ငါ့အမြှီးကို ဘယ်ကောင်ထိတာလဲကွ...

By Puddin524

20.1K 2.2K 29

This is not my own story. More

Description
Chapter 1 Arc 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Paid Gp
Chapter 7
Chapter 9 Arc 1 End.
Chapter 10 Arc 2
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25 Arc 2 End.
Chapter 26 Arc 3
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43 Arc 3 End.
Chapter 44 Arc 4

Chapter 8

431 66 0
By Puddin524

🦊Chapter 8
Arc 1 - လူမှားယွင်းယုံကြည်မိခြင်း
1.8 – ဘာပဲဖြစ်ဖြစ် ကြာကြာနေရမှာမှမဟုတ်တာ...ဘာတွေစိုးရိမ်နေတာလဲ

ညသန်းခေါင်တွင် ရွှယ်လင် ရုတ်တရက်နိုးလာပြီး မျက်လုံးဖွင့်လိုက်သည်။ ထို့နောက် အမှောင်ထဲတွင် တောက်ပနေသည့် မျက်လုံးတစ်စုံနှင့် အကြည့်ချင်းဆုံသွား၏။

ရွှယ်လင် : “…”

ချုံဟွေ့ : “…”

သန်းခေါင်ကျော်နေပြီဖြစ်ရာ မီးရောင်တစ်စပင်မရှိပေ။ မှောင်မိုက်သော အခန်းတွင်း၌ သူ့အိပ်ယာဘေးတွင် တစ်စုံတစ်ဦးလာထိုင်နေသည်။ ရွှယ်လင်၏ ကောင်းမွန်သောသမာဓိကြောင့် မဟုတ်ပါက အိမ်တော်တစ်ခုလုံး သူ၏ သရဲ ဟူသောအော်သံဖြင့် ပြည့်နှက်သွားပေလိမ့်မည်။

ရွှယ်လင် ကြောင်အသွားသည်။ တစ်ဖက်လူ၏ အမူအရာမဲ့သော မျက်နှာထားမှ အနည်းငယ် ရှက်ရွံမှုအား သူခံစားနေရ၏။ အချိန်အတော်ကြာသည့်နောက် သူက နှာခေါင်းပွတ်ကာ ပြောလိုက်သည်။

"စစ်သူကြီး ညသန်းခေါင် ဘာများအလိုရှိလို့ အလည်လာရပါလိမ့်...”

ပုန်ကန်သူများအား ဖြေရှင်းပြီးနောက် တစ်ချက်ပင်မနားပဲ အိမ်သို့ပြန်လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် သွေးစွန်းနေသည့် အဝတ်များကို လဲလှယ်ကာ ထိုလူအား အပြေးလာတွေ့ခဲ့ခြင်းဖြစ်ကြောင်း ချုံဟွေ့ ပြောပြမည်မဟုတ်ပေ။ သူက ခဏစဥ်းစားပြီးနောက် “ဒီနေ့ကိစ္စမှာ မင်းကိုကျေးဇူးတင်ပါတယ်....”

ရွှယ်လင်က ဇာတ်ကြောင်းကို သိထားသည့်အလျောက် ချုံဟွေ့အား များစွာ အကူအညီပေးခဲ့သည်။ သူ၏ အကူအညီကြောင့် ချူံးဟွေ့၏ရန်သူများ အထိနာခဲ့ပြီး ချုံးဟွေ့အတွက် အကျအဆုံးနည်းခဲ့သည်။

သို့သော် ကျေးဇူးတင်ချင်လျှင်ပင် ညသန်းခေါင်အချိန်၌ တစ်ဖက်လူ အခန်းသို့ရောက်လာပြီး စောင့်ကြည့်ရန်မလိုအပ်ပေ။

ရွှယ်လင်က မည်သည့် အမူအယာမှမပြပဲ ပြန်ပြောသည်။

“ဒါက ကျွန်တော် လုပ်သင့်တဲ့ကိစ္စပါပဲ...ကျွန်တော့်မိဘတွေ သေဆုံးခဲ့ရတဲ့ မိသားစုသွေးကြွေးကြောင့်ပါ...စစ်သူကြီး ကျွန်တော့်ကို တကူးတကကျေးဇူးတင်ဖို့ မလိုပါဘူး....”

