှ စီးကရက်ဗူးကို ထုတ်ကာ စီးကရက်တစ်လိပ်ကို မီးညှိလိုက်သည်။ ပြီးလျှင် စိုးရိမ်တကြီး အမူအရာနှင့် ထိုင်ချပြီး ဆေးလိပ်ကို ထိုင်ဖွာနေတော့၏။ အတန်ကြာပြီးနောက် မျက်မှောင်ကြုတ်ပြီး...

"ဒါဖြင့် ခင်ဗျားမှာ အကြံဉာဏ်တွေ ဘာတွေများ ရှိဦးမလား။ တိုတိုပြောရရင် အဲဒီပိုက်ဆံပမာဏကို တစ်ရက်၊ နှစ်ရက်အတွင်း လိုချင်တာ"

ပိုင်ရှန်း "အေး ... မင်းနေရာမှာ ငါသာဆိုလို့ကတော့ သေဖို့ပဲ ရွေးလိုက်တော့မယ်"

ရှုချန်းက သူ့ထံ စီးကရက်တစ်လိပ်ကို ကမ်းပေးရင်း ...

"ကျုပ် တကယ်ပြောနေတာဗျ"

ပိုင်ရှန်း "လူသတ် ဓားပြတိုက်ပြီး ဆိုရင်ကောကွာ"

ရှုချန်းမှာ မီးခိုးငွေ့ပင် သီးသွား၏။

"ဟေ့လူ ... ကျုပ်က နဂါးဓားတစ်လက်လေ။ ဒါမျိုးတွေ လုပ်လို့ ရပါ့မလား"

ပိုင်ရှန်း "စစ်ဆင်ရေး အချိန်ရောက်မှ နဂါးဓားတစ်လက် ဖြစ်တာပါကွာ။ တစ်ခြားအချိန်တွေမှာ ဆိုရင် မင်းက မင်းပဲ။ မင်းဘာသာမင်း ဘာလုပ်လုပ် နဂါးတပ်ဖွဲ့နဲ့ ဘာမှ မဆိုင်ဘူး။ မင်းက ဟွာရှ နိုင်ငံအတွင်းမှာ ရှိမနေသရွေ့ မင်းလုပ်ချင်တာ အကုန် လုပ်လို့ရတယ်။ ပြောရရင် နဂါးတပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားပေးတာလည်း ဒီနည်းလမ်းနဲ့ပဲကွ။ ပြီးတော့ မင်းဟာ မင်းအဖြစ် ပိုစစ်မှန်လာလေလေ ... ဟွာရှ နိုင်ငံက အထူးအဖွဲ့ဝင်တစ်ယောက်ပါလို့ ဘယ်သူမှ မယုံလာတော့လေပဲ။ နဂါးတပ်ဖွဲ့ဝင်တွေလည်း မိသားစုကို ကျွေးမွေးဖို့ ပိုက်ဆံလိုတယ်ကွ။ မိုးပေါ်က ကျလာတယ်များ ထင်နေသလား"

ရှုချန်းလည်း ပိုင်ရှန်းအား ကြည့်ကာ မေးလိုက်သည်။

"ခင်ဗျားမှာ တာဝန်တွေ ရှိသလား"

ပိုင်ရှန်းက ခေါင်းညိတ်ပြလိုက်၏။

"ဖရန်ကာအဖွဲ့ ဆိုတာ ကြားဖူးလား"

ရှုချန်းမှာ အချိန်အတိုင်းအတာ တစ်ခုအထိ ဗြိတိန်နိုင်ငံတွင် နေထိုင်ဖူးသည်။ ထို့အပြင် မင်းမျိုးမင်းနွယ်များ တက်ရောက်သည့် အထက်တန်းကျောင်းတွင်လည်း ပညာသင်ကြားဖူး၏။ အရင်းရှင်လောကမှ အထက်တန်းစား လူ့အဖွဲ့အစည်း တစ်ခု သို့မဟုတ် နှစ်ခုခန့် သူ သိထားသည်။ သူ ခေါင်းညိတ်ပြလိုက်၏။

