မင်းက α€„α€«α€·α€™α€­α€”α€Ία€Έα€™α€–α€Όα€…α€Ία€œα€¬α€™α€šα€Ία€·α€žα€° (...

By Zphoowai

373K 19.4K 2.4K

Redflag- Beauty M-preg More

Intro
Profile
ထပိုင်း (၁)
ထပိုင်း (၂)
ထပိုင်း (၃)
ထပိုင်း (၄)
ထပိုင်း (၅)
ထပိုင်း (၆)
ထပိုင်း (၇)
ထပိုင်း (၈)
ထပိုင်း (၉)
🌱
ထပိုင်း (၁၀)
Emergency foods
Ice CREAM
πŸƒ
ထပိုင်း (၁၁)
ထပိုင်း (၁၂)
ထပိုင်း (၁၃)
ထပိုင်း (၁၄)
ထပိုင်း (၁၅)
ထပိုင်း (၁၆)
ထပိုင်း(၁၇)
ထပိုင်း (၁၈)
ထပိုင်း (၁၉)
ထပိုင်း (၂၀)
ထပိုင်း (၂၂)
ထပိုင်း (၂၃)
ထပိုင်း (၂၄)
ထပိုင်း (၂၅)
ထပိုင်း (၂၆)
ထပိုင်း (၂၇)
ထပိုင်း (α‚αˆ)
ထပိုင်း (၂၉)
ထပိုင်း (၃၀)
ထပိုင်း (၃၁)
ထပိုင်း (၃၂)
ထပိုင်း (၃၃)
ထပိုင်း (၃၄)
ထပိုင်း (၃၅)
spoil

ထပိုင်း (၂၁)

4.1K 326 31
By Zphoowai

{Unicode}

... ပျိုးငယ်က
အစ်ကို့ကို ရူးလောက်အောင် ချစ်တာ...
အစ်ကိုပဲ ချစ်တတ်တယ် မထင်နဲ့...။

****

ယခင်အပိုင်းမှ အဆက်...

"Babe...
မင်း အသက်ရှင်နေရတာ ပျင်းနေလို့လားဟင်?"

အစ်ကို့ထံမှ ငြိမ်ငြိမ်ဖြင့်ပင် ထွက်လာသည့် အသံနောက်မှာတော့ ကျွန်တော်လည်း နူတ်ဆိတ်နေမိသည်...။

အစ်ကိုက နောက်ထပ် ဘာစကားမှ မပြောတော့ဘဲ ​မကွေးမြို့အစွန်က လမ်းကြားတစ်ခုထဲသို့...။

အစ်ကို လာသည့်အချိန်မှာတော့ အနည်းငယ် လူချိန် တိတ်ချိန် ဖြစ်သည်...။ လမ်းမီးဝါကျင်ကျင်များနှင့်အတူ တစ်ခါတစ်လေ ဖြတ်သန်းသွားလာနေသည့် အဝေးပြေး ကုန်ကားများနှင့် Express ကားများ၊ ဆိုင်ကယ်များသာ... လမ်းပေါ်မှာ လူမရှိသလောက် ဖြစ်နေသည့် လူချိန် တိတ်ချိန် ဖြစ်သည်....။

အစ်ကိုက သစ်ပင်အရိပ်ကြောင့် အနည်းငယ် မှောင်ရိပ်ထိုးကျနေသည့် နေရာတစ်ခုအရောက်..

သူ့ဆိုင်ကယ်ကို ထိုးကာ ရပ်လိုက်မိသည်...။ ကျွန်တော်လည်း အစ်ကို့ဆိုင်ကယ် ရပ်လိုက်မိသည့် အချိန်မှာတော့... အောက်ကို ဆင်းလိုက်မိသည်....။

"ပျိုးပင်ငယ်..."

"ဟုတ်ကဲ့ အစ်ကို..."

"ငါက မင်းကို ကျောင်းထားပေးခဲ့တာက... မင်းမရှိရင် ဖြစ်သွားမယ့် ငါ့ရဲ့ ရူးသွပ်မှုတွေ အကုန်လုံးကို ရင်းနှီးမြှုပ်နှံပြီး ထားရတာ...။ အဲ့ဒါကို မင်းက ကောင်းကောင်းမနေဘဲ ဘာဖြစ်ချင်တာလဲ ပျိုးငယ်...။"

"အစ်ကို ယုံကြည်နိုင်သလား မသိပေမယ့် ပျိုးငယ်အတွက် မှန်သော သစ္စာစကားက ပျိုးငယ့်ဘဝမှာ အစ်ကိုကလွဲပြီး ဘယ်သူမှ မရှိဘူး...။ ဘယ်သူ့ကိုမှ ထပ်မချစ်နိုင်တော့ဘူး...။ အစ်ကိုက ပျိုးငယ့်ကို ရူးလောက်အောင် ချစ်သလို ပျိုးငယ်ကလည်း အစ်ကို့ကိုပဲ... အစ်ကိုတစ်ယောက်တည်းကိုပဲ ရူးလောက်အောင် ချစ်တာ...."

"ကောင်းပြီ... ဒါဆို ဆိုင်ကယ်ပေါ် ပြန်တက်..."

အစ်ကိုက တည်ငြိမ်စွာဖြင့်ပင် ကျွန်တော့်ကို ဆိုင်ကယ်ပေါ်သို့ တက်ခိုင်းလေပြီ...။ ကျွန်တော်လည်း ဘာမှမပြောဘဲ အစ်ကို့စကားအတိုင်း ဆိုင်ကယ်ပေါ်သို့ တက်လိုက်မိသည်....။

ဆိုင်ကယ်ပေါ် ကျွန်တော်ရောက်ပြီးသည်နှင့် အစ်ကိုက ဆိုင်ကယ်ကို တစ်နေရာသို့ ချက်ချင်းမောင်းထွက်သည်...။

မိနစ်အနည်းငယ် အကြာ...

အစ်ကိုက ပထမဆုံး နီးစပ်ရာ guest house တစ်ခုမှာ အခန်းတစ်ခု ငှားလိုက်သည်...။ ပထမဆုံး စဥ်းစားမိသည်က အစ်ကိုက ဘာလို့ သူတည်းနေကျ ကိုကျော်ကြီးဆီမှာ မသွားတာလဲပေါ့...။

Guest Houseထဲ ဝင်လာပြီးသည့်နောက်မှာတော့ ငှားထားသည့် အခန်းထဲသို့... ရောက်ပြီးသည့် နောက်မှာ... အစ်ကိုက အခန်းမီးရောင် မှိန်မှိန်လေးကိုသာ ဖွင့်ထားပြီး ကျန်သည့် အလင်းရောင်မှန်သမျှ ပိတ်ထားသည်...။

အခန်းထဲ ရောက်လေတော့ အစ်ကိုက ကုတင်ဘေးက ထိုင်ခုံတစ်ခုပေါ်မှာ ထိုင်ပြီး ကျွန်တော်ကတော့ ကုတင်ပေါ်မှာ ထိုင်နေသည်...။

"သူက ဘယ်သူလဲ? ဘာလို့ ဖြစ်သမျှတွေကို မပြောပြခဲ့တာလဲ?"

အစ်ကို့ဘက်မှ အသံငြိမ်ငြိမ်ဖြင့်ပင် ထွက်လာလေပြီ...။ ထိုအချိန်မှပင် ကျွန်တော်လည်း....

"သူက မင်းခိုက်ရတုမိုရ်... အရင်တစ်ခါ ဆေးရောင်းတဲ့ အဖွဲ့တွေနဲ့ အိမ်ကို လာခဲ့တဲ့ တစ်ယောက်...။ သူက ပျိုးငယ် ဒီရောက်တော့ လာနူတ်ဆက်တာမျိုး ရှိတယ်...။ ဒါပေမယ့် ပျိုးငယ် လုံးဝ လက်မခံခဲ့ဘူး...။ ဟုတ်တယ်... ပန်းတွေ မုန့်တွေ တစ်ခါ ပျိုးငယ်တို့ အတန်းထဲကို လာထားတာ ရှိတယ်...။ ဒါပေမယ့် ပျိုးငယ် လက်မခံဘဲ အကုန်လုံးကို သူများတွေကို ပေးခဲ့တာ...။"

"ဘာလို့ အဲ့ဒီအကြောင်းကို ငါ့ကို မပြောခဲ့တာလဲ?"

"အစ်ကို့ကို မပင်ပန်းစေချင်တာ ပါတယ်...။ ဒါက ပျိုးငယ် စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေထဲမှာ ပါတယ်...။ ပျိုးငယ် ဘာမှမဖြစ်ဘူး... အစ်ကို့က အလုပ်တွေနဲ့.. ပျိုးငယ်အတွက်နဲ့ ပင်ပန်း​နေတဲ့ အစ်ကို့ကို မကြည့်ရက်ဘူး...။ ဒါကြောင့် ပျိုးငယ် ရှင်းလို့ရမယ့် အပိုင်းမို့ ပျိုးငယ် မပြောခဲ့ရုံပါပဲ...။ အဲ့ဒီအတွက် ပျိုးငယ်ကို အစ်ကို သတ်မယ်ဆိုလည်း အစ်ကို့လက်နဲ့ သေရမယ်ဆို ကျေနပ်ပါတယ်...။"

ထိုအချိန်မှာတော့ ကုလားထိုင်ပေါ် ထိုင်နေသည့် အစ်ကိုက ကျွန်တော့်လည်တိုင်ကို ဖျစ်ညှစ်လာပြီး...

"လး လို သတ်ပစ်ရမှာလားဟ... မင်းကို ငါက ချစ်လို့ ယူထားတာ...။ ဒီလိုအရာတွေက မင်းကို ချစ်လို့ ငါ လောင်နေတဲ့ အရာတွေ အကုန်လုံးပဲ...။ နောက်ဆုံး ဘာအကြောင်းပဲဖြစ်ဖြစ် သူများမပြောခင်... ငါ့ကို အရင်ပြော ဟုတ်ပြီလား?"

"အစ်ကိုက ဖြစ်မလား? အမြဲတမ်း သွေးပူနေခဲ့ပြီးတော့...။"

"ဒါဆို အဲ့ဒီတစ်ယောက်ကို မင်းကို လိုက်နေခဲ့လား?"

