Unicode
ညကဖြစ်ရပ်ကြောင့်နောက်မနက်မှာရောင်စဥ်တစ်ယောက်ဖျားယူသွားရသည်။
လူကမလှုပ်ချင်မကိုင်ချင်နဲ့ပဲအိပ်ရာမှထလိုက်ပြီးကုတင်ပေါ်ကဆင်းလိုက်တော့မမလဝန်းကအခန်းထဲဝင်လာပြီး
''ဪ ရောင်စဥ်နိုးပြီပဲ''
''ဟုတ်မမ''
''ဒီမှာ နေလေးကရောင်စဥ့်အတွက်အဝတ်အစားစီစဥ်ပေးလိုက်ဦးဆိုလို့မမ,ရောင်စဥ့်အတွက်အဝတ်အစားယူလာပေးတယ်''
''ကျေးဇူးပဲနော်မမ''
''ရပါတယ် အတွင်းဝတ်တွေရောပါတယ် အသစ်တွေနော် တံဆိပ်တောင်မဖြုတ်ရသေးဘူး''
''အဲလောက်မလိုပါဘူးမမရယ် အားနာစရာတွေဖြစ်ကုန်ပြီ''
''အမလေး ဘာအားနာစရာလိုလဲ ရောင်စဥ်ရေချိုးဦးမှာမလား''
''ဟုတ်''
''အဲဒါဆိုရေချိုးပြီးဆင်းခဲ့တော့နော်''
''ဟုတ်မမ''
လဝန်းရံထွက်သွားတာနဲ့ရောင်စဥ်လည်းဖွားဖွားအခန်းထဲကရေချိုးခန်းထဲကိုပဲဝင်ခဲ့လိုက်၏။
လူကနေမကောင်းနေတာကိုယ့်ကိုယ်ကိုသိပေမယ့်လည်းရေတော့ချိုးမှဖြစ်မည်။
သူမရေမိုးချိုးပြီးတာနဲ့မမလဝန်းပေးထားခဲ့သောအဝတ်အစားတွေကိုဝတ်ဆင်ပြီးအောက်ထပ်ကိုဆင်းခဲ့လိုက်သည်။
သူမရဲ့စကပ်ကပေါင်တစ်ဝက်သာရှိတာမို့ရောင်စဥ်ကိုယ့်ကိုယ်ကိုမလုံမလဲနဲ့ပဲစကပ်လေးကိုဆွဲချရင်းထမင်းစားခန်းထဲဝင်ခဲ့လိုက်၏။
သူမကိုတွေ့တော့တံတိုင်းကမျက်မှောင်ကျုံ့ကြီးနဲ့အစ်မဖြစ်သူအား
''မမ ဘာတွေပေးဝတ်ထားတာလဲ အရမ်းတိုလွန်းတယ် တစ်ခြားဟာပေးလိုက်''
''ငါ့ထဲမှာရှိတာအဲ့စကပ်အသေးဆုံးပဲ ပြီးတော့တိုတော့ရောဘာဖြစ်လဲ ဒီလောက်လှနေတာကို''
''ဒါပေမယ့်ကျွန်တော့်ဝန်ထမ်းတွေကအဲလောက်တိုတာဘယ်သူမှမဝတ်ဘူး''
''ရောင်စဥ်ကတစ်ခြားသူလား တစ်ခြားသူတွေဘယ်လိုဝတ်ဝတ်ရောင်စဥ်ကတော့ချွင်းချက်ပဲလေ သူ့ကိုစည်းကမ်းတွေနဲ့ကန့်သတ်နေစရာမှမလိုတာ''
ဒေါ်ပတ္တမြားခင်ကလည်း
''ဟုတ်သားပဲသားရယ် သမီးရောင်စဥ်ကမေမေတို့မိသားစုဝင်လိုပဲလေ တစ်ခြားဝန်ထမ်းတွေနဲ့ယှဥ်စရာမှမလိုတာ ဂျစ်တူးမ ရောင်စဥ့်ကိုမနက်စာထည့်ပေးလိုက်ဦး''
''ဟုတ်မေမေကြီး''
ရောင်စဥ်သူမနဲ့မျက်နှာချင်းဆိုင်မှာထိုင်နေသောတံတိုင်းကိုကြည့်လိုက်တော့မျက်နှာမှာအလိုမကျခြင်းတွေကပြည့်လို့။
သူမစကပ်တိုသွားတာကအဲလောက်ထိများရေကြီးခွင်ကျယ်ဖြစ်သွားတာလား။
သူတို့မနက်စာစားပြီးတာနဲ့လူကြီးတွေကိုနှုတ်ဆက်ကာအိမ်မှထွက်လာလိုက်၏။
လမ်းရောက်တော့ရောင်စဥ်ကထိုင်နေရင်းနဲ့စကပ်လေးအားဆွဲဆွဲချနေ၍တံတိုင်းက
''ဘာဖြစ်နေတာလဲ''
''ကြည့်ရဆိုးနေလားလို့ပါ ဒီလိုမှန်းသိရင်မနေ့ကအဝတ်တွေပဲပြန်ဝတ်ခဲ့ပါတယ်''
''ကြည့်ရမဆိုးပါဘူး လှတယ်''
''ဒါဆိုခုနကဘာလို့အလိုမကျသလိုဖြစ်နေတာလဲ ကြည့်ရဆိုးလို့မဟုတ်ဘူးလား''
''မင်းတော်တော်ပိန်းတာပဲ အဲဒါကြောင့်faဖြစ်နေတာ''
''ဘော့စ်လည်းဘာထူးလို့လဲ''
''ငါကမထားချင်လို့မထားတာ ရည်းစားလိုချင်ရင်အချိန်မရွေးပဲ''
''ရောင်စဥ်လည်းတူတူပါပဲ ကြိုက်တဲ့သူတွေများပုံလို့ ဘော့စ်သူငယ်ချင်းတောင်အစစ်ပါသေးတယ်''
သူမစကားကြားတော့သူအလိုမကျကာ
''မင်းသူ့ကိုပြန်ပြီးစိတ်ဝင်စားလား''
''စိတ်မဝင်စားပါဘူး ကြိုက်ချင်ရင်အစကတည်းကကြိုက်မှာပေါ့''
ထိုအခါမှသူစိတ်အေးသွားရပြီး
''ငါဘာလို့မင်းကိုအတိုမဝတ်စေချင်တာလည်းဆိုတော့ မင်းကိုတစ်ခြားကောင်တွေကြည့်မှာမခံနိုင်လို့''
''ဘာဖြစ်လို့လဲ''
''သဝန်တိုလို့လေ''
''ဟင်''
သူ့စကားကြောင့်ရောင်စဥ့်နှလုံးသားကသိသိသာသာလှုပ်ရှားလာရကာပါးမို့လေးနှစ်ဖက်ကရဲတက်လာရသည်။
သူမခါးပတ်ကြိုးကိုခပ်တင်းတင်းဆုပ်ကိုင်ရင်းအသံတိတ်နေမိတော့၏။
တံတိုင်းသူမဘက်ကိုတစ်ချက်လှည့်ကြည့်ပြီးပန်းရောင်သမ်းနေသောမျက်နှာလေးနဲ့ခေါင်းငုံ့ထားသောသူမကြောင့်သူပြုံးလိုက်မိသည်။
အရမ်းချစ်ဖို့ကောင်းလွန်းလို့အိတ်ကပ်ထဲပဲထည့်ထားချင်တော့သည်။
🌳🍁🍁🌳
နေ့လည်လောက်ရောက်တော့ရောင်စဥ်အဖျားကပိုတိုးလာလေ၏။
အပူငွေ့တွေကတရိပ်ရိပ်နဲ့တက်နေပြီးမျက်လုံးကိုအခိုးတွေဟပ်နေတာကြောင့်မျက်ရည်ပူတွေပါကျနေပြီပင်။
