နတ်နဂါးစစ်သည်

By purefeather199

21.3K 1.8K 21

နတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရ... More

အခန်း 1+2 (ငါ ပြန်လာခဲ့မယ်)
အခန်း 3+4 (အရင်းနှီးဆုံး သူစိမ်း)
အခန်း 5+6(အခန်းဖော်)
အခန်း 7+8(အလှနတ်သမီး၏အခြွေံအရံများ)
အခန်း 9+10(ရှောင်ဖို့ပဲတတ်တာလား)
အခန်း 11+12(အဓိပ္ပါယ်မရှိတဲ့ အောက်ဆုံးစည်း)
အခန်း 13+14(အားလုံးကို ထိန်းသိမ်း)
အခန်း 15+16(ရှေ့နေများ၏အဝိုင်းခံရခြင်း)
အခန်း 17+18(ပျားရည်ထောင်ချောက်များပင် အလုပ်မဖြစ်)
အခန်း 19+20(ဒီခန္ဓာကတော့တစ်ခုခုမှားနေပြီ)
အခန်း 21+22(ချောင်ပိတ်မိခြင်း)
အခန်း 23+24(လိမ္မာပါးနပ်တဲ့ရဲ)
အခန်း 25+26(ရုတ်တရက်ရောက်လာသောသတင်းထောက်များ)
အခန်း 27+28(အနည်းငယ်ခံစားသွားရခြင်း)
အခန်း 29+30(မထိန်းချုပ်နိုင်သောစွမ်းအားများ)
အခန်း 31+32(ဂိုဏ်းလေးဂိုဏ်း၏နောက်ခံ)
အခန်း 33+34(၅ မိနစ်တည်းနဲ့ အမှောက်သိပ်မယ်)
အခန်း 35+36 (သူ့ကို ခေါ်သွားချင်ရင် ငါတို့ စည်းကမ်းအတိုင်း လုပ် ))
အခန်း 37+38( ပြဿနာဒုတ်ထိုးရှာသူ )
အခန်း 39+40(အကြီးအကဲများ)
အခန်း 41+42(ခွန်အား စမ်းသပ်မှု )
အခန်း 43+44(အမှတ်မထင် တိုက်ပွဲတခု )
အခန်း 45+46(အမျိုးသမီး နှစ်ဦးကြားမှ အလောင်းအစား )
အခန်း 47+48 (ငါ မဖမ်းရဲတဲ့သူ မရှိဘူး )
အခန်း 49+50 ( ပန်းကလေး၏ စောင့်ရှောက်သူများ ဒေါသထွက်ခြင်း )
အခန်း 51+52( ရန်ငြိုးတွေ ရှိရင် အခုညပဲ အပြတ်ရှင်းရအောင် )
အခန်း 53+54 (သေမင်းတမန် ထိုးသတ်ပွဲ ဖိတ်ကြားလွှာ )
55+56 (သေမင်းတမန် ထိုးသတ်ပွဲအား လက်ခံခြင်း )
57+58( ကြိုတင်ပြင်ဆင်ခြင်း )
59+60( အကဲဖြတ်မှု ( ၁ ) ( တုံ့ပြန်မှု အမြန်နှုန်း )
61+62(မျက်လုံးအုပ်၍ ပစ်ခတ်ခြင်း )
63+64(အားကုန်သုံးပြီး ငါ့ကို ထိုးစမ်းပါ...)
65+66(လုံးဝ အကြံပြုတယ်...)
67+68( စောင့်နေရတာ တန်ရဲ့လား.... )
69+70(အခြေအနေ)
71+72(သူ ငါ့ရည်းစားဖြစ်လာရစေမယ်)
73+74( မတူညီသော အတွေးကိုယ်စီ )
75+76(မခူးဆွတ်ရက်သောပန်းတစ်ပွင့်)
77+78(ဒီအရူးကောင်ကတော့)
79+80(ကြောက်မက်ဖွယ်ရာတို့၏အစ)
အခန်း ၈၁ (ငါတို့ မစ်ရှင်ကို နင်ဘယ်လိုသိတာလဲ)
အခန်း ၈၂ (ငါမင်းနဲ့ကစားမယ်)
အခန်း ၈၃ (လှည့်စားမှု)
အခန်း ၈၄ - ငါ့မှာ သဘောကျတဲ့သူ ရှိပြီးသား
အခန်း ၈၅ ( ရှုချန်း လုပွဲ )
အခန်း ၈၆( လင်ချူရွယ်အား ပိုးပန်းနေသူ )
အခန်း ၈၇ ( တဲဗက်စ် မိသားစုပိုင် ကာစီနိုသို့ အလည်တခေါက် )
အခန်း ၈၈( လောင်းကစားဟူသည် အနုပညာတမျိုး...)
အခန်း ၈၉(အပျော်တမ်း ဖဲရိုက်ကြတာပေါ့... )
အခန်း ၉၀ (အလောင်းအစား)
အခန်း ၉၁ ( ဒီကောင်လေး ပြောင်းလဲသွားပြီ )
အခန်း ၉၂ (စာစဥ် ၇) (အချစ်လေး... ကိုယ့်ကို ဖဲဆော့ဖို့ ပိုက်ဆံ နည်းနည်းချေး )
အခန်း ၉၃ (မင်း တိုက်ပေါ်က ခုန်ခုချင်လည်း ပိုမြင့်တဲ့ တိုက်ကိုရှာ )
အခန်း ၉၄ ( အကြွင်းမဲ့ ပြောင်းလဲခြင်း တစ်ခု )
အခန်း ၉၅(ဒီခံစားချက်ကို လွမ်းတာ ကြာပြီ )
အခန်း ၉၆(ခေါင်းဆောင် ရဲ့ အမိန့်ကို နာခံ )
အခန်း ၉၇
အခန်း ၉၈ +၉၉
အခန်း ၁၀၀+၁၀၁
102+103
104+105
106+107
108+109
110+111
112+113
114+115
116+117
118+119
120+121
122+123
124+125
126+127
128+129
131+132
133+134
အခန်း ၁၃၅ ( သွေးကြွေးပြန်တောင်းရန် ရောက်လာသူများ )
အခန်း ၁၃၆ ( ပုန်းလျှိုးကွယ်လျှိုး )
အခန်း ၁၃၇ ( မယုံနိုင်ဖွယ် ဖြစ်ရပ် )
အခန်း ၁၃၈ ( ရှန်ဝမ်ဆန်း )
အခန်း ၁၃၉ ( အဲဒီ ရှုချန်း အစစ်ပဲ... )
အခန်း ၁၄၀
အခန်း ၁၄၁
၁၄၂( အထီးဖြစ်ဖြစ် အမ ဖြစ်ဖြစ် ဂရုမစိုက်ဘူး )
၁၄၃( ဒီကလေးက ငယ်လွန်းသေးပါတယ်... )
၁၄၄( အသန်မာဆုံး B အဆင့် )
၁၄၅( လင်လဲ့ နေထိုင်ခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက် )
၁၄၆( လီတ့ဟွမ်၏ အဆုံးသတ် )
၁၄၇( ကျုပ်မသွားခင် တံခါးဝဂိုဏ်း လေးခုလုံးကို ရှင်းသွားမယ်...)
၁၄၈( လုပ်ရိုးလုပ်စဥ် အတိုင်း စစ်ဆေးမယ် )
၁၄၉( ဟဲထျန်း ၏ ဗျူဟာ )
၁၅၀( အားလုံးကို ဖမ်းဆီးထိန်းသိမ်းခြင်း )
၁၅၁( ကျုပ်တို့ သူဌေးက ခင်ဗျားကို စကား တစ်ခွန်းလောက် ပြောချင်လို့တဲ့... )
၁၅၂( ကျုပ်ကို ခြိမ်းခြောက်ခဲ့တဲ့သူတွေ အခု ဘာဖြစ်နေလဲ သိလား... )
၁၅၃( ညီလေး... စားနော်...)
၁၅၄( စစ်ဒေသ ၃၆ ခု ပြိုင်ပွဲ )
၁၅၅( တကယ်ကို ထိုက်တန်ပါတယ်... )
၁၅၆(နောက်ယောင်ခံ လိုက်ခြင်း )
၁၅၇( ကျုပ် ရှာဖွေရေး ဝရမ်း လိုတယ် )
၁၅၈(ဖော်ထုတ်ခံရပြီ )
၁၅၉(အင်အားသုံး )
၁၆၀( ဟာကွက် အပြည့်နှင့် )
၁၆၁( ခေတ်တစ်ခေတ် အဆုံးသတ်ခြင်း )
၁၆၂( အနာဂတ်မှာ မင်းဘယ်လောက်ထိ အောင်မြင်မလဲဆိုတာ ငါ တကယ်ကိုမြင်ချင်ပါတယ်...)
