မသန်စွမ်းစေ့စပ်ထားသူနဲ့လက်ထပ်...
By Moesattkha
138K 16K 262
ဟိုဘက် acc log ကျသွားလို့ဒီမှာပြန်တင်ပေးပါမယ်ရှင့် More
Description
Chapter (1)
Chapter (2)
Chapter (3)
Chapter (4)
Chapter (5)
Chapter (6)
Chapter (7)
Chapter (8)
Chapter (9)
Chapter (10)
Chapter (11)
Chapter (12)
Chapter (13)
Chapter (14)
Chapter (15)
Chapter (16)
Chapter (17)
Chapter (18)
Chapter (19)
Chapter (20)
Chapter (21)
Chapter (22)
Chapter (23) (Unicode)
Chapter (23) (Zawgyi)
Chapter (24)
Chapter (25)
Chapter (26)
Chapter (27)
Chapter (28)
Chapter (29)
Chapter (30)
Chapter (31)
Chapter (32)
Chapter (33)
Chapter (34)
Chapter (35)
Chapter (36)
Chapter (37)
Chapter (38)
Chapter (39)
Chaptet (40)
Chapter (41.1)
Chapter (41.2)
Chapter (42.1)
Chapter (42.2) (Unicode)
Chapter (42.2) (Zawgyi)
Chapter (43) (Unicode)
Chapter (43) (Zawgyi )
Chapter (44) (Unicode)
Chapter (44) (Zawgyi)
Chapter (45.1)
Chapter (45.2)
Chapter (46)
Chapter (47)
Chapter (48)
Chapter (49)
Chapter (50)
Chapter (51)
Chapter (52)
Chapter (53)
Chapter (54)
Chapter (55)
Chapter (56)
Chapter (57)
Chspter (59)
Chapter (60)
Chapter (61)
Chapter (62)
Chapter (58)
1.1K 139 17
By Moesattkha
Chapter:58
တိုက်ရိုက်ထုတ်လွှင့်မှုကို ပြင်ဆင်ဖို့အတွက် မုရှင်းယုသည် နံနက်စောစောတွင် သူ့ဖုန်းကို အားသွင်းလိုက်တယ်။ ပြီးနောက်သူသည် အိမ်မှာရှိတဲ့ အဒေါ်ကို သူ့အခန်းကို ရှင်းပေးရန်ပြောပြီး တိုက်ရိုက်ထုတ်လွှင့်မှုအတွက် ပြင်ဆင်လိုက်တယ်။
သူ့ရဲ့ကိုယ်ပိုင်အခန်းကို ရွေးချယ်ရတဲ့ အကြောင်းရင်းက ဒီမှာက သူ့ရဲ့ကိုယ်ပိုင် ပစ္စည်းတွေပဲ ရှိတာကြောင့် တိုက်ရိုက် ထုတ်လွှင့်မှုမှာ ပရိသတ်တွေ တစ်စုံတစ်ခု သိသွားမှာကို စိုးရိမ်နေစရာ မလိုဘူး။
အမှန်တော့ သူနှင့် ကုယွမ်ကျိုးတို့ အပြန်အလှန်အချစ်ကို ဖော်ပြပြီးနောက်ပိုင်းတွင် သူ့ရဲ့ ကိုယ်ပိုင် ပစ္စည်း အများစုကို မာစတာအိပ်ခန်းသို့ ရွှေ့ပြောင်းခဲ့သည်။
သို့သော် အသစ်အသစ် ထပ်တိုးမှုများ အများအပြားရှိသောကြောင့် သူ့အခန်းတွင် တစ်စုံတစ်ယောက်နေထိုင်နေပုံလျှက်ရှိသည်နှင့် အမှန်ပင်တူနေသေးသည်။
ကြိုတင်သတ်မှတ်ချိန်သည် မကြာမီရောက်ရှိလာပြီး ပရိသတ်များ၏ စိတ်အားထက်သန်မှုကြောင့် ရှေ့မှသရုပ်ဆောင်များသည် live ပြီးဆုံးရန် ရွှေ့ဆိုင်းလိုက်ရာ မုရှင်းယု တိုက်ရိုက်ထုတ်လွှင့်ချိန်တွင် အချိန်သည် စီစဉ်ထားသည်ထက် ဆယ်မိနစ်နီးပါး နောက်ကျခဲ့ရသည်။
ဗီဒီယိုထဲမှာ သူ့မျက်နှာ ပေါ်လာချိန်မှာတော့ စောင့်မျှော်ခဲ့ရတဲ့ ကြယ်မိုးမိုးတွေဟာ အုံကြွလာကြတယ်။
[ အား! နောက်ဆုံးတော့ ငါ့ Male God ပေါ်လာပြီ! ]
[ ကြယ်လေးက ဒီညရဲ့နောက်ဆုံးဇာတ်ဆောင်ဘဲ! မင်းကအကောင်းဆုံးပဲ! ]
...
