မန္တလာမြေမှစတဲ့ အချစ်
By EunJoo129
12.6K 822 180
စာရေးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်သည်။ မန္တလေးသားလေးနဲ့ရန်ကုန်သားလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးကိုချိုချိုအီအီလေးဖတ်ရ... More
မန္တလာမြေမှစတဲ့ အချစ် Part-1(U&Z)
မန္တလာမြေမှစတဲ့ အချစ် Part-2(U&Z)
မန္တလာမြေမှစတဲ့ အချစ် Part-3(U&Z)
မန္တလာမြေမှစတဲ့ အချစ် Part-4(U&Z)
မန္တလာမြေမှစတဲ့ အချစ် Part-5(U&Z)
မန္တလာမြေမှစတဲ့ အချစ် Part-6(U&Z)
မန္တလာမြေမှစတဲ့ အချစ် Part-7(U&Z)
မန္တလာမြေမှစတဲ့ အချစ် Part-8(U&Z)
မန္တလာမြေမှစတဲ့ အချစ် Part-9(U&Z)
မန္တလာမြေမှစတဲ့ အချစ် Part-10(U&Z)
မန္တလာမြေမှစတဲ့ အချစ် Part-11(U&Z)
မန္တလာမြေမှစတဲ့ အချစ် Part-12(U&Z)
မန္တလာမြေမှစတဲ့ အချစ် Part-14(U&Z)
မန္တလာမြေမှစတဲ့ အချစ် Part-15(U&Z)
မန္တလာမြေမှစတဲ့ အချစ် Part-16(U&Z)
မန္တလာမြေမှစတဲ့ အချစ် Part-17(U&Z)
မန္တလာမြေမှစတဲ့ အချစ် Part-18(U&Z)
မန္တလာမြေမှစတဲ့ အချစ် (ဇာတ်သိမ်းပိုင်း)(U&Z)
မန္တလာမြေမှစတဲ့ အချစ် (Special Part)
မန္တလာမြေမှစတဲ့ အချစ် Part-13(U&Z)
554 39 6
By EunJoo129
အချစ်စိတ်တွေလောင်ကျွမ်းကာ နှစ်ယောက်အတူတူ ချစ်ရည်လူးရင်းဖြတ်သန်းခဲ့ကြတာ ကြည်လင်နေတဲ့ မနက်ခင်းလေးမှာ နို့နှစ်ရောင်လေးလိုဖွေးဉနေတဲ့ အသားအရည်လေးနဲ့ ရှိုင်းလေးဟာ Vitaရဲ့ ဘယ်ဘက်လက်မောင်းအုံပေါ်ကို ခေါင်းအုံးရင်း ပင်ပန်းနွမ်းနယ်နေသောကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်နေတုန်းပေါ့။ Vita ဟာသူ့ရဲ့ဘေးနားမှာ နှစ်ခြိုက်စွားအိပ်ပျော်နေတဲ့ ရှိုင်းရဲ့ ပါးလေးတွေ ရှိုင်းရဲ့ နှုတ်ခမ်းလေးတွေ ဆံပင်လေးတွေကို ကြင်နာယုယစွာကိုင်ကြည့်နေပြီး သူ အူယားနေတာပေါ့။နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ရှိုင်းရဲ့နဖူးလေးကို သူနှုတ်ခမ်းလေးနဲ့ နမ်းရှိုက်လိုက်ပြီး ရှိုင်း နိုးလာရင် အရံသင့်စားလို့ရအောင် မနက်စာပြင်ဆင်ဖို့ မီးဖိုချောင်ကို ဆင်းသွားလိုက်တာပေါ့။