၁၆၃( ပိုက်ကွန်ထဲမှ လွတ်သွားသော ငါးတစ်ကောင် )
၁၆၄
၁၆၅( သောက်ကျိုးတော့နည်းကုန်ပြီ ယောက်ဖရေ...)
၁၆၆( နင့်သူငယ်ချင်းက နင့် ယောက်ျားကို ဖွင့်ပြောလိုက်ပြီ...
၁၆၇( ရှန်ယောင် ချန်ခဲ့သော စာတစ်စောင် )
၁၆၈( ကတိ )
၁၆၉( ငါပြန်လာပြီ )
၁၇၀( မောက်မာသော လူသစ် )
၁၇၁( စီနီယာများနှင့် ဂျူနီယာများ အကြားမှ စစ်ရေးလေ့ကျင့်မှု )
၁၇၂( တစ်ကိုယ်တော် အစွမ်း )
၁၇၃( ဒီကောင် ဘာ အခွင့်အရေးမှ မရစေရဘူး )
၁၇၄( ပြည့်စုံသော လမ်းကြောင်း )
၁၇၅( မခုတ်တတ်တဲ့ကြောင် )
၁၇၆( စိတ်လှုပ်ရှားစရာ မရှိသလောက်ပါပဲ... )
၁၇၇( ငါတို့ TV အစီအစဥ် တစ်ခုမှ ပါရမယ် )
၁၇၈( ငါ လုပ်နိုင်တယ် )
၁၇၉( လင်ချူရွယ် )
၁၈၀( လေးလေးနက်နက် တွေးတောခြင်း )
အခန်း ၁၈၁( ထပ်ပြီးတော့ ရှုချန်းပဲလား... )
၁၈၂ + ၁၈၃( စစ်ဒေသ ငါးတွင် လူသစ်ကလေး ထင်တိုင်းကြဲရမည့် အလှည့် မရောက်သေးချေ...)
အခန်း ၁၈၄( အသက်တွေလည်း ကြီးပါပြီ... လှေကားက ဆင်းတာပဲ ကောင်းပါတယ်...)
အခန်း ၁၈၅ + ၁၈၆( မင်း မျက်ခွက် )
အခန်း ၁၈၇ + ၁၈၈(တစ်လောကလုံး နဲ့ စစ်ပြိုင်မယ် )
အခန်း ၁၈၉ + ၁၉၀( အရှက်မရှိ... )
အခန်း ၁၉၁ + ၁၉၂ + ၁၉၃( အမျိုးသမီး စစ်ယူနီဖောင်း )
အခန်း ၁၉၄ + ၁၉၅( ကံမကောင်းလွန်းသူကို ရန်ရှန်း ဟု ခေါ်သည်...)
၁၉၆ + ၁၉၇( ခင်ဗျား ရုပ်ရှင် ရိုက်ရင်လည်း ဒီလို အက်ရှင်ကားမျိုး ရိုက်စမ်းဗျာ... )
အခန်း ၁၉၈+၁၉၉( နဖူးပြင်ထက်မှ အနမ်းပန်း တစ်ပွင့် )
အခန်း ၂၀၀+၂၀၁( ခေါင်းမာသူ )
အခန်း ၂၀၂ + ၂၀၃( အဲဒါ ငါ့အိပ်မက်ပဲ... )
အခန်း ၂၀၄ (မင်းက ဆရာကြီးပဲ... )
အခန်း ၂၀၅+၂၀၆( ပြင်းထန်သော ပြိုင်ဆိုင်မှု )
အခန်း ၂၀၇+၂၀၈( ပြည့်စုံသော အစပြုခြင်း တစ်ခု )
အခန်း ၂၀၉+၂၁၀(ပစ်ချက် )
၂၁၁ + ၂၁၂( အသံမထွက်အောင် ဘယ်လို လျှောက်လာတာလဲ... )
အခန်း ၂၁၃ + ၂၁၄( တပ်တွင်း အပြေးချန်ပီယံပင် မလွတ်မြောက်နိုင်ခဲ့...)
အခန်း ၂၁၅ + ၂၁၆( သောက်ရမ်း မိုက်ချက်ပဲ )
အခန်း ၂၁၇ + ၂၁၈( ဒါဆို ငါ စ လှုပ်ရှားပြီ )
အခန်း ၂၁၉ + ၂၂၀( လူယုတ်မာ )
အခန်း ၂၂၁ + ၂၂၂(ခက်ခဲတဲ့ ပြိုင်ဘက် )
အခန်း ၂၂၃ + ၂၂၄(အရှက်မရှိ )
အခန်း ၂၂၅(မင်း ထပ်ပစ်ချင်သေးရင် ပစ်လေ )
အခန်း ၂၂၆ + ၂၂၇(မင်းအမေ ကိုယ်စား မင်းကို ခွင့်လွှတ်လိုက်မယ် )
အခန်း ၂၂၈ + ၂၂၉(ဖြစ်ချင်ရာကို အကောင်အထည် ဖော်ခြင်း )
အခန်း ၂၃၀ + ၂၃၁(ထိပ်တန်းအထူးအဖွဲ့ )
အခန်း ၂၃၂ + ၂၃၃(အဖွဲ့ နှစ်ခု အကြား ကွာြခားချက် )
အခန်း ၂၃၆ +​၂၃၇(ကျွန်မရဲ့ သခင်ကြီး ကာနယ် )
အခန်း ၂၃၈ +​၂၃၉ + ၂၄၀(ရည်ရွယ်ချက် ရှိရှိ )
အခန်း ၂၄၁ + ၂၄၂(ငါ သူ့ကို ယုံတယ် )
အပိုင်း - ၂၄၃ +၂၄၄(ဖယ်ရှားပစ်မယ် ( ၂ )
အပိုင်း - ၂၄၅ + ၂၄၆ + ၂၄၇( ငါ တောင်းပန်ဖို့ ရွေးချယ်တယ် )
အပိုင်း - ၂၄၈ + ၁၄၉(ငြင်းပယ်ခြင်း )
အပိုင်း - ၂၅၀ + ၂၅၁(ဒီကောင်လေး မဆိုးဘူးပဲ )
အပိုင်း ၂၅၂ + ၂၅၃( ကျုပ်က နဂါးတပ်ဖွဲ့ကို ကိုယ်စားပြုတယ် )
အပိုင်း ၂၅၄ + ၂၅၅( အရိပ်လက်သီး )
စာရေးသူ မှ ပြန်ကြားလွှာ
အပိုင်း ၂၅၆ + ၂၅၇( နှစ်လေး )
အခန်း ၂၅၈ + ၂၅၉( ငါ့ဇနီးလောင်းနဲ့ တစ်ခြားလူ လက်ထပ်သွားတော့ ငါဘယ်လို ခံစားရမလဲ )
အပိုင်း ၂၆၀ + ၂၆၁( တတိယမင်းသား၏ မဖြစ်စလောက် အကြံ )
အပိုင်း ၂၆၂ + ၂၆၃( စစ်ဆင်ရေးအောင်မြင်ခြင်း )
အပိုင်း ၂၆၄ + ၂၆၅( ကြားဖြတ်ခံရခြင်း )
အပိုင်း ၂၆၆ +​၂၆၇( ငါ ဒီမြို့က မပြန်တော့ဘူး )
အပိုင်း ၂၆၈ +​၂၆၉ + ၂၇၀( ဒီအချိန်မှာတော့ သေးပေါက်ချင်တာပဲ သိတယ် )
အပိုင်း ၂၇၁ + ၂၇၂( ငါ့ကို သောက်ရှက်ခွဲနေတာလား )
အပိုင်း ၂၇၃ + ၂၇၄ + ၂၇၅( အဘိုးကြီးတောင် မင်းလောက် ချော့မသွင်းတတ်ဘူး )
အပိုင်း ၂၇၆ + ၂၇၇ + ၂၇၈(သူ့ကို ဒီမှာ ထိန်းသိမ်းထား )
အပိုင်း ၂၇၉ + ၂၈၀ + ၂၈၁( ညစာစားပွဲ )
အခန်း ၂၈၂ + ၂၈၃( ခင်ဗျားတို့ ဘယ်လောက်ရောင်းမှာလဲ... ကျုပ် အကုန်ဝယ်မယ်... )
အခန်း ၂၈၄ + ၂၈၅( မင်းတို့အားလုံး အမှိုက်လိုကောင်တွေချည်းပဲ...)
အခန်း ၂၈၆ + ၂၈၇ + ၂၈၈(နောက်ဆုံး )
အခန်း ၂၈၉ + ၂၉၀( သူမကိုယ်သူမ အပြစ်တင်ခြင်း )
အခန်း ၂၉၁ + ၂၉၂(မင်း သန္ဓေပြောင်းလူသား ဖြစ်လာလိမ့်မယ် )
အခန်း ၂၉၃ + ၂၉၄ + ၂၉၅( ကျုပ်လက်သီး တွေကို လုံးဝ ရပ်မရတော့ဘူး... )
အခန်း ၂၉၆ + ၂၉၇ + ၂၉၈( ချောက်ချခြင်း.... )
အခန်း ၂၉၉ + ၃၀၀( လျှိုထားမယ်.... )
အခန်း ၃၀၁+၃၀၂( အားလုံးပဲ... ကျွန်မက ရှုချန်း မိန်းမပါ... )
အခန်း ၃၀၃ + ၃၀၄( ရင်ဆိုင်ရန် မဖြစ်နိုင်သော )
အခန်း ၃၀၅+၃၀၆( ရှုချန်း ခြေရာ လိုက်နင်းဖို့ဆိုတာ...)
အခန်း ၃၀၇+၃၀၈( ခြိမ်းခြောက်ခြင်း )
အခန်း ၃၀၉+၃၁၀( ပွဲပြီးသွားပြီ )
၃၁၁+၃၁၂+၃၁၃( ရှုံးသူ ချီးစားကြေး )
အခန်း ၃၁၄+၃၁၅( ကျေးဇူးနော် ချူရွယ် )