ပရိသတ်တွေရဲ့ မှတ်ချက်တွေကို ကြည့်လိုက်တော့ မုရှင်းယုက ပြုံးမပြဘဲမနေနိုင်ဘူး။ ဒါက ပရိသတ်တွေကို ပိုလို့တောင် စိတ်လှုပ်ရှားစေခဲ့တယ်။
အမျိုးမျိုးသော မှတ်ချက်များက ဖန်သားပြင်ပေါ်မှာ ပြည့်နှက်သွားတယ်။
မုရှင်းယုသည် barrage သိပ်သည်းမှုမဖြစ်စေရန် barrage format ကိုသတ်မှတ်ရမည်ဖြစ်သည်။ (*မြန်မာလိုဘယ်လိုရှင်းပြရမလဲမသိလို့)
" ဟယ်လို အားလုံးပဲ အခု ကျွန်တော့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်ချိန်ကို ရောက်ပါပြီး။ ဝင်လာပြီး အားလုံးနဲ့ စကားစမြည်ပြောခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ် " မုရှင်းယုက ပြုံးပြီး ဖြေပေးဖို့ ဖန်သားပြင် မှတ်ချက် များစွာထဲက မေးခွန်းအချို့ကို ရွေးလိုက်တယ်။
barrage ပို့စ်အပြင် ပရိသတ်တွေကလည်း လက်ဆောင်တွေ တက်ကြွစွာနဲ့ ပေးကြပြီး ရွှေဥလက်ဆောင်တွေ အကြိမ်ပေါင်းများစွာ ပေါ်လာခဲ့တယ်။
ဤသည်မှာ Weibo တိုက်ရိုက်ထုတ်လွှင့်မှု၏ စည်းမျဉ်းအသစ်ဖြစ်သည်။ အဆင့်အမြင့်ဆုံးလက်ဆောင်သည် သေးငယ်သောပမာဏမဟုတ်ပေ ယွမ်၁သိန်းနှင့် တူညီသည်။
အဆင့်အမြင့်ဆုံးလက်ဆောင်ပေါ်လာသောအခါတွင် အပိုင်းပိုင်းကွဲသွားသည့် ရွှေဥကြီးတစ်လုံး၏ ပုံသည် မျက်နှာပြင်ပေါ်တွင် ပေါ်လာမည်ဖြစ်သည်။ အထူးသဖြင့် အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သည်။
" အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီလက်ဆောင်တွေကို အဖွဲ့သားတွေက ဆင်းရဲနွမ်းပါးတဲ့ တောင်တန်းဒေသတွေကို လှူဒါန်းသွားမှာပါ။ ပြည်သူ့အကျိုးပြု လူမှုဖူလုံရေး လုပ်ငန်းတွေမှာ ကူညီပံ့ပိုးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် "
ဤတိုက်ရိုက်ထုတ်လွှင့်မှုက တီဗီစီးရီးပရိုမိုးရှင်း လုပ်ဖို့ရှိနေသရွေ့တော့ အဖွဲ့သားတွေဟာ တိုက်ရိုက်ထုတ်လွှင့်မှုကနေ ရတဲ့ဝင်ငွေအားလုံးကို ဆင်းရဲနွမ်းပါးတဲ့ တောင်တန်းဒေသတွေကို လှူဒါန်းမယ်လို့ Weibo မှာ တင်ထားပြီးသားပါ။
မုရှင်းယုသည် ကြီးမားသော လက်ဆောင်များပေးသော ပရိသတ်များကြားတွင် သူ့အမေနှင့် ' ကြယ်ကြွေတာမြင်ရဖို့မင်နောက်လိုက်ခဲ့မယ်' နှစ်ယောက်စလုံး ပေါ်လာသည်ကို သတိပြုမိသည်။
သူက ' ကြယ်ကြွေတာမြင်ရဖို့မင်နောက်လိုက်ခဲ့မယ် ' ဆိုတဲ့ ပရိတ်သတ်ကို အရမ်းသိချင်တယ်။
ဒီပရိတ်သတ်က သူကို နောက်ကွယ်မှာ တိတ်တဆိတ်ကူညီပေးခဲ့တယ်။သူအခွင့်အရေးရရင် ဒီပရိတ်သတ်ကို ကျေးဇူးတင်ကြောင်း ပြောချင်မိတယ်။
ယခင်သရုပ်ဆောင်များ၏ အချိန်နှောင့်နှေးခြင်းကြောင့် မုရှင်းယု၏ တိုက်ရိုက်ထုတ်လွှင့်ချိန် တိုတောင်းခဲ့ရသည်။
" ကျွန်တော့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးပါပြီ၊ အားပေးမှု အတွက် ကျေးဇူးတင်ပါတယ်၊ ဒီနေ့ ' The Journey' ရဲ့ဇာတ်သိမ်းကို ကျွန်တော်..."
