အခု ဆိုရင် တေဇာ တို့ စာမေးပွဲ တွေလည်း ဖြေ ထားပြီးပြီဖြစ်ကာ holidayပိတ်ရက်ရှည် တွေ ရောက်ပြီ ဖြစ်တာကြောင့် အမိမြေကို ပြန်ချင်လျှင်ပြန်လို့ရပြီ ဖြစ်၍ စာမေးပွဲပြီးသည့်နောက်နေ့တွင် လေယာဥ်လက်မှတ်ဝယ်ထားလိုက် တာ ဖြစ်သည်။
ဆု နဲ့လည်း အပြန်အလှန် အဆက် အသွယ် လုပ်ထားကာ သူမရဲ့ ကိစ္စကိုလည်း ရိပ်ဖမ်းသံဖမ်း တေဇာကို ပြောပြထားပြီဖြစ်တာသည်။သူမက အမျိုးသားတစ်ဦးနဲ့ ရေစက်ပါလာပုံရသည်။ သူမနဲ့စိတ်တူကိုယ်တူလူတစ်ယောက် နဲ့လက်တွဲချင်ကြောင်း တေဇာကိုပြောပြထားသည်။
တေဇာကလည်း သူမ အဆင်ပြေရင်ရတယ် ဆိုတဲ့အကြောင်း၊သူလိုက်လျောပေးမှာဖြစ်တဲ့အကြောင်း ပြောပြထားသည်။
တေဇာ အခု လောလော ဆယ် လုပ်ရမှာက အမြန်ပြန်ရာက် ဖို့ပဲ ဖြ စ်ပါသည်။
lucyနဲ့jade နှစ်ယောက်ကိုလည်း စိတ်ပါရင်ပါသလို အဆင်ပြေတဲ့အခါ တေဇာ အပီကြိတ်ထားပေးခဲ့သည်။ သူတို့ကို sexလုပ်ဖို့ တကူးတက လိုက်ညှိနေစရာမလို ကိုယ်ကတဘာအထာမှလိုက်မပေးရသေးတာတောင် သူတို့က ပေါင်ကားထားပေးချင်နေသည်။
ကြာလာတော့ တေဇာလည်း မကျမ်း ကျေနေသည့် စားနေကျကြောင်ဖားကြီး ဖြစ်လာတော့သည်။ မိန်းကလေးတွေအသည်းစွဲ၊gayကောင်လေးတွေရဲ့ အကြိုက် ဘဲတစ်ဗွေဖြစ်လာသည်။ သို့သော် တေဇာ ထိုမိန်းမနှစ်ယောက်နဲ့သာ ခြေရှုပ်ထားကာ ကျန်တာတွေကိုရှောင်ပါသည်။
တေဇာ အတွေးတွေ လွန်နေ လိုက်တာ လေယာဥ်မယ်ရဲ့ လေယာဥ်မထွက်ခင် သတိပေးစကားပြောတော့မှ သတိပြန်ဝင်တော့သည်။ ပြန်ရမည့်ခရီးကရှည်ဦးမှာဖြစ်၍ တေဇာ အားမွေးထာရတော့မည်သာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နှစ်ရက်ခန့်ကြာပြီးနောက်....
ဘာလိုလိုနဲ့ တေဇာ အမိမြေ ကိုရောက်လာခဲ့ပြီဖြစ်သည်။ အိပ်ရေးပျက်တာနည်းနည်းရက်ဆက်သွားတော့လူက နုံးနေတော့သည်။
ငြိမ့် ခနဲဖြစ်သွားတဲ့ ခံစားချက်ကြောင့် လေယာဥ်ပြေးလမ်းပေါ် အခြေချလိုက်ခြင်းဖြစ် ကြောင်းတေဇာ သိလိုက်ရတော့သည်။
လေယာဥ်ပေါ်က ဆင်းလာတော့ ပူပြင်းတဲ့ရာသီဥတုရဲ့ အထိအတွေ့ကို ခံစားလိုက်ရသည်။ လိုအပ်တာလောက်လေးပဲထည့်လာတဲ့ luggage ကိုဆွဲရင်း လေဆိပ်ကို ဝင်လာခဲ့သည်။ အစစ်အဆေးတွေဖြတ်ကျော်ပြီးနောက် ထွက်လာချိန်
"အကို!"
