နတ်နဂါးစစ်သည်

By purefeather199

17.2K 1.5K 21

နတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရ... More

အခန်း 1+2 (ငါ ပြန်လာခဲ့မယ်)
အခန်း 3+4 (အရင်းနှီးဆုံး သူစိမ်း)
အခန်း 5+6(အခန်းဖော်)
အခန်း 7+8(အလှနတ်သမီး၏အခြွေံအရံများ)
အခန်း 9+10(ရှောင်ဖို့ပဲတတ်တာလား)
အခန်း 11+12(အဓိပ္ပါယ်မရှိတဲ့ အောက်ဆုံးစည်း)
အခန်း 13+14(အားလုံးကို ထိန်းသိမ်း)
အခန်း 15+16(ရှေ့နေများ၏အဝိုင်းခံရခြင်း)
အခန်း 17+18(ပျားရည်ထောင်ချောက်များပင် အလုပ်မဖြစ်)
အခန်း 19+20(ဒီခန္ဓာကတော့တစ်ခုခုမှားနေပြီ)
အခန်း 21+22(ချောင်ပိတ်မိခြင်း)
အခန်း 23+24(လိမ္မာပါးနပ်တဲ့ရဲ)
အခန်း 25+26(ရုတ်တရက်ရောက်လာသောသတင်းထောက်များ)
အခန်း 27+28(အနည်းငယ်ခံစားသွားရခြင်း)
အခန်း 29+30(မထိန်းချုပ်နိုင်သောစွမ်းအားများ)
အခန်း 31+32(ဂိုဏ်းလေးဂိုဏ်း၏နောက်ခံ)
အခန်း 33+34(၅ မိနစ်တည်းနဲ့ အမှောက်သိပ်မယ်)
အခန်း 35+36 (သူ့ကို ခေါ်သွားချင်ရင် ငါတို့ စည်းကမ်းအတိုင်း လုပ် ))
အခန်း 37+38( ပြဿနာဒုတ်ထိုးရှာသူ )
အခန်း 39+40(အကြီးအကဲများ)
အခန်း 41+42(ခွန်အား စမ်းသပ်မှု )
အခန်း 43+44(အမှတ်မထင် တိုက်ပွဲတခု )
အခန်း 45+46(အမျိုးသမီး နှစ်ဦးကြားမှ အလောင်းအစား )
အခန်း 47+48 (ငါ မဖမ်းရဲတဲ့သူ မရှိဘူး )
အခန်း 49+50 ( ပန်းကလေး၏ စောင့်ရှောက်သူများ ဒေါသထွက်ခြင်း )
အခန်း 51+52( ရန်ငြိုးတွေ ရှိရင် အခုညပဲ အပြတ်ရှင်းရအောင် )
အခန်း 53+54 (သေမင်းတမန် ထိုးသတ်ပွဲ ဖိတ်ကြားလွှာ )
55+56 (သေမင်းတမန် ထိုးသတ်ပွဲအား လက်ခံခြင်း )
57+58( ကြိုတင်ပြင်ဆင်ခြင်း )
59+60( အကဲဖြတ်မှု ( ၁ ) ( တုံ့ပြန်မှု အမြန်နှုန်း )
61+62(မျက်လုံးအုပ်၍ ပစ်ခတ်ခြင်း )
63+64(အားကုန်သုံးပြီး ငါ့ကို ထိုးစမ်းပါ...)
65+66(လုံးဝ အကြံပြုတယ်...)
67+68( စောင့်နေရတာ တန်ရဲ့လား.... )
69+70(အခြေအနေ)
71+72(သူ ငါ့ရည်းစားဖြစ်လာရစေမယ်)
73+74( မတူညီသော အတွေးကိုယ်စီ )
75+76(မခူးဆွတ်ရက်သောပန်းတစ်ပွင့်)
77+78(ဒီအရူးကောင်ကတော့)
79+80(ကြောက်မက်ဖွယ်ရာတို့၏အစ)
အခန်း ၈၁ (ငါတို့ မစ်ရှင်ကို နင်ဘယ်လိုသိတာလဲ)
အခန်း ၈၂ (ငါမင်းနဲ့ကစားမယ်)
အခန်း ၈၃ (လှည့်စားမှု)
အခန်း ၈၄ - ငါ့မှာ သဘောကျတဲ့သူ ရှိပြီးသား
အခန်း ၈၅ ( ရှုချန်း လုပွဲ )
အခန်း ၈၆( လင်ချူရွယ်အား ပိုးပန်းနေသူ )
အခန်း ၈၇ ( တဲဗက်စ် မိသားစုပိုင် ကာစီနိုသို့ အလည်တခေါက် )
အခန်း ၈၈( လောင်းကစားဟူသည် အနုပညာတမျိုး...)
အခန်း ၈၉(အပျော်တမ်း ဖဲရိုက်ကြတာပေါ့... )
အခန်း ၉၀ (အလောင်းအစား)
အခန်း ၉၁ ( ဒီကောင်လေး ပြောင်းလဲသွားပြီ )
အခန်း ၉၂ (စာစဥ် ၇) (အချစ်လေး... ကိုယ့်ကို ဖဲဆော့ဖို့ ပိုက်ဆံ နည်းနည်းချေး )
အခန်း ၉၃ (မင်း တိုက်ပေါ်က ခုန်ခုချင်လည်း ပိုမြင့်တဲ့ တိုက်ကိုရှာ )
အခန်း ၉၄ ( အကြွင်းမဲ့ ပြောင်းလဲခြင်း တစ်ခု )
အခန်း ၉၅(ဒီခံစားချက်ကို လွမ်းတာ ကြာပြီ )
အခန်း ၉၆(ခေါင်းဆောင် ရဲ့ အမိန့်ကို နာခံ )
အခန်း ၉၇
အခန်း ၉၈ +၉၉
အခန်း ၁၀၀+၁၀၁
102+103
104+105
106+107
108+109
110+111
112+113
114+115
116+117
118+119
120+121
122+123
124+125
126+127
128+129
131+132
133+134
အခန်း ၁၃၅ ( သွေးကြွေးပြန်တောင်းရန် ရောက်လာသူများ )
အခန်း ၁၃၆ ( ပုန်းလျှိုးကွယ်လျှိုး )
အခန်း ၁၃၇ ( မယုံနိုင်ဖွယ် ဖြစ်ရပ် )
အခန်း ၁၃၈ ( ရှန်ဝမ်ဆန်း )
အခန်း ၁၃၉ ( အဲဒီ ရှုချန်း အစစ်ပဲ... )
အခန်း ၁၄၀
အခန်း ၁၄၁
၁၄၂( အထီးဖြစ်ဖြစ် အမ ဖြစ်ဖြစ် ဂရုမစိုက်ဘူး )
၁၄၃( ဒီကလေးက ငယ်လွန်းသေးပါတယ်... )
၁၄၄( အသန်မာဆုံး B အဆင့် )
၁၄၅( လင်လဲ့ နေထိုင်ခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက် )
၁၄၆( လီတ့ဟွမ်၏ အဆုံးသတ် )
၁၄၇( ကျုပ်မသွားခင် တံခါးဝဂိုဏ်း လေးခုလုံးကို ရှင်းသွားမယ်...)
၁၄၈( လုပ်ရိုးလုပ်စဥ် အတိုင်း စစ်ဆေးမယ် )
၁၄၉( ဟဲထျန်း ၏ ဗျူဟာ )
၁၅၀( အားလုံးကို ဖမ်းဆီးထိန်းသိမ်းခြင်း )
၁၅၁( ကျုပ်တို့ သူဌေးက ခင်ဗျားကို စကား တစ်ခွန်းလောက် ပြောချင်လို့တဲ့... )
၁၅၂( ကျုပ်ကို ခြိမ်းခြောက်ခဲ့တဲ့သူတွေ အခု ဘာဖြစ်နေလဲ သိလား... )
၁၅၃( ညီလေး... စားနော်...)
၁၅၄( စစ်ဒေသ ၃၆ ခု ပြိုင်ပွဲ )
၁၅၅( တကယ်ကို ထိုက်တန်ပါတယ်... )
၁၅၆(နောက်ယောင်ခံ လိုက်ခြင်း )
၁၅၇( ကျုပ် ရှာဖွေရေး ဝရမ်း လိုတယ် )
၁၅၈(ဖော်ထုတ်ခံရပြီ )
၁၅၉(အင်အားသုံး )
၁၆၀( ဟာကွက် အပြည့်နှင့် )
၁၆၁( ခေတ်တစ်ခေတ် အဆုံးသတ်ခြင်း )
၁၆၂( အနာဂတ်မှာ မင်းဘယ်လောက်ထိ အောင်မြင်မလဲဆိုတာ ငါ တကယ်ကိုမြင်ချင်ပါတယ်...)