အခန်း ၂၃၄ +​၂၃၅(ဆုပေးပွဲ )

77 5 0
By purefeather199

နတ်နဂါးစစ်သည်

အခန်း ၂၃၄

(ဆုပေးပွဲ )

နှစ်ရက်ကြာပြီးနောက် ရန်ကျင်းစစ်နယ်မြေ လေ့ကျင့်ရေးကွင်းသို့ ဘတ်စ်ကားများ တစ်စီးပြီး တစ်စီး ရောက်ရှိလာကြသည်။ ထိုဘတ်စ်ကားများက ပြိုင်ပွဲကျင်းပရာ တိုက်ပွဲကွင်းပြင်မှ ပြိုင်ပွဲဝင်များကို သယ်ဆောင်လာသော ဘတ်စ်ကားများ ဖြစ်ကြသည်။

စစ်သားတစ်ဦးချင်းစီတိုင်းက သက်ဆိုင်ရာ စစ်နယ်မြေ၏ ဝတ်စုံကို ဝတ်ဆင်ထားသည်။ ယနေ့က ပြိုင်ပွဲဆုချီးမြှင့်မည့် နေ့ရက်လည်း ဖြစ်ပေသည်။

ပြိုင်ပွဲဝင် စစ်သားတိုင်းက ဝတ်စုံကို သပ်ရပ်ကျနစွာ ဝတ်ဆင်ထားသည်။ စစ်သားတစ်ဦးချင်းစီ၏ တောင့်တင်းခိုင်မာသော အချိုးအစားများနှင့် ညီညာစွာ စီတန်းနေသော မြင်ကွင်းက ကြက်သီးထစဖွယ် ခံစားချက်ကိုပင် ပေးစွမ်းနေ၏။ ထိုနေရာတွင် အားနည်းသော လူဖလံလေးများကို တွေ့မြင်နိုင်မည် မဟုတ်ချေ။ အားလုံးက အစစ်အမှန်တိုက်ပွဲများ၊ ငရဲခန်းများကို ဖြတ်ကျော်လာပြီးသော ကြမ်းတမ်းသည့် ယောက်ျားသားများသာ။

ရှုချန်းက ရဲ့ချူနှင့် ကျန်သူများ စသည့် ရင်းနှီးသောမျက်နှာများကို မြင်လိုက်ရသည်။ ထိုသူများက ဒဏ်ရာရနေဆဲ ဖြစ်သည့်တိုင် စစ်ဝတ်စုံကို အကျအနဝတ်၍ ရောက်ရှိလာ၏။

ပြောရမည်ဆိုလျှင် ဒဏ်ရာပြင်းထန်၍ အိပ်ရာပေါ် လှဲနေသူမှအပ မတ်တပ်ထ လမ်းလျှောက်နိုင်သူ ဟူသမျှ ရောက်ရှိလာသည်ဟု ပြောလျှင် ပိုမှန်ပေလိမ့်မည်။

အမာရွတ်မျက်နှာလီက ရှုချန်းကိုမြင်သည့်အခါ အနည်းငယ် ကြောင်အအ ခံစားလိုက်မိသည်။ သို့သော် ရှုချန်း၏ ခွန်အားကို လေးစားအသိမှတ်ပြု ခြင်းကြောင့် သူ့နံဘေး လျှောက်လှမ်းလာရင်း ပြောလိုက်သည်။

"အတိတ်တုန်းကအတွက် စိတ်မကောင်းပါဘူး.."

"ရပါတယ်.. ငါမင်းကို ပြန်ရိုက်နှက်ပြီးပြီပဲ.. မင်း မပျော်ဘူးဆိုရင်လည်း အနာဂတ်မှာ ငါတစ်ခေါက် ထပ်ရိုက်ပေးနိုင်သေးတယ်.." ရှုချန်းက ထိုသို့ပြောလိုက်သည်။

အမာရွတ်မျက်နှာလီက မျက်ခုံးပင့်ရင်း ကြည့်ပြီးနောက် ရယ်မောလိုက်သည်။

"မပူပါနဲ့... နောက်တစ်ကြိမ်ကျရင် ဘယ်သူက ဘယ်သူ့ကို ရိုက်မလဲဆိုတာ မသိနိုင်သေးပါဘူး.."

