Unicode
ရောင်စဥ်ကွန်ဒိုကိုပြန်ရောက်တော့ဖူးသစ်ကသူမအားခေါင်းစခြေဆုံးကြည့်ကာ
''ဟဲ့ အင်တာဗျူးသွားဖြေတဲ့သူကဘယ်လိုဖြစ်ပြီးလမ်းဘေးခွေးပုံစံပေါက်လာရတာလဲ''
''ဘယ်အင်တာဗျူးမှမဖြေခဲ့ရသလိုဘယ်အလုပ်မှလည်းမရတော့ဘူး''
ပြောပြီးရောင်စဥ်အခန်းထဲဝင်ကာရေချိုးဖို့ပြင်လိုက်၏။
ဖူးသစ်ကသူမနောက်ကတကောက်ကောက်လိုက်ရင်း
''ဘာတွေဖြစ်ခဲ့တာလဲ ငါ့ကိုပြောဦး''
''ပြီးရင်ပြောမယ် ငါရေအရင်ချိုးပါရစေဦး လူလည်းနင်ပြောသလိုလမ်းဘေးခွေးပုံစံပေါက်နေပြီ''
ဖူးသစ်လည်းကုတင်မှာဝင်ထိုင်ပြီးရောင်စဥ့်အားစောင့်နေလိုက်သည်။
ငါးမိနစ်လောက်နေတော့ရောင်စဥ်ကရေချိုးခန်းထဲကပြန်ထွက်လာပြီးဗီရိုထဲကအိမ်နေရင်းဝတ်စုံတစ်စုံကိုယူဝတ်လိုက်ပြီးကုတင်ပေါ်တက်လှဲလိုက်၏။
ဖူးသစ်ကသူမအားမျက်စိဒေါက်ထောက်လိုက်ကြည့်ပြီး
''ဟဲ့ ပြောလေ''
''ပြောပါမယ်ဟ ငါအခုအပြင်မှာဘယ်သူနဲ့တွေ့ခဲ့လဲသိလား''
''ဘယ်သူနဲ့လဲ''
''နေတံတိုင်းနဲ့''
''နေတံတိုင်း ကြားဖူးသလိုပဲ နေတံတိုင်း နေတံတိုင်း ဟင် မဟုတ်မှ နင့်ရဲ့နေတံတိုင်း''
''အွန်း''
''ဟဲ့ဟဲ့ ထစမ်း ငါ့ကိုသေချာပြောစမ်း ဘယ်ကနေဘယ်လိုတွေ့ခဲ့ရတာလဲ''
ဖူးသစ်ကအူယားဖားယားနဲ့ရောင်စဥ့်ကိုအတင်းဆွဲထူလေသည်။
ရောင်စဥ်လည်းအဖွားနဲ့တွေ့တာကနေစပြီးရွှံဗွက်ရေတွေစင်လာတာအဆုံးအကုန်ပြောပြလိုက်လေ၏။
''ဒါဆိုနင်ကသူ့ကိုနင့်မျက်နှာမပြခဲ့ဘူးပေါ့''
''အေး''
''အ,လိုက်တဲ့ကောင်မစုတ်လေး နင်သူ့ကိုစေ့စေ့ကြည့်ခဲ့ရမှာ အဲဒါမှနင်အရမ်းလှတာကိုသူ့ကိုပြပြီးချေမိုးခဲ့ရမှာ တုံးလိုက်တာဆိုတာကလည်း''
''တော်စမ်းပါဟာ ချေမိုးဖို့ဆိုတာထက်ငါသူနဲ့ထပ်မတွေ့ရဖို့ပဲမျှော်လင့်တယ် ငါလုံးဝထပ်မတွေ့ချင်တဲ့သူထဲမှာနေတံတိုင်းကထိပ်ဆုံးကပဲ''
ပြောပြီးရောင်စဥ်အိပ်ရာထက်ပြန်လှဲအိပ်လိုက်၏။
သူမအတွေးပုံရိပ်ကလည်းလွန်ခဲ့သောဆယ်နှစ်ကျော်ကာလကအချိန်တစ်ခုဆီသို့ပျံ့လွင့်သွားတော့သည်။
