Insanity
By Hope1887
152K 5.9K 468
{အဂ္ဂမဟာ+မာန်ရှိန်ပြင်း} {အဂၢမဟာ+မာန်ရှိန်ပြင်း} (Dr.မာန်က အဂ္ဂအပိုင်!) (Dr.မာန္က အဂၢအပိုင္!) More
Insanity...Intro
Insanity.1
Insanity.2
Insanity-3
Insanity.4
Insanity-5
Insanity.6
INSANITY.7
INSANITY.9
INSANITY.8
8.4K 359 54
By Hope1887
(Uni)
"ဒီအသံက..!"
စုံမှိတ်လိုက်တ့ဲမျက်ဝန်းတွေကို ဖြေးဖြေးချင်းဖွင့်
ကြည့်တော့ မိမိရှေ့သွေးတွေန့ဲလဲကျနေသော
ကျားကိုတွေ့လိုက်ရသည်။ တကယ်သေပြီးလို့်ထင်
ခ့ဲတာ သူတကယ်သေပြီးလို်ထင်ခ့ဲတာ ။
တစ်ကိုယ်လုံးတုန်လှုပ်ပြီး မျက်ရည်များအလိုလို
ကျဆင်းလာသည်။နာကျင်နေတ့ဲ ခန္ဓာကိုယ်
ကြောင့် ဆက်ပြီးမလှုပ်ရှားနိုင်တော့ဘူး။
အနောက်ဘက်ကနေ ပွင့်လာန့ဲတံခါးကြီးန့ဲအတူ
အဂ္ဂမဟာက ပြုံး​နေခ့ဲသည်။ပြီးနောက် လဲကျနေတ့ဲသူ့ကို ပွေ့ချီလိုက်သည်။
"အ့ဲတာကြောင့် ထွက်မပြေးပါန့ဲလို့ပြောခ့ဲတာကို"
တစ်ကိုယ်လုံးတုန်ရီနေတ့ဲ ဒေါက်တာကို ပွေ့ချီ
ကာ အပေါ်ထပ်လသာဆောင်မှာ ပြင်ဆင်ထား
တ့ဲ အစားသောက်စာပွဲဆီခေါ်လာခ့ဲသည်။
​ဒေါက်တာကို မိမိရ့ဲမျက်နှာချင်းဆိုင်မှာထိုင်စေ
ခ့ဲသည်။
"ဗိုက်ဆာနေမယ်ထင်လို့ ကြိုပြီးပြင်ဆင်ထားပေး
တာ အမဲသားကပူနေတုန်းပဲ ဒေါက်တာအတွက်
ကိုယ် သေချာလှီးပေးမယ်"
ဒေါက်တာဆီကနေ ဘာစကားတစ်ခွန်းမှမကြား
ရပဲ မိမိရှေ့ အရုပ်ကြိုးပျက်လိုသာထိုင်နေသည်။
သေချာလှီးထားတ့ဲအသားပန်ကန်ကို ဒေါက်တာ
ရှေ့ချပေးလိုက်သည်။ အတော်ဗိုက်ဆာသွား
တယ်လို့ထင်ပါရ့ဲ ပါးစပ်ထဲအပြည့်အသားကို
ခပ်မြန်မြန်လေးထည့်ကာ စားနေသည်။
"ဖြေးဖြေးစားပါ "
"ဘာလို့လာမခေါ်တာလဲ!"
"........................"
"သိနေတယ်မလား! ဒီလိုဖြစ်မှာကိုကြိုသိနေတယ်
မလား!! အ့ဲဒါကို ဘာလို့ လာမခေါ်တာလဲလို့!!!
စောင့်နေခ့ဲတာ ငါစောင့်နေခ့ဲတယ်​"
ကလေးတစ်ယောက်လိုမျိုး မိမိရှေ့အော်ငိုနေတ့ဲ
ဒေါက်တာက မိမိလာခေါ်မှာကိုစောင့်နေခ့ဲတယ်
တ့ဲ။ ဒေါက်တာရ့ဲစကား​ကြောင့် ​ကျေနပ်မိတယ်။
​ဒေါက်တာဒီလိုမျိုး ကလေးတစ်ယောက်လိုအော်
ငိုနေတာကို ပထမဆုံးတွေ့ဖူးတာပင်။
ချစ်ဖို့ကောင်းလွန်းလို့ရူး​တော့မှာပဲ။
ထိုင်​နေရာက​နေက​နေ​ခြေတစ်လှမ်းချင်းဆီ​
လျှောက်သွားကာ အနား​​ရောက်မှ ​ဒေါက်တာရ့ဲ
မျက်နှာ​လေးကို ​မေ့​စေ့က​နေ ဆွဲယူလိုက်သည်။
"အ့ဲတာကြောင့်ပြောစကားနားထောင်ခ့ဲသင့်တာ
ကြည့်ပါအုံး မျက်နှားလှလှလေးမှာ အနာတရတွေ
ဖြစ်ကုန်ပြီး ဒီလိုမဖြစ်သင့်တာကို"
"ဆိုက်ကိုကောင်! မင်းကိုငါမုန်းတယ်"
"အွန်း အခုဆေးကြောသန့်စင်ပြီး ဆေးထည့်ပေး
မယ်"
"ဖယ်! လာမကိုင်န့ဲ ငါဘာသာလုပ်တတ်တယ်"
မျက်နှာအစိတ်ပိုင်းတွေကိုမထိတထိလာကိုင်နေ
တ့ဲ အဂ္ဂရ့ဲလက်ကိုပုတ်ချလိုက်ပြီး မတ်တပ်ထရပ်
လိုက်မိသည်။စိတ်ကအားသန်နေပါသော်လည်း
ခန္ဓာကိုယ်ကတော့အားမရှိစွာလဲကျသွားခ့ဲသည်။
တစ်စုံတစ်ယောက်ရ့ဲရင်ခွင်ထဲကိုပေါ့။
မိမိရင်ခွင်ထဲအံဝင်ခွင်ကျပြုတ်ကျလာတ့ဲ
ဒေါက်တာလေးကို ခါးကနေတစ်ဖန်ပွေ့ချီလိုက်
သည်။
"ပြောစကားနားထောင်ဒေါက်တာ! လိမ္မာရင်
ဒေါက်တာအတွက်ကြီးပဲ"
