ပန်းလေးလိုလှတဲ့ ‌ဗီလိန်ရှစ်စွ...

By EiLay5752

7.4K 992 5

Paid GP နဲ့ သိလိုသမျှကို wallထဲက About မှာတင်ပေးထားတဲ့ IQ team page messengerလေးကနေ မေးပေးပါရှင့် More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 28
Chapter 27
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71

Chapter 45

98 15 0
By EiLay5752

Chapter 45

လှိုဏ်ဂူထဲမှ အမြန်ထွက်လာသူအုပ်စုက ကိုယ်ခံပညာလေ့ကျင့်ရေးကွင်းအစွန်းနားတွင် ရပ်တန့်လိုက်ကြပြီး ဘေးပတ်ဝန်းကျင်တွင်လည်း အပ်ကျသံပင် မကြားရလောက်အောင် တိတ်ဆိတ်သွားသည်။

သူတို့အားလုံး၏အကြည့်များက ရင်သပ်ရှု့မောဖွယ်ကောင်းလောက်အောင်လှပသည့် သာမန်လူမဟုတ်သောလူငယ်လေးထံတွင်သာ ရှိနေသည်။ သူ၏ လှုပ်ရှားမှုတိုင်းက မြင်မြင်သမျှလူတိုင်း၏ နှလုံးသားကို ချုပ်ကိုင်ထားနိုင်သည်။

နျဉ်ယွင်ရှင်း၏မျက်လုံးများက အနည်းငယ် တုန်ယင်သွားပြီး ထိတ်လန့်မှုမှ အချိန်အတန်ကြာသည်အထိ ပြန်မကောင်းလာခဲ့ပေ။ အရှေ့ပိုင်းကျက်တီးမြေတွင် သူတွေ့ခဲ့သည့် သာမန်လူငယ်လေးတစ်ယောက်က ထိုမျှ အသက်ရှုမှားလောက်အောင် ချောမောပြီး အားလုံးကို ညှို့ယူဖမ်းစားနိုင်သည်အထိ လှပလိမ့်မည်ဟု မထင်ထားခဲ့ပေ။

နျဉ်ယွင်ရှင်းက နှစ်ပေါင်းများစွာ ဂူပိတ်ကျင့်ကြံခဲ့သောကြောင့် အပြင်လောကအကြောင်း အနည်းငယ်မျှသာသိ၍ ရှန်းလျိုရှန့်က မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်းမသိပေ။ လူငယ်လေး၏ ထူးခြားပြောင်မြောက်သောအလှကိုသာ သူ အံဩတကြီး ဖြစ်သွားရခြင်းပင်။

ကျောက်လင်းကမူ ထိုသို့မဟုတ်ပေ။ လူငယ်လေး၏ ချောမောခံ့ညားသောပုံစံကို မြင်လိုက်ရသည့်အခါ သူ့ရင်ထဲတွင် ခံစားချက်လှိုင်းများ မြင့်တက်လာသည်။

ထိုမျက်နှာကို သူ မှတ်မိသည်။

အဲဒါ ချင်းလင်ဂိုဏ်းက အင်မော်တယ်ရှန်းပဲ...

လွန်ခဲ့သော ဆယ်နှစ်အတွင်းတွင် ကျောက်လင်းက ဓားဂိုဏ်းတွင်နေထိုင်ခဲ့ပြီး အညှာအတာကင်းကင်းဖြင့် မရေမတွက်နိုင်သောလူများကို သူ့ဓားဖြင့် ထိခိုက်ဒဏ်ရာရစေခဲ့သည်။ ထိုလူများထဲတွင် သူ၏အစ်ကိုရှန့်ရှန်း ပါနေလိမ့်မည်ဟု မထင်ခဲ့မိပေ။

ကျောက်လင်း၏မျက်နှာက တစ်ခဏတွင်းချင်း ဖြူဖျော့သွားသည်။

သူတို့နှစ်ယောက်သာမက ထိုနေရာတွင်ရှိနေသူအားလုံးလည်း အံ့အားသင့်သွားကြသည်။ သူတို့ထဲမှ အများစုက ရှန်းလျိုရှန့်ကို ယခင်က တစ်ကြိမ်တစ်ခါမှ မမြင်ဖူးကြပေ။

" အဲဒါ ဘယ်သူလဲ... ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိတဲ့ ကျင့်ကြံသူအကြောင်းကို ငါတို့ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ..."

" တကယ်လို့ သူ့ရဲ့ အသွင်အစစ်က ဒီမျက်နှာလေးဆိုရင်တော့ တော်တော်လှတာပဲ... နျဉ်ယွင်ရှင်းနဲ့ တခြားလူတွေ ဘာလို့ နှစ်ပေါင်းများစွာကြာတာတောင် သူ့ကိုစိတ်ဝင်စားနေရတာလဲ ငါသဘောပေါက်ပြီ..."

