The Person

By poehaythiko

707 51 5

ထာဝရကိုယ့်အပိုင် Complete ✅ writer -Poe More

I liked the wrong person!!
To begin bf:3
Holiday

Alcohol!

137 10 0
By poehaythiko

စိတ်ညစ်ညစ်နဲ့ဘာလုပ်လို့ဘာကိုင်ကမှန်းမသိလို့ အပျင်းအပြေbarလေးသွားမိပါတယ်။ခုတော့ နာညီးမခံနိုင်တာကြောင့်ပြန်ထွက်ဖို့လုပ်နေခြင်း။သူဟာသောက်နိုင်တဲ့သူမဟုတ်တာကြောင့်သောက်ဖို့မဟုတ်ဘဲအသစ်အဆန်းလေးများရှိမလားဆိုသည့်စိတ်ကူးကြောင့်လာခဲ့ခြင်းပင်။

တွေးနေတုန်း သူ့ဘေးနားကောင်မလေးတစ်ယောက်ရောက်လာခဲ့ပြီးအရက်ငဲ့ပေးသည်။မသောက်ဘူးလို့ငြင်းနေပေမဲ့လည်းအတင်းတိုက်နေတာကြောင့် ဘယ်နှစ်ခွက်တွေကုန်သွားမှန်းမသိ။ခေါင်းတွေအရမ်းမူးနှောက်နေကာမြင်နေကသည့်မြင်ကွင်းမှာဝါးတားတား။မတ်တပ်ရပ်လိုက်ရင်လဲသွားမည့်အခြေနေ။လူကအိပ်ချင်လာသလိုလိုဖစ်ကာမျက်လုံးတွေပင်မဖွင့်နိုင်တော့။မပိတ်သွာခင်ကောင်မလေးကနမ်းဖို့ရွယ်သည်ကိုတစ်ယောက်ယောက်တွန်းထုတ်တာခံလိုက်ခြင်းကိုတော့တွေ့လိုက်ရသည်။ထို့နောက်ကြားလိုက်ရသည့်ခပ်ဩဩအသံ

' ကိုယ့်အချစ်ကဒီမှာပဲ '

______________________________

ကိုက်နေသည့်ခေါင်းနှင့်အတူနိုးလာပေမဲ့ မရင်းနှီးသည့်ပတ်ဝန်းကျင်ကြောင့်ဘေးပတ်ပတ်လည်ကိုကြည့်လိုက်ပေမဲ့ဘားမှမတွေ့။ညကအကြောင်းပြန်စဉ်းစားကြည့်ပေမဲ့လည်းစကားတစ်ခွန်းကလွဲရင်ဘားမှမပေါ်လာ။ဘာတဲ့!...အချစ်..ဟို..ဟိုကောင်လား?မဖြစ်နိုင်ပါဘူးသူ့လိုကောင်ကအဲ့လိုနေရာမျိုးသွားမလား။မဟုတ်ဘူး...မဟုတ်‌တာတွေမ‌ေတွးနဲ့winnie။

ဒါပေမဲ့လည်းသူတွေးထားတာနဲ့တစ်ခြားစီ။အခန်းတံခါးပွင့်သံနှင့်အတူ ဘောင်းဘီအိတ်ထဲလက်ထည့်ထားသည့်သူတစ်ယောက်။ဘယ်သူဘယ်ဝါမှန်းမသိတာကြောင့် မျက်မှောင်ကျုံ့ကာစိုက်ကြည့်တော့မှ....ဟိုနွားးး!

"Oww နိုးနေပီလား အချစ် "

" ည..ညက မင်း..မင်း "

" ကိုယ်က ဘာဖြစ်လဲ "

" မင်းbarကိုရောက်လာခဲ့တာလား "

" အွန်းးးး မဟုတ်ရင် အချစ်ဘယ်လိုလုပ်ကိုယ့်အခန်းထဲရှိနေမလဲ "

" ဘ..ဘာ! မင်းအခန်း "

