Unicode
ဖူးသစ်အိမ်ပြန်ရောက်လာတော့ရောင်စဥ်ကဧည့်ခန်းထဲကကြမ်းပြင်မှာဒူးနှစ်ဖက်ပိုက်ကာထိုင်ရင်းငိုကြီးချက်မ,ဖြစ်နေတာကြောင့်သူမအလန့်တကြားနဲ့သူမဘေးလာထိုင်ပြီး
''ဟဲ့ ဘာဖြစ်နေတာလဲ ဘာလို့ငိုနေတာလဲ''
ရောင်စဥ်ကဖူးသစ်အားကိုဖက်ကာ
''သူသိသွားပြီ ငါဘယ်သူဆိုတာသူသိသွားပြီ''
''ဟမ်!''
''သူ့စိတ်ထဲမှာငါကသူ့ကိုလက်စားချေချင်လို့သူ့အနားကပ်တယ်ထင်သွားတာ ငါ့ကိုလည်းသူနဲ့ပြတ်ပြီတဲ့ အလုပ်ပါထုတ်လိုက်ပြီတဲ့''
ဖူးသစ်ဘာပြောလို့ပြောရမယ်မှန်းတောင်မသိ။
''ငါဘာလုပ်ရမလဲ ငါသူနဲ့မပြတ်နိုင်ဘူး''
''မပြတ်နိုင်ဘူးဆိုရင်သူခွင့်မလွှတ်မချင်းကြိုးစားရမှာပေါ့ မာနတော့ထိခိုက်ပေမယ့်ပေါ့လေ''
ဖူးသစ်ကသူမမျက်နှာကိုစိုက်ကြည့်ကာပြောလာလေ၏။
နောက်နေ့မှာပဲရောင်စဥ်လည်းတံတိုင်းကုမ္ပဏီကိုမရောက်လောက်သေးခင်အချိန်ကိုမှန်းဆ၍သူ့ထက်အရင်ဦးအောင်ကုမ္ပဏီကိုလာခဲ့ပြီးသူ့အားရုံးခန်းထဲမှာထိုင်စောင့်နေလိုက်သည်။
နာရီဝက်လောက်အကြာမှာရုံးခန်းတံခါးပွင့်လာ၍သူမမတ်တပ်ထရပ်ကာတံခါးပေါက်အားလှမ်းကြည့်လိုက်တော့အခန်းထဲဝင်လာသူကဟိန်းထွဋ်ဖြစ်နေ၍ရောင်စဥ်မျက်နှာကသိသိသာသာပျက်ယွင်းသွားရ၏။
''ရောင်စဥ် အဲမှာဘာလုပ်နေတာလဲ စားပွဲမှာမထိုင်ပဲနဲ့ တံတိုင်းရော''
''သူမလာသေးဘူး ဟိန်းထွဋ် တံတိုင်းကိုဖုန်းဆက်ပေးလို့ရမလားဟင်''
''ရောင်စဥ်ကသူ့အတွင်းရေးမှူးလေ ရောင်စဥ်သူ့ကိုဆက်သွယ်လို့မရလို့လား''
ရောင်စဥ်ကဘာမှမပြောတော့ဟိန်းထွဋ်က
''ရောင်စဥ်တို့တစ်ခုခုဖြစ်ထားကြလို့လား''
''အဲလိုမဟုတ်ပါဘူး''
''ရောင်စဥ်မပြောချင်လည်းရပါတယ် ကိုယ်သူ့ကိုဖုန်းဆက်ပေးမယ်''
''အင်း''
ဟိန်းထွဋ်ကသူ့လက်ထဲကဖုန်းကိုဖွင့်ကာတံတိုင်းအားဖုန်းဆက်လိုက်၏။
သူကချက်ချင်းပဲဖုန်းကိုင်ကာ
''အေးပြော''
''မင်းအလုပ်မလာဘူးလား''
''အေး ငါမလာတော့ဘူး''
''ဒီမှာရောင်စဥ်ကမင်းကိုမျှော်နေတာ''
''သူကဘာလာလုပ်တာလဲ''
''မင်းစကားကြီးကဘာစကားလဲ''
''သူကငါ့အတွင်းရေးမှူးမဟုတ်တော့ဘူး သူ့ကိုအလုပ်ထားပြီးပြီ ငါ့ကိုလည်းမစောင့်နဲ့ ပြန်လို့ပြောလိုက်''
ဟိန်းထွဋ်ကအင်တင်တင်နဲ့
''အေး အေးပါ ဒါပဲ''
ဟိန်းထွဋ်ကဖုန်းချပြီးတာနဲ့ရောင်စဥ့်အားအားနာသလိုကြည့်ကာ
''သူဒီနေ့အလုပ်မလာဘူးတဲ့ ပြီးတော့ သူရောင်စဥ့်ကိုအလုပ်ထုတ်ထားတာဆို''
ချက်ချင်းဆိုသလိုပဲရောင်စဥ်ကမျက်ရည်တွေဝေ့တက်လာပြီး
''ရောင်စဥ်ပြန်တော့မယ်''
''နေပါဦးရောင်စဥ် ဘာတွေဖြစ်တယ်ဆိုတာကိုယ့်ကိုပြောပြစမ်းပါ''
ရောင်စဥ့်ကသူ့အားတစ်ချက်စိုက်ကြည့်ပြီးမှသူမကဘယ်သူပါဆိုတာပြောပြလိုက်တော့သည်။
ထိုအခါဟိန်းထွဋ်မယုံနိုင်ခြင်းများစွာနဲ့သူမအားပါးစပ်အဟောင်းသားနဲ့ကြည့်လာလေ၏။
''ဒါ ဒါဆို ရောင်စဥ်ကအဲတုန်းကငါ့အမှားကြောင့်... ဟာ''
''နင်ကိုယ့်ကိုယ်ကိုအပြစ်တင်နေစရာမလိုပါဘူးဟိန်းထွဋ် ငါအဲဒါတွေကိုမေ့လိုက်ပြီ''
''ငါဘာပြောရမှန်းတောင်မသိဘူး ငါ ငါတစ်ကယ်တောင်းပန်တယ် အဲတုန်းကငါတို့လည်းငယ်သေးတော့စချင်နောက်ချင်စိတ်နဲ့လုပ်မိတာ''
''ငါ့စိတ်ထဲမရှိတော့ဘူးလို့ပြောပြီးပြီလေ ငါသွားတော့မယ်''
ပြောပြီးရောင်စဥ် ပိုက်ဆံအိတ်ကိုလွယ်၍အခန်းထဲမှထွက်လာခဲ့လိုက်၏။
တံတိုင်းကသူမကိုတစ်ကယ်ကြီးစိတ်နာသွားတာထင်ပါရဲ့။
🌳🍁🍁🌳
''ဒေါက်...ဒေါက်''
''ဓူဝံ ဟန်နီပါ''
''ဝင်ခဲ့''
သူခွင့်ပြုလိုက်တော့ဟန်နီကထမင်းချိုင့်လေးဆွဲကာအခန်းထဲဝင်လာပြီးဆိုဖာမှာဝင်ထိုင်ကာ
''ဓူဝံ့ကိုနေ့လည်စာလာပို့တာ ဒီတစ်ခါဟန်နီကိုယ်တိုင်ချက်လာတာနော် ဟီး''
ဒီနေ့တော့သူမကကြက်ပေါက်ဝါရောင်မြန်မာဝမ်းဆက်လေးနဲ့အတော်လေးလှနေပြန်ပါသည်။
သူနေရာမှထကာဆိုဖာမှာလာထိုင်ပြီး
''ဘာလို့အပင်ပန်းခံပြီးနေ့တိုင်းထမင်းတွေလာပို့နေတာလဲ''
''ဓူဝံ့ကိုစားစေချင်လို့လေ''
''နောက်တစ်ခါဆိုလာမပို့နဲ့တော့''
''ဘာဖြစ်လို့လဲ ဟန်နီကစေတနာနဲ့ဟာကို''
''မင်းငါ့ဆီနေ့တိုင်းလာနေတာဝန်ထမ်းတွေပြောစရာဖြစ်လာမှာစိုးလို့''
''ဓူဝံကဟန်နီ့ကြောင့်ဓူဝံ့သိက္ခာကျမှာစိုးနေတာလား''
''မဟုတ်...''