" အဲဒါ... အဲဒါ ရှန်းလျိုရှန့်မလား... ဘာလို့ သူ့ကိုယ်သူ သာမန်လူတစ်ယောက်ပုံစံ ရုပ်ဖျက်ထားရတာလဲ... အဲ့လိုအလှလေးမျိုးကို တစ်လောကလုံးက တွေ့သင့်တာလေ..."

" အာ ငါလည်း ချင်းလင်ဂိုဏ်းကို ဝင်ချင်လာပြီ..."

ယဲ့ရှစ်မှာမူ အံဩတကြီးဖြစ်နေဆဲပင်။

ရှန်းလျိုရှန့်အပေါ် သူ၏စိုးရိမ်မှုများက ပေါက်ကွဲလုဆဲဆဲ အနေအထားတစ်ခုတွင်ရှိနေသည်။ ဤမြင်ကွင်းကို တွေ့လိုက်ရသည့်အခါ သူ့စိတ်ထဲပို၍ စိုးရိမ်ပူပန်လာသည်။ သူ ဝမ်းနည်းစွာဖြင့် တွေးလိုက်သည်။
ငါတော့ ကိုယ့်အသုဘအတွက် ကြိုပြင်ထားရတော့မယ်...

သူ မနက်ခင်းပိုင်းတွင် ရှန်းလျိုရှန့်ကို အရှက်မဲ့ရှန်းဟု သုံးနှုန်းကာ သူ့အကြောင်းများ ပြောဆိုခဲ့စဉ်တွင် ရှန်းလျိုရှန့်က တက်တက်ကြွကြွ ထိုင်နားထောင်ခဲ့သည်။ သူအပေါ်ယံတွင် အေးအေးဆေးဆေးနေနေသော်လည်း စိတ်ထဲတွင်မူ သူ့အကြောင်းပြောသူကို သတ်ပစ်ရန် ကြံစည်နေပုံပင်။

ယဲ့ရှစ်၏ခြေထောက်များ ပျော့ခွေလာပြီး မြေပြင်တွင် ဒူးထောက်မိလုမတတ် ဖြစ်လာသောကြောင့် ဆရာတူညီလေး ညီမလေးများက အမြန်ပြေးလာပြီး သူ့ကိုလာထူကြသည်။

သူတို့၏မျက်နှာများတွင် အပြုံးများဖြင့် တောက်ပနေပြီး သူတို့အားလုံးက အလွန်အကောင်းမြင်နေသည်။

" အား သူ့ပုံစံက အခုပိုကြည့်ကောင်းသွားတာ... ဒီလိုမျက်နှာလေးရယ် အဲ့လောက်မြင့်တဲ့ ကျင့်ကြံဆင့်ရယ်ဆိုရင် နျဉ်ရှစ်ရှု့နဲ့ဖြစ်ဖြစ် ကျောက်ရှစ်ရှုန်းနဲ့ပဲဖြစ်ဖြစ် ငါတို့ ဓားဂိုဏ်းဘက်က ဆုံးရှုံးစရာ မလိုတော့ဘူး..."

" ဟုတ်ပါ့... ကြည့်ရတာ နျဉ်ရှစ်ရှု့နဲ့ ကျောက်ရှစ်ရှုန်းကတို့က ရှေ့ရေးကိုကြိုတွေးထားပြီးတော့ ရှန်းလျိုရှန့်က ထူးခြားတဲ့သူ ဖြစ်လာမယ်ဆိုတာကို သိနေခဲ့တယ်ထင်တယ်..."

" ငါ မင်းတို့ကို တိုးတိုးလေး ပြောပြဦးမယ် တကယ်လို့ နျဉ်ရှစ်ရှု့နဲ့ ကျောက်ရှစ်ရှုန်းကတောင် သူ့ကိုကြိုက်တယ်ဆိုရင် ငါလည်း သူ့ကိုကြိုက်လို့ရမလား မသိဘူး..."

ယဲ့ရှစ် ပါးစပ်အဟောင်းသားဖြစ်နေမိသော်လည်း ခဏအကြာတွင် သူ့ဆရာတူညီလေး ညီမလေးများက အဘယ့်ကြောင့် ရူးနှမ်းစွာ ပြုမူနေရသည်ကို သဘောပေါက်သွားသည်။

" ငတုံးတွေ..."
ယဲ့ရှစ် စိတ်မထိန်းနိုင်တော့ဘဲ ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။

" မင်းတို့ မျက်လုံးတွေ ပြူးနေအောင်ဖွင့်ထားပြီး ကြည့်လိုက်ကြဦး... သူက ချင်းလင်ဂိုဏ်းက ရှန်းလျိုရှန့်နော်... ငါတို့ဓားသခင်ယဲ့ကို ဆယ်နှစ်ကျော်ကြာအောင် လိုက်ခဲ့တဲ့သူ..."