ထို့နောက် သူတို့နှစ်ဦးက အခမ်းအနား ကျင်းပရာဆီသို့ လျှောက်လှမ်း လာခဲ့သည်။ အခမ်းအနား ကျင်းပရာ ခမ်းမထဲတွင်တော့ ပြိုင်ပွဲဝင် စစ်သည်တော် အယောက် (၅၀၀) လုံး ဝန်ထမ်းများ နေရာချထား ပေးသည့်အတိုင်း ထိုင်ခုံအသီးသီးတွင် နေရာယူလိုက်ကြသည်။

ခေါင်းဆောင်းရှဲ့နှင့် ညွှန်မှူးရန်တို့က စစ်ဒေသအမှတ်(၅)နယ်မြေ၏ ပထမဦးဆုံးအတန်းတွင် နေရာယူထားသည်ကို ရှုချန်း တွေ့လိုက်ရသည်။

ဤနှစ်တွင် စစ်ဒေသအမှတ်(၅)၏ ထိုင်ခုံအဆင့်က အတော်လေး စိတ်ဝင်စားစရာ ကောင်းလှသည်။ ပြိုင်ပွဲတွင် ချန်ပီယံရခဲ့သောကြောင့် စစ်ဒေသအမှတ်(၅) ထိုင်ခုံတန်းများ အားလုံးက ပထမဆုံးနေရာသို့ ပြောင်းရွှေ့ထား၏။

ခေါင်းဆောင်ရှဲ့နှင့် ဌာနမှူးတို့မှာ ပါးစပ် နားရွက်တက်ချိတ်မတတ် ပြုံးနေခြင်းကို မရပ်နိုင်တော့ချေ။ အားလုံး၏ရှေ့တွင် ထိုင်ရပြီး နောက်လူများ အားလုံးက သူတို့၏ကျောကို ကြည့်ရှုနေရသော ခံစားချက်က အတော်လေး ကောင်းမွန်လှသည် မဟုတ်ပါလား။

အားလုံး ထိုင်ခုံနေရာ ယူပြီးသည့်အခါ စီနီယာအရာရှိအချို့ အခမ်းအနား ကျင်းပရာ ခမ်းမထဲ လျှောက်လှမ်း ဝင်ရောက်လာကြသည်။ သူတို့အားလုံးက မတ်တပ်ရပ်ပြီးနောက် နိုင်ငံတော်အလံကို လွှင့်ထူ၏။ စစ်သားများအားလုံးက နိုင်ငံတော်တေးသီချင်း သီဆိုရင်း တညီတညာတည်း အလေးပြုလိုက်ကြသည်။

နောက်ဆုံးတွင်တော့ အားလုံး ပြန်ထိုင်ပြီးနောက် စီနီယာအရာရှိများက အဖွင့်မိန့်ခွန်း ပြောကြားသည်။ သူ၏စကားများက စစ်သားများကို စိတ်ခွန်အား တက်ကြွစေရန်သာ။

"မိသားစုရှိမှ နိုင်ငံရှိလိမ့်မယ်.. နိုင်ငံကို ကာကွယ်တာဟာ ကိုယ့်ရဲ့အိမ်ကို ကာကွယ်တာပဲ.. သန်းပေါင်းများစွာသော မိသားစုတွေကို ကာကွယ်တာပဲ.. ဒီနေ့ မင်းတို့အားလုံး ကိုယ့်ရဲ့ စွမ်းဆောင်ရည်နဲ့ ခွန်အားကို ပြသပြီး ထူးချွန်မှတ်အသီးသီး ရရှိသွားကြပြီ.. မင်းတို့ ဘယ်နေရာ ဘယ်ဒေသမှာပဲ တာဝန်ကျကျ ဒီနိုင်ငံရဲ့ ကျောရိုးမကြီး အဖြစ်နဲ့ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို ကာကွယ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်.. မင်းတို့ ပိုပြီးသန်မာလာလေလေ၊ ရရှိလာမယ့် ရာထူးနဲ့ တာဝန်ဝတ္တရားတွေ ပိုကြီးလာလေလေပဲ.. နိုင်ငံကလည်း ပိုပြီး ကြွယ်ဝချမ်းသာလာလိမ့်မယ်.. အနာဂတ်မှာ စစ်သားတစ်ယောက်ရဲ့တာဝန်ကို မင်းတို့ ကျေပွန်နိုင်မယ်လို့ မျှော်လင့်ပါတယ်.. မင်းတို့ရဲ့ အတားအဆီး အကန့်အသတ်တွေကို ချိုးဖျက်နိုင်တဲ့ အတွက်လည်း မင်းတို့အားလုံးကိုယ်စား ငါ ဂုဏ်ယူမိပါတယ်.."

အောက်ဘက်ရှိ ပရိသတ်များထံမှ နွေးထွေးသော လက်ခုပ်သံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။ ဝန်ကြီးချုပ်က သူတို့ကို စိတ်မပျက်စေခဲ့ပေ။ ရိုးရှင်းသော အဖွင့်စကား ပြောပြီးသည်နှင့် သူက စင်မြင့်ထက် ခုံပေါ်တွင်ထိုင်ရင်း စစ်သားများကို နွေးထွေးသောအကြည့်ဖြင့် ကြည့်နေခဲ့သည်။

ထို့နောက်တွင်တော့ ဖျော်ဖြေရေးအဖွဲ့များ စင်ပေါ်တက်လာပြီး ဆက်လက် ဖျော်ဖြေကြသည်။ ဖျော်ဖြေရေးအဖွဲ့များ ပြီးဆုံးသည်တွင် အစီအစဉ်အတိုင်း အခမ်းအနားကို ဆက်လက်ကျင်းပ၏။

ပထမဦးစွာ ပြိုင်ပွဲယှဉ်ပြိုင်သော စစ်သားများအားလုံးက သက်ဆိုင်ရာ ထူးချွန်မှတ်များအသီးသီး ရရှိကြသည်။ အဆင့် ၂၀၀ နှင့် အထက် ရရှိသော စစ်သားများအားလုံးက အပွင့်တစ်ပွင့်တိုး၏။

အသစ်ဝင်လာသော စစ်သားများတွင် စစ်တပ်အပွင့် မရှိသေးချေ။ သို့သော်လည်း သက်ဆိုင်ရာ စစ်ဒေသအသီးသီးမှ ထူးချွန်စစ်သားများအဖြစ် ရွေးချယ်ခံရပြီးမှ ပြိုင်ပွဲသို့ ရောက်ရှိလာသည်ဖြစ်ရာ သူတို့ကို အပွင့်တိုးပေးရန် ထိုက်တန်၏။

အဆင့် ၂၀၀ နှင့် အောက်ဘက်များကိုတော့ လက်ဖတင်နင်(ဒုဗိုလ်) အဆင့် တိုးမြှင့်ပေးပြီး ဂုဏ်ထူးဆောင်လက်မှတ် ချီးမြှင့်သည်။ မည်သို့ပင်ဖြစ်စေကာမူ စစ်တပ် ထူးချွန်မှတ်များနှင့် အပွင့်များက အလွယ်တကူ ရရှိနိုင်သည်တော့ မဟုတ်ချေ။

ယခင်နှစ်များတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သော စစ်ပြန်များကတော့ ထိပ်ဆုံးအဆင့် ၂၀၀ ထဲ ဝင်သည့်တိုင် အပွင့်တိုးခြင်း မရှိချေ။ ပါဝင်ယှဉ်ပြိုင်သည့်အတွက် အသိအမှတ်ပြု ဂုဏ်ထူးဆောင်လက်မှတ်သာ ချီးမြှင့်ခံရသည်။