"ဗြိတိန်နိုင်ငံရဲ့ အကြီးမားဆုံး ကော်ပိုရေးရှင်းကြီး (၁၀) ခုထဲက တစ်ခုပဲ။ ဘာလဲ ... အဲဒိအဖွဲ့ရဲ့ ဥက္ကဌကို ပြန်ပေးဆွဲရမှာလား"

ပိုင်ရှန်းက ခေါင်းခါယမ်းရင်း ငြင်းလိုက်သည်။

"မဟုတ်ရပါဘူး။ အဲဒီ ဥက္ကဌကို ပြန်ပေးဆွဲလို့လည်း မင်းလိုနေတဲ့ ယူရို ၃ ဘီလီယံ ရမှာလည်း မဟုတ်ဘူး။ သိပ်မကြာခင်တုန်းက ပြင်သစ်ပြတိုက်တစ်ခု လုယက်ခံခဲ့ရတယ်။ သူတို့သုံးသွားတဲ့ နည်းလမ်းတွေက လုံးဝ အမိုက်စားပဲ။ ဒီလိုလူမျိုးတွေက ကျိန်းသေ ထိပ်တန်းအဆင့်ရှိတဲ့ ပရိုဖက်ရှင်နယ်တွေပဲ ဖြစ်ရမယ်။ လုယက်မှုမှာ ပြတိုက်က တန်ဖိုးကြီး ရှေးဟောင်းပစ္စည်း ၁၅ ခု အခိုးခံခဲ့ရတယ်။ ဒီပစ္စည်းတွေ အားလုံးပေါင်းလိုက်ရင် အနည်းဆုံး ယူရို ၁.၅ သန်းလောက် ရှိလိမ့်မယ်။ တစ်ချို့ပစ္စည်းတွေဆိုရင် ယဉ်ကျေးမှုအမွေအနှစ်အရ တန်ဖိုးတောင် မဖြတ်နိုင်ဘူးလို့ ပြောကြတယ်ကွ"

ရှုချန်းက "သူတို့ကို လိုက်ရှာစေချင်တာလား"

ပိုင်ရှန်း "လိုက်ရှာစရာ မလိုပါဘူး။ သူခိုးဘယ်သူလဲဆိုတာ ငါတို့ ခန့်မှန်းပြီးပါပြီ။ သူတို့ကို အတော်များများက အာရုံစိုက် စောင့်ကြည့်နေကြတာ။ ဒါပေမဲ့ ရှေးဟောင်းပစ္စည်းတွေ ရသွားတဲ့ အဖွဲ့ခေါင်းဆောင်တွေက အတော် ခက်ခက်ခဲခဲကိုင်တွယ်ရမယ့် လူစားမျိုးတွေ။ ဒါကြောင့်လည်း အားလုံးက သူတို့အဖွဲ့ကို ရှင်းချင်ပေမယ့် မရှင်းရဲဘူး ဖြစ်နေကြတာ"

ရှုချန်း "အဲဒီပစ္စည်းတွေက ဘယ်လောက်တောင် တန်ဖိုးကြီးလို့လဲ"

ပိုင်ရှန်း "၁၉ ရာစုနှစ်ရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေ အားလုံးက နပိုလီယံ စုဆောင်းထားတဲ့ ရတနာပစ္စည်းတွေပဲ။ ဟွာရှ ကို ကျူးကျော်ဝင်ရောက်တဲ့ အဲဒီနှစ်မှာပဲ နွေဦး နန်းတော်ဟောင်းထဲက နန်းတွင်း ပစ္စည်း အစိတ်အပိုင်းနှစ်ခု ပျောက်ဆုံးသွားခဲ့တယ်"

ရှုချန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားလေသည်။

"ဒါက ကျွန်တော့်ရဲ့ ပထမဆုံး မစ်ရှင်ပေါ့ ဟုတ်လား။ ကျွန်တော်နဲ့အတူ ဗြိတိန်ကို လိုက်လာတဲ့ ခင်ဗျားရဲ့ ရည်ရွယ်ချက်က မရိုးရှင်းဘူးပဲ"