"သူ့ဘက်က သဘောထားကို ပျိုးငယ်မသိပေမယ့် ပျိုးငယ်ဘက်ကတော့ လုံးဝရှင်းပါတယ်...။ ဒါကြောင့် ဘာမှစိတ်မပူဖို့ အစ်ကို့ကို ပြောချင်ပါတယ်...။ အခုနောက်ပိုင်း ပျိုးငယ်ဆီကို ထပ်ပြီး လာမတွေ့တော့ပါဘူး...။ ဒါက ပျိုးငယ် အသက်နဲ့ရင်းပြီး ကျိန်ရဲပါတယ်..."

"တော်ပြီ မလိုတော့ဘူး..."

ထိုစကားအဆုံးမှာတော့ အစ်ကိုက ကျွန်တော့်ကို စူးစိုက်စွာ ကြည့်လာသည်...။ ထို့နောက် ကျွန်တော့်လည်တိုင်မှ သူ့လက်ကို ဖယ်လိုက်ပြီး... သူ့စားပွဲခုံပေါ်မှ ဆေးလိပ်ဗူးထဲမှ ဆေးလိပ်တစ်လိပ်ကို ထုတ်သည်...။

ထို့နောက် မီးခြစ်တစ်လုံးဖြင့် မီးညှိကာ သောက်လိုက်ပြီး...

"ငါ... ဒီဟာလေးကို ဘယ်တော့မှ သတ်ဖြစ်မယ် မထင်ဘူး...။"

အစ်ကို့ရဲ့ ထိုစကားကို ကျွန်တော် ပြုံးပြီးတော့ဘဲ နားထောင်နေမိသည် ...။

"ပျိုးငယ်..."

"ဟုတ်ကဲ့ အစ်ကို..."

"လူတွေ အာရုံစိုက်မှုတွေရတာ... မင်းရဲ့ မျက်နှာလေးက အဓိက ထင်တယ်...။ ဒီတော့ ငါ့ကို ဖောက်ပြန်ပြီး ထားခဲ့တဲ့ တစ်နေ့ မင်းမျက်နှာက အရေခွံတွေ အကုန်လုံး ဆွဲခွာပစ်မှာ..."

ထိုအချိန်မှာတော့ ကျွန်တော်လည်း အစ်ကို့ကို တစ်ချက်ကြည့်လာပြီး...

"အစ်ကိုသာ ပျိုးငယ် ဘယ်လိုပုံစံမျိုးနဲ့ပဲ ဖြစ်ဖြစ် ချစ်နိုင်တယ်ဆို အခုချက်ချင်း ပျိုးငယ် မျက်နှာကို ခွါလို့ ရတယ်...။"

ထိုအချိန်မှာတော့ အစ်ကိုက ငေးခနဲ ဖြစ်သွားပြီး...

"မင်း ဘာတွေဖြစ်နေတာလဲ ပျိုးငယ်..."

"ပျိုးငယ် ဖြစ်တည်မှုက အစ်ကိုတစ်ယောက်တည်းကြောင့်ပဲလို့ ပြောတာပါ...။ ပျိုးငယ် အစ်ကိုက လွဲပြီး ဘယ်သူ့ဆီကမှ နစ်မျောမှုကို မလိုချင်တော့ဘူး...။ အသ်ကို့အပြုအမူတွေက လွဲပြီး ဘယ်သူကမှ ပျိုးငယ်ကို ထိရှအောင် မလုပ်နိုင်တော့ဘူး...။ အစ်ကိုပြောသလို ပျိုးငယ် လည်ပင်းကို ဓားတင်ထားတယ်ဆိုရင်တောင် ပျိုးငယ်ကတော့ အစ်ကို့ကိုပဲ ရွေးချယ်မှာ...။ အဲ့ဒါ ဘာဖြစ်လို့လဲ ဆိုတော့ ပျိုးငယ် အစ်ကို့ကို သိပ်ချစ်လို့... ပြီးတော့ ဘယ်သူကမှ သူ့အသက် သူ့ဘဝတစ်ခုလုံးနဲ့ ရင်းပြီး အစ်ကို့လိုမျိုး ပျိုးငယ်ကို ချစ်နိုင်မှာ မဟုတ်လို့...။"

"ပျိုးငယ်... ဒီစကားတွေနဲ့ မင်း ဘယ်ကတည်းက ငါ့ကို သတ်ဖို့ ကြိုတင်ပြင်ဆင်နေခဲ့တာလဲ?"

"ဒါက ပျိုးငယ် အစ်ကို့အပေါ်မှာ ခံစားရတဲ့ ခံစားချက်တွေကို အစ်ကို သိစေချင်ရုံပါပဲ...။"

ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော့်ခေါင်းမှ ဆံပင်များကို တစ်ချက် စုဆုပ်ကာ ဆွဲကိုင်လိုက်ရင်းမှ....

"တအားတွေ သတ္တိရှိနေတယ်ပေါ့ ဟုတ်လား? ငါ မင်းကို လုပ်ချင်နေအောင် လုပ်နေတာလား.. ဟမ်?... ကျောင်းတောင် မသွားနိုင်အောင် လုပ်နေတာလား?"

အစ်ကိုက ပျိုးငယ်ကို အမှန်တကယ် လုပ်သတ်ချင်နေသည့် ပုံဖြင့် ပြောလာသည့် အချိန်မှာတော့ ပျိုးငယ်လည်း ခေါင်းကို ငုံ့ကာ ငြိမ်နေလိုက်မိသည်.... ။

ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော့်အနားသို့ သူ့ကုလားထိုင်ကို တိုးကာ ထိုင်လိုက်သည်...။

"မင်းကို ကျောင်းမတတ်နိုင်အောင် လုပ်ဖို့ဆို တစ်လမ်းပဲ ရှိတော့မယ် ထင်တယ်...။"

အစ်ကို့ရဲ့ ခပ်ထေ့ထေ့ အပြုံးနှင့် စကားသံနောက်မှာတော့ ကျွန်တော်လည်း ကြောက်လန့်ကာဖြင့်...။

"ဘယ်နှယ့် ကြောက်သွားတာတုန်း.... ဒီအတိုင်း... ငါ့ကလေးကို လွယ်ပေးမယ် မလား? "

ကျွန်တော့်ခါးကို အစ်ကိုက ဖိကိုင်ကာ ပြောလာချိန်မှာတော့ ကျွန်တော်လည်း ရှက်ရွံ့မှုနှင့်အတူ တကိုယ်လုံး ထူပူနေခဲ့သည်...။

"ဘယ်လိုလဲ? အကာအကွယ်မပါဘဲနဲ့... တစ်ညလောက်... "

အစ်ကိုက ပျိုးငယ်ကို ရှက်အောင်ပြောနေသည်မို့ အစ်ကို့မျက်နှာကို တွန်းဖယ်မိတော့ အစ်ကိုက ကျွန်တော့်ခန္ဓာကိုယ်ကို ပွေ့ချီလိုက်သည်...။ ထို့နောက်...

အခန်းရဲ့ ရေချိုးခန်းထဲသို့ ဝင်လာမိသည်...။ အစ်ကိုက ကျွန်တော့်ကို ပွေ့ချီထားရာမှ ခြေထောက်နှစ်ဖက်ကို ခါးမှရစ်သိုင်းကာဖြင့် အနေအထားပြောင်းလိုက်မိသည်....။

ကျွန်တော့်ပေါင်သားများမှ သိုင်းကာ ပွေ့ချီထားပြီးသည်နှင့် အခန်းရဲ့ ရေချိုးခန်းက မှန်တင်ခုံပေါ် တင်လိုက်မိသည်...။

"အစ်ကို..."

အောက်က ပျိုးငယ် ထိုင်ထားသည့် ရေချိုးခန်းက မှန်တင်ခုံက ကျိုးကျသွားမှာ စိုးသည်မို့ မဝံ့မရဲဖြင့် ရှိမိသည်...။ အစ်ကိုကတော့ ဘာအသံကိုမှ ကြားဟန်မပြု...။

ကျွန်တော်ထိုင်နေသည့် ထိုင်ခုံတစ်ဖက်တစ်ချက်ဆီမှာ လက်ကို ထောက်ပြီး ကျွန်တော့်ခန္ဓာကိုယ်ကို ဘောင်ခတ်ထားသလိုမျိုးပင်...။

ခုံပေါ်မှာ တင်ထားသည့် ကျွန်တော့်အရပ်က အခုထက်ထိ အစ်ကို့ကိုတောင် ကျော်လွှားနိုင်ခြင်း မရှိ...။ အစ်ကိုကတော့ လက်နှစ်ဖက်ကို ထောက်ကာ ကိုယ်ကို ကိုင်းညွှတ်ထားပြီး သူ့မျက်နှာကို ကျွန်တော့်မျက်နှာအနားသို့ တိုးကပ်ကာ....

"ငါ့ခန္ဓာကိုယ်မှာ မင်း သဘောကျဆုံးအပိုင်းက ဘယ်အပိုင်းလဲ?"

အစ်ကိုက အပြုံးတစ်ခု၊ သြရှရှ အသံဖြင့်ပင် မေးလာလေတော့... ကျွန်တော် ဘယ်လို​ဖြေရမှန်း မသိ....။ အစ်ကို့မျက်နှာကိုလည်း မကြည့်ရဲတော့...။ တကယ်တမ်း အစ်ကို့ကို ဘာသဘောကျလဲဆို အကုန်လုံးပဲလေ...။ အကုန်လုံးလို့ ပြောရင်လည်း အစ်ကိုက ညစ်မှာ...။

အစ်ကိုက ညစ်ရင် ပျိုးငယ် ဘယ်လိုနေရမှန်း မသိတော့... ဉာဏ်ကောင်းပြီး ဖြတ်ထိုးဉာဏ်အရမ်းကောင်းသည့် အစ်ကို့ကို ပျိုးငယ် ဘယ်လိုမှ လိုက်နိုင်မှာ မဟုတ်...။

"ဘာကို သဘောကျလဲ?"