ပါဝင်ယှဉ်ပြိုင်သူများက စစ်ဒေသအသီးသီး၏ ခေါင်းဆောင်များကို ကိုယ်စားပြုသည်။ ဆုလက်ခံရယူရင်း စစ်သားများအားလုံးက လွန်မင်းစွာ စိတ်လှုပ်ရှားနေကြသည်။ သူတို့က ဆုတံဆိပ်နှင့် စစ်ဝတ်စုံများကို လက်နှစ်ဖက်ဖြင့် တလေးတစား လက်ခံရင်း အလေးပြုလိုက်ကြသည်။

အချို့ကတော့ တခြားလူများ ဆုယူနေသည်ကိုကြည့်ရင်း မနာလိုအားကျမှုများဖြင့် မျက်ရည်ပင် လည်နေကြသည်။ သို့သော်လည်း ဤအခမ်းအနားက ကြည်နူးရိပ်များ ယှက်သန်းနေသော မြင်ကွင်းပင်။

ထိုသူများပြီးနောက်တွင် ထိပ်ဆုံးအဆင့် ၁၀၀ မှ ၂၀၀ ကြား ဝင်သော စစ်သားများအတွက် ဆုများချီးမြှင့်သည်။ ထိပ်ဆုံးအဆင့် ၁၀၀ ထဲ ဝင်သူများက ကြယ်နှစ်ပွင့်တိုး၏။ ယခင်နှစ်ပြိုင်ပွဲတွင် ဆုရပြီး ယခုနှစ်ပြိုင်ပွဲတွင် ထပ်မံဆုရသူများကတော့ အဆင့်တစ်ဆင့် ထပ်တိုးပေးလေသည်။

စစ်သားအယောက် ၁၀၀ က မတ်တပ်ထရပ်ရင်း သူတို့၏ သက်ဆိုင်ရာ စစ်ဒေသခေါင်းဆောင်များကို ကိုယ်စားပြုလိုက်ကြသည်။ ရှုချန်းနှင့် အခြားသူများသည်လည်း ဂုဏ်ပြုလက်ခုပ်များ ညံနေအောင် တီးပေးလိုက်ကြသည်။

ထိုစစ်သားများကို ဆုချီးမြှင့်ပြီးနောက်တွင် အခမ်းအနားစီစဉ်သူက အလေးအနက်လေသံဖြင့် ပြောသည်။

"အခု ဒီနှစ်ရဲ့ အဆင့် ၅၀ ကနေ ၁၀၀ ကြား ဝင်တဲ့ ပြိုင်ပွဲဝင်တွေကို စင်မြင့်ပေါ် ကြိုဆိုလိုက်ကြရအောင်.."

ပရိသတ်များထံမှ စိတ်အားတက်ကြွသော လက်ခုပ်သံများ သောသောညံအောင် ထွက်ပေါ်လာခဲ့သည်။ ထို့နောက်တွင်တော့ နာမည်အခေါ်ခံရသော စစ်သားများအားလုံးက ရှေ့ထွက်ရပ်ရင်း တန်းစီလိုက်ကြသည်။

ပြီးနောက်တွင်တော့ ခြေတစ်လှမ်းချင်းလှမ်းရင်း ညီညာစွာ တန်းစီလျက် စင်မြင့်ပေါ်သို့ တက်ရောက်ကြသည်။ စင်မြင့်ပေါ်သို့ ရောက်သည်တွင် လက်နှစ်ဖက် နောက်ပစ်ရင်း ခေါင်းမော့ရင်ကော့၍ ငြိမ်သက်စွာ ရပ်နေကြ၏။

လူသစ်များက အဆင့်(၃)ဆင့်တိတိ ရာထူးတိုးပေးခြင်း ခံရသည်။ ပြိုင်ပွဲအတွေ့အကြုံမရှိဘဲ ထိပ်ဆုံးအဆင့် ၁၀၀ ထဲ ဝင်ရောက်သော လူသစ်တစ်ဦးဆိုလျှင် ကပ္ပတိန်အဆင့်ထိ ရာထူးတိုးပေးခြင်း ခံရသည်။

၃နှစ်နှင့်အထက် ပြိုင်ပွဲ တောက်လျှောက်ဝင်ပြိုင်ခဲ့သော စစ်ပြန် စစ်သားဟောင်းကြီးများကတော့ ရာထူးတစ်ဆင့် တိုးပေးခြင်းခံရသည်။ ပြိုင်ပွဲကို ၃နှစ်ဆက်တိုက်နှင့် ၃နှစ်အောက် ဝင်ပြိုင်ဖူးသော စစ်သားများကတော့ အဆင့်နှစ်ဆင့် တိုးမြှင့်ခြင်း ခံရသည်။

ယခုတစ်ခေါက်တွင် ဝူဟောက် ၊ ရန်ဝေနှင့် ဝမ်ယင်း တို့အားလုံးက မေဂျာအဆင့် ရာထူးတိုးပေးခြင်းခံရသည်။ ဝမ်ယင်းက တစ်ဦးတည်းသော စစ်သမီးဖြစ်သည်။ စင်အောက်မှ စစ်သား အများအပြားက သူမကို ချစ်ခင်လေးစားမှုအပြည့်ဖြင့် လှမ်းကြည့်နေကြသည်။

သို့သော် ဝမ်ယင်း၏အကြည့်က ရှေ့ဆုံးတန်းတွင်ထိုင်နေသော ရှုချန်းထံ ရောက်ရှိသွားခဲ့သည်။ ရှုချန်းက သူမကို ကြည့်မနေသည်ကို တွေ့လိုက်သည်တွင် စိတ်ပျက်မှုဖြင့် ခေါင်းပြန်ငုံ့လိုက်မိသည်။

စင်မြင့်ထက်တွင်တော့ သူတို့အားလုံးကို ဂုဏ်ထူးဆောင်လက်မှတ်နှင့် စစ်ဝတ်စုံအသစ်များ၊ ပန်းကုံးများ ဆုချီးမြှင့်သည်။ ထို့နောက်တွင်တော့ ပရိသတ်များထံမှ လက်ခုပ်သံ သောသောညံ ထွက်ပေါ်လာပြန်သည်။ အခမ်းအနားတင်ဆက်သူက ပြောလိုက်သည်။

"အခု အဆင့် ၁၁ ကနေ ၅၀ အတွင်း ဝင်တဲ့ စစ်သားတွေကို ကြိုဆိုလိုက်ရအောင်.."

လက်ခုပ်သံများ စဲသွားပြီးနောက်တွင် နာမည်အခေါ်ခံရသော စစ်သားများက ဆုများတက်ယူကြသည်။ အဆင့် ၁၁ မှ အဆင့် ၅၀ အတွင်း ဝင်ရောက်သော စစ်သားများက အဆင့် ၅၁ မှ ၁၀၀ အတွင်း ဝင်ရောက်သော စစ်သားများနှင့် တူညီသောဆုများ ရရှိသည်။

သို့သော် သူတို့ကိုပေးအပ်သော ဆုများထဲတွင် အပိုရင်ထိုးတစ်ခု ပါရှိ၏။ ထိုသူများကို ဆုချီးမြှင့်ပြီးသည့်အခါ အခမ်းအနားတင်ဆက်သူက အသက်တစ်ရှိုက်တည်း ဆက်ပြောပြန်သည်။

"နောက်ထပ် တစ်ဦးချင်းတိုက်ခိုက်မှုမှာ ထူးချွန်ပြီး ကြောက်ခမန်းလိလိ စွမ်းဆောင်ရည်တွေကို ပြခဲ့ကြတဲ့ ပထမ ၁၀ နေရာကို ကြေညာပါမယ်.. အားလုံးပဲ ဒီဖန်သားပြင်ကို ကြည့်ပေးကြပါ.."