''ဓူဝံကဟန်နီ့ကိုဘယ်တော့မှချစ်မလာနိုင်တော့ဘူးလား ဟန်နီကမိန်းကလေးတန်မဲ့ဖွင့်ပြောတယ်ဆိုပြီးအထင်သေးနေတာလား''
''မဟုတ်ဘူးဟန်နီဦး ငါပြောချင်တာက''
''ရပါတယ် အဲဒါဆိုဟန်နီနောက်နေ့ကစပြီးဓူဝံ့ဆီမလာတော့ဘူး အခုလာပို့တဲ့ထမင်းနဲ့ဟင်းလေးတွေတော့ကုန်အောင်စားပေးနော် လက်တွေမှာဓားရှခံဆီပူလောင်ခံပြီးကြိုးစားပမ်းစားချက်ပေးထားတာမို့လို့''
သူမ,ပြောမှပဲဓူဝံသူမလက်အားကြည့်မိ၏။ဘယ်ဘက်လက်ညှိုးတဲ့လက်ခလယ်မှာအနာကပ်ပလာစတာတွေကပ်ထားပြီးလက်ဖမိုးနဲ့လက်ဖျံမှာလည်းဆီပူလောင်ထားသလိုဒဏ်ရာတွေနဲ့။
''ဟန်နီသွားတော့မယ်''
ဟန်နီကငိုချင်နေတဲ့စိတ်ကိုအားတင်းပြုံးပြီးအခန်းထဲမှခပ်သုတ်သုတ်ထွက်လာခဲ့လိုက်တော့သည်။
ဟိန်းထွဋ် ဓူဝံ့အားနေ့လည်စာစားဖို့လာခေါ်ချိန်ဟန်နီဦးကဓူဝံ့အခန်းထဲကနေငိုပြီးထွက်လာတာမို့သူကြောင်အမ်းအမ်းနဲ့
''ဟန်နီဦး ဘာလို့ငို''
ဟန်နီကသူ့အားတစ်စက်မှမကြည့်သလိုအဖတ်လည်းမလုပ်သွားပေ။
''ဒီနေ့ဘာလို့မိန်းကလေးတွေအဲလောက်ငိုနေတာလဲ မနက်ကရောင်စဥ် နေ့လည်ကျဟန်နီ ညနေကျဘယ်သူဖြစ်ဦးမှာလဲဟ''
သူခေါင်းကုတ်ရင်းဓူဝံ့အခန်းထဲဝင်ခဲ့တော့သူကစားပွဲပေါ်မှာဟင်းချိုင့်မျိုးစုံတည်ခင်းပြီးငူငူကြီးထိုင်နေတာလေသည်။
''မင်းကစားနေပြီလား ဟင်းတွေကမွှေးနေတာပဲ ဒါနဲ့ မင်းဟန်နီဦးကိုဘာလုပ်လိုက်တာလဲ ဟိုမှာမျက်ရည်စက်လက်နဲ့''
ဟိန်းထွဋ်စကားကြောင့်ဓူဝံကရှူးရှူးရှားရှားဖြင့်ခေါင်းထောင်ကြည့်လာပြီး
''သူ သူငိုသွားတာလား''
''အေး''
သူ့ရင်ထဲဘယ်လိုကြီးဖြစ်သွားမှန်းမသိ။သူပြောတယ်ဆိုတာကလည်းသူမအတွက်ပြောတာပါ။
ဒါကိုသူမကအထင်လွဲသွားတာ။အစကသူမပုံစံကကလက်တက်တက်နဲ့ဘာကိုမှအလေးအနက်မရှိပုံမို့သူ့ကိုလည်းဒီအတိုင်းစိတ်ဝင်စားတယ်ထင်ခဲ့တာ။
အခုသူထင်ထားသလိုမဟုတ်ခဲ့ပုံပါပဲ။
ဓူဝံချက်ချင်းပဲအခန်းထဲကနေပြေးထွက်ခဲ့လိုက်၏။
တစ်ဖက်မှာလည်းသူများလိုက်လာမလားဆိုပြီးကားပါကင်ကနေမထွက်သေးတဲ့ဟန်နီလည်းသူ့အရိပ်အယောင်ပင်မတွေ့ရတာမို့ကားစက်နှိုးကာနေရာမှမောင်းထွက်ခဲ့လိုက်တော့သည်။
သူမတစ်ချိန်တည်းသိလိုက်ရတာက အချစ်ဆိုတာလုပ်ယူလို့မရဘူးဆိုတာပဲ။
ဓူဝံကားပါကင်ကိုရောက်တဲ့အချိန်မှာကားပါကင်ထဲကထွက်သွားတဲ့ဟန်နီ့ကားနောက်ပိုင်းဆိုသာလျှက်တပြက်မြင်လိုက်ရ၏။
သူနောက်ကပြေးလိုက်ပေမယ့်လည်းမမီတော့ပေ။
သူဘာလို့သူမနောက်ကပြေးလိုက်နေမိလဲကိုယ့်ကိုယ်ကိုပင်မသိတော့ပါ။
သူမအထင်လွဲပြီးစိတ်ဆိုးသွားမှာကိုလည်းသူ့စိတ်ထဲမလိုလားဘူးဖြစ်နေပြန်၏။
ဒါမှမဟုတ် သူမသိလိုက်ခင်မှာပဲဒီကောင်မလေးကသူ့ရင်ထဲဝင်ရောက်လာခဲ့တာထင်သည်။
မဟုတ်ဘူး တစ်ကယ်ကြီးဝင်ရောက်နေခဲ့တာ။
🌳🍁🍁🌳
ဟိန်းထွဋ် ညနေရုံးဆင်းချိန်အိမ်ပြန်နေတုန်းလမ်းဘေးတစ်နေရာမှသုသုကိုတွေ့လိုက်၍သူကားကိုချက်ချင်းရပ်ပြီးသူမနားသွားကာ
''သုသု''
''ဟိန်းထွဋ်''
''ဒီမှာဘာလုပ်နေတာလဲ''
''ဘာလုပ်ရမှာလဲ ဒီအရက်သမားလေ ပန်းရောင်းတဲ့ကလေးဆီကပိုက်ဆံလာလုနေလို့''
သူမစကားကြောင့်ဟိန်းထွဋ်ကထိုလူ့အားကြည့်ကာ
''ခင်ဗျားကလည်းဗျာ လူကြည့်တော့ခြေကောင်းလက်ကောင်းနဲ့ ဘာလို့ကလေးဆီကနေပိုက်ဆံလာလုနေတာလဲ''
''မင်းနဲ့ငါဆိုင်လို့လဲ နှစ်ကောင်လုံးကမဆိုင်တဲ့ကိစ္စကိုလာဝင်ပါနေတယ် ဒီကလေးဆီကငါပိုက်ဆံတောင်းတာခုမှမဟုတ်ဘူး အရင်ကတည်းက''
''ဘာပြောတယ် ရှင်တော်တော်ရွံစရာကောင်းတဲ့လူပဲ ေ.သရင်လူလိုသူလိုေ.သရမှာတောင်မဟုတ်ဘူး''
''ဘာ! အောင်မာ ဒီကောင်မကတော့''
ထိုလူကသုသုအားလက်ပြန်ရွယ်တော့ဟိန်းထွဋ်ကသူ့လက်အားဖမ်းချုပ်ကာဆောင့်တွန်းလွှတ်ပြီး
''ခင်ဗျားလက်လာမပါနဲ့နော်''
ထိုလူကလမ်းဘေးကတွေ့တဲ့တုတ်ကိုကောက်ကိုင်၍ဟိန်းထွဋ်အားရိုက်ဖို့လာစဥ်သုသုက
''ဟိန်းထွဋ်!''
