Unicode
''နင့်ရုပ်နင်မှန်ထဲပြန်ကြည့် နင့်ရုပ်ကြီးကိုငါကကြိုက်စရာလား အသားကလည်းမဲသဲနေသေးတယ်''
''ဟား ဟား ဟား''
''ခစ် ခစ်''
သူ့ရဲ့မှိူချိုးမျှစ်ချိုးစကားသံအဆုံးမှာဟားတိုက်လှောင်ပြောင်ရယ်မောသံတွေကသူမနားထဲအလုံးအရင်းနဲ့တိုးဝင်လာလေ၏။
ရောင်စဥ်မျက်လုံးကိုဆတ်ခနဲဖွင့်လိုက်တာနဲ့ဒါဟာအိပ်မက်ဆိုတာသိလိုက်ရပြီးအိပ်ရာမှထထိုင်လိုက်သည်။
''မက်ပြန်ပြီ''
ရောင်စဥ်ကိုယ်ပေါ်ကစောင်ကိုဆွဲဖယ်ပြီးကုတင်အောက်ကအဖြူရောင်မွှေးပွဖိနပ်လေးကိုစီးကာလက်ကောက်ဝတ်ကခေါင်းစည်းကြိုးကိုဆွဲဖြုတ်ပြီးဆံပင်တွေအားဖြစ်သလိုထုံးဖွဲ့လိုက်၏။
ထို့နောက်ရေမြန်မြန်ချိုးကာမှန်တင်ခုံရှေ့မှာဝင်ထိုင်ပြီးမျက်နှာကိုပြင်ဆင်ခြယ်သလိုက်ကာဆံပင်တွေကိုလည်းသေချာသပ်သပ်ရပ်ရပ်ဖြီးသင်ပြီးခေါင်းစည်းကြိုးနဲ့စည်းလိုက်သည်။
အဲဒါပြီးတော့ညကအဆင်သင့်ထုတ်ထားတဲ့အနက်ရောင်style pantလေးနဲ့အဝါရောင်ရှပ်အင်္ကျီလေးကိုတွဲဖက်ဝတ်ဆင်ကာပိုက်တံအိတ်နဲ့ဖိုင်တစ်ခုကိုယူ၍အခန်းထဲမှထွက်လာလိုက်၏။
''morning''
သူမကိုတွေ့တာနဲ့သူငယ်ချင်းမကလှမ်းနှုတ်ဆက်သည်။
''ကြားသားမိုးကြိုးစောစောစီစီးနိုးလို့ပါလား''
''ဘယ်ကသာ ငါအိမ်သာတက်ချင်လို့အစောကြီးနိုးလာတာ''
''ခွေးမ ငါမနက်စာစားမလို့ဟာကို''
''အဟဲ ဆောတီးချင်းဂူး ဟဲ့ နင်ဒီတစ်ခေါက်အင်တာဗျူးကိုအောင်အောင်ဖြေခဲ့နော်''
''သိပါတယ်ဟ အေးဆေး''
''အေးပါ အဲဒါဆိုနင်သွားတော့နော် ငါပြန်သွားအိပ်ဦးမယ်''
''အိပ်ပုပ်မ''
ရောင်စဥ်လည်းကော်ဖီအမြန်ဖျော်ကာကိတ်မုန့်နှစ်ချပ်နဲ့တွဲစားပြီးအိမ်မှထွက်ခဲ့လိုက်တော့သည်။
သူမနဲ့သူမသူငယ်ချင်းဖူးသစ်ဝေကငယ်ငယ်ကတည်းကလည်ပင်းဖက်ပေါင်းလာတဲ့အတွင်းသိအဆင်းသိသူငယ်ချင်းတွေ။
အခုသူမတို့ကနှစ်ယောက်ကွန်ဒိုတိုက်ခန်းဝယ်ထားပြီးအတူနေကြတာပင်။
🌳🍁🍁🌳
ရောင်စဥ်လက်ကနာရီကိုကြည့်ရင်းဘတ်စ်ကားဂိတ်မှာထိုင်နေ၏။
သူမစီးရမယ့်ကားကခုထိရောက်မလာသေးပေ။
''နောက်တော့မကျနိုင်ကောင်း''
ထိုစဥ်
''မြေးလေး''
သူမပုခုံးကိုလာကိုင်ကာခေါ်လိုက်တာကြောင့်ရောင်စဥ့်ကိုယ်လေးတုန်သွားပြီးဘေးကိုအလန့်တကြားလှည့်ကြည့်လိုက်တော့အသက်80ကျော်အဖွားအရွယ်ကသူမအားပြုံးပြကာ
''မြေးလေး''
''ဟုတ်အဖွား''
''အဖွားမြေးလေး ဘယ်တွေလျှောက်သွားနေတာလဲ အဖွားကစိတ်ပူနေတာ''
''အမ်''
''လာ အိမ်ပြန်ကြမယ် အဖွားကမြေးအတွက်အိမ်မှာသကြားလုံးတွေဝယ်ထားတယ်''
ပြောပြောဆိုဆိုနဲ့သူမလက်ကိုဆွဲခေါ်သွားတာကြောင့်ရောင်စဥ်အလန့်တကြားနဲ့လက်ကိုပြန်ဆွဲကာ