''ရောင်စဥ်''
အသံနဲ့အတူဓူဝံနဲ့ဟိန်းထွဋ်ကအခန်းထဲဝင်လာပြီး
''နေ့လည်စာသွားစားရအောင်''
''နေ့လည်စာသွားစားကြမယ်''
တံတိုင်းသူတို့အားမမှိန်မသုန်ကြည့်ရင်း
''မင်းတို့လည်းတော်တော်အလုပ်ရှုပ်ခံနိုင်ကြတယ်နော် သူကငါနဲ့သွားမှာ မင်းတို့ဘာသာသွားကြ''
ဓူဝံကရောင်စဥ့်မျက်နှာကိုသေချာကြည့်ပြီး
''ရောင်စဥ် နေမကောင်းဘူးလား''
ပြောပြီးသူရောင်စဥ့်ရဲ့နဖူးကိုစမ်းကြည့်မလိုလုပ်တုန်းလက်သွက်လွန်းတဲ့တံတိုင်းကသူ့ထက်ဦးအောင်သူမနဖူးနဲ့လည်ပင်းတွေကိုလာစမ်းကြည့်ပြီး
''ဟာ...ဘာလို့အဲလောက်ကိုယ်တွေပူနေရတာလဲ ဆေးခန်းသွားကြမယ်''
''ဟင့်အင်း မသွားချင်ဘူး''
''အဲလိုမှမဟုတ်ရင်မင်းဘယ်လိုပျောက်မလဲ''
''ဘာပဲဖြစ်ဖြစ်မသွားဘူး''
''ကျစ်...မင်းကတော့''
ဓူဝံက
''ဆေးခန်းမသွားရင်လည်းဆေးတော့သောက်မှရမယ် ငါတို့ဆေးနဲ့မုန့်သွားဝယ်ခဲ့ပေးမယ် လာဟိန်းထွဋ်''
သူတို့အခန်းထဲကထွက်သွားတာနဲ့တံတိုင်းကသူမအားဆိုဖာရှိရာဆီခေါ်လာပြီးလှဲအိပ်စေလိုက်သည်။
''ခဏအိပ်နေလိုက် ဒီလောက်ကိုယ်တွေပူနေတာကိုဘာလို့ငါ့ကိုမပြောတာလဲ''
''ရောင်စဥ်မပြောတာအခုလိုအားလုံးအလုပ်ရှုပ်ကုန်မှာစိုးလို့ပါ အခုတောင်မှသုံးယောက်လုံးအလုပ်ပိုသွားပြီလေ''
တံတိုင်းသူ့ကိုယ်ပေါ်ကကုတ်အင်္ကျီကိုချွတ်ကာသူမခါးအောက်ပိုင်းအားခြုံပေးလိုက်ပြီး
''မနက်ကရေချိုးသေးတာမလား အဲဒါကြောင့်အအေးမိသွားတာနေမှာ''
''ရေမချိုးခင်ကတည်းကနေမကောင်းတာပါ''
''ဘာ...ဒါနဲ့များဘာလို့ရေချိုးတာလဲ မင်းကတော့ကွာ ကိုယ့်ကိုယ်ကိုဂရုမစိုက်ဘူး''
''ရောင်စဥ်ဘာမှမဖြစ်ပါဘူးဘော့စ်''
''ဒါပေမယ့်ငါကတော့စိတ်ပူတယ်လေ''
ရောင်စဥ်ကပြုံးစေ့စေ့လေးနဲ့
''အလုပ်ရှင်တိုင်းဘော့စ်လိုဆိုသိပ်ကောင်းမှာပဲ ကိုယ့်ဝန်ထမ်းကိုဂရုစိုက်တယ်''
''မင်းမို့လို့''
''ဟင်''
''ငါဘယ်ဝန်ထမ်းကိုဂရုစိုက်တာမြင်ဖူးလို့လဲ မင်းဖြစ်နေလို့သာ''
ပြောရင်းနဲ့သူကရောင်စဥ့်မျက်နှာထက်ငုံ့မိုးကြည့်လာတာမို့ရောင်စဥ်စိတ်တွေအရမ်းလှုပ်ရှားလာရ၏။
သူကတဖြည်းဖြည်းနဲ့သူမျက်နှာနားတိုးကပ်လာ၍ရောင်စဥ်မျက်လုံးကိုဖိပိတ်ထားလိုက်မိသည်။
''အဟင်း ဘာလို့မျက်လုံးမှိတ်တာလဲ''
သူ့စကားကြောင့်ရောင်စဥ်မျက်လုံးကိုအမြန်ဖွင့်ကြည့်လိုက်တော့သူကရောင်စဥ့်အားပြုံးပြုံးကြီးစိုက်ကြည့်နေ၍ရောင်စဥ်ရှက်ကိုးရှက်ကန်းဖြင့်နေရခက်သွားကာသူ့ရင်ဘတ်အားတွန်းလွှတ်ပြီး
''ဘာတွေပြောနေတာလဲ ရောင်စဥ်က အိပ်မလို့''
''ဟုတ်လို့လား ငါနမ်းမယ်ထင်သွားတာမဟုတ်ဘူးလား''
''မဟုတ်ပါဘူး ရူးနေလို့လား''
ထိုအချိန်သူရုံးခန်းထဲသို့သုသုဝင်လာပြီးသူတို့ကိုမြင်တော့
''အာ..ငါနှောက်ယှက်မိပြီလား''
တံတိုင်းကကိုယ်ကိုမတ်ထိုင်လိုက်ပြီး
''ဘာမဟုတ်တာတွေပြောနေတာလဲ သူနေမကောင်းလို့''
''ဟင် နေမကောင်းတာကိုဘာလို့အိမ်ပြန်မနားခိုင်းတာလဲ''
ထိုအခါရောင်စဥ်က
''ရပါတယ်သုသုရယ် ရောင်စဥ်ဘာမှမဖြစ်ပါဘူး အိမ်ပြန်နားရလောက်တဲ့ထိမဆိုးပါဘူး''
''ဒါပေမယ့်...''
သုသုစကားမဆုံးခင်ဓူဝံကဟိန်းထွဋ်ကအခန်းထဲအမောတကောနဲ့ဝင်လာပြီး
''မင်းဖယ်ဦး''
ဟိန်းထွဋ်ကတံတိုင်းကိုဆွဲဖယ်ပြီးထိုနေရာမှာသူကဝင်ထိုင်ကာ
''ရောင်စဥ် ဒီမှာကိုယ်မုန့်ဝယ်လာပြီ ထစားလိုက်နော် ပြီးရင်ဆေးသောက်ရမယ် လာ''
ပြောပြောဆိုဆိုနဲ့ရောင်စဥ့်ကိုဆွဲထူပြီးသူဝယ်လာတဲ့မုန့်တွေဖောက်ကျွေးလေတော့တံတိုင်းတစ်ယောက်စူပုပ်ပြီးမျက်နှာကြီးတစ်ခုလုံးမှောင်မဲသွားရသလိုသုသုတစ်ယောက်ကတော့မျက်နှာမှာဝမ်းနည်းရိပ်တွေဖြတ်ပြေးသွားရသည်။
ဟိန်းထွဋ်ကိုကြည့်ရတာရောင်စဥ့်ကိုတစ်ကယ်အတည်ကြီးသဘောကျနေပုံပင်။
ရောင်စဥ့်မှာတော့ဓူဝံနဲ့ဟိန်းထွဋ်ရဲ့ဂရုစိုက်မှုတွေကြားနေရခက်လာရပြီးတံတိုင်းကိုမလုံမလဲနဲ့လှမ်းကြည့်နေမိ၏။
သူမစိတ်ထဲတံတိုင်းစိတ်ကွက်သွားမှာကိုစိုးရိမ်နေမိသည်။