ပိုင်ရှန်း ပြုံးလိုက်သည်။

"နည်းစနစ်ကျကျ ပြောရရင်တော့ ဒီစစ်ဆင်ရေး အောင်မြင်သွားရင် မူလပိုင်ရှင် ဟွာရှ နိုင်ငံ ပိုင်တဲ့ ရှေးဟောင်းပစ္စည်း အစိတ်အပိုင်းနှစ်ခုကို ပြန်ပို့ပေးရုံကလွဲပြီး ကျန်ပစ္စည်းတွေကို မင်း စိတ်ကြိုက် လုပ်နိုင်တယ်။ ငါ့ဘက်က မှောင်ခိုဈေးကွက်မှာ ရောင်းချဖို့ ခန့်မှန်းဈေးနှုန်းကို ကူညီပေးမယ်။ ရှေးဟောင်းဝါသနာရှင် အတော်များများက ဒီလိုပစ္စည်းမျိုး စုဆောင်းရတာကို အတော် ဝါသနာ ပါကြတယ်။ ဒါကြောင့် မှောင်ခိုဈေးကွက်ထဲမှာ အမြတ်အစွန်း များများနဲ့ ရောင်းချနိုင်မှာ ကျိန်းသေတယ်။ ဆိုတော့ ဒီလိုရှေးဟောင်းပစ္စည်းမျိုးတွေကို သူဌေးသူကြွယ်တွေ၊ ဒါမှမဟုတ် ရှေးဟောင်းပစ္စည်း စုဆောင်းသူတွေက စိတ်ဝင်တစား ရှိကြမှာ အသေအချာပဲ"

ရှုချန်းက တွန့်ဆုတ်မနေဘဲ "ကောင်းပြီလေ ... လုပ်ကြတာပေါ့"

ပိုင်ရှန်းက ကုတ်အင်္ကျိအတွင်းမှ စာရွက်တစ်ရွက်ကို ထုတ်ကာ ပြောလိုက်၏။

"ဒါ ရန်သူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေပဲ။ အဲဒီထဲမှာ ရှေးဟောင်း နန်းတွင်း အမွေအနှစ်ပစ္စည်းနှစ်ခုကို စောင့်ကြည့်နေတဲ့ ပရိုဖက်ရှင်နယ်တွေရဲ့ အကြောင်းလည်း ပါတဘ်။ ရှေးဟောင်းပစ္စည်း ပရိုဖက်ရှင်နယ်ဆိုပြီး အထင်တော့ မသေးလိုက်နဲ့။ သူတို့က ကောင်းကင် အဆင့် သတ်မှတ်ချက်မှာ အကြီးအကဲအဆင့် ရှိတဲ့လူတွေချည်းပဲ"

"ကောင်းကင်အဆင့် သတ်မှတ်ချက် ဟုတ်လား"

ရှုချန်း မျက်မှောင်ကုတ်သွားရင်း "ဒီအဆင့်ကို ကျွန်တော် တစ်ခါမှ မကြားဖူးဘူး"

ပိုင်ရှန်း "နဂါးတပ်ဖွဲ့ကိုယ်တိုင် ကမ္ဘာပေါ်က အကြီးကျယ်ဆုံး အကြီးအကဲအဆင့် ရှိသူတိုင်းရဲ့ အချက်အလက် မှန်သမျှ ပြုစုထားတဲ့ စာရင်းတစ်ခု ရှိတယ်။ အဲဒီစာရင်းကို ကောင်းကင်အဆင့်လို့ ခေါ်တယ်။ ပြီးခဲ့တဲ့နှစ်တစ်လျှောက် နဂါးတပ်ဖွဲ့ ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရတဲ့ ပြိုင်ဘက်တွေအားလုံးရဲ့ စာရင်းကိုလည်း ကောင်းကင်အဆင့်ထဲမှာ မှတ်တမ်းတင်ထားတယ်။ အဲဒီစာရင်းပေါ်က လူတိုင်း ဘယ်သူမှ မရိုးရှင်းကြဘူး။ ဒါကြောင့် သူတို့နဲ့တွေ့တဲ့အခါ မင်း သတိထားနိုင်မှ တော်ကာကျလိမ့်မယ်"