''အဖွား အဖွားလူမှားနေပြီ သမီးကအဖွားမြေးမဟုတ်ဘူး''
အဖွားကသူမတင်ပါးအားပိတ်ရို.က်ပြီး
''ဒီကလေးတော့ မဟုတ်တာတွေပြောနေပြန်ပြီ လာအိမ်ပြန်မယ်''
''အယ် ဘယ်သူကမဟုတ်တာပြောတာလဲ ဒုက္ခပါပဲ''
အဖွားကသူမလက်ကိုထပ်ဆွဲလိုက်မှရောင်စဥ်အဖွားလက်ကလက်ပတ်အားသတိထားမိသွားရပြီးလက်ကိုဆွဲကာယူကြည့်လိုက်တော့
''ဟင် စိတ်ဝေဒနာသည် အဖွားမိသားစုကဘယ်လိုလူတွေလဲ စိတ်ဝေဒနာသည်ကိုခုလိုပဲပစ်ထားရလား''
လက်ပတ်မှာလည်းလိပ်စာရေးထားပုံထောက်ရင်အဖွားကအခုလိုအိမ်ကနေခဏခဏထွက်လာတတ်ပုံပင်။
ဒါနဲ့များသေချာဂရုမစိုက်ကြဘူး။
ထိုအခိုက်သူမစီးရမယ့်YBSကမှတ်တိုင်သို့ရောက်လာလေသည်။
ရောင်စဥ် အဖွားကိုတစ်လှည့်လက်ထဲကCV foamကိုတစ်လှည့်ကြည့်ပြီးမှဆုံးဖြတ်ချက်တစ်ခုချလိုက်လေ၏။
အဲဒါက......။
🌳🍁🍁🌳
ခြံထဲမှာရောအိမ်ထဲမှာပါလူအများအပြားအလုပ်ရှုပ်နေကြ၏။
မနက်ဖြန်ကျရင်ဒီအိမ်ကသမီးကြီးရဲ့ငါးနှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့မို့အိမ်မှာရှိတဲ့သူတွေရောသပ်သပ်အလှဆင်ဖို့ငှားထားတဲ့လူတွေရောအကုန်ခြေချင်းတွေလိမ်နေကြသည်။
ထိုအခိုက်...
''မေမေကြီးနဲ့မမကြီးရေ လုပ်ပါဦး ဖွားဖွားကြီးအိမ်မှာမရှိတော့ဘူး''
''ဟင်!''
အိမ်အကူဂျစ်တူးမကအော်ပြောရင်းအိမ်ပေါ်ထပ်မှပြေးဆင်းလာတာကြောင့်ဒေါ်ပတ္တမြားခင်နဲ့လဝန်းရံတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိကြသည်။
လဝန်းရံကချက်ချင်းပဲဖုန်းကိုထုတ်ကာGPSကနေတစ်ဆင့်ကြည့်လိုက်တော့
''ဟမ် ဖွားဖွားကအခုပြန်ရောက်''
သူမစကားမဆုံးခင်bellတီးသံကြားလိုက်ရ၍သူတို့အကုန်အိမ်ရှေ့သို့ပြေးထွက်လာကာခြံတံခါးအားဆွဲဖွင့်လိုက်တော့အဖွားနဲ့အတူမိန်းကလေးတစ်ဦးကိုတွေ့လိုက်ရလေသည်။
ရောင်စဥ်မြင်လိုက်ရတဲ့အမျိုးသမီးသုံးဦးအားသိမ်းကြုံးကြည့်ကာ
''ဟို ဒီအဖွားက ဒီအိမ်ကလား''
''ဟုတ်ပါတယ် ဒါကအန်တီ့အမေပါ''
''ဪ ဟုတ် အဖွားကကျွန်မနဲ့လမ်းမှာတွေ့လို့ပြန်လာပို့ပေးတာပါ''
''ကျေးဇူးတင်လိုက်တာသမီးရယ် အန်တီ့အမေကကျန်းမာရေးသိပ်မကောင်းဘူးကွဲ့ အန်တီတို့လည်းဒီနေ့အလုပ်လေးတွေရှုပ်နေလို့သေချာဂရုစိုက်မကြည့်မိလိုက်တာ သမီးအိမ်ထဲဝင်ပါဦး''
''မဝင်တော့ဘူးအန်တီ ရတယ်''
''လာပါသမီးရယ် သမီးကိုကျေးဇူးတင်လို့တစ်ခုခုနဲ့ပြန်ဧည့်ခံပါရစေ လာပါ''
ထိုအမျိုးသမီးကအတင်းခေါ်၍ရောင်စဥ်လည်းလိုက်သွားလိုက်၏။
ခြံထဲရောက်တော့သူမမျက်လုံးအစုံကတဖျက်ဖျက်လက်သွားရသည်။
စိမ်းလန်းနေတဲ့သစ်ပင်ပုလေးတွေ ပန်းပေါင်းစုံတွေနဲ့ရေတံခွန်တုလေးတွေ ခြံထဲမှာထားထားတဲ့ သမင်ပုံရုပ်တုလေးတွေ အားလုံးကရောင်စဥ့်စိတ်အားချက်ချင်းဖမ်းစားလိုက်နိုင်လေသည်။