ဒါဘာကြောင့်များလဲ။
🌳🍁🍁🌳
ရောင်စဥ်ကွန်ဒိုကိုပြန်ရောက်တော့အခန်းတံခါးဖွင့်နေတုန်းတစ်စုံတစ်ယောက်ကသူမပုခုံးတစ်ဖက်အားဆွဲလှည့်ကာနံရံမှာဖိကပ်လိုက်တာကြောင့်ရောင်စဥ်အလန့်တကြားနဲ့ကြည့်လိုက်မိတော့
''ဝဏ္ဏ''
''ဖူးသစ်ဘယ်မှာလဲ''
သူကဖူးသစ်ရဲ့ဇယားတွေထဲကတစ်ခု။
''ငါဘယ်သိမလဲ''
''နင်အပိုတွေပြောမနေနဲ့ နင်ကသူ့သူငယ်ချင်းလေ နင်မသိစရာလား''
ရောင်စဥ်သူ့လက်ကိုပုတ်ချပြီး
''ငါတစ်ကယ်မသိဘူး ငါအခုမှပြန်ရောက်တာ''
''ဒါဆိုသူအခုတွဲနေတဲ့ကောင်ကိုနင်သိမှာပေါ့''
''ငါမသိဘူး သူကတစ်လတစ်ယောက်လောက်ပြောင်းနေတာလေ''
''နင်ငါ့ကိုမလိမ်နဲ့နော်ကြယ်ရောင်စဥ် ငါ့ကိုခုပြော''
သူကရောင်စဥ့်လက်မောင်းအားခပ်ကြမ်းကြမ်းဆုပ်ကိုင်ကာမေးလာ၏။
''ငါမသိဘူးလို့ပြောနေတယ်လေ ငါ့ကိုလွှတ်''
''နင်မပြောမချင်းငါမလွှတ်ဘူး နင်အခုပြောမှာလားမပြောဘူးလား''
''ငါမသိဘူးလို့ပြောနေတယ်''
ထိုစဥ်အရိပ်တစ်ခုကသူမတို့နားရောက်လာပြီးဝဏ္ဏကိုဆွဲထိုးပစ်လိုက်တာကြောင့်ရောင်စဥ်မျက်လုံးပြူးလေးနဲ့ကြည့်လိုက်မိတော့ထိုလူကတံတိုင်းဖြစ်နေ၍ရောင်စဥ်အံ့သြသွားရသည်။
''ဘော့စ်''
သူကရောင်စဥ့်ပုခုံးနှစ်ဖက်ကိုကိုင်၍
''မင်းဘာဖြစ်သွားသေးလဲဘေဘီ''
''ဟင့်အင်း''
တံတိုင်းကဝဏ္ဏရဲ့အင်္ကျီကော်လံစကိုဆွဲ၍
''မင်းဘာကောင်လဲ မင်းကဘာကိစ္စနဲ့သူ့ကိုလာထိရတာလဲ''
ဝဏ္ဏကတံတိုင်းလက်တွေကိုဖြုတ်ချပြီး
''မင်းကောင်မလေးကိုထိမိလို့ဆောရီးပဲ ငါလည်းမင်းကောင်မလေးရဲ့သူငယ်ချင်းကြောင့်ခုလိုလုပ်မိသွားတာ''
ဝဏ္ဏကရောင်စဥ့်ကိုကြည့်ကာ
''ဆောရီးပဲကြယ်ရောင်စဥ် ပြီးတော့ဖူးသစ်ကိုပြောလိုက် ငါနဲ့ကိစ္စဒီနေရာမှာမပြီးသေးဘူးလို့''
ပြောပြီးဝဏ္ဏကနေရာမှလှည့်ထွက်သွားလေ၏။
''ဘော့စ် ဘာလာလုပ်တာလဲဟင် ရောင်စဥ်ကဘော့စ်ပြန်သွားပြီထင်နေတာ''
သူကခါးကြီးထောက်၍
''မင်းသူငယ်ချင်းအကောင်းစားကြီးကမင်းကိုတော်တော်လေးအထောက်အကူပြုတာပဲ''
''ရောင်စဥ့်သူငယ်ချင်းကိုအဲလိုမပြောပါနဲ့ သူ့ဘာသာဘယ်လိုနေနေရောင်စဥ့်အတွက်သူကသူငယ်ချင်းကောင်းပဲ ဘော့စ်ကရော ဘာလို့ပြန်လာတာလဲ''
''ကုမ္ပဏီမှာတုန်းကမင်းကားပါကင်မှာဖုန်းပြောနေတာကြားလိုက်လို့ မင်းသူငယ်ချင်းကဒီညအိမ်ပြန်နောက်ကျမှာမလား မင်းကနေမကောင်းနေတော့ငါမင်းကိုစိတ်မချလို့ပြန်လာတာ''
''ဘာစိတ်မချစရာရှိလို့လဲ ရောင်စဥ်ကကလေးမှမဟုတ်တာ ပြီးတော့နေမကောင်းတာလဲနည်းနည်းသက်သာနေပါပြီ''
''အင်းပေါ့ ဟိုနှစ်ကောင်ကအကြင်နာတွေအပြည့်နဲ့ဂရုစိုက်ပေးလိုက်တာကိုး''
''အဲဒါက...''
''အပိုတွေပြောမနေနဲ့ တံခါးဖွင့် မင်းသူငယ်ချင်းပြန်လာတဲ့အချိန်ထိငါမင်းနဲ့အတူရှိနေပေးမယ်''
''ရပါတယ် မလိုပါဘူး ရောင်စဥ်တစ်ယောက်တည်းဖြစ်တယ်''
''ဖွင့်ဆိုဖွင့်''
ရောင်စဥ်ကနှုတ်ခမ်းကိုစူချိတ်၍တံခါးကိုဖွင့်လိုက်ပြီးအိမ်ထဲအရင်ဦးအောင်ဝင်ခဲ့ကာဧည့်ခန်းထဲကသူမကလေးတုန်းကပုံတွေကိုယူ၍ဆိုဖာနောက်ကြားထဲပစ်ချထားလိုက်သည်။
တံတိုင်းကအခန်းပတ်ပတ်လည်ကိုလိုက်ကြည့်ပြီး
''ဒီကွန်ဒိုကမင်းတို့အပိုင်လား''
''ဟုတ်တယ် ရောင်စဥ်နဲ့ဖူးသစ်အတူတူဝယ်ထားတာ''
''ကြာပြီလား''
''သုံးနှစ်လောက်တော့ရှိပြီ''
''ဪ''
''ဟို ဘော့စ်ခဏထိုင်ဦးနော် ရောင်စဥ်အဝတ်အစားသွားလဲလိုက်ဦးမယ်''
သူခေါင်းညိတ်ပြလိုက်တာနဲ့ရောင်စဥ်လည်းအခန်းထဲဝင်ခဲ့ပြီးဗီရိုထဲကကာတွန်းရုပ်လေးတွေပါသောချည်ဝမ်းဆက်လေးကိုထုတ်ကာလဲဝတ်လိုက်၏။
ဆံပင်တွေကိုလည်းဖြစ်သလိုထုံးဖွဲ့ကာအခန်းထဲကပြန်ထွက်လာခဲ့လိုက်သည်။
ရောင်စဥ်အပြင်ကိုရောက်တော့တံတိုင်းကဧည့်ခန်းထဲမှာရှိမနေ၍တာကြောင့်သူမမျက်လုံးကိုဟိုဟိုဒီဒီကစားကာလိုက်ကြည့်နေတုန်းမီးဖိုခန်းထဲကအသံကြောင့်သူမမီးဖိုခန်းဆီခပ်သွက်သွက်လျှောက်လာကြည့်လိုက်၏။
သူမရောက်တံတိုင်းကတစ်ခုခုချက်မလို့ပြင်ဆင်နေပုံရတာကြောင့်ရောင်စဥ်သူ့အနားသွားကာ