ချုံဟွေ့က အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညှိတ်လိုက်ရင်း ပြောသည်။

“ဘာပဲဖြစ်ဖြစ် မင်းကို ကျေးဇူးတင်ပါတယ် … နောက်ကျနေပြီ … အနားယူတော့လေ … ”

ရွှယ်လင် : “…” ခင်ဗျားသာမလာရင် ကျွန်တော် ကောင်းကောင်း အိပ်ပျော်နေလောက်ပြီ။

သို့သော် ဤကဲ့သို့ စကားဆယ်ခွန်းမှ တစ်ခွန်းသာ ပြောလေ့ရှိသော သူအား ကတ်သီးကတ်ဖဲ့ သွားပြော၍မရချေ။ ရွှယ်လင်က တစ်ဖက်လူ ထွက်ခွာသွားသည်အထိ စောင့်ဆိုင်းပြီးနောက် အိပ်ပျော်နေသော စနစ်ကို နှိုးလိုက်သည်။ “စနစ် … မြန်မြန် ထတော့ … ”

စနစ်က ကောင်းစွာ အိပ်မောကျနေ၏။ ရုတ်တရက် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ရွှယ်လင်၏ ချီမခြင်းခံလိုက်ရသဖြင့် ခဏတာ ရုန်းကန်နေလိုက်သေးသည်။ ထို့နောက် အိပ်ချင်မူးတူးဖြင့် မေးလာ၏။

“ဘာဖြစ်တာလဲ …”

ရွှယ်လင်၏ အမူအရာက နစ်မြုပ်သွား၏။

“မင်းမှာ အချက်ပြစနစ်လေးဘာလေး မပါဘူးလား … ”

“ဒါက … ပိုင်ရှင်ရဲ့လုံခြုံရေးကို မြှင့်တင်ပေးဖို့ သေချာပေါက် ပါတာပေါ့ … ဒါပေမယ့် ဒီကမ္ဘာက စဦးကမ္ဘာဖြစ်တာကြောင့် ကျွန်တော် အများကြီးသုံးလို့မရသေးဘူး … ဒါပေမယ့် ကျွန်တော်က အရမ်းအသုံးဝင်ပါတယ် … တကယ် … ” ထိုစကားအားလုံးသည် ရွှယ်လင်၏ လျစ်လျူရှုခြင်း ခံလိုက်ရသည်။

“ဒါဆို မင်းဘာလို့ ချုံဟွေ့ ရောက်နေမှန်းတောင် မသိရတာလဲ … မင်းက ဝက်သေတစ်ကောင်လို အိပ်ပျော်နေတာလေ … ”

ရွှယ်လင် စနစ်အား အလွန်စိတ်ပျက်နေလေပြီ။ “ညသန်းခေါင်ကြီး ငါ့မှာလန့်သေတော့မလိုပဲ ...”

စနစ်သည်လည်း လန့်သေတော့မတတ် ဖြစ်သွား၏။ : “ဘာ … စစ်သူကြီးက ဒီမှာလား … ”

ရွှယ်လင် : “…” မေ့လိုက်ပါတော့ … လုံးဝသုံးစားမရတာပဲ …

စနစ်က အိပ်ရာပေါ်ပတ်ပြေးရင်း ဗလုံးဗထွေး ရေရွတ်လိုက်သည်။ : “ဒါက ပုံမှန်မဟုတ်သလိုပဲ …”

ရွှယ်လင် လက်ကို ဝေ့ယမ်းကာ ပြောလိုက်၏။ “မေ့လိုက်တော့ … မင်းကို အားကိုးလို့မရတာ ပထမဆုံးအကြိမ်မှမဟုတ်တာ ...”