ယဲ့ရှစ်၏အသံက ကျယ်လောင်လွန်း၍ ထိုနေရာတွင် ရှိနေသမျှလူတိုင်း၏နားထဲကို ပဲ့တင်ထပ်သွားသည်။

" ဓားသခင်ယဲ့ကို... ဆယ်နှစ်ကျော်ကြာအောင်... လိုက်ခဲ့တယ်..."

ထိုစကားတစ်ခွန်းက မိုးကြိုးပစ်ချလိုက်သည်နှင့်တူ၍ အားလုံးကို ထိတ်လန့်သွားစေခဲ့သည်။

ချင်းလင်ဂိုဏ်းမှ အင်မော်တယ်ရှန်းက အရှက်မဲ့စွာဖြင့် မြောက်ပိုင်းမှ လစန္ဒာဓားသခင်ကို ဆယ်နှစ်ကျော်ကြာအောင် လိုက်ခဲ့ခြင်းကို မသိသူ မရှိပေ။ အကယ်၍ ရှန်းလျိုလျိုက ရှန်းလျိုရှန့်အစစ် ဖြစ်နေခဲ့ပါက ယခုအချိန်တွင် သူနှင့်ကောလဟာလထွက်နေသော အခြားနှစ်ယောက်သည်လည်း...

အားလုံး : ဝိုးးး...

ယဲ့ပင်းရန်က ပြင်းထန်လှသည့် အာရုံစိုက်မှုကြီးများကို ရရှိလိုက်သည်။

သူ၏ အေးစက်ခံ့ညားသောမျက်နှာက ယခင်အတိုင်းဖြစ်ပြီး အမူအရာပျက်မနေပေ။ သို့ရာတွင် အနီးကပ်ကြည့်မည်ဆိုပါက သူ့နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီး အမူအရာက အနည်းငယ် တင်းမာနေသည်ကို သတိပြုနိုင်ပေသည်။

နျဉ်ယွင်ရှင်းနှင့် ကျောက်လင်းထံမှရောက်လာသည့် အကြည့်များကို သတိပြုမိသောအခါ ယဲ့ပင်းရန်၏ မျက်နှာထားက ပိုမိုတောင့်တင်းလာသည်။

ယဲ့ပင်းရန် ကျောရိုးထဲမှ စိမ့်နေအောင် ကြက်သီးထသွားမိသည်။

ဓားဂိုဏ်းမှ တပည့်များမှာ မီးရှူးမီးပန်းများသဖွယ် ပေါက်ကွဲနေပြီး ကောင်းကင်ပေါ်မှ ၃၆၀° လှည့်ကာ ပြုတ်ကျလာသကဲ့သို့ ဂနာမငြိမ်ဖြစ်နေကုန်ကြသည်။

လေထဲတွင် ဝမ်းနည်းပက်လက်ဖြင့် အော်ဟစ်သံများဖြင့် ပြည့်လာသည်။

" အားးး ဒါ အမှန်မဟုတ်ဘူးလို့ ငါ့ကို တစ်ယောက်ယောက် ပြောကြပါဦး..."

" သူတဲ့လား... ဘာလို့ သူဖြစ်နေရတာလဲ... ခွေးတစ်ကောင်ဆိုရင်တောင် သူ့ထက်ပိုကောင်းဦးမယ်..."

" ချီးပဲ ဒါကြီးကတော့ လွန်လွန်းပါတယ်... ငါတို့ဓားဂိုဏ်းရဲ့ အနာဂတ်ကျောက်တိုင်သုံးခုလို့ ပြောရမယ့်လူသုံးယောက်လုံးက အဲ့တစ်ယောက်နဲ့မှ သွားပတ်သက်မိရလား... တကယ်ကို ရူးလောက်စရာပဲ..."

" ငါသိနေတယ်... သူက ဓားသခင်ကို မရနိုင်တာနဲ့ပဲ နျဉ်ရှစ်ရှု့နဲ့ ကျောက်ရှစ်ရှုန်းတို့နဲ့ ရင်းနှီးအောင်ကြိုးစားပြီးတော့ သူတို့အချင်းချင်းကို ရန်တိုက်ပေးတာ... သူက တကယ့်ရွံစရာလူပဲ..."

" မဟုတ်သေးဘူးထင်ဝယ်... အချိန်ကာလအရ တွက်မယ်ဆို သူက ဓားသခင်နဲ့ နောက်ဆုံးမှ တွေ့တာလေ..."

" အဲဒါဆို ပိုကြောက်စရာကောင်းသွားပြီ... ဒါဆို ရှန်းလျိုရှန့်က ဒီတစ်လျှောက်လုံး သူတို့သုံးယောက်ကြားထဲ အတွင်းရေးပြဿနာဖြစ်လာအောင် အကွက်ကျကျစီစဉ်ခဲ့တာပဲ... အဲဒါမှ ဓားဂိုဏ်းကို အတွင်းကနေ ဖျက်ဆီးပစ်လို့ ရမှာလေ..."