၁၆၃( ပိုက်ကွန်ထဲမှ လွတ်သွားသော ငါးတစ်ကောင် )
၁၆၄
၁၆၅( သောက်ကျိုးတော့နည်းကုန်ပြီ ယောက်ဖရေ...)
၁၆၆( နင့်သူငယ်ချင်းက နင့် ယောက်ျားကို ဖွင့်ပြောလိုက်ပြီ...
၁၆၇( ရှန်ယောင် ချန်ခဲ့သော စာတစ်စောင် )
၁၆၈( ကတိ )
၁၆၉( ငါပြန်လာပြီ )
၁၇၀( မောက်မာသော လူသစ် )
၁၇၁( စီနီယာများနှင့် ဂျူနီယာများ အကြားမှ စစ်ရေးလေ့ကျင့်မှု )
၁၇၂( တစ်ကိုယ်တော် အစွမ်း )
၁၇၃( ဒီကောင် ဘာ အခွင့်အရေးမှ မရစေရဘူး )
၁၇၄( ပြည့်စုံသော လမ်းကြောင်း )
၁၇၅( မခုတ်တတ်တဲ့ကြောင် )
၁၇၆( စိတ်လှုပ်ရှားစရာ မရှိသလောက်ပါပဲ... )
၁၇၇( ငါတို့ TV အစီအစဥ် တစ်ခုမှ ပါရမယ် )
၁၇၈( ငါ လုပ်နိုင်တယ် )
၁၇၉( လင်ချူရွယ် )
၁၈၀( လေးလေးနက်နက် တွေးတောခြင်း )
အခန်း ၁၈၁( ထပ်ပြီးတော့ ရှုချန်းပဲလား... )
၁၈၂ + ၁၈၃( စစ်ဒေသ ငါးတွင် လူသစ်ကလေး ထင်တိုင်းကြဲရမည့် အလှည့် မရောက်သေးချေ...)
အခန်း ၁၈၄( အသက်တွေလည်း ကြီးပါပြီ... လှေကားက ဆင်းတာပဲ ကောင်းပါတယ်...)
အခန်း ၁၈၅ + ၁၈၆( မင်း မျက်ခွက် )
အခန်း ၁၈၇ + ၁၈၈(တစ်လောကလုံး နဲ့ စစ်ပြိုင်မယ် )
အခန်း ၁၈၉ + ၁၉၀( အရှက်မရှိ... )
အခန်း ၁၉၁ + ၁၉၂ + ၁၉၃( အမျိုးသမီး စစ်ယူနီဖောင်း )
အခန်း ၁၉၄ + ၁၉၅( ကံမကောင်းလွန်းသူကို ရန်ရှန်း ဟု ခေါ်သည်...)
၁၉၆ + ၁၉၇( ခင်ဗျား ရုပ်ရှင် ရိုက်ရင်လည်း ဒီလို အက်ရှင်ကားမျိုး ရိုက်စမ်းဗျာ... )
အခန်း ၁၉၈+၁၉၉( နဖူးပြင်ထက်မှ အနမ်းပန်း တစ်ပွင့် )
အခန်း ၂၀၀+၂၀၁( ခေါင်းမာသူ )
အခန်း ၂၀၂ + ၂၀၃( အဲဒါ ငါ့အိပ်မက်ပဲ... )
အခန်း ၂၀၄ (မင်းက ဆရာကြီးပဲ... )
အခန်း ၂၀၅+၂၀၆( ပြင်းထန်သော ပြိုင်ဆိုင်မှု )
အခန်း ၂၀၇+၂၀၈( ပြည့်စုံသော အစပြုခြင်း တစ်ခု )
အခန်း ၂၀၉+၂၁၀(ပစ်ချက် )
၂၁၁ + ၂၁၂( အသံမထွက်အောင် ဘယ်လို လျှောက်လာတာလဲ... )
အခန်း ၂၁၃ + ၂၁၄( တပ်တွင်း အပြေးချန်ပီယံပင် မလွတ်မြောက်နိုင်ခဲ့...)
အခန်း ၂၁၅ + ၂၁၆( သောက်ရမ်း မိုက်ချက်ပဲ )
အခန်း ၂၁၇ + ၂၁၈( ဒါဆို ငါ စ လှုပ်ရှားပြီ )
အခန်း ၂၁၉ + ၂၂၀( လူယုတ်မာ )
အခန်း ၂၂၁ + ၂၂၂(ခက်ခဲတဲ့ ပြိုင်ဘက် )
အခန်း ၂၂၃ + ၂၂၄(အရှက်မရှိ )
အခန်း ၂၂၅(မင်း ထပ်ပစ်ချင်သေးရင် ပစ်လေ )
အခန်း ၂၂၆ + ၂၂၇(မင်းအမေ ကိုယ်စား မင်းကို ခွင့်လွှတ်လိုက်မယ် )
အခန်း ၂၂၈ + ၂၂၉(ဖြစ်ချင်ရာကို အကောင်အထည် ဖော်ခြင်း )
အခန်း ၂၃၀ + ၂၃၁(ထိပ်တန်းအထူးအဖွဲ့ )
အခန်း ၂၃၂ + ၂၃၃(အဖွဲ့ နှစ်ခု အကြား ကွာြခားချက် )
အခန်း ၂၃၄ +​၂၃၅(ဆုပေးပွဲ )
အခန်း ၂၃၆ +​၂၃၇(ကျွန်မရဲ့ သခင်ကြီး ကာနယ် )
အခန်း ၂၃၈ +​၂၃၉ + ၂၄၀(ရည်ရွယ်ချက် ရှိရှိ )
အပိုင်း - ၂၄၃ +၂၄၄(ဖယ်ရှားပစ်မယ် ( ၂ )
အပိုင်း - ၂၄၅ + ၂၄၆ + ၂၄၇( ငါ တောင်းပန်ဖို့ ရွေးချယ်တယ် )
အပိုင်း - ၂၄၈ + ၁၄၉(ငြင်းပယ်ခြင်း )
အပိုင်း - ၂၅၀ + ၂၅၁(ဒီကောင်လေး မဆိုးဘူးပဲ )
အပိုင်း ၂၅၂ + ၂၅၃( ကျုပ်က နဂါးတပ်ဖွဲ့ကို ကိုယ်စားပြုတယ် )
အပိုင်း ၂၅၄ + ၂၅၅( အရိပ်လက်သီး )
စာရေးသူ မှ ပြန်ကြားလွှာ
အပိုင်း ၂၅၆ + ၂၅၇( နှစ်လေး )
အခန်း ၂၅၈ + ၂၅၉( ငါ့ဇနီးလောင်းနဲ့ တစ်ခြားလူ လက်ထပ်သွားတော့ ငါဘယ်လို ခံစားရမလဲ )
အပိုင်း ၂၆၀ + ၂၆၁( တတိယမင်းသား၏ မဖြစ်စလောက် အကြံ )
အပိုင်း ၂၆၂ + ၂၆၃( စစ်ဆင်ရေးအောင်မြင်ခြင်း )
အပိုင်း ၂၆၄ + ၂၆၅( ကြားဖြတ်ခံရခြင်း )
အပိုင်း ၂၆၆ +​၂၆၇( ငါ ဒီမြို့က မပြန်တော့ဘူး )
အပိုင်း ၂၆၈ +​၂၆၉ + ၂၇၀( ဒီအချိန်မှာတော့ သေးပေါက်ချင်တာပဲ သိတယ် )
အပိုင်း ၂၇၁ + ၂၇၂( ငါ့ကို သောက်ရှက်ခွဲနေတာလား )
အပိုင်း ၂၇၃ + ၂၇၄ + ၂၇၅( အဘိုးကြီးတောင် မင်းလောက် ချော့မသွင်းတတ်ဘူး )
အပိုင်း ၂၇၆ + ၂၇၇ + ၂၇၈(သူ့ကို ဒီမှာ ထိန်းသိမ်းထား )
အပိုင်း ၂၇၉ + ၂၈၀ + ၂၈၁( ညစာစားပွဲ )
အခန်း ၂၈၂ + ၂၈၃( ခင်ဗျားတို့ ဘယ်လောက်ရောင်းမှာလဲ... ကျုပ် အကုန်ဝယ်မယ်... )
အခန်း ၂၈၄ + ၂၈၅( မင်းတို့အားလုံး အမှိုက်လိုကောင်တွေချည်းပဲ...)
အခန်း ၂၈၆ + ၂၈၇ + ၂၈၈(နောက်ဆုံး )
အခန်း ၂၈၉ + ၂၉၀( သူမကိုယ်သူမ အပြစ်တင်ခြင်း )
အခန်း ၂၉၁ + ၂၉၂(မင်း သန္ဓေပြောင်းလူသား ဖြစ်လာလိမ့်မယ် )
အခန်း ၂၉၃ + ၂၉၄ + ၂၉၅( ကျုပ်လက်သီး တွေကို လုံးဝ ရပ်မရတော့ဘူး... )
အခန်း ၂၉၆ + ၂၉၇ + ၂၉၈( ချောက်ချခြင်း.... )
အခန်း ၂၉၉ + ၃၀၀( လျှိုထားမယ်.... )
အခန်း ၃၀၁+၃၀၂( အားလုံးပဲ... ကျွန်မက ရှုချန်း မိန်းမပါ... )
အခန်း ၃၀၃ + ၃၀၄( ရင်ဆိုင်ရန် မဖြစ်နိုင်သော )
အခန်း ၃၀၅+၃၀၆( ရှုချန်း ခြေရာ လိုက်နင်းဖို့ဆိုတာ...)
အခန်း ၃၀၇+၃၀၈( ခြိမ်းခြောက်ခြင်း )
အခန်း ၃၀၉+၃၁၀( ပွဲပြီးသွားပြီ )
၃၁၁+၃၁၂+၃၁၃( ရှုံးသူ ချီးစားကြေး )
အခန်း ၃၁၄+၃၁၅( ကျေးဇူးနော် ချူရွယ် )