စနစ်က မတရားသလို ခံစားလိုက်ရသည်။ : “ကျွန်တော်က ယုံလို့ရပါတယ်ဆို … ပြီးတော့ သူက ဒီကို ညသန်းခေါင်ကြီး ဘာလာလုပ်နေတာလဲ … ”

“ငါလည်းမသိဘူးလေ ...” ရွှယ်လင် မျက်မှောင်ကြုတ်လိုက်သည်။ “ငါ သံသယဖြစ်နေတာ တစ်ခုတော့ရှိတယ် ...”

“ဟမ် … ”

“ပြောရရင် ငါက တုံးတဲ့လူတစ်ယောက် မဟုတ်ဘူး … သူ့အပြုအမူကလည်း သိသာနေသလိုပဲ …” ရွှယ်လင် သူ့မေးကိုထိလိုက်သည်။

“ဒီခန္ဓာကိုယ်က သက်တမ်း ဘယ်လောက်ကျန်သေးလဲ …”

“နှစ်လ သုံးလပဲ ...”

“ဒီတိုင်းမှန်းကြည့်ရုံပဲ ရှိသေးတာပါ … သူထုတ်မပြောလာသရွေ့ ဒီအတိုင်းပဲ ထားလိုက်ရအောင် ...”

ရွှယ်လင်က မြေခွေးပုံစံဖြင့် ရှိနေသည့် စနစ်ကို လျစ်လျူရှုကာ သူ့ကိုယ်သူ စောင်ဖြင့်ရစ်ပတ်လိုက်သည်။

: “အိပ်တော့ … အိပ်တော့ … ”

🦊

လက်ရှိအချိန်တွင် ပုန်ကန်ထကြွမှုအား ဖိနှိပ်လိုက်ပြီ ဖြစ်ရာ ဧကရာဇ်က ချုံဟွေ့အား ပို၍ ယုံကြည်လာ၏။

ရွှယ်လင်သည်လည်း ကြီးမားစွာ စွမ်းဆောင်ခဲ့သူဖြစ်ရာ သူ့ထံသို့ ဆုချီးမြှင့်မှုများက ဒီရေအလား ရောက်ရှိလာသည်။ အကယ်၍ လက်ရှိ ရွှယ်လင်၏ ခန္ဓာကိုယ် အခြေအနေကြောင့် မဟုတ်ပါက လက်ဝဲဝန်ကြီးအဖြစ်ပင် ခန့်အပ်ခံရနိုင်၏။

ရွှယ်လင်၏ အနားယူခြင်းလုပ်ငန်းစဉ်မှာ အပြောင်းအလဲမရှိချေ။ သို့သော် စစ်သူကြီးက ခြံဝန်းထဲတွင် သူနှင့်အတူ အချိန်ကြာကြာ ရှိနေလေ့ရှိ၏။ တစ်ခါတစ်ရံ သူက ခြံဝန်းထဲသို့ သူ့အလုပ်များကိုပင် သယ်လာတတ်သည်။

သူတို့က အကြောင်းကိစ္စအမျိုးမျိုး ပြောခဲ့ကြသော်လည်း စည်းကို မဖြတ်ကျော်ခဲ့ကြချေ။ သို့သော် တစ်ညတွင်မူ တစ်စုံတစ်ခု ထူးခြားလာခဲ့သည်။
ရွှယ်လင်က သူ့ကိုယ်သူ ခံစားလွယ်နေခြင်းဟု သံသယဝင်လာ၏။ အဆုံးသတ်တွင် ရှို့မရှိပါက ကုန်းသည် စုတ်တံတစ်ချောင်းကဲ့သို့ ဖြောင့်တန်း၏။ သူ့အား လူယုံတော်အဖြစ်သာ သတ်မှတ်ထားပုံပေါ်သည်။ မျှော်လင့်ထားသည့် အတိုင်းပင် သူ့အတွေးများသည် အလွန် ဒရာမာဆန်နေပြီး ယုံကြည်၍မရချေ။