" ချင်းလင်ဂိုဏ်းက ဓားဂိုဏ်းကိုသိမ်းဖို့ ကြံစည်နေတာများလား..."

" တွေးကြည့်ရုံနဲ့တင် တော်တော်ကြောက်ဖို့ကောင်းနေပြီ... တကယ်လို့ ‌ဓားသခင်သာ သူ့ကိုကြိုက်မိရင်တော့ ချင်းလင်ဂိုဏ်းရဲ့ အကြံတွေ အောင်မြင်ကုန်မှာ..."

" အခုက ပိုဆိုးကုန်ပြီ... နျဉ်ရှစ်ရှု့နဲ့ ကျောက်ရှစ်ရှုန်းက  ဟင်းးး တော်တော်လေး နောက်ကျသွားပြီ..."

" ဒါပေမဲ့..."

တစ်ယောက်ယောက်က ဖြတ်ပြောလိုက်သည်။

" ‌အင်မော်တယ်ရှန်းနဲ့ ဓားသခင်တို့က လိုက်ဖက်တဲ့စုံတွဲလို့ မင်းတို့မထင်ကြဘူးလား... ငါတို့ဘက်ကလည်း ဘာမှတော့ မဆုံးရှုံးပါဘူး..."

ဓားဂိုဏ်မှတပည့်များက မျက်မှောင်ကြုတ်လိုက်ပြီး ကျင်းရှန်ထျန်းနှင့် တိုက်ခိုက်နေသော လူငယ်လေးကို လှမ်းကြည့်လိုက်သည်။

ယျေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် အင်မော်တယ်ရှန်းက ငယ်ရွယ်ချောမောပြီး ကျင့်ကြံဆင့်ကလည်း ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်တွင် ရှိနေပေသည်။ သူတို့ လေးစားဂုဏ်ယူရသော ဓားသခင်မှာမူ ဝိညာဉ်အခြေတည်အဆင့်နှောင်းပိုင်းတွင်သာ ရှိနေသေးခြင်းဖြစ်သည်။ သို့ဖြစ်၍ ဓားဂိုဏ်းမှတပည့်အားလုံး တိတ်ဆိတ်သွားကြတော့သည်။

ရှန်းလျိုရှန့်က သူ့ဘေးနားမှ အ‌ခြေအနေများကို သတိမပြုမိဘဲ တိုက်ပွဲတွင်သာ လုံးဝ အာရုံစိုက်ထားသည်။ ကျင်းရှန်ထျန်း၏ တိုက်ခိုက်မှုများကို ရှောင်ရှားနေလျက် အချိန်ကောင်းကို ရှာဖွေနေသည်။ အနည်းငယ်လှုပ်ရှားပြီးသည်နှင့် အခွင့်အရေးရသွား၍ ဒါဇင်နှင့် ချီသော ဝိညာဉ်ချည်နှောင်ကြိုးများဖန်တီးကာ ပိုက်ကွန်တစ်ခု ပြုလုပ်ပြီး ပြိုင်ဘက်ကို တိုက်ခိုက်တော့သည်။

" ဝိညာဉ်ချည်နှောင်မန္တန်ပဲ... မင်း ဒါကို ဘယ်လိုသိနေတာလဲ..."

ကျင်းရှန်ထျန်း၏မျက်နှာထက်တွက် ထိတ်လန့်မှုများဖြင့် ပြည့်သွားသည်။ သူ အမြန် နောက်ဆုတ်လိုက်သော်လည်း အနီရောင်ပိုက်ကွန်များက အရပ်မျက်နှာအနှံ့မှ ဝိုင်းထားပေသည်။ သူလွတ်မြောက်ရန် မဖြစ်နိုင်တော့သည့်အချိန်တွင် အလင်းတန်းတစ်ခုက ထိုနေရာတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ တစ်ခဏတွင်းချင်းမှာပင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်ထံမှ ထုတ်လွှတ်နေသောဖိအားများက အရိပ်အယောင်မတွေ့ရဘဲ ပျောက်ကွယ်သွားသည်။

" ဒါက ဓားဂိုဏ်းပါ... ကိုယ်ရေးကိုယ်တာကိစ္စအတွက် လက်စားချေရမယ့် နေရာမဟုတ်ဘူး..."

ထိုနေရာမှလူအားလုံး ဇောချွေးပြန်ကုန်ပြီး ကောင်းကင်ထက်မှ ပုံရိပ်ကို အရိုအသေပြုလိုက်သည်။
" အကြီးအကဲကို ဂါရဝပြုပါတယ်..."