နူတ်ခမ်းပါးတွေ့ကော့တက်သွားတ့ဲအထိပြုံးလိုက်
တ့ဲအဂ္ဂရ့ဲအပြုံးတွေက အရိုင်းဆန်ပေမ့ဲ ကြည့်
ကောင်းနေခ့ဲသည်။
ဒေါက်တာကတော်တော်လေးပင်ပန်းသွားတာ
ဖြစ်မယ်။သန့်စင်ပေးပြီး ဆေးထည့်ပေးတုန်းပဲ
ရှိသေးတယ်အိပ်ပျော်သွားခ့ဲသည်။
အိပ်ပျော်နေတ့ဲဒေါက်တာရ့ဲတစ်ကိုယ်လုံးကို
မြတ်နိုးစွာန့ဲအသေးစိတ်ကြည့်နေလိုက်တယ်။
"လှလိုက်တာ"
ပွန့်ပဲ့ရာတွေန့ဲခြေထောက်ဖွေးဖွေးလေးကိုကြည့်
ရင်း သ​ဘောကျမိသည်။မိမိ​ကြောင့်ဖြစ်လာရတ့ဲ
ဒဏ်ရာ​တွေမို့ သ​ဘောကျသည်။ဒေါက်တာဘယ်
လောက်ပဲထွက်ပြေး ထွက်ပြေး ကိုယ့်လက်ကနေ
ဘယ်တော့မှလွတ်မြောက်နိုင်မှာမဟုတ်ဘူး။
ကိုယ်သေသွားခ့ဲရင်တောင် ဒေါက်တာကိုပါ ရ
အောင်ခေါ်သွားမှာ။ ဒေါက်တာန့ဲပက်သက်ရင်
အဂ္ဂမဟာဆိုတ့ဲကိုယ်က အ့ဲလောက်ထိကို အတ္တ
ကြီးတာ။
ဆေးမကူပဲ ပန်းဆီရောင်သန်းနေတ့ဲနူတ်ခမ်းပါး
လေးကို အနမ်းတစ်ချက်ခြွေလိုက်သည်။
နွေးနွေးထွေးထွေးလေးဖြစ်အောင် စောင်ကို
သေချာလေးခြုံပေးလိုက်ပြီး အခန်းအပူချိန်ကို
အနေတော်လေးဖြစ်အောင်မြင့်လိုက်သည်။
"Good Night Doctor! "
✡✡✡✡✡✡✡✡✡✡✡✡✡✡✡✡
"Boss! ဒီ​ကောင်ကိုဘာလို့​ ဂို​ထောင်ထဲမထည့်
တာလဲ"
ဧည့်ခန်းထဲအတူထိုင်နေတ့ဲ စိုင်းခေတ်သစ်ကို
ချေးငွေန့ဲပက်သက်ပြီးစာချုပ်ပြည့်သွားတ့ဲကောင်
ကိုခေါ်လာခ့ဲခိုင်းသည်။ ခါတိုင်းဆိုရင် ဂိုထောင်
ထဲမှာလက်စသတ်လိုက်ပေမ့ဲ ဒီတစ်ခါတော့
ဧည့်ခန်းထဲမှာပဲ ကြည့်ပြီးဖြေရှင်းရလိမ့်မည်။
လက်နောက်ပြန်ကြိုးချည်ပြီးမေ့မျှော်နေတ့ဲကောင်
ကို တစ်ချက်ကြည့်ပြီးဖြေလိုက်သည်။
"ကိစ္စရှိလို့ ဒါန့ဲ လက်နက်ကိစ္စအဆင်ပြေရ့ဲလား"
"အဆင်ပြေပါတယ်Boss ဒီတစ်ခေါက်တစ်ဖက်
အဖွဲ့က တော်တော်အထိနာသွားလောက်မယ်"
"ကောင်းတယ် ကုမ္ပဏီကိစ္စ အခုတလော မင်းပဲ
ကြည့်ပြီးစီစဉ်လိုက် "
"ဟုတ်က့ဲBoss! အရင်တစ်ခေါက်ကစုံစမ်း
ခိုင်းထားတ့ဲBossကိုလုပ်ကြံတ့ဲသူကိုသိပြီး"
"ဘယ်သူလဲ?"
"ဗေ့ဇီလာ Bossရ့ဲအကိုပဲ"
"ဟက်! ထင်သားပဲ အဖေအရင်းကိုတောင်ကြံ
သတ်တ့ဲသူပဲ ဘာမှသွေးမတော်သားမစပ်န့ဲငါ့ကို
သတ်ပစ်ချင်တာကမဆန်းပါဘူး"
"အခုသူရ့ဲအဖွ့ဲ ဒီကိုရောက်နေပြီး ဖြစ်နိုင်ရင်
Bossကိုအပြင်မထွက်စေချင်ဘူး"
"ရှောင်ပုန်းနေတာငါ့စတိုင်မဟုတ်ဘူး မင်းလည်း
သတိထားပြီးနေသင့်တယ် တစ်ခုခုဆို ငါ့ဆီဖုန်း
ဆက်အကြောင်းကြားဖို့မမေ့န့ဲ"
"ဟုတ်က့ဲBoss"
"ဒေါက်တာကိစ္စ​ရော ဘာသတင်းထူးလဲ"
"ရဲတွေတော့လိုက်ရှာနေကြတယ် သတင်းမှာလဲ
ဒေါက်တာမာန်ရှိန်ပြင်းပျောက်နေတ့ဲသတင်းက
နာမည်ကြီးနေတယ်"
"မင်းလုပ်စရာကိစ္စတစ်ခုရှိတယ် ​ဒေါက်တာရ့ဲ
မိဘ​တွေကိုသတ်သွားတ့ဲသူရ့ဲအချက်လက်​တွေ
လိုချင်တယ် ဖြစ်နိုင်ရင် ဒီည​လောက်ပို့​ပေးပါ"
"ဟုတ်က့ဲ ပြန်ရောက်ရင် ချက်ချင်းရှာပြီးပို့ပေးပါ့
မယ် ဒါဆိုခွင့်ပြုပါအုံးBoss"
"အင်း"
စိုင်းခေတ်သစ်ပြန်သွားပြီးခနအကြာ ရှေ့ကကြမ်း
ပြင်ပေါ်က အကောင် သတိလည်လာသည်။
ဆိုဖာကိုမှီလိုက်ပြီး ခြေချိတ်လက်ပိုက်ကာစောင့်
ကြည့်နေလိုက်တယ်။ထိုင်နေတ့ဲသူကိုတွေ့တော့
မှအလန့်တကြားတောင်းပန်လာတယ်။
"သူဌေး ကျွန်တော့်ကိုအချိန်နဲနဲလေးထပ်ပါ