သူ့ကိုလာကြိုတဲ့ဆုကိုတွေ့လိုက်ရသည်။
"ဆု ရောက်တာကြာပြီလား"
"သိပ်မကြာသေးဘူး အကို၊ ပင်ပန်းနေရောပေါ့ ၊ အိမ်ပြန်ပြီးနားရ အောင် "
"အင်းး ဆု"
ဒီလိုနဲ့ ဆုနှင့်အတူ တေဇာ အိမ်ကိုပြန်လာလိုက်သည်။ အိမ်ရောက်တော့ တေဇာ နားချင်နေပြီဖြစ်ကြောင်းသူမကို ပြောကာ အပေါ်ထပ်က ကိုယ့်အခန်းရှိရာကိုတက်လာလိုက်တော့သည်။ အခန်းက သပ်သပ်ရပ်ရပ်ပင်ရှိကာ ဆုက ရှင်းလင်းထားပေးပုံရသည်။
ဘာမှတွေးမနေတော့ပဲ မွေ့ယာပေါ် အားရပါးရလဲလျောင်းရင်း အိပ်စက်လိုက်တော့သည်။
........................................................................
တေဇာပြန်ရောက်လာတုန်းက မနက်ပိုင်းဖြစ်သည်။ တဝကြီးအိပ်လိုက်ပြီး နိုးလာတော့2နာရီကျော်ကျော်လောက်ရှိနေပြီဖြစ်သည်။ ပြီးနောက်ဗိုက်ကလည်း ဆာလာတာကြောင့် အောက်ထပ်ကို ဆင်းလာလိုက်သည်။
အောက်ဆင်းလာတဲ့ တေဇာကိုမြင်တော့ဆုက
"အကို နိုးပြီးလား"
"အင်းဆု ကိုယ်ဗိုက်ဆာလာလို့"
"သြော် စားစာရာတွေ စားပွဲပေါ်မှာ အဆင်သင့်ပဲအကို၊ အဆင်သင့်စားရုံပဲ"
"ကျေးဇူးဆု"
တေဇာ မီးဖိုချောင်ထဲကိုလာလိုက်ကာ ထမင်းစားဖို့ပြင်လိုက်တော့သည်။
.......................
တေဇာ ထမင်းစား ပြီး အိမ်ရှေ့ထွက်လာတော့ ဆု ဧည့်ခန်းက ဆိုဖာ မှာထိုင်ကာ တေဇာကို စောင့်နေပုံရသည်။
တေဇာလည်း သွားထိုင်လိုက်ပြီး သူမနဲ့ စကားပြောဖို့စိတ်ကူးလိုက်သည်။
"အကို စားရတာ အဆင်ပြေတယ်မလား"
"အင်း ဆု"
သူမ တေဇာကို စကားအစပျိုးချင်ပုံရပြီး ဘယ်က ပြောရမှန်းမသိ ဖြစ်နေပုံရတာကြောင့်
"ဆု အကို့ကို ပြောစရာရှိရင် ပြောပါ အားမနာပါနဲ့၊ ပြီးတော့ ဆုပြောထားသလိုပဲ ကွာရှင်း ပေးဖို့လည်း အကို လက်ခံပေးမှာ မို့လို့ ပြောပါ"
"ဟုတ်အကို၊ အမှန်အတိုင်းပြောရ ရင် အကို့ကိုသူနဲ့ ေပးတွေ့ချင်ပါတယ်၊ သူကလည်းအကိုနဲ့တွေ့ချင်ပါတယ်တဲ့"
"အင်း အကိုလည်းတွေ့ကြည့်တာပေါ့၊ ဒါနဲ့ သူ့ နာမည်ကရော"