လှလိုက်တာဆိုတာ။
ပြီးတော့ယောကျ်ားတစ်ချို့ကခြံထဲမှာမီးတွေစားပွဲတွေဆင်နေ၍ဒီအိမ်မှာပွဲတစ်ခုခုရှိမယ်လို့ရောင်စဥ်ခန့်မှန်းလိုက်မိသည်။
''လာသမီး ခဏထိုင်နော်''
''ဟုတ်ကဲ့''
''ဂျစ်တူး အဖွားကိုအခန်းထဲခေါ်သွားတော့''
''ဟုတ်မေမေကြီး''
သူမလည်းအညိုနုရောင်ဆိုဖာမှာဝင်ထိုင်ကာလက်ထဲကCV foamကိုလည်းစားပွဲပေါ်တင်ထားလိုက်၏။
ကြည့်ရတာဒီမိသားစုပိုက်ဆံအရမ်းရှိပုံပင်။
အိမ်ရဲ့အပြင်အဆင်ကတော်တော်လေးခမ်းနားလွန်းတာ။
ရောင်စဥ်ဧည့်ခန်းပတ်ပတ်ကိုလိုက်ကြည့်ရင်းမှဧည့်ခန်းအလည်တည့်တည့်မှာချိတ်ထားတဲ့ဘွဲ့ဓာတ်ပုံတွေကိုကြည့်ကာမျက်လုံးလေးတွေဝိုင်းစက်သွားရ၏။
''တူနေတယ်''
ရောင်စဥ်ထိုင်ရာမှထကာဓာတ်ပုံကိုအနီးကပ်သွားကြည့်လိုက်၏။
''ရုပ်တူတာပဲလား''
သူမဇဝေဇဝါဖြစ်နေရင်းမှမျက်လုံးကကြိ.တ်သားစင်လေးပေါ့မှာတင်ထားတဲ့ဓာတ်ပုံတွေဆီအကြည့်ရောက်သွားပြီးလူကပြာတောက်သွားရလေတော့သည်။
''နေ နေတံတိုင်း''
မျက်စိရှေ့မြင်နေရတဲ့ကလေးပုံလေးတွေကနေတံတိုင်းမှနေတံတိုင်းအစစ်ပါ။
''နင့်ရုပ်နင်မှန်ထဲပြန်ကြည့် နင့်ရုပ်ကြီးကိုငါကကြိုက်စရာလား အသားကလည်းမဲသဲနေသေးတယ် ရုပ်ဆိုးမ''
နားထဲဲပြန်ကြားယောင်လာတဲ့စကားတွေနဲ့အတူရောင်စဥ်ဘေးတစ်စောင်းလွယ်ထားတဲ့ပိုက်ဆံအိတ်လေးအားကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်းနောက်သို့တဖြည်းဖြည်းဆုတ်လာလိုက်၏။
ထိုအခိုက်သူမနောက်ကျောကတစ်ခုခုနဲ့သွားတိုက်မိကာ
''မင်းဘယ်သူလဲ''
ဆိုတဲ့အသံခပ်သြသြကိုကြားလိုက်ရလေသည်။
စင်ပေါ်မှာတင်ထားတဲ့ဓာတ်ပုံမှန်ဘောင်ကနေတစ်ဆင့် မြင်လိုက်ရတဲ့သူကြောင့်ရောင်စဥ်မူးပါလဲချင်သွားရတော့၏။
''ေ.သပါတော့မိရောင်စဥ်ရယ် နင်သူရှိနေတဲ့ဆီကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့အပြင်အခုသူ့ရင်ခွင်ထဲပါရောက်နေပြီ တစ်ယောက်ယောက်ကျွန်မကိုဒီနေရာကနေအငွေ့ပျံပြီးပျောက်ကွယ်သွားအောင်လုပ်ပေးကြပါ''
ရောင်စဥ်စိတ်ထဲမှစကားတွေတတွတ်တွတ်ပြောနေရင်းလူကလည်းအာခေါင်တွေခြောက်ကာမောပန်းလာရ၏။
''ငါမေးနေတယ် မင်းဘယ်သူလဲ''
တံတိုင်း သူ့ရင်ဘတ်နဲ့ထိနေသောကောင်မလေးအားငုံ့မိုးကြည့်ရင်းထပ်ပေးလိုက်၏။
''မင်းစကားမပြောတတ်ဘူးလား''
သူစိတ်မရှည်စွာနဲ့ပုခုံးကဆွဲလှည့်မယ်လုပ်တော့သူမကလက်ကိုဆွဲဖြုတ်ပြီးသူ့အားတွန်းတိုက်၍နေရာမှထွက်ပြေးသွားတော့သည်။