စကားပြောနေစဉ်တွင် မုရှင်းယုသည် ကုယွမ်ကျိုး၏ အသံကို ရုတ်တရက်ကြားလိုက်ရသည်​။ " မင်းဘာလုပ်နေတာလဲ? ထမင်းစားဖို့သွားရအောင်လေ "
မုရှင်းယုသည် ခေတ္တမျှ ထိတ်လန့်သွားပြီး သူပြောချင်တာကို မေ့သွားသော်လည်း ပရိသတ်တွေက အရမ်းစိတ်လှုပ်ရှားသွားပြီး ဖန်သားပြင်ပေါ်မှာ မှတ်ချက်များ အတားအဆီးတွေ မရှိ ချက်ချင်းပေါ်လာတယ်။
[ ဝိုး! ဆွဲငင်အားရှိတဲ့အသံလေ! ပြောတဲ့သူက လူချောလေးဘဲ ဖြစ်ရမယ်]
[ ရှင်းရှင်း ဘယ်သူပြောတာလဲ? မြန်မြန် ကင်မရာကို သူ့ဆီလှည့် ]
[ မှန်တယ် ကြည့်ရတာ လူချောလေးဘဲ လို့ထင်တယ် ] 
[ ရှင်းရှင်း မင်း အိမ်မှာဘယ်သူရှိနေတာလဲ? ]
[ မြန်မြန်ပြောပြ! သူက ဘယ်သူလဲ! ]
မုရှင်းယုသည် ယခုချိန်တွင် ကုယွမ်ကျိုး ပေါ်လာမည်ဟု မမျှော်လင့်ထားပေ။ သူက ကင်မရာကို အမြန်နိမ့်လိုက်တယ်။ " ခင်ဗျား ထမင်းစားခန်းကို အရင်သွားထားနှင့်။ ကျတော်ချက်ချင်း ဆင်းလာခဲ့မယ် "
" ကောင်းပြီ မြန်မြန်လုပ် " ကုယွမ်ကျိုးက ပြုံးပြီး လှည့်ထွက်သွားတယ်။ မုရှင်းယု မမြင်နိုင်သော နေရာရောက်တော့ သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး သူ့လုပ်ရပ်အတွက် အလွန်ကျေနပ်နေသည်။
မုရှင်းယု တိုက်ရိုက်ထုတ်လွှင့်နေတယ်ဆိုတာကို ကုယွမ်ကျိုးက ဘယ်လိုလုပ် မသိဘဲနေနိုင်မှာလဲ။
အိမ်အပြန်လမ်းတွင် သူသည် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေဆဲဖြစ်ပြီး မုရှင်းယုအား လက်ဆောင်ကြီးနှစ်ခုပင်ပေးခဲ့သည်။
အကယ်၍ မားမုသည် ၎င်းကို နှစ်ကြိမ်မပေးခဲ့ဘူးဆိုရင် သူက မုရှင်းယုအား လက်ဆောင်များ ဆက်လက်ပေးမည်မှာ သေချာသည်။
အရင်က တုန်ရှီး၊ ကျန်းကျိတုန်နှင့် မုရှင်းယုတို့၏ အရှုပ်တော်ပုံကို မြင်ပြီးနောက်တွင် သူသည် သူ့ဖြစ်တည်မှုကို တိုးများလာရန် လိုအပ်သည်ဟု ခံစားမိသည်။
ဤအကြိမ်တွင် သူကြိုတင်စီစဉ်ထားသည့်အတိုင်း မုရှင်းယု၏ တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း ရုတ်တရက် အသံထွက်လာပြီး အကျိုးသက်ရောက်မှုမှာ အံ့အားသင့်ဖွယ်ကောင်းသည်။
သူနဲ့ မုရှင်းယုတို့ရဲ့ အိမ်ထောင်ရေးကို တစ်ချိန်လုံး ဖုံးကွယ်ထားလို့ မရဘူး။