🌳🍁🍁🌳
နေတံတိုင်းဆိုတာကြယ်ရောင်စဥ်ဆိုတဲ့ကောင်မလေးချစ်လှစွာသောcrushလေး။
စာအရမ်းတော်တဲ့သူကယောကျ်ားလေးrollရဲ့ရှေ့ဆုံးခုံမှာထိုင်ရပြီးကြယ်ရောင်စဥ်ဆိုတဲ့သူမကတော့မိန်းကလေးrollရဲ့နောက်ဆုံးခုံကိုတောင်မှနံရံဘက်ချောင်ကျကျနေရာမှာထိုင်သူ။
ဆယ့်ငါးနှစ်အရွယ်စိတ်ကစားတတ်ခါစအရွယ်မှာအချစ်ဆိုတာဘာလဲမသိပေမယ့်ရောင်စဥ်ကနေတံတိုင်းအားအတော်လေးရင်ခုန်ခဲ့တာ။
သူကစာလည်းအရမ်းတော်သလိုအရမ်းလည်းချောတဲ့ကောင်လေးတစ်ယောက်။
သူမကတော့အသားမဲမဲ ပိန်ကပ်ကပ် မျက်နှာမှာလည်းဝက်ခြံအပြွတ်လိုက်နဲ့ကြည့်ပျော်ရှုပျော်မရှိသောကောင်မလေး။
သူ့နည်းတူပဲ ဓူဝံမင်း ဟိန်းထွဋ်ခေါင် သုသဒ္ဓါတို့သုံးယောက်ကလည်းစာတော်ရုပ်ချောကြပြီးနေတံတိုင်းအပါအဝင်သူတို့လေးယောက်ကအတန်းထဲမှာဆိုဆရာကြီးဆရာမကြီးတွေ။
နေတံတိုင်းကိုနေ့တိုင်းခိုးခိုးကြည့်နေရလို့လည်းရောင်စဥ့်မှာရိုးအီမသွားပဲသူ့ကိုကြည့်ပြီးရင်းကြည့်နေချင်တဲ့ထိသဘောကျခဲ့ရတာပင်။
ဖူးသစ်နဲ့သူမကလည်းအဲ့အချိန်ကတည်းကလည်ပင်းဖက်ပေါင်းလာကြသူမို့ဖူးသစ်ကသူမအကြောင်းအားလုံးသိသည်။
အဲဒီနေ့...
သူမဘဝမှာတစ်သက်လုံးမမေ့တော့မယ့်နေ့ပေါ့...
နေ့လည်မုန့်စားကျောင်းပြန်တက်ပြီးအတန်းထဲမှာလူစုံနေတဲ့အချိန်နေတံတိုင်းကအတန်းရှေ့ထွက်ကာလက်ထဲကစာရွက်ကိုဖြန့်ကြည့်၍
''နေတံတိုင်း ငါနင့်ကိုချစ်တယ် နင့်ကိုငါချစ်လာတာကြာပါပြီ ငါနင့်ကိုအမြဲခိုးခိုးကြည့်နေရတာ နင်ငါ့ကိုပြန်ချစ်ပေးပါ ကြယ်ရောင်စဥ်''
အကုန်လုံးရဲ့အကြည့်တွေကရောင်စဥ့်ထံရောက်လာချိန်မှာရောင်စဥ်ကိုယ့်ကိုယ်ကိုသေးသေးလေးဖြစ်သွားသလိုခံစားလိုက်ရ၏။
''ကြယ်ရောင်စဥ်ကဘယ်သူလဲ''
သူမေးလည်းမေး မျက်လုံးကလည်းအတန်းထဲကလူတွေကြည့်နေတဲ့နေရာသို့လိုက်ကြည့်လိုက်ပြီးသူမ ရှိနေရာသို့လျှောက်လာလိုက်သည်။