''ဘော့စ် ဘာလုပ်မလို့လဲဟင်''
''မင်းအတွက်ညနေစာပြင်ပေးမလို့လေ''
''ဟင်''
''ထမင်းတော့အစားသေးနဲ့ဦး ငါမင်းအတွက်ခေါက်ဆွဲပြုတ်ပေးမယ်''
ရောင်စဥ်စားပွဲပေါ်မှာထင်ထားသောဂျုံခေါက်ဆွဲထုပ်ရယ် ကြက်ဥ ပုဇွန်နဲ့မုန်ညင်းရွက်တွေကိုကြည့်ကာ
''ဘော့စ်ကလုပ်တတ်လို့လား''
''အထင်သေးလှချည်လား အဲမှာထိုင်စောင့်နေ''
ရောင်စဥ်မယုံတယုံနဲ့ပဲစားပွဲမှာဝင်ထိုင်လိုက်၏။
''ဘော့စ် ရောင်စဥ်ကကြက်ဥကိုအကာပဲစားတာ''
''ဟုတ်ပြီ''
ရောင်စဥ်သူ့လှုပ်ရှားမှုတွေကိုမျက်စိဒေါက်ထောက်လိုက်ကြည့်နေမိ၏။
သူက
''မင်းအများကြီးဂုဏ်ယူသင့်တယ်''
''ဘာလို့''
''ငါစားစရာလုပ်ပေးတဲ့သူစိမ်းမိန်းကလေးကမင်းပထမဆုံးမို့လို့လေ''
ရောင်စဥ်သူ့ကျောပြင်ကိုလိုက်ကြည့်ရင်းပြုံးလိုက်မိသည်။
ခဏကြာတော့ပုစွန်တွေကြက်ဥတွေအပြည့်နဲ့ခေါက်ဆွဲပြုတ်ပူပူလေးကရောင်စဥ့်ရှေ့ရောက်လာလေ၏။
ရောင်စဥ်ခေါက်ဆွဲပန်းကန်ကိုတစ်လှည့်သူ့ကိုတစ်လှည့်ကြည့်ကာ
''တစ်ကယ်လုပ်တတ်သားပဲ တစ်ခြားဘာတွေချက်တတ်သေးလဲ''
''စားချင်တာသာပြောလိုက်''
သူကတူနဲ့ဇွန်းကိုယူကာသူ့လက်ထဲထည့်ပေးပြီး
''စားလေ ပြီးရင်ဆေးသောက်ရမယ်''
''အင်း''
ရောင်စဥ်လည်းခေါက်ဆွဲတစ်ဇွန်းစားကြည့်ပြီး
''အင်း ကောင်းသားပဲ''
တံတိုင်းကခုံမှာဝင်ထိုင်ပြီး
''မင်းမစားတဲ့အစားအစာဘာရှိသေးလဲ''
''မုန်လာဥနီမစားဘူး နံနံပင်မကြိုက်ဘူး တစ်ခြားထွေထွေထူးထူးတော့မရှိပါဘူး''
''ဪ''
ထို့နောက်ရောင်စဥ်လည်းခေါက်ဆွဲဆက်စားနေလိုက်ပြီးဘာမှမပြောဖြစ်သလိုသူကလည်းဘာမှမပြော။
''စားနှင့်နော် ကားထဲကlaptopသွားယူလိုက်ဦးမယ်''
''အင်း''
_____________
ရောင်စဥ်စားလို့သောက်လို့ပြီးတော့အိုးတွေပန်းကန်တွေကိုဆေးနေတုန်းတံတိုင်းကသူမနောက်မှာကပ်ကာလာရပ်ပြီးသူမလက်ထဲကပန်းကန်တွေကိုဆွဲယူကာ
''ဘာလို့ရေတွေကိုင်နေတာလဲ''
''ဟို...''
ရောင်စဥ်ရင်ခုန်လွန်းလို့ဘာမှပြန်မပြောနိုင်ပေ။
အခုသူမအားသိုင်းဖက်ထားသလိုဖြစ်နေသည်မလား။
တံတိုင်းသူ့ရင်ခွင်ထဲမှာငြိမ်ချက်သားကောင်းနေသောသူမကိုငုံ့ကြည့်ကာပြုံးလိုက်ပြီးသူမကိုဖက်ထားရက်နဲ့ပဲပန်းကန်တွေကိုမြန်မြန်ဆေးလိုက်၏။
ပန်းကန်တွေဆေးပြီးသည်ထိသူကရောင်စဥ့်နားကမဖယ်သေးပဲသူမခါးကိုသိုင်းဖက်ပြီးနားနားကိုကပ်ကာ
''မင်းသဘောပေါက်သင့်ပြီလို့ထင်တယ်ဘေဘီ''
''ဘာ~~ဘာကိုလဲ''
သူရောင်စဥ့်ကိုဆွဲလှည့်ပြီးသူမဘေးတစ်ဖက်တစ်ချက်စီမှာသူ့လက်တွေကိုထောက်ကာ
''ဘယ်ယောကျ်ားကများသူစိတ်မဝင်စားတဲ့မိန်းကလေးကိုမျက်စိဒေါက်ထောက်လိုက်ကြည့်ပြီးဂရုစိုက်နေမှာလဲ''
ရောင်စဥ့်မျက်နှာကနှင်းဆီပန်းခင်းသဖွယ်ရဲတက်လာရပြီးသူ့ကိုမော့ကြည့်ကာ
''အခု...ရည်းစားစကားပြောနေတာလား''
''အင်းလေ ဒါပေမယ့်ရည်းစားစကားသပ်သပ်ပဲမဟုတ်ဘူး တစ်ဘဝလုံးတူတူရှိဖို့အတွက်အစပျိုးတာ''
''ဟင်''
''ကိုယ်ကဘယ်အရာကိုမှပေါ့ပေါ့တန်တန်မတွေးဘူး အခုမင်းကိုဖွင့်ပြောတာကိုလည်းသေချာအလေးအနက်ပြောနေတာ''
''ဒါပေမယ့် ဘော့စ်အခုထိရောင်စဥ့်ကိုချစ်...''
သူမစကားမဆုံးခင်မှာပဲသူက
''ချစ်တယ်''
''........''
''ကိုယ်မသိလိုက်တဲ့အချိန်မှာပဲမင်းကိုအရမ်းချစ်မိသွားတယ်ဘေဘီ''
ရောင်စဥ်လက်ဖျားတွေပါအေးလာရပြီးဖျားချင်တာတောင်တစ်ကယ်ကြက်ပျောက်ငှက်ပျောက်။
''အကယ်၍ရောင်စဥ်ကငြင်းရင်ရော''
''ကိုယ်ကလိုချင်တာကိုရအောင်ယူတတ်တယ် မင်းကလည်းကိုယ်လိုချင်တဲ့အမျိုးသမီးလေးလေ ကိုယ်လက်လျှော့မှာမဟုတ်ဘူး''
ရောင်စဥ့်ရင်ထဲတစ်ကယ်ပဲဝုန်းဒိုင်းကြဲနေပါပြီ။
ဒါပေမယ့်သူမဘယ်သူဆိုတာသိရင်သူ့ဘက်ကပြောင်းလဲသွားမှာကိုရောင်စဥ်တွေးပူမိပြန်၏။
''ရောင်စဥ့်ကိုအချိန်နည်းနည်းလောက်ပေးပါလား''
''ရပါတယ် မင်းဆီကချစ်တယ်ဆိုတဲ့စကားလေးကြားရဖို့အချိန်ဘယ်လောက်ကြာကြာကိုယ်စောင့်မယ်''
ရောင်စဥ့်စိတ်ထဲတွင်...