သူမကဟိန်းထွဋ်အားဖက်ကာ ကာလိုက်တာကြောင့်ထိုတုတ်ကသူမခေါင်းပေါ်အားပြင်းစွာကျရောက်လာတော့သည်။
''သုသု! သုသု''
သုသုကိုယ်လေးကသူ့လက်ထဲမှာခွေကျသွားပြီးခေါင်းကလည်းသွေးတွေကလည်းစီးကျလာလေ၏။
ခုနကအရက်သမားလည်းလက်ထဲကတုတ်ကိုလွှင့်ပစ်ကာထွက်ပြေးသွားတော့သည်။
ပန်းသည်ကလေးလေးကလည်းကြောက်အားလန့်အားထွက်ပြေးသွားပြီး သူနဲ့သုသုသာနေရာမှာကျန်ခဲ့လေ၏။
ဟိန်းထွဋ်လည်းဘာကိုမှတွေးချိန်မရပဲသူမအားကားပေါ်တင်ကာဆေးရုံသို့အမြန်ဆုံးဦးတည်လိုက်တော့သည်။
______________
ဆေးရုံရောက်တာနဲ့ဆရာဝန်တွေကသူမအားကုတင်တွန်းလှည်းနဲ့တင်ခေါ်သွားပြီးအရေးပေါ်ခန်းထဲခေါ်သွားလေ၏။
ဟိန်းထွဋ်ခန္ဓာကိုယ်မှာလည်းသွေးတွေပေကျံလို့နေသည်။
သူမကသူ့ကိုကာကွယ်ရင်းဖြစ်သွားတာမို့သူပိုပြီးစိတ်ပူကာစိတ်မကောင်းပါဖြစ်ရ၏။
''နင်ဘာလို့ခုလိုလုပ်တာလဲသုသုရာ''
အချိန်တစ်ခုကြာတော့အရေးပေါ်ခန်းထဲကဆရာဝန်တွေထွက်လာတာကြောင့်သူနေရာမှထလိုက်ပြီး
''ဒေါက်တာ သူဘယ်လိုနေလဲ''
''အဆင်ပြေသွားပါပြီ စိုးရိမ်စရာမရှိတော့ပါဘူး နောက်ဆိုအများကြီးဂရုစိုက်ပေးပါ မတော်လို့ဗိုက်ကိုထိသွားရင်ဘယ်လိုလုပ်မလဲ''
''ဗျာ ဗိုက် ဘာဗိုက်လဲဗျ''
''လူကမင်းဇနီးမဟုတ်ဘူးလား''
''မဟုတ်ပါဘူး သူငယ်ချင်းပါ''
''ဪ လူကအခုကိုယ်ဝန်ရှိနေတာလေ''
''ဗျာ!''
''အဲဒါဆိုသူ့မိသားစုဒါမှမဟုတ် သူ့အမျိုးသားကိုအကြောင်းကြားလိုက်ဦးနော် ခင်းဗျားလည်းအဝတ်အစားလဲလိုက်ပါဦး''
သူဆရာဝန်ရဲ့စကားကိုပင်ဘာမှပြန်မပြောနိုင်ပဲထိုင်ခုံမှာအရုပ်ကြိုးပြတ်ထိုင်ချပစ်လိုက်၏။
''ကိုယ်ဝန်...ကိုယ်ဝန် မဟုတ်မှ အဲဒါငါ့ကလေးလား''
အတွေးနဲ့အတူသူ့ရင်ထဲတစ်မျိုးကြီးဖြစ်သွားရလေသည်။
_______________
သုသုသတိပြန်ရလာတော့သူမကဆေးရုံရဲ့အခန်းတစ်ခန်းထဲမှာရောက်နေပြီးအရင်ဆုံးမြင်လိုက်ရတဲ့သူကဟိန်းထွဋ်ကို။
''ဟိန်းထွဋ်''
''သုသု နင်သတိရပြီလား''
''အင်း ဘယ်ချိန်ရှိပြီလဲ''
''7နာရီထိုးပြီ''
''ငါပြန်မှဖြစ်မယ် မေမေစိတ်ပူနေလိမ့်မယ်''
''နင့်သူငယ်ချင်းအိမ်မှာအိပ်မှာလို့ငါနင့်အမေကိုစာပို့ထားတယ်''
ထိုအခါမှသုသုကစိတ်အေးသွားပုံနှင့်
''ကျေးဇူးပဲ''
''အဲဒါထက် နင့်ကလေးအဖေကဘယ်သူလဲ''
''ဟင်!''