တစ်လအကြာ၌ အဓိက ဇာတ်ကြောင်း အပြောင်းအလဲ ဖြစ်ပေါ်လာ၏။ နယ်နိမိတ်အခြေအနေများသည် ဒရာမာဆန်ဆန် ပြောင်းလဲသွားပြီး အိမ်နီးချင်းနိုင်ငံနှစ်ခု ပေါင်းစည်းသွားကြသည်။

မူလဇာတ်ကြောင်းတွင် ကုန်းနှင့်ရှို့သည် စစ်မြေပြင်သို့ အတူတကွ သွားရောက်ခဲ့ကြပြီး နိုင်ငံ၏ သူရဲကောင်းများ ဖြစ်လာခဲ့ကြသည်။ ထို့နောက် ကုန်းက သူ၏စစ်အင်အားကို စွန့်လွှတ်ကာ သူတို့နှစ်ဦးလုံး မြို့တော်မှထွက်ခွာ၍ မသေမျိုးများကဲ့သို့ လောကတစ်ခွင် လှည့်လည်ကြ၏။ ဇာတ်ကြောင်းက ထိုသို့အဆုံးသတ်သွားသည်။

လက်ရှိတွင်မူ ရှို့က ခေါင်းဖြတ်ကွပ်မျက်ခံရမည်ကို စောင့်ဆိုင်းနေ၏။ ချုံဟွေ့ကမူ အမိန့်ကို နာခံလျှက် စစ်ချီတက်ရန် ပြင်ဆင်နေသည်။

ရွှယ်လင်က စစ်တပ်နှင့် အတူထွက်ခွာရန် အသနားခံစာတစ်စောင် ရေးသားခဲ့သည်။

ဧကရာဇ်ထံမှ ဆင့်ခေါ်ခံရချိန်တွင် သူက အသက်ရှည်ရှည် နေနိုင်မည်မဟုတ်၍ စစ်မြေပြင်၌ ဂုဏ်သိက္ခာရှိရှိ ကျဆုံးလိုကြောင်း အဆိုပြုလိုက်၏။
ဧကရာဇ်က ရွှယ်လင်၏ ပါရမီအား ကောင်းစွာ သိရှိထား၏။ သူက သေချာစဉ်းစားပြီးနောက် စစ်သူကြီး၏ ကန့်ကွက်မှုအား ပယ်ဖျက်ကာ ရွှယ်လင်အား စစ်တပ်နှင့်အတူ လိုက်ပါသွားရမည့် စစ်မှုရေးရာ အကြံပေးအဖြစ် ခန့်အပ်လိုက်သည်။

လက်ရှိခန္ဓာကိုယ်သည် နှစ်လသာ အသက်ရှင်တော့မည်ဖြစ်ကြောင်း စနစ်က ရွှယ်လင်ကို ပြောခဲ့သည်။
နန်းတော်မှ အပြန်လမ်းတွင် ချုံဟွေ့၏ မျက်နှာအမူအရာက များစွာတိုးတက်လာခြင်း မရှိပေ။ ရွှယ်လင်က ရယ်မောကာ သူ့အား စနောက်လိုက်သည်။

: “ကျွန်တော်တို့ရဲ့ စစ်သူကြီးကို ဘယ်သူလာပြီးရန်စသွားတာလဲ .. မျက်နှာတစ်ခုလုံး မှောင်မဲနေလိုက်တာ မြင်တောင် မမြင်ရတော့ဘူး ...”