ရောင်စဥ်လည်းမျက်လုံးစုံမှိတ်ပြီးသူ့အားတွန်းလွှတ်ကာအိမ်ရှေ့ထိထွက်ပြေးလာပြီးဖိနပ်ကိုလည်းလက်နှစ်ဖက်နဲ့ကောက်ကိုင်ကာတင်ပါးနဲ့ခြေဖနောင့်တစ်သားတည်းဖြစ်နေသလားအောက်မော့ရအောင်နောက်ကြောင်းပြန်လှည့်မကြည့်တော့ပဲထွက်ပြေးလာခဲ့လိုက်တော့၏။
ဒေါ်ပတ္တမြားခင်စားစရာတွေနဲ့ပြန်ရောက်လာချိန်ခုနကကောင်မလေးအားမတွေ့ရတော့၍နေရာမှာရပ်နေသောသားဖြစ်သူအား
''သား ဒီမှာရှိနေတဲ့ကောင်မလေးရော''
''မရှိတော့ဘူး သွားပြီ သူဘယ်သူလဲမာမီ''
''သားအဖွားအိမ်ကထွက်သွားပြန်တယ်လေ အဲဒါအဲဒီကောင်မလေးကလာပို့ပေးတာ''
''ဟင် မေမေတို့ကလည်း ဖွားဖွားကိုသေချာဂရုစိုက်ပါဆို''
''အံမာ နေဖင်ထိုးမှအိပ်ရာထတဲ့သူကများ အဲဒါဆိုလည်းမင်းစောစောစီးစီးထပြီးမင်းအဖွားကိုစောင့်ကြည့်နေလေ''
အဲလိုဆိုတော့သူကရယ်ကျဲကျဲနဲ့
''မေမေကလည်း ကျွန်တော်ကအိပ်ရေးမဝရင်ခေါင်းကိုက်တတ်တာသိရဲ့သားနဲ့''
''ဟုတ်ပါပြီ ကောင်မလေးကိုနာမည်တောင်မိတ်မဆက်လိုက်ရဘူး''
တံတိုင်းမျက်လုံးကစားပွဲပေါ်ကအပြာနုရောင်ဖိုင်လေးတစ်ခုကိုတွေ့၍ကောက်ယူကြည့်လိုက်ရာ
''ဟင် CV foam''
ဒေါ်ပတ္တမြားခင်က
''ကောင်မလေးကအလုပ်လျှောက်မလို့များလား''
တံတိုင်း ဖိုင်ထဲကဓာတ်ပုံကိုကြည့်ကာ
''မြင်ဖူးသလိုပဲ ဘယ်မှာပါလိမ့် ကြယ်ရောင်စဥ်
တစ်ဖက်မှာလည်းရောင်စဥ်တစ်ယောက်ခြေဗလာနဲ့ပြေးလာပြီးလမ်းတစ်ဝက်ရောက်မှတစ်ခုခုကိုသတိရသွားပြီးပြေးနေတာကိုရပ်ပစ်လိုက်၏။
''ငါ့CV foam ဟိုအိမ်မှာကျန်ခဲ့ပြီ ဟာ ဒုက္ခပဲ ဘယ်လိုလုပ်ရမလဲ သူသာတွေ့သွားရင်ငါ့ကိုမှတ်မိသွားနိုင်တယ် ပြန်သွားလို့လည်းမဖြစ်ဘူး စိတ်ညစ်လိုက်တာ''
ဖိနပ်နှစ်ဖက်ကိုကိုင်ကာမီးခဲဖင်ခုထိုင်ထားသလိုဆွေ့ဆွေ့ခုန်နေသောသူမအားလမ်းသွားလမ်းလာတွေကအထူးအဆန်းသဖွယ်ကြည့်သွားကြတာကိုလည်းရောင်စဥ်ဂရုမစိုက်အားပေ။
''ငါ့လောက်ကံဆိုးတဲ့သူရှိဦးမှာလား''
သူမအပေါ်ကိုမော့ကာအော်လိုက်စဥ်မျက်နှာပေါ်ဘတ်ခနဲကျလာတဲ့အရာကြောင့်လက်နဲ့ယူကြည့်လိုက်တော့
''ငှက်ချီးတွေ အေး ကောင်းတယ် ဒီ့ထက်ဆိုးတာလေးပါထပ်လာလိုက်ပါလား''
သူမစကားလည်းအဆုံး ကားတစ်စီးကသူမရှေ့ကရေအိုင်ထဲဖြတ်မောင်းသွား၍ရေအိုင်ထဲကဗွက်ရေတွေကသူမကိုယ်ပေါ်သို့ကျရောက်လာတော့သည်။
''ဟာ''
ရောင်စဥ်စိတ်ညစ်လွန်းလို့လမ်းပေါ်ထိုင်ချကာအော်ငိုပစ်လိုက်တော့၏။
''အီးဟီး အမေရေ အမေပြောတော့သူများကိုကူညီရင်ကိုယ့်ဆီကံကောင်းခြင်းတွေရောက်လာမယ်ဆို အခုအမေ့သမီးအဖြစ်ကိုလာကြည့်ဦး သူများအကျိုးဆောင်လိုက်တာကိုယ်ကျိုးပြောင်သွားပြီလို့ အဟင့်''
ရောင်စဥ်မသိလိုက်တာကတစ်စုံတစ်ယောက်ကသူမပုံစံလေးကိုလှမ်းကြည့်ကာသဘောတကျပြုံးနေခဲ့တယ်ဆိုတာပါပဲ။