ပုံရိပ်က ခဏပေါ်လာပြီး ချက်ချင်းပျောက်ကွယ်သွားသည်။

ရှန်းလျိုရှန့်နှင့် ကျင်းရှန်ထျန်းလည်း သူတို့လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။ ကျင်းရှန်ထျန်းက သူ့ကို မကျေမနပ်ဖြင့် တစ်ချက်ကြည့်ပြီး ကျင်းတျယ်ရှန့်ကိုခေါ်ကာ အလင်းတန်းတစ်ခုအသွင်ပြောင်းပြီး ထွက်ခွာသွားလေသည်။

ဓားသခင်ကို လေးစားကြောင်းပြသရန် သူ ထွက်သွားရပေမည်။

ရှန်းလျိုရှန့် သက်ပြင်းချလိုက်ပြီးနောက် သူ့အမူအရာက စိတ်အေးလက်အေးဖြစ်သွားသည်။ ထိုအခိုက်အတန့်တွင် ဖရိုဖရဲဖြစ်နေသည့် ခြေသံအချို့ကို ကြားလိုက်ရပေသည်။

သူ တစ်ဖက်သို့လှည့်ကြည့်လိုက်သည့်အခါ ရင်းနှီးနေသည့် မျက်နှာများက တအံ့တဩဖြစ်နေသည်ကို တွေ့လိုက်ရသည်။

" ပါပါး ~ "

ရှန်းပုပုက ပျော်ရွှင်စွာဖြင့်ပြေးလာပြီး သူ့ခြေထောက်ကိုဖက်ထားကာ သူ့ဝတ်ရုံကို မျက်နှာဖြင့်လာပွတ်နေသည်။

" ပါပါးက ဒီလိုပုံစံဟုတ်တယ်... အရမ်းချောတာပဲ..."

ရှန်းလျိုရှန့် : “…”

ငါတော့ ဒုက္ခအကြီးကြီးရောက်ပြီ...

သူ့မှာ မွေးစားသားတစ်ယောက်ရှိတယ်ဆိုတဲ့အကြောင်း နှစ် ကျင့်ကြံရေးလောကတစ်ခုလုံးမှာ ပျံ့ကုန်တော့မယ်...

နျဉ်ယွင်ရှင်း : " ငါမင်းကို ရှန်းလျိုလို့ပဲ ဆက်ခေါ်ရမလား ရှန်းလျိုရှန့်လို့ ခေါ်သင့်လား..."

ထိုအကြည့်ထဲတွင် ဆယ်နှစ်စာအမုန်းတရားများဖြင့် ပြည့်နေ၍ ရှန်းလျိုရှန့် မျက်လွှာချထားလိုက်ရတော့သည်။ တစ်ခုခုအမှားလုပ်ထားမိ၍ ပြစ်တင်ခံနေရသည့် လူတစ်ယောက်သဖွယ် သူ့လက်ချောင်းသွယ်သွယ်များကို ပွတ်နေမိသည်။

မင်းကိုလှည့်စားခဲ့တာ ငါ မဟုတ်ပါဘူး...
ရှန်းလျိုရှန့် ရင်ထဲတွင် အော်ဟစ်နေမိသော်လည်း အပေါ်ယံတွင်မူ ဆီးနှင်းခဲသဖွယ် အေးစက်စွာ ပြုမူနေသည်။

" မင်း အဆင်ပြေသလိုခေါ်ပါ..."

" အစ်ကိုရှန်းရှန့်... ကျွန်တော် အစ်ကိုမှန်း မသိခဲ့လို့ ဓားဂိုဏ်းကနေ သုံးခါတောင် မောင်းထုတ်ခဲ့မိပါတယ်..."
တစ်ဖက်မှ ကျောက်လင်း၏မျက်နှာက ဖြူဖျော့နေသည်။

" ကျွန်တော့်ကို အပြစ်မတင်ပါနဲ့..."

နောက်ဆုံးတွင် အားနည်းသောပစ်မှတ်တစ်ခုကို ရှာတွေ့သွား၍ ရှန်းလျိုရှန့် ပြန်လည်တက်ကြွသွားသည်။ သူ စိတ်ပျက်လက်ပျက်ပုံစံဖြင့် ပြုံးပြလိုက်သည်။

" စိတ်ချပါ ငါမင်းကို အပြစ်မတင်ပါဘူး..."

ကျောက်လင်းက သူ့ကိုယ်သူ အပြစ်မကင်းသကဲ့သို့ ခံစားနေရဆဲဖြစ်၍ သက်ပြင်းချလိုက်သည်။

" အစ်ကိုရှန်းရှန့်သာ ရှစ်ရှုန်းကို စိတ်ဝင်စားနေမှန်းသိရင် ကျွန်တော် အစ်ကို့ရဲ့ ကံကြမ္မာကောင်းကို မနှောင့်ယှက်ခဲ့ပါဘူး..."

သူက အသံတိုးတိုးဖြင့် ဆက်ပြောသည်။
" ရှစ်ရှုန်းက မြင့်မြတ်တဲ့ ကိုယ်နှုတ်အမူအရာမျိုးတွေရှိတော့ အစ်ကို သူ့ကိုလေးစားတာ ပုံမှန်ပါပဲ..."