အခန်း ၂၄၁ + ၂၄၂(ငါ သူ့ကို ယုံတယ် )

54 4 0
By purefeather199

နတ်နဂါးစစ်သည်

အခန်း ၂၄၁

(ငါ သူ့ကို ယုံတယ် )

အောင်းလီတစ်ယောက် ကြက်သေသေသွားခဲ့သည်။ သူက ဖုန်းပြန်ဆက်၍ တောင်းပန်မည်ပြုစဉ် အဖိုးကြီးယွမ်က ပြောလာသည်။

"သူဌေးအောင်း.. သူဌေးအောင်းအတွက် ပြောနေရတာ.. တကယ်လို့ အဲ့ဒီလူကို ထိပါးမိတာရှိရင် သူက ပြဿနာ လာပြန်မရှာရင်တောင် ခွင့်လွှတ်ပေးမှာမဟုတ်ဘူး.. ကျုပ်ကိုမယုံရင် စောင့်ကြည့်နေလိုက်.. ရှုချန်းကို ရဲဌာနရဲ့ ကျားလို့ခေါ်ပေမယ့် မြေအောက်လောကမှာတော့ ငရဲမင်းလို့ ခေါ်ကြတယ်.. သူ့ကိုတောင်းပန်ဖို့ ဝန်လေးမနေနဲ့.. ဘယ်သူက ခင်ဗျားကို ဆေးထိုးလိုက်လဲတော့ မသိဘူး.. ဒီလောကထဲမှာ အရာရာကို ဂရုစိုက်ပြီးနေရမယ်.. မဟုတ်ရင် ကိုယ်ကကျူး ကိုယ့်ဒူးတောင် ယုံရတာမဟုတ်ဘူး.."

ထို့နောက်တွင်တော့ လူမိုက်အဖွဲ့က ဖဲပြန်ကစားနေသည်။ သူတို့က ယွမ် ၆သိန်း ဆုံးရှုံးသွားသည့်အပေါ် မည်သည့်ခံစားချက်မှ မရှိချေ။ သူတို့က ထိုငွေကိုမက်မော၍ ထိုအလုပ်ကို လက်ခံလိုက်မည်ဆိုလျှင် ထိုငွေများ မသုံးရသေးမီပင် ဘဝတစ်ပါး ကူးပြောင်းသွားနိုင်၏။

လူအိုကြီးယွမ်ကတော့ ဖုန်းကိုင်၍ မတ်တပ်ရပ်ရင်း ခါးသက်သက် ပြုံးလိုက်မိသည်။ တစ်ဖက်တွင်တော့ ဆေးရုံပေါ်မှ အောင်းလီတစ်ယောက် ဒေါသူပုန်ထနေခဲ့သည်။ သူက မအေနှင့်ကိုင်တုတ်၍ အဆဲခံရုံမျှမက တစ်ဖက်ကလည်း ပြောချင်ရာပြောပြီး ဖုန်းချသွားသည် မဟုတ်ပါလား..။

"ဒီသူတောင်းစားကြီးကတော့ ဟူး.. ကြည့်ရတာ ငါတော့ ရှုချန်းကို ဘာမှမလုပ်နိုင်တော့ဘူး ထင်တယ်.. အဲ့ဒါဆိုရင်လည်း ဟိုခွေးမကိုပဲ ပစ်မှတ်ပြောင်းပြီး သတ်ပစ်မယ်.."

အောင်းလီက ရန်ရှန်း ကို ကြည့်ကာ ပြောလိုက်သည်။

"မင်းလည်း မင်းမိတ်ဆွေဟောင်းတွေကို.. အင်ပါယာဖျော်ဖြေရေးကုမ္ပဏီနဲ့ ပတ်သက်တဲ့ အလုပ်တွေအားလုံး ရပ်ထားဖို့ ပြောလိုက် ... ငါလည်း သတင်းအချက်အလက်နဲ့ ပြန်ကြားရေးဝန်ကြီးဌာန ရုပ်ရှင်နယ်ပယ်ထဲက ငါ့မိတ်ဆွေတွေကို ဖုန်းဆက်ပြီး ဒီလင်ချူရွယ်ကို ရုပ်ရှင်လောကထဲက ထုတ်လို့ရမရ ပြောကြည့်မယ်.. ဒီခွေးမ ငါ့ကို ဒီလိုပုံစံမျိုး စကားပြောသွားတာ နောင်တရစေရမယ်.. သူက စစ်သားတစ်ယောက်ကို သိရုံနဲ့ ဘာမဆိုလုပ်လို့ရမယ်များ ထင်နေလား.. အဲ့ကောင်မကို မကျေနပ်တဲ့ သခင်လေးတွေ အားလုံးကိုလည်း ငါသွားမြှောက်ပေးလိုက်ဦးမယ်.. အဲ့ကောင်မက နောက်ခံကောင်းကောင်းရှိလို့ လူတိုင်းကို အထင်သေးနေတယ်လို့ ထင်ခဲ့တာ.. ဒါပေမယ့် အခုတော့ သူ့နောက်ခံက စစ်သားတစ်ယောက်တည်း.."

ရန်ရှန်းက မျက်လုံးများမှေးကြည့်ရင်း ပြန်ပြော၏။

"သူ့အမှားတွေသူ နားလည်တဲ့အခါကျရင် ကျုပ်ကို ပြန်တောင်းပန်စေရမယ်.."

ထိုညတွင် ဟူပင်းက သူ၏သူငယ်ချင်းများနှင့်အတူ အရက်သောက်နေခဲ့သည်။ ဘားထဲတွင်လည်း အတော်လေး ဆူညံနေ၏။ ရှုချန်းထံမှ ဖုန်းဝင်လာသည်တွင် ဟူပင်းက သန့်စင်ခန်းထဲ သွား၍ ဖုန်းကိုင်လိုက်သည်။

"ဟယ်လို အစ်ကိုကြီးချန်း.."