''နင့်ဗိုက်ကခြောက်ပတ်ရှိပြီတဲ့ အဲဒါက အဲဒါကငါနဲ့ဖြစ်ခဲ့တဲ့အချိန်နဲ့ကွက်တိပဲ နင်ဖြေ နင့်ဗိုက်ထဲကကလေးကငါနဲ့ရတာလား''
''မဟုတ်ဘူး''
''နင်မလိမ်နဲ့ ငါသိတယ် အဲဒါငါ့ကလေးမဟုတ်လား''
''မဟုတ်ဘူးလို့ပြောနေတယ်''
''ဒါဆိုဘယ်သူ့ကလေးလဲ''
''ကလေးအဖေက ေ.သသွားပြီ''
''သုသု နင်ငါ့ကိုမညာစမ်းပါနဲ့ နင်ငါ့ကိုအမှန်အတိုင်းပြောစမ်းပါ''
သုသုမျက်ဝန်းထောင့်မှမျက်ရည်စက်တစ်ချို့စီးကျလာပြီး
''ဟုတ်တယ်ဆိုနင်ကဘာလုပ်မလို့လဲ''
''ဒါဆို ဒါဆိုတစ်ကယ်ပေါ့''
''အေးဟုတ်တယ်''
''နင်ဘာလို့ငါ့ကိုမပြောတာလဲသုသု အကယ်၍ငါ့ဘာသာငါမသိခဲ့ရင် နင်ကလေးနဲ့ငါ့ကိုတစ်သက်လုံးသားအဖဆိုတာပေးမသိတော့ဘူးမလား''
''ဟုတ်တယ်''
တုံ့ဆိုင်းခြင်းမရှိဖြေလာတဲ့သူမအဖြေကသူ့ရင်အားဆောင့်ကန်လိုက်သလိုပင်။
''နင်တော်တော်အသည်းမာပါလား နင်အဲလိုလုပ်လို့မရဘူး ဒီကလေးကငါ့ကလေး ငါနဲ့လည်းဆိုင်တယ်''
''နင်နေသာသလိုနေစမ်းပါ ဘာမှမဏ္ဍပ်တိုင်လာတက်ပြမနေနဲ့''
''နင်ပြောပုံကမသိရင်ငါကပဲတာဝန်မဲ့သလိုနဲ့နင်ကြည့်နေလိုက် နင်နဲ့ငါ့ကလေးနဲ့ငါ့အနားရောက်လာစေရမယ်''
ပြောပြီးဟိန်းထွဋ်ကဖုန်းကိုဖွင့်ပြီးနားမှာကပ်လိုက်တာကြောင့်သုသုကအလန့်တကြားနဲ့
''နင်ဘာလုပ်မလို့လဲ''
ဟိန်းထွဋ်ကဂရုမစိုက်ပုံနှင့်
''ဟဲလိုမေမေ ကျွန်တော်မိန်းမယူတော့မယ် သုသုနဲ့လေ''
သုသုကမျက်လုံးပြူးမျက်စံပြူးနဲ့ဖုန်းကိုလုမယ်ကြံတော့သူကထိုင်ရာမှထကာ
''မေမေတို့မြေးပါချီရတော့မှာ မေမေ့သားအစွမ်းနဲ့မေမေ့ချွေးမလောင်းကဗိုက်ပါရှိနေပြီလေ''
''ဟင်!''
''ဟုတ်တယ် သုသုအမေကိုလည်းဖုန်းဆက်ပြောလိုက်ဦး''
သူကဖုန်းချလိုက်ပြီးသုသုအား
''ဘယ်လိုလဲ ပိုင်တယ်မလား''
''ခွေးကောင်!!!''
ဟိန်းထွဋ်ကသူမဗိုက်ကိုလာကိုင်ကာ
''အရမ်းမအော်ပါနဲ့ဟ ငါ့ကလေးလန့်သွားဦးမယ်''
''ငါ့ကိုလာမထိနဲ့ ကလိမ်ကကျစ်ကောင် နင့်ကိုလုံးဝမယူဘူး''
''မယူလို့မရဘူး အခုဆိုငါ့အမေကနင့်အမေကိုအကြောင်းကြားနေလောက်ပြီ''
''ဘယ်လိုနေနေ ငါနင်နဲ့လုံးဝမယူဘူး နင့်လိုငငွေငရှုပ်ကောင်ကိုယူပြီးစိတ်ဆင်းရဲမခံနိုင်ဘူး''
''နင်နဲ့ယူပြီးရင်ငါကနင်နဲ့ကလေးရဲ့မျက်နှာကိုပဲကြည့်မှာပါဟ''
''စောက်ပိုတွေ''
''မဆဲပါနဲ့ ကလေးကြားသွားလိမ့်မယ်''
ထိုအခိုက်စားပွဲပေါ်ကသူမဖုန်းလေးကထမြည်လာ၍ဟိန်းထွဋ်ကယူကြည့်ကာ
''မေမေတဲ့''
''အမ်''
သုသုချက်ချင်းပဲလူကအငွေ့ပြန်ပြီးပျောက်ကွယ်သွားချင်မိသွားသည်။
သုသုဖုန်းကိုယူလိုက်ပြီးမှ
''ဟဲလိုမေမေ''
''မိသု ညည်းဗိုက်ကိစ္စကတစ်ကယ်လား ဟမ်''
''မဟုတ်ဘူးမေမေ အဲဲဒါက''
ထိုအခါဟိန်းထွဋ်က
''ဟုတ်တယ်အန်တီ အခုသုသုကကျွန်တော်နဲ့ရှိနေတာ ကျွန်တော်သူ့ကိုခိုးပြေးသွားတာ မကြာခင်ပြန်လာအပ်မယ်''
သုသုလည်းမေမေဘာမှမပြောခင်ဖုန်းချပစ်ပြီးဟိန်းထွဋ်အားမကျေမချမ်းကြည့်ကာ
''နင်ဟာလေ တော်တော်ကူလီကူမာကျတဲ့ကောင်''
''ကောင်းသောကူလီကူမာကျခြင်းပါ''
သုသုကဘာမှမပြောပဲသူ့အားအကြည့်လွှဲလိုက်၏။
သူ,မသိစေချင်လို့ရှောင်ကွင်းနေခဲ့မှပဲသိသွားရတယ်လို့။
အခုတော့ဒင်းကြောင့်မိဘတွေလည်းသိကုန်ပြီ။
သူမတို့ကလည်းယူကိုယူရတော့မည်။
🌳🍁🍁🌳
4.3.2024
Zawgyi
ဖူးသစ္အိမ္ျပန္ေရာက္လာေတာ့ေရာင္စဥ္ကဧည့္ခန္းထဲကၾကမ္းျပင္မွာဒူးႏွစ္ဖက္ပိုက္ကာထိုင္ရင္းငိုႀကီးခ်က္မ,ျဖစ္ေနတာေၾကာင့္သူမအလန္႔တၾကားနဲ႔သူမေဘးလာထိုင္ၿပီး
''ဟဲ့ ဘာျဖစ္ေနတာလဲ ဘာလို႔ငိုေနတာလဲ''
ေရာင္စဥ္ကဖူးသစ္အားကိုဖက္ကာ
''သူသိသြားၿပီ ငါဘယ္သူဆိုတာသူသိသြားၿပီ''
''ဟမ္!''