ဖန်သားပြင်ကြီးထက်တွင် လက်ထဲ ဓါးမြှောင်တစ်ချောင်း ကိုင်ထားသော ပုဂ္ဂိုလ်တစ်ဦး တောအုပ်ထဲ ရှိနေခဲ့သည်။ သူ၏အလျင်နှုန်းက လွန်မင်းစွာ မြန်ဆန်ပြီး ပြိုင်ပွဲဝင်များအားလုံးက ထိုသူကို မှတ်မိလိုက်ကြသည်။

"ထိုက်ရှီ.. ဒီနှစ်ရဲ့ တစ်ဦးချင်းဆိုင်ရာ တိုက်ခိုက်မှုအရည်အချင်းမှာ အဆင့် ၁၀.."

ပိတ်ကားထက်တွင်တော့ ဤနှစ်ပြိုင်ပွဲတွင် ထိုက်ရှီတစ်ယောက် လှုပ်ရှားခဲ့သော အကောင်းဆုံး လှုပ်ရှားမှုများကို စုစည်းပြသထားခဲ့သည်။ ပရိသတ်များက ချီးကျူးသံများနှင့်အတူ လက်ခုပ်သံများ ထွက်ပေါ်လာခဲ့သည်။

"ထိုက်ရှီကို စင်ပေါ်ဖိတ်ခေါ်လိုက်ရအောင်.. သူက အဖွဲ့တိုက်ပွဲတွေမှာ စစ်သား ၂၈ ယောက်ကို လက်တစ်ဖက်တည်းနဲ့ အနိုင်ယူနိုင်ခဲ့တယ်.. သူ့ရဲ့ တစ်ဦးချင်း ထူးချွန်မှတ်က အဆင့် ၁၀ ပဲ.. ကဲ သူ့ကို ကြိုဆိုလိုက်ကြရအောင်.."

ထိုက်ရှီက စင်မြင့်ပေါ်သို့ တည်ငြိမ်သော အမူအရာနှင့် တက်ရောက် သွားခဲ့သည်။ ဤတစ်ကြိမ်တွင်တော့ စစ်ဒေသခေါင်းဆောင်က သူ့ကို ဆုချီးမြှင့်၏။

တော်ဝင်အစောင့်တပ်ဖွဲ့မှ အသိအမှတ်ပြုစာနှင့်အတူ လက်ဖတင်နင် ယူနီဖောင်း ဂုဏ်ထူးဆောင်ဘွဲ့လက်မှတ်၊ အဆင့်အသိအမှတ်ပြု ရင်ထိုးများ ဆုချီးမြှင့်သည်။

တော်ဝင်အစောင့်တပ်ဖွဲ့ အသိအမှတ်ပြုစာကို မြင်ရသည့်အခါ ပရိသတ်များက အတော်လေး မနာလို ဖြစ်မိကြသည်။ ဤသည်က အထူးစစ်သားတိုင်း ရရှိလိုသော အသိအမှတ်ပြုစာ မဟုတ်ပါလော။

အချို့အချိန်များတွင် တစ်နှစ်မှ လူ ၅ဦး၊ ၁၀ ဦးသာ ထိုအသိအမှတ်ပြုစာကို ရရှိနိုင်ကြသည်။ တော်ဝင်အစောင့်တပ်ဖွဲ့၏ အသိအမှတ်ပြုစာက တစ်ဦးချင်းခွန်အားနှင့် စွမ်းဆောင်ရည်ကို အသိအမှတ်ပြုဖို့ရာ လုံလောက်ပေသည်။

ထိုအသိအမှတ်ပြုစာကို ရရှိပြီးနောက် နောက်အနာဂတ်တွင် အကြောင်း တစ်စုံတစ်ရာကြောင့် ဗိုလ်ကြီးမဖြစ်ခဲ့လျှင်ပင် စစ်တပ်ထဲတွင် အရေးကြီးသော တာဝန်ရာထူးများကို ပြန်လည်ရရှိနိုင်သည်။ အနားယူလျှင်ပင် ချမ်းသာသောသူဌေးများက သက်တော်စောင့်အဖြစ် ငှားရမ်းကြမည်ဖြစ်သည်။

ထိုက်ရှီက အလေးပြုရင်း ဆုလက်ဆောင်များ လက်ခံရယူသည်။ သူက ဆုချီးမြှင့်သူကို ပြုံး၍ လက်ဆွဲနှုတ်ဆက်ရန်လည်း မမေ့ခဲ့ပေ။ ဤသည်က ဂုဏ်ယူစရာ မဟုတ်ပေလော။ ခေါင်းဆောင်၏ နံဘေးတွင် လိုက်ပါလာသည့် သက်တော်စောင့်စစ်သားက ယခင်နှစ်တွင် တော်ဝင်အစောင့်တပ်ဖွဲ့သို့ ဝင်ရောက်ခဲ့သော စီနီယာစစ်သား ဖြစ်သည်။ သူက ထိုက်ရှီကို တစ်ချက်ကြည့်ရင်း ပြောသည်။

"ဂျူနီယာ.. ဒီလောက်ဆိုရင် ရပြီ.."

ထိုက်ရှီက အတော်လေး ရှက်ရွံ့သွားမိသည်။ ခေါင်းဆောင်က ကျယ်လောင်စွာ ရယ်မောရင်း ထိုက်ရှီ၏ပခုံးကို ပုတ်ကာ စင်အောက်သို့ ပြန်ဆင်းခိုင်းလိုက်သည်။

ရဲ့ချူနှင့် ကျန်သူများကလည်း ရယ်မောရင်း ထိုက်ရှီကို ဆူပူလိုက်ကြသည်။

"ဒီသူတောင်းစားက ဖော်လံဖားချင်နေတယ် ဟား ဟား ဟား.."

အခန်း ၂၃၄ ပြီး

နတ်နဂါးစစ်သည်

အခန်း ၂၃၅

(ထိပ်ဆုံး အဆင့် - ရှုခန်း )

သံကျောက်ခဲတစ်ယောက် စင်ပေါ်တက်ချိန်တွင် သူ၏ခေါင်းဆောင်ဖြစ်သူက သတ်ဖြတ်တော့မတတ် ဒေါသမျက်ဝန်းများဖြင့် လှမ်းကြည့်နေခဲ့သည်။ အခြားသော ခေါင်းဆောင်များကတော့ သူတို့ကိုကြည့်ကာ ရယ်မောနေခဲ့သည်။

ဆုပေးပွဲက ဆက်လက်ကျင်းပပြီး အားလုံး၏ စိတ်အာရုံက ဖန်သားပြင်ကြီးထက်တွင် ရှိနေခဲ့သည်။ အခမ်းအနား တင်ဆက်သူ၏ အသံနှင့်အတူ တိုက်ပွဲကွင်းပြင်ထက် စစ်သားတစ်ဦး၏ပုံရိပ် ထွက်ပေါ်လာခဲ့သည်။

"နှစ်ဝက်ပြိုင်ပွဲ တစ်ဦးချင်းတိုက်ခိုက်ရေးမှာ နဝမအဆင့်.. ကြောက်စရာကောင်းလောက်အောင် ကြမ်းတဲ့ လုပ်ကြံရေးသမား လီချိုက်စင်း.. ကျေးဇူးပြုပြီး သူ့ကို ကြိုဆိုလိုက်ကြရအောင်.."