"မုတ်ဆိတ်ကြီး.. ငါ ရဲဌာနက အလုပ်ထွက်ထားပြီးပြီ ဖြစ်နေတယ်.. မင်း ရှန်ချန်းကို ပိုင်လား.." ဖုန်းထဲမှ ရှုချန်းက မေးလိုက်သည်။

ဟူပင်းက ခေါင်းညိတ်လိုက်သည်။ "ပြောစရာရှိတာသာ ပြောလိုက်ပါ အကိုကြီး.. အစ်ကိုကြီးကိစ္စက ကျွန်တော့်ကိစ္စပဲလေ.."

ရှုချန်းက ဆက်ပြော၏။

"ငါ့မိန်းမက ထုတ်လုပ်သူတချို့နဲ့ ပြဿနာတက်ခဲ့တယ်.. ငါလည်း အဲ့ကောင်တွေကို ရိုက်ခဲ့တယ်.. ငါ့ဆီ သူတို့လာရင် ကိစ္စမရှိသေးဘူး.. ငါကြားတာ သူတို့က ရုပ်ရှင်နယ်ပယ်မှာ အတော်လေး နေရာရှိတဲ့သူတွေပဲ.. ပြီးတော့ ငါ့အမျိုးသမီးကလည်း အဲ့နယ်ပယ်ထဲက ဖြစ်နေတယ်.."

ဟူပင်းက ချက်ချင်းပင် ပြန်ဖြေ၏။

"အစ်ကိုကြီးချန်း.. ဒါ ဘာမှမဟုတ်ဘူး.. ညီလေးဆီက အကူအညီလာတောင်းတာပဲ ပျော်လို့မဆုံးဖြစ်နေပြီ.. ဒီကိစ္စကို လှလှပပလေး ကိုင်တွယ်ပေးမယ်.. ဒါနဲ့ အဲ့ထုတ်လုပ်သူနာမည်က ဘာလဲ.."

ရှုချန်းက ခေါင်းညိတ်လိုက်သည်။

"တစ်ယောက်က အောင်းလီ.. နောက်တစ်ယောက်က စစ်ပြန်ဟောင်းတစ်ယောက်ပဲ.. ရန်ရှန်းလို့ခေါ်တယ်.."

"ဟုတ်ကဲ့ပါ အစ်ကိုကြီးချန်း.. ဒီကိစ္စ ဘာမှမစိုးရိမ်ပါနဲ့တော့.. ကျွန်တော့်မရီးကို ဘယ်သူမှ ထိခွင့်မရှိဘူး.."

"ကောင်းပြီ.. ပြန်ရောက်တဲ့အခါကျမှ အစ်ကိုကြီး မင်းကို အာဂူတောင် (တရုတ်အရက်) တိုက်မယ်.."

ဟူပင်းက ရယ်မော၍ ပြန်ဖြေသည်။ "ဟုတ်ကဲ့ပါ.."

ဖုန်းချပြီးနောက် ဟူပင်းက ဘား၏ အထူးခန်းထဲသို့ ပြန်သွားခဲ့သည်။ သူ၏မိတ်ဆွေတချို့က ရောက်ရှိလာပြီး မေးလိုက်သည်။

"သခင်လေးဟူ.. ဘယ်သူဖုန်းခေါ်တာလဲ.. ဘာလို့ အပြင်ထွက်ပြီးတော့ ဖြေရတာလဲ.."

ဟူပင်းက သူတို့ကိုကြည့်ရင်း ပြောလိုက်သည်။

"အားဟူ.. မင်းရဲ့မိသားစုက သတင်းအချက်အလက်နဲ့ ပြန်ကြားရေးဝန်ကြီးဌာနမှာ အာဏာရှိတယ်ဆို ဟုတ်လား.."

ရင်ခွင်ထဲ အမျိုးသမီးတစ်ဦးကို ဖက်ထားရင်း ထိုင်နေသော လူငယ်လေးက ခေါင်းညိတ်ပြလိုက်သည်။ ထိုလူငယ်လေးရင်ခွင်ထဲမှ အမျိုးသမီးက ရုပ်ရှင်နယ်ပယ်ထဲတွင် ဒုတိယအဆင့် အမျိုးသမီး သရုပ်ဆောင်ဖြစ်သည်။ ထိုလူငယ်လေး၏ မိသားစုက သတင်းအချက်အလက်နှင့် ပြန်ကြားရေးဝန်ကြီးဌာနတွင် လွှမ်းမိုးမှုရှိပြီး ရုပ်ရှင်နယ်ပယ်မှ သရုပ်ဆောင် အမျိုးသမီး အများအပြားက ထိုလူငယ်လေးကို ဖော်လံဖား လုပ်လေ့ရှိကြသည်။

"သခင်လေးဟူ.. ဘာများဖြစ်လို့လဲ.. ဘယ်သရုပ်ဆောင်က အစ်ကိုကြီးရှေ့ မျက်စိနောက်စရာ ဖြစ်သွားလို့လဲ.. ကျွန်တော် အခုချက်ချင်း ဖုန်းခေါ်ပြီး ဒီကိုလာတောင်းပန်ခိုင်းလိုက်ပါမယ်.." အားဟူဆိုသူက ပြန်ဖြေ၏။

"ဟုတ်တယ် သခင်လေးဟူ.. ဘယ်သူက အစ်ကိုကြီးကို မျက်နှာသာမပေးတာလဲ.."

အားဟူ၏နံဘေးမှ အမျိုးသမီးသရုပ်ဆောင်ကလည်း ပြုံးရင်း မေးလိုက်သည်။ မည်သည့် သရုပ်ဆောင်အမျိုးသမီးက စုံလုံးကန်း၍ သခင်လေးဟူကို မမြင်နိုင်ကြောင်း သူမ သိလိုနေဟန်ပင်။

"ဟုတ်ပြီ.. မင်းမှာ အဲ့လောက် အစွမ်းအစရှိတယ်ဆိုရင် ပြီးတာပဲ.. အောင်းလီဆိုတဲ့ စီအီးအို ရယ်၊ ရန်ရှန်းဆိုတဲ့ လူတစ်ယောက်ရယ်ကို ငါရှာမလို့.."

"စီအီးအို အောင်းနဲ့ ရန်ရှန်း ဟုတ်လား.." အမျိုးသမီးသရုပ်ဆောင်က အနည်းငယ် အံ့အားသင့်သွားမိသည်။

"ဒီနေ့ဖြစ်သွားတဲ့ ပြဿနာကြောင့်လား.."

ဟူပင်းက ထိုအမျိုးသမီးသရုပ်ဆောင်ကို ကြည့်ရင်းမေးလိုက်သည်။

"မင်း သူတို့ကို သိတာလား.."

အမျိုးသမီးသရုပ်ဆောင်က ခေါင်းညိတ်လိုက်သည်။

"ဒါပေါ့.. သိတာပေါ့.. ရန်ရှန်းနဲ့ လင်ချူရွယ်တို့ ရုပ်ရှင်အတူရိုက်ကြတယ်လို့ သတင်းကြားတယ်.. လင်အစ်မက ရုပ်ရှင်နယ်ပယ်ထဲမှာ အရမ်းအေးစက်လို့ နာမည်ကြီးတယ်.. သူက ဘယ်ရိုက်ကူးရေးမှာမှ နမ်းတဲ့ဇာတ်ဝင်ခန်းမျိုး မရိုက်ဘူး.. ရုပ်ရှင်နယ်ပယ်ထဲက သရုပ်ဆောင်တော်တော်များများ သခင်လေး တော်တော်များများက သူ့ကို စိတ်ဝင်စားတာကြောင့် အမြဲတမ်း ချဉ်းကပ်ဖို့ ကြိုးစားနေလေ့ရှိတယ်.. ရှန်ရှန်းနဲ့ ထုတ်လုပ်သူ အောင်းလီက မိတ်ဟောင်းဆွေဟောင်းတွေ.. ဒါကြောင့် သူက အောင်းလီကို Box Office(ရုံတင်ငွေ ဈေးကွက်) မှာ ပိုက်ဆံအများကြီးရအောင်လည်း ကူညီထားတယ်.. "

"အဲ့ဒါကြောင့် ဒီတစ်ကြိမ် စီအီးအိုအောင်းကလည်း ရန်ရှန်းရဲ့ဆန္ဒအတိုင်း ဇာတ်ညွှန်းကို ပြင်ရေးပြီး လင်အစ်မကို နမ်းတဲ့ဇာတ်ဝင်ခန်း ရိုက်ဖို့ တွန်းအားပေးခဲ့တယ်.. လင်အစ်မက မကြိုက်တဲ့အတွက် ရိုက်ကူးရေးကွင်းမှာ ပြဿနာကြီးကြီး တက်ခဲ့တယ်.. စီအီးအို အောင်းက လင်အစ်မကို ရိုက်ကူးရေးကွင်းမှာ ချုပ်ထားဖို့ ကြိုးစားခဲ့တယ်.. အဲ့အချိန်မှာ လူစိမ်းတစ်ယောက် ဝင်လာပြီး စီအီးအို အောင်းလီနဲ့ ရန်ရှန်းတို့ကို ရိုက်နှက်သွားတယ်ကြားတယ်.."