''သူ႔စိတ္ထဲမွာငါကသူ႔ကိုလက္စားေခ်ခ်င္လို႔သူ႔အနားကပ္တယ္ထင္သြားတာ ငါ့ကိုလည္းသူနဲ႔ျပတ္ၿပီတဲ့ အလုပ္ပါထုတ္လိုက္ၿပီတဲ့''
ဖူးသစ္ဘာေျပာလို႔ေျပာရမယ္မွန္းေတာင္မသိ။
''ငါဘာလုပ္ရမလဲ ငါသူနဲ႔မျပတ္ႏိုင္ဘူး''
''မျပတ္ႏိုင္ဘူးဆိုရင္သူခြင့္မလႊတ္မခ်င္းႀကိဳးစားရမွာေပါ့ မာနေတာ့ထိခိုက္ေပမယ့္ေပါ့ေလ''
ဖူးသစ္ကသူမမ်က္ႏွာကိုစိုက္ၾကည့္ကာေျပာလာေလ၏။
ေနာက္ေန႔မွာပဲေရာင္စဥ္လည္းတံတိုင္းကုမၸဏီကိုမေရာက္ေလာက္ေသးခင္အခ်ိန္ကိုမွန္းဆ၍သူ႔ထက္အရင္ဦးေအာင္ကုမၸဏီကိုလာခဲ့ၿပီးသူ႔အား႐ုံးခန္းထဲမွာထိုင္ေစာင့္ေနလိုက္သည္။
နာရီဝက္ေလာက္အၾကာမွာ႐ုံးခန္းတံခါးပြင့္လာ၍သူမမတ္တပ္ထရပ္ကာတံခါးေပါက္အားလွမ္းၾကည့္လိုက္ေတာ့အခန္းထဲဝင္လာသူကဟိန္းထြဋ္ျဖစ္ေန၍ေရာင္စဥ္မ်က္ႏွာကသိသိသာသာပ်က္ယြင္းသြားရ၏။
''ေရာင္စဥ္ အဲမွာဘာလုပ္ေနတာလဲ စားပြဲမွာမထိုင္ပဲနဲ႔ တံတိုင္းေရာ''
''သူမလာေသးဘူး ဟိန္းထြဋ္ တံတိုင္းကိုဖုန္းဆက္ေပးလို႔ရမလားဟင္''
''ေရာင္စဥ္ကသူ႔အတြင္းေရးမႉးေလ ေရာင္စဥ္သူ႔ကိုဆက္သြယ္လို႔မရလို႔လား''
ေရာင္စဥ္ကဘာမွမေျပာေတာ့ဟိန္းထြဋ္က
''ေရာင္စဥ္တို႔တစ္ခုခုျဖစ္ထားၾကလို႔လား''
''အဲလိုမဟုတ္ပါဘူး''
''ေရာင္စဥ္မေျပာခ်င္လည္းရပါတယ္ ကိုယ္သူ႔ကိုဖုန္းဆက္ေပးမယ္''
''အင္း''
ဟိန္းထြဋ္ကသူ႔လက္ထဲကဖုန္းကိုဖြင့္ကာတံတိုင္းအားဖုန္းဆက္လိုက္၏။
သူကခ်က္ခ်င္းပဲဖုန္းကိုင္ကာ
''ေအးေျပာ''
''မင္းအလုပ္မလာဘူးလား''
''ေအး ငါမလာေတာ့ဘူး''
''ဒီမွာေရာင္စဥ္ကမင္းကိုေမွ်ာ္ေနတာ''
''သူကဘာလာလုပ္တာလဲ''
''မင္းစကားႀကီးကဘာစကားလဲ''
''သူကငါ့အတြင္းေရးမႉးမဟုတ္ေတာ့ဘူး သူ႔ကိုအလုပ္ထားၿပီးၿပီ ငါ့ကိုလည္းမေစာင့္နဲ႔ ျပန္လို႔ေျပာလိုက္''
ဟိန္းထြဋ္ကအင္တင္တင္နဲ႔
''ေအး ေအးပါ ဒါပဲ''
ဟိန္းထြဋ္ကဖုန္းခ်ၿပီးတာနဲ႔ေရာင္စဥ့္အားအားနာသလိုၾကည့္ကာ
''သူဒီေန႔အလုပ္မလာဘူးတဲ့ ၿပီးေတာ့ သူေရာင္စဥ့္ကိုအလုပ္ထုတ္ထားတာဆို''
ခ်က္ခ်င္းဆိုသလိုပဲေရာင္စဥ္ကမ်က္ရည္ေတြေဝ့တက္လာၿပီး
''ေရာင္စဥ္ျပန္ေတာ့မယ္''
''ေနပါဦးေရာင္စဥ္ ဘာေတြျဖစ္တယ္ဆိုတာကိုယ့္ကိုေျပာျပစမ္းပါ''
ေရာင္စဥ့္ကသူ႔အားတစ္ခ်က္စိုက္ၾကည့္ၿပီးမွသူမကဘယ္သူပါဆိုတာေျပာျပလိုက္ေတာ့သည္။
ထိုအခါဟိန္းထြဋ္မယုံႏိုင္ျခင္းမ်ားစြာနဲ႔သူမအားပါးစပ္အေဟာင္းသားနဲ႔ၾကည့္လာေလ၏။
''ဒါ ဒါဆို ေရာင္စဥ္ကအဲတုန္းကငါ့အမွားေၾကာင့္... ဟာ''
''နင္ကိုယ့္ကိုယ္ကိုအျပစ္တင္ေနစရာမလိုပါဘူးဟိန္းထြဋ္ ငါအဲဒါေတြကိုေမ့လိုက္ၿပီ''
''ငါဘာေျပာရမွန္းေတာင္မသိဘူး ငါ ငါတစ္ကယ္ေတာင္းပန္တယ္ အဲတုန္းကငါတို႔လည္းငယ္ေသးေတာ့စခ်င္ေနာက္ခ်င္စိတ္နဲ႔လုပ္မိတာ''
''ငါ့စိတ္ထဲမရွိေတာ့ဘူးလို႔ေျပာၿပီးၿပီေလ ငါသြားေတာ့မယ္''
ေျပာၿပီးေရာင္စဥ္ ပိုက္ဆံအိတ္ကိုလြယ္၍အခန္းထဲမွထြက္လာခဲ့လိုက္၏။
တံတိုင္းကသူမကိုတစ္ကယ္ႀကီးစိတ္နာသြားတာထင္ပါရဲ႕။
🌳🍁🍁🌳
''ေဒါက္...ေဒါက္''
''ဓူဝံ ဟန္နီပါ''
''ဝင္ခဲ့''
သူခြင့္ျပဳလိုက္ေတာ့ဟန္နီကထမင္းခ်ိဳင့္ေလးဆြဲကာအခန္းထဲဝင္လာၿပီးဆိုဖာမွာဝင္ထိုင္ကာ
''ဓူဝံ့ကိုေန႔လည္စာလာပို႔တာ ဒီတစ္ခါဟန္နီကိုယ္တိုင္ခ်က္လာတာေနာ္ ဟီး''
ဒီေန႔ေတာ့သူမကၾကက္ေပါက္ဝါေရာင္ျမန္မာဝမ္းဆက္ေလးနဲ႔အေတာ္ေလးလွေနျပန္ပါသည္။
သူေနရာမွထကာဆိုဖာမွာလာထိုင္ၿပီး
''ဘာလို႔အပင္ပန္းခံၿပီးေန႔တိုင္းထမင္းေတြလာပို႔ေနတာလဲ''
''ဓူဝံ့ကိုစားေစခ်င္လို႔ေလ''
''ေနာက္တစ္ခါဆိုလာမပို႔နဲ႔ေတာ့''
''ဘာျဖစ္လို႔လဲ ဟန္နီကေစတနာနဲ႔ဟာကို''
''မင္းငါ့ဆီေန႔တိုင္းလာေနတာဝန္ထမ္းေတြေျပာစရာျဖစ္လာမွာစိုးလို႔''
''ဓူဝံကဟန္နီ႔ေၾကာင့္ဓူဝံ့သိကၡာက်မွာစိုးေနတာလား''
''မဟုတ္...''
