The Person

By poehaythiko

707 51 5

ထာဝရကိုယ့်အပိုင် Complete ✅ writer -Poe More

I liked the wrong person!!
Alcohol!
Holiday

To begin bf:3

119 11 0
By poehaythiko

မင်းအပိုင်!...

"အချစ်"

"အားးး..စောစောစီးစီးကွာဘယ်သူတုန်း အိပ်ကောင်းချင်းမအိပ်ရဘူး "

" ဟေး..ကိုယ်လေအချစ်.."

"ဘာလဲကွာ"

ညကဂိမ်းဆော့လွန်လားမလွန်လားဆိုတာမနက်သုံးနာရီမှအိပ်ရတဲ့အဖြစ်။ကျောင်းကို7နာရီကျော်လောက်လာရတာကြောင့်မလာချင်ပဲလာရသည်။လူကလုံးဝပင်အားမရှိ...မျက်စိထောင့်တောင်မထောက်နိုင်တော့။majorအရှေ့ကခုတန်းမှာတင်အိပ်ပျော်သွားသည်။

အိမ်မက်မက်လို့ကောင်းနေတုန်းဘယ်ကကောင်လဲမသိငါ့ကိုလာနိုးတာ။ကြည့်လိုက်တော့ဟိုကောင်...မင်းလူမှုရေးနားမလည်ဘူးလားဟမ်သူများအိပ်နေတာနည်းနည်းတော့သိတတ်လေကွာ။

"အချစ်က..စိမ်းကားလိုက်တာကွာ"

"ဘာလဲကွာ..မင်းမှာလုပ်စရာမရှိဘူးလား..လာမနှောင့်ယှက်လို့မရဘူးလား"

"……"

တိတ်ဆိတ်သွားသည့်လေထု။ဘာ..ဘာလဲ၊ဘာဖြစ်တာလဲ စိတ်ဆိုးသွားတာလားဘာလား။သူအူကြောင်ကြောင်ကြည့်နေတုန်း

" ကိုယ်...ကိုယ်နဲ့စကားပြောချင်စိတ်ရှိခဲ့လား"

"ဟ..ဟမ်"

"ဟုတ်ပီ..မင်းအဆင်ပြေမယ်ဆို ကိုယ်ထွက်သွားပေးမယ် "

"အမ်...ဟေ ဘာတုန်း ဟေ့ကောင် "

ပြောချင်တာပြောပြီးထွက်သွားတဲ့သူကြောင့်သူမှာစကားပင်မစလိုက်ရ။ငါပြောတာအဲ့လိုမ..မဟုတ်ဘူးလေ၊အဲ့လိုဆိုလိုတာမဟုတ်ဘူးလေ။တွေးနေတုန်း ပြုံးစိစိနဲ့markရောက်လာသည်။

" ဟျောင့် ဘာဖြစ်နေတာလဲ "

" ငါသူ့ကိုပြောတာလွန်သွားလို့လား"

"ဘာတုန်း.မင်းဟာကအစမရှိအဆုံးမရှိနဲ့ ဘယ်သူကအပြောလွန်တာလဲ ဘယ်သူလဲ "

" Satang ကိုကွာ ငါက..မနှောင့်ယှက်နဲ့လို့ပြောလိုက်တာလွန်သွားလား "

"သူကမင်းဘာလုပ်လို့လဲ "

"ဘားမှမလုပ်ပါဘူး..ငါကဒီတိုင်းအိပ်ချင်နေတာနဲ့ ပြောမိလိုက်တာ"

" ဒီဖေ.."

" နာတယ်ကွ နွားရဲ့"

" မင်းကအဲ့လိုပြောမှတော့ ဟိုကစိတ်မကောင်းဖြစ်သွားမှာပေါ့ "

" အဲ့တာ ဘယ်လိုလုပ်ရမလဲ "

" မင်းပေါ်မှာပဲမူတည်တယ် "

ပြောပြီးတာနဲ့Markကလုပ်စရာရှိတယ်ဆိုကာထွက်သွားတော့တယ်။သူစဉ်းစားခန်းဖွင့်နေတော့တယ်။

_____________________________

" Ai Sata..."