ရောင်စဥ်ရှက်တာရောကြောက်တာရောပါပေါင်းကာလူကမျက်ရည်များကျလာရ၏။
နေတံတိုင်းကသူမနားရောက်လာပြီး
''ဒီစာနင်ပေးတာလား''
''မဟုတ်ဘူး ငါပေးတာမဟုတ်ဘူး''
''နင့်အိမ်မှာမှန်ရှိလား''
''အမ်''
''နင့်ရုပ်နင်မှန်ထဲပြန်ကြည့် နင့်ရုပ်ကြီးကိုငါကကြိုက်စရာလား အသားကလည်းမဲသဲနေသေးတယ် ရုပ်ဆိုးကလည်းဆိုးလိုက်တာ''
သူ့စကားအဆုံးမှာတစ်ခန်းလုံးကဝိုင်းရယ်ကြလေသည်။
ဖူးသစ်ကရောင်စဥ့်ရှေ့ပိတ်ရပ်ပြီးခါးနှစ်ဖက်ကိုထောက်ကာ
''အောင်မာ လူပါးဝလိုက်တာ နင့်မျက်ခွက်ကရောဘယ်လောက်များလှနေလို့လဲ စာတော်တယ်ဆိုပြီးဖ-င်ခေါင်းလာကျယ်မနေနဲ့ ရုပ်ကိုကပိုးဟပ်ဖြူလိုတရုတ်မသာရုပ်လိုဖြူဖပ်ဖြူရော်နဲ့''
နေတံတိုင်းကဖူးသစ်ကိုဘာမှပြန်မပြောပဲရောင်စဥ့်ကိုကြည့်ကာ
''နင့်လိုရုပ်ကဘယ်သူမှကြိုက်လာမှာမဟုတ်ဘူး''
ပြောပြီးသူကလက်ထဲကစာရွက်ကိုလုံးချေ၍နေရာမှာပစ်ချထားခဲ့ကာသူ့နေရာသူပြန်လာလိုက်၏။
ထိုစဥ်ဆရာမအတန်းထဲဝင်လာပြီး
''ကဲ ကလေးတွေ စာအုပ်ထုတ်မယ်''
ဆရာမအသံကရောင်စဥ့်နားထဲပဲ့တင်ထပ်သွားကာလူတွေကလည်းနှစ်ထပ်တွေဖြစ်လာလေသည်။
ခဏကြာတော့သူမခန္ဓာကိုယ်ကငှက်မွှေးလေးလိုပေါ့ပါးသွားပြီးလူကတစ်စုံတစ်ယောက်လက်ပေါ်ပစ်လဲကျသွားရလေတော့၏။
''ရောင်စဥ် သတိထားပါဦး ရောင်စဥ်''
''ဟဲ့ ခွေးမလေး ထတော့လို့''
အနီးကပ်ကြားလိုက်ရတဲ့ဖူးသစ်အသံကြောင့်ရောင်စဥ်မှေးခနဲအိပ်ပျော်သွားရာမှလန့်နိုးလာရသည်။
''ဘာလဲဟာ ငါအိပ်နေတာကို''
''နင့်ဖုန်းလာနေတယ်လို့''
ရောင်စဥ်အိပ်ရာမှထကာဖူးသစ်လက်ထဲကဖုန်းအားလှမ်းယူလိုက်၏။
''ဟဲလို''
''ဟဲလိုသမီး အန်တီပါ မနက်ကသမီးကူညီလိုက်တဲ့အဖွားတို့အိမ်က''
ရောင်စဥ်မျက်လုံးပြူးသွားပြီးဖုန်းကိုမြန်မြန်ပဲစပီကာဖွင့်လိုက်သည်။
''ဟုတ်အန်တီ''
''သမီးရဲ့CV foamအန်တီတို့အိမ်ကျန်ခဲ့တယ်သမီး''
''ဪ ဟုတ်လားအန်တီ သမီးကပျောက်လို့လိုက်ရှာနေတာ''