''ရှင့်ကိုတွေ့တိုင်းနှလုံးသားကသတိပေးတယ် နင်သူ့ကိုချစ်နေတုန်းပဲတဲ့လေ''
🌳🍁🍁🌳
4.3.2024
Zawgyi
ညကျဖစ္ရပ္ေၾကာင့္ေနာက္မနက္မွာေရာင္စဥ္တစ္ေယာက္ဖ်ားယူသြားရသည္။
လူကမလႈပ္ခ်င္မကိုင္ခ်င္နဲ႔ပဲအိပ္ရာမွထလိုက္ၿပီးကုတင္ေပၚကဆင္းလိုက္ေတာ့မမလဝန္းကအခန္းထဲဝင္လာၿပီး
''ဪ ေရာင္စဥ္ႏိုးၿပီပဲ''
''ဟုတ္မမ''
''ဒီမွာ ေနေလးကေရာင္စဥ့္အတြက္အဝတ္အစားစီစဥ္ေပးလိုက္ဦးဆိုလို႔မမ,ေရာင္စဥ့္အတြက္အဝတ္အစားယူလာေပးတယ္''
''ေက်းဇူးပဲေနာ္မမ''
''ရပါတယ္ အတြင္းဝတ္ေတြေရာပါတယ္ အသစ္ေတြေနာ္ တံဆိပ္ေတာင္မျဖဳတ္ရေသးဘူး''
''အဲေလာက္မလိုပါဘူးမမရယ္ အားနာစရာေတြျဖစ္ကုန္ၿပီ''
''အမေလး ဘာအားနာစရာလိုလဲ ေရာင္စဥ္ေရခ်ိဳးဦးမွာမလား''
''ဟုတ္''
''အဲဒါဆိုေရခ်ိဳးၿပီးဆင္းခဲ့ေတာ့ေနာ္''
''ဟုတ္မမ''
လဝန္းရံထြက္သြားတာနဲ႔ေရာင္စဥ္လည္းဖြားဖြားအခန္းထဲကေရခ်ိဳးခန္းထဲကိုပဲဝင္ခဲ့လိုက္၏။
လူကေနမေကာင္းေနတာကိုယ့္ကိုယ္ကိုသိေပမယ့္လည္းေရေတာ့ခ်ိဳးမွျဖစ္မည္။
သူမေရမိုးခ်ိဳးၿပီးတာနဲ႔မမလဝန္းေပးထားခဲ့ေသာအဝတ္အစားေတြကိုဝတ္ဆင္ၿပီးေအာက္ထပ္ကိုဆင္းခဲ့လိုက္သည္။
သူမရဲ႕စကပ္ကေပါင္တစ္ဝက္သာရွိတာမို႔ေရာင္စဥ္ကိုယ့္ကိုယ္ကိုမလုံမလဲနဲ႔ပဲစကပ္ေလးကိုဆြဲခ်ရင္းထမင္းစားခန္းထဲဝင္ခဲ့လိုက္၏။
သူမကိုေတြ႕ေတာ့တံတိုင္းကမ်က္ေမွာင္က်ဳံ႕ႀကီးနဲ႔အစ္မျဖစ္သူအား
''မမ ဘာေတြေပးဝတ္ထားတာလဲ အရမ္းတိုလြန္းတယ္ တစ္ျခားဟာေပးလိုက္''
''ငါ့ထဲမွာရွိတာအဲ့စကပ္အေသးဆုံးပဲ ၿပီးေတာ့တိုေတာ့ေရာဘာျဖစ္လဲ ဒီေလာက္လွေနတာကို''
''ဒါေပမယ့္ကြၽန္ေတာ့္ဝန္ထမ္းေတြကအဲေလာက္တိုတာဘယ္သူမွမဝတ္ဘူး''
''ေရာင္စဥ္ကတစ္ျခားသူလား တစ္ျခားသူေတြဘယ္လိုဝတ္ဝတ္ေရာင္စဥ္ကေတာ့ခြၽင္းခ်က္ပဲေလ သူ႔ကိုစည္းကမ္းေတြနဲ႔ကန္႔သတ္ေနစရာမွမလိုတာ''
ေဒၚပတၱျမားခင္ကလည္း
''ဟုတ္သားပဲသားရယ္ သမီးေရာင္စဥ္ကေမေမတို႔မိသားစုဝင္လိုပဲေလ တစ္ျခားဝန္ထမ္းေတြနဲ႔ယွဥ္စရာမွမလိုတာ ဂ်စ္တူးမ ေရာင္စဥ့္ကိုမနက္စာထည့္ေပးလိုက္ဦး''
''ဟုတ္ေမေမႀကီး''
ေရာင္စဥ္သူမနဲ႔မ်က္ႏွာခ်င္းဆိုင္မွာထိုင္ေနေသာတံတိုင္းကိုၾကည့္လိုက္ေတာ့မ်က္ႏွာမွာအလိုမက်ျခင္းေတြကျပည့္လို႔။
သူမစကပ္တိုသြားတာကအဲေလာက္ထိမ်ားေရႀကီးခြင္က်ယ္ျဖစ္သြားတာလား။
သူတို႔မနက္စာစားၿပီးတာနဲ႔လူႀကီးေတြကိုႏႈတ္ဆက္ကာအိမ္မွထြက္လာလိုက္၏။
လမ္းေရာက္ေတာ့ေရာင္စဥ္ကထိုင္ေနရင္းနဲ႔စကပ္ေလးအားဆြဲဆြဲခ်ေန၍တံတိုင္းက
''ဘာျဖစ္ေနတာလဲ''
''ၾကည့္ရဆိုးေနလားလို႔ပါ ဒီလိုမွန္းသိရင္မေန႔ကအဝတ္ေတြပဲျပန္ဝတ္ခဲ့ပါတယ္''
''ၾကည့္ရမဆိုးပါဘူး လွတယ္''
''ဒါဆိုခုနကဘာလို႔အလိုမက်သလိုျဖစ္ေနတာလဲ ၾကည့္ရဆိုးလို႔မဟုတ္ဘူးလား''
''မင္းေတာ္ေတာ္ပိန္းတာပဲ အဲဒါေၾကာင့္faျဖစ္ေနတာ''
''ေဘာ့စ္လည္းဘာထူးလို႔လဲ''
''ငါကမထားခ်င္လို႔မထားတာ ရည္းစားလိုခ်င္ရင္အခ်ိန္မေ႐ြးပဲ''
''ေရာင္စဥ္လည္းတူတူပါပဲ ႀကိဳက္တဲ့သူေတြမ်ားပုံလို႔ ေဘာ့စ္သူငယ္ခ်င္းေတာင္အစစ္ပါေသးတယ္''
သူမစကားၾကားေတာ့သူအလိုမက်ကာ
''မင္းသူ႔ကိုျပန္ၿပီးစိတ္ဝင္စားလား''
''စိတ္မဝင္စားပါဘူး ႀကိဳက္ခ်င္ရင္အစကတည္းကႀကိဳက္မွာေပါ့''
ထိုအခါမွသူစိတ္ေအးသြားရၿပီး
''ငါဘာလို႔မင္းကိုအတိုမဝတ္ေစခ်င္တာလည္းဆိုေတာ့ မင္းကိုတစ္ျခားေကာင္ေတြၾကည့္မွာမခံႏိုင္လို႔''
''ဘာျဖစ္လို႔လဲ''
''သဝန္တိုလို႔ေလ''
''ဟင္''
သူ႔စကားေၾကာင့္ေရာင္စဥ့္ႏွလုံးသားကသိသိသာသာလႈပ္ရွားလာရကာပါးမို႔ေလးႏွစ္ဖက္ကရဲတက္လာရသည္။
သူမခါးပတ္ႀကိဳးကိုခပ္တင္းတင္းဆုပ္ကိုင္ရင္းအသံတိတ္ေနမိေတာ့၏။
တံတိုင္းသူမဘက္ကိုတစ္ခ်က္လွည့္ၾကည့္ၿပီးပန္းေရာင္သမ္းေနေသာမ်က္ႏွာေလးနဲ႔ေခါင္းငုံ႔ထားေသာသူမေၾကာင့္သူၿပဳံးလိုက္မိသည္။
အရမ္းခ်စ္ဖို႔ေကာင္းလြန္းလို႔အိတ္ကပ္ထဲပဲထည့္ထားခ်င္ေတာ့သည္။
🌳🍁🍁🌳
ေန႔လည္ေလာက္ေရာက္ေတာ့ေရာင္စဥ္အဖ်ားကပိုတိုးလာေလ၏။