ဟိုနေ့ပြီးကတည်းကsatangသူ့ကိုရှောင်နေတယ်။အရင်ကဆိုသူဘယ်သွားသွားလိုက်နေတဲ့သူကခုသူ့မျက်စိရှေ့မှာပေါ်တောင်မလာပေ။ canteen သွားရင်တွေ့တာကြောင့်ခေါ်လိုက်ပေမဲ့ရှောင်ထွက်သွားသောသူ။

တစ်နေ့ပြီးတစ်နေ့ပြီးသွားပေမဲ့သူမနေတက်။satangသူ့ကိုရှောင်နေတာမျိုးကြီးကိုသူမကြိုက်။ဒါကြောင့်ထိပ်တိုက်ဖြေရှင်းရန်ပြင်ဆင်လိုက်သည်။

"Sa... Satang"

လှည့်မကြည့်

" Satang"

"Ai satang"

သူစိတ်မရှည်ကာမှီအောင်လိုက်ပြီးလက်အားဆွဲလိုက်သည်။

" မင်းဘာဖြစ်နေတာလဲ "

"......"

"ဘာလို့ငါ့ကိုရှောင်နေတာလဲ"

" အနှောင့်ယှက်ဖြစ်တယ်ဆို အဲ့ကြောင့် "

"မဟုတ်..ငါအိပ်ချင်နေလို့ပြောမိလိုက်တာ"

"........."

"ငါ...ငါ မင်းဒီလိုကြီးရှောင်နေတာကျမနေ..မနေတက်ဘူး"

".........."

" ဘယ်လိုခံစားချက်ကြီးလဲအဲ့တာ"

" မင်းကကိုယ်နဲ့မှစကားပြောချင်စိတ်မရှိဘူးဆိုတည်းက...မင်းမှာဘာခံစားချက်မှမရှိဘူး"

"မဟုတ်ဘူး...ငါ..ငါ မင်းကိုချစ်မိနေတာလား "

"မတိကျတဲ့အဖြေနဲ့ကိုယ်ကိုလာမပြောပါနဲ့ ပြောစရာမရှိတော့ရင်ကိုယ်သွားပီ"

"Aii satang...ငါမင်းကိုချစ်တယ်..ချစ်တယ်လို့....."

ရပ်တန့်သွားတဲ့ခြေလှမ်းတွေအခုသူ..သူကချစ်တယ်လို့ပြောလိုက်တာလား။နှလုံးခုန်တွေမြန်တာမှပေါက်ထွက်မတက်ပဲ။သူစောင့်နေတာဒါပဲ...သူလူသားလေးဆီကဒါမျိုးကိုကြားချင်တာ။

ကိုယ့်မှာအဲ့တာလေးကြားရဖို့ရှောင်လိုက်ပြေးလိုက်ရ။မျက်နှာလေးကြည့်ကဖို့တောင်အိပ်နေတဲ့ချိန်လေးပဲတိတ်တိတ်လေးသွားကြည့်ရတဲ့အဖြစ်။အဲ့တာတွေကဘားမှမဟုတ်ပါဘူး..ခုတန်သွားပြီလေ။သူနောက်ကျောကလူသားလေးအားစချင်တာကြောင့်

" စိတ်ထဲကမပါတဲ့စကားတွေနဲ့ လာမပြောပါနဲ့"

"မဟုတ်...ပါတယ်စိတ်ထဲကကောရင်ထဲကကောပါတဲ့စကား...ငါမင်းကိုချစ်တယ်..."

"......"

"Oww..တစ်ခုခုပြန်ပြောအုန်းလေ အဲ့လိုကြီးကြည့်မနေနဲ့လေ"

သူ့၏မျက်နှာတွင်အပြုံးတစ်ခုအားပေါ်လာတော့သည်။အရှေ့ကအကောင်ပေါက်ကြောင့်နှလုံးခုန်ရပ်ပြီးသေတော့မှာပဲ။

‌‌နောက်ဆုံးတော့ကိုယ့်အပိုင်ဖြစ်လာပြီပဲ..

___________________

မကောင်းမကန်း‌ေရးရမယ်ဆိုကျမကထိပ်ဆုံးက😞🤚🏻

Continue Reading

You'll Also Like

2.9K 340 15
ဥပဒေကချစ်သော ဆေးကျောင်းသာလေး
8.7K 805 15
" တစ်ခါတစ်လေ လှောင်အိမ်ထဲက ငှက်တစ်ကောင် ဖြစ်နေတဲ့ ကိုယ့်ကိုကိုယ်လဲ မုန်းမိသား.." Gemini X Fourth
1.3K 89 10
"P'Q!!" "ငါနဲ့မဆိုင်ဘူးနော်" "ဟေ့ငါတို့နဲ့လဲမဆိုင်ဘူးနော်" 9+
2.7M 156K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...