''ဟုတ်တယ် သမီးမနက်ကအလုပ်သွားလျှောက်မလို့ထင်တယ်ဟုတ်လား''
''ဟုတ်ပါတယ် ဒါပေမယ့်''
ရောင်စဥ်ပြောရခက်စွာနဲ့ပဲစကားအားထိုနေရာမှာရပ်လိုက်၏။
ဒေါ်ပတ္တမြားခင်ကလည်းသဘောပေါက်စွာနဲ့
''သမီးအလုပ်လျှောက်မယ့်အခွင့်အရေးကအန်တီ့အမေကြောင့်ပျက်သွားတယ်မလား''
''ကိစ္စမရှိပါဘူးအန်တီရယ် ရပါတယ်''
''အန်တီအားနာလိုက်တာသမီးရယ် ဒီလိုလုပ်ပါလားသမီး မနက်ဖြန်ကျရင်အန်တီ့သမီးရဲ့မင်္ဂလာနှစ်ပတ်လည်ပွဲရှိတယ် သမီးလာခဲ့ပါလား အန်တီသမီးကိုတစ်ခုခုစီစဥ်ပေးပါမယ်''
ရောင်စဥ်တံထွေးနင်သွားသလိုခံစားလိုက်ရပြီးငြင်းဖို့ပါးစပ်ဟတုန်းဖူးသစ်ကလက်အမူအရာတွေနဲ့ မငြင်းဖို့အတင်းတွေလုပ်ပြလာ၏။
ရောင်စဥ်ခေါင်းရမ်းပြတော့ဖူးသစ်ကသူမလက်မောင်းကိုဆွဲဆိတ်ပြီးပါးစပ်လှုပ်ရုံဖြင့်
''လာမယ်ပြောလိုက် မြန်မြန်ပြောလိုက်''
''တော်ပြီ''
''ဟဲလို သမီး ဟဲလို''
''ဟုတ်ဟုတ်အန်တီ သမီးလာခဲ့ပါမယ်''
ရောင်စဥ်ကိုယ့်ပါးစပ်ကိုသာလက်နဲ့ပြန်ရိုက်မိတော့သည်။
''ဟုတ်ပြီသမီး အဲဒါဆိုဒါပဲနော်''
''ဟုတ်အန်တီ''
ဖုန်းချပြီးတာနဲ့ရောင်စဥ် ဖူးသစ်လက်မောင်းအားပိတ်ရို.က်ပြီး
''အဲဒါနင့်ကြောင့် ငါမသွားချင်ဘူး သူနဲ့မတွေ့ချင်ပါဘူးဆိုနေမှ''
''ဟဲ့ နင်သေချာစဥ်းစားကြည့်စမ်း အဲ့ကောင်နင့်ကိုဘယ်လိုတွေပြောခဲ့တာလဲ ခုနင်ကအရင်ကနဲ့လားလားမျှမဆိုင်တော့အောင်အရမ်းလှလာပြီလေ အဲ့ကောင်ကိုနင်ပြန်ချေရမယ့်အလှည့်ရောက်ပြီ''
''ငါအဲဒါတွေစိတ်မဝင်စားဘူး ငါသူနဲ့မတွေ့ချင်တာပဲသိတယ်''
''မတွေ့ချင်တာလား မတွေ့ရဲတာလား''
''ငါ..''
''နင်ဘာမှအပိုတွေပြောမနေနဲ့ နင်သူ့ဆီနောက်တစ်ခေါက်သွားရမယ် ဒါပဲ''
ဖူးသစ်ရဲ့တစ်ချက်လွှတ်အမိန့်ကြောင့်ရောင်စဥ်ဘာမှမပြောတော့ပဲငြိမ်ကျသွား၏။
''ကဲလာ မနက်ဖြန်ပွဲအတွက်အဝတ်အစားစီစဥ်ကြမယ်''
ရောင်စဥ်မျက်နှာလေးရှုံ့မဲ့ကာဖြင့်ဖူးသစ်စီမံသမျှအသာတကြည်ငြိမ်နေလိုက်တော့သည်။
🌳🍁🍁🌳