''ဓူဝံကဟန္နီ႔ကိုဘယ္ေတာ့မွခ်စ္မလာႏိုင္ေတာ့ဘူးလား ဟန္နီကမိန္းကေလးတန္မဲ့ဖြင့္ေျပာတယ္ဆိုၿပီးအထင္ေသးေနတာလား''
''မဟုတ္ဘူးဟန္နီဦး ငါေျပာခ်င္တာက''
''ရပါတယ္ အဲဒါဆိုဟန္နီေနာက္ေန႔ကစၿပီးဓူဝံ့ဆီမလာေတာ့ဘူး အခုလာပို႔တဲ့ထမင္းနဲ႔ဟင္းေလးေတြေတာ့ကုန္ေအာင္စားေပးေနာ္ လက္ေတြမွာဓားရွခံဆီပူေလာင္ခံၿပီးႀကိဳးစားပမ္းစားခ်က္ေပးထားတာမို႔လို႔''
သူမ,ေျပာမွပဲဓူဝံသူမလက္အားၾကည့္မိ၏။ဘယ္ဘက္လက္ညႇိဳးတဲ့လက္ခလယ္မွာအနာကပ္ပလာစတာေတြကပ္ထားၿပီးလက္ဖမိုးနဲ႔လက္ဖ်ံမွာလည္းဆီပူေလာင္ထားသလိုဒဏ္ရာေတြနဲ႔။
''ဟန္နီသြားေတာ့မယ္''
ဟန္နီကငိုခ်င္ေနတဲ့စိတ္ကိုအားတင္းၿပဳံးၿပီးအခန္းထဲမွခပ္သုတ္သုတ္ထြက္လာခဲ့လိုက္ေတာ့သည္။
ဟိန္းထြဋ္ ဓူဝံ့အားေန႔လည္စာစားဖို႔လာေခၚခ်ိန္ဟန္နီဦးကဓူဝံ့အခန္းထဲကေနငိုၿပီးထြက္လာတာမို႔သူေၾကာင္အမ္းအမ္းနဲ႔
''ဟန္နီဦး ဘာလို႔ငို''
ဟန္နီကသူ႔အားတစ္စက္မွမၾကည့္သလိုအဖတ္လည္းမလုပ္သြားေပ။
''ဒီေန႔ဘာလို႔မိန္းကေလးေတြအဲေလာက္ငိုေနတာလဲ မနက္ကေရာင္စဥ္ ေန႔လည္က်ဟန္နီ ညေနက်ဘယ္သူျဖစ္ဦးမွာလဲဟ''
သူေခါင္းကုတ္ရင္းဓူဝံ့အခန္းထဲဝင္ခဲ့ေတာ့သူကစားပြဲေပၚမွာဟင္းခ်ိဳင့္မ်ိဳးစုံတည္ခင္းၿပီးငူငူႀကီးထိုင္ေနတာေလသည္။
''မင္းကစားေနၿပီလား ဟင္းေတြကေမႊးေနတာပဲ ဒါနဲ႔ မင္းဟန္နီဦးကိုဘာလုပ္လိုက္တာလဲ ဟိုမွာမ်က္ရည္စက္လက္နဲ႔''
ဟိန္းထြဋ္စကားေၾကာင့္ဓူဝံကရႉးရႉးရွားရွားျဖင့္ေခါင္းေထာင္ၾကည့္လာၿပီး
''သူ သူငိုသြားတာလား''
''ေအး''
သူ႔ရင္ထဲဘယ္လိုႀကီးျဖစ္သြားမွန္းမသိ။သူေျပာတယ္ဆိုတာကလည္းသူမအတြက္ေျပာတာပါ။
ဒါကိုသူမကအထင္လြဲသြားတာ။အစကသူမပုံစံကကလက္တက္တက္နဲ႔ဘာကိုမွအေလးအနက္မရွိပုံမို႔သူ႔ကိုလည္းဒီအတိုင္းစိတ္ဝင္စားတယ္ထင္ခဲ့တာ။
အခုသူထင္ထားသလိုမဟုတ္ခဲ့ပုံပါပဲ။
ဓူဝံခ်က္ခ်င္းပဲအခန္းထဲကေနေျပးထြက္ခဲ့လိုက္၏။
တစ္ဖက္မွာလည္းသူမ်ားလိုက္လာမလားဆိုၿပီးကားပါကင္ကေနမထြက္ေသးတဲ့ဟန္နီလည္းသူ႔အရိပ္အေယာင္ပင္မေတြ႕ရတာမို႔ကားစက္ႏႈိးကာေနရာမွေမာင္းထြက္ခဲ့လိုက္ေတာ့သည္။
သူမတစ္ခ်ိန္တည္းသိလိုက္ရတာက အခ်စ္ဆိုတာလုပ္ယူလို႔မရဘူးဆိုတာပဲ။
ဓူဝံကားပါကင္ကိုေရာက္တဲ့အခ်ိန္မွာကားပါကင္ထဲကထြက္သြားတဲ့ဟန္နီ႔ကားေနာက္ပိုင္းဆိုသာလွ်က္တျပက္ျမင္လိုက္ရ၏။
သူေနာက္ကေျပးလိုက္ေပမယ့္လည္းမမီေတာ့ေပ။
သူဘာလို႔သူမေနာက္ကေျပးလိုက္ေနမိလဲကိုယ့္ကိုယ္ကိုပင္မသိေတာ့ပါ။
သူမအထင္လြဲၿပီးစိတ္ဆိုးသြားမွာကိုလည္းသူ႔စိတ္ထဲမလိုလားဘူးျဖစ္ေနျပန္၏။
ဒါမွမဟုတ္ သူမသိလိုက္ခင္မွာပဲဒီေကာင္မေလးကသူ႔ရင္ထဲဝင္ေရာက္လာခဲ့တာထင္သည္။
မဟုတ္ဘူး တစ္ကယ္ႀကီးဝင္ေရာက္ေနခဲ့တာ။
🌳🍁🍁🌳
ဟိန္းထြဋ္ ညေန႐ုံးဆင္းခ်ိန္အိမ္ျပန္ေနတုန္းလမ္းေဘးတစ္ေနရာမွသုသုကိုေတြ႕လိုက္၍သူကားကိုခ်က္ခ်င္းရပ္ၿပီးသူမနားသြားကာ
''သုသု''
''ဟိန္းထြဋ္''
''ဒီမွာဘာလုပ္ေနတာလဲ''
''ဘာလုပ္ရမွာလဲ ဒီအရက္သမားေလ ပန္းေရာင္းတဲ့ကေလးဆီကပိုက္ဆံလာလုေနလို႔''