ရှုချန်းက "စီနီယာ ... ဒါဖြင့် စီနီယာက ကောင်းကင်အဆင့်မှာ ဘယ်အဆင့် ရှိသလဲ"

ပိုင်ရှန်းက အမှတ်တမဲ့ ပံ့စံမျိုးဖြင့် ပြန်ဖြေလိုက်သည်။

"၅၀"

ရှုချန်း၏ မျက်လုံးအစုံ ပြူးကျယ်သွားတော့သည်။

"အဆင့် ၅၀ ပဲ ရှိသေးတယ် ဟုတ်လား"

"ဒါက ရှေးရိုးဆန်လွန်းတဲ့ အချက်တွေကြောင့်ပါ။ ပြောရရင် ငါတို့ နဂါးတပ်ဖွဲ့ဝင်တွေ အနေနဲ့ ပိုမို အစွမ်းထက်တဲ့ ပြိုင်ဘက်မျိုးနဲ့ မရင်ဆိုင်ရသေးတာလည်း ပါတယ်။ မဟာအကြီးအကဲတွေအားလုံးက လျှို့ဝှက် နေထိုင်တတ်ကြတဲ့လူတွေ၊ ဥရောပမှာ ငါတို့ ရှာဖွေ မှတ်တမ်းတင်ထားနိုင်တဲ့ ကောင်းကင်အဆင့် အကြီးအကဲတင် အယောက် ၅၀ ကျော်နေပြီ။ ဒါတောင် ဖရိုဖရဲ ဖြစ်နေတဲ့ အာဖရိကလို နိုင်ငံမျိုးမှာ လျှို့ဝှက်ပုန်းခိုနေတဲ့ ထိပ်တန်းအဆင့် ကြေးစားစစ်သည်တော်တွေ မပါသေးဘူး။"

" မြောက်အမေရိကတိုက်က အထူးစစ်သည်တော်တွေရဲ့ အဆင့်ကလည်း တကယ် မြင့်မားတယ်။ သူတို့တတွေက အငြိမ်းစားယူပြီးတာနဲ့ အထူးစစ်သည်တော်တွေကို လျှို့ဝှက် သင်ကြားပေးတယ်။ သူတို့အားလုံးထဲမှာ ဖရန်ကာအဖွဲ့အတွက် အလုပ်,လုပ်ပေးနေတဲ့ အထူးစစ်သည်တော်တစ်ယောက် ဆိုရင် အမ်နိုင်ငံက အထူးတပ်ဖွဲ့တစ်ခု ဖြစ်တဲ့ ပဥ္စမ အဖွဲ့က စစ်ပြန်တစ်ဦး ဖြစ်တယ်။ မင်း သူတို့အကြောင်း လေ့လာထားမှ ဖြစ်မယ်။ သူတို့တစ်တွေဟာ ကမ္ဘာကြီးပေါ်က လျှို့ဝှက်မှုအရှိဆုံး အင်အားစုတွေထဲက တစ်ခုပဲ။ "

" အခု ငါပြောနေတာ အားလုံးက ချဲ့ကားပြီး ပြောနေတာ တစ်လုံးမှ မပါဘူး။ သူတို့ရဲ့ လျှို့ဝှက်မှုအဆင့်က နဂါးတပ်ဖွဲ့နဲ့ တန်းတူလောက် ရှိမယ်။ တစ်ခုရှိတာက အခုချိန်ထိ နဂါးတပ်ဖွဲ့အကြောင်း ဘယ်သူမှ မသိကြသေးတာပဲ ရှိတယ်"