4.3.2024
Zawgyi
ေရာင္စဥ္ကြန္ဒိုကိုျပန္ေရာက္ေတာ့ဖူးသစ္ကသူမအားေခါင္းစေျခဆုံးၾကည့္ကာ
''ဟဲ့ အင္တာဗ်ဴးသြားေျဖတဲ့သူကဘယ္လိုျဖစ္ၿပီးလမ္းေဘးေခြးပုံစံေပါက္လာရတာလဲ''
''ဘယ္အင္တာဗ်ဴးမွမေျဖခဲ့ရသလိုဘယ္အလုပ္မွလည္းမရေတာ့ဘူး''
ေျပာၿပီးေရာင္စဥ္အခန္းထဲဝင္ကာေရခ်ိဳးဖို႔ျပင္လိုက္၏။
ဖူးသစ္ကသူမေနာက္ကတေကာက္ေကာက္လိုက္ရင္း
''ဘာေတြျဖစ္ခဲ့တာလဲ ငါ့ကိုေျပာဦး''
''ၿပီးရင္ေျပာမယ္ ငါေရအရင္ခ်ိဳးပါရေစဦး လူလည္းနင္ေျပာသလိုလမ္းေဘးေခြးပုံစံေပါက္ေနၿပီ''
ဖူးသစ္လည္းကုတင္မွာဝင္ထိုင္ၿပီးေရာင္စဥ့္အားေစာင့္ေနလိုက္သည္။
ငါးမိနစ္ေလာက္ေနေတာ့ေရာင္စဥ္ကေရခ်ိဳးခန္းထဲကျပန္ထြက္လာၿပီးဗီ႐ိုထဲကအိမ္ေနရင္းဝတ္စုံတစ္စုံကိုယူဝတ္လိုက္ၿပီးကုတင္ေပၚတက္လွဲလိုက္၏။
ဖူးသစ္ကသူမအားမ်က္စိေဒါက္ေထာက္လိုက္ၾကည့္ၿပီး
''ဟဲ့ ေျပာေလ''
''ေျပာပါမယ္ဟ ငါအခုအျပင္မွာဘယ္သူနဲ႔ေတြ႕ခဲ့လဲသိလား''
''ဘယ္သူနဲ႔လဲ''
''ေနတံတိုင္းနဲ႔''
''ေနတံတိုင္း ၾကားဖူးသလိုပဲ ေနတံတိုင္း ေနတံတိုင္း ဟင္ မဟုတ္မွ နင့္ရဲ႕ေနတံတိုင္း''
''အြန္း''
''ဟဲ့ဟဲ့ ထစမ္း ငါ့ကိုေသခ်ာေျပာစမ္း ဘယ္ကေနဘယ္လိုေတြ႕ခဲ့ရတာလဲ''
ဖူးသစ္ကအူယားဖားယားနဲ႔ေရာင္စဥ့္ကိုအတင္းဆြဲထူေလသည္။
ေရာင္စဥ္လည္းအဖြားနဲ႔ေတြ႕တာကေနစၿပီး႐ႊံဗြက္ေရေတြစင္လာတာအဆုံးအကုန္ေျပာျပလိုက္ေလ၏။
''ဒါဆိုနင္ကသူ႔ကိုနင့္မ်က္ႏွာမျပခဲ့ဘူးေပါ့''
''ေအး''
''အ,လိုက္တဲ့ေကာင္မစုတ္ေလး နင္သူ႔ကိုေစ့ေစ့ၾကည့္ခဲ့ရမွာ အဲဒါမွနင္အရမ္းလွတာကိုသူ႔ကိုျပၿပီးေခ်မိုးခဲ့ရမွာ တုံးလိုက္တာဆိုတာကလည္း''
''ေတာ္စမ္းပါဟာ ေခ်မိုးဖို႔ဆိုတာထက္ငါသူနဲ႔ထပ္မေတြ႕ရဖို႔ပဲေမွ်ာ္လင့္တယ္ ငါလုံးဝထပ္မေတြ႕ခ်င္တဲ့သူထဲမွာေနတံတိုင္းကထိပ္ဆုံးကပဲ''
ေျပာၿပီးေရာင္စဥ္အိပ္ရာထက္ျပန္လွဲအိပ္လိုက္၏။
သူမအေတြးပုံရိပ္ကလည္းလြန္ခဲ့ေသာဆယ္ႏွစ္ေက်ာ္ကာလကအခ်ိန္တစ္ခုဆီသို႔ပ်ံ႕လြင့္သြားေတာ့သည္။