ပရိသတ်များ၏ လက်ခုပ်သံ ထွက်ပေါ်လာပြန်သည်။ လုပ်ကြံရေးသမား အားဆင်းက ဝတ်စုံကို သပ်သပ်ရပ်ရပ်ဖြစ်စေရန် ပြုပြင်ပြီး အသက်ခပ်ပြင်းပြင်း ရှိုက်သွင်းကာ စင်မြင့်ထက် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာခဲ့သည်။

သံကျောက်ခဲကဲ့သို့ပင် ဝန်ကြီးချုပ်က အားဆင်းကိုလည်း ချက်ချင်းပင် ဆုချီးမြှင့်သည်။ ကွာခြားချက်မှာ ၂၀၁၆ အထူးအင်အားစုပြိုင်ပွဲ နဝမအဆင့်ဟူသော ရင်ထိုးတံဆိပ်ပြားပေါ်မှ စာသားသာ ဖြစ်သည်။

ထို့နောက်တွင်တော့ အဋ္ဌမနေရာကို လျူဝေ၊ သတ္တမနေရာ အမာရွတ်မျက်နှာလီ၊ ဆဋ္ဌမနေရာ ကျန်းချောင် ၊ ပဉ္စမနေရာ ဝေကျိ၊ စတုတ္ထနေရာ လောင်ကျွင်း အသီးသီး ရရှိခဲ့ကြသည်။

တတိယနေရာသို့ ရောက်ချိန်တွင် အခမ်းအနားတင်ဆက်သူက ပရိသတ်ကို လှမ်းကြည့်လိုက်သည်။ ပြီးနောက် ဒိုင်လူကြီးကို ပြန်ကြည့်ကာ သူမလက်ထဲမှ နာမည်စာရင်းကို ပြန်ကြည့်၏။ သူမက အနည်းငယ် အံ့အားသင့်နေပုံပင်။ ထို့နောက်တွင်တော့ ပုံမှန်ပြန်ဖြစ်သွားပြီး စတင်ကြေညာလိုက်သည်။

"ဒီနှစ်က တကယ့်ကို ထူးခြားတဲ့နှစ်ပဲ.. တတိယနေရာကို ကြေညာကြရအောင်.. အားလုံး အံ့အားသင့်မှာ သေချာတယ်.. ဘာလို့လဲဆိုတော့ တတိယနေရာက လူနှစ်ယောက်မဟုတ်ဘူး၊ တစ်ပြိုင်နက်တည်း ၃ယောက်ဖြစ်နေလို့ပဲ.. .. .. ပါ့စ် ၊ ရဲ့ချူနဲ့ ဝမ်အာ တို့ကို ကြိုဆိုလိုက်ကြရအောင်.. သူတို့သုံးယောက်လုံးက တစ်ဦးချင်း တိုက်ခိုက်ရေးမှတ် ၃၅၊ ၃၈၊ ၃၉ မှတ် အသီးသီးနဲ့ တတိယနေရာကို ယှဉ်တွဲရရှိသွားပါတယ်.."

ပရိသတ်က အံ့အားသင့်သွားပြီး အတော်ကြာပြီးနောက်မှ လက်ခုပ်သံများ ဒီရေလှိုင်းပမာ ထွက်ပေါ်လာခဲ့သည်။ ထို၃ဦး စင်မြင့်ထက် မတ်တပ်ရပ်ချိန်တွင် အခမ်းအနားတင်ဆက်သူက မေးလိုက်သည်။

"၃ယောက်လုံး တစ်ပြိုင်နက်တည်း တတိယနေရာ ယှဉ်တွဲရတဲ့အပေါ် ဘာများပြောချင်ပါသလဲ."

ထိုသုံးယောက်လုံးက တစ်ဦးကိုတစ်ဦးကြည့်ရင်း ခါးသီးစွာပြောလိုက်သည်။ ရဲ့ချူက မိုက်ခရိုဖုန်းကို ကောက်ကိုင်ရင်း ဖြေ၏။

"အတိတ်တုန်းကလိုဆိုရင် သေချာပေါက် ငြင်းပယ်မိမှာပဲ.. ကျုပ်က ပထမနေရာ ရသင့်တယ်.. ဝမ်အာက ဒုတိယ၊ ပါ့စ် က တတိယ ရသင့်တယ်.. ဒါပေမယ့် ဒီနှစ်တော့ ကျုပ်တို့သုံးယောက်လုံး တတိယနေရာရပြီး ဒုတိယနေရာ အလွတ်ထားတာ ပိုကောင်းပါတယ်.. ကျုပ်တို့ထဲက တစ်ယောက်ယောက်သာ ဒုတိယနေရာ ရမယ်ဆိုရင် အတော်ကြီး ဖိအားများလိမ့်မယ်.. ပထမနေရာကကောင်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဒုတိယနေရာနဲ့ ပထမနေရာကြား ကွာဟချက်က အရမ်းကို ကြီးလွန်းနေတယ်လေ.. အဲ့ဒါကြောင့် ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်အပေါ် တကယ့်ကို လှိုက်လှိုက်လှဲလှဲ သဘောတူမိပါတယ်.."

ထိုသို့ပြောပြီးနောက် ရဲ့ချူက မိုက်ခရိုဖုန်းကို ဝမ်အာထံ ကမ်းပေးလိုက်သည်။ ဝမ်အာက ပြုံး၍ ပြောလိုက်သည်။

"အတိတ်တုန်းကဆိုရင် ကျုပ်လည်း တတိယနေရာကို ပျော်ပျော်ကြီး လက်ခံမိမှာပဲ.. ဒါပေမယ့် ဒီနှစ်တော့ ကျုပ်က ပထမ ၁၀ နေရာတောင် မဝင်သင့်ဘူးလို့ ခံစားနေရတယ်.."

ပါ့စ်က မိုက်ခရိုဖုန်းကို လှမ်းယူရင်း ပြောလိုက်ပြန်သည်။

"ဝမ်အာပြောတာ သဘောတူတယ်.. ဒီနှစ် ဖျက်မြင်းက အားလုံးကို ဒုက္ခပေးသွားတာပဲ.."

စင်အောက်မှ စစ်သားများအားလုံးက ဝါးခနဲ ရယ်မောလိုက်ကြသည်။ ပြီးနောက်တွင်တော့ နွေးထွေးသော လက်ခုပ်သံနှင့်အတူ ထိုသုံးယောက်သား စင်ပေါ်မှ ပြန်ဆင်းလာခဲ့သည်။

ပြီးနောက်တွင်တော့ အားလုံးက စိတ်အာရုံအပြည့်ဖြင့် စင်မြင့်ထက်ကို လှမ်းကြည့်နေကြသည်။ အခမ်းအနားတင်ဆက်သူက ပြုံးရင်း ပြော၏။

"ဒီဆုကို မပေးခင် ပြိုင်ပွဲရဲ့ ပြချင်တဲ့ အထူးမြင်ကွင်းတချို့ကို အရင် ဖန်သားပြင်မှာ ကြည့်ပေးကြပါ.."

ရဲ့ချူနှင့် ကျန်သူများအပါအဝင် စစ်သားများအားလုံးက ဖန်သားပြင်ကြီးထံ အာရုံအပြည့် စိုက်လိုက်ကြသည်။ ရှုချန်း၏ တစ်ကိုယ်တော်တိုက်ပွဲများ မည်ကဲ့သို့ ထွက်ပေါ်လာမည်ကို သူတို့အားလုံး သိရှိလိုနေကြသည် မဟုတ်ပါလား။

မြင်ကွင်းက မနက်အာရုဏ်ချိန်သို့ ပြောင်းလဲသွားခဲ့သည်။ ရှုချန်း နိုးထလာခဲ့သည်။ အချိန်ကို လှမ်းကြည့်ပြီးနောက် ပရိသတ်များထံမှ အာမေဋိတ်သံ ထွက်ပေါ်လာသည်။

"မြတ်စွာဘုရား.. သူက ၇နာရီမထိုးခင် နိုးလာတာလား.. ငါတို့ ၇နာရီခွဲတာတောင် မနိုးသေးဘူးဆိုတာ မှတ်မိသေးတယ်.."