"ပြောကြတာတော့ အဲ့လူစိမ်းက လင်ချူရွယ်ရဲ့ ရည်းစားဆိုပဲ.."

ဟူပင်းက ဝင်ပြောလိုက်၏။

"မှန်တယ်.. ငါ့အစ်ကိုလက်ချက်မိတဲ့ ဘယ်သူမဆို ဆေးရုံတော့ တက်သွားရတာပဲ.. ငါ့အစ်ကို ရိုက်နှက်လိုက်တာက ကိစ္စမရှိဘူး.. ဒါနဲ့ ဒီကောင်က ငါ့မရီးကို ရုပ်ရှင်နယ်ပယ်ထဲက ထုတ်ပယ်ချင်တယ် ဟုတ်လား.. ငါ့ခွင့်ပြုချက် ရထားလို့လား.. အားဟူ.. မင်းက ဒီလိုကိစ္စတွေမှာ ပိုပြီး အတွေ့အကြုံရှိတယ်.. မင်း ယုံကြည်ချက်ရှိလား.."

အားဟူနှင့် သူ့လူများက ရယ်မောလိုက်သည်။ "သခင်လေးဟူ.. ဘယ်လောက်ကြီးကြီးမားမား ဖြစ်စေချင်လဲ.."

ဟူပင်းက ဆေးလိပ်ထုတ်ရင်း မီးညှိလိုက်သည်။ ပြီးနောက် သူက ခြေချိတ်ထိုင်ရင်း ပြော၏။

"ကြီးနိုင်သလောက်ကြီး.. မင်းအစွမ်းအစပေါ် မူတည်တယ်.. မင်းရဲ့မိသားစုက ဒီဖျော်ဖြေရေး နယ်ပယ်ထဲမှာ ကောင်းကင်တစ်ဝက်ကို ပိုင်တယ်လို့ ငါ့ကိုအမြဲကြွားနေခဲ့တာ မဟုတ်လား.."

အားဟူက ရယ်မောရင်း ပြောလိုက်သည်။

"အဲ့တာဆိုရင် ကျွန်တော် ရန်ရှန်းကို နောက်ထပ် ဘာရုပ်ရှင် ဘာကြော်ငြာမှမရအောင် ထုတ်ပစ်လိုက်မယ်.. ပြီးတော့ အောင်းလီဆိုတဲ့သူကိုလည်း သူရင်းနှီးမြှုပ်နှံထားတဲ့ ရုပ်ရှင်မှန်သမျှ ကျွန်တော့်ရုပ်ရှင်ရုံတွေမှာ ပြခွင့်မပေးဘူး.. အဲ့ဒါဆိုရင် လွန်ခဲ့တဲ့နှစ်တွေတလျှောက် သူရင်းနှီးမြှုပ်နှံထားတဲ့ ရုပ်ရှင်ငါးကားကနေ အနည်းဆုံး သန်း ၈၀၀ လောက် ဆုံးရှုံးသွားလိမ့်မယ်.. အဲ့ဒါက သူ့ပိုင်ဆိုင်မှုတစ်ဝက်နဲ့ ညီမျှတယ်.. ပြီးရင် သူရင်းနှီးမြှုပ်နှံတဲ့ ဘယ်ရုပ်ရှင် ဇာတ်လမ်းတွဲကိုမှ ရုပ်ရှင်နယ်ပယ်ထဲမှာ မပြခိုင်းတော့ဘူး.. သခင်လေးဟူ.. အဲ့လိုဆိုရင်ရော ကျေနပ်မလား.."

ဟူပင်းက ဆေးလိပ်တောက်ထုတ်ရင်း ပြောလိုက်သည်။

"အရမ်းကောင်းတယ်၊ အရမ်းကျေနပ်တယ်.."

သူတို့နှစ်ဦးကြားမှ စကားဝိုင်းက သာမန်ဆန်သော စကားဝိုင်းလေးဖြစ်သည်။ သို့သော် အမျိုးသမီးသရုပ်ဆောင်ကတော့ ကျောရိုးတလျှောက် ကြက်သီးများ စိမ့်ထသွား၏။

ဤသူတောင်းစားက ရုပ်ရှင်နယ်ပယ်ထဲမှာ ကျော်ကြားသော ရန်ရှန်းကို စကားတစ်ခွန်းတည်းနှင့် ထုတ်ပယ်လိုက်သည်လော...၊ ရုပ်ရှင်ကုမ္ပဏီတစ်ခု၏ စီအီးအို ကိုပင် ဤအတိုင်း ထုတ်ပယ်နိုင်သည်လော...

မှန်၏။ ရုပ်ရှင်နယ်ပယ်ထဲတွင် သူတို့၏လွှမ်းမိုးမှုက အတော်လေး နက်ရှိုင်းပေသည်။

ထို့နောက် တစ်ဆက်တည်းပင် ထိုသရုပ်ဆောင်အမျိုးသမီးက လင်ချူရွယ်၏ နောက်တွင်ရှိနေသော အမျိုးသားက မည်မျှအစွမ်းထက်ကြောင်းလည်း တွေးမိလိုက်သည်။ သခင်လေးဟူကဲ့သို့သော သူမျိုးနှင့် မိတ်ဆွေဖြစ်နိုင်သည်က မရိုးရှင်းချေ။ လင်ချူရွယ်က ရုပ်ရှင်နယ်ပယ်ထဲတွင် ထူးထူးဆန်းဆန်း ပြုမူနေသည်ကလည်း အံ့အားသင့်စရာ မရှိတော့။ သူမတွင် ကျောထောက်နောက်ခံ အမှန်တကယ်ရှိနေသည် မဟုတ်ပါလား။

...

အင်ပါယာဖျော်ဖြေရေး(Royal Imperial)ကုမ္ပဏီ အထွေထွေမန်နေဂျာ၏ ရုံးခန်းတွင်တော့..

မန်နေဂျာက ဖုန်းတစ်ခုပြီးတစ်ခု ပြန်ဖြေနေရသည်။ သူမ၏ရှေ့ ဆိုဖာပေါ်တွင်တော့ လင်ချူရွယ်က ခြေချိတ်ထိုင်နေသည်။ သက်တောင့်သက်သာဟန်ဖြင့် လင်ချူရွယ်ကို ကြည့်ကာ မန်နေဂျာက ဆူပူကြိမ်းမောင်းတော့မည်ဟန် ပြင်လိုက်စဉ် နောက်ထပ် ဖုန်းဝင်လာပြန်၏။ အပြုံးဖြင့် ဖုန်းကို ဖြေကြားပြီးနောက် မန်နေဂျာက နောက်ဆုံး စိတ်သက်သာရာရ သက်ပြင်းချလိုက်သည်။

"မြင်ပြီလား.. နင် အရမ်း ခေါင်းမာလွန်းလို့ ဒီတစ်ညလုံး ငါ့ဖုန်းမြည်နေတာ မရပ်သေးဘူး.. ညစာတောင် မစားရသေးဘူး.."

လင်ချူရွယ်က ပြန်ဖြေ၏။ "အဲ့ဒါဆိုရင်လည်း ပီဇာမှာစားကြမလား.."