ရှန်းလျိုရှန့်၏မျက်နှာက ပြောင်းလဲသွားပြီး အထပ်ထပ်အခါခါ ငြင်းဆိုလိုက်သည်။
" အဓိပ္ပါယ်မရှိတာတွေ မပြောပါနဲ့ အဲ့လိုမျိုးမဟုတ်ဘူး..."

ရှန်းလျိုရှန့် စိတ်ပျက်လက်ပျက်ဖြင့် ငြင်းဆန်နေသည်ကို မြင်သောအခါ ကျောက်လင်း၏မျက်နှာထက်မှ အမူအရာက ပိုမိုနာကျင်လာပြီး ရှန်းလျိုရှန့်၏လက်ကို လှမ်းဆွဲလိုက်သည်။

" အစ်ကိုရှန်းရှန်း အဲ့လိုကြီးမနေပါနဲ့... အကုန် ကျွန်တော့်အမှားပါ... အစ်ကို ရှစ်ရှုန်းကိုပေးထားတဲ့ ချစ်ရေးဆိုတဲ့စာတွေကို မီးမရှို့ပစ်သင့်သလို သူ့အတွက်ပေးထားတဲ့ မွေးနေ့လက်ဆောင်ကိုလည်း ကျွန်တော် မဖျက်ဆီးခဲ့သင့်ဘူး... ကျွန်တော့်ကြောင့်သာမဟုတ်ရင် အစ်ကိုနဲ့ ရှစ်ရှုန်းတို့ အခုချိန် တူတူရှိနေကြလောက်ပြီ..."

ဟမ်...

ရှန်းလျိုရှန့် စူးရှသော အကြည့်တစ်ခုကို အာရုံခံမိလိုက်သည်။

" မပြောနဲ့တော့..."

ရှန်းလျိုရှန့် သူ့လက်ကို အမြန်ပြန်ဆွဲလိုက်ပြီး ထိတ်ထိတ်ပျာပျာဖြင့် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ထိုအကြည့်က မည်သူ့ထံမှဖြစ်သည်ကို မသိသော်လည်း အန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရစေသည်။

" အတိတ်ကအကြောင်းတွေ မပြောနဲ့တော့..."

ရှန်းလျိုရှန့်က သူ့ကိုယ်သူကယ်တင်ပြီး သိက္ခာမကျအောင် ကြိုးပမ်းလိုက်သည်။

" မင်း အနာဂတ်ကိုပဲ ကြည့်သင့်တယ်... မင်း ရှစ်ရှုန်းရဲ့ကိစ္စက အတိတ်မှာ ကျန်ခဲ့ပါပြီ... ပြီးတော့ ငါလည်း ပြဿနာထပ်မရှာတော့ဘူး..."

ယဲ့ပင်းရန်၏မျက်နှာက အေးစက်သွားသည်။

ကျောက်လင်း အံ့အားသင့်သွားမိသည်။
" တကယ်လား..."

ရှန်းလျိုရှန့်က ခေါင်းညိတ်ပြလိုက်သည်။
" ဒါပေါ့..."

ကျောက်လင်း၏ မျက်လုံးများက အရောင်တောက်ပလာသည်။

" ရှန်းရှန့် ကျွန်တော် အခု အစ်ကို့ရှေ့မှာ ရပ်နေပြီလေ... ကျွန်တော့်ကို ကြည့်ကောင်းတယ်လို့ထင်လား..."

ဘာလဲဟ...

ရှန်းလျိုရှန့် ပြန်မဖြေနိင်မီ တစ်ယောက်ယောက်က "ဟင်း"ခ‌နဲ အသံပြုပြီး ကျောက်လင်းကို မသိမသာ တွန်းထုတ်လိုက်သည်။

" တပည့်လေးက ငယ်ပါသေးတယ် ကျင့်ကြံရေးပိုင်းကိုပဲ ပိုပြီး အာရုံစိုက်တာကောင်းလိမ့်မယ်..."

နျဉ်ယွင်ရှင်းက ချောမောခံ့ညားသော မျက်နှာထက်တွင် အပြုံးတစ်ပွင့်ဆင်မြန်းပြီး ရှန်းလျိုရှန့်နားကို လျှောက်လာသည်။

" ငါကတော့ မင်းကို ရှန်းလျို လို့ပဲ ခေါ်ချင်သေးတယ်... ငါတို့ကို နတ်ဆိုးပေါင်းများစွာ တိုက်ခိုက်ခဲ့တဲ့အချိန်တုန်းက ငါတို့ အတူတူနေပြီး အတူတူသေမယ်လို့ ပြောခဲ့ကြတယ်လေ... တကယ်လို့ ငါ အသက်ရှင်ခဲ့မယ်ဆိုရင် မင်းကို ငါ့ရဲ့ တာအိုလက်တွဲဖော်အဖြစ်ထားမယ်လို့ စိတ်ပိုင်းဖြတ်ခဲ့တယ်..."