အနီးရှိ အမှုထမ်းများက စိတ်တွင်းမှ ပြောနေကြသည်။ ‘သခင်လေးကလွဲပြီး ဘယ်သူက သူ့ကိုရန်စရဲမှာလဲ … ’

ချုံဟွေ့က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး ပြန်လှည့်သွား၏။ ထို့နောက် အလွန်အမင်း ချုပ်တည်းထားရသည့် အသံဖြင့် ပြောသည်။

“ဘာကြောင့်လဲ … မင်းရဲ့ခန္ဓာကိုယ်က မီးခိုးထူထပ်တဲ့ စစ်မြေပြင်မပြောနဲ့ … ခရီးကြမ်းကိုတောင် ခံနိုင်မှာမဟုတ်ဘူး ...”

ရွှယ်လင် ပြုံးလိုက်သည်။ “ကျွန်တော်တို့ နှစ်ယောက်လုံးက တိုင်းပြည်အတွက် အမှုထမ်းတဲ့ ယောက်ျားတွေပဲလေ .. ဘာများထူးဆန်းလို့လဲ … ”

ချုံဟွေ့က သူ့အား ပြန်ကြည့်လာ၏။ သူ့မျက်လုံးထဲတွင် ခံစားချက်ပေါင်းစုံ ရှုပ်ထွေးနေပြီး အနက်ရောင်အဖြစ် ပြောင်းလဲသွားသည်။.

“ဘာမှမဟုတ်တော့ဘူး ...”

“ကျွန်တော် အရင်က ပြောခဲ့သားပဲ ...”

ရွှယ်လင်က သူ၏သက်တမ်းအတွက် မစိုးရိမ်သည့်အလား ရယ်မောလိုက်သည်။

“ကျွန်တော် စစ်မြေပြင်မှာ ကျဆုံးပြီး အလောင်းဖြစ်သွားရင်တောင် ကျွန်တော့် လုံခြုံရေးအတွက် စစ်သားတွေတိုက်ခိုက်ပေးနေတဲ့အချိန်မှာ ကျွန်တော်က မြို့တော်မှာ အေးအေးဆေးဆေး နေတာထက်တော့ ပိုကောင်းတာပဲလေ … ”

“မင်းစကားတွေက မြို့တော်က လူတွေကို ကျိန်ဆဲနေသလိုပဲ … ”

ချုံဟွေ့ နှာခေါင်းရှုံ့လိုက်သည်။

ရွှယ်လင် ခပ်ဖွဖွရယ်လိုက်၏။ “ဘာပဲဖြစ်ဖြစ် ကျွန်တော်က ထွက်သွားတော့မှာပဲလေ … သူတို့ပြန်ပြောချင်ရင်တောင် ပြောနိုင်မှာမှ မဟုတ်ပဲ ...”

ချုံဟွေ့ : “…”

သူကိုယ်တိုင်ပင် ထိုလူငယ်လေးအား မတားနိုင်ခဲ့။ ဧကရာဇ်သည်လည်း ထိုနည်းတူပင်။

ရွှယ်လင် စစ်မြေပြင်သို့ ချီတက်မည်ဖြစ်ကြောင်း ရှောင်ချင်းသိချိန်၌ ကမ္ဘာကြီးအဆုံးသတ်သွားသကဲ့သို့ ငိုယိုတော့သည်။

“ကုန်းဇီ ကျန်းမာရေးမှမကောင်းတာ … စစ်မြေပြင်ကို ဘာလို့သွားမှာလဲ … စစ်သူကြီးကရော နည်းနည်းမှ မတားဘူးလား … ”

ရွှယ်လင်က သူ့ခေါင်းကိုပုတ်လိုက်သည်။ “ငါပြောတယ်လေ … မင်းက ယောက်ျားတစ်ယောက်ဖြစ်ပြီး ဘာလို့ မိန်းကလေးလို့ ငိုနေရတာလဲ …”

“ကုန်းဇီက အသက်စွန့်တော့မှာလေ … ဒါတောင် ကျွန်တော့်ကို ငိုခွင့်မပေးနိုင်ဘူးလား … ”