ကျွန်တော်သေချာပေါက်ပြန်ဆပ်ပါ့မယ် ၁ပတ်
မဟုတ်ဘူး၂ရက်! ၂ရက်ပဲထပ်ပေးပါ "
"ကျစ်! နားငြီးတယ် "
"တောင်းပန်ပါတယ်သူဌေး အသက်ချမ်းသာ
ပေးပါ ကျွန်တော်မှားသွားပါတယ်"
"လူစကားနားမလည်ဘူးထင်တယ်"
ဆိုဖာပေါ်ကနေမတ်ရပ်လိုက်ပြီး ထောင့်နားမှာ
အသင့်ချထားတ့ဲဘစ်ဘော့ရိုက်တံကိုကောက်
ကိုင်လိုက်သည်။ထိုင်​နေတ့ဲ တစ်ကိုယ်လုံးတုန်
လှုပ်နေတ့ဲ ကောင်ရ့ဲမေ့စေ့ကို ရိုက်တံန့ဲဆွဲယူ
ကာ မော့ကြည့်စေသည်။
"ဒီ ဘစ်ဘော့ရိုက်တံက အကန့်သတ်န့ဲထုတ်
ထားတ့ဲBrandလေ တစ်နှစ်လုံးမှာမှ၂ချောင်း
ပဲထုတ်တယ် ဒီလိုဈေးကြီးတ့ဲ Brandန့ဲအရိုက်
ခံရမှာဆိုတော့ မင်းကိုယ်မင်းဂုဏ်ယူသင့်တယ်"
ဘာသံမှထွက်မလာပေမ့ဲ တော်တော်ကြောက်နေ
ပြီးဆိုတာ မျက်နှာကြည့်ရုံန့ဲသိနေပြီး။
"ဘယ်နားကိုအရင်ရိုက်ချေပေးရမလဲ ခေါင်းကို
လား ဒါမှမဟုတ် ခြေထောက်လား တစ်ခုရွေး
၁မိနစ်အချိန်ပေးမယ် ၁မိနစ်အတွင်းမရွေးရသေး
ရင် ငါစိတ်ကြိုက်​နေရာကိုရိုက်ချေပေးမယ်"
ဖုန်းကိုထုတ်ကာ စက္ကန့်တွေကိုစပြီးရေတွက်လိုက်
သည်။၁၀စက္ကန့်လောက်လိုလောက်တ့ဲအချိန်နူတ်
မှဆိုလိုက်သည်။
"10...9...8...7..."
မျက်လုံးရှေ့ ဝေခွဲမရပဲ ယောင့်ယက်ခပ်နေတ့ဲ
သူကိုကြည့်ကာ အဂ္ဂမဟာစိတ်ကျေနပ်မိသည်။
"4...3...2..!"
"ခြေထောက် ခြေထောက်!"
"တော်တယ် စပြီးနော်"
အားန့ဲလွဲကာထိုလူရ့ဲခြေထောက်တစ်စုံကိုရိုက်ချ
လိုက်သည်။အားပြင်းသွားလို့ဖြစ်မယ် တစ်ချက်
ထဲန့ဲခြေတစ်ဖက်ကကျိုးသွားတာပဲ။
အောက်ကလူကဘယ်လောက်ပဲနာကျင်လို့
တောင်းပန်ပြီးအော်ငိုအော်ငို အဂ္ဂမဟာကတော့
ပြောထားတ့ဲအတိုင်း ​ကျေသွားတ့ဲအထိကို
အဆက်မပြတ်ရိုက်​ချေ​နေ၏ ထိုလူရ့ဲ​ခြေ​ထောက်
မှ ​သွေး​တွေကမြင်မ​ကောင်း​အောင်ကြမ်းပြင်
​ပေါ်မှာပြန့်ကျဲ​နေ​လေသည်။​သွေး​တွေကြားထပ်
ပြီးရိုက်​နေတာ​ကြောင့် အဂ္ဂရ့ဲမျက်နှာန့ဲရှပ်အကျႌ
မှာပါ​သွေးစက်​တွေကတက်စင်​နေ​တော့သည်။
မိမိစိတ်ကြိုက်ရိုက်ပြီးပြီးဆိုတော့မှ ရပ်လိုက်သည်
အော်ဟစ်ကာတောင်ပန်းနေတ့ဲထိုလူကို ရယ်မော
ကာစိုက်ကြည့်လိုက်သည်။
"အဂ္ဂ! မင်း! ဒါဘာလုပ်နေတာလဲ"
အသံကြားကိုလှည့်ကြည့်လိုက်တော့ လှေကား
ခြေရင်းနားမှာမိမိကိုထိန့်လန့်စွာရပ်ကြည့်နေတ့ဲ
ဒေါက်တာလေး။လက်ထဲက ဘစ်ဘော့ရိုက်တံကို
ကြမ်းပြင်ပေါ်ပစ်ချလိုက်ပြီး ​ဒေါက်တာဘက်ကို
လှည့်ကာ အလှဆုံးအပြုံးန့ဲပြုံးပြလိုက်သည်။
"အပြစ်ပေးနေတာ!"
သွေးတွေပေကျံနေပြီးပြုံးနေတ့ဲ အဂ္ဂရ့ဲမျက်နှာက
လုံးဝကိုpsychopathတစ်ယောက်လိုပဲ။
အိပ်ယာကနိုးနိုးချင်း ဗိုက်ဆာလို့အခန်းတံခါးဖွင့်
လိုက်တာ အောက်ထပ်ကနေအော်ဟစ်ငိုယိုနေ
တ့ဲအသံကြောင့် အမြန်ဆင်းလာခ့ဲမိတာ။ ရောက်
ရောက်ချင်း မြင်လိုက်ရတ့ဲမြင်ကွင်းက သွေးပျက်
မတက်ကိုထိတ်လန့်သွားမိတယ်။ အဂ္ဂက လူတစ်
ယောက်ရ့ဲခြေတစ်စုံကို သွေးတွေကြားအဆက်
မပြတ်ကိုရိုက်ချိုးနေခ့ဲသည်။
မိမိဆီလမ်းလျှောက်လာတ့ဲအ့ဲအဂ္ဂက လူတစ်
ယောက်လုံးရ့ဲခြေထောက်တွေကိုကျေနေအောင်
ရိုက်ချေထားတာတောင် ပြုံးနေခ့ဲသည်။
"လာ! ကိ််ုယ်န့ဲအတူ လူသတ်တမ်းဆော့ရအောင်"
"အဂ္ဂမဟာ!"