နောက်တစ်ကြိမ် ထပ်ကာ မေးလာပြန်သည်...။ ဒီတစ်ခါတော့ ကျွန်တော်ဖြေမှ ရမည်...။ အစ်ကိုက တစ်ခါမှ စကားကို နှစ်ခွန်းပြောသူမဟုတ်... အခုက ပျိုးငယ်မို့သာ... ပြီးတော့ သူအနည်းငယ် စိတ်ကောင်းဝင်သည့် အချိန်မို့ နေပါလိမ့်မည်...။

"အစ်ကို့ရဲ့ မှတ်ဉာဏ်... ပြီးတော့ အစ်ကိုက အရမ်းမိုက်တယ်...။ အစ်ကို့မျက်နှာ... အကုန်လုံးကို သဘောကျတယ်...။"

ထိုပြောဆိုသံ နောက်ဆုံးမှာတော့ အစ်ကိုက သူ့နောက်ကျောမှ အကျီ်ကို လက်ပြန်တစ်ဖက်တည်းဖြင့်ပင် ချွတ်လိုက်မိပြီး ခန္ဓာကိုယ်ပေါ်မှ ကျွတ်စေသည်...။ ထိုအကျီ်ကို မှန်ဘောင်တစ်ဖက်မှာပင် တင်ထားလိုက်ပြီး အပေါ်ပိုင်း ဗလာကျင်းနေသည့် အစ်ကိုက ကျွန်တော့်ကို စူးစိုက်ကြည့်နေသည်...။

အခန်းမီးရောင် ဝါကျင်ကျင်အောက်မှာ အစ်ကို့ပုံစံက အတော်လေးကို ကြည့်ကောင်းနေသည်...။ နဖူးပြင်တစ်ဝိုက် ရှုပ်နေသည့် ဆံပင်များကို သပ်တင်ထားသည်မို့ အစ်ကို့မျက်နှာအစိတ်အပိုင်းကို အသေးစိတ်မြင်နေရသည်...။

အစ်ကို့မျက်ခုံး တန်းတန်းထူထူတွေ၊ မျက်တောင်မွှေး နက်နက်တွေ ဝန်းရံထားသည့် စူးရဲရဲ အစ်ကို့မျက်ဝန်းတွေ...၊ နှာတံစင်းစင်း ၊ မိမိရဲ့ အစိတ်အပိုင်းလိုလို ကျူးကျော်ခဲ့ဖူးပြီး သေသပ်နေသည့် နူတ်ခမ်းပါးတွေ...

မေးရိုးတွေ... နူတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေ...

ပြီးတော့ အစ်ကို့ကြွက်သားတွေ...
ဘယ်နေရာပဲကိုင်ကိုင် ကျစ်လစ်ပြီး တောင့်တင်းနေခဲ့သည်...။ အစ်ကို့ခန္ဓာကိုယ်အစိတ်အပိုင်းတွေက နိုင်ငံခြားမင်းသားတွေရဲ့ အစိတ်အပိုင်းတွေလိုမျိုး ကြွက်သားအပြည်ဖြင့်ပင်...

အင်း..
အဲ့ဒါကြောင့်ပဲ ပျိုးငယ်ကို ခဏလေးနဲ့ ဆတ်ခနဲဆို ပွေ့ချီနိုင်တာမျိုး ဖြစ်နိုင်သည်...။

ပြီးတော့ အစ်ကို့လက်ချောင်းကြီးကြီးများမှ လက်မောင်းတစ်လျှောက် ၊ လက်ချောင်း၊ လက်ပိုင်းအထိ ပေါ်နေသည့် အကြောတွေ...

"ဒီခန္ဓာကိုယ်က ခဏ ခဏ မင်းပဲ မြင်နေရတာလေ...။ ခဏ ခဏ ချွတ်ပြတုန်းကတော့ လူကို မကြည့်ဘဲ မျက်လုံးတွေ မှိတ်ထားပြီးတော့...။"

အစ်ကို့စကားတစ်ခွန်းနောက်မှာတော့ ကျွန်တော် ခပ်သေးသေးလေး ဖြစ်သွားပြီး ပျောက်ကွယ်သွားချင်ပြီ ဖြစ်သည်...။ အစ်ကိုပြောနေသည့် သူခဏ ခဏ ချွတ်သည့်အချိန်ဆိုတာ ပျိုးငယ်တို့ လွန်ကြူးကြသည့် အချိန်ပဲ ဖြစ်သည်...။

အဲ့ဒီအချိန် သူ့ကို ကြည့်ဖို့နေနေသာသာ ပျိုးငယ်မှာ ရှက်သည့်စိတ်ရော၊ နာကျင်သည့်စိတ်ရော၊ သာယာသည့် စိတ်ရောပါ... ရောထွေးနေခဲ့သည်...။

ပြီးတော့ အစ်ကိုက ပျိုးငယ် မျက်နှာပိုင်း emotion အပိုင်းကို သေချာလေး မြင်နိုင်သည့် ပျိုးငယ်ပါးစပ်ပိုင်း၊ ပြီးတော့ ပျိုးငယ် ပေါင်ပိုင်း အဲ့ဒါကို သူအရမ်းကြိုက်တတ်တာ ဖြစ်သည်...။

ပျိုးငယ် ပါးစပ်ပိုင်း သူအပိုင်ယူထားသည့် အချိန်ဆို ပျိုးငယ်မှာ သူ့အစိတ်အပိုင်းတွေ အကုန်မြင်ဖို့ နေနေသာသာ ပါးစပ်ထဲ ရောက်လာသည့် အစ်ကို့အရာကိုသာ ဘယ်လိုထိန်းသိမ်းထားရမလဲဆိုပြီး အတွေးနှင့်အတူ မျက်လုံးတွေ ပြာဝေမှုပေါ့....။

"အစ်ကို..."

အတွေးစတို့ ပြတ်တောက်သွားရသည့် အချိန်... အစ်ကိုက ကျွန်တော့်အောက်ပိုင်းမှ ညဝတ်ဘောင်းဘီလေးကို ချွတ်လိုက်တာမို့ ရုတ်တရက်လန့်ပြီး အစ်ကို့ကို ကြည့်လိုက်မိသည်...။

အစ်ကိုကတော့ ကျွန်တော့်ကို ပြုံးကာ ကြည့်နေပြီး...

"ငါက မင်း အစိတ်အပိုင်းကို အကုန်ကြိုက်တာ...။ ဒါပေမယ့် ငါ အရူးသွပ်ဆုံးက ဒီပေါင်တံတွေ...။ ဒါတွေကို ငါ ဆုပ်ထွေးပြီး ကိုင်တဲ့ အချိန်ဆို အရမ်းသဘောကျတာ... ။ ဒါတွေက ဘယ်သူမှ မမြင်နိုင်ဘဲ ငါတစ်ယောက်တည်း အစိတ်အပိုင်းတွေပေါ့...။"

"......."

ကျွန်တော် ဘာမှမတွေးမိဘဲ အစ်ကို့ကိုသာ ငေးကြည့်နေမိသည်...။ အစ်ကိုကတော့...

"ဒီအရာတွေက ငါ့စိတ်ကို အလုံးစုံ ထိန်းပေးနိုင်တဲ့ အရာတွေ...။"

အစ်ကိုက ကျွန်တော့်ကို စူးစူးစိုက်စိုက် ကြည့်ကာ အကြောင်းအရာတစ်ခုချင်းစီကို ပြောနေသည်...။

"ငါက မင်းကို လိုအပ်နေတာ... မင်းကရော ငါ့ကို သတိမရဘူးလား?"

"ရ... ရပါတယ် အစ်ကို..."

ကျွန်တော့်စကားတစ်ခွန်းအပြီးမှာတော့ အစ်ကိုက ပြုံးသည်...။ ထို့နောက်...

"ပြီးတော့..."

အပေါ်ပိုင်းက ကျွန်တော့်အကျီ်ကိုပါ လက်ရွယ်လာသည်မို့ အစ်ကို့ကို ကြည့်ကာ အစ်ကိုကိုင်ထားသည့် အကျီ်အောက်ဖျားကို ကိုင်ထားမိလိုက်သည်....။

သို့ပေမယ့်...
အစ်ကို့ရဲ့ အကြည့်စူးစူးအောက်မှာတော့ ကျွန်တော့်အားအင်တို့ ယုတ်လျော့သွားသလိုပင်...။

အစ်ကိုက ချက်ချင်းဆိုသလို ကျွန်တော့်ကိုယ်ပေါ်မှ အကျီ်ကို ဖိဆုပ်လာသည်...။ ထိုခဏမှာပင် အကျီ်၌ တပ်ထားသော ကြယ်သီးများက အစ်ကို့ရဲ့ ဖိချေမှုအောက် ကွဲအက်သွားရလေပြီ...။

"အစ်ကို..."

အစ်ကို့ကို ကြည့်ပြီး အခြေအနေကို ထိတ်ထိတ်လန့်လန့် ရှိနေပေမယ့်... အစ်ကိုကတော့....

"နောက်ဆို... ငါ condomတွေ အများကြီး ဆောင်ထားမယ်...။ ငါ အကျီ်ချွတ်လိုက်တာနဲ့... မင်းကို တစ်စစီ လုပ်ပစ်နိုင်တယ်ဆိုတဲ့ sense ရအောင် သင်ပြပေးရမှာပေါ့...။ ကလေးလေး မင်း ဘယ်တော့မှ condomကို ငါ့အတွက် စွပ်မပေးခဲ့ဘူးမလား?"

ထို့နောက် အစ်ကိုက ဘယ်အချိန်ကမှန်းမသိ... condomတစ်ခုကို သူ့လက်ထဲမှ ပါးစပ်ဖြင့် ကိုက်ထားသည်...။ ထို့နောက် သူ့လက်တစ်ဖက်က ကျွန်တော့်နားရွက်တစ်ဖက်မှ ဆံပင်ကို သပ်လာပြီး...

"... Daddy's privacy.."

"အင့်..."

နံနက်ပိုင်း...

နံနက် ၈နာရီ...

အစ်ကိုနှင့် ကျွန်တော် ဒီguest houseကနေ check out လုပ်ဖို့ ပြင်ဆင်နေမိသည်။ ထိုအချိန်မှာပင် အစ်ကိုကတော့ ကုတင်ပေါ်မှာ အောက်ကို ခြေချလွှဲကာ ထိုင်နေသည့် ကျွန်တော့်ခြေထောက်နှစ်ဖက်လုံးကို သူ့လက်တစ်ဖက်ဖြင့်ပင် ပွေ့ဖက်ထားသည်...။ ကျန်တစ်ဖက်ကတော့ စီးကရက်ကို လက်ကြားညှပ်ထားသည်...။

"အစ်ကို... ဆေးလိပ်တွေ လျှော့သောက်...။ ဒါနဲ့ ညတုန်းက အိပ်လို့ မပျော်ဖူးလားဟင်?"