🌳🍁🍁🌳
ေနတံတိုင္းဆိုတာၾကယ္ေရာင္စဥ္ဆိုတဲ့ေကာင္မေလးခ်စ္လွစြာေသာcrushေလး။
စာအရမ္းေတာ္တဲ့သူကေယာက်္ားေလးrollရဲ႕ေရွ႕ဆုံးခုံမွာထိုင္ရၿပီးၾကယ္ေရာင္စဥ္ဆိုတဲ့သူမကေတာ့မိန္းကေလးrollရဲ႕ေနာက္ဆုံးခုံကိုေတာင္မွနံရံဘက္ေခ်ာင္က်က်ေနရာမွာထိုင္သူ။
ဆယ့္ငါးႏွစ္အ႐ြယ္စိတ္ကစားတတ္ခါစအ႐ြယ္မွာအခ်စ္ဆိုတာဘာလဲမသိေပမယ့္ေရာင္စဥ္ကေနတံတိုင္းအားအေတာ္ေလးရင္ခုန္ခဲ့တာ။
သူကစာလည္းအရမ္းေတာ္သလိုအရမ္းလည္းေခ်ာတဲ့ေကာင္ေလးတစ္ေယာက္။
သူမကေတာ့အသားမဲမဲ ပိန္ကပ္ကပ္ မ်က္ႏွာမွာလည္းဝက္ၿခံအႁပြတ္လိုက္နဲ႔ၾကည့္ေပ်ာ္ရႈေပ်ာ္မရွိေသာေကာင္မေလး။
သူ႔နည္းတူပဲ ဓူဝံမင္း ဟိန္းထြဋ္ေခါင္ သုသဒၶါတို႔သုံးေယာက္ကလည္းစာေတာ္႐ုပ္ေခ်ာၾကၿပီးေနတံတိုင္းအပါအဝင္သူတို႔ေလးေယာက္ကအတန္းထဲမွာဆိုဆရာႀကီးဆရာမႀကီးေတြ။
ေနတံတိုင္းကိုေန႔တိုင္းခိုးခိုးၾကည့္ေနရလို႔လည္းေရာင္စဥ့္မွာ႐ိုးအီမသြားပဲသူ႔ကိုၾကည့္ၿပီးရင္းၾကည့္ေနခ်င္တဲ့ထိသေဘာက်ခဲ့ရတာပင္။
ဖူးသစ္နဲ႔သူမကလည္းအဲ့အခ်ိန္ကတည္းကလည္ပင္းဖက္ေပါင္းလာၾကသူမို႔ဖူးသစ္ကသူမအေၾကာင္းအားလုံးသိသည္။
အဲဒီေန႔...
သူမဘဝမွာတစ္သက္လုံးမေမ့ေတာ့မယ့္ေန႔ေပါ့...
ေန႔လည္မုန္႔စားေက်ာင္းျပန္တက္ၿပီးအတန္းထဲမွာလူစုံေနတဲ့အခ်ိန္ေနတံတိုင္းကအတန္းေရွ႕ထြက္ကာလက္ထဲကစာ႐ြက္ကိုျဖန္႔ၾကည့္၍
''ေနတံတိုင္း ငါနင့္ကိုခ်စ္တယ္ နင့္ကိုငါခ်စ္လာတာၾကာပါၿပီ ငါနင့္ကိုအၿမဲခိုးခိုးၾကည့္ေနရတာ နင္ငါ့ကိုျပန္ခ်စ္ေပးပါ ၾကယ္ေရာင္စဥ္''
အကုန္လုံးရဲ႕အၾကည့္ေတြကေရာင္စဥ့္ထံေရာက္လာခ်ိန္မွာေရာင္စဥ္ကိုယ့္ကိုယ္ကိုေသးေသးေလးျဖစ္သြားသလိုခံစားလိုက္ရ၏။
''ၾကယ္ေရာင္စဥ္ကဘယ္သူလဲ''
သူေမးလည္းေမး မ်က္လုံးကလည္းအတန္းထဲကလူေတြၾကည့္ေနတဲ့ေနရာသို႔လိုက္ၾကည့္လိုက္ၿပီးသူမ ရွိေနရာသို႔ေလွ်ာက္လာလိုက္သည္။