🌳🍁🍁🌳
4.3.2024
Zawgyi
''နင့္႐ုပ္နင္မွန္ထဲျပန္ၾကည့္ နင့္႐ုပ္ႀကီးကိုငါကႀကိဳက္စရာလား အသားကလည္းမဲသဲေနေသးတယ္''
''ဟား ဟား ဟား''
''ခစ္ ခစ္''
သူ႔ရဲ႕မွိူခ်ိဳးမွ်စ္ခ်ိဳးစကားသံအဆုံးမွာဟားတိုက္ေလွာင္ေျပာင္ရယ္ေမာသံေတြကသူမနားထဲအလုံးအရင္းနဲ႔တိုးဝင္လာေလ၏။
ေရာင္စဥ္မ်က္လုံးကိုဆတ္ခနဲဖြင့္လိုက္တာနဲ႔ဒါဟာအိပ္မက္ဆိုတာသိလိုက္ရၿပီးအိပ္ရာမွထထိုင္လိုက္သည္။
''မက္ျပန္ၿပီ''
ေရာင္စဥ္ကိုယ္ေပၚကေစာင္ကိုဆြဲဖယ္ၿပီးကုတင္ေအာက္ကအျဖဴေရာင္ေမႊးပြဖိနပ္ေလးကိုစီးကာလက္ေကာက္ဝတ္ကေခါင္းစည္းႀကိဳးကိုဆြဲျဖဳတ္ၿပီးဆံပင္ေတြအားျဖစ္သလိုထုံးဖြဲ႕လိုက္၏။
ထို႔ေနာက္ေရျမန္ျမန္ခ်ိဳးကာမွန္တင္ခုံေရွ႕မွာဝင္ထိုင္ၿပီးမ်က္ႏွာကိုျပင္ဆင္ျခယ္သလိုက္ကာဆံပင္ေတြကိုလည္းေသခ်ာသပ္သပ္ရပ္ရပ္ၿဖီးသင္ၿပီးေခါင္းစည္းႀကိဳးနဲ႔စည္းလိုက္သည္။
အဲဒါၿပီးေတာ့ညကအဆင္သင့္ထုတ္ထားတဲ့အနက္ေရာင္style pantေလးနဲ႔အဝါေရာင္ရွပ္အက်ႌေလးကိုတြဲဖက္ဝတ္ဆင္ကာပိုက္တံအိတ္နဲ႔ဖိုင္တစ္ခုကိုယူ၍အခန္းထဲမွထြက္လာလိုက္၏။
''morning''
သူမကိုေတြ႕တာနဲ႔သူငယ္ခ်င္းမကလွမ္းႏႈတ္ဆက္သည္။
''ၾကားသားမိုးႀကိဳးေစာေစာစီစီးႏိုးလို႔ပါလား''
''ဘယ္ကသာ ငါအိမ္သာတက္ခ်င္လို႔အေစာႀကီးႏိုးလာတာ''
''ေခြးမ ငါမနက္စာစားမလို႔ဟာကို''
''အဟဲ ေဆာတီးခ်င္းဂူး ဟဲ့ နင္ဒီတစ္ေခါက္အင္တာဗ်ဴးကိုေအာင္ေအာင္ေျဖခဲ့ေနာ္''
''သိပါတယ္ဟ ေအးေဆး''
''ေအးပါ အဲဒါဆိုနင္သြားေတာ့ေနာ္ ငါျပန္သြားအိပ္ဦးမယ္''
''အိပ္ပုပ္မ''
ေရာင္စဥ္လည္းေကာ္ဖီအျမန္ေဖ်ာ္ကာကိတ္မုန္႔ႏွစ္ခ်ပ္နဲ႔တြဲစားၿပီးအိမ္မွထြက္ခဲ့လိုက္ေတာ့သည္။
သူမနဲ႔သူမသူငယ္ခ်င္းဖူးသစ္ေဝကငယ္ငယ္ကတည္းကလည္ပင္းဖက္ေပါင္းလာတဲ့အတြင္းသိအဆင္းသိသူငယ္ခ်င္းေတြ။
အခုသူမတို႔ကႏွစ္ေယာက္ကြန္ဒိုတိုက္ခန္းဝယ္ထားၿပီးအတူေနၾကတာပင္။
🌳🍁🍁🌳
ေရာင္စဥ္လက္ကနာရီကိုၾကည့္ရင္းဘတ္စ္ကားဂိတ္မွာထိုင္ေန၏။
သူမစီးရမယ့္ကားကခုထိေရာက္မလာေသးေပ။
''ေနာက္ေတာ့မက်ႏိုင္ေကာင္း''
ထိုစဥ္
''ေျမးေလး''
သူမပုခုံးကိုလာကိုင္ကာေခၚလိုက္တာေၾကာင့္ေရာင္စဥ့္ကိုယ္ေလးတုန္သြားၿပီးေဘးကိုအလန္႔တၾကားလွည့္ၾကည့္လိုက္ေတာ့အသက္80ေက်ာ္အဖြားအ႐ြယ္ကသူမအားၿပဳံးျပကာ
''ေျမးေလး''
''ဟုတ္အဖြား''
''အဖြားေျမးေလး ဘယ္ေတြေလွ်ာက္သြားေနတာလဲ အဖြားကစိတ္ပူေနတာ''
''အမ္''
''လာ အိမ္ျပန္ၾကမယ္ အဖြားကေျမးအတြက္အိမ္မွာသၾကားလုံးေတြဝယ္ထားတယ္''
ေျပာေျပာဆိုဆိုနဲ႔သူမလက္ကိုဆြဲေခၚသြားတာေၾကာင့္ေရာင္စဥ္အလန္႔တၾကားနဲ႔လက္ကိုျပန္ဆြဲကာ