အစ်ကို့ခေါင်းမှ ဆံပင်တို့ကို လက်နှစ်ဖက်ဖြင့် လက်ကြားထိုးကာ ဖွလိုက်မိသည်...။ အစ်ကိုကတော့ အခုထက်ထိ အပေါ်ပိုင်း ဘယ်အကျီ်မှ ဝတ်ထားတာမရှိ...။ သူ့ကျောပြင်မှာတော့ များစွာသော အစင်းကြောင်း နီနီရဲရဲတွေ...

(N- တစ်မျိုးမထင်ပါနဲ့... ငဦး ကျောပြင် ကျယ်ကြီးကို သဘောကျလို့ သရဲနှင့်ကျွန်တော် ပေါင်းပြီး ကုတ်ထားတာ...)

"အင်း... မအိပ်ဘူး... "

ထို့နောက် အစ်ကိုက ဆံပင်များ ဖွာလန်နေသည့် အကြားကပင်...

"မင်းကို တစ်ညလုံး ထိုင်ကြည့်နေတာလေ..."

"ဟင်... အစ်ကိုရယ်.. ဘာလို့ မအိပ်ဘဲ နေနေတာလဲ? ညဘက်တွေ မအိပ်တာက ကြာရင် မကောင်းဘူး အစ်ကို..."

"အင်း..."

... ဒီလူက ချစ်မိလို့...

"ရတုရော"

ထုံးစံအတိုင်း ထမင်းစားပွဲမှာ ထိုကလေးကို မတွေ့တာ အတော်ကြာပြီ ဖြစ်သည်...။ မချစ်ဘူး မပွေဘူး မရှုပ်ဘူးတာလည်း မဟုတ်ဘဲ အခုမှ ဘာဖြစ်နေသည်လဲ မသိ...။

"သူ့အခန်းထဲမှာ.. ရတု မနိုးသေးဘူး ထင်တယ်.. ဆရာ..."

ထိုစကားနောက်မှာတော့ အံကို ဖိကြိတ်ပြီးတော့သာ... မိမိရှေ့က ကော်ဖီခွက်ကိုသာ အောက်သို့ ပြန်ချလိုက်မိသည်...။

"သူ့ကို အခုချက်ချင်း အပြင်ရောက်အောင် ခေါ်လာခဲ့...။ ဒီအတိုင်း ခေါ်လို့မရရင် တံခါးကိုတောင် ဖျက်ပြီး ခေါ်ထုတ်လာခဲ့...။ အဲ့ဒီကောင် ကျောင်းကို မသွားတာလဲ ကြာပြီ..."

"ဆရာ.."

"အပြင်ကို ဆွဲထုတ်လာခဲ့..."

ထိုစကားတစ်ခုနောက်မှာတော့ ရတုအခန်းကို ဖျက်ပြီး အပြင်ကို ဆွဲထုတ်ဖို့က လွဲ... အခြား မရှိတော့...။

ဆရာပြောသည့် အတိုင်းပင် သူ့အခန်းကို တံခါးခေါက်ပြီး မရချိန်မှာတော့ တံခါးကို ဖျက်ဖို့သာ လုပ်လိုက်မိတော့သည်...။

တံခါးကို ဖျက်လိုက်ပြီးသည့်နောက် ​ရတုအခန်းထဲသို့ ဝင်လိုက်မိသည်...။ ပိန်းပိတ်အောင် မှောင်နေသည်မို့ တံခါးများကို ဖွင့်လိုက်မိတော့...

"အမလေး!!!"

ကုတင်ပေါ်မှာ ရတုက လဲပြိုနေသည်...။ သူ့လက်တစ်ဖက်က သွေးစများက ကုတင်ပေါ်က အိပ်ရာခင်းဖြူဖြူပေါ်မှာ နစ်ဝင်လျက်...

ရတုကြည့်ရတာ ဘယ်အချိန်ကတည်းက အခုလို ဖြစ်နေသည်လဲ မသိ... သွေးစများက ကုန်လွန်ပြီး အခုဆို သူ့နူတ်ခမ်းများတောင် ဖြူဖပ်ဖြူလျော် ဖြစ်နေလေပြီ...။

အရင်ကတည်းက ကျန်းမာရေး သိပ်မကောင်းသည့်အကြားက မနည်းကယ်ဆယ်ထားသည့် ကလေးက အခုတစ်ခါ ပြန်ပြီး...

"ဆရာ... ဆရာ ရတုက-"

အိမ်အကူ ကလေးမလေး၏ အသံနောက်မှာတော့ ထိုကလေးမနောက်သို့ ကြောက်ကြောက်လန့်လန့်...

ငယ်ငယ်ကတည်းက မိခင်မေတ္တာ ငတ်မွတ်ခဲ့ရသည့်  သားလေးဖြစ်သူမို့ ရုတ်တရက်ချက်ချင်း ထွက်ခွာခွင့် မပေးနိုင်ခဲ့...။ ဒါက ပုလဲ၏ နောက်ဆုံးထားခဲ့သည့် အမွေအနှစ်မို့...။

အပြေးအလွှား စိုးထိတ်မှုနှင့်အတူ ထိုအခန်းသို့ ဘယ်လိုရောက်သွားလဲ မသိတော့...။ မြင်လိုက်ရသည့် မြင်ကွင်းက ဖခင်ဖြစ်သူ၏ ရင်အစုန်ကို အဆုံးစွန်ထိ မွှေနှောက်သည်...။ ကုတင်ပေါ်မှာ တုတ်တုတ်မှ မလှုပ်တော့သည့် သားဖြစ်သူ၏ ဖြူဖျော့သည့် ခန္ဓာကိုယ်က မိမိကို အဆုံးစွန်အထိ ထိတ်လန့်စေသည်....။

"သား! ရတု!!"

သားဖြစ်သူ၏ ခန္ဓာကိုယ်ကို ပွေ့ပိုက်ကာ အဆုံးစွန်ထိ အော်ဟစ်လိုက်မိသည်...။

'ရတု... မင်း အဲ့ဒီတစ်ယောက်နဲ့ မပတ်သက်နဲ့တော့..'

'ပျိုးကို မေ့ပျောက်နိုင်ဖို့ဆိုတာ... ကျွန်တော့် အသက်နဲ့ခန္ဓာ ကင်းကွာသွားတဲ့အချိန်တောင် ဖြစ်နိုင်မှာ မဟုတ်ဘူး Dad... '

'ဒါပေမယ့် မင်း အဲ့လိုဆက်လုပ်နေရင် အဲ့ဒီကလေးကိုငါ..'

သူ့ရှေ့က ခရင်းကို ကိုင်ကာ သူ့လည်တိုင်သို့ ချိန်ရွယ်လိုက်သည်..။

'ထိရဲ.. ထိကြည့်လေ... သူ့ကို ထိတာနဲ့ ကျွန်တော်က သေမှာ Dad'

အရင်တစ်ခါ ဆုံတုန်းက သားအဖနှစ်ယောက်၏ နောက်ဆုံးအနေနဲ့ ပြော
ခဲ့ရသည့် Conversation ဖြစ်ခဲ့သည်။

"သား! ရတု! ရတု!
သူ့ကို ဆေးရုံပို့ဖို့ လုပ်ကြ..."

ပစ်ထားလည်း ဒီလူက မင်းမှမင်း ဖြစ်နေပါပြီ အသက်ရယ်...
ပစ်တော့ ထားပါ အသက်ရယ်...
ပစ်တော့ မသွားပါနဲ့...။
crd:

Next part~~

"ဆရာ... ဒါက ပျိုးပင်ငယ်နဲ့ ပတ်သတ်တဲ့ သူတဲ့... သူ့နာမည်က ရင်ဝယ်ဦး..."

"အေး.. သူတို့အချက်အလက်တွေ တစ်ချက်စုစည်းထားလိုက်..."

Friday:March:15:3:2024:19:30PM

N- နောက်အပိုင်းက နည်းနည်း မုန်တိုင်းလေး ပါပါ့မယ်ဗျ...။

{Zawgyi}

... ပ်ိဳးငယ္က
အစ္ကို႔ကို ႐ူးေလာက္ေအာင္ ခ်စ္တာ...
အစ္ကိုပဲ ခ်စ္တတ္တယ္ မထင္နဲ႕...။

****

ယခင္အပိုင္းမွ အဆက္...

"Babe...
မင္း အသက္ရွင္ေနရတာ ပ်င္းေနလို႔လားဟင္?"

အစ္ကို႔ထံမွ ၿငိမ္ၿငိမ္ျဖင့္ပင္ ထြက္လာသည့္ အသံေနာက္မွာေတာ့ ကြၽန္ေတာ္လည္း ႏူတ္ဆိတ္ေနမိသည္...။

အစ္ကိုက ေနာက္ထပ္ ဘာစကားမွ မေျပာေတာ့ဘဲ မေကြးၿမိဳ႕အစြန္က လမ္းၾကားတစ္ခုထဲသို႔...။

အစ္ကို လာသည့္အခ်ိန္မွာေတာ့ အနည္းငယ္ လူခ်ိန္ တိတ္ခ်ိန္ ျဖစ္သည္...။ လမ္းမီးဝါက်င္က်င္မ်ားႏွင့္အတူ တစ္ခါတစ္ေလ ျဖတ္သန္းသြားလာေနသည့္ အေဝးေျပး ကုန္ကားမ်ားႏွင့္ Express ကားမ်ား၊ ဆိုင္ကယ္မ်ားသာ... လမ္းေပၚမွာ လူမရွိသေလာက္ ျဖစ္ေနသည့္ လူခ်ိန္ တိတ္ခ်ိန္ ျဖစ္သည္....။

အစ္ကိုက သစ္ပင္အရိပ္ေၾကာင့္ အနည္းငယ္ ေမွာင္ရိပ္ထိုးက်ေနသည့္ ေနရာတစ္ခုအေရာက္..

သူ႕ဆိုင္ကယ္ကို ထိုးကာ ရပ္လိုက္မိသည္...။ ကြၽန္ေတာ္လည္း အစ္ကို႔ဆိုင္ကယ္ ရပ္လိုက္မိသည့္ အခ်ိန္မွာေတာ့... ေအာက္ကို ဆင္းလိုက္မိသည္....။

"ပ်ိဳးပင္ငယ္..."