"ဘာလို့လဲ မလုပ်ရဲဘူးလား အစမို့လို့ပါ နောက်
လက်ယဉ်သွားလိမ့်မယ် အခုတော့ကိုယ်သင်
ပေးမယ်လေ"
"မင်းရူးနေပြီး မင်းရူးသွားပြီးအဂ္ဂမဟာ! "
"အွန်း ရူးနေပြီး အ့ဲဒါကြောင့် ဒေါက်တာကုသ
ပေးမှရမယ်"
သွေးတွေပေနေတ့ဲလက်န့ဲ မိမိရ့ဲလက်ကိုလာဆွဲ
ကာ ဆိုဖာဆီကိုဆွဲခေါ်သွားခ့ဲသည်။ပြီးနောက်
အဂ္ဂက သူ့ရ့ဲပေါင်ပေါ်မှာ မိမိကိုအတင်းချုပ်ပြီး
ထိုင်စေခ့ဲတယ်။ဘယ်လောက်ရုန်းရုန်း အဂ္ဂရ့ဲ
လက်စုံကိုတော့အမြဲရှုံးနိမ့်ရစမြဲပင်။
"သေချာကြည့် အ​ကြောင်းရာခြင်းမတူညီ​ပေမ့ဲ
​ဒေါက်တာလိုပဲ ထွက်​ပြေးတာ​ချင်း​တော့တူတယ်
ဒီမှာစာချုပ် ကိုယ့်ဆီကပိုက်ဆံယူပြီး အချိန်ပြည့်
လို့ပြန်မဆပ်နိုင်ရင် အသက်ရှုံးရမယ်လို့သဘော
တူထားတာ အ့ဲတော့ အခု အ့ဲဒီကောင်ရ့ဲအသက်
က ကိုယ့်အပိုင်ပဲလေ အ့ဲတော့ ကိုယ်စိတ်ကြိုက်
ဆော့ချင်ဆော့မယ် ကစားချင်ကစားမယ် "
အကြွေးပြန်မဆပ်နိုင်လို့ အသက်ကိုယူတယ်တ့ဲ
လား ဘယ်လိုစောက်ရေးမပါတ့ဲအရာကြီးလဲ!
"အဂ္ဂမဟာ အ့ဲတာ လူတစ်ယောက်နော် လူတစ်
ယောက်ရ့ဲအသက်ကို ဘာလို့ဒီလို လက်လွတ်
စပယ် လုပ်နိုင်ရတာလဲ တကယ်ပဲမင်းကဘာလဲ"
"အပျင်းပြေပေါ့! ကိုယ်ကဘာလဲဆိုတော့....
ဒေါက်တာရ့ဲအမျိုးသားလေ"
ရှေ့ကလူမှာတော့ နာကျင်လွန်းလို့ သတိတောင်
လစ်ချင်သလိုဖြစ်နေသည်။
"တောင်း တောင်း ပန်ပါတယ် ကျေးဇူး ကျေးဇူး
ပြုပြီး အ အ အသက်ကို ချမ်းသာ သာပေးပါ"
"ဟက်! အ့ဲလိုအတွေးမျိုးမရှိလို့ တောင်းဆိုမနေ
နဲ့ အလကားပဲ"
စာပွဲ​သေနတ်ကို ​ကောက်ကာ ​ဒေါက်တာရ့ဲလက်
ထဲထည့်​ပေးလိုက်သည်။
"သေနတ်ပစ်တတ်မလား သေနတ်အမျိုးစား
တောင်တန်းပြီးပြောနိုင်သေးတာပဲ သင်ပေးစရာ
မလိုဘူးလို့ထင်တယ် "
"အဂ္ဂ!"
"ပစ်လိုက်!"
"ငါမလုပ်နိုင်ဘူး!"
"ဒေါက်တာ ကိုယ်ပြောတ့ဲအတိုင်းလုပ်ရင် အ့ဲဒီ
ကောင်တစ်ယောက်ပဲသေရမှာ ဒေါက်တာက
ကိုယ့်စကားကို ဆန့်ကျင်ရင် အ့ဲကောင်ရ့ဲမိသားစု
ဝင်တွေပါအကုန်သေရမယ် ဒေါက်တာစိတ်ကြိုက်
ရွေးချယ်ပါ"
"အဂ္ဂမဟာ မင်းငါ့ကိုအကျပ်လာမကိုင်န့ဲ"
"အတည်​ပြောတာ ​ဒေါက်တာငြင်းမယ်ဆိုတာ
ကြိုသိ​နေလို့ ကိုယ်ပြင်ဆင်ထားတယ်"
လက်တော့ကိုဖွင့်လိုက်တော့ အိမ်ထဲ အသက်
ရွယ်ကြီးတ့ဲအဖွားအိုတစ်ယောက်န့ဲ မိန်းမနှစ်
ဦးစကားပြောနေကြသည်။CCTVကနေအထင်
သားမြင်နေတ့ဲသူတွေက ပြုံးပျော်ရွှင်နေကြသည်။
နောက်တစ်ခုထပ်ပြတ့ဲအရာက အိမ်အပြင်ဘက်
က မျက်နှာချင်းဆိုင်တိုက်ပေါ်မှာလူတစ်ဦးရှိနေ
သည်။ ဒါပေမ့ဲ ထိုလူက စနိုက်ပါန့ဲ အခန်းထဲက
သူတွေကိုချိန်ထားသည်။
"ဒါကအ့ဲကောင်ရ့ဲအမေ ဒါကသူ့မိန်းမ ဒါကသူ့
ညီမ အခုအ့ဲဒီအိမ်ရ့ဲအပြင်ဘက်မှာ ကိုယ်ရ့ဲလူ
ကစောင့်ကြည့်နေတယ် နောက်၁၀စက္ကန့်အတွင်း
ဒေါက်တာ အ့ဲဒီကောင်ကိုမပစ်ရင် အ့ဲအခန်းထဲက
သူတွေရ့ဲခေါင်းမှာအပေါက်လေးတွေဖြစ်သွား
လိမ့်မယ်"
"မင်း!!"