အပူေငြ႕ေတြကတရိပ္ရိပ္နဲ႔တက္ေနၿပီးမ်က္လုံးကိုအခိုးေတြဟပ္ေနတာေၾကာင့္မ်က္ရည္ပူေတြပါက်ေနၿပီပင္။
''ေရာင္စဥ္''
အသံနဲ႔အတူဓူဝံနဲ႔ဟိန္းထြဋ္ကအခန္းထဲဝင္လာၿပီး
''ေန႔လည္စာသြားစားရေအာင္''
''ေန႔လည္စာသြားစားၾကမယ္''
တံတိုင္းသူတို႔အားမမွိန္မသုန္ၾကည့္ရင္း
''မင္းတို႔လည္းေတာ္ေတာ္အလုပ္ရႈပ္ခံႏိုင္ၾကတယ္ေနာ္ သူကငါနဲ႔သြားမွာ မင္းတို႔ဘာသာသြားၾက''
ဓူဝံကေရာင္စဥ့္မ်က္ႏွာကိုေသခ်ာၾကည့္ၿပီး
''ေရာင္စဥ္ ေနမေကာင္းဘူးလား''
ေျပာၿပီးသူေရာင္စဥ့္ရဲ႕နဖူးကိုစမ္းၾကည့္မလိုလုပ္တုန္းလက္သြက္လြန္းတဲ့တံတိုင္းကသူ႔ထက္ဦးေအာင္သူမနဖူးနဲ႔လည္ပင္းေတြကိုလာစမ္းၾကည့္ၿပီး
''ဟာ...ဘာလို႔အဲေလာက္ကိုယ္ေတြပူေနရတာလဲ ေဆးခန္းသြားၾကမယ္''
''ဟင့္အင္း မသြားခ်င္ဘူး''
''အဲလိုမွမဟုတ္ရင္မင္းဘယ္လိုေပ်ာက္မလဲ''
''ဘာပဲျဖစ္ျဖစ္မသြားဘူး''
''က်စ္...မင္းကေတာ့''
ဓူဝံက
''ေဆးခန္းမသြားရင္လည္းေဆးေတာ့ေသာက္မွရမယ္ ငါတို႔ေဆးနဲ႔မုန္႔သြားဝယ္ခဲ့ေပးမယ္ လာဟိန္းထြဋ္''
သူတို႔အခန္းထဲကထြက္သြားတာနဲ႔တံတိုင္းကသူမအားဆိုဖာရွိရာဆီေခၚလာၿပီးလွဲအိပ္ေစလိုက္သည္။
''ခဏအိပ္ေနလိုက္ ဒီေလာက္ကိုယ္ေတြပူေနတာကိုဘာလို႔ငါ့ကိုမေျပာတာလဲ''
''ေရာင္စဥ္မေျပာတာအခုလိုအားလုံးအလုပ္ရႈပ္ကုန္မွာစိုးလို႔ပါ အခုေတာင္မွသုံးေယာက္လုံးအလုပ္ပိုသြားၿပီေလ''
တံတိုင္းသူ႔ကိုယ္ေပၚကကုတ္အက်ႌကိုခြၽတ္ကာသူမခါးေအာက္ပိုင္းအားၿခဳံေပးလိုက္ၿပီး
''မနက္ကေရခ်ိဳးေသးတာမလား အဲဒါေၾကာင့္အေအးမိသြားတာေနမွာ''
''ေရမခ်ိဳးခင္ကတည္းကေနမေကာင္းတာပါ''
''ဘာ...ဒါနဲ႔မ်ားဘာလို႔ေရခ်ိဳးတာလဲ မင္းကေတာ့ကြာ ကိုယ့္ကိုယ္ကိုဂ႐ုမစိုက္ဘူး''
''ေရာင္စဥ္ဘာမွမျဖစ္ပါဘူးေဘာ့စ္''
''ဒါေပမယ့္ငါကေတာ့စိတ္ပူတယ္ေလ''
ေရာင္စဥ္ကၿပဳံးေစ့ေစ့ေလးနဲ႔
''အလုပ္ရွင္တိုင္းေဘာ့စ္လိုဆိုသိပ္ေကာင္းမွာပဲ ကိုယ့္ဝန္ထမ္းကိုဂ႐ုစိုက္တယ္''
''မင္းမို႔လို႔''
''ဟင္''
''ငါဘယ္ဝန္ထမ္းကိုဂ႐ုစိုက္တာျမင္ဖူးလို႔လဲ မင္းျဖစ္ေနလို႔သာ''
ေျပာရင္းနဲ႔သူကေရာင္စဥ့္မ်က္ႏွာထက္ငုံ႔မိုးၾကည့္လာတာမို႔ေရာင္စဥ္စိတ္ေတြအရမ္းလႈပ္ရွားလာရ၏။
သူကတျဖည္းျဖည္းနဲ႔သူမ်က္ႏွာနားတိုးကပ္လာ၍ေရာင္စဥ္မ်က္လုံးကိုဖိပိတ္ထားလိုက္မိသည္။
''အဟင္း ဘာလို႔မ်က္လုံးမွိတ္တာလဲ''
သူ႔စကားေၾကာင့္ေရာင္စဥ္မ်က္လုံးကိုအျမန္ဖြင့္ၾကည့္လိုက္ေတာ့သူကေရာင္စဥ့္အားၿပဳံးၿပဳံးႀကီးစိုက္ၾကည့္ေန၍ေရာင္စဥ္ရွက္ကိုးရွက္ကန္းျဖင့္ေနရခက္သြားကာသူ႔ရင္ဘတ္အားတြန္းလႊတ္ၿပီး
''ဘာေတြေျပာေနတာလဲ ေရာင္စဥ္က အိပ္မလို႔''
''ဟုတ္လို႔လား ငါနမ္းမယ္ထင္သြားတာမဟုတ္ဘူးလား''
''မဟုတ္ပါဘူး ႐ူးေနလို႔လား''
ထိုအခ်ိန္သူ႐ုံးခန္းထဲသို႔သုသုဝင္လာၿပီးသူတို႔ကိုျမင္ေတာ့
''အာ..ငါေႏွာက္ယွက္မိၿပီလား''
တံတိုင္းကကိုယ္ကိုမတ္ထိုင္လိုက္ၿပီး
''ဘာမဟုတ္တာေတြေျပာေနတာလဲ သူေနမေကာင္းလို႔''
''ဟင္ ေနမေကာင္းတာကိုဘာလို႔အိမ္ျပန္မနားခိုင္းတာလဲ''
ထိုအခါေရာင္စဥ္က
''ရပါတယ္သုသုရယ္ ေရာင္စဥ္ဘာမွမျဖစ္ပါဘူး အိမ္ျပန္နားရေလာက္တဲ့ထိမဆိုးပါဘူး''
''ဒါေပမယ့္...''
သုသုစကားမဆုံးခင္ဓူဝံကဟိန္းထြဋ္ကအခန္းထဲအေမာတေကာနဲ႔ဝင္လာၿပီး
''မင္းဖယ္ဦး''
ဟိန္းထြဋ္ကတံတိုင္းကိုဆြဲဖယ္ၿပီးထိုေနရာမွာသူကဝင္ထိုင္ကာ
''ေရာင္စဥ္ ဒီမွာကိုယ္မုန္႔ဝယ္လာၿပီ ထစားလိုက္ေနာ္ ၿပီးရင္ေဆးေသာက္ရမယ္ လာ''
ေျပာေျပာဆိုဆိုနဲ႔ေရာင္စဥ့္ကိုဆြဲထူၿပီးသူဝယ္လာတဲ့မုန္႔ေတြေဖာက္ေကြၽးေလေတာ့တံတိုင္းတစ္ေယာက္စူပုပ္ၿပီးမ်က္ႏွာႀကီးတစ္ခုလုံးေမွာင္မဲသြားရသလိုသုသုတစ္ေယာက္ကေတာ့မ်က္ႏွာမွာဝမ္းနည္းရိပ္ေတြျဖတ္ေျပးသြားရသည္။
ဟိန္းထြဋ္ကိုၾကည့္ရတာေရာင္စဥ့္ကိုတစ္ကယ္အတည္ႀကီးသေဘာက်ေနပုံပင္။
ေရာင္စဥ့္မွာေတာ့ဓူဝံနဲ႔ဟိန္းထြဋ္ရဲ႕ဂ႐ုစိုက္မႈေတြၾကားေနရခက္လာရၿပီးတံတိုင္းကိုမလုံမလဲနဲ႔လွမ္းၾကည့္ေနမိ၏။
သူမစိတ္ထဲတံတိုင္းစိတ္ကြက္သြားမွာကိုစိုးရိမ္ေနမိသည္။