"ဟုတ္ကဲ့ အစ္ကို..."

"ငါက မင္းကို ေက်ာင္းထားေပးခဲ့တာက... မင္းမရွိရင္ ျဖစ္သြားမယ့္ ငါ့ရဲ႕ ႐ူးသြပ္မႈေတြ အကုန္လုံးကို ရင္းႏွီးျမႇုပ္ႏွံၿပီး ထားရတာ...။ အဲ့ဒါကို မင္းက ေကာင္းေကာင္းမေနဘဲ ဘာျဖစ္ခ်င္တာလဲ ပ်ိဳးငယ္...။"

"အစ္ကို ယုံၾကည္နိုင္သလား မသိေပမယ့္ ပ်ိဳးငယ္အတြက္ မွန္ေသာ သစၥာစကားက ပ်ိဳးငယ့္ဘဝမွာ အစ္ကိုကလြဲၿပီး ဘယ္သူမွ မရွိဘူး...။ ဘယ္သူ႕ကိုမွ ထပ္မခ်စ္နိုင္ေတာ့ဘူး...။ အစ္ကိုက ပ်ိဳးငယ့္ကို ႐ူးေလာက္ေအာင္ ခ်စ္သလို ပ်ိဳးငယ္ကလည္း အစ္ကို႔ကိုပဲ... အစ္ကိုတစ္ေယာက္တည္းကိုပဲ ႐ူးေလာက္ေအာင္ ခ်စ္တာ...."

"ေကာင္းၿပီ... ဒါဆို ဆိုင္ကယ္ေပၚ ျပန္တက္..."

အစ္ကိုက တည္ၿငိမ္စြာျဖင့္ပင္ ကြၽန္ေတာ့္ကို ဆိုင္ကယ္ေပၚသို႔ တက္ခိုင္းေလၿပီ...။ ကြၽန္ေတာ္လည္း ဘာမွမေျပာဘဲ အစ္ကို႔စကားအတိုင္း ဆိုင္ကယ္ေပၚသို႔ တက္လိုက္မိသည္....။

ဆိုင္ကယ္ေပၚ ကြၽန္ေတာ္ေရာက္ၿပီးသည္ႏွင့္ အစ္ကိုက ဆိုင္ကယ္ကို တစ္ေနရာသို႔ ခ်က္ခ်င္းေမာင္းထြက္သည္...။

မိနစ္အနည္းငယ္ အၾကာ...

အစ္ကိုက ပထမဆုံး နီးစပ္ရာ guest house တစ္ခုမွာ အခန္းတစ္ခု ငွားလိုက္သည္...။ ပထမဆုံး စဥ္းစားမိသည္က အစ္ကိုက ဘာလို႔ သူတည္းေနက် ကိုေက်ာ္ႀကီးဆီမွာ မသြားတာလဲေပါ့...။

Guest Houseထဲ ဝင္လာၿပီးသည့္ေနာက္မွာေတာ့ ငွားထားသည့္ အခန္းထဲသို႔... ေရာက္ၿပီးသည့္ ေနာက္မွာ... အစ္ကိုက အခန္းမီးေရာင္ မွိန္မွိန္ေလးကိုသာ ဖြင့္ထားၿပီး က်န္သည့္ အလင္းေရာင္မွန္သမွ် ပိတ္ထားသည္...။

အခန္းထဲ ေရာက္ေလေတာ့ အစ္ကိုက ကုတင္ေဘးက ထိုင္ခုံတစ္ခုေပၚမွာ ထိုင္ၿပီး ကြၽန္ေတာ္ကေတာ့ ကုတင္ေပၚမွာ ထိုင္ေနသည္...။

"သူက ဘယ္သူလဲ? ဘာလို႔ ျဖစ္သမွ်ေတြကို မေျပာျပခဲ့တာလဲ?"

အစ္ကို႔ဘက္မွ အသံၿငိမ္ၿငိမ္ျဖင့္ပင္ ထြက္လာေလၿပီ...။ ထိုအခ်ိန္မွပင္ ကြၽန္ေတာ္လည္း....

"သူက မင္းခိုက္ရတုမိုရ္... အရင္တစ္ခါ ေဆးေရာင္းတဲ့ အဖြဲ႕ေတြနဲ႕ အိမ္ကို လာခဲ့တဲ့ တစ္ေယာက္...။ သူက ပ်ိဳးငယ္ ဒီေရာက္ေတာ့ လာႏူတ္ဆက္တာမ်ိဳး ရွိတယ္...။ ဒါေပမယ့္ ပ်ိဳးငယ္ လုံးဝ လက္မခံခဲ့ဘူး...။ ဟုတ္တယ္... ပန္းေတြ မုန့္ေတြ တစ္ခါ ပ်ိဳးငယ္တို႔ အတန္းထဲကို လာထားတာ ရွိတယ္...။ ဒါေပမယ့္ ပ်ိဳးငယ္ လက္မခံဘဲ အကုန္လုံးကို သူမ်ားေတြကို ေပးခဲ့တာ...။"

"ဘာလို႔ အဲ့ဒီအေၾကာင္းကို ငါ့ကို မေျပာခဲ့တာလဲ?"

"အစ္ကို႔ကို မပင္ပန္းေစခ်င္တာ ပါတယ္...။ ဒါက ပ်ိဳးငယ္ ေစာင့္ထိန္းရမယ့္ က်င့္ဝတ္ေတြထဲမွာ ပါတယ္...။ ပ်ိဳးငယ္ ဘာမွမျဖစ္ဘူး... အစ္ကို႔က အလုပ္ေတြနဲ႕.. ပ်ိဳးငယ္အတြက္နဲ႕ ပင္ပန္းေနတဲ့ အစ္ကို႔ကို မၾကည့္ရက္ဘူး...။ ဒါေၾကာင့္ ပ်ိဳးငယ္ ရွင္းလို႔ရမယ့္ အပိုင္းမို႔ ပ်ိဳးငယ္ မေျပာခဲ့႐ုံပါပဲ...။ အဲ့ဒီအတြက္ ပ်ိဳးငယ္ကို အစ္ကို သတ္မယ္ဆိုလည္း အစ္ကို႔လက္နဲ႕ ေသရမယ္ဆို ေက်နပ္ပါတယ္...။"

ထိုအခ်ိန္မွာေတာ့ ကုလားထိုင္ေပၚ ထိုင္ေနသည့္ အစ္ကိုက ကြၽန္ေတာ့္လည္တိုင္ကို ဖ်စ္ညွစ္လာၿပီး...

"လး လို သတ္ပစ္ရမွာလားဟ... မင္းကို ငါက ခ်စ္လို႔ ယူထားတာ...။ ဒီလိုအရာေတြက မင္းကို ခ်စ္လို႔ ငါ ေလာင္ေနတဲ့ အရာေတြ အကုန္လုံးပဲ...။ ေနာက္ဆုံး ဘာအေၾကာင္းပဲျဖစ္ျဖစ္ သူမ်ားမေျပာခင္... ငါ့ကို အရင္ေျပာ ဟုတ္ၿပီလား?"

"အစ္ကိုက ျဖစ္မလား? အၿမဲတမ္း ေသြးပူေနခဲ့ၿပီးေတာ့...။"

"ဒါဆို အဲ့ဒီတစ္ေယာက္ကို မင္းကို လိုက္ေနခဲ့လား?"

"သူ႕ဘက္က သေဘာထားကို ပ်ိဳးငယ္မသိေပမယ့္ ပ်ိဳးငယ္ဘက္ကေတာ့ လုံးဝရွင္းပါတယ္...။ ဒါေၾကာင့္ ဘာမွစိတ္မပူဖို႔ အစ္ကို႔ကို ေျပာခ်င္ပါတယ္...။ အခုေနာက္ပိုင္း ပ်ိဳးငယ္ဆီကို ထပ္ၿပီး လာမေတြ႕ေတာ့ပါဘူး...။ ဒါက ပ်ိဳးငယ္ အသက္နဲ႕ရင္းၿပီး က်ိန္ရဲပါတယ္..."

"ေတာ္ၿပီ မလိုေတာ့ဘူး..."

ထိုစကားအဆုံးမွာေတာ့ အစ္ကိုက ကြၽန္ေတာ့္ကို စူးစိုက္စြာ ၾကည့္လာသည္...။ ထို႔ေနာက္ ကြၽန္ေတာ့္လည္တိုင္မွ သူ႕လက္ကို ဖယ္လိုက္ၿပီး... သူ႕စားပြဲခုံေပၚမွ ေဆးလိပ္ဗူးထဲမွ ေဆးလိပ္တစ္လိပ္ကို ထုတ္သည္...။

ထို႔ေနာက္ မီးျခစ္တစ္လုံးျဖင့္ မီးညွိကာ ေသာက္လိုက္ၿပီး...

"ငါ... ဒီဟာေလးကို ဘယ္ေတာ့မွ သတ္ျဖစ္မယ္ မထင္ဘူး...။"

အစ္ကို႔ရဲ႕ ထိုစကားကို ကြၽန္ေတာ္ ၿပဳံးၿပီးေတာ့ဘဲ နားေထာင္ေနမိသည္ ...။

"ပ်ိဳးငယ္..."

"ဟုတ္ကဲ့ အစ္ကို..."

"လူေတြ အာ႐ုံစိုက္မႈေတြရတာ... မင္းရဲ႕ မ်က္ႏွာေလးက အဓိက ထင္တယ္...။ ဒီေတာ့ ငါ့ကို ေဖာက္ျပန္ၿပီး ထားခဲ့တဲ့ တစ္ေန႕ မင္းမ်က္ႏွာက အေရခြံေတြ အကုန္လုံး ဆြဲခြာပစ္မွာ..."

ထိုအခ်ိန္မွာေတာ့ ကြၽန္ေတာ္လည္း အစ္ကို႔ကို တစ္ခ်က္ၾကည့္လာၿပီး...

"အစ္ကိုသာ ပ်ိဳးငယ္ ဘယ္လိုပုံစံမ်ိဳးနဲ႕ပဲ ျဖစ္ျဖစ္ ခ်စ္နိုင္တယ္ဆို အခုခ်က္ခ်င္း ပ်ိဳးငယ္ မ်က္ႏွာကို ခြါလို႔ ရတယ္...။"

ထိုအခ်ိန္မွာေတာ့ အစ္ကိုက ေငးခနဲ ျဖစ္သြားၿပီး...