''အဖြား အဖြားလူမွားေနၿပီ သမီးကအဖြားေျမးမဟုတ္ဘူး''
အဖြားကသူမတင္ပါးအားပိတ္႐ို.က္ၿပီး
''ဒီကေလးေတာ့ မဟုတ္တာေတြေျပာေနျပန္ၿပီ လာအိမ္ျပန္မယ္''
''အယ္ ဘယ္သူကမဟုတ္တာေျပာတာလဲ ဒုကၡပါပဲ''
အဖြားကသူမလက္ကိုထပ္ဆြဲလိုက္မွေရာင္စဥ္အဖြားလက္ကလက္ပတ္အားသတိထားမိသြားရၿပီးလက္ကိုဆြဲကာယူၾကည့္လိုက္ေတာ့
''ဟင္ စိတ္ေဝဒနာသည္ အဖြားမိသားစုကဘယ္လိုလူေတြလဲ စိတ္ေဝဒနာသည္ကိုခုလိုပဲပစ္ထားရလား''
လက္ပတ္မွာလည္းလိပ္စာေရးထားပုံေထာက္ရင္အဖြားကအခုလိုအိမ္ကေနခဏခဏထြက္လာတတ္ပုံပင္။
ဒါနဲ႔မ်ားေသခ်ာဂ႐ုမစိုက္ၾကဘူး။
ထိုအခိုက္သူမစီးရမယ့္YBSကမွတ္တိုင္သို႔ေရာက္လာေလသည္။
ေရာင္စဥ္ အဖြားကိုတစ္လွည့္လက္ထဲကCV foamကိုတစ္လွည့္ၾကည့္ၿပီးမွဆုံးျဖတ္ခ်က္တစ္ခုခ်လိုက္ေလ၏။
အဲဒါက......။
🌳🍁🍁🌳
ၿခံထဲမွာေရာအိမ္ထဲမွာပါလူအမ်ားအျပားအလုပ္ရႈပ္ေနၾက၏။
မနက္ျဖန္က်ရင္ဒီအိမ္ကသမီးႀကီးရဲ႕ငါးႏွစ္ျပည့္မဂၤလာႏွစ္ပတ္လည္ေန႔မို႔အိမ္မွာရွိတဲ့သူေတြေရာသပ္သပ္အလွဆင္ဖို႔ငွားထားတဲ့လူေတြေရာအကုန္ေျခခ်င္းေတြလိမ္ေနၾကသည္။
ထိုအခိုက္...
''ေမေမႀကီးနဲ႔မမႀကီးေရ လုပ္ပါဦး ဖြားဖြားႀကီးအိမ္မွာမရွိေတာ့ဘူး''
''ဟင္!''
အိမ္အကူဂ်စ္တူးမကေအာ္ေျပာရင္းအိမ္ေပၚထပ္မွေျပးဆင္းလာတာေၾကာင့္ေဒၚပတၱျမားခင္နဲ႔လဝန္းရံတို႔တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္မိၾကသည္။
လဝန္းရံကခ်က္ခ်င္းပဲဖုန္းကိုထုတ္ကာGPSကေနတစ္ဆင့္ၾကည့္လိုက္ေတာ့
''ဟမ္ ဖြားဖြားကအခုျပန္ေရာက္''
သူမစကားမဆုံးခင္bellတီးသံၾကားလိုက္ရ၍သူတို႔အကုန္အိမ္ေရွ႕သို႔ေျပးထြက္လာကာၿခံတံခါးအားဆြဲဖြင့္လိုက္ေတာ့အဖြားနဲ႔အတူမိန္းကေလးတစ္ဦးကိုေတြ႕လိုက္ရေလသည္။
ေရာင္စဥ္ျမင္လိုက္ရတဲ့အမ်ိဳးသမီးသုံးဦးအားသိမ္းႀကဳံးၾကည့္ကာ
''ဟို ဒီအဖြားက ဒီအိမ္ကလား''
''ဟုတ္ပါတယ္ ဒါကအန္တီ့အေမပါ''
''ဪ ဟုတ္ အဖြားကကြၽန္မနဲ႔လမ္းမွာေတြ႕လို႔ျပန္လာပို႔ေပးတာပါ''
''ေက်းဇူးတင္လိုက္တာသမီးရယ္ အန္တီ့အေမကက်န္းမာေရးသိပ္မေကာင္းဘူးကြဲ႕ အန္တီတို႔လည္းဒီေန႔အလုပ္ေလးေတြရႈပ္ေနလို႔ေသခ်ာဂ႐ုစိုက္မၾကည့္မိလိုက္တာ သမီးအိမ္ထဲဝင္ပါဦး''
''မဝင္ေတာ့ဘူးအန္တီ ရတယ္''
''လာပါသမီးရယ္ သမီးကိုေက်းဇူးတင္လို႔တစ္ခုခုနဲ႔ျပန္ဧည့္ခံပါရေစ လာပါ''
ထိုအမ်ိဳးသမီးကအတင္းေခၚ၍ေရာင္စဥ္လည္းလိုက္သြားလိုက္၏။
ၿခံထဲေရာက္ေတာ့သူမမ်က္လုံးအစုံကတဖ်က္ဖ်က္လက္သြားရသည္။
စိမ္းလန္းေနတဲ့သစ္ပင္ပုေလးေတြ ပန္းေပါင္းစုံေတြနဲ႔ေရတံခြန္တုေလးေတြ ၿခံထဲမွာထားထားတဲ့ သမင္ပုံ႐ုပ္တုေလးေတြ အားလုံးကေရာင္စဥ့္စိတ္အားခ်က္ခ်င္းဖမ္းစားလိုက္ႏိုင္ေလသည္။