ဒါဘာေၾကာင့္မ်ားလဲ။
🌳🍁🍁🌳
ေရာင္စဥ္ကြန္ဒိုကိုျပန္ေရာက္ေတာ့အခန္းတံခါးဖြင့္ေနတုန္းတစ္စုံတစ္ေယာက္ကသူမပုခုံးတစ္ဖက္အားဆြဲလွည့္ကာနံရံမွာဖိကပ္လိုက္တာေၾကာင့္ေရာင္စဥ္အလန္႔တၾကားနဲ႔ၾကည့္လိုက္မိေတာ့
''ဝဏၰ''
''ဖူးသစ္ဘယ္မွာလဲ''
သူကဖူးသစ္ရဲ႕ဇယားေတြထဲကတစ္ခု။
''ငါဘယ္သိမလဲ''
''နင္အပိုေတြေျပာမေနနဲ႔ နင္ကသူ႔သူငယ္ခ်င္းေလ နင္မသိစရာလား''
ေရာင္စဥ္သူ႔လက္ကိုပုတ္ခ်ၿပီး
''ငါတစ္ကယ္မသိဘူး ငါအခုမွျပန္ေရာက္တာ''
''ဒါဆိုသူအခုတြဲေနတဲ့ေကာင္ကိုနင္သိမွာေပါ့''
''ငါမသိဘူး သူကတစ္လတစ္ေယာက္ေလာက္ေျပာင္းေနတာေလ''
''နင္ငါ့ကိုမလိမ္နဲ႔ေနာ္ၾကယ္ေရာင္စဥ္ ငါ့ကိုခုေျပာ''
သူကေရာင္စဥ့္လက္ေမာင္းအားခပ္ၾကမ္းၾကမ္းဆုပ္ကိုင္ကာေမးလာ၏။
''ငါမသိဘူးလို႔ေျပာေနတယ္ေလ ငါ့ကိုလႊတ္''
''နင္မေျပာမခ်င္းငါမလႊတ္ဘူး နင္အခုေျပာမွာလားမေျပာဘူးလား''
''ငါမသိဘူးလို႔ေျပာေနတယ္''
ထိုစဥ္အရိပ္တစ္ခုကသူမတို႔နားေရာက္လာၿပီးဝဏၰကိုဆြဲထိုးပစ္လိုက္တာေၾကာင့္ေရာင္စဥ္မ်က္လုံးျပဴးေလးနဲ႔ၾကည့္လိုက္မိေတာ့ထိုလူကတံတိုင္းျဖစ္ေန၍ေရာင္စဥ္အံ့ၾသသြားရသည္။
''ေဘာ့စ္''
သူကေရာင္စဥ့္ပုခုံးႏွစ္ဖက္ကိုကိုင္၍
''မင္းဘာျဖစ္သြားေသးလဲေဘဘီ''
''ဟင့္အင္း''
တံတိုင္းကဝဏၰရဲ႕အက်ႌေကာ္လံစကိုဆြဲ၍
''မင္းဘာေကာင္လဲ မင္းကဘာကိစၥနဲ႔သူ႔ကိုလာထိရတာလဲ''
ဝဏၰကတံတိုင္းလက္ေတြကိုျဖဳတ္ခ်ၿပီး
''မင္းေကာင္မေလးကိုထိမိလို႔ေဆာရီးပဲ ငါလည္းမင္းေကာင္မေလးရဲ႕သူငယ္ခ်င္းေၾကာင့္ခုလိုလုပ္မိသြားတာ''
ဝဏၰကေရာင္စဥ့္ကိုၾကည့္ကာ
''ေဆာရီးပဲၾကယ္ေရာင္စဥ္ ၿပီးေတာ့ဖူးသစ္ကိုေျပာလိုက္ ငါနဲ႔ကိစၥဒီေနရာမွာမၿပီးေသးဘူးလို႔''
ေျပာၿပီးဝဏၰကေနရာမွလွည့္ထြက္သြားေလ၏။
''ေဘာ့စ္ ဘာလာလုပ္တာလဲဟင္ ေရာင္စဥ္ကေဘာ့စ္ျပန္သြားၿပီထင္ေနတာ''
သူကခါးႀကီးေထာက္၍
''မင္းသူငယ္ခ်င္းအေကာင္းစားႀကီးကမင္းကိုေတာ္ေတာ္ေလးအေထာက္အကူျပဳတာပဲ''
''ေရာင္စဥ့္သူငယ္ခ်င္းကိုအဲလိုမေျပာပါနဲ႔ သူ႔ဘာသာဘယ္လိုေနေနေရာင္စဥ့္အတြက္သူကသူငယ္ခ်င္းေကာင္းပဲ ေဘာ့စ္ကေရာ ဘာလို႔ျပန္လာတာလဲ''
''ကုမၸဏီမွာတုန္းကမင္းကားပါကင္မွာဖုန္းေျပာေနတာၾကားလိုက္လို႔ မင္းသူငယ္ခ်င္းကဒီညအိမ္ျပန္ေနာက္က်မွာမလား မင္းကေနမေကာင္းေနေတာ့ငါမင္းကိုစိတ္မခ်လို႔ျပန္လာတာ''
''ဘာစိတ္မခ်စရာရွိလို႔လဲ ေရာင္စဥ္ကကေလးမွမဟုတ္တာ ၿပီးေတာ့ေနမေကာင္းတာလဲနည္းနည္းသက္သာေနပါၿပီ''
''အင္းေပါ့ ဟိုႏွစ္ေကာင္ကအၾကင္နာေတြအျပည့္နဲ႔ဂ႐ုစိုက္ေပးလိုက္တာကိုး''
''အဲဒါက...''
''အပိုေတြေျပာမေနနဲ႔ တံခါးဖြင့္ မင္းသူငယ္ခ်င္းျပန္လာတဲ့အခ်ိန္ထိငါမင္းနဲ႔အတူရွိေနေပးမယ္''
''ရပါတယ္ မလိုပါဘူး ေရာင္စဥ္တစ္ေယာက္တည္းျဖစ္တယ္''
''ဖြင့္ဆိုဖြင့္''
ေရာင္စဥ္ကႏႈတ္ခမ္းကိုစူခ်ိတ္၍တံခါးကိုဖြင့္လိုက္ၿပီးအိမ္ထဲအရင္ဦးေအာင္ဝင္ခဲ့ကာဧည့္ခန္းထဲကသူမကေလးတုန္းကပုံေတြကိုယူ၍ဆိုဖာေနာက္ၾကားထဲပစ္ခ်ထားလိုက္သည္။
တံတိုင္းကအခန္းပတ္ပတ္လည္ကိုလိုက္ၾကည့္ၿပီး
''ဒီကြန္ဒိုကမင္းတို႔အပိုင္လား''
''ဟုတ္တယ္ ေရာင္စဥ္နဲ႔ဖူးသစ္အတူတူဝယ္ထားတာ''
''ၾကာၿပီလား''
''သုံးႏွစ္ေလာက္ေတာ့ရွိၿပီ''
''ဪ''
''ဟို ေဘာ့စ္ခဏထိုင္ဦးေနာ္ ေရာင္စဥ္အဝတ္အစားသြားလဲလိုက္ဦးမယ္''
သူေခါင္းညိတ္ျပလိုက္တာနဲ႔ေရာင္စဥ္လည္းအခန္းထဲဝင္ခဲ့ၿပီးဗီ႐ိုထဲကကာတြန္း႐ုပ္ေလးေတြပါေသာခ်ည္ဝမ္းဆက္ေလးကိုထုတ္ကာလဲဝတ္လိုက္၏။
ဆံပင္ေတြကိုလည္းျဖစ္သလိုထုံးဖြဲ႕ကာအခန္းထဲကျပန္ထြက္လာခဲ့လိုက္သည္။
ေရာင္စဥ္အျပင္ကိုေရာက္ေတာ့တံတိုင္းကဧည့္ခန္းထဲမွာရွိမေန၍တာေၾကာင့္သူမမ်က္လုံးကိုဟိုဟိုဒီဒီကစားကာလိုက္ၾကည့္ေနတုန္းမီးဖိုခန္းထဲကအသံေၾကာင့္သူမမီးဖိုခန္းဆီခပ္သြက္သြက္ေလွ်ာက္လာၾကည့္လိုက္၏။
သူမေရာက္တံတိုင္းကတစ္ခုခုခ်က္မလို႔ျပင္ဆင္ေနပုံရတာေၾကာင့္ေရာင္စဥ္သူ႔အနားသြားကာ
''ေဘာ့စ္ ဘာလုပ္မလို႔လဲဟင္''