ေရာင္စဥ္ရွက္တာေရာေၾကာက္တာေရာပါေပါင္းကာလူကမ်က္ရည္မ်ားက်လာရ၏။
ေနတံတိုင္းကသူမနားေရာက္လာၿပီး
''ဒီစာနင္ေပးတာလား''
''မဟုတ္ဘူး ငါေပးတာမဟုတ္ဘူး''
''နင့္အိမ္မွာမွန္ရွိလား''
''အမ္''
''နင့္႐ုပ္နင္မွန္ထဲျပန္ၾကည့္ နင့္႐ုပ္ႀကီးကိုငါကႀကိဳက္စရာလား အသားကလည္းမဲသဲေနေသးတယ္ ႐ုပ္ဆိုးကလည္းဆိုးလိုက္တာ''
သူ႔စကားအဆုံးမွာတစ္ခန္းလုံးကဝိုင္းရယ္ၾကေလသည္။
ဖူးသစ္ကေရာင္စဥ့္ေရွ႕ပိတ္ရပ္ၿပီးခါးႏွစ္ဖက္ကိုေထာက္ကာ
''ေအာင္မာ လူပါးဝလိုက္တာ နင့္မ်က္ခြက္ကေရာဘယ္ေလာက္မ်ားလွေနလို႔လဲ စာေတာ္တယ္ဆိုၿပီးဖ-င္ေခါင္းလာက်ယ္မေနနဲ႔ ႐ုပ္ကိုကပိုးဟပ္ျဖဴလိုတ႐ုတ္မသာ႐ုပ္လိုျဖဴဖပ္ျဖဴေရာ္နဲ႔''
ေနတံတိုင္းကဖူးသစ္ကိုဘာမွျပန္မေျပာပဲေရာင္စဥ့္ကိုၾကည့္ကာ
''နင့္လို႐ုပ္ကဘယ္သူမွႀကိဳက္လာမွာမဟုတ္ဘူး''
ေျပာၿပီးသူကလက္ထဲကစာ႐ြက္ကိုလုံးေခ်၍ေနရာမွာပစ္ခ်ထားခဲ့ကာသူ႔ေနရာသူျပန္လာလိုက္၏။
ထိုစဥ္ဆရာမအတန္းထဲဝင္လာၿပီး
''ကဲ ကေလးေတြ စာအုပ္ထုတ္မယ္''
ဆရာမအသံကေရာင္စဥ့္နားထဲပဲ့တင္ထပ္သြားကာလူေတြကလည္းႏွစ္ထပ္ေတြျဖစ္လာေလသည္။
ခဏၾကာေတာ့သူမခႏၶာကိုယ္ကငွက္ေမႊးေလးလိုေပါ့ပါးသြားၿပီးလူကတစ္စုံတစ္ေယာက္လက္ေပၚပစ္လဲက်သြားရေလေတာ့၏။
''ေရာင္စဥ္ သတိထားပါဦး ေရာင္စဥ္''
''ဟဲ့ ေခြးမေလး ထေတာ့လို႔''
အနီးကပ္ၾကားလိုက္ရတဲ့ဖူးသစ္အသံေၾကာင့္ေရာင္စဥ္ေမွးခနဲအိပ္ေပ်ာ္သြားရာမွလန္႔ႏိုးလာရသည္။
''ဘာလဲဟာ ငါအိပ္ေနတာကို''
''နင့္ဖုန္းလာေနတယ္လို႔''
ေရာင္စဥ္အိပ္ရာမွထကာဖူးသစ္လက္ထဲကဖုန္းအားလွမ္းယူလိုက္၏။
''ဟဲလို''
''ဟဲလိုသမီး အန္တီပါ မနက္ကသမီးကူညီလိုက္တဲ့အဖြားတို႔အိမ္က''
ေရာင္စဥ္မ်က္လုံးျပဴးသြားၿပီးဖုန္းကိုျမန္ျမန္ပဲစပီကာဖြင့္လိုက္သည္။
''ဟုတ္အန္တီ''
''သမီးရဲ႕CV foamအန္တီတို႔အိမ္က်န္ခဲ့တယ္သမီး''
''ဪ ဟုတ္လားအန္တီ သမီးကေပ်ာက္လို႔လိုက္ရွာေနတာ''