Vita က မီးဖိုချောင်မှာ မနက်စာအတွက်ပြင်ဆင်ချက်ပြုတ်နေတုန်းမှာ အပေါ်ထပ်အိပ်ခန်းမှာကျန်နေခဲ့တဲ့ ရှိုင်းလေးက နိုးလာလာချင်းမှာပဲ ဘေးနားမှာမရှိတော့တဲ့ Vita ကိုအိပ်ချင်မူးတူးလေးနဲ့ ဘေးပတ်ပတ်လည်ကိုကြည့်ပြီးရှာနေတာပေါ့။ အဲ့အချိန်မှာ ရှိုင်းရဲ့ နှာခေါင်းမှာရလာတဲ့ အနံ့လေးကြောင့် Vita ရှိတဲ့တည်နေရာကိုသူသိသွားတာပေါ့။ ရှိုင်းလေးက မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီးတာနဲ့ မီးဖိုချောင်မှာ အလုပ်ရှုပ်နေတဲ့ Vita အနားလေးကို သွားလိုက်ကာ အနောက်ကနေခါးလေးကို သိုင်းဖက်ထားပြီး ပုခုံးပေါ်ကို မေးလေးတင်ထားလိုက်တာပေါ့။
"ရှိုင်း နိုးပြီလား"
"အင်း Vita ဘာတွေချက်နေတာလဲ"
"ဘာ Vita လဲ"
"အော် မောင် ဘာတွေချက်နေတာလဲ မွှေးနေတာပဲ"
"ရှိုင်းလေးအတွက် မနက်စာပြင်ပေးမို့လေ၊ ကြက်ဉကြော်ရယ်၊ပေါင်မုန့်မီးကင်ရယ်၊ကြက်အူချောင်းကြော်ရယ်၊မှိုကြော်ရယ်ပြီးတော့ အသားပြားကြော်ရယ်၊ခေါက်ဆွဲပြုတ်ရယ် ပြီးတော့ လက်ဖက်ရည်နဲ့ ပဲအီကြာလဲဝယ်ထားပေးတယ်"
"မောင် အများကြီးပဲ ရှိုင်းကဘယ်လိုလုပ်ကုန်မှာလဲ"
"ရှိုင်း ကုန်သလောက်ပဲစားပေါ့ မောင်က ရှိုင်းကို မျာများစားစေချင်တာကြောင့် ချက်ပေးထားတာတွေပဲ ရှိုင်းစားချင်တာစား"
"မောင့်ကို စားချင်ရင်လဲရတယ်နော်"
"မောင်နော် ဘာတွေလျှောက်ပြောနေတာလဲ"
Vita က ရှိုင်းကို မထိခလုတ်ထိခလုတ်လေးစနေတာပေါ့ ရှိုင်းလေးရဲ့ ရှက်ရမ်းရမ်းပြီး ခွန်းတုံ့ပြန်ပြောတာလေးကိုသူသိပ်သဘောကျပြီးအူယားနေတာ‌ပေါ့။
"ရှိုင်း သိလား မောင် စာအုပ်တစ်အုပ်ဖတ်ဖူးတယ် အဲ့စာအုပ်ထဲမှာ ပြောပြထားတဲ့ အကြောင်းအရာတစ်ခုကို သိပ်နားမလည်ဘူး ရှိုင်းရော သိချင်လား ဘာပြောတာလဲဆိုတာ"
"အင်း ပြောပြလေ"
"အဲ့စာအုပ်ထဲမှာပြောထားတာက
  [ချစ်သူအနမ်းနဲ့ နိုးထလာရတဲ့ မနက်ခင်းတွေက
    ဘယ်လောက်တောင် ကြည်နူးဖို့ကောင်းလဲလို့
    ခံစားကြည့်ချင်ပါရဲ့]တဲ့
မောင်လဲ အရင်ကတစ်ခါမှ မခံစားဘူးတော့နားမလည်ဘူး အဲ့ဒါကြောင့် မောင်လဲခံစားကြည့်ချင်ပါရဲ့ ရှိုင်းများ
မောင့်ကို........"