''မင္းအတြက္ညေနစာျပင္ေပးမလို႔ေလ''
''ဟင္''
''ထမင္းေတာ့အစားေသးနဲ႔ဦး ငါမင္းအတြက္ေခါက္ဆြဲျပဳတ္ေပးမယ္''
ေရာင္စဥ္စားပြဲေပၚမွာထင္ထားေသာဂ်ဳံေခါက္ဆြဲထုပ္ရယ္ ၾကက္ဥ ပုဇြန္နဲ႔မုန္ညင္း႐ြက္ေတြကိုၾကည့္ကာ
''ေဘာ့စ္ကလုပ္တတ္လို႔လား''
''အထင္ေသးလွခ်ည္လား အဲမွာထိုင္ေစာင့္ေန''
ေရာင္စဥ္မယုံတယုံနဲ႔ပဲစားပြဲမွာဝင္ထိုင္လိုက္၏။
''ေဘာ့စ္ ေရာင္စဥ္ကၾကက္ဥကိုအကာပဲစားတာ''
''ဟုတ္ၿပီ''
ေရာင္စဥ္သူ႔လႈပ္ရွားမႈေတြကိုမ်က္စိေဒါက္ေထာက္လိုက္ၾကည့္ေနမိ၏။
သူက
''မင္းအမ်ားႀကီးဂုဏ္ယူသင့္တယ္''
''ဘာလို႔''
''ငါစားစရာလုပ္ေပးတဲ့သူစိမ္းမိန္းကေလးကမင္းပထမဆုံးမို႔လို႔ေလ''
ေရာင္စဥ္သူ႔ေက်ာျပင္ကိုလိုက္ၾကည့္ရင္းၿပဳံးလိုက္မိသည္။
ခဏၾကာေတာ့ပုစြန္ေတြၾကက္ဥေတြအျပည့္နဲ႔ေခါက္ဆြဲျပဳတ္ပူပူေလးကေရာင္စဥ့္ေရွ႕ေရာက္လာေလ၏။
ေရာင္စဥ္ေခါက္ဆြဲပန္းကန္ကိုတစ္လွည့္သူ႔ကိုတစ္လွည့္ၾကည့္ကာ
''တစ္ကယ္လုပ္တတ္သားပဲ တစ္ျခားဘာေတြခ်က္တတ္ေသးလဲ''
''စားခ်င္တာသာေျပာလိုက္''
သူကတူနဲ႔ဇြန္းကိုယူကာသူ႔လက္ထဲထည့္ေပးၿပီး
''စားေလ ၿပီးရင္ေဆးေသာက္ရမယ္''
''အင္း''
ေရာင္စဥ္လည္းေခါက္ဆြဲတစ္ဇြန္းစားၾကည့္ၿပီး
''အင္း ေကာင္းသားပဲ''
တံတိုင္းကခုံမွာဝင္ထိုင္ၿပီး
''မင္းမစားတဲ့အစားအစာဘာရွိေသးလဲ''
''မုန္လာဥနီမစားဘူး နံနံပင္မႀကိဳက္ဘူး တစ္ျခားေထြေထြထူးထူးေတာ့မရွိပါဘူး''
''ဪ''
ထို႔ေနာက္ေရာင္စဥ္လည္းေခါက္ဆြဲဆက္စားေနလိုက္ၿပီးဘာမွမေျပာျဖစ္သလိုသူကလည္းဘာမွမေျပာ။
''စားႏွင့္ေနာ္ ကားထဲကlaptopသြားယူလိုက္ဦးမယ္''
''အင္း''
_____________
ေရာင္စဥ္စားလို႔ေသာက္လို႔ၿပီးေတာ့အိုးေတြပန္းကန္ေတြကိုေဆးေနတုန္းတံတိုင္းကသူမေနာက္မွာကပ္ကာလာရပ္ၿပီးသူမလက္ထဲကပန္းကန္ေတြကိုဆြဲယူကာ
''ဘာလို႔ေရေတြကိုင္ေနတာလဲ''
''ဟို...''
ေရာင္စဥ္ရင္ခုန္လြန္းလို႔ဘာမွျပန္မေျပာႏိုင္ေပ။
အခုသူမအားသိုင္းဖက္ထားသလိုျဖစ္ေနသည္မလား။
တံတိုင္းသူ႔ရင္ခြင္ထဲမွာၿငိမ္ခ်က္သားေကာင္းေနေသာသူမကိုငုံ႔ၾကည့္ကာၿပဳံးလိုက္ၿပီးသူမကိုဖက္ထားရက္နဲ႔ပဲပန္းကန္ေတြကိုျမန္ျမန္ေဆးလိုက္၏။
ပန္းကန္ေတြေဆးၿပီးသည္ထိသူကေရာင္စဥ့္နားကမဖယ္ေသးပဲသူမခါးကိုသိုင္းဖက္ၿပီးနားနားကိုကပ္ကာ
''မင္းသေဘာေပါက္သင့္ၿပီလို႔ထင္တယ္ေဘဘီ''
''ဘာ~~ဘာကိုလဲ''
သူေရာင္စဥ့္ကိုဆြဲလွည့္ၿပီးသူမေဘးတစ္ဖက္တစ္ခ်က္စီမွာသူ႔လက္ေတြကိုေထာက္ကာ
''ဘယ္ေယာက်္ားကမ်ားသူစိတ္မဝင္စားတဲ့မိန္းကေလးကိုမ်က္စိေဒါက္ေထာက္လိုက္ၾကည့္ၿပီးဂ႐ုစိုက္ေနမွာလဲ''
ေရာင္စဥ့္မ်က္ႏွာကႏွင္းဆီပန္းခင္းသဖြယ္ရဲတက္လာရၿပီးသူ႔ကိုေမာ့ၾကည့္ကာ
''အခု...ရည္းစားစကားေျပာေနတာလား''
''အင္းေလ ဒါေပမယ့္ရည္းစားစကားသပ္သပ္ပဲမဟုတ္ဘူး တစ္ဘဝလုံးတူတူရွိဖို႔အတြက္အစပ်ိဳးတာ''
''ဟင္''
''ကိုယ္ကဘယ္အရာကိုမွေပါ့ေပါ့တန္တန္မေတြးဘူး အခုမင္းကိုဖြင့္ေျပာတာကိုလည္းေသခ်ာအေလးအနက္ေျပာေနတာ''
''ဒါေပမယ့္ ေဘာ့စ္အခုထိေရာင္စဥ့္ကိုခ်စ္...''
သူမစကားမဆုံးခင္မွာပဲသူက
''ခ်စ္တယ္''
''........''
''ကိုယ္မသိလိုက္တဲ့အခ်ိန္မွာပဲမင္းကိုအရမ္းခ်စ္မိသြားတယ္ေဘဘီ''
ေရာင္စဥ္လက္ဖ်ားေတြပါေအးလာရၿပီးဖ်ားခ်င္တာေတာင္တစ္ကယ္ၾကက္ေပ်ာက္ငွက္ေပ်ာက္။
''အကယ္၍ေရာင္စဥ္ကျငင္းရင္ေရာ''
''ကိုယ္ကလိုခ်င္တာကိုရေအာင္ယူတတ္တယ္ မင္းကလည္းကိုယ္လိုခ်င္တဲ့အမ်ိဳးသမီးေလးေလ ကိုယ္လက္ေလွ်ာ့မွာမဟုတ္ဘူး''
ေရာင္စဥ့္ရင္ထဲတစ္ကယ္ပဲဝုန္းဒိုင္းႀကဲေနပါၿပီ။
ဒါေပမယ့္သူမဘယ္သူဆိုတာသိရင္သူ႔ဘက္ကေျပာင္းလဲသြားမွာကိုေရာင္စဥ္ေတြးပူမိျပန္၏။
''ေရာင္စဥ့္ကိုအခ်ိန္နည္းနည္းေလာက္ေပးပါလား''
''ရပါတယ္ မင္းဆီကခ်စ္တယ္ဆိုတဲ့စကားေလးၾကားရဖို႔အခ်ိန္ဘယ္ေလာက္ၾကာၾကာကိုယ္ေစာင့္မယ္''
ေရာင္စဥ့္စိတ္ထဲတြင္...
''ရွင့္ကိုေတြ႕တိုင္းႏွလုံးသားကသတိေပးတယ္ နင္သူ႔ကိုခ်စ္ေနတုန္းပဲတဲ့ေလ''
🌳🍁🍁🌳
4.3.2024