သူ့အရှေ့ကအကောင်ပေါက်ကြောင့် သူရယ်မိသည်။သူအခန်းလို့ပြောလိုက်တော့ ချက်ချင်းခန္ဓာကိုယ်ကိုဟိုစစ်ဒီစစ် ။ကြည့်ရတာမမှတ်မိသည့်ပုံ။ညကအလွန်မူးပြီးအိပ်ပျော်သွားတဲ့အကောင်ပေါက်က အရမ်းချစ်ဖို့ကောင်းလွန်းသည်။ပါးစပ်ကလဲဘာတွေပြောလို့ပြောမှန်းမသိ။သူ့အိမ်ကိုလိုက်ပို့ဖို့ကအရမ်း‌ေဝးလွန်းတာ‌ေကြာင့်ကိုယ့်အိမ်သာ‌ေခါ်လာရခြင်း။

အိပ်ယာပေါ်တင်ပေးကာ အင်္ကျီလဲပေးဖို့လုပ်တော့အတင်းပြန်ဆွဲယူသည် အဲ့တာနဲ့ပဲဒီတိုင်းပဲထားလိုက်ရတယ်။အမှောင်ချထားတဲ့သူ့အခန်းထဲလရောင်မှာဖြာကျလို့နေသည်။လရောင်မှိန်မှိန်အောက်မှအမူးသမားလေးမှာပါးလေးရဲပြီးအလွန်ချစ်စရာကောင်းသည်။အဲ့အကောင်ပေါက်လေးကလူကသာ23နှစ်ရှိတယ်ပြောတာ3နှစ်သားလိုပဲ။ပြုံးလိုက်ရင်မို့တက်သွားတဲ့ပါးပြင်လေးရယ် စိုစိုပြေပြေနှုတ်ခမ်းသားရဲရဲလေးရယ်နှာတံချွန်ချွန်လေးရယ်ကအရမ်းဆွဲဆောင်နိုင်တာပဲ။စိတ်ရှိလက်ရှိသာလုပ်ပစ်လိုက်ရင် ရစရာရှိမှာမဟုတ်။

ခုလဲကြည့်လုပ်နေတဲ့ပုံကချစ်စရာအတိ။

"ဟေ့..ဟေ့ကောင် ခေါ်နေတာကြားလား "

"အ..အမ်း "

"ည..ညက မင်းငါ့..ငါ့ကိုတစ်ခုခုလုပ်လိုက်သေးလား "

စောင်အားလည်ပင်းရင်းနားထိခြုံကာသူ့အားမေးနေပုံက..အားးးးး ခဗျားကြောင့်ရူးတော့မှာပဲ Thanawin ရေ။

"ဟေ့ကောင် မေးနေရင်ဖြေလေ "

" အဟမ်းး "

" ဟေ့ကောင် မင်းလူစကားနားမလည်ဘူးလား "

အရှေ့က‌အကောင်ပေါက်ကြောင့်သူ့မှစချင်စိတ်ကတစ်ဖွားဖွား။

" အဟွန်း...ကိုယ်သာလုပ်ခဲ့ရင်အချစ်အခုလိုဖစ်နေပါ့မလား "

"မင်းး..မင်း"

" ဟဟ စတာ "

" ဖြစ်ချင်းဖြစ် ငါအပေါ်ဘဲ ဟျောင့် "

" ကိုယ့်ပေါင်ပေါ်လား "

သူစသလိုပြောတော့ထွက်လာသည့်အသံစူးစူးလေး နားဝင်ချိုလိုက်တာ။

" တိရစ္ဆာန်ကောင် "

_______________________

" တဟင်းဟင်းနဲ့ဘာဖစ်နေတာလဲ "

သက်ပြင်းအခါခါချနေသည့်သူ့အားသူငယ်ချင်းဖြစ်သူmarkမှာမေးခြင်း။

" ဘာဖစ်ကမလဲ မင်းစတဲ့ဇာတ်လမ်း ဇာတ်သိမ်းလို့မရတော့ဘူး "

"ဘယ်လိုလဲ..အဆင်ပြေလား"

" မင်းဘိုးအေကို အဆင်ပြေရမလားကွ တစ်နေ့တစ်နေ့လိုက်ကပ်နေတာ ပကျိလိုပဲ "

"အိုဟိုးးး မင်းတုန်းကလဲသူ့ကိုအဲ့လိုလိုက်ကပ်ခဲ့တာပဲလေ "

"ဒီလိုဖစ်မှန်းသိခဲ့ရင်မလိုက်ခဲ့ဘူး!"