မုရှင်းယုရဲ့အသက်မွေးဝမ်းကြောင်းအတွက် သူသည် သူ့အကြောင်းကို ပရိသတ်တွေ သိအောင် ဖြည်းဖြည်းချင်း ပြောပြပြီး သူ့ကိုလက်ခံစေမှာ ဖြစ်တယ်။
အခန်းထဲတွင် မုရှင်းယုသည် ကုယွမ်ကျိုး၏ အထောက်အထားအကြောင်း မေးမြန်းမှု ပြည့်နေသော ဖန်သားပြင်ကို ကြည့်ကာ ဘာပြောရမှန်းမသိဖြစ်နေသည်။
" ဒီနေ့ ညစာစားဖို့ သူငယ်ချင်းတွေကို အိမ်ကိုဖိတ်ထားတာ။ ပြီးတာနဲ့ ကျွန်တော်တို့ ထမင်းစားခန်းကို သွားတော့မှာ။ တိုက်ရိုက်ထုတ်လွင့်မှု ပြီးသွားပါပြီး။ အားလုံးဘဲ "Journey" ရဲ့ ဖိုင်နယ်ကို ဒီနေ့ညမှာ ကြည့်ရှုဖို့ မမေ့နဲ့နော်။ အနာဂတ်မှာ တိုက်ရိုက်ထုတ်လွင့်ဖို့ အခွင်အရေး ရှိပါသေးတယ်။ နောက်တစ်ကြိမ်တွေ့မယ် " မုရှင်းယုသည် ပြုံးပြကာ တိုက်ရိုက်ထုတ်လွှင့်မှုကို အမြန်ပိတ်လိုက်သည်။
သူက သက်ပြင်းချရင်း ပရိတ်သတ်တွေ မေးတဲ့မေးခွန်းကို ဘယ်လိုဖြေရမှန်းမသိဖြစ်မှာကို စိုးရိမ်မိတယ်။
သူ ထမင်းစားခန်းကို ရောက်တော့ ကုယွမ်ကျိုးက သူ့ကို ထိုင်ဖို့ပြောပြီး နွေးထွေးစွာ နှုတ်ဆက်တယ်။
မုရှင်းယုက ကုယွမ်ကျိုးရဲ့ ပျော်ရွှင်တဲ့ မျက်နှာကြောင့် ကြီးမားသော ပရောဂျက်တစ်ခု ညှိနှိုင်းနိုင်ခဲ့တယ်လို့ ထင်ခဲ့တယ်။
" ဘာတွေပျော်နေတာလဲ? " မုရှင်းယုကမေးတယ်။
" ဘာမှမဟုတ်ပါဘူး ဒီည တီဗီစီးရီးဇာတ်သိမ်းပြီးဆိုတော့ ကိုယ် အရမ်းပျော်နေတာ "
ညစာစားပြီးနောက် မုရှင်းယုနှင့် ကုယွမ်ကျိုးတို့သည် ယနေ့ည၏ ဒရာမာကို စတင်ရန် ပုံမှန်အတိုင်း ရုပ်ရှင်ရုံအခန်ငယ်သို့ လာခဲ့ကြသည်။
ယနေ့ညသည် ဇာတ်သိမ်းဖြစ်သည်။ စုန်ချင်ဟဲ သည် ချန်မင်းဆက်၏ မြို့တော်ကို ဖြတ်ကျော်သွားခဲ့ပြီး Shen Qian သည် ပျက်စီးယိုယွင်းနေသော မင်းဆက်ကို လုံးဝကယ်တင်နိုင်မည်မဟုတ်တော့ပေ။ နန်းတော်တံခါးရှေ့တွင် သူသည် စုန်ချင်ဟဲနှင့် ပြောဆိုခဲ့သည်။
" ငါတို့ရဲ့ အရင်သိကျွမ်မှုအတွက် မင်းဆန္ဒ လက်နက်ချရင် မင်းကိုငါအသက်ရှင်ခွင့်ပေးနိုင်တယ် " လို့ စုန်ချင်ဟဲကပြောတယ်။
" ကိုယ်တော်က လက်နက်ချဖို့ဆန္ဒရှိတယ်။ ဒါက ကိုယ့်တော့် အတွက်မဟုတ်ဘူး။ မြို့တော်ကလူအားလုံးအတွက်ဘဲ! စုန်ချင်ဟဲ ကမ္ဘာကလူတွေ အေးချမ်းသာယာဖို့အတွက် ကြီးကျယ်တဲ့ Taiyuan တည်ဆောက်မယ့် မူလကတိကို မှတ်မိသေးမယ်လို့ ကိုယ်တော် မျှော်လင့်တယ်! "