“ငိုမနေပါနဲ့ … စစ်မြေပြင်ကို မသွားရင်တောင် မင်းရဲ့ကုန်းဇီက အကြာကြီးနေနိုင်တော့မှာမှ မဟုတ်တာ ...” ရွှယ်လင် သူ့အား ခေါင်းခေါက်လိုက်သည်။

“ငါ ကောင်းကောင်းနေနိုင်တုန်း ငါလုပ်ချင်တာ လုပ်ခွင့်ပေးလိုက်တာ မကောင်းဘူးလား … ”

“ကုန်းဇီ …”

“ငါမင်းကို စစ်မြေပြင်ကို ခေါ်မသွားဘူး … ငါမင်းရဲ့စာချုပ်ကို ဖယ်ရှားပေးဖို့ စစ်သူကြီးကို အကူအညီတောင်းထားတယ် … မင်းဆန္ဒရှိရင် မြို့တော်ကိုသွားပြီး အလုပ်လုပ်နိုင်တယ် … စစ်သူကြီးအိမ်တော်မှာ နေမယ်ဆိုရင်လည်း မင်းကို ကောင်းကောင်းဆက်ဆံမှာပါ ...”

ရှောင်ချင်း ထိတ်လန့်သွား၏။ သူ့အနာဂတ်ကိုပါ ကုန်းဇီ စီစဉ်ပေးခဲ့လိမ့်မည်ဟု မထင်ထားခဲ့ချေ။ ကုန်းဇီတွင် နေထိုင်ရန် ရက်မည်မျှ မကျန်စေကာမူ သေဆုံးရန် စိတ်ပိုင်းဖြတ်ထားကြောင်း သိသာလှ၏။

“ကုန်းဇီ … ရှောင်ချင်း စစ်မြေပြင်ကို လိုက်ခဲ့ချင်ပါတယ် ...”

“အဓိပ္ပာယ်မရှိတာ …” ရွှယ်လင် သဘောမတူဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

“အားလုံး စစ်မြေပြင်ကို သွားနိုင်တယ်လို့ ထင်နေတာလား … ငါ့စကားကို နားထောင်ပြီး ဒီမှာနေခဲ့စမ်းပါ … မင်းကို တစ်ယောက်ယောက်နဲ့ စောင့်ကြည့်ခိုင်းဖို့ ငါ စစ်သူကြီးကို ပြောရမယ် ...”

ရှောင်ချင်း : “…” တကယ်ကြီးလား … တားချင်ရင်တောင် ဒီလောက်ထိ ရက်စက်စရာလိုလို့လား …

ရွှယ်လင်က သူပြောခဲ့သည့်အတိုင်း ချက်ချင်း ဆောင်ရွက်၏။ တစ်စုံတစ်ဦးကို ရှောင်ချင်းအား စောင့်ကြည့်စေကာ သူတို့ထွက်ခွာမည့်အချိန်ရောက်မှ အပြင်ထွက်ခွင့်ပေးရန် မှာကြားခဲ့သည်။ မျက်လုံးများနီရဲလာသည်အထိ ငိုကြွေးနေသော ရှောင်ချင်းကိုကြည့်ရင်း ချုံဟွေ့ မျက်မှောင်ကြုတ်လိုက်မိ၏။

“မင်းသူ့ကို ဘာလို့လိုက်ခွင့်မပေးတာလဲ … မင်းကနောက်တန်းမှာပဲနေရမှာလေ … ”

ရွှယ်လင် နှုတ်ခမ်းတင်းတင်း စေ့လိုက်သည်။ ယခင်က ရှောင်ချင်းသည် မူလကိုယ်ကြောင့် သေဆုံးခဲ့ရ၏။ ရှောင်ချင်းအား ကယ်ဆယ်၍ ပျော်ရွှင်စွာ နေထိုင်စေလိုခြင်းမှာ မူလကိုယ်၏ ဆန္ဒဖြစ်သည်။ ထို့အပြင် ရှောင်ချင်းမှာ အရွယ်ရောက်ကာစ ကလေးသာဖြစ်ရာ သူ လေးစားရသော ကုန်းဇီ၏ သေဆုံးမှုအား မျက်မြင်မတွေ့စေလိုချေ။