ရှုချန်း ခေါင်းညိတ်ပြလိုက်သည်။ ပထမဆုံးအကြိမ် အဖြစ် ကမ္ဘာကြီး၏ မျက်နှာအသစ်အား လေ့လာသင်ယူမိခြင်း ဖြစ်လေသည်။

"အဲဒီလူရဲ့ အဆင့်ကရော"

"၁၁၂"

ပိုင်ရှန်းက ပြောလိုက်၏။

"ဒီတစ်ကြိမ် အခိုးခံလိုက်ရတဲ့ ပစ္စည်းတွေထဲမှာ တတိယမြောက် နပိုလီယံ ဘုရင်ရဲ့ ဇနီးသည် ကိုယ်တိုင် စိတ်ကြိုက် စုဆောင်းထားတဲ့ ရတနာပစ္စည်းတွေလည်း ပါတယ်။ အဲဒီထဲက တစ်ခုဟာ တတိယမြောက် နပိုလီယံ ဘုရင်ရဲ့ သရဖူပုံတူပဲ။ ဒီနှစ် ဗြိတိန်ဘုရင်မကြီးရဲ့ မွေးနေ့မှာ ဖရန်ကာ ကုမ္ပဏီကို နောင်နှစ်အနည်းငယ်အထိ မူဝါဒဆိုင်ရာ အကာအကွယ်တွေ ပေးထားဖို့အတွက် အလဲအလှယ် အနေနဲ့ ဘုရင်မကြီးကို ဖရန်ကာအဖွဲ့ရဲ့ စီအီးအိုကိုယ်တိုင် သရဖူကြီးကို ပေးအပ်ဖို့ စီစဉ်ထားကြတယ်"

ရှုချန်းက "ဒါတွေက ခင်ဗျား ကျွန်တော့်ကို ပေးတဲ့ စစ်ဆင်ရေး တာဝန်လား၊ ငွေရှာနိုင်ဖို့ ပေးတဲ့ အကြံတစ်ခုလား"

ပိုင်ရှန်း "နှစ်ခုစလုံးပဲ။ စစ်ဆင်ရေး ရှုထောင့်က ကြည့်ရင် မစ်ရှင်အောင်မြင်သွားလည်း မင်းအနေနဲ့ ဘာဆုလာဘ်မှ ရမှာ မဟုတ်ဘူး။ ဒါပေမဲ့ မိတ်ဆွေတစ်ယောက်ရဲ့ ရှုထောင့်က ကြည့်လိုက်ရင်တော့ အမိနိုင်ငံကို ပြန်အပ်ရမယ့် ရှေးဟောင်းအမွေအနှစ် ပစ္စည်းနှစ်ခုကလွဲရင် ကျန်ပစ္စည်းတွေအားလုံးက မစ်ရှင်အောင်မြင်လို့ ပေးတဲ့ ဆုလာဘ်တွေလို့ ယူဆနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီပစ္စည်း ရထားလို့ကော ငါတို့တိုင်းပြည်အတွက် ဘာအသုံးဝင်မှာ မို့လို့လဲ"

ရှုချန်းက ဖိုင်အိတ်အား ကြည့်ကာ သူ့ကုတ်အင်္ကျီထဲ ထိုးထည့်လိုက်၏။ ပြီးနောက် သူက ပိုင်ရှန်းအား ပြောလိုက်သည်။

"နောက်တစ်ခါ အနားကို လာမယ်ဆိုရင်လည်း အသံလေးဘာလေး အရင်ပေးဦး။ အဘိုးကြီးရဲ့ လက်သီးသိုင်းကွက်တွေ သင်ယူနိုင်ပြီးကတည်းက အလိုလို တန်ပြန် တိုက်ခိုက်နေတာ။ ဒီတော့ ခင်ဗျား နောက်တစ်ကြိမ်ဆို သတိထားပါ"

စကားဆုံးသည်နှင့် လှည့်ထွက်သွားသော ရှုချန်းအား ကြည့်ကာ ပိုင်ရှန်းက မေးခွန်း ထုတ်လိုက်လေ၏။