"10...9...8...7...5...4...3...!"
"တောင်းပန်ပါတယ်!"
ဒိုင်း!💢
မျက်စိကိုစုံမှိတ်ပြီး တောင်းပန်စကာဆိုကာ ရှေ့
ကလူရ့ဲရင်ဘက်ကိုမှန်းပြီး ပစ်လိုက်မိသည်။
"ခေါင်းကို! ဆက်ပြီးပစ် နောက်ထပ်၅ချက်
မျက်ဝန်းတွေကိုမှိတ်မချလိုက်န့ဲ ဖွင့်ထား"
"တော်ပြီး! ငါဆက်ပြီးမလုပ်နိုင်တော့ဘူး"
သူအ့ဲဒီလိုပြောလိုက်တော့ အဂ္ဂက သေနတ်
ကိုင်ထားတ့ဲမိမိရ့ဲလက်ကို ထပ်ကိုင်ကာ အဆက်
မပြတ်ထိုလူရ့ဲခေါင်းကိုပစ်လိုက်တော့သည်။
ဥုံးနှောက်တွေထွက်ကာ သွေးတွေရဲနေပြီး ကြေ
မွနေတ့ဲဦးခေါင်းခွံကိုကြည့်ကာ အန်ချမိတော့
သည်။ ဒါကိုသွေးအေးအေးန့ဲကြည့်ပြီးရယ်နေ
နိုင်တာကတော့ အဂ္ဂမဟာ ပေ။ဘာလို့လူတစ်
ယောက်ကို ဒီလောက်ထိရက်စက်အောင် သွေး
အေးအေးန့ဲသတ်နိုင်ရတာလဲ။
"ရွံစရာတွေမြင်လိုက်ရပြီး အန်ချလိုက်ဒေါက်တာ"
"ဖယ် ငါ့အသားကိုမထိန့ဲ!"
မိမိရ့ဲကျောပြင်ကို သပ်ပေးဖို့ပြင်နေတ့ဲ
အဂ္ဂကိုတွန်းဖယ်ကာ အပေါ်ထပ်ကိုကအခန်းဆီ
ကို ပြေးတက်သွားမိသည်။ ဒီမြင်ကွင်းကိုဆက်
ကြည်ဖို့အထိ အင်းအားမရှိတော့ဘူး ။
"အ​တော်လန့်သွားပဲ"
စာပွဲပေါ်ကဖုန်းကိုယူကာ အိမ်သန့်ရှင်းရေးလာ
လုပ်ပေးဖို့အကြောင်းကြားလိုက်သည်။
ြ့ပီးနောက် ဒေါက်တာဆီ သွားဖို့ခြေလှမ်းတွေကို
ပြင်လိုက်သည်။
ဒေါက်တာထပ်ပြီး ထွက်မပြေးလောက်တော့ဘူး
ထင်တယ် ဟက်!
🕦11:30PM....
"(တောင်းပန်ပါတယ် အသက်ချမ်းသာပေးပါ)²"
"သွား!!!!မလာန့ဲ! ငါ့ဆီမလာန့ဲ မလာနဲ့!!!"
"ဒေါက်တာ! ဒေါက်တာ!"
အိပ်နေရင်း ယောင်ကာထအော်လာတ့ဲ
ဒေါက်တာကို လှုပ်ပြီးနိုးလိုက်သည်။ ဒေါက်တာ
ရ့ဲမျက်ဝန်းကနေကျလာတာတ့ဲမျက်ရည်တွေန့ဲ
တသိမ့်သိမ့်တုန်လှုပ်နေတ့ဲကိုယ်လုံးလေး။ မျက်
ရည်တွေကျနေတ့ဲဒေါက်တာရ့ဲမျက်ဝန်းထဲ
ကြောက်လန့်နေတ့ဲပုံရိပ်ကိုမြင်နေရသည်။
မိမိရ့ဲခါးကိုတင်းကျပ်နေအောင်ဖက်လာပြီး
ရင်ခွင်ထဲတိုးဝင်လာတ့ဲဒေါက်တာ ။ဒေါက်တာက
ကလေးတစ်ယောက်လို ငိုယိုကာ စကားဆိုလာခ့ဲသည်။
"မနက်က! မနက်က သေသွားတ့ဲလူက ငါ့ဆီ
ရောက်လာတယ် သွေးသံတရဲရဲန့ဲရုပ်ပျက်ဆင်း
ပျက်ဖြစ်နေတ့ဲအ့ဲဒီလူကို ငါအရမ်းကြောက်တယ်
ငါအရမ်းကြောက်တယ် အဂ္ဂ"
"ဒေါက်တာ အိမ်မက်ဆိုးမက်တာ ဘာမှမ
ဖြစ်ဘူး ကိုယ်ရှိတယ်နော် စိတ်အေးအေးထား
ကိုယ်ရှိတယ် ဘာမှမဖြစ်ဘူး ဒါကအိမ်မက်သက်
သက်ပဲ ကိုယ် ရေသွားယူပေးမယ်"
"မသွားန့ဲ! ကျေးဇူးပြုပြီး! ​ကျေးဇူးပြုပြီး ငါ့အနား
မှာပဲ​ရှိ​နေ​ပေးပါ အဂ္ဂ"
ရင်ခွင်ထဲကနေတောင်းဆိုလာတ့ဲဒေါက်ကို
ပြန်ပြီးထွေးဖက်လိုက်သည်။ဒေါက်တာရ့ဲ
ခေါင်းလေးကိုအသာယာပုတ်ပေးပြီး ကျောလေး
ကိုသပ်ပေးကာ စိတ်ငြိမ်သွားအောင် ချော့မြူ
ပေးမိသည်။
နွေးထွေးသည်။အဂ္ဂရ့ဲရင်ခွင်ကနွေးထွေးပြီး
သူ့အတွက်လုံခြုံတယ်လို့ခံစားမိသည်။အဂ္ဂရ့ဲ
ကိုယ်သင်းရနံ့လေးကိုလည်း သူသ​ဘောကျ
လာသလိုပင်ခံစားလာရသည်။
ဒီခံစားချက်ကြီးကိုအရမ်းမုန်းတယ်...