သူမစကားေၾကာင့္ဟိန္းထြဋ္ကထိုလူ႔အားၾကည့္ကာ
''ခင္ဗ်ားကလည္းဗ်ာ လူၾကည့္ေတာ့ေျခေကာင္းလက္ေကာင္းနဲ႔ ဘာလို႔ကေလးဆီကေနပိုက္ဆံလာလုေနတာလဲ''
''မင္းနဲ႔ငါဆိုင္လို႔လဲ ႏွစ္ေကာင္လုံးကမဆိုင္တဲ့ကိစၥကိုလာဝင္ပါေနတယ္ ဒီကေလးဆီကငါပိုက္ဆံေတာင္းတာခုမွမဟုတ္ဘူး အရင္ကတည္းက''
''ဘာေျပာတယ္ ရွင္ေတာ္ေတာ္႐ြံစရာေကာင္းတဲ့လူပဲ ေ.သရင္လူလိုသူလိုေ.သရမွာေတာင္မဟုတ္ဘူး''
''ဘာ! ေအာင္မာ ဒီေကာင္မကေတာ့''
ထိုလူကသုသုအားလက္ျပန္႐ြယ္ေတာ့ဟိန္းထြဋ္ကသူ႔လက္အားဖမ္းခ်ဳပ္ကာေဆာင့္တြန္းလႊတ္ၿပီး
''ခင္ဗ်ားလက္လာမပါနဲ႔ေနာ္''
ထိုလူကလမ္းေဘးကေတြ႕တဲ့တုတ္ကိုေကာက္ကိုင္၍ဟိန္းထြဋ္အား႐ိုက္ဖို႔လာစဥ္သုသုက
''ဟိန္းထြဋ္!''
သူမကဟိန္းထြဋ္အားဖက္ကာ ကာလိုက္တာေၾကာင့္ထိုတုတ္ကသူမေခါင္းေပၚအားျပင္းစြာက်ေရာက္လာေတာ့သည္။
''သုသု! သုသု''
သုသုကိုယ္ေလးကသူ႔လက္ထဲမွာေခြက်သြားၿပီးေခါင္းကလည္းေသြးေတြကလည္းစီးက်လာေလ၏။
ခုနကအရက္သမားလည္းလက္ထဲကတုတ္ကိုလႊင့္ပစ္ကာထြက္ေျပးသြားေတာ့သည္။
ပန္းသည္ကေလးေလးကလည္းေၾကာက္အားလန္႔အားထြက္ေျပးသြားၿပီး သူနဲ႔သုသုသာေနရာမွာက်န္ခဲ့ေလ၏။
ဟိန္းထြဋ္လည္းဘာကိုမွေတြးခ်ိန္မရပဲသူမအားကားေပၚတင္ကာေဆး႐ုံသို႔အျမန္ဆုံးဦးတည္လိုက္ေတာ့သည္။
______________
ေဆး႐ုံေရာက္တာနဲ႔ဆရာဝန္ေတြကသူမအားကုတင္တြန္းလွည္းနဲ႔တင္ေခၚသြားၿပီးအေရးေပၚခန္းထဲေခၚသြားေလ၏။
ဟိန္းထြဋ္ခႏၶာကိုယ္မွာလည္းေသြးေတြေပက်ံလို႔ေနသည္။
သူမကသူ႔ကိုကာကြယ္ရင္းျဖစ္သြားတာမို႔သူပိုၿပီးစိတ္ပူကာစိတ္မေကာင္းပါျဖစ္ရ၏။
''နင္ဘာလို႔ခုလိုလုပ္တာလဲသုသုရာ''
အခ်ိန္တစ္ခုၾကာေတာ့အေရးေပၚခန္းထဲကဆရာဝန္ေတြထြက္လာတာေၾကာင့္သူေနရာမွထလိုက္ၿပီး
''ေဒါက္တာ သူဘယ္လိုေနလဲ''
''အဆင္ေျပသြားပါၿပီ စိုးရိမ္စရာမရွိေတာ့ပါဘူး ေနာက္ဆိုအမ်ားႀကီးဂ႐ုစိုက္ေပးပါ မေတာ္လို႔ဗိုက္ကိုထိသြားရင္ဘယ္လိုလုပ္မလဲ''
''ဗ်ာ ဗိုက္ ဘာဗိုက္လဲဗ်''
''လူကမင္းဇနီးမဟုတ္ဘူးလား''
''မဟုတ္ပါဘူး သူငယ္ခ်င္းပါ''
''ဪ လူကအခုကိုယ္ဝန္ရွိေနတာေလ''
''ဗ်ာ!''
''အဲဒါဆိုသူ႔မိသားစုဒါမွမဟုတ္ သူ႔အမ်ိဳးသားကိုအေၾကာင္းၾကားလိုက္ဦးေနာ္ ခင္းဗ်ားလည္းအဝတ္အစားလဲလိုက္ပါဦး''
သူဆရာဝန္ရဲ႕စကားကိုပင္ဘာမွျပန္မေျပာႏိုင္ပဲထိုင္ခုံမွာအ႐ုပ္ႀကိဳးျပတ္ထိုင္ခ်ပစ္လိုက္၏။
''ကိုယ္ဝန္...ကိုယ္ဝန္ မဟုတ္မွ အဲဒါငါ့ကေလးလား''
အေတြးနဲ႔အတူသူ႔ရင္ထဲတစ္မ်ိဳးႀကီးျဖစ္သြားရေလသည္။
_______________
သုသုသတိျပန္ရလာေတာ့သူမကေဆး႐ုံရဲ႕အခန္းတစ္ခန္းထဲမွာေရာက္ေနၿပီးအရင္ဆုံးျမင္လိုက္ရတဲ့သူကဟိန္းထြဋ္ကို။
''ဟိန္းထြဋ္''
''သုသု နင္သတိရၿပီလား''
''အင္း ဘယ္ခ်ိန္ရွိၿပီလဲ''
''7နာရီထိုးၿပီ''
''ငါျပန္မွျဖစ္မယ္ ေမေမစိတ္ပူေနလိမ့္မယ္''
''နင့္သူငယ္ခ်င္းအိမ္မွာအိပ္မွာလို႔ငါနင့္အေမကိုစာပို႔ထားတယ္''
ထိုအခါမွသုသုကစိတ္ေအးသြားပုံႏွင့္
''ေက်းဇူးပဲ''
''အဲဒါထက္ နင့္ကေလးအေဖကဘယ္သူလဲ''
''ဟင္!''