"မင္း ဘာေတြျဖစ္ေနတာလဲ ပ်ိဳးငယ္..."

"ပ်ိဳးငယ္ ျဖစ္တည္မႈက အစ္ကိုတစ္ေယာက္တည္းေၾကာင့္ပဲလို႔ ေျပာတာပါ...။ ပ်ိဳးငယ္ အစ္ကိုက လြဲၿပီး ဘယ္သူ႕ဆီကမွ နစ္ေမ်ာမႈကို မလိုခ်င္ေတာ့ဘူး...။ အသ္ကို႔အျပဳအမူေတြက လြဲၿပီး ဘယ္သူကမွ ပ်ိဳးငယ္ကို ထိရွေအာင္ မလုပ္နိုင္ေတာ့ဘူး...။ အစ္ကိုေျပာသလို ပ်ိဳးငယ္ လည္ပင္းကို ဓားတင္ထားတယ္ဆိုရင္ေတာင္ ပ်ိဳးငယ္ကေတာ့ အစ္ကို႔ကိုပဲ ေ႐ြးခ်ယ္မွာ...။ အဲ့ဒါ ဘာျဖစ္လို႔လဲ ဆိုေတာ့ ပ်ိဳးငယ္ အစ္ကို႔ကို သိပ္ခ်စ္လို႔... ၿပီးေတာ့ ဘယ္သူကမွ သူ႕အသက္ သူ႕ဘဝတစ္ခုလုံးနဲ႕ ရင္းၿပီး အစ္ကို႔လိုမ်ိဳး ပ်ိဳးငယ္ကို ခ်စ္နိုင္မွာ မဟုတ္လို႔...။"

"ပ်ိဳးငယ္... ဒီစကားေတြနဲ႕ မင္း ဘယ္ကတည္းက ငါ့ကို သတ္ဖို႔ ႀကိဳတင္ျပင္ဆင္ေနခဲ့တာလဲ?"

"ဒါက ပ်ိဳးငယ္ အစ္ကို႔အေပၚမွာ ခံစားရတဲ့ ခံစားခ်က္ေတြကို အစ္ကို သိေစခ်င္႐ုံပါပဲ...။"

ထိုအခ်ိန္မွာေတာ့ အစ္ကိုက ကြၽန္ေတာ့္ေခါင္းမွ ဆံပင္မ်ားကို တစ္ခ်က္ စုဆုပ္ကာ ဆြဲကိုင္လိုက္ရင္းမွ....

"တအားေတြ သတၱိရွိေနတယ္ေပါ့ ဟုတ္လား? ငါ မင္းကို လုပ္ခ်င္ေနေအာင္ လုပ္ေနတာလား.. ဟမ္?... ေက်ာင္းေတာင္ မသြားနိုင္ေအာင္ လုပ္ေနတာလား?"

အစ္ကိုက ပ်ိဳးငယ္ကို အမွန္တကယ္ လုပ္သတ္ခ်င္ေနသည့္ ပုံျဖင့္ ေျပာလာသည့္ အခ်ိန္မွာေတာ့ ပ်ိဳးငယ္လည္း ေခါင္းကို ငုံ႕ကာ ၿငိမ္ေနလိုက္မိသည္.... ။

ထိုအခ်ိန္မွာေတာ့ အစ္ကိုက ကြၽန္ေတာ့္အနားသို႔ သူ႕ကုလားထိုင္ကို တိုးကာ ထိုင္လိုက္သည္...။

"မင္းကို ေက်ာင္းမတတ္နိုင္ေအာင္ လုပ္ဖို႔ဆို တစ္လမ္းပဲ ရွိေတာ့မယ္ ထင္တယ္...။"

အစ္ကို႔ရဲ႕ ခပ္ေထ့ေထ့ အၿပဳံးႏွင့္ စကားသံေနာက္မွာေတာ့ ကြၽန္ေတာ္လည္း ေၾကာက္လန့္ကာျဖင့္...။

"ဘယ္ႏွယ့္ ေၾကာက္သြားတာတုန္း.... ဒီအတိုင္း... ငါ့ကေလးကို လြယ္ေပးမယ္ မလား? "

ကြၽန္ေတာ့္ခါးကို အစ္ကိုက ဖိကိုင္ကာ ေျပာလာခ်ိန္မွာေတာ့ ကြၽန္ေတာ္လည္း ရွက္႐ြံ႕မႈႏွင့္အတူ တကိုယ္လုံး ထူပူေနခဲ့သည္...။

"ဘယ္လိုလဲ? အကာအကြယ္မပါဘဲနဲ႕... တစ္ညေလာက္... "

အစ္ကိုက ပ်ိဳးငယ္ကို ရွက္ေအာင္ေျပာေနသည္မို႔ အစ္ကို႔မ်က္ႏွာကို တြန္းဖယ္မိေတာ့ အစ္ကိုက ကြၽန္ေတာ့္ခႏၶာကိုယ္ကို ေပြ႕ခ်ီလိုက္သည္...။ ထို႔ေနာက္...

အခန္းရဲ႕ ေရခ်ိဳးခန္းထဲသို႔ ဝင္လာမိသည္...။ အစ္ကိုက ကြၽန္ေတာ့္ကို ေပြ႕ခ်ီထားရာမွ ေျခေထာက္ႏွစ္ဖက္ကို ခါးမွရစ္သိုင္းကာျဖင့္ အေနအထားေျပာင္းလိုက္မိသည္....။

ကြၽန္ေတာ့္ေပါင္သားမ်ားမွ သိုင္းကာ ေပြ႕ခ်ီထားၿပီးသည္ႏွင့္ အခန္းရဲ႕ ေရခ်ိဳးခန္းက မွန္တင္ခုံေပၚ တင္လိုက္မိသည္...။

"အစ္ကို..."

ေအာက္က ပ်ိဳးငယ္ ထိုင္ထားသည့္ ေရခ်ိဳးခန္းက မွန္တင္ခုံက က်ိဳးက်သြားမွာ စိုးသည္မို႔ မဝံ့မရဲျဖင့္ ရွိမိသည္...။ အစ္ကိုကေတာ့ ဘာအသံကိုမွ ၾကားဟန္မျပဳ...။

ကြၽန္ေတာ္ထိုင္ေနသည့္ ထိုင္ခုံတစ္ဖက္တစ္ခ်က္ဆီမွာ လက္ကို ေထာက္ၿပီး ကြၽန္ေတာ့္ခႏၶာကိုယ္ကို ေဘာင္ခတ္ထားသလိုမ်ိဳးပင္...။

ခုံေပၚမွာ တင္ထားသည့္ ကြၽန္ေတာ့္အရပ္က အခုထက္ထိ အစ္ကို႔ကိုေတာင္ ေက်ာ္လႊားနိုင္ျခင္း မရွိ...။ အစ္ကိုကေတာ့ လက္ႏွစ္ဖက္ကို ေထာက္ကာ ကိုယ္ကို ကိုင္းၫႊတ္ထားၿပီး သူ႕မ်က္ႏွာကို ကြၽန္ေတာ့္မ်က္ႏွာအနားသို႔ တိုးကပ္ကာ....

"ငါ့ခႏၶာကိုယ္မွာ မင္း သေဘာက်ဆဳံးအပိုင္းက ဘယ္အပိုင္းလဲ?"

အစ္ကိုက အၿပဳံးတစ္ခု၊ ၾသရွရွ အသံျဖင့္ပင္ ေမးလာေလေတာ့... ကြၽန္ေတာ္ ဘယ္လိုေျဖရမွန္း မသိ....။ အစ္ကို႔မ်က္ႏွာကိုလည္း မၾကည့္ရဲေတာ့...။ တကယ္တမ္း အစ္ကို႔ကို ဘာသေဘာက်လဲဆို အကုန္လုံးပဲေလ...။ အကုန္လုံးလို႔ ေျပာရင္လည္း အစ္ကိုက ညစ္မွာ...။

အစ္ကိုက ညစ္ရင္ ပ်ိဳးငယ္ ဘယ္လိုေနရမွန္း မသိေတာ့... ဉာဏ္ေကာင္းၿပီး ျဖတ္ထိုးဉာဏ္အရမ္းေကာင္းသည့္ အစ္ကို႔ကို ပ်ိဳးငယ္ ဘယ္လိုမွ လိုက္နိုင္မွာ မဟုတ္...။

"ဘာကို သေဘာက်လဲ?"

ေနာက္တစ္ႀကိမ္ ထပ္ကာ ေမးလာျပန္သည္...။ ဒီတစ္ခါေတာ့ ကြၽန္ေတာ္ေျဖမွ ရမည္...။ အစ္ကိုက တစ္ခါမွ စကားကို ႏွစ္ခြန္းေျပာသူမဟုတ္... အခုက ပ်ိဳးငယ္မို႔သာ... ၿပီးေတာ့ သူအနည္းငယ္ စိတ္ေကာင္းဝင္သည့္ အခ်ိန္မို႔ ေနပါလိမ့္မည္...။

"အစ္ကို႔ရဲ႕ မွတ္ဉာဏ္... ၿပီးေတာ့ အစ္ကိုက အရမ္းမိုက္တယ္...။ အစ္ကို႔မ်က္ႏွာ... အကုန္လုံးကို သေဘာက်တယ္...။"

ထိုေျပာဆိုသံ ေနာက္ဆုံးမွာေတာ့ အစ္ကိုက သူ႕ေနာက္ေက်ာမွ အက်ီ္ကို လက္ျပန္တစ္ဖက္တည္းျဖင့္ပင္ ခြၽတ္လိုက္မိၿပီး ခႏၶာကိုယ္ေပၚမွ ကြၽတ္ေစသည္...။ ထိုအက်ီ္ကို မွန္ေဘာင္တစ္ဖက္မွာပင္ တင္ထားလိုက္ၿပီး အေပၚပိုင္း ဗလာက်င္းေနသည့္ အစ္ကိုက ကြၽန္ေတာ့္ကို စူးစိုက္ၾကည့္ေနသည္...။

အခန္းမီးေရာင္ ဝါက်င္က်င္ေအာက္မွာ အစ္ကို႔ပုံစံက အေတာ္ေလးကို ၾကည့္ေကာင္းေနသည္...။ နဖူးျပင္တစ္ဝိုက္ ရႈပ္ေနသည့္ ဆံပင္မ်ားကို သပ္တင္ထားသည္မို႔ အစ္ကို႔မ်က္ႏွာအစိတ္အပိုင္းကို အေသးစိတ္ျမင္ေနရသည္...။

အစ္ကို႔မ်က္ခုံး တန္းတန္းထူထူေတြ၊ မ်က္ေတာင္ေမႊး နက္နက္ေတြ ဝန္းရံထားသည့္ စူးရဲရဲ အစ္ကို႔မ်က္ဝန္းေတြ...၊ ႏွာတံစင္းစင္း ၊ မိမိရဲ႕ အစိတ္အပိုင္းလိုလို က်ဴးေက်ာ္ခဲ့ဖူးၿပီး ေသသပ္ေနသည့္ ႏူတ္ခမ္းပါးေတြ...