✡✡✡✡✡✡✡✡✡✡✡✡✡✡✡✡✡
Ep.9...
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းဆီတိုင်းကို
ကျေးဇူးအများကြီးတင်ပါသည်။💌
                       HOPE🍁
(Zawgyi)
"ဒီအသံက..!"
စုံမှိတ်လိုက်တဲ့မျက်ဝန်းတွေကို ဖြေးဖြေးချင်းဖွင့်
ကြည့်တော့ မိမိရှေ့သွေးတွေနဲ့လဲကျနေသော
ခဲ့တာ သူတကယ်သေပြီးလိုထင်ခဲ့တာ ။
ကျဆင်းလာသည်။နာကျင်နေတဲ့ ခန္ဓာကိုယ်
အနောက်ဘက်ကနေ ပွင့်လာနဲ့တံခါးကြီးနဲ့အတူ
အဂ္ဂမဟာက ပြုံး​နေခဲ့သည်။ပြီးနောက် လဲကျနေတဲ့သူ့ကို ပွေ့ချီလိုက်သည်။
"အဲ့တာကြောင့် ထွက်မပြေးပါနဲ့လို့ပြောခဲ့တာကို"
တစ်ကိုယ်လုံးတုန်ရီနေတဲ့ ဒေါက်တာကို ပွေ့ချီ
တဲ့ အစားသောက်စာပွဲဆီခေါ်လာခဲ့သည်။
ဒေါက်တာကို မိမိရဲ့မျက်နှာချင်းဆိုင်မှာထိုင်စေ
ခဲ့သည်။
သေချာလှီးထားတဲ့အသားပန်ကန်ကို ဒေါက်တာ
ရှေ့ချပေးလိုက်သည်။ အတော်ဗိုက်ဆာသွား
တယ်လို့ထင်ပါရဲ့ ပါးစပ်ထဲအပြည့်အသားကို
"ဖြေးဖြေးစားပါ "
"ဘာလို့လာမခေါ်တာလဲ!"
"........................"
မလား!! အဲ့ဒါကို ဘာလို့ လာမခေါ်တာလဲလို့!!!
စောင့်နေခဲ့တာ ငါစောင့်နေခဲ့တယ်​"
ကလေးတစ်ယောက်လိုမျိုး မိမိရှေ့အော်ငိုနေတဲ့
ဒေါက်တာက မိမိလာခေါ်မှာကိုစောင့်နေခဲ့တယ်
တဲ့။ ဒေါက်တာရဲ့စကား​ကြောင့် ​ကျေနပ်မိတယ်။
လျှောက်သွားကာ အနား​​ရောက်မှ ​ဒေါက်တာရဲ့
"အဲ့တာကြောင့်ပြောစကားနားထောင်ခဲ့သင့်တာ
မယ်"
"ဖယ်! လာမကိုင်နဲ့ ငါဘာသာလုပ်တတ်တယ်"
တဲ့ အဂ္ဂရဲ့လက်ကိုပုတ်ချလိုက်ပြီး မတ်တပ်ထရပ်
ခန္ဓာကိုယ်ကတော့အားမရှိစွာလဲကျသွားခဲ့သည်။
တစ်စုံတစ်ယောက်ရဲ့ရင်ခွင်ထဲကိုပေါ့။
မိမိရင်ခွင်ထဲအံဝင်ခွင်ကျပြုတ်ကျလာတဲ့
သည်။
ဒေါက်တာအတွက်ကြီးပဲ"
နူတ်ခမ်းပါးတွေ့ကော့တက်သွားတဲ့အထိပြုံးလိုက်
တဲ့အဂ္ဂရဲ့အပြုံးတွေက အရိုင်းဆန်ပေမဲ့ ကြည့်
ကောင်းနေခဲ့သည်။
ရှိသေးတယ်အိပ်ပျော်သွားခဲ့သည်။
အိပ်ပျော်နေတဲ့ဒေါက်တာရဲ့တစ်ကိုယ်လုံးကို
မြတ်နိုးစွာနဲ့အသေးစိတ်ကြည့်နေလိုက်တယ်။
"လှလိုက်တာ"
ပွန့်ပဲ့ရာတွေနဲ့ခြေထောက်ဖွေးဖွေးလေးကိုကြည့်
ရင်း သ​ဘောကျမိသည်။မိမိ​ကြောင့်ဖြစ်လာရတဲ့
ကိုယ်သေသွားခဲ့ရင်တောင် ဒေါက်တာကိုပါ ရ
အောင်ခေါ်သွားမှာ။ ဒေါက်တာနဲ့ပက်သက်ရင်
အဂ္ဂမဟာဆိုတဲ့ကိုယ်က အဲ့လောက်ထိကို အတ္တ
ကြီးတာ။
ဆေးမကူပဲ ပန်းဆီရောင်သန်းနေတဲ့နူတ်ခမ်းပါး
"Good Night Doctor! "
✡✡✡✡✡✡✡✡✡✡✡✡✡✡✡✡
တာလဲ"
ဧည့်ခန်းထဲအတူထိုင်နေတဲ့ စိုင်းခေတ်သစ်ကို
ချေးငွေနဲ့ပက်သက်ပြီးစာချုပ်ပြည့်သွားတဲ့ကောင်
ထဲမှာလက်စသတ်လိုက်ပေမဲ့ ဒီတစ်ခါတော့
လက်နောက်ပြန်ကြိုးချည်ပြီးမေ့မျှော်နေတဲ့ကောင်
"ကိစ္စရှိလို့ ဒါနဲ့ လက်နက်ကိစ္စအဆင်ပြေရဲ့လား"
ကြည့်ပြီးစီစဉ်လိုက် "
"ဟုတ်ကဲ့Boss! အရင်တစ်ခေါက်ကစုံစမ်း
ခိုင်းထားတဲ့Bossကိုလုပ်ကြံတဲ့သူကိုသိပြီး"
"ဘယ်သူလဲ?"