"နင့်ကြီးတော်ပီဇာကို စားပါလား.. အခုထိုးလိုက်ရတဲ့ စာချုပ်ကြောင့် ဒီနှစ် ငါတို့ ဘယ်လောက် ဆုံးရှုံးသွားသလဲ.. ဒီနေ့ နင်လုပ်လိုက်တဲ့အရာက ဘယ်လောက်ထိ ပျက်စီးသွားလဲဆိုတာ သိလား.. ရုပ်ရှင်သုံးခုရဲ့ ထုတ်လုပ်သူတွေက နင့်ကြောင့် သူတို့ ရုပ်ရှင်တွေကို မပြတော့ဘူးလို့ ပြောတယ်.. သူတို့ ရင်းနှီးမြှုပ်နှံထားတဲ့ ပိုက်ဆံတွေကို ဘာလုပ်ရမှာလဲ.. ပြီးတော့ နင်ပါတဲ့ ဇာတ်ဝင်ခန်းတိုင်းကိုလည်း ဖျက်ပစ်မယ်လို့ ပြောတယ်.. ငါ ခေါင်းတော်တော်ကိုက်နေပြီ.. ကုမ္ပဏီတစ်ခုလုံး ပျက်စီးအောင် လုပ်နေတာလား.. ဒီအတိုင်းဆက်သွားလို့ မရဘူး.. မြန်မြန် တောင်းပန်လိုက်.. ငါ ညစာစားပွဲ စီစဉ်ပေးမယ်.."

လင်ချူရွယ်က "ဟင့်အင်း" ဟု ပြန်ဖြေသည်။

"ဘာကို ဟင့်အင်းလဲ.. မတောင်းပန်ဘူးဆိုရင် ကုမ္ပဏီကတော့ ရေစုံမျောတော့မယ်.."

"ရှုချန်းက ဒီကိစ္စ ဖြေရှင်းပေးလိမ့်မယ်.."

လင်ချူရွယ်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

"ကျွန်မ သူ့ကိုယုံတယ်.. အရင်ဆုံး ပီဇာမှာစားရင်း စောင့်ရအောင်.."

မန်နေဂျာတစ်ယောက် ပြန်ပြောစရာစကားလုံး မရှိတော့။

အခန်း ၂၄၁ ပြီး

နတ်နဂါးစစ်သည်

အပိုင်း - ၂၄၂

( ဖယ်ရှားပစ်မယ် ( ၁ )

ဆေးရုံပေါ်တွင် ရန်ရှန်းက ဖုန်းချပြီးနောက် အောင်းလီကို မေးလိုက်သည်။

"ဥက္ကဌအောင်း... အခြေအနေ ဘယ်လိုလဲ..."

အောင်းလီ၏မျက်နှာပေါ်တွင် ဂုဏ်ယူဝံ့ကြွားသော အပြုံးမျိုး ရှိနေခဲ့သည်။

"အကုန်လုံး အဆင်ပြေတယ်... ရုပ်ရှင်အစည်းအရုံးရဲ့ ဒုဥက္ကဌက ငါ့မိတ်ဆွေလေ... သူက လင်ချူရွယ်ရဲ့ ရုပ်ရှင်တွေကို ပိတ်သိမ်းပေးမယ်... ပြီးတော့ ပြသချိန်တွေကိုလည်း လျှော့ချပေးမယ်လို့ ပြောတယ်... ပြီးတော့ ရုပ်ရှင်နဲ့ အသံလွှင့်ဌာနက ငါ့မိတ်ဆွေတွေကလည်း လင်ချူရွယ်ကို နောက်ထပ် ရှိုးပွဲတွေ၊ ဇာတ်လမ်းတွဲတွေအတွက် ထပ်ပြီး မဖိတ်ဖို့ အတတ်နိုင်ဆုံး ကြိုးစားပေးမယ်တဲ့... လင်ချူရွယ်နဲ့ သဘောတူစာချုပ် ထပ်ပြီးမချုပ်ဖို့ ကတိပေးကြတဲ့ ငါ့မိတ်ဆွေတွေလည်း ရှိတယ်..."

" အခု အဲဒီလင်ချူရွယ်တို့ ကုမ္ပဏီရဲ့ဥက္ကဌ ဘယ်လိုတုံ့ပြန်မလဲဆိုတာပဲ ကြည့်ရတော့မယ်... သူတို့ရဲ့တခုတည်းသော ဂုဏ်ဆောင်က ဖိနှိပ်ခံလိုက်ရပြီဆိုရင် သူတို့ကုမ္ပဏီမှာ နောက်ထပ် အနုပညာရှင်ကောင်းကောင်း ရှိတော့မှာ မဟုတ်ဘူး... အများဆုံးမှ တတိယတန်းစား ကုမ္ပဏီအဆင့်လောက်ပဲ ဖြစ်သွားလိမ့်မယ်... သူသာ မရူးနှမ်းဘူးဆိုရင် ငါတို့ကို ချက်ချင်း ဖုန်းခေါ်ပြီး တောင်းပန်လိမ့်မယ်..."

ရန်ရှန်းက နှာခေါင်းရှုံ့ရင်း ပြောလိုက်သည်။

"တောင်းပန်ရုံနဲ့ ဘာရမှာလဲ... ကျုပ်တို့ ဘာလိုချင်လဲဆိုတာ သူ သိနေတာပဲ..."

အောင်းလီက ခေါင်းညိတ်ရင်း ရန်ရှန်းကို မေးသည်။

"မင်းရော... အခြေအနေ ဘယ်လိုလဲ..."

"အခု ကျွန်တော်က ဆေးရုံရောက်နေတယ်ဆိုတာ သိတော့ ကျွန်တော့်မိတ်ဆွေတွေ အရမ်း ဒေါသထွက်နေကြတယ်... အနုပညာနယ်ပယ်ထဲက မိတ်ဆွေတချို့ကလည်း သတင်းလွှင့်ထားတယ်... သူတို့ လင်ချူရွယ်နဲ့ ဆက်ပြီး အလုပ်မလုပ်ချင်တော့ဘူးဆိုပြီး... အဲဒီထုတ်လုပ်သူတွေ လင်ချူရွယ်ကို ဆက်ပြီး ငှားရိုက်ကြဦးမလား ဆိုတာ ကြည့်ချင်သေးတယ်..."

ထိုအခိုက်အတန့်တွင် အောင်းလီက ရန်ရှန်းကို ထပ်မေးလိုက်သည်။

"ဒီနေ့ကိစ္စကို အနုပညာ အသိုင်းအဝိုင်းတခုလုံး သိသွားပြီမလား..."

ရန်ရှန်းက နှာခေါင်းရှုံ့ရင်း ပြန်ဖြေ၏။

"ဒါပေါ့... ကျုပ် မိန်းမဖုန်းဆိုလို့ ရှိရင် ပေါက်ကွဲတော့မတတ်ဘဲ... ဖုန်းတွေ တတောင်တောင် မြည်နေတာ... သူ့ကိုလည်း ပြဿနာမရှာဖို့ ကျွန်တော် သေသေချာချာလေး အကြာကြီး ရှင်းပြထားရတယ်... ပြီးတော့ မီဒီယာတွေက သွားပုပ်လေလွင့် ပြောနေတဲ့သတင်းတွေမှာ ကျုပ်ကပဲ အပြင်မှာ ပေါက်ကရတွေ လိုက်လုပ်နေသလိုလို... အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေနဲ့... ဘာပဲဖြစ်ဖြစ်ပါ... သူတို့သက်သေမရှိဘူး ဆိုတော့ ရှင်းပြလို့တော့ရတယ်... ဒါပေမဲ့ ကျုပ်မိန်းမနဲ့တော့ သိပ်အဆင်မပြေသေးဘူး..."

ထို့နောက် သူက လက်ထောက်အကူကို ကြည့်ရင်း ပြောလိုက်သည်။

"တီဗွီလိုင်းကို ဖျော်ဖြေရေးချန်နယ် ပြောင်းလိုက်..."