လွလိုက္တာဆိုတာ။
ၿပီးေတာ့ေယာက်္ားတစ္ခ်ိဳ႕ကၿခံထဲမွာမီးေတြစားပြဲေတြဆင္ေန၍ဒီအိမ္မွာပြဲတစ္ခုခုရွိမယ္လို႔ေရာင္စဥ္ခန္႔မွန္းလိုက္မိသည္။
''လာသမီး ခဏထိုင္ေနာ္''
''ဟုတ္ကဲ့''
''ဂ်စ္တူး အဖြားကိုအခန္းထဲေခၚသြားေတာ့''
''ဟုတ္ေမေမႀကီး''
သူမလည္းအညိဳႏုေရာင္ဆိုဖာမွာဝင္ထိုင္ကာလက္ထဲကCV foamကိုလည္းစားပြဲေပၚတင္ထားလိုက္၏။
ၾကည့္ရတာဒီမိသားစုပိုက္ဆံအရမ္းရွိပုံပင္။
အိမ္ရဲ႕အျပင္အဆင္ကေတာ္ေတာ္ေလးခမ္းနားလြန္းတာ။
ေရာင္စဥ္ဧည့္ခန္းပတ္ပတ္ကိုလိုက္ၾကည့္ရင္းမွဧည့္ခန္းအလည္တည့္တည့္မွာခ်ိတ္ထားတဲ့ဘြဲ႕ဓာတ္ပုံေတြကိုၾကည့္ကာမ်က္လုံးေလးေတြဝိုင္းစက္သြားရ၏။
''တူေနတယ္''
ေရာင္စဥ္ထိုင္ရာမွထကာဓာတ္ပုံကိုအနီးကပ္သြားၾကည့္လိုက္၏။
''႐ုပ္တူတာပဲလား''
သူမဇေဝဇဝါျဖစ္ေနရင္းမွမ်က္လုံးကႀကိ.တ္သားစင္ေလးေပါ့မွာတင္ထားတဲ့ဓာတ္ပုံေတြဆီအၾကည့္ေရာက္သြားၿပီးလူကျပာေတာက္သြားရေလေတာ့သည္။
''ေန ေနတံတိုင္း''
မ်က္စိေရွ႕ျမင္ေနရတဲ့ကေလးပုံေလးေတြကေနတံတိုင္းမွေနတံတိုင္းအစစ္ပါ။
''နင့္႐ုပ္နင္မွန္ထဲျပန္ၾကည့္ နင့္႐ုပ္ႀကီးကိုငါကႀကိဳက္စရာလား အသားကလည္းမဲသဲေနေသးတယ္ ႐ုပ္ဆိုးမ''
နားထဲဲျပန္ၾကားေယာင္လာတဲ့စကားေတြနဲ႔အတူေရာင္စဥ္ေဘးတစ္ေစာင္းလြယ္ထားတဲ့ပိုက္ဆံအိတ္ေလးအားက်စ္က်စ္ပါေအာင္ဆုပ္ကိုင္ရင္းေနာက္သို႔တျဖည္းျဖည္းဆုတ္လာလိုက္၏။
ထိုအခိုက္သူမေနာက္ေက်ာကတစ္ခုခုနဲ႔သြားတိုက္မိကာ
''မင္းဘယ္သူလဲ''
ဆိုတဲ့အသံခပ္ၾသၾသကိုၾကားလိုက္ရေလသည္။
စင္ေပၚမွာတင္ထားတဲ့ဓာတ္ပုံမွန္ေဘာင္ကေနတစ္ဆင့္ ျမင္လိုက္ရတဲ့သူေၾကာင့္ေရာင္စဥ္မူးပါလဲခ်င္သြားရေတာ့၏။
''ေ.သပါေတာ့မိေရာင္စဥ္ရယ္ နင္သူရွိေနတဲ့ဆီကိုဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္လာတဲ့အျပင္အခုသူ႔ရင္ခြင္ထဲပါေရာက္ေနၿပီ တစ္ေယာက္ေယာက္ကြၽန္မကိုဒီေနရာကေနအေငြ႕ပ်ံၿပီးေပ်ာက္ကြယ္သြားေအာင္လုပ္ေပးၾကပါ''
ေရာင္စဥ္စိတ္ထဲမွစကားေတြတတြတ္တြတ္ေျပာေနရင္းလူကလည္းအာေခါင္ေတြေျခာက္ကာေမာပန္းလာရ၏။
''ငါေမးေနတယ္ မင္းဘယ္သူလဲ''
တံတိုင္း သူ႔ရင္ဘတ္နဲ႔ထိေနေသာေကာင္မေလးအားငုံ႔မိုးၾကည့္ရင္းထပ္ေပးလိုက္၏။
''မင္းစကားမေျပာတတ္ဘူးလား''
သူစိတ္မရွည္စြာနဲ႔ပုခုံးကဆြဲလွည့္မယ္လုပ္ေတာ့သူမကလက္ကိုဆြဲျဖဳတ္ၿပီးသူ႔အားတြန္းတိုက္၍ေနရာမွထြက္ေျပးသြားေတာ့သည္။