"မွခ်ျ..."😚
Vita ရဲ့စကားမဆုံးခင်မှာပဲ သု့ရဲ့နှုတ်ခမ်းပေါ်ကို ရောက်ရှိလာတဲ့ ရှိုင်း နှုတ်ခမ်းလေးရဲ့ အနမ်းချိုချိုလေးကကြည်နူးရတယ်ဆိုတာထပ်ကို ပိုနေပြီပေါ့။
Vita က အလွန်ပျော်သွားပြီး ရှိုင်းရဲ့ နှုတ်ခမ်းပါးလေးကို အချိန်အနည်းငယ်ကြာသည်အထိ တစ်ဖန်ပြန်ပြီ ဖိနမ်းလိုက်ပြန်တာပေါ့။
အချစ်တွေနဲ့ပြည့်နှက်နေတဲ့ ဒီမနက်ခင်းလေးမှာ ထိုလူသားလေးနှစ်ဦးဟာ ကြည်နူးပျော်ရွှင်နေပြီး နှလုံးသားထဲကလာတဲ့ အချစ်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ဂရုစိုက်ရင်း ချစ်ပေးနေကြတာပေါ့။
"ရှိုင်း ချစ်တယ်နော်"
"အင်း ရှိုင်းလဲ မောင့်ကိုချစ်တယ်"
Vita က ရှိုင်းရဲ့ဆံပင်လေးတွေကိုဖွကိုင်လိုက်ပြီး အချစ်မျက်ဝန်းလေးများဖြင့်ကြည့်ကာ
"ရှိုင်း မောင့်ကို ဟိုနားမှာစောင့်နေ မောင် ရှိုင်းစားဖို့ ယူလာခဲ့ပေးမယ်"
ရှိုင်းလေးက စောင့်နေပြီး Vita ဟာ သူပြင်ဆင်ထားတဲ့ မနက်စာတွေကို အကုန်ယူလာပေးလိုက်တာပေါ့။
"ရှိုင်း ရပြီ ခေါက်ဆွဲက ပူသေးတယ်နော် ဖြေးဖြေးစား"
"အင်း"
ရှိုင်းလေးက ပုံမှန်ဆိုအစားနည်းတဲ့သူလေးပါ ဒါပေမဲ့ ဒီနေ့မှာတော့ မောင် ကိုယ်တိုင် ချစ်ခြင်းမေတ္တာတွေနဲ့ ချင်ပြုတ်ပေးထားတဲ့ မနက်စာတွေအကုန်လုံးက ကုန်မှန်မသိကုန်သွားတာပေါ့။
"ရှိုင်း ပြောတော့ အများကြီး မကုန်ဘူးဆို"
"အင်းလေ အစကတော့ မကုန်ဘူး အခုက မောင်ချက်ပေးထားတာတွေက စားကောင်းလို့လေ ဘာလဲငြိုငြင်တာလား"
"အမလေးဗျာ အငြိုငြင်ရက်ပါဘူးဗျာ ဒါတွေက ရှိုင်းစားဖို့အတွက်လုပ်ပေးထားတာပဲလေ ဘာလို့ငြိုငြင်ရမှာလဲ စားပါဗျာ မဝသေးရင်ထပ်လုပ်ပေးအုံးမှာ"
"ခုတော့ ဗိုက်ပြည့်သွားပြီ စားလို့အရမ်းကောင်းတာပဲ"
Vita ကပန်းကန်တွေဆေးကြောနေတဲ့အချိန်မှာ အိမ်ရှေ့ကနေ ဘဲလ်တီးသံကိုကြားလိုက်ရတာပေါ့။
"တိန်....တိန်..."(ဘဲလ်တီးသံ)
"အိမ်ရှေ့ကဘယ်သူလာတာလဲ"
"မောင် ရတယ် ရှိုင်းသွားဖွင့်ပေးလိုက်မယ်"