လက်ထောက်အကူက ခေါင်းညိတ်ရင်း ရီမုဒ်ကွန်ထရိုးကိုယူကာ ရုပ်သံလိုင်း ပြောင်းလိုက်သည်။

ကံမကောင်းစွာပင် ထိုအခိုက်အတန့်၌ အစီအစဉ်တင်ဆက်သူ၏ ကြားဖြတ်သတင်း ထုတ်လွှင့်မှု ထွက်ပေါ်လာခဲ့သည်။

"ဒီနေ့ အင်တာနက်မှာ ပွထသွားတဲ့ သတင်းစကားတချို့နဲ့ မိတ်ဆက်ပေးချင်ပါတယ်... အင်တာနက်အသုံးပြုသူ တယောက်က ကျော်ကြားတဲ့ ရုပ်ရှင်သရုပ်ဆောင် ရန်ရှန်းရဲ့ အကြောင်းကို ဖော်ပြလာတယ်... သူက ဒုတိယတန်းစား မော်ဒယ်တယောက်ဖြစ်တဲ့ လီဝမ်နဲ့ ဖောက်ပြန်မှုတွေ ရှိနေတယ်လို့ အတိအကျ ပြောထားတယ်... ပြီးတော့ လီဝမ်ရဲ့ဖုန်းကနေလည်း ဓာတ်ပုံတွေ ပေါက်ကြားလာပါတယ်... ဓာတ်ပုံ အများစုထဲမှာ ရန်ရှန်းရဲ့အပေါ်ပိုင်း အဝတ်ဗလာနဲ့ အိပ်ရာထဲအိပ်နေတဲ့ပုံတွေ... ပြီးတော့ ရေချိုးခန်းထဲ သဘက်ပတ်ထားတဲ့ပုံတွေ... အဲဒီပုံတွေကို ကြည့်မယ်ဆိုရင် သူနဲ့ ရန်ရှန်းတို့ အတူနေနေတာ ကြာပြီဆိုတာ သက်သေအနေနဲ့ သိနိုင်တယ်... ပြီးတော့ ကျွန်မတို့ရဲ့သတင်းထောက်ကလည်း လီဝမ်နဲ့ အင်တာဗျူးထားပါသေးတယ်... သူ ဘာပြောမလဲဆိုတာ ကြည့်ကြရအောင်..."

ထိုသတင်းကို ကြည့်ရင်း ရန်ရှန်းနှင့် သူ၏လက်ထောက်အကူတို့မှာ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

ရန်ရှန်းကတော့ ဆေးရုံကုတင်ပေါ် နောက်ပြန်ထိုင်ကျသွားခဲ့သည်။ ရုတ်ချည်းဆိုသလိုပင် ဖန်သားပြင်၌ မြင်ကွင်းက ပြောင်းလဲသွားခဲ့သည်။ သတင်းထောက် အများအပြားက လီဝမ်ကို သူမ၏တိုက်ခန်းတွင် ဝန်းရံထားကြသည်။ လီဝမ်က မျက်နှာအပြည့် မပြချေ။ သူမက သတင်းထောက်များ၏ မေးခွန်းကို မဖြေကြားလိုပုံပင်။ သို့သော် သတင်းထောက်များ၏ အတင်းအကြပ် ဖိအားပေးမှုအောက်တွင် လီဝမ်ထံမှ စကားသံ ထွက်ပေါ်လာခဲ့သည်။

"ရှင်တို့ ဒီအကြောင်း ရန်ရှန်းကိုပဲ သွားမေးသင့်တယ်..."

ရန်ရှန်းက ဒေါသတကြီးပင် ဆေးရုံကုတင်ကို လက်သီးဖြင့် ထိုးချလိုက်သည်။

"ဘယ်လိုပြန်ဖြေလိုက်တာလဲ... စောက်ရူးမ..."

ရန်ရှန်းကို မေးရမည်လော။ ထိုအဖြေက သူမ မငြင်းဆန်ကြောင်း သွယ်ဝိုက်နည်းဖြင့် သတင်းထောက်များကို ပြောပြလိုက်ခြင်းပင်။ သတင်းထောက်များက ရန်ရှန်းတယောက် ဝန်ခံမခံကို မေးသင့်သည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလား။ ရန်ရှန်းက ချက်ချင်းပင် လက်ထောက်အကူကိုခေါ်ရင်း ပြောလိုက်သည်။

"မြန်မြန်... ငါ့ဖုန်းယူခဲ့ပေး..."

လက်ထောက်အကူက ဖုန်းယူလာပေးသည့်နောက်တွင် ရန်ရှန်းက ချက်ချင်းပင် လီဝမ်ကို ဖုန်းခေါ်သည်။ ဖုန်းဝင်သွားသည်နှင့်တပြိုင်နက် သူက ဒေါသတကြီး ကြိမ်းမောင်း ပြောဆိုလိုက်တော့၏။

"လခွမ်းနဲ့မှ... သတင်းထောက်တွေကို နင် ဘယ်လိုဖြေလိုက်တာလဲ.."

လီဝမ်ကလည်း တဖက်တွင် ဒေါသထွက်နေရာ ဒေါသတကြီး ပြန်ဖြေသံ ထွက်ပေါ်လာခဲ့သည်။

"ဒီမှာလည်း ရှုပ်ထွေးနေတာပဲ... အဲဒီမီဒီယာတွေက ငါ့တိုက်ခန်းကို နေ့တိုင်း လာနေကြတာ... ပြီးတော့ သက်သေကလည်း ထင်ရှားလွန်းတယ်... ငါ ဝန်ခံလိုက်တော့ရော ဘာဖြစ်သေးလဲ... ဘာပဲဖြစ်ဖြစ် ငါ နင့်ရဲ့ ကာကွယ်မှုအောက်မှာ ရှိနေတာပဲ မဟုတ်ဘူးလား..."

ရန်ရှန်းက ဆက်ပြော၏။

"ဒါပေမဲ့ ငါ အခုထိ မကွာရှင်းရသေးဘူးဆိုတာ နင်သိနေတာပဲ... အိမ်ထောင်ရှိရဲ့သားနဲ့ အပြင်မှာ ခိုးစားတယ်ဆိုတဲ့ သတင်းသာ ပေါက်သွားရင် ငါ့အပေါ်ဖိအားတွေအများကြီး ရောက်လာမှာ... နင် ငါ့ကို သတ်ချင်နေတာလား... အခုချက်ချင်း မီဒီယာတွေကို သွားရှင်းပြ... ငါ နင်နဲ့ ဘာမှမပတ်သက်ဘူးဆိုတာကို..."

"အဲဒါဆိုရင် ပုံတွေကရော ဘယ်လိုလုပ်မှာလဲ... အဲဒါက ပြင်ထားတဲ့ပုံတွေ မဟုတ်ဘူး... ပြီးတော့ ကျွန်မတို့နှစ်ယောက် ဖက်နေကြတဲ့ပုံတွေ နမ်းရှုံ့နေတဲ့ပုံတွေလည်း မထွက်လာသေးတာဘဲ ရှိတာ... ကျွန်မဖုန်းက ပေါက်ကြားသွားတာဆိုတော့ ဟက်ကာက အဲဒီပုံတွေကိုလည်း ရမှာသေချာတယ်..."

"လခွမ်းနဲ့မှ... အဲဒါဆိုရင်လည်း နင်သွားပုန်းနေတော့... ဘယ်မီဒီယာ သတင်းထောက်နဲ့မှ ထပ်မတွေ့နဲ့... ဝေးနိုင်သမျှ ဝေးဝေးသွားနိုင်လေ ကောင်းလေ... ဓာတ်ပုံတွေ ကိစ္စက ငါ ဝယ်လိုက်မယ်... သူက ဓာတ်ပုံတွေအကုန် ချမပြရသေးဘူးဆိုတော့ ဈေးညှိဖို့ စောင့်နေတာပဲ ဖြစ်ရမယ်..."

လီဝမ်က ပြန်ပြော၏။

"အဲဒါဆိုရင် ငါကရော... ဒီကိစ္စတွေ ပြီးသွားရင် ရှင်က ရှင့်မိန်းမနဲ့ ကွာရှင်းမှာလား..."

"နင့်အမေလင်ကို ကွာရှင်းပါလား... ငါသာ ကွာရှင်းလိုက်မယ်ဆိုရင် ငါ့မိန်းမနဲ့ငါနဲ့ အိမ်ထောင်ရေး အဆင်မပြေဘူးလို့ ချပြသလို ဖြစ်သွားမှာပေါ့... ပြီးတော့ ဒီတခေါက် ငါနင့်ကို ပိုက်ဆံ အများကြီးပေးမယ်... အဲဒါကြောင့် လောလောဆယ် ဒီကနေ ဝေးနိုင်သမျှ အဝေးဆုံးသာ ထွက်သွား..."