ေရာင္စဥ္လည္းမ်က္လုံးစုံမွိတ္ၿပီးသူ႔အားတြန္းလႊတ္ကာအိမ္ေရွ႕ထိထြက္ေျပးလာၿပီးဖိနပ္ကိုလည္းလက္ႏွစ္ဖက္နဲ႔ေကာက္ကိုင္ကာတင္ပါးနဲ႔ေျခဖေနာင့္တစ္သားတည္းျဖစ္ေနသလားေအာက္ေမာ့ရေအာင္ေနာက္ေၾကာင္းျပန္လွည့္မၾကည့္ေတာ့ပဲထြက္ေျပးလာခဲ့လိုက္ေတာ့၏။
ေဒၚပတၱျမားခင္စားစရာေတြနဲ႔ျပန္ေရာက္လာခ်ိန္ခုနကေကာင္မေလးအားမေတြ႕ရေတာ့၍ေနရာမွာရပ္ေနေသာသားျဖစ္သူအား
''သား ဒီမွာရွိေနတဲ့ေကာင္မေလးေရာ''
''မရွိေတာ့ဘူး သြားၿပီ သူဘယ္သူလဲမာမီ''
''သားအဖြားအိမ္ကထြက္သြားျပန္တယ္ေလ အဲဒါအဲဒီေကာင္မေလးကလာပို႔ေပးတာ''
''ဟင္ ေမေမတို႔ကလည္း ဖြားဖြားကိုေသခ်ာဂ႐ုစိုက္ပါဆို''
''အံမာ ေနဖင္ထိုးမွအိပ္ရာထတဲ့သူကမ်ား အဲဒါဆိုလည္းမင္းေစာေစာစီးစီးထၿပီးမင္းအဖြားကိုေစာင့္ၾကည့္ေနေလ''
အဲလိုဆိုေတာ့သူကရယ္က်ဲက်ဲနဲ႔
''ေမေမကလည္း ကြၽန္ေတာ္ကအိပ္ေရးမဝရင္ေခါင္းကိုက္တတ္တာသိရဲ႕သားနဲ႔''
''ဟုတ္ပါၿပီ ေကာင္မေလးကိုနာမည္ေတာင္မိတ္မဆက္လိုက္ရဘူး''
တံတိုင္းမ်က္လုံးကစားပြဲေပၚကအျပာႏုေရာင္ဖိုင္ေလးတစ္ခုကိုေတြ႕၍ေကာက္ယူၾကည့္လိုက္ရာ
''ဟင္ CV foam''
ေဒၚပတၱျမားခင္က
''ေကာင္မေလးကအလုပ္ေလွ်ာက္မလို႔မ်ားလား''
တံတိုင္း ဖိုင္ထဲကဓာတ္ပုံကိုၾကည့္ကာ
''ျမင္ဖူးသလိုပဲ ဘယ္မွာပါလိမ့္ ၾကယ္ေရာင္စဥ္
တစ္ဖက္မွာလည္းေရာင္စဥ္တစ္ေယာက္ေျခဗလာနဲ႔ေျပးလာၿပီးလမ္းတစ္ဝက္ေရာက္မွတစ္ခုခုကိုသတိရသြားၿပီးေျပးေနတာကိုရပ္ပစ္လိုက္၏။
''ငါ့CV foam ဟိုအိမ္မွာက်န္ခဲ့ၿပီ ဟာ ဒုကၡပဲ ဘယ္လိုလုပ္ရမလဲ သူသာေတြ႕သြားရင္ငါ့ကိုမွတ္မိသြားႏိုင္တယ္ ျပန္သြားလို႔လည္းမျဖစ္ဘူး စိတ္ညစ္လိုက္တာ''
ဖိနပ္ႏွစ္ဖက္ကိုကိုင္ကာမီးခဲဖင္ခုထိုင္ထားသလိုေဆြ႕ေဆြ႕ခုန္ေနေသာသူမအားလမ္းသြားလမ္းလာေတြကအထူးအဆန္းသဖြယ္ၾကည့္သြားၾကတာကိုလည္းေရာင္စဥ္ဂ႐ုမစိုက္အားေပ။
''ငါ့ေလာက္ကံဆိုးတဲ့သူရွိဦးမွာလား''
သူမအေပၚကိုေမာ့ကာေအာ္လိုက္စဥ္မ်က္ႏွာေပၚဘတ္ခနဲက်လာတဲ့အရာေၾကာင့္လက္နဲ႔ယူၾကည့္လိုက္ေတာ့
''ငွက္ခ်ီးေတြ ေအး ေကာင္းတယ္ ဒီ့ထက္ဆိုးတာေလးပါထပ္လာလိုက္ပါလား''
သူမစကားလည္းအဆုံး ကားတစ္စီးကသူမေရွ႕ကေရအိုင္ထဲျဖတ္ေမာင္းသြား၍ေရအိုင္ထဲကဗြက္ေရေတြကသူမကိုယ္ေပၚသို႔က်ေရာက္လာေတာ့သည္။
''ဟာ''
ေရာင္စဥ္စိတ္ညစ္လြန္းလို႔လမ္းေပၚထိုင္ခ်ကာေအာ္ငိုပစ္လိုက္ေတာ့၏။
''အီးဟီး အေမေရ အေမေျပာေတာ့သူမ်ားကိုကူညီရင္ကိုယ့္ဆီကံေကာင္းျခင္းေတြေရာက္လာမယ္ဆို အခုအေမ့သမီးအျဖစ္ကိုလာၾကည့္ဦး သူမ်ားအက်ိဳးေဆာင္လိုက္တာကိုယ္က်ိဳးေျပာင္သြားၿပီလို႔ အဟင့္''
ေရာင္စဥ္မသိလိုက္တာကတစ္စုံတစ္ေယာက္ကသူမပုံစံေလးကိုလွမ္းၾကည့္ကာသေဘာတက်ၿပဳံးေနခဲ့တယ္ဆိုတာပါပဲ။
🌳🍁🍁🌳
4.3.2024