ေမးရိုးေတြ... ႏူတ္ခမ္းေမႊး၊ မုတ္ဆိတ္ေမႊးေတြ...

ၿပီးေတာ့ အစ္ကို႔ႂကြက္သားေတြ...
ဘယ္ေနရာပဲကိုင္ကိုင္ က်စ္လစ္ၿပီး ေတာင့္တင္းေနခဲ့သည္...။ အစ္ကို႔ခႏၶာကိုယ္အစိတ္အပိုင္းေတြက နိုင္ငံျခားမင္းသားေတြရဲ႕ အစိတ္အပိုင္းေတြလိုမ်ိဳး ႂကြက္သားအျပည္ျဖင့္ပင္...

အင္း..
အဲ့ဒါေၾကာင့္ပဲ ပ်ိဳးငယ္ကို ခဏေလးနဲ႕ ဆတ္ခနဲဆို ေပြ႕ခ်ီနိုင္တာမ်ိဳး ျဖစ္နိုင္သည္...။

ၿပီးေတာ့ အစ္ကို႔လက္ေခ်ာင္းႀကီးႀကီးမ်ားမွ လက္ေမာင္းတစ္ေလွ်ာက္ ၊ လက္ေခ်ာင္း၊ လက္ပိုင္းအထိ ေပၚေနသည့္ အေၾကာေတြ...

"ဒီခႏၶာကိုယ္က ခဏ ခဏ မင္းပဲ ျမင္ေနရတာေလ...။ ခဏ ခဏ ခြၽတ္ျပတုန္းကေတာ့ လူကို မၾကည့္ဘဲ မ်က္လုံးေတြ မွိတ္ထားၿပီးေတာ့...။"

အစ္ကို႔စကားတစ္ခြန္းေနာက္မွာေတာ့ ကြၽန္ေတာ္ ခပ္ေသးေသးေလး ျဖစ္သြားၿပီး ေပ်ာက္ကြယ္သြားခ်င္ၿပီ ျဖစ္သည္...။ အစ္ကိုေျပာေနသည့္ သူခဏ ခဏ ခြၽတ္သည့္အခ်ိန္ဆိုတာ ပ်ိဳးငယ္တို႔ လြန္ၾကဴးၾကသည့္ အခ်ိန္ပဲ ျဖစ္သည္...။

အဲ့ဒီအခ်ိန္ သူ႕ကို ၾကည့္ဖို႔ေနေနသာသာ ပ်ိဳးငယ္မွာ ရွက္သည့္စိတ္ေရာ၊ နာက်င္သည့္စိတ္ေရာ၊ သာယာသည့္ စိတ္ေရာပါ... ေရာေထြးေနခဲ့သည္...။

ၿပီးေတာ့ အစ္ကိုက ပ်ိဳးငယ္ မ်က္ႏွာပိုင္း emotion အပိုင္းကို ေသခ်ာေလး ျမင္နိုင္သည့္ ပ်ိဳးငယ္ပါးစပ္ပိုင္း၊ ၿပီးေတာ့ ပ်ိဳးငယ္ ေပါင္ပိုင္း အဲ့ဒါကို သူအရမ္းႀကိဳက္တတ္တာ ျဖစ္သည္...။

ပ်ိဳးငယ္ ပါးစပ္ပိုင္း သူအပိုင္ယူထားသည့္ အခ်ိန္ဆို ပ်ိဳးငယ္မွာ သူ႕အစိတ္အပိုင္းေတြ အကုန္ျမင္ဖို႔ ေနေနသာသာ ပါးစပ္ထဲ ေရာက္လာသည့္ အစ္ကို႔အရာကိုသာ ဘယ္လိုထိန္းသိမ္းထားရမလဲဆိုၿပီး အေတြးႏွင့္အတူ မ်က္လုံးေတြ ျပာေဝမႈေပါ့....။

"အစ္ကို..."

အေတြးစတို႔ ျပတ္ေတာက္သြားရသည့္ အခ်ိန္... အစ္ကိုက ကြၽန္ေတာ့္ေအာက္ပိုင္းမွ ညဝတ္ေဘာင္းဘီေလးကို ခြၽတ္လိုက္တာမို႔ ႐ုတ္တရက္လန့္ၿပီး အစ္ကို႔ကို ၾကည့္လိုက္မိသည္...။

အစ္ကိုကေတာ့ ကြၽန္ေတာ့္ကို ၿပဳံးကာ ၾကည့္ေနၿပီး...

"ငါက မင္း အစိတ္အပိုင္းကို အကုန္ႀကိဳက္တာ...။ ဒါေပမယ့္ ငါ အ႐ူးသြပ္ဆုံးက ဒီေပါင္တံေတြ...။ ဒါေတြကို ငါ ဆုပ္ေထြးၿပီး ကိုင္တဲ့ အခ်ိန္ဆို အရမ္းသေဘာက်တာ... ။ ဒါေတြက ဘယ္သူမွ မျမင္နိုင္ဘဲ ငါတစ္ေယာက္တည္း အစိတ္အပိုင္းေတြေပါ့...။"

"......."

ကြၽန္ေတာ္ ဘာမွမေတြးမိဘဲ အစ္ကို႔ကိုသာ ေငးၾကည့္ေနမိသည္...။ အစ္ကိုကေတာ့...

"ဒီအရာေတြက ငါ့စိတ္ကို အလုံးစုံ ထိန္းေပးနိုင္တဲ့ အရာေတြ...။"

အစ္ကိုက ကြၽန္ေတာ့္ကို စူးစူးစိုက္စိုက္ ၾကည့္ကာ အေၾကာင္းအရာတစ္ခုခ်င္းစီကို ေျပာေနသည္...။

"ငါက မင္းကို လိုအပ္ေနတာ... မင္းကေရာ ငါ့ကို သတိမရဘူးလား?"

"ရ... ရပါတယ္ အစ္ကို..."

ကြၽန္ေတာ့္စကားတစ္ခြန္းအၿပီးမွာေတာ့ အစ္ကိုက ၿပဳံးသည္...။ ထို႔ေနာက္...

"ၿပီးေတာ့..."

အေပၚပိုင္းက ကြၽန္ေတာ့္အက်ီ္ကိုပါ လက္႐ြယ္လာသည္မို႔ အစ္ကို႔ကို ၾကည့္ကာ အစ္ကိုကိုင္ထားသည့္ အက်ီ္ေအာက္ဖ်ားကို ကိုင္ထားမိလိုက္သည္....။

သို႔ေပမယ့္...
အစ္ကို႔ရဲ႕ အၾကည့္စူးစူးေအာက္မွာေတာ့ ကြၽန္ေတာ့္အားအင္တို႔ ယုတ္ေလ်ာ့သြားသလိုပင္...။

အစ္ကိုက ခ်က္ခ်င္းဆိုသလို ကြၽန္ေတာ့္ကိုယ္ေပၚမွ အက်ီ္ကို ဖိဆုပ္လာသည္...။ ထိုခဏမွာပင္ အက်ီ္၌ တပ္ထားေသာ ၾကယ္သီးမ်ားက အစ္ကို႔ရဲ႕ ဖိေခ်မႈေအာက္ ကြဲအက္သြားရေလၿပီ...။

"အစ္ကို..."

အစ္ကို႔ကို ၾကည့္ၿပီး အေျခအေနကို ထိတ္ထိတ္လန့္လန့္ ရွိေနေပမယ့္... အစ္ကိုကေတာ့....

"ေနာက္ဆို... ငါ condomေတြ အမ်ားႀကီး ေဆာင္ထားမယ္...။ ငါ အက်ီ္ခြၽတ္လိုက္တာနဲ႕... မင္းကို တစ္စစီ လုပ္ပစ္နိုင္တယ္ဆိုတဲ့ sense ရေအာင္ သင္ျပေပးရမွာေပါ့...။ ကေလးေလး မင္း ဘယ္ေတာ့မွ condomကို ငါ့အတြက္ စြပ္မေပးခဲ့ဘူးမလား?"

ထို႔ေနာက္ အစ္ကိုက ဘယ္အခ်ိန္ကမွန္းမသိ... condomတစ္ခုကို သူ႕လက္ထဲမွ ပါးစပ္ျဖင့္ ကိုက္ထားသည္...။ ထို႔ေနာက္ သူ႕လက္တစ္ဖက္က ကြၽန္ေတာ့္နား႐ြက္တစ္ဖက္မွ ဆံပင္ကို သပ္လာၿပီး...

"... Daddy's privacy.."

"အင့္..."

နံနက္ပိုင္း...

နံနက္ ၈နာရီ...

အစ္ကိုႏွင့္ ကြၽန္ေတာ္ ဒီguest houseကေန check out လုပ္ဖို႔ ျပင္ဆင္ေနမိသည္။ ထိုအခ်ိန္မွာပင္ အစ္ကိုကေတာ့ ကုတင္ေပၚမွာ ေအာက္ကို ေျခခ်လႊဲကာ ထိုင္ေနသည့္ ကြၽန္ေတာ့္ေျခေထာက္ႏွစ္ဖက္လုံးကို သူ႕လက္တစ္ဖက္ျဖင့္ပင္ ေပြ႕ဖက္ထားသည္...။ က်န္တစ္ဖက္ကေတာ့ စီးကရက္ကို လက္ၾကားညွပ္ထားသည္...။

"အစ္ကို... ေဆးလိပ္ေတြ ေလွ်ာ့ေသာက္...။ ဒါနဲ႕ ညတုန္းက အိပ္လို႔ မေပ်ာ္ဖူးလားဟင္?"