"မိုးစက်လို့ခေါ်ပါတယ်၊ အသက်က ဆုထက်1နှစ်ကြီးတယ်၊ ပြီးတော့ ဆုတို့ စာတိုက်ပိုင်ရှင်ပါ"
"အင်းး ဆု တောင် သဘောကျတဲ့ ယောက်ျားမျိုးဆိုတော့ အကို သိချင်သွားပြီ၊ ဆိုတော့ အကိုတို့ သူနဲ့ ဘယ်မှာ တွေ့ကြမှာလည်း"
"မနက်ဖြန် သူဒီကိုလာလိမ့်မယ်တဲ့ အကို"
"အင်းဒါဆိုလည်း ကောင်းပါတယ်"
"ဟုတ်အကို၊ ကျေးဇူးတင်ပါတယ်အကို၊ ဆုကို လက်ခံနားလည်ပေးလို့၊ အကို့ ကို အားလည်းနာတယ်၊တောင်းလည်းတောင်း ပန်ပါတယ်"
"မဟုတ်တာဗျာ၊ တကယ်ဆို ကျေးဇူးတင်ရမှာက အကိုပါ၊ ဆုတို့ရဲ့ကျေးဇူးကြောင့် အကို ဒီလိုနေရာအထိရောက်နိုင်ခဲ့တာပါ၊
အားနာရတယ်၊ တောင်းပန်တယ်ဆိုရအောင်လည်း ဆုက အကို့အပေါ်မှာ ဘာအ ပြစ်မှမလုပ်ထားခဲ့ဖူးပါဘူး၊ အကို ကသာ ဆုအပေါ်တာဝန်မကျေနိုင်မှာကို စိုးရိမ်နေခဲ့တာ၊ ပြီးတော့ အကိုက ယောက်ျားတစ်ယောက် ဆိုတော့ အိမ်ထောင်ကွဲသွားလည်း ကိစ္စမရှိဘူး တကယ်တမ်း နစ်နာရတာက ဆုလေ"
"အကို ဆုအပေါ်အမြဲတမ်းကောင်းပေးခဲ့ပါတယ်၊ အမြဲလည်းနားလည်ပေးခဲ့ပါတယ် အကို၊ ပြီးတော့ ကိုယ့်ကို အပြစ်ရှိသလိုလည်း မခံစားနေပါနဲ့၊ ဆုရဲ့ သဘောထားကိုလိုက်လျောပေးခဲ့တာနဲ့တင် ဆုကကျေးဇူးတင်နေပါပြီ၊ ကွာရှင်းပြီးသွားလို့ရှိရင်တောင်မှပဲ အကိုနဲ့ဆု က မောင်နှမ တွေအဖြစ် သိကျွမ်းခွင့်ရှိနေဦးမှာပါ၊
ပြီးတော့ ကိုမိုးစက် ကလည်း ဆုအိမ်ထောင်ရှိတယ်ဆိုတာကိုသိနေခဲ့တာပဲလေ၊ သူကိုယ်တိုင်ကလည်း ဆုကို လိုလိုလားလားနဲ့ လက်တွဲချင်တာပါအကို၊ ဆုလည်း အခါခါစဥ်းစားပြီးခဲ့ပါပြီ၊ နောက်ဆုံးတော့ ဆု တကယ်ချစ်တဲ့သူကို ရွေးချယ်နိုင်ခဲ့ပါတယ်"
"အင်းး ၊ ရှေ့လျောက်လည်း အကို က ဆုအတွက် အားကိုးရတဲ့ အကိုကောင်းတစ်ယောက်အနေနဲ့ရှိနေပေးမှာပါ"
"ဟုတ် ကျေးဇူးပါအကို"
........................................................................
နောက်တစ်နေ့ ....