သမိုင်း၏ ယေဘူယျ လမ်းကြောင်းကို မျက်နှာမူကာ Shen Qian သည် သူသည် လူသားလက်ရုံး မျှသာဖြစ်ကြောင်း သိခဲ့ပြီး နောက်ဆုံးတွင် သူသည် သမိုင်း၏ ယိုယွင်းမှုမျှသာဖြစ်သည်။
သူ့အထောက်အထားက ချန်တိုင်ပြည်ရဲ့ တာဝန်ကို ထမ်းဆောင်ဖို့ သူ့ကို ရည်မှန်းထားတယ်။ အခုတော့ အရာအားလုံးပြီးသွားတော့ သူ့ဝန်ထုပ်ဝန်ပိုးကို နောက်ဆုံးမှာ စွန့်လွှတ်နိုင်ခဲ့တယ်။
စစ်တပ်က တိုက်ပွဲတွေ ရပ်စဲပြီးတဲ့ နောက်မှာတော့ သူ့ပတ်ဝန်းကျင်က စစ်သားတွေရဲ့ အပျက်အစီးတွေကို လှည့်ပတ်ကြည့်ရှုရင်း နောက်ဆုံးတော့ ပြုံးပြီး သူ့ကိုယ်သူ သတ်သေပစ်လိုက်တယ်။
နောက်ဆုံးတွင် ရန်သူဟောင်းနှစ်ဦးက အောင်နိုင်သူကို ဆုံးဖြတ်ခဲ့သည်။
Shen Qian ရဲ့ ဇာတ်လမ်းက ပြီးသွားပေမယ့် တီဗီစီးရီးက မပြီးသေးပါဘူး။
စုန်ချင်ဟဲဟာ မင်းဆက်အသစ် စက်စက်ကို ထူထောင်ခဲ့ပြီး စစ်ပွဲကြောင့် ပျက်စီးသွားတဲ့ နယ်မြေဟာ နောက်ဆုံးမှာတော့ တက်ကြွမှုတွေပြန်ပြည့်လာတယ်။
၎င်းကိုကြည့်ပြီးနောက် ကုယွမ်ကျိုးသည် အချိန်အတော်ကြာအောင် မငြိမ်သက်နိုင်တော့ပေ။ Shen Qian သေရမယ်ဆိုတာ သူသိပေမယ့် Shen Qian က သူ့ဟာသူ သတ်သေလိုက်တာကို သူ လက်မခံနိုင်သေးပေ။
မုရှင်းယု၏ လက်ကို ကိုင်ထားရန် သူ့လက်ကို ဆန့်ထုတ်လိုက်တယ်။ မုရှင်းယု၏လက် အပူချိန်ကို ခံစားရပြီးနောက် သူစိတ်သက်သာရာရသွားသည်။
အခြားကြည့်ရှုသူများကလည်း
Shen Qian သေဆုံးခြင်းအတွက် ဝမ်းနည်းမှုကြား နှစ်မြှုပ်ကာ ၎င်းတို့၏ အတွေးများအမြင်များကို တယောက်ပြီးတယောက် ဖော်ပြခဲ့ကြသည်။
ယနေ့ည " The Journey " သည် အလွန်ရေပန်းစားပြီး ဇာတ်လမ်း၏ ထိပ်တန်းသရုပ်ဆောင်များစွာကို  ရှာဖွေမှုများရှိခဲ့သည်။ သဘာဝအတိုင်း ဆွေးနွေးမှုအများဆုံးမှာ မုရှင်းယုဖြစ်သည်။ အချို့သောလူများသည် တီဗီစီးရီးများ၏ အဆင့်သတ်မှတ်ချက်မှာ အမြင့်ဆုံးမည်မျှရှိနိုင်သည်ကို မှန်ဆနေကြသည်။
နောက်တစ်နေ့တွင် အဆင့်သတ်မှတ်ချက်များ ထွက်ပေါ်လာခဲ့သည်။ " The Journey " သည် မနေ့ညက rating 2.78 ရှိခဲ့ပြီး ရှိုးတစ်ခုလုံး၏ ပျမ်းမျှ rating မှာ 2.34 ဖြစ်သည်။ ၎င်းသည် လွန်သော သုံးနှစ်တာကာလအတွင်း အဆင့်အမြင့်ဆုံးဒရာမာဖြစ်လာခဲ့သည်။