"ဗေ့ဇီလာ Bossရဲ့အကိုပဲ"
သတ်တဲ့သူပဲ ဘာမှသွေးမတော်သားမစပ်နဲ့ငါ့ကို
"အခုသူရဲ့အဖွဲ့ ဒီကိုရောက်နေပြီး ဖြစ်နိုင်ရင်
ဆက်အကြောင်းကြားဖို့မမေ့နဲ့"
"ဟုတ်ကဲ့Boss"
ဒေါက်တာမာန်ရှိန်ပြင်းပျောက်နေတဲ့သတင်းက
နာမည်ကြီးနေတယ်"
"မင်းလုပ်စရာကိစ္စတစ်ခုရှိတယ် ​ဒေါက်တာရဲ့
မိဘ​တွေကိုသတ်သွားတဲ့သူရဲ့အချက်လက်​တွေ
"ဟုတ်ကဲ့ ပြန်ရောက်ရင် ချက်ချင်းရှာပြီးပို့ပေးပါ့
"အင်း"
ကြည့်နေလိုက်တယ်။ထိုင်နေတဲ့သူကိုတွေ့တော့
"ကျစ်! နားငြီးတယ် "
အသင့်ချထားတဲ့ဘစ်ဘော့ရိုက်တံကိုကောက်
ကိုင်လိုက်သည်။ထိုင်​နေတဲ့ တစ်ကိုယ်လုံးတုန်
လှုပ်နေတဲ့ ကောင်ရဲ့မေ့စေ့ကို ရိုက်တံနဲ့ဆွဲယူ
ကာ မော့ကြည့်စေသည်။
"ဒီ ဘစ်ဘော့ရိုက်တံက အကန့်သတ်နဲ့ထုတ်
ထားတဲ့Brandလေ တစ်နှစ်လုံးမှာမှ၂ချောင်း
ပဲထုတ်တယ် ဒီလိုဈေးကြီးတဲ့ Brandနဲ့အရိုက်
ဘာသံမှထွက်မလာပေမဲ့ တော်တော်ကြောက်နေ
ပြီးဆိုတာ မျက်နှာကြည့်ရုံနဲ့သိနေပြီး။
သည်။၁၀စက္ကန့်လောက်လိုလောက်တဲ့အချိန်နူတ်
မှဆိုလိုက်သည်။
"10...9...8...7..."
မျက်လုံးရှေ့ ဝေခွဲမရပဲ ယောင့်ယက်ခပ်နေတဲ့
"4...3...2..!"
"ခြေထောက် ခြေထောက်!"
"တော်တယ် စပြီးနော်"
အားနဲ့လွဲကာထိုလူရဲ့ခြေထောက်တစ်စုံကိုရိုက်ချ
ထဲနဲ့ခြေတစ်ဖက်ကကျိုးသွားတာပဲ။
ပြောထားတဲ့အတိုင်း ​ကျေသွားတဲ့အထိကို
အဆက်မပြတ်ရိုက်​ချေ​နေ၏ ထိုလူရဲ့​ခြေ​ထောက်
ပြီးရိုက်​နေတာ​ကြောင့် အဂ္ဂရဲ့မျက်နှာနဲ့ရှပ်အင်္ကျီ
အော်ဟစ်ကာတောင်ပန်းနေတဲ့ထိုလူကို ရယ်မော
ခြေရင်းနားမှာမိမိကိုထိန့်လန့်စွာရပ်ကြည့်နေတဲ့
လှည့်ကာ အလှဆုံးအပြုံးနဲ့ပြုံးပြလိုက်သည်။
"အပြစ်ပေးနေတာ!"
သွေးတွေပေကျံနေပြီးပြုံးနေတဲ့ အဂ္ဂရဲ့မျက်နှာက
တဲ့အသံကြောင့် အမြန်ဆင်းလာခဲ့မိတာ။ ရောက်
ရောက်ချင်း မြင်လိုက်ရတဲ့မြင်ကွင်းက သွေးပျက်
ယောက်ရဲ့ခြေတစ်စုံကို သွေးတွေကြားအဆက်
မပြတ်ကိုရိုက်ချိုးနေခဲ့သည်။
မိမိဆီလမ်းလျှောက်လာတဲ့အဲ့အဂ္ဂက လူတစ်
ယောက်လုံးရဲ့ခြေထောက်တွေကိုကျေနေအောင်
ရိုက်ချေထားတာတောင် ပြုံးနေခဲ့သည်။
"လာ! ကိုယ်နဲ့အတူ လူသတ်တမ်းဆော့ရအောင်"
"အဂ္ဂမဟာ!"
ပေးမယ်လေ"
"အွန်း ရူးနေပြီး အဲ့ဒါကြောင့် ဒေါက်တာကုသ
ပေးမှရမယ်"
သွေးတွေပေနေတဲ့လက်နဲ့ မိမိရဲ့လက်ကိုလာဆွဲ
ကာ ဆိုဖာဆီကိုဆွဲခေါ်သွားခဲ့သည်။ပြီးနောက်
အဂ္ဂက သူ့ရဲ့ပေါင်ပေါ်မှာ မိမိကိုအတင်းချုပ်ပြီး
ထိုင်စေခဲ့တယ်။ဘယ်လောက်ရုန်းရုန်း အဂ္ဂရဲ့
"သေချာကြည့် အ​ကြောင်းရာခြင်းမတူညီ​ပေမဲ့
တူထားတာ အဲ့တော့ အခု အဲ့ဒီကောင်ရဲ့အသက်
က ကိုယ့်အပိုင်ပဲလေ အဲ့တော့ ကိုယ်စိတ်ကြိုက်
အကြွေးပြန်မဆပ်နိုင်လို့ အသက်ကိုယူတယ်တဲ့
လား ဘယ်လိုစောက်ရေးမပါတဲ့အရာကြီးလဲ!
"အဂ္ဂမဟာ အဲ့တာ လူတစ်ယောက်နော် လူတစ်
ယောက်ရဲ့အသက်ကို ဘာလို့ဒီလို လက်လွတ်
ဒေါက်တာရဲ့အမျိုးသားလေ"
"ဟက်! အဲ့လိုအတွေးမျိုးမရှိလို့ တောင်းဆိုမနေ
နဲ့ အလကားပဲ"
စာပွဲ​သေနတ်ကို ​ကောက်ကာ ​ဒေါက်တာရဲ့လက်
ထဲထည့်​ပေးလိုက်သည်။
မလိုဘူးလို့ထင်တယ် "
"အဂ္ဂ!"