ထိုသို့ပြောပြီးနောက် ရန်ရှန်းက ဒေါသတကြီးဖြင့် ဖုန်းပြန်ချလိုက်သည်။ တဖက်တွင်တော့ လီဝမ်က လက်ထဲမှာ ဖုန်းကိုင်ထားရင်းပင် ဆိုဖာထိုင်ခုံ၏ တဖက်ခြမ်းသို့ ကြည့်လိုက်သည်။ ထိုင်ခုံတဖက်ခြမ်းတွင် ခြေချိတ်ထိုင်နေသော အမျိုးသားနှစ်ဦး ရှိနေသည်။ သူမ စကားပြောပြီးသည့်အခါ ထိုအမျိုးသားနှစ်ဦးက မေးလိုက်သည်။

"အသံသွင်းထားလား..."

လီဝမ်က ခေါင်းညိတ်ပြ၏။ အမျိုးသားတဦးက သူမထံမှ ဖုန်းကို လက်လွှဲယူရင်း ပြောလိုက်သည်။

"မပူပါနဲ့... ငါတို့သူဌေးက ကတိတည်တဲ့လူ... သူ နင့်ကို ပိုက်ဆံအများကြီး ပေးလိမ့်မယ်... ပြီးတော့ နောက်ရုပ်ရှင်သုံးခုမှာ ဒုတိယဇာတ်ဆောင်နေရာ ပေးလိမ့်မယ်... ဒါက နင့်လို စီအဆင့် (တတိယတန်းစားအဆင့်) မှာ ရှိနေတဲ့ မော်ဒယ်တယောက် ဘဝတသက်လုံး ကြိုးစားရင်တောင် မရနိုင်မဲ့ အခွင့်အရေးတွေပဲ... နာမည်ကြီးလာမလား မကြီးလာဘူးလား ဆိုတာကတော့ နင့်အပေါ်ပဲ မူတည်တော့မယ်..."

လီဝမ်က ရိုရိုကျိုးကျိုးပင် ပြန်ပြော၏။

"သခင်လေးဟူကို ကျေးဇူးတင်တယ်လို့ ပြောပေးပါ..."

ထိုအမျိုးသားက ခေါင်းညိတ်ပြလိုက်သည်။

"မင်း အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်မယ်လို့ မျှော်လင့်တာပဲ..."

ထို့နောက် ထိုနှစ်ဦး ထွက်ခွာသွားတော့သည်။

ရန်ရှန်းက ဖုန်းကိုင်ရင်း ဆေးရုံမှ သူ၏ အေးဂျင့်ကို လှမ်းခေါ်သည်။ သူက လွန်မင်းစွာ စိတ်လှုပ်ရှားနေပြီး ပြောလိုက်သည်။

"အဲဒီဓာတ်ပုံတွေ ဘယ်ကထွက်လာလဲဆိုတာ ငါ့ကိုကူပြီး စစ်ဆေးပေးပါ... ဘယ်သူ့ဆီက ထွက်လာတာလဲဆိုတာနဲ့... ပြီးတော့ အဲဒီသူဆီမှာရှိနေတဲ့ ဓာတ်ပုံတွေအကုန်လုံး ဝယ်ဖို့ကြိုးစားပေးပါ..."

အေးဂျင့်ဖြစ်သူက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချလိုက်သည်။

"အရမ်းနောက်ကျသွားပြီ... လွန်ခဲ့တဲ့ တနာရီခွဲကတည်းက ဓာတ်ပုံတွေအကုန်လုံး ပျံ့သွားပြီ... အခု မင်းရဲ့အထွတ်အထိပ် အခြေအနေမှာ ရှိနေတုန်းကထက်တောင် ပိုပြီးနာမည်ကြီးသွားပြီ... ဒါပေမဲ့ အဲဒီနာမည်ကြီးတဲ့ မီးတောက်က ပြာဖြစ်အောင် မီးရှို့လိမ့်မယ်... မင်းနဲ့ လီဝမ်တို့ရဲ့ ဓာတ်ပုံတွေ အကုန်လုံး ပျံ့သွားပြီ... ပြီးတော့ အဲဒါတင် မကသေးဘူး..."

ရန်ရှန်းက ထိတ်လန့်တုန်လှုပ်စွာ မေးလိုက်သည်။

"အဲဒါ အကုန်မဟုတ်သေးဘူး ဟုတ်လား..."

အေးဂျင့်က ခေါင်းညိတ်ရင်း ဆက်ဖြေ၏။

"ထွက်လာတဲ့ သတင်းတွေအရဆိုရင် တခြားအမျိုးသမီး သရုပ်ဆောင်တွေကလည်း မင်းကို တရားစွဲထားကြတာတွေ ရှိတယ်... ကုမ္ပဏီက တရားရုံးကနေ ဆင့်ခေါ်စာ ရထားပြီးပြီ... ပြီးတော့ စာချုပ်ဖျက်သိမ်းတာလည်း ၁၅ ခု ရှိသွားပြီ... စာချုပ်ငါးခုက ထုတ်လုပ်ရေးအဖွဲ့က... သုံးခုက ရိုက်ကူးရေး ပြီးဆုံးသွားပြီဖြစ်တဲ့ ရုပ်ရှင်ကုမ္ပဏီတွေက... ခုနှစ်ခုကတော့ ကြော်ငြာကုမ္ပဏီတွေက... မင်းနဲ့ လက်မှတ်ထိုးထားတဲ့ ကြော်ငြာကုမ္ပဏီတွေကလည်း စာချုပ်ဖျက်ဖို့ ပြောနေကြပြီ... ရုပ်ရှင်ကုမ္ပဏီတွေကတော့ မင်းပါတဲ့ဇာတ်ဝင်ခန်းတွေ အကုန်လုံးကို ဖြတ်ပြီး အစက ပြန်ရိုက်မယ်... အဲဒါကြောင့် လျော်ကြေး ပြန်ပေးဖို့လည်း ပြောတယ်... တခြားကုမ္ပဏီ ခုနှစ်ခုကတော့ မင်းရဲ့ဂုဏ်သတင်းက ကုမ္ပဏီရဲ့ နာမည်ကို အကြီးအကျယ် ထိခိုက်စေတယ်လို့ပြောတယ်... အဲဒါကြောင့် မင်းနဲ့ သဘောတူညီထားတဲ့စာချုပ်ကို ဖျက်သိမ်းချင်ကြတယ်... ကုမ္ပဏီသူဌေးကလည်း မင်းကိုကုမ္ပဏီခေါ်နေတယ်... မသေသေးရင် အခုချက်ချင်း လာပြီး လာရှင်းပြဖို့ ပြောနေတယ်... အခု ငါမင်းကို လာခေါ်တော့မလို့.."

ရန်ရှန်း၏မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး လက်ထဲမှဖုန်း ပြုတ်ကျသွားခဲ့သည်။ သူက ကြက်သေသေ ကြောင်အ ရင်း ငူငူကြီး ထိုင်နေမိသည်။

"သူဌေး... စီအီးအိုအောင်း... ကြည့်ရတာ တခုခုတော့ မှားနေပြီ..."

သူက အောင်းလီကို ကြည့်ရင်း ခက်ခက်ခဲခဲပင် ရေရွတ်သည်။ တံတွေးများမျိုချရင်း သူ၏မျက်နှာက ဖျော့တော့နေသည်မှာ သွေး လုံးဝမရှိတော့သည့်အလားပင်။

အခန်း ၂၄၂ ပြီး

Continue Reading

You'll Also Like

302K 40.6K 20
လက်တွေ့ဘဝနှင့် နီးစပ်ချင်ယောင်ဆောင်ခြင်း
23.7K 539 15
what happens when the queen dies, causing tension within the royal family? HE becomes king [ ALL CHARACTERS BELONG TO CASEY MCQUISTON ]
8.5K 380 21
ကျောက်ယွမ်သည် စိတ်ကူးယဉ်ကမ္ဘာတစ်ခုသို့ ကူးပြောင်းခံလိုက်ရပြီး နတ်ဘုရားဉာဏ်အလင်းရခြင်းစနစ်နှင့် ပေါင်းစည်းခံရလိုက်ရသည်။ သူသည် မည်သည့်ကိစ္စပဲ လုပ်ချင်ပ...