“သူက ကျွန်တော့်မှာ ကျန်ခဲ့တဲ့ တစ်ဦးထဲသော မိသားစုဝင်ပဲ … ကျွန်တော်သူ့ကို ဘယ်လို မတော်တဆမှုနဲ့မှ မကြုံရစေချင်ဘူး … ဒါက ဖြစ်နိုင်ချေ နည်းနည်းပဲ ရှိတယ်ဆိုရင်တောင်မှပေါ့ ...”

ချုံဟွေ့က ခဏကြာ ဒီအတိုင်းရှိနေပြီးမှ လက်ကိုဝေ့ယမ်းကာ စစ်တပ်ကို ဦးဆောင်လိုက်သည်။

ရွှယ်လင်က ရထားလုံးထဲတွင် လိုက်ပါလာ၏။ သူ၏ ခန္ဓာကိုယ်အခြေအနေကြောင့် ဧကရာဇ်က တော်ဝင်သမားတော်ကို လိုက်ပါစေသည်။ ချုံဟွေ့က သူ့ ရထားလုံးအား အခြားရထားလုံးများနှင့် မတူစွာ ပြင်ဆင်ပေးထား၏။ ရထားလုံးအတွင်းပိုင်းသည် ဇိမ်ခံပစ္စည်းများဖြင့် ပြည့်နှက်နေပြီး ရွှယ်လင်အား လမ်းခရီးဒဏ် မခံစားရစေရန် အတတ်နိုင်ဆုံး စီစဉ်ပေးထားခြင်း ဖြစ်သည်။

အခြားအမှုထမ်းများက သို့လော သို့လော တွေးနေကြသော်လည်း စစ်သူကြီး၏ ဆုံးဖြတ်ချက်အား မည်သူမှ မဝေဖန်ရဲကြချေ။ ထို့ကြောင့် ရွှယ်လင်၏ နားထဲသို့ မည်သည့်စကားမှ ရောက်မလာခဲ့။

တစ်လခွဲကြာ ခရီးသွားခြင်းသည် အလွန်ပျင်းရိဖွယ်ကောင်းလှသည်။ ရွှယ်လင် နေကောင်းသည်ဟု ခံစားရချိန်၌ ဗျူဟာများ၊ စစ်ပွဲအလှည့်အပြောင်းများနှင့် ခေတ်သစ်အမြင်များကို ရေးချလေ့ရှိ၏။ ချုံးဟွေ့ထံမှ အိမ်နီးချင်းနိုင်ငံအကြောင်း မေးမြန်းကာ အားသာချက် အားနည်းချက်များကို နားလည်အောင် ပြုလုပ်လေ့ရှိသည်။

စစ်ပွဲအား လဝက်နှင့် အပြီးတိုက်ခိုက်ရန်မှာ မဖြစ်နိုင်ပေ။ ထို့အပြင် ရွှယ်လင်က ရထားလုံးနှင့် လိုက်ပါခြင်းဖြစ်ရာ ရှေ့တန်းနှင့် အတော်လေး အလှမ်းကွာ၏။ ထို့ကြောင့် ချုံဟွေ့ စီစဉ်ပေးသော လူများမှတဆင့် စစ်နည်းဗျူဟာများ ပေးပို့ခြင်းဖြင့်သာ ကူညီပေးနိုင်သည်။ ဤနည်းအားဖြင့် သူက စစ်မြေပြင်သို့ မထွက်သော်ငြား ဗျူဟာများပေးနိုင်ခဲ့ပြီး ချုံးဟွေ့သည် စစ်ပွဲနှစ်ပွဲအနိုင်တိုက်နိုင်ခဲ့သည်။