သူ ရှန်းလျိုရှန့်၏လက်ကိုလှမ်းကိုင်လိုက်ပြီး နှုတ်ခမ်းများတွန့်ကွေးကာ အဓိပ္ပါယ်ပါပါ ပြုံးလိုက်သည်။

" ရှန်းလျို... မင်း ယဲ့ပင်းရန်ရဲ့မရီး မဖြစ်ချင်ဘူးလား..."

ယဲ့ပင်းရန် ချက်ချင်းမျက်နှာပျက်သွားပြီး နှဖူးကြောများပါ ထောင်တက်လာသည်။

ရှန်းလျိုရှန့် : ဖိတ်ခေါ်တာတော့ ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ငါမှ စိတ်မဝင်စားတာ...

သူ့လက်ကို ပြန်ဆွဲယူလိုသော်လည်း နျဉ်ယွင်ရှင်းက တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပေသည်။ သူ ဘေးနားပတ်ပတ်လည်ကိုကြည့်ပြီး သူ့ကိုလာကူညီမည့်လူကို မျှော်လင့်နေမိသည်။

ဓားဂိုဏ်းချုပ် လန်ရှောင်ရှန့်က ပြုံးနေတယ်... သူ့ဆရာတူအစ်ကိုကလည်း ပြုံးနေတယ်... ပြီးတော့ သူ့တပည့်ကလည်း...

ရှန်းလျိုရှန့် မျက်တောင်တစ်ချက်ခတ်လိုက်ပြီးသည့်နောက် ကျိုးရွှမ်လန်က သူ့နောက်တွင် ရပ်နေသည်ကို သတိပြုမိလိုက်သည်။ သူ့မျက်လုံးများက အုံ့မှိုင်းနေပြီး နှုတ်ခမ်းပါးများထက်တွင် အေးစက်သော အပြုံးတစ်ခု ရှိနေသည်။ သူ့ပုံစံက မည်သူ့ကိုမှ ဂရုမစိုက်ဟန် ဖြစ်နေသည်။

ရှန်းလျိုရှန့် ဝမ်းသာသွားမိသည်။

သူက ရှစ်စွမ်း ဘာဖြစ်နေတယ်ဆိုတာသိတဲ့ တပည့်ကောင်းလေးပဲ...

" မင်း ဘယ်သူ့ကို ကြည့်နေတာလဲ..."

နျဉ်ယွင်ရှင်းက မျက်မှောင်ကြုတ်လိုက်ပြီး သူ့နောက်ကို လှမ်းကြည့်သည်။

ရှန်းလျိုရှန့်က အခွင့်အရေးကိုအသုံးချပြီး သူ့လက်ကို အမြန်ပြန်ရုတ်ကာ ကျိုးရွှမ်လန်၏ဘေးနားကို လှစ်ခနဲ ပြေးသွားသည်။

အကြည့်များအားလုံးက သူနှင့် ကျိုးရွှမ်လန်အပေါ် ကျရောက်လာပြီး တီးတိုးပြောဆိုသံများဖြင့် ဘေးနားတွင် ပြည့်လာသည်။

ရှန်းလျိုရှန့်က ကျိုးရွှမ်လန်၏အနောက်တွင် ပုန်းနေသည်။ လူငယ်လေးက လျင်မြန်စွာ ကြီးပြင်းလာပြီဖြစ်၍ ယခုအခါ သူ့နီးပါး အရပ်ရှည်လာခဲ့ပြီဖြစ်သည်။ ပခုံးကျယ်ကျယ်များနှင့် ခါးသိမ်သိမ်ကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လုံ‌လုံလောက်လောက် ကွယ်ပေးထားနိုင်သည်။

သို့ရာတွင် အားလုံး၏ မျက်စိရှေ့၌ ဆရာဖြစ်သူက တပည့်နောက်တွင် ပုန်းနေသည်မှာ အနည်းငယ် မသင့်တော်ဖြစ်နေသည်။

ရှန်းလျိုရှန့် ခဏတာ တွန့်ဆုတ်နေပြီးနောက် ရှေ့တိုးလာပြီး ကျိုးရွှမ်လန်၏ရှေ့မှ ရပ်လိုက်သည်။ သူ၏ ဇာမဏီမျက်ဝန်းများက မှေးကျဉ်းသွားပြီး သူ့နားထပ်ကပ်လာသည့် နျဉ်ယွင်ရှင်းကို ပြောလိုက်သည်။

" ငါ့ကို စစ်ဆေးစရာ မလိုတော့ပါဘူး... ငါအခု ယဲ့ပင်းရန်အပေါ် ဘာခံစားချက်မှ မရှိတော့ဘူး... ငါ့ရဲ့ အတိတ်ကအကြောင်းတွေကိုသုံးပြီး လူတွေငါ့ကို ရွံလာအောင် မလုပ်ပါနဲ့..."