အဖွဲ့သားများသည် သဘာဝအတိုင်း အလွန်ပျော်ရွှင်ကြပြီး နှစ်သစ်အတွက် စီစဉ်ထားသည့် အခမ်း အနားပွဲတစ်ခု ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။
နှစ်သစ်ကူးကာလတွင် မုရှင်းယု၏ ထောက်ခံချက်နှစ်ခုကို တရားဝင်ကြေငြာခဲ့ပြီး တီဗီစီးရီးပြီးဆုံးခြင်းကြောင့် သူ၏ကျော်ကြားမှုမှာ ကျဆင်းသွားခြင်းမရှိပေ။
ပရိသတ်များသည် မုရှင်းယု ထောက်ခံပေးထားသည့် ကုန်ပစ္စည်းများကို ဝယ်ယူကာ အမှတ်တံဆိပ်အား ၎င်း၏ ကုန်ပစ္စည်းများအပေါ် လွှမ်မိုးနိုင်စွမ်းကို မြင်တွေ့စေခဲ့သည်။
ကုယွမ်ကျိုးက နောက်ပြောင်တယ်။ " ရှင်းယုကို W&W ရဲ့ ပြောရေး ဆိုခွင့်ရှိသူဖြစ်ဖို့ ဖိတ်ကြားတာ တကယ်ကို ပညာရှိတဲ့ရွေးချယ်မှုတစ်ခုပဲ! "
သို့သော် မကြာခင်မှာဘဲ ဝမ်းသာစရာများနှင့်အတူ ဆိုးရွားသော အရာတစ်ခု ထွက်ပေါ်လာသည်။
တစ်ချိန်တည်းတွင် ဝဘ်ဆိုက်များနှင့် အကောင့်ငယ်များစွာသည် မုရှင်းယုတွင် ငွေကြေး ထောက်ပံမှုတစ်ခု ရှိသည်ဟူသော သတင်းကို ပေါက်ကြားစေခဲ့ပြီး နောက်ခံသည် သေးငယ်သည့်အရာမဟုတ်ပေ။
[ ဟုတ်တယ် သူ့မှာ ငွေကြေးပံ့ပိုးသူရှိတယ်ဆိုတာ ငါသိတယ်လေ! ကျီးနန်းအိမ်ခြံမြေ မဟုတ်လား? သူ့ရဲ့ ရွှေသခင်ဖေဖေလေ ]
အင်တာနက် အသုံးပြုသူအချို့က အရွှန်းဖောက်ကြသည်။
သို့သော်လည်း မုရှင်းယု၏ နောက်ကွယ်မှ အမှန်တကယ် ငွေကြေးပံ့ပိုးပေးသူမှာ  အမှန်တကယ် မစ္စစ်ကုဖြစ်သည်ဟု ဆိုကာ မုရှင်းယု၏ ပွဲဦးထွက်တွင် ပါဝင်ခဲ့သည့် ဇာတ်လမ်းများနှင့် ထောက်ခံအားပေးမှုများကို သတင်းပေါက်ကြားခဲ့သူက ဖော်ပြခဲ့သည်။
ဒီသတင်းကို ပေါက်ကြားခဲ့တဲ့သူက VAICO ဖက်ရှင်ပွဲ အခမ်းအနားမှာ မုရှင်းယုနဲ့ တုန်ရှီးတို့ရဲ့ ဓာတ်ပုံတွေကိုလည်း တင်ခဲ့ပါတယ်။
အဲဒီထဲက မစ်တုန်ရှီးသည် လင်နဲ့ကျင်းကို မုရှင်းယုအတွက် ဘယ်လို ဆက်ဆံလဲ ဆိုတာမေးမြန်းခဲ့တယ်။ နီးလွန်တာကြောင့် ဓာတ်ပုံတွေက သူတို့ ပတ်ဝန်ကျင်က လူတွေကို ရှင်းရှင်း လင်းလင်းပြသထားတယ်။
အဲ့တာက ကြည့်ရတာ မုရှင်းယုနဲ့ တုန်ရှီးတို့ နမ်းနေတဲ့ပုံပေါ်သည်။ ဒီလိုနဲ့ တုန်ရှီးနှင့် မုရှင်းယုကြားမှာ အရှုပ်တော်ပုံက ထပ်ပြီး ပျံ့နှံ့သွားပြီး အရင်ကထက် ပိုလို့တောင် ပေါက်ကွဲလာခဲ့ပါတယ်။