စစ်ရေးအကြံပေးအပေါ်တွင် စစ်သားများ၏ လေးစားမှုမှာလည်း များစွာတိုးမြှင့်လာခဲ့သည်။ ရွှယ်လင် ရောက်ရှိလာချိန်တွင် အားလုံးက သူ့အား ဆွေမျိုးရင်းချာကဲ့သို့ ကြည့်နေကြသဖြင့် သူ ကြက်သီးများပင် ထလာခဲ့ရ၏။ စစ်မြေပြင်သို့ ဖျားနာနေသူတစ်ယောက်အား ခေါ်လာရသည့်အတွက် မေးခွန်းထုတ်ခဲ့ကြခြင်းကို သူတို့ လုံးဝမေ့လျော့သွားလေပြီ။

စစ်ပွဲအခြေအနေမှာ ပို၍ ကောင်းမွန်လာသော်လည်း ရွှယ်လင်၏ ခန္ဓာကိုယ်အား စစ်ဆေးပေးသည့် သမားတော်၏ မျက်မှောင်ကမူ တစ်စတစ်စ ပိုကြုတ်လာခဲ့သည်။

တစ်ရက်တွင် ရွှယ်လင်က ပါးစပ်အပြည့် သွေးတစ်လုတ်အန်လိုက်ပြီး ပါးစပ်ထောင့်ရှိ သွေးစီးကြောင်းကို သုတ်ကာ အဖြူရောင်လက်ကိုင်ပုဝါအား ဘေးတွင် ချထားလိုက်၏။ ထို့နောက် သမားတော်၏ စကားများကို တည်တည်ငြိမ်ငြိမ် နားထောင်နေသည်။
သမားတော်က သူ၏ ခန္ဓာကိုယ်အား ပို၍ ဂရုစိုက်ရန် မှာကြားနေခြင်းဖြစ်သည်။ အိပ်ရာဝင်နောက်မကျသင့်ကြောင်း၊ ဆေးကို အချိန်မှန်မှန် သောက်သုံးသင့်ကြောင်း၊ ဆေးမှာ အလွန်ခါးသဖြင့် သွန်ပစ်ခြင်း မပြုသင့်ကြောင်း ပြောနေခြင်းပင်။

ထိုစကားလုံးများက ရွှယ်လင်၏ ဘယ်ဘက်နားမှ ဝင်လျှက် ညာဘက်နားမှ ပြန်ထွက်သွားသည်။ သူက ပြုံးကာဆိုသည်။

“ကျွန်တော်သိပါပြီ … စစ်သူကြီးကို ခေါ်ပေးနိုင်မလား … ကျွန်တော် သူနဲ့ ဆွေးနွေးစရာလေးရှိလို့ပါ ...”

သမားတော် မုတ်ဆိတ်မွှေး ထောင်လာတော့မတတ် အလွန်စိတ်ဆိုးသွား၏။ မင်းတကယ်ပဲ အသက်မရှင်ချင်တော့ဘူးလား …

ရွှယ်လင် ပုခုံးတွန့်လိုက်သည်။ သူမှ အကြာကြီး မနေနိုင်တော့တာ … ဘာများအရေးကြီးလို့လဲ …

🦊
ပိုးသားအိတ် - ဒီနေ့ခေတ်က စာအိတ်တွေလိုမျိုး အရင်ခေတ်က စာထည့်ဖို့ အသုံးပြုတာပါ။

Continue Reading

You'll Also Like

1.6K 83 5
ပိုင်ဆိုင်လိုစိတ်ကြီးတဲ့ gong နဲ့ strong တဲ့ shou Author - ကြက်ဖြူ translator - hitoripann (ဟီတိုရီပန်း) Start - 18.6.2023 End -???? Part - 122
1.3M 31K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
5.5K 620 8
Book 1 အဆက်ပါ Author: 婻书 Novel Name: 豪门汪日常
574K 30.9K 19
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...