"အင်း"
ရှိုင်းလေးက တံခါးဆီကို သွားပြီးဖွင့်ပေးလိုက်တာပေါ့ ရှိုင်းရဲ့မျက်စိရှေ့မှာ ငယ်ရွယ်ပြီး လှသွေးကြွယ်နေတဲ့ မိန်ကလေးငယ်ငယ်ချောချောလေးတစ်ဦးက လက်ထဲမှာ မုန့်တွေနဲ့လက်ဆောင်ပစ္စည်းတွေကလဲ စုံနေအောင် သယ်လာပြီး ယောက်ျားလေးတစ်ယောက်ရှိတဲ့အိမ်ကို မိန်းမပျိုလေးတစ်ယောက်ထဲ လာရလောက်အောင် ရဲတင်းလွန်းနေတာပေါ့။
"ဟင် ကိုကိုရော ကိုကိုမရှိဘူးလား၊ အကိုကဘယ်သူလဲ ဘာလို့ ကိုကို့အိမ်ထဲကိုရောက်နေတာလဲ"
အဲ့အချိန်မှာ Vita ဟာ အသံကိုကြားလိုက်သည်နှင့် မီးဖိုချောင်ကနေ အလျင်အမြန်ထွက်လာကာ စိတ်ရှုပ်ထွေးစွာဖြင်း မျက်ခုံးနှစ်ခုကို ထိစပ်နေသည်အထိ မျက်မှောင်ကျုံ့ထားလိုက်တာပေါ့။
"ရှိုင်း မောင့်ကို အပေါ်ကနေခဏစောင့်နေနော်"
Vita က အပေါ်မှာစောင့်နေဖို့ပြောလိုက်တာနဲ့ ရှိုင်းက တတ်သွားလိုက်တာပေါ့။
"ဘာကိစ္စရှိလို့လာတာလဲ ကျွန်တော့်ဆီကို"
"ကိုကို့ဆီကို အလည်လာတာလေ အဲ့တစ်ယောက်ကဘယ်သူလဲ တော်တော်ရင်းနှီးတဲ့ပုံပဲနော်"
"လာရင်းကိစ္စကိုသာပြောပါ"
"မေမေက ကိုကို့ ကို စိတ်ပူလို့လာကြည့်ခိုင်းတာ၊ သူဖုန်းခေါ်တာကို ဘာလို့မကိုင်တာလဲတဲ့"
"ကျွန်တော် မသိလိုက်လို့"
"မသိတာလား မေမေ့ကိုတမင်ရှောင်နေတာလား သား"
Vita ရဲ့စကားကိုထောက်ပြီး ခနဲ့ပြောလိုက်တဲ့ လေသံမာမာနဲ့ အမျိုးသမီးကြီးတစ်ဦးက နောက်ကနေရောက်လာပြီး ဝင်ပြောလိုက်တာပေါ့။ဒီအခြေအနေကို လှေကားနားလေးကနေ စောင့်ကြည့်နေတဲ့ ရှိုင်းလေးက အခြေအနေတွေ ပိုပြင်းထန်သွားမှာဆိုးလို့ သူစကားလမ်းကြောင်း ဝင်လွှဲပြီးပြောလိုက်ဖို့ ဆုံးဖြတ်လိုက်တာပေါ့။
"Vita ဧည့်သည်တွေကို ထိုင်ခိုင်းလိုက်အုံးလေ ထိုင်းပြီးမှ အေးအေးဆေးဆေးစကားပြောကြပါလား"
Vita ရဲ့အမေဟာ ခေါင်းကိုမော့ ရင်ကိုကော့ပြီး ဧည့်ခန်းကို တန်းတန်းမတ်မတ်ဝင်သွားတာပေါ့။Vita ကတော့ စိတ်ရှုပ်နေတဲ့ ပုံစံလေးဖြင့်...