အရင်ကတော့ တုန်ရှီးနှင့် မုရှင်းယု တို့ဟာ တစ်ယောက်နဲ့တစ်ယောက် သိနေကြတယ်ဆိုတဲ့သတင်းကို တစ်ယောက်ယောက်က ကြေငြာခဲ့ပေမယ့် အဲဒီတုန်းက အာရုံစိုက်မှု သိပ်မရှိခဲ့ဘူး။ သို့သော် ဤဖွဲ့စည်းပုံပေါ်ထွန်းမှုသည် လူအများ၏အာရုံကို လျင်မြန်စွာ ဆွဲဆောင်ခဲ့သည်။
[ မုမိသားစုက သာမာန်ချမ်းသာတဲ့ မိသားစုတစ်ခုလေးဘဲ ကုမိသားစုရှေ့မှာ ဖော်ပြဖို့မထိုက်ဘူး ]
[ မုရှင်းယုက တုန်ရှီးပေါ်မှီတွယ်ချင်နေတာ အံ့သြစရာမဟုတ်တော့ဘူး ]
[ ကျီးနန်းအိမ်ခြံမြေက မကြာသေးမီကမှ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာတာကို ငါတွေ့ခဲ့တယ်။ နောက်ကွယ်မှာ ကုမိသားစုရဲ့ ပံ့ပိုးကူညီမှုရှိတယ်လို့ ကောလာဟလတွေ ထွက်နေတယ်။ နောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ အရာတစ်ခု ရှိတာထင်ရှားတယ် ]
[ ဒါက တကယ်ကို အံ့သြစရာဘဲ မုရှင်းယုရဲ့ အရင်းအမြစ်တွေက ဘာကြောင့် ဒီလောက်ကောင်းရတာလဲဆိုတာ နောက်ထပ် ရွှေသခင်တစ်ယောက်ရှိနေတာဘဲ မဟုတ်သေပါဘူး ရွှေသခင်မဟုတ်ဘူး ရွှေသခင်မမလေးပေါ့! ]
လန်ယင်သည် ကွန်ရက်လှုပ်ရှားမှုများကိုမြင်ပြီး တစ်စုံတစ်ယောက်သည် မုရှင်းယုကို နောက်ကွယ်တွင် ငွေပေးချေနေကြောင်း ချက်ချင်းသိလိုက်ရသည်။ သူမသည် မူရှင်းယုကို ချက်ချင်းဖုန်းဆက်ကာ တုန်ရှီးကို ဆက်သွယ်ရန် မူရှင်းယုကို တောင်းဆိုခဲ့သည်။
" တုန်ရှီးနဲ့ ဘာလုပ်ချင်တာလဲ? "
" အခု သူမ တုံ့ပြန်လိုက်တာနဲ့ ပျက်စီးမှု နည်းပါးသွားနိုင်တယ် "
အင်တာနက်ပေါ်ရှိ အနက်ရောင်ဒီရေသည် မြန်ဆန်လွန်းသဖြင့် မုရှင်းယုသည် ပိုမိုကောင်းမွန်သည့်နည်းလမ်းကို ခဏတာမျှ မတွေးနိုင်သဖြင့် တုန်ရှီးက ကူညီနိုင်မည်ဟု မျှော်လင့်ကာ ခေါင်းညိတ်ကာ တုန်ရှီးကို ခေါ်ဆိုလိုက်သည်။
" အစ်ကိုရှင်းယု ညီမဘာကူညီရမလဲ? အစ်ကို့ရဲ့အရှုပ်တော်ပုံက ညီမနဲ့လည်း ပတ်သက်နေတယ် ညီမရှင်းပြသင့်လာ? "
မကြာခင်မှာပဲ တုန်းရှီဟာ Weibo မှာ ပို့စ်တင်ခဲ့တယ်- [ ကျွန်မရဲ့ ကိုယ်ပိုင်ဘဝအကြောင်း လူတော်တော်များများ ပြောနေကြတာကို တွေ့ခဲ့ရတာမို့ ဒီမှာ ရှင်းပြပါရစေ မုရှင်းယုက ကျွန်မရဲဝမ်းကွဲပါ၊ ကျေးဇူးပြုပြီး ကျွန်မတို့ရဲ့ အချစ်ရေးကို ကောလဟာလတွေ မဖြန့်ပါနဲ့၊ အင်တာနက်က ပြီးစလွယ် ကောလဟာလတွေကို မယုံပါနဲ့ ]