''ဟုတ္တယ္ သမီးမနက္ကအလုပ္သြားေလွ်ာက္မလို႔ထင္တယ္ဟုတ္လား''
''ဟုတ္ပါတယ္ ဒါေပမယ့္''
ေရာင္စဥ္ေျပာရခက္စြာနဲ႔ပဲစကားအားထိုေနရာမွာရပ္လိုက္၏။
ေဒၚပတၱျမားခင္ကလည္းသေဘာေပါက္စြာနဲ႔
''သမီးအလုပ္ေလွ်ာက္မယ့္အခြင့္အေရးကအန္တီ့အေမေၾကာင့္ပ်က္သြားတယ္မလား''
''ကိစၥမရွိပါဘူးအန္တီရယ္ ရပါတယ္''
''အန္တီအားနာလိုက္တာသမီးရယ္ ဒီလိုလုပ္ပါလားသမီး မနက္ျဖန္က်ရင္အန္တီ့သမီးရဲ႕မဂၤလာႏွစ္ပတ္လည္ပြဲရွိတယ္ သမီးလာခဲ့ပါလား အန္တီသမီးကိုတစ္ခုခုစီစဥ္ေပးပါမယ္''
ေရာင္စဥ္တံေထြးနင္သြားသလိုခံစားလိုက္ရၿပီးျငင္းဖို႔ပါးစပ္ဟတုန္းဖူးသစ္ကလက္အမူအရာေတြနဲ႔ မျငင္းဖို႔အတင္းေတြလုပ္ျပလာ၏။
ေရာင္စဥ္ေခါင္းရမ္းျပေတာ့ဖူးသစ္ကသူမလက္ေမာင္းကိုဆြဲဆိတ္ၿပီးပါးစပ္လႈပ္႐ုံျဖင့္
''လာမယ္ေျပာလိုက္ ျမန္ျမန္ေျပာလိုက္''
''ေတာ္ၿပီ''
''ဟဲလို သမီး ဟဲလို''
''ဟုတ္ဟုတ္အန္တီ သမီးလာခဲ့ပါမယ္''
ေရာင္စဥ္ကိုယ့္ပါးစပ္ကိုသာလက္နဲ႔ျပန္႐ိုက္မိေတာ့သည္။
''ဟုတ္ၿပီသမီး အဲဒါဆိုဒါပဲေနာ္''
''ဟုတ္အန္တီ''
ဖုန္းခ်ၿပီးတာနဲ႔ေရာင္စဥ္ ဖူးသစ္လက္ေမာင္းအားပိတ္႐ို.က္ၿပီး
''အဲဒါနင့္ေၾကာင့္ ငါမသြားခ်င္ဘူး သူနဲ႔မေတြ႕ခ်င္ပါဘူးဆိုေနမွ''
''ဟဲ့ နင္ေသခ်ာစဥ္းစားၾကည့္စမ္း အဲ့ေကာင္နင့္ကိုဘယ္လိုေတြေျပာခဲ့တာလဲ ခုနင္ကအရင္ကနဲ႔လားလားမွ်မဆိုင္ေတာ့ေအာင္အရမ္းလွလာၿပီေလ အဲ့ေကာင္ကိုနင္ျပန္ေခ်ရမယ့္အလွည့္ေရာက္ၿပီ''
''ငါအဲဒါေတြစိတ္မဝင္စားဘူး ငါသူနဲ႔မေတြ႕ခ်င္တာပဲသိတယ္''
''မေတြ႕ခ်င္တာလား မေတြ႕ရဲတာလား''
''ငါ..''
''နင္ဘာမွအပိုေတြေျပာမေနနဲ႔ နင္သူ႔ဆီေနာက္တစ္ေခါက္သြားရမယ္ ဒါပဲ''
ဖူးသစ္ရဲ႕တစ္ခ်က္လႊတ္အမိန္႔ေၾကာင့္ေရာင္စဥ္ဘာမွမေျပာေတာ့ပဲၿငိမ္က်သြား၏။
''ကဲလာ မနက္ျဖန္ပြဲအတြက္အဝတ္အစားစီစဥ္ၾကမယ္''
ေရာင္စဥ္မ်က္ႏွာေလးရႈံ႕မဲ့ကာျဖင့္ဖူးသစ္စီမံသမွ်အသာတၾကည္ၿငိမ္ေနလိုက္ေတာ့သည္။
🌳🍁🍁🌳
4.3.2024