"အဲဒီ ရူးလောက်အောင် လှတဲ့ မိန်းမချောလေးက တကယ်ပဲ မင်းနဲ့ တရားဥပဒေကြောင်းအရ လက်ထပ်ထားတဲ့ ဇနီးမယားလား"

ရှုချန်းမှာ ငိုရမလား၊ ရယ်ရမလားပင် မသိတော့။

"ကျွန်တော်က သူမနဲ့ မထိုက်တန်လို့လား"

ပိုင်ရှန်း "အမှန်အတိုင်းပြောတာ ကြားချင်သလား၊ ဒါမှမဟုတ် မုသားစကားကို ကြားချင်သလား။ တကယ်လို့ လိမ်ပြောရမယ် ဆိုရင်တော့ ဟုတ်ပါ့ ငါ့ကောင်ရေ ဒီမိန်းမချောလေးနဲ့ မင်းက လုံးဝ ထိုက်တန်တယ်ပဲ"

ရှုချန်းတစ်ယောက် လူပင် သတ်ချင်သွား၏။

"ဒိုးတော့ဗျာ"

ပိုင်ရှန်း "နားထောင် ... မင်းမှာ နှစ်ရက်ပဲ အချိန်ရှိတော့တယ်။ နှစ်ရက်ပြီးတာနဲ့ ရှေးဟောင်း ပစ္စည်းတွေကို ဘုရင်မကြီး မွေးနေ့ပွဲအတွက် နန်းတော်ထဲကို သယ်သွားတော့မှာ"

ရှုချန်းက နောက်ပင်လှည့်မကြည့်ဘဲ ထွက်သွားလေသည်။

"စိတ်မပူပါနဲ့။ ကျွန်တော် သိပါတယ်။ ပစ္စည်းတွေ နန်းတော်ထဲ ရောက်သွားခဲ့ရင်တောင် ကျွန်တော် လိုက်ယူပေးမယ်"

ပိုင်ရှန်း "မင်းကိုယ်မင်း အတင်းအကြပ် ဖိအားမပေးနဲ့နော်။ မင်းကိုယ်မင်း ဓာတစ်လက်လို သွေးထားဖို့ လိုအပ်သေးတယ်။ ပြီးတော့ မှတ်ထားဦး။ မင်းဟာ ငါတို့အားလုံးရဲ့ နှစ်လေးပဲ"

(မှတ်ချက် - မင်းဟာ ငါတို့အားလုံးရဲ့ ဖွားဖက်တော်လေး)

ရှုချန်းတစ်ယောက် ခြေချော်ပြီး ဖင်ထိုင်လျက် လဲကျသွားလေတော့၏။

လင်မိသားစုပိုင် အိမ်ကြီးဆီသို့ ပြန်ရောက်သည့်အခါ အပြင်ဘက်၌ ရပ်ထားသော လီမိုကားနှစ်စီးအား တွေ့လိုက်ရသည်။ အချိန်ကိုက်ပင်။ အိမ်ဝင်းထဲ သူရောက်သည်နှင့် ကားပေါ်မှ အရပ်ရှည်ရှည် အမျိုးသားတစ်ဦး ဆင်းလာသည်ကို တွေ့လိုက်ရ၏။ ထိုသူကား ဗြိတိန်နိုင်ငံ၏ တတိယမြောက် မင်းသား ဖြစ်လေတော့သည်။

အခန်း ၂၅၉ ပြီး

Continue Reading

You'll Also Like

49.6K 768 17
DELULU & GUILT PLEASURE
297K 40.2K 20
လက်တွေ့ဘဝနှင့် နီးစပ်ချင်ယောင်ဆောင်ခြင်း
283K 13.7K 61
My name is Alex Cruz, I'm a omega, so I'm just a punching bag to my pack. But Emma, Queen of werewolves Sam, queen of dragons Winter, queen of vampi...
66.9K 2.5K 14
WARNING: This book contains attempted suicide. Don't read if you're sensitive to that sort of thing. Makoto Naegi hadn't meant to drive Sayaka Maizon...