ညနေစောင်း တေ ဇာ cafeဆိုင်လေးကို လေးမှာ ဝင်ထိုင်နေတာဖြစ်သည်။မနက်က ဖြစ်ပျက်တွေကိုလည်းပြန်စဥ်းစားနေမိသည်။
ဒီနေ့ မနက်က အိမ်မှာ ဆုနဲ့လက်ထပ်မည့်လူကိုလည်း တေဇာတွေ့ပြီးပြီဖြစ်သည်။
ထိုလူကလည်း လူရည်လူမွန် ပညာတတ်လူကောင်းတစ်ယောက်ပါ။ ပြီးတော့ဆုကို တကယ်နားလည်ပေးနိုင်တဲ့လူတစ်ယောက်ပါ၊ ဆုကိုလည်းအတော်လေးချစ်ပုံရသည်။
ဆုနဲ့ တေဇာရဲ့ ပက်သက်မှုကို သေသေချာသိထားတဲ့လူတစ်ယောက်လည်းဖြစ်သည်။
စကားတွေပြောခဲ့လိုက်ကြကာ နောက် ရက်အတွင်း တေဇာ ကွာရှင်းကြမည့်အကြောင်းကိုလည်းတိုင်ပင်လိုက်ကြသည်။
နှစ်ဦးသဘောတူကြည်ကြည်ဖြူဖြူပဲ ကွာရှင်းကြမှာဖြစ်တာကြောင့် စိတ်ညစ်စရာ ဘာကိစ္စမှရှိမနေပါ။ ကွာရှင်းမည့်ကိစ္စတွေကို မိသားစု ရှေ့နေက အစအဆုံးလုပ်ပေးမှာဖြစ်ပြီး တေဇာတို့က လက်မှတ်ထိုးပေးရုံပဲဖစ်ပါသည်။
ပိုင်ဆိုင်မှုတွေကတော့ တေဇာက မယူဘူးပြောပေမဲ့ ဥပဒေ အရ ပိုင်ဆိုင်ရ မှာဖြစ်တာကြောင့် ပိုင်ဆိုင်မှုရဲ့ 30%ကို တေဇာကို ရယူစေပြီး ကျန်70%ကို ဆုက အမွေ ဆက်ခံသည်။ တေဇာရ ရှိတဲ့ 30%ကို ဘာလုပ်ရမှန်းမသိ၍ ရှေ့နေဆီမှာသာ အပ်ထားလိုက်တော့သည်။
ဆု က ထိုအိမ်မှာ ဆက်နေနိုင်ကြောင်းပြောပေမဲ့ တေဇာက တော့ မနေချင်တော့ပါ။
နေလို့လည်း မသင့်တော်ပါ။ သိကျွမ်းခွင့်တော့ရှိနေပေမဲ့ တစ်အိမ်ထဲ အတူနေလို့ လုံးဝ အဆင်မပြေတော့တာကြောင့်ရော၊ ကိုယ်ကဘာနှစ်နာမှုမှ မရှိဘဲ အဲ့အိမ်မှာ ဆက်နေရင် တစ်ကိုယ်ကောင်းဆန်လွန်းရာကျတာကြောင့်ရော ထွက်လာခဲ့ခြင်းဖြစ်သည်။
ကားတစ်စီးနဲ့ ပြန်လာကတည်းကယူလာတဲ့ luggage ကလွဲရင်တေဇာ ဆီမှာ ဘာမှ ရှိမနေ ခဲ့တော့ပါ။ အစကတည်းက တစ်ကောင်ကြွက်ဖြစ်တာကြောင့် ဆွေမျိုးအရင်းအချာလည်းရှိမနေပါ။ ဒါကြောင့် တစ်ကိုယ်တည်း အေးအေးဆေးဆေး ဖြစ်နေတော့သည်။
cafeဆိုင်လေးက အရင်နှစ်တွေက အတိုင်းပဲ
ပုံမှန်စီးပွားရေးလေး နဲ့လည်ပတ်နေပုံရသည်။ ဒီcafeဆိုင်ထဲကို ရောက်လာတော့ ဟိုးအရင်က ဆုံဖူးတဲ့ ကောင်မလေးကိုတောင် မှတ်မိသွားသည်။
တေဇာ ကိုယ့်အကြောင်းကိုတွေးနေခိုက်
"တီး..တီးးး" အသံမြည်လာတဲ့ဖုန်းနဲ့ အတူ ဝေလင်းဖုန်းဆက် တာဖြစ်သည်။
"ဟယ်လို ''
ဝေလင်း "ကိုတေဇာ မြန်မာနိုင်ငံ ပြန်ရောက်ပြီလား"