အစ္ကို႔ေခါင္းမွ ဆံပင္တို႔ကို လက္ႏွစ္ဖက္ျဖင့္ လက္ၾကားထိုးကာ ဖြလိုက္မိသည္...။ အစ္ကိုကေတာ့ အခုထက္ထိ အေပၚပိုင္း ဘယ္အက်ီ္မွ ဝတ္ထားတာမရွိ...။ သူ႕ေက်ာျပင္မွာေတာ့ မ်ားစြာေသာ အစင္းေၾကာင္း နီနီရဲရဲေတြ...

(N- တစ္မ်ိဳးမထင္ပါနဲ႕... ငဦး ေက်ာျပင္ က်ယ္ႀကီးကို သေဘာက်လိဳ႕ သရဲႏွင့္ကြၽန္ေတာ္ ေပါင္းၿပီး ကုတ္ထားတာ...)

"အင္း... မအိပ္ဘူး... "

ထို႔ေနာက္ အစ္ကိုက ဆံပင္မ်ား ဖြာလန္ေနသည့္ အၾကားကပင္...

"မင္းကို တစ္ညလုံး ထိုင္ၾကည့္ေနတာေလ..."

"ဟင္... အစ္ကိုရယ္.. ဘာလို႔ မအိပ္ဘဲ ေနေနတာလဲ? ညဘက္ေတြ မအိပ္တာက ၾကာရင္ မေကာင္းဘူး အစ္ကို..."

"အင္း..."

... ဒီလူက ခ်စ္မိလို႔...

"ရတုေရာ"

ထုံးစံအတိုင္း ထမင္းစားပြဲမွာ ထိုကေလးကို မေတြ႕တာ အေတာ္ၾကာၿပီ ျဖစ္သည္...။ မခ်စ္ဘူး မေပြဘူး မရႈပ္ဘူးတာလည္း မဟုတ္ဘဲ အခုမွ ဘာျဖစ္ေနသည္လဲ မသိ...။

"သူ႕အခန္းထဲမွာ.. ရတု မနိုးေသးဘူး ထင္တယ္.. ဆရာ..."

ထိုစကားေနာက္မွာေတာ့ အံကို ဖိႀကိတ္ၿပီးေတာ့သာ... မိမိေရွ႕က ေကာ္ဖီခြက္ကိုသာ ေအာက္သို႔ ျပန္ခ်လိဳက္မိသည္...။

"သူ႕ကို အခုခ်က္ခ်င္း အျပင္ေရာက္ေအာင္ ေခၚလာခဲ့...။ ဒီအတိုင္း ေခၚလို႔မရရင္ တံခါးကိုေတာင္ ဖ်က္ၿပီး ေခၚထုတ္လာခဲ့...။ အဲ့ဒီေကာင္ ေက်ာင္းကို မသြားတာလဲ ၾကာၿပီ..."

"ဆရာ.."

"အျပင္ကို ဆြဲထုတ္လာခဲ့..."

ထိုစကားတစ္ခုေနာက္မွာေတာ့ ရတုအခန္းကို ဖ်က္ၿပီး အျပင္ကို ဆြဲထုတ္ဖို႔က လြဲ... အျခား မရွိေတာ့...။

ဆရာေျပာသည့္ အတိုင္းပင္ သူ႕အခန္းကို တံခါးေခါက္ၿပီး မရခ်ိန္မွာေတာ့ တံခါးကို ဖ်က္ဖို႔သာ လုပ္လိုက္မိေတာ့သည္...။

တံခါးကို ဖ်က္လိုက္ၿပီးသည့္ေနာက္ ရတုအခန္းထဲသို႔ ဝင္လိုက္မိသည္...။ ပိန္းပိတ္ေအာင္ ေမွာင္ေနသည္မို႔ တံခါးမ်ားကို ဖြင့္လိုက္မိေတာ့...

"အမေလး!!!"

ကုတင္ေပၚမွာ ရတုက လဲၿပိဳေနသည္...။ သူ႕လက္တစ္ဖက္က ေသြးစမ်ားက ကုတင္ေပၚက အိပ္ရာခင္းျဖဴျဖဴေပၚမွာ နစ္ဝင္လ်က္...

ရတုၾကည့္ရတာ ဘယ္အခ်ိန္ကတည္းက အခုလို ျဖစ္ေနသည္လဲ မသိ... ေသြးစမ်ားက ကုန္လြန္ၿပီး အခုဆို သူ႕ႏူတ္ခမ္းမ်ားေတာင္ ျဖဴဖပ္ျဖဴေလ်ာ္ ျဖစ္ေနေလၿပီ...။

အရင္ကတည္းက က်န္းမာေရး သိပ္မေကာင္းသည့္အၾကားက မနည္းကယ္ဆယ္ထားသည့္ ကေလးက အခုတစ္ခါ ျပန္ၿပီး...

"ဆရာ... ဆရာ ရတုက-"

အိမ္အကူ ကေလးမေလး၏ အသံေနာက္မွာေတာ့ ထိုကေလးမေနာက္သို႔ ေၾကာက္ေၾကာက္လန့္လန့္...

ငယ္ငယ္ကတည္းက မိခင္ေမတၱာ ငတ္မြတ္ခဲ့ရသည့္ သားေလးျဖစ္သူမို႔ ႐ုတ္တရက္ခ်က္ခ်င္း ထြက္ခြာခြင့္ မေပးနိုင္ခဲ့...။ ဒါက ပုလဲ၏ ေနာက္ဆုံးထားခဲ့သည့္ အေမြအႏွစ္မို႔...။

အေျပးအလႊား စိုးထိတ္မႈႏွင့္အတူ ထိုအခန္းသို႔ ဘယ္လိုေရာက္သြားလဲ မသိေတာ့...။ ျမင္လိုက္ရသည့္ ျမင္ကြင္းက ဖခင္ျဖစ္သူ၏ ရင္အစုန္ကို အဆုံးစြန္ထိ ေမႊႏွောက္သည္...။ ကုတင္ေပၚမွာ တုတ္တုတ္မွ မလႈပ္ေတာ့သည့္ သားျဖစ္သူ၏ ျဖဴေဖ်ာ့သည့္ ခႏၶာကိုယ္က မိမိကို အဆုံးစြန္အထိ ထိတ္လန့္ေစသည္....။

"သား! ရတု!!"

သားျဖစ္သူ၏ ခႏၶာကိုယ္ကို ေပြ႕ပိုက္ကာ အဆုံးစြန္ထိ ေအာ္ဟစ္လိုက္မိသည္...။

'ရတု... မင္း အဲ့ဒီတစ္ေယာက္နဲ႕ မပတ္သက္နဲ႕ေတာ့..'

'ပ်ိဳးကို ေမ့ေပ်ာက္နိုင္ဖို႔ဆိုတာ... ကြၽန္ေတာ့္ အသက္နဲ႕ခႏၶာ ကင္းကြာသြားတဲ့အခ်ိန္ေတာင္ ျဖစ္နိုင္မွာ မဟုတ္ဘူး Dad... '

'ဒါေပမယ့္ မင္း အဲ့လိုဆက္လုပ္ေနရင္ အဲ့ဒီကေလးကိုငါ..'

သူ႕ေရွ႕က ခရင္းကို ကိုင္ကာ သူ႕လည္တိုင္သို႔ ခ်ိန္႐ြယ္လိုက္သည္..။

'ထိရဲ.. ထိၾကည့္ေလ... သူ႕ကို ထိတာနဲ႕ ကြၽန္ေတာ္က ေသမွာ Dad'

အရင္တစ္ခါ ဆုံတုန္းက သားအဖႏွစ္ေယာက္၏ ေနာက္ဆုံးအေနနဲ႕ ေျပာ
ခဲ့ရသည့္ Conversation ျဖစ္ခဲ့သည္။

"သား! ရတု! ရတု!
သူ႕ကို ေဆး႐ုံပို႔ဖို႔ လုပ္ၾက..."

ပစ္ထားလည္း ဒီလူက မင္းမွမင္း ျဖစ္ေနပါၿပီ အသက္ရယ္...
ပစ္ေတာ့ ထားပါ အသက္ရယ္...
ပစ္ေတာ့ မသြားပါနဲ႕...။
crd:
Next part~~

"ဆရာ... ဒါက ပ်ိဳးပင္ငယ္နဲ႕ ပတ္သတ္တဲ့ သူတဲ့... သူ႕နာမည္က ရင္ဝယ္ဦး..."

"ေအး.. သူတို႔အခ်က္အလက္ေတြ တစ္ခ်က္စုစည္းထားလိုက္..."

Friday:March:15:3:2024:19:30PM

N- ေနာက္အပိုင္းက နည္းနည္း မုန္တိုင္းေလး ပါပါ့မယ္ဗ်...။

Continue Reading

You'll Also Like

642K 32.8K 82
α€€α€˜α€α€‘α€α€½α€€α€Ί α€α€¬α€α€”α€Ία€Ÿα€¬ မောင့်ထဢပါး ချစ်ခြင်းတို့နှင့် α€α€…α€¬α€Έαα€žα€¬ α€‘α€†α€―α€Άα€Έα€žα€α€Ία€•α€±α€œα€­α€™α€Ία€·α€™α€Šα€Ία‹ ............. Start - 19.2.2022 End - 25.8.2022
38K 2.5K 42
krisho xingdae (yaoi) written by - SMA
612K 54.8K 51
α€—α€­α€―α€œα€Ία€‘α€±α€¬α€„α€Ία€’α€„α€Ία€”α€Ύα€„α€Ία€·α€™α€™α€Όα€α€„α€Ία€Έα€€α€­α€― inspireα€šα€°αα€›α€±α€Έα€‘α€¬α€Έα€žα€Šα€Ία€·boy loveα€α€α€Ήα€α€―α€α€…α€Ία€•α€―α€’α€Ία€–α€Όα€…α€Ία€žα€Šα€Ία‹ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် α€™α€Όα€”α€Ία€™α€¬α€”α€­α€―α€„α€Ία€„α€Άα€€α€­α€―α€–α€€α€Ία€†α€…α€Ία€‚α€»α€•α€”α€Ία€α€­α€―α€·α€›α€€α€Ία€…α€€α€Ία€α€²α€·α€ž...
14.5K 1K 9
ထစိမ်းရောင် (.....) ထောက်မှာ ကျရှုဢးခြင်း Cover photo by Lwin Min Khant