တုန်ရှီးဟာ Weibo မှာ တင်ပြီးနောက်မှာတော့ သူမဟာ မုရှင်းယုနဲ့ ပတ်သက်တဲ့ ကောလာဟလများစွာကို ဖျက်ပစ်ခဲ့တယ်။ မုရှင်းယု စတူဒီယိုနှင့် ကုယွမ်ကျိုးတို့သည့ တစ်ပြိုင်နက်တည်း ကိုင်တွယ်ထားသောကြောင့် စွမ်းဆောင်ရည်က မြင့်မားသည်။
မကြာမီတွင် ဥပဒေအကျိုးဆောင် လုပ်ငန်းတစ်ခုသည် တုန်ရှီးကိုယ်စား ရှေ့နေ၏ စာတစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး အကောင့်အချို့ကို တရားစွဲဆိုခဲ့သည်။ တကယ်တော့ တုန်ရှီးက ဒီလိုမလုပ်ခဲ့ပေ။ ကုယွမ်ကျိုးက တုန်ရှီးရဲ့ နာမည်နဲ့ ကောလာဟလတွေကို ဖြေရှင်းဖို့ ရှေ့နေတစ်ဦးကို စီစဉ်ပေးခဲ့တယ်။
ကျန်းကျိတုန်သည် အင်တာနက်တွင် အများသူငှာ ထင်မြင်ယူဆချက်များ လျင်မြန်စွာ ရပ်တန့်သွားသည်ကို မြင်သောအခါ တုန်လှုပ်ခြောက်ခြားသွားသည်။
သူက ယူမင်းကို ဖုန်းဆက်ပြီး ရေတပ်ကို ချက်ချင်းဝယ်ဖို့ပြောပြီး သူ့အကွက်အကွင်းတွေကို ချဲ့ထွင်ဖို့ပြောပေမယ့် ယူမင်းကပြောတယ်။ " ကုကထွက်လာတယ်။ ငါတို့ စွန့်စားလို့မရဘူး! "
" မဟုတ်ဘူး၊ ငါတို့ ဒီလို လက်လွှတ်လိုက်လို့မရဘူး! " ကျန်းကျိတုန်က အချိန်အတော်ကြာအောင် စီစဉ်ခဲ့တာ ဒီလောက်မြန်မြန် ကျရှုံးသွားဖို့ လက်မခံနိုင်ဘူး။
နောက်ဆုံးတွင် သူနှင့် ယူမင်းတို့ ခေါ်ဆိုမှုပြီးသွားသည်။
ကျန်ကျိတုန်သည် ဝိုင်ပုလင်းကို ထုတ်ယူကာ နည်းလမ်းရှာရန် ကြိုးစားနေစဉ် မရင်းနှီးသော ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်လာသည်။
" ဘယ်သူလဲ? " ကျန်းကျိတုန်က မကျေမနပ်နဲ့ပြောတယ်။
" ဟယ်လို မစ္စတာကျန်းလား? ရှင်နဲ့ မုရှင်းယုကြား မသင့်မြတ်တာကို ကျွန်မသိတယ်။ ကျွန်မလည်း သူနဲ့  သဘောထားကွဲလွဲနေတာပဲ ကျွန်မ ရှင့်ကို ကူညီဖြေရှင်းပေးနိုင်တယ် " လို့ ဖုန်းထဲကနေ အမျိုးသမီးတစ်ယောက်ရဲ့ အသံထွက်လာတယ်။
" မင်းဘယ်သူလဲ? "
" ကျွန်မဘယ်သူလဲဆိုတာ အရေးမကြီးဘူး၊ အရေးကြီးတာက ရှင်လိုအပ်တာ ကျွန်မမှာရှိတယ် ဆိုတာဘဲ "
************************************
Chapter:58
...