"အင်း မနေ့ တုန်းကတည်းကပြန်ရောက်တာ"
ဝေလင်း "ဟာဗျာ ကျွန်တော့်ကို တောင်မပြောဘူး"
''အေးကွ ငါလည်း အခု မင်းဖုန်းဆက်မှ သတိရတော့တယ်"
ဝေလင်း "ကျွန်တော် အကို့ကို သတင်းကောင်းပြောပြစရာရှိတယ်၊ ပြီးတော့ အကိုလည်းပြန်ရောက်တုန်းဆိုတော့ 6နာရီလောက်....barမှာ ဆုံမယ်အကို အဆင်ပြေလား၊
ကိုကြီး နေရောင် ကိုလည်းခေါ်ခဲ့မယ်"
"ok "
"အဒါဆိုဒါပဲနော် ကိုတေဇာ"
ပြောပြီးတေဇာ နာရီ ကြည့်လိုက်တော့ 5နာရီထိုးတော့မည်ဖြ စ်သည်။
ဒါကြောင့် သူတည်းဖို့ bookingချိတ်ထားတဲ့ hotelကိုသွားကာ ညကျ ထွက်ဖို့ပြင်ဆင်တော့သည်။
........................................................................
ည 7နာရီ..........
"ဆိုတော့ ကို တေဇာက ကွာရှင်းတော့မှာပေါ့"
"အင်းး"
"အင်း သူ့ဘက်ကိုက လိုလိုလားလားဆိုတော့လည်း ကောင်းတာပေါ့ဗျာ၊ သူလည်း သူ့ဖူးစာဖက်နဲ့ ရှေ့ဆက်ပေါ့၊ ကိုတေဇာကရော"
"မပြောတတ်တော့ပါဘူးဗျာ၊ ကျွန်တော်က အခုဆို အိမ်ထောင်ကွဲအမျိုးသားတစ်ယောက်ဖြစ်သွားပြီ၊ ဘယ်မိန်းကလေးမှလည်း လူပျိုလူလွတ်ထက် အိမ်ထောင်ကွဲထားပြီးသားကို ပိုပြီး ရွေးချယ်တော့မှာလဲဗျာ၊ အဲ့ကိစ္စတွေမေ့ထားလိုက်ပါတော့
ဒါနဲ့ ဝေလင်း မင်းကရော စေ.စပ်လိုက်ပြီဆိုတော့ ဘယ်တော့လက်ထက်မှာလည်း"
ကိုနေရောင်မေးတာကိုဖြေပြီး ငြိမ်နေတဲ့ ဝေလင်းကို တေဇာ မေးလိုက်သည်။
"နောက်နှစ်ထဲလောက်ပါပဲ ကိုတေဇာ"
"အေးပါကွာ congradulations!"
"ကျေဇူးပါဗျာ၊ အခုတော့သောက်ရအောင်"
သုံးယောက်သား သောက်နေလိုက်ကြပြီး
ကြာလာတော့ ဝေလင်းက မှောက်သွားတော့သည်။
''ကိုတေဇာ ကျွန်တော်တို့ရောက်တာ ကြာပြီဆိုတော့ ပြန်ေတာ့မယ်ဗျာ၊ ဒီကောင်ဝေလင်းကိုကျွန်တော်ပြန်ပို့လိုက်မယ်၊ ကိုတေဇာရော"
"ကျွန်တော်ကားပါတယ် ၊ ကိုနေရောင် ၊ ကျွန်တော် ထပ်နေဦးမယ်၊ အေးဆေးပြန်ပါ"
"ကောင်းပါပြီ ကိုတေဇာ"
ပြောပြီး သူတို့နှစ်ယောက်ပြန်သွားသည်။
ခဏ ကြာအောင်သောက်နေလိုက်ပြီး
တေဇာလည်း ပြန်တော့မည်စိတ်ကူးလိုက်သည်။မပြန်ခင် သေးသွားပေါက်လိုက်မယ်တွေးကာ toiletဘက်ကို လာလိုက်သည်။
........................................................................