"ရှ်ိုင်းလေး ဘာလို့ဆင်းလာတာလဲ ပြီးတော့သူတို့ကိုဘာလို့ဝင်ထိုင်ဖို့ပြောလိုက်ရတာလဲ"
ရှိုင်းလေးဟာ Vita ရဲ့ကျောလေးကိုဘက်လေးနဲ့ပွတ်သပ်ပေးပြီး အဆင်ပြေသွားမှာပါ ဘာမှမဖြစ်ဘူးဆိုတဲ့ အကြည့်လေးနဲ့ကြည့်ကာ ဧည့်ခန်းထဲကိုသွားထိုင်ဖို့ မေးငေါ့ပြလိုက်တာပေါ့။
ရှိုင်းလေးက မီးဖိုချောင်ထဲကို ဝင်သွားလိုက်ပြီး ဧည့်သည်တွေကို ကျွေးဖို့ အသီးတွေကို လှီဖို့လုပ်နေတာပေါ့။
"Vita သား မေမေ့ကို ဘယ်ချိန်ထိခုလိုလုပ်နေမှာလဲ"
"သားကို မေမေက ချစ်လို့ အလိုလိုက်ထားတာကို မင်းဘယ်ချိန်ထိမေမေ့ကို ဘက်တိုက်ပြီးနေနေမှာလဲ"
"ချစ်လို့ အလိုလိုက်တာလား တစ်ကယ်ချစ်တာရောဟုတ်လို့လား ကျွန်ကတော့ ချစ်လို့လို့မထင်ဘူး မလိုအပ်လို့ ရှုပ်လို့ ပစ်ထားတာလို့ပဲ ထင်တယ်"
"မင်းဘယ်လိုပြောလိုက်တာလဲ မင်းကမေမေ့သားပါ မချစ်ပဲ နေမလား"
"အင်းလေ ကိုကိုကလဲ မေမေ့ကိုအဲ့လိုမပြောပါနဲ့"
"မေမေက ကိုကို့ ကိုဘယ်လောက်ထိစိတ်ပူနေလဲဆိုတာ သိရဲ့လား"
"ကိုကို့ကို စိတ်ပူလွန်းလို့ ဒီအထိတောင် လိုက်လာတာကို"
"စိတ်ပူတယ်ဟုတ်လား ကိုယ့်ဘဝကောင်းစားဖို့ (၄)နှစ်အရွယ် ကလေးတစ်ယောက်ကို လှည့်တောင်မကြည့်ပဲထားခဲ့တုန်းက အခုလိုစိတ်ပူခဲ့ရဲ့လား"
"Vita မင်းဘယ်လိုပြောလိုက်တာလဲ မင်းကိုဆက်သွယ်လို့မရလို့ ငါဘယ်လောက်တောင်စိတ်ပူနေလဲဆိုတာ မင်းသိလို့လား ငါလုပ်ခဲ့တာတွေက မင်းတို့ကောင်းစားဖို့အတွက်ပဲ"
"မင်းဘယ်ချိန်ကျမှာ အမေနဲ့ညီမလေးဆီကို ပြန်လာမှာလဲ"
"ကျွန်တော် ဘယ်မှပြန်လာစရာမလိုပါဘူး အခုက ကျွန်တော့်အိမ်မှာ ကျွန်တော်ရှိနေတာကို ဘယ်ကိုပြန်လာရမှာလဲ"
"Vita ငါဒီလောက်ပြောနေတာကို မင်းနားမလည်ဘူးလား ပြီးတော့ စောဏကတစ်ယောက်ကဘယ်သူလဲ မင်းနဲ့ဘယ်လိုပတ်သက်တာလဲ ဘာလို့ မင်းအိမ်မှာသူကရှိနေတာလဲ"
"အဲ့ဒါ ကျွန်တော့်ကိစ္စပါ"
"ကျွန်တော်တို့လဲ အရေးကြီးကိစ္စနဲ့ အပြင်သွားစရာရှိသေးလို့ ဒီလောက်နဲ့ပဲ ပြန်ပါတော့ ကျွန်တော်တို့လဲ အချိန်မရှိတော့လို့ပါ"
"Vita....."