''နင့္ဗိုက္ကေျခာက္ပတ္ရွိၿပီတဲ့ အဲဒါက အဲဒါကငါနဲ႔ျဖစ္ခဲ့တဲ့အခ်ိန္နဲ႔ကြက္တိပဲ နင္ေျဖ နင့္ဗိုက္ထဲကကေလးကငါနဲ႔ရတာလား''
''မဟုတ္ဘူး''
''နင္မလိမ္နဲ႔ ငါသိတယ္ အဲဒါငါ့ကေလးမဟုတ္လား''
''မဟုတ္ဘူးလို႔ေျပာေနတယ္''
''ဒါဆိုဘယ္သူ႔ကေလးလဲ''
''ကေလးအေဖက ေ.သသြားၿပီ''
''သုသု နင္ငါ့ကိုမညာစမ္းပါနဲ႔ နင္ငါ့ကိုအမွန္အတိုင္းေျပာစမ္းပါ''
သုသုမ်က္ဝန္းေထာင့္မွမ်က္ရည္စက္တစ္ခ်ိဳ႕စီးက်လာၿပီး
''ဟုတ္တယ္ဆိုနင္ကဘာလုပ္မလို႔လဲ''
''ဒါဆို ဒါဆိုတစ္ကယ္ေပါ့''
''ေအးဟုတ္တယ္''
''နင္ဘာလို႔ငါ့ကိုမေျပာတာလဲသုသု အကယ္၍ငါ့ဘာသာငါမသိခဲ့ရင္ နင္ကေလးနဲ႔ငါ့ကိုတစ္သက္လုံးသားအဖဆိုတာေပးမသိေတာ့ဘူးမလား''
''ဟုတ္တယ္''
တုံ႔ဆိုင္းျခင္းမရွိေျဖလာတဲ့သူမအေျဖကသူ႔ရင္အားေဆာင့္ကန္လိုက္သလိုပင္။
''နင္ေတာ္ေတာ္အသည္းမာပါလား နင္အဲလိုလုပ္လို႔မရဘူး ဒီကေလးကငါ့ကေလး ငါနဲ႔လည္းဆိုင္တယ္''
''နင္ေနသာသလိုေနစမ္းပါ ဘာမွမ႑ပ္တိုင္လာတက္ျပမေနနဲ႔''
''နင္ေျပာပုံကမသိရင္ငါကပဲတာဝန္မဲ့သလိုနဲ႔နင္ၾကည့္ေနလိုက္ နင္နဲ႔ငါ့ကေလးနဲ႔ငါ့အနားေရာက္လာေစရမယ္''
ေျပာၿပီးဟိန္းထြဋ္ကဖုန္းကိုဖြင့္ၿပီးနားမွာကပ္လိုက္တာေၾကာင့္သုသုကအလန္႔တၾကားနဲ႔
''နင္ဘာလုပ္မလို႔လဲ''
ဟိန္းထြဋ္ကဂ႐ုမစိုက္ပုံႏွင့္
''ဟဲလိုေမေမ ကြၽန္ေတာ္မိန္းမယူေတာ့မယ္ သုသုနဲ႔ေလ''
သုသုကမ်က္လုံးျပဴးမ်က္စံျပဴးနဲ႔ဖုန္းကိုလုမယ္ႀကံေတာ့သူကထိုင္ရာမွထကာ
''ေမေမတို႔ေျမးပါခ်ီရေတာ့မွာ ေမေမ့သားအစြမ္းနဲ႔ေမေမ့ေခြၽးမေလာင္းကဗိုက္ပါရွိေနၿပီေလ''
''ဟင္!''
''ဟုတ္တယ္ သုသုအေမကိုလည္းဖုန္းဆက္ေျပာလိုက္ဦး''
သူကဖုန္းခ်လိုက္ၿပီးသုသုအား
''ဘယ္လိုလဲ ပိုင္တယ္မလား''
''ေခြးေကာင္!!!''
ဟိန္းထြဋ္ကသူမဗိုက္ကိုလာကိုင္ကာ
''အရမ္းမေအာ္ပါနဲ႔ဟ ငါ့ကေလးလန္႔သြားဦးမယ္''
''ငါ့ကိုလာမထိနဲ႔ ကလိမ္ကက်စ္ေကာင္ နင့္ကိုလုံးဝမယူဘူး''
''မယူလို႔မရဘူး အခုဆိုငါ့အေမကနင့္အေမကိုအေၾကာင္းၾကားေနေလာက္ၿပီ''
''ဘယ္လိုေနေန ငါနင္နဲ႔လုံးဝမယူဘူး နင့္လိုငေငြငရႈပ္ေကာင္ကိုယူၿပီးစိတ္ဆင္းရဲမခံႏိုင္ဘူး''
''နင္နဲ႔ယူၿပီးရင္ငါကနင္နဲ႔ကေလးရဲ႕မ်က္ႏွာကိုပဲၾကည့္မွာပါဟ''
''ေစာက္ပိုေတြ''
''မဆဲပါနဲ႔ ကေလးၾကားသြားလိမ့္မယ္''
ထိုအခိုက္စားပြဲေပၚကသူမဖုန္းေလးကထျမည္လာ၍ဟိန္းထြဋ္ကယူၾကည့္ကာ
''ေမေမတဲ့''
''အမ္''
သုသုခ်က္ခ်င္းပဲလူကအေငြ႕ျပန္ၿပီးေပ်ာက္ကြယ္သြားခ်င္မိသြားသည္။
သုသုဖုန္းကိုယူလိုက္ၿပီးမွ
''ဟဲလိုေမေမ''
''မိသု ညည္းဗိုက္ကိစၥကတစ္ကယ္လား ဟမ္''
''မဟုတ္ဘူးေမေမ အဲဲဒါက''
ထိုအခါဟိန္းထြဋ္က
''ဟုတ္တယ္အန္တီ အခုသုသုကကြၽန္ေတာ္နဲ႔ရွိေနတာ ကြၽန္ေတာ္သူ႔ကိုခိုးေျပးသြားတာ မၾကာခင္ျပန္လာအပ္မယ္''
သုသုလည္းေမေမဘာမွမေျပာခင္ဖုန္းခ်ပစ္ၿပီးဟိန္းထြဋ္အားမေက်မခ်မ္းၾကည့္ကာ
''နင္ဟာေလ ေတာ္ေတာ္ကူလီကူမာက်တဲ့ေကာင္''
''ေကာင္းေသာကူလီကူမာက်ျခင္းပါ''
သုသုကဘာမွမေျပာပဲသူ႔အားအၾကည့္လႊဲလိုက္၏။
သူ,မသိေစခ်င္လို႔ေရွာင္ကြင္းေနခဲ့မွပဲသိသြားရတယ္လို႔။
အခုေတာ့ဒင္းေၾကာင့္မိဘေတြလည္းသိကုန္ၿပီ။
သူမတို႔ကလည္းယူကိုယူရေတာ့မည္။
🌳🍁🍁🌳
4.3.2024