"ပစ်လိုက်!"
"ငါမလုပ်နိုင်ဘူး!"
"ဒေါက်တာ ကိုယ်ပြောတဲ့အတိုင်းလုပ်ရင် အဲ့ဒီ
ကိုယ့်စကားကို ဆန့်ကျင်ရင် အဲ့ကောင်ရဲ့မိသားစု
ရွေးချယ်ပါ"
"အဂ္ဂမဟာ မင်းငါ့ကိုအကျပ်လာမကိုင်နဲ့"
ရွယ်ကြီးတဲ့အဖွားအိုတစ်ယောက်နဲ့ မိန်းမနှစ်
ဦးစကားပြောနေကြသည်။CCTVကနေအထင်
သားမြင်နေတဲ့သူတွေက ပြုံးပျော်ရွှင်နေကြသည်။
နောက်တစ်ခုထပ်ပြတဲ့အရာက အိမ်အပြင်ဘက်
သည်။ ဒါပေမဲ့ ထိုလူက စနိုက်ပါနဲ့ အခန်းထဲက
သူတွေကိုချိန်ထားသည်။
"ဒါကအဲ့ကောင်ရဲ့အမေ ဒါကသူ့မိန်းမ ဒါကသူ့
ညီမ အခုအဲ့ဒီအိမ်ရဲ့အပြင်ဘက်မှာ ကိုယ်ရဲ့လူ
ဒေါက်တာ အဲ့ဒီကောင်ကိုမပစ်ရင် အဲ့အခန်းထဲက
သူတွေရဲ့ခေါင်းမှာအပေါက်လေးတွေဖြစ်သွား
လိမ့်မယ်"
"မင်း!!"
"10...9...8...7...5...4...3...!"
"တောင်းပန်ပါတယ်!"
ဒိုင်း!💢
ကလူရဲ့ရင်ဘက်ကိုမှန်းပြီး ပစ်လိုက်မိသည်။
မျက်ဝန်းတွေကိုမှိတ်မချလိုက်နဲ့ ဖွင့်ထား"
သူအဲ့ဒီလိုပြောလိုက်တော့ အဂ္ဂက သေနတ်
ကိုင်ထားတဲ့မိမိရဲ့လက်ကို ထပ်ကိုင်ကာ အဆက်
မပြတ်ထိုလူရဲ့ခေါင်းကိုပစ်လိုက်တော့သည်။
မွနေတဲ့ဦးခေါင်းခွံကိုကြည့်ကာ အန်ချမိတော့
သည်။ ဒါကိုသွေးအေးအေးနဲ့ကြည့်ပြီးရယ်နေ
အေးအေးနဲ့သတ်နိုင်ရတာလဲ။
"ဖယ် ငါ့အသားကိုမထိနဲ့!"
မိမိရဲ့ကျောပြင်ကို သပ်ပေးဖို့ပြင်နေတဲ့
ကို ပြေးတက်သွားမိသည်။ ဒီမြင်ကွင်းကိုဆက်
"အ​တော်လန့်သွားပဲ"
ပြင်လိုက်သည်။
ထင်တယ် ဟက်!
🕦11:30PM....
"သွား!!!!မလာနဲ့! ငါ့ဆီမလာနဲ့ မလာနဲ့!!!"
"ဒေါက်တာ! ဒေါက်တာ!"
အိပ်နေရင်း ယောင်ကာထအော်လာတဲ့
ရဲ့မျက်ဝန်းကနေကျလာတာတဲ့မျက်ရည်တွေနဲ့
တသိမ့်သိမ့်တုန်လှုပ်နေတဲ့ကိုယ်လုံးလေး။ မျက်
ရည်တွေကျနေတဲ့ဒေါက်တာရဲ့မျက်ဝန်းထဲ
ကြောက်လန့်နေတဲ့ပုံရိပ်ကိုမြင်နေရသည်။
မိမိရဲ့ခါးကိုတင်းကျပ်နေအောင်ဖက်လာပြီး
ရင်ခွင်ထဲတိုးဝင်လာတဲ့ဒေါက်တာ ။ဒေါက်တာက
ကလေးတစ်ယောက်လို ငိုယိုကာ စကားဆိုလာခဲ့သည်။
"မနက်က! မနက်က သေသွားတဲ့လူက ငါ့ဆီ
ရောက်လာတယ် သွေးသံတရဲရဲနဲ့ရုပ်ပျက်ဆင်း
ပျက်ဖြစ်နေတဲ့အဲ့ဒီလူကို ငါအရမ်းကြောက်တယ်
"မသွားနဲ့! ကျေးဇူးပြုပြီး! ​ကျေးဇူးပြုပြီး ငါ့အနား
မှာပဲ​ရှိ​နေ​ပေးပါ အဂ္ဂ"
ရင်ခွင်ထဲကနေတောင်းဆိုလာတဲ့ဒေါက်ကို
ပေးမိသည်။
နွေးထွေးသည်။အဂ္ဂရဲ့ရင်ခွင်ကနွေးထွေးပြီး
✡✡✡✡✡✡✡✡✡✡✡✡✡✡✡✡✡
Ep.9...
                       HOPE🍁
Continue Reading
You'll Also Like
3.5K 99 15
*The second book of The Beginning Of Krew Kingdom* A kingdom who ruled by the Krew. Funneh was trying to look for her little sister and brother who h...
785K 65.6K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
10.1K 457 23
1990 ၀န်းကျင် အခြေအနေတစ်ခုကိုရေးထားသည်မို့ အမှားအယွင်းရှိပါက ကျွန်တော်၏အမှားသာဖြစ်သည်။
15.6K 756 18
🌸ပန်းမဟုတ်သော ပန်းတစ်ပွင့်အကြောင်း 🌸 "ညီညီငယ် ထလေကွာ ငါတို့ ဟိုးတောင်ပေါ်စခန်းလေး ဆီပြန်သွားရအောင်နော် ဒီမှာကလူတွေပေါ်တယ်ကွ၊ ဟိုအရင်လို ငါတို့နှစ်ယော...