"ခုလိုက်ပြီးသွားပြီလေ "

"Ai mark မစပဲနေလို့မရဘူးလား "

" မရလောက်ဘူးထင်တယ် စ ကြောမဖြတ်ထားမိဘူး "

" Ai sh*t "

"မင်းတို့တိုးတိုးနေစမ်းပါ ငါစာအာရုံစိုက်လို့မရဘူး "

သူတို့နှစ်ယောက်ရန်ဖစ်နေသည်ကိုဘေးနားမှဆရာမပြောသမျှလိုက်မှတ်နေသူcaptainမှထပြောသည်။

"Oww..ရင်းကြီးခွင်ကျယ်တွေလုပ်မနေနဲ့ မင်းဘယ်တုန်းကစာလုပ်လို့လဲ "

" ဟျောင့်တွေ လစ်ကြမလား "

"ဘယ်ကိုလဲ "

" ညီမလေးတွေဆီ "

" ဒီဖေ.."

"တော်ကြတော့ကွာ...ဂိမ်းဆိုင်လစ်မလား?"

"မဆိုးဘူးငါ့ကောင်ရ..သွားမယ်"

"မြန်မြန်လာဟနွားရဲ့"

ဆရာမအလစ်ဂိမ်းဆိုင်သွားဖို့ထိုင်ရာမှထကာအမြန်လစ်ရန်သွားသော်တစ်ယောက်ယောက်ထံမှလှမ်းဆွဲခြင်းခံရ။ရှီးးယားးအလစ်ထွက်ပါတယ်ဆို ဘယ်ကောင်လဲလာဆွဲတာ။

လှည့်ကြည့်ရင်းမှအရှိန်လွန်သွားတာကြောင့်ထိုလူ၏ပေါင်ပေါ်သို့ကျသွား၏။ဘယ်သူလဲသေချာကြည့်မှ.. satangဆိုတဲ့ကောင်။မရမကတွန်းထပေမဲ့ခါးကိုဖတ်လာသည့်လက်တွေ။ပိုရုန်းလေပိုတင်းအောင်ဖက်လေပဲ။ဟိုနှစ်ကောင်ကိုကြည့်လိုက်တော့လဲပြုံးစိစိနဲ့ထွက်သွားကြ။အားကိုးလို့မရတဲ့ကောင်‌တွေ!!

" ဘယ်သွားမလို့လဲ အချစ်.."

" ငါ့ဟာငါဘယ်သွားသွားမင်းနဲ့မဆိုင်ဘူး လွှတ်စမ်းကွာ "

"ဆိုင်တာပေါ့ ကိုယ်ကမင်းရဲ့ ကောင်လေးလေ "

" မင်းကိုဘယ်သူလက်ခံလို့လဲ လွှတ်ကွာ "

တွန်းဖယ်သည့်လက်များအားဆွဲကာသူ့ဘေးနားသို့ထိုင်စေသည်။ထိုနောက်စကားဆိုလာတယ်။

" ကိုယ့်နားမှာ ငြိမ်ငြိမ်လေးနေပြီးစာလုပ် မဟုတ်လို့ကတော့..."

ပေါင်အားညစ်ပြီးပြောလာတော့သူ့မှာလန့်မိသား။ငါ့လိုလူကဒီကောင်ကိုလန့်တာမဖြစ်နိုင်စရာကြီး။ထွက်လဲလွှတ်ပေးမည့်ပုံမပေါ်တာကြောင့်ဆူပုတ်ကာထိုင်နေမိသည်။ဘေးကကောငါကိုကြည့်တော့ပြုံးဖြီးနေတာများ။အမြင်ကတ်လိုက်တာအဲ့အပြုံးကို။

Title နဲ့လဲမလိုက်ဘာတွေရေးမှန်းမသိနော့်😞🤏🏻

Continue Reading

You'll Also Like

6.1K 836 16
" Mission failed" GEMINI X FOURTH
1.5K 278 10
/ ချစ်ခြင်းအစ အီတလီက / GEMINI×FOURTH
7.5K 931 12
ပုံပြင်လေးတစ်ပုဒ်ရှိတယ် ဟန်နီ..... ဟိုးရှေးရှေးတုန်းက...... တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတဲ့ချစ်သူတွေရှိကြသတဲ့..... ဘယ်လောက်ပဲချစ်ခဲ့ ချစ်ခဲ့ ပုံပြင...
3.9K 210 19
Second story of the new series