နျဉ်ယွင်ရှင်း၏အကြည့်က ရှန်းလျိုရှန့်၏အနောက်သို့ရောက်သွားပြီးနောက် ခဏတာ ငြိမ်ကျသွားသည်။

ရှန်းလျိုရှန့်က ယဲ့ပင်းရန်အပေါ်  ခံစားချက်ရှိနေခြင်း ဟုတ်မဟုတ်ကို သူ အမှန်တကယ် စစ်ဆေးချင်ခဲ့သည်။ သို့ရာတွင် ယခု သူ ပြုလုပ်လိုက်သည့်အရာက ဦးတည်ချက်လွဲသွားကြောင်း သဘောပေါက်သွားသည်။

သူ ဩရှရှလေသံဖြင့် မေးလိုက်သည်။
" အရိုးသန့်စင်ရေပူစမ်းကကိစ္စကရော အမှန်ပဲလား..."

သူတို့ဘေးနားတွင် ကသောင်းနင်းဖြစ်ကုန်သည်။

ဖရိုဖရဲအနေအထားဖြစ်နေသည့် ရှန်းလျိုရှန့်ကို ကျိုးရွှမ်လန် အရိုးသန့်စင်ရေပူစမ်းမှ ပွေ့ချီပြီးထွက်လာသောသတင်းက ဓားဂိုဏ်းတစ်ခုလုံးတွင် ပျံ့နှံ့နေပြီးဖြစ်သည်။ ထိုအကြောင်းကို နျဉ်ယွင်ရှင်းက လူအများရှေ့၌ ပေါ်ပေါ်ထင်ထင် ထုတ်မေးလိုက်ခြင်းကို အားလုံးက အံ့ဩတကြီးဖြစ်ကုန်ကြသည်။

ရှန်းလျိုရှန့် မျက်လုံးအပြူးသားဖြစ်သွားရသည်။ တစ်စုံတစ်ယောက်က ထိုကိစ္စကို အများရှေ့၌ ထုတ်မေးလာမည်ဟု မထင်ခဲ့မိပေ။

ထိုအကြောင်းကို အနည်းဆုံး version ဆယ်မျိုးခန့်အထိ ကြားခဲ့ပြီးဖြစ်ကာ အကြောင်းအရာအားလုံးမှာလည်း သူနှင့် ကျိုးရွှမ်လန်တို့ ရေပူစမ်းတွင် လွန်လွန်ကျူးကျူးဖြစ်ထားခဲ့ခြင်းအကြောင်းများကိုသာ သရုပ်ဖော်ပြောဆိုထားခြင်များ ဖြစ်နေသည်။

အကယ်၍ ယခုလက်ရှိအချိန်တွင် မဖြေရှင်းပါက သူကိုယ်တိုင်သာမက ကျိုးရွှမ်လန်၏ ဂုဏ်သိက္ခာလည်း ထိပါးခံရမည်ဖြစ်သည်။

ရှန်းလျိုရှန့် ချက်ချင်းပြောလိုက်သည်။
" အဲဒါက ဟင်..."

လက်တစ်ဖက်က သူ့ပါးစပ်ကို လာအုပ်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ့ကို အနောက်သို့ အတင်းဆွဲခေါ်လိုက်သကဲ့သို့ ခါးနေရာတစ်ဝိုက်တွင် တင်းကြပ်သွားသည်။

ရှန်းလျိုရှန့် လဲကျလုမတတ်ဖြစ်ပြီးနောက် နွေးထွေးသည့်ရင်ခွင်တစ်ခုထဲ ရောက်သွားသည်။

သူ မတုံ့ပြန်နိုင်မီအချိန်မှာပင် အချိန်အတန်ကြာအောင် ဒေါသများကို ဖိနှိပ်ထားခဲ့ရပုံပေါ်နေသည့် အေးစက်စက်အသံတစ်ခုက ထိုနေရာတွင် ရှိနေသည့်လူများ ကြားနိုင်လောက်သည့်လေသံဖြင့် စကားတစ်လုံးချင်းကို ပီပီသသ ပြောလိုက်သည်။

" ကောလဟာလတွေအားလုံးက အမှန်ပဲ..."

Continue Reading

You'll Also Like

11.4K 793 71
A story of trauma, hate, pretending, facades, and of course love. ------ Alina & Rayan The past can never be erased or changed. It follows you even a...
81.7K 9.8K 50
ရှီးချန်းယုသည် ပြောင်းရွှေ့သွားသောအခါတွင် မူလကိုယ်ခန္ဓာသည် ဇာတ်လိုက်မှ ပျက်စီးသွားခဲ့ပြီး မသန်စွမ်းသော ခန္ဓာကိုယ်နှင့် မျက်စိပါမမြင်ရသော မျက်မမြင် ရ...
9.3K 178 10
Budo Masuta x Taro Yamada Taro Yamada was a strange one, always surrounded by girls each week. However, as those girls started to go missing Budo too...
64.6K 2.1K 20
You were a somewhat average student at Canterlot Highschool when all of a sudden you saw a girl come from a mysterious portal.Now being more confused...