"ကဲပါ မေမေရယ် သမီးတို့လဲပြန်ရအောင်ပါ မေမေလဲ ကိုကို့ ကို အခုတွေ့ပြီးပြီပဲ သူအဆင်ပြေနေတာပဲ လာပါ သမီးတို့အရင်ပြန်ရအောင်နော်"
Vita ရဲ့ အမေဟာ မျက်လုံးမှာ အကြည့်စူးစူးတွေနဲ့ ဒေါသတွေကို ထိန်းချုပ်ပြီးပြန်ခဲ့ရတာပေါ့။ ရှိုင်းလေးက လက်ထဲကအသီးပန်းကန်လေးကိုကိုင်ပြီးထွက်လာတဲ့အချိန်မှာ စိတ်တိုနေတဲ့ထိုအမျိုးသမီးကြီးရဲ့ နောက်ကျောပြင်ကိုသာလှမ်းမြင်လိုက်တော့သည်။
"Vita မင်း အမေတို့ရောပြန်သွားကြပြီလား"
"အင်း ပြန်သွားပြီ ရှိုင်း ဘာလို့ဆင်းလာတာလဲ  ကျွန်တော် အခန်းထဲမှာစောင့်နေဖို့ပြောလိုက်တာကို"
"ရှိုင်းလေးကို ကျွန်တော့်ရဲ့ အရှုပ်တွေထဲ ခေါ်မသွင်းချင်ဘူး"
"ရပါတယ် မောင်ရဲ့"
"ဘာတွေ လုပ်လာတာလဲ"
"အော် အသီးလှီးလာတာလေ ခုတော့စားမယ့်သူမရှိတော့ဘူးပေါ့"
"ဘာလို့မရှိရမှာလဲ မောင် တစ်ယောက်လုံးရှိနေတာကို"
"ရှိုင်း ကိုယ်တိုင် လှီးထားတဲ့ အသီးလေးတွေကို ရှိုင်းရဲ့ လက်လေးနဲ့ ခွံ့ကျွေးတာလေးကို စားချင်တယ်"
"အင်း ဟုတ်ပါပြီ"
"လာ ဒီနားကို ပြီးရင် ဒီမှာထိုင်"
ရှိုင်းလေးကဆိုဖာပေါ်မှာထိုင်လိုက်တာနဲ့ Vita ရဲ့ ခေါင်းလေးဟာ ရှိုင်းရဲ့ပေါင်ပေါ်ကို လှဲအိပ်လိုက်တာပေါ့။ရှိုင်းလေးက လှီးထားတဲ့ အသီးချိုချိုလေးတွေကို သူ့လက်နုနုလေးတွေနဲ့ တစ်စိတ်ချင်းသေချာ ခွံ့ကျွေးပြီး ကြင်နာယုယစွာ ပြုံးနေကြတာဟာ အသီးတွေထပ်တောင် ချိုမြိန်လွန်းနေတာပေါ့။
Part-14 မျှော်........
*စာရေးသူ၏ စိတ်ကူးယဉ်သက်သက်တာဖြစ်ပါသည်။
*ကျွမ်းကျင်သည့်စာရေးဆရာမဟုတ်သည့်အတွက် အမှားတစ်စုံတစ်ရာပါခဲ့သည်ရှိသော် အနူးအညွတ်တောင်းပန်ပါသည်။🙏🙏🙏
*လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စော်ကားလိုစိတ်မရှိပါ။🙏🙏🙏
*ဝတ္ထုလေးဖတ်ပြီ စာရေးသူအားတစ်စုံတစ်ရာအကြံပြုပြောဆိုနိုင်ပါသည်။🙏🙏🙏
************
(zawgyi)
Part-13 (U&Z)
"ရှိုင်း နိုးပြီလား"
"ဘာ Vita လဲ"
"အင်း ပြောပြလေ"
မောင့်ကို........"
"မွခ်ျ..."😚
"ရှိုင်း ချစ်တယ်နော်"
"အင်း"
"တိန်....တိန်..."(ဘဲလ်တီးသံ)
"အင်း"