ရဲ့ချူက အလိုအလျောက်ပင် မျက်လုံးများ ကျဉ်းမြောင်းလိုက်မိသည်။ ရှုချန်းတစ်ယောက် ဤအချိန်၌ နိုးထလာခြင်းက မည်သည်ကို ဆိုလိုခြင်းဖြစ်ကြောင်း အားလုံး သိနားလည်နေသည် မဟုတ်ပါလား။

ထို့နောက်တွင်တော့ စစ်ဒေသ(၂၈)မှ ပြိုင်ပွဲဝင်များက စစ်ဒေသ(၅)မှ အဖွဲ့ဝင် ၁၄ ဦးကို သတ်ဖြတ်ချိန်တွင် ရှုချန်းက သူတို့အားလုံး၏နောက်မှ ရုတ်တရက်ထွက်လာသော မြင်ကွင်း ဖန်သားပြင်ထက် ပေါ်လာခဲ့သည်။

ထိုပြသမှုပုံရိပ်က ရှုချန်း၏ ပတ်ပတ်လည် ကင်မရာများကို စုစည်း၍ တည်းဖြတ်ထားခြင်း ဖြစ်သည်။ ရှုချန်းက စနိုက်ပါရိုင်ဖယ်ကို ကိုင်ရင်း စစ်ဒေသ(၂၈)မှ စစ်သား ၁၅ ဦးကို ပစ်ခတ်နေခဲ့သည်။

အံ့အားသင့် တုန်လှုပ်စရာကောင်းလောက်အောင် သူက လမ်းလျှောက်ရင်း စနိုက်ပါရိုင်ဖယ် ပစ်ခြင်းကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သလို တိုးဝင်လာသော ကျည်ဆံများကိုလည်း ရှောင်ရှားနေခဲ့သည်။

ထိုမြင်ကွင်းက စင်မြင့်အောက်ဘက်ရှိ စစ်သားများအားလုံးကို တုန်လှုပ်သွားစေသည်။ သူတို့က ရှုချန်း၏ လှုပ်ရှားမှုများကို တုန်လှုပ်မိသည်။ ရှုချန်းတစ်ယောက် ကျည်တစ်တောင့်၊ သေနတ်တစ်ချက်တွင် လူတစ်ဦး သတ်ဖြတ်ခဲ့ပုံကို ပို၍တုန်လှုပ်ရသည်။

ပိုဆိုးသည်မှာ ရှုချန်း၏ လျှပ်တစ်ပြက် ခန့်မှန်းပစ်လိုက်သော ဆက်တိုက်ပစ်ချက် ၅ချက်က ချုံပုတ်များထဲတွင် ပုန်းနေသည့် စစ်ဒေသ(၂၈)မှ စစ်သား ၅ ဦးကို အစဉ်လိုက် ထိမှန်သွားခြင်းပင်။

ဤသည်က အတားအဆီးများ ရှိနေသည့် မမြင်ကွယ်ရာသို့ ခန့်မှန်းပစ်ခတ်ရာတွင် သြချရလောက်အောင် ပြောင်မြောက်သော ဖြစ်ရပ်မျိုး မဟုတ်ပါလား။

ပရိသတ်များ၏ အာမေဋိတ်သံများ၊ လက်ခုပ်သံများ၊ ချီးကျူးသံများ ရုတ်ခြည်း ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။ အထူးသဖြင့် စစ်ဒေသအမှတ်(၅)မှ ပြိုင်ပွဲဝင်များ ဖြစ်သည်။

နောက်ဆုံးတော့ ရှုချန်းတစ်ယောက် မည်ကဲ့သို့လှုပ်ရှားခဲ့ကြောင်း အသေးစိတ်အချက်အလက်များ သူတို့မြင်နိုင်လေပြီ။ ဟူပင်းက မျက်လုံးများ မှေးကျဉ်းရင်း ပြောလိုက်သည်။

"ဉာဏ်နီဉာဏ်နက် များလိုက်တာ.. ကပ္ပတိန်ရှုချန်းက တကယ့်ကို ကြမ်းတမ်းတာပဲ.. သူ နေရာယူပုံ၊ သေနတ်ပစ်ပုံတွေက အရမ်း ချိန်သားကိုက် ချောမွေ့လွန်းတယ်.."

ထို့နောက် ဖန်သားပြင်ထက်မှ မြင်ကွင်းက ရှုချန်းတစ်ယောက် တောင်အလယ်ထဲတွင် ပုန်းအောင်းနေသော အချိန်သို့ ရောက်ရှိသွားခဲ့သည်။

ထိုပြကွက်က အနာဂတ် စစ်သားများအတွက် သင်ကြားရေး ဥပမာတစ်ခုအဖြစ် မှတ်တမ်းတင် ခံရပေလိမ့်မည်။ တိကျသောတွက်ချက်မှု၊ မြန်လွန်းသော လက်စနှင့် ကြောက်စရာကောင်းလောက်သော လက်ဖြောင့်မှုတို့က ရှုချန်း၏ သေနတ်ပစ်ခတ်ခြင်းတွင် ပြီးပြည့်စုံစွာ ပေါင်းစပ်နေခဲ့သည်။

လက်ဖြောင့်သေနတ်သမားဟု ဂုဏ်ယူဝင့်ကြွားလေ့ရှိသော လျူဝေ က ဤမြင်ကွင်းကိုကြည့်၍ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။ သူက ခါးသီးစွာ ပြောလိုက်မိသည်။

"တကယ့်လက်ဖြောင့်သမားဆိုတာ ဘာလဲ ရှုချန်းက ငါ့ကို ပြသွားတာပဲ.. တကယ့်ကို အထင်ကြီးမိပါတယ်.."

မီးခိုးများလွှမ်းခြုံနေသော မြင်ကွင်းထဲ၌ စစ်ဒေသအမှတ်(၁၃)မှ ကပ္ပတိန်နှင့် ဟောင်အန်၊ အားပေါင်တို့ဦးခေါင်းများ ပွင့်ထွက်သွားချိန်တွင် အားလုံးက ထပ်မံ တုန်လှုပ်သွားကြပြန်သည်။

အထူးသဖြင့် ဟောင်အန်ပင်။ သူက ထိုစဉ်က စနိုက်ပါသမား ၃ဦးရှိမည်ဟု ခန့်မှန်းတွက်ချက်ခဲ့သည်။ သို့သော် ရှုချန်းတစ်ဦးတည်းဖြင့် သူ၏အဖွဲ့ဝင်နှစ်ဦး ကို ၅စက္ကန့်မှ ၁၀ စက္ကန့်အတွင်း ဇီဝိန်ခြွေခဲ့ခြင်း ဖြစ်ကြောင်း ပြန်သိရချိန်တွင် ဟောင်အန်တစ်ယောက် ပါးစပ်အဟောင်းသား ဖြစ်နေခဲ့၏။

ဟောင်အန်က အဖွဲ့ဝင်လေးဦး ကာကွယ်ထားသည့်ကြားမှပင် တိုက်ပွဲ ကျခဲ့ရသည်။ စစ်ဒေသအမှတ်(၁၃) ကပ္ပတိန်ကလည်း မီးခိုးများအကြား ခေါင်းကို အပစ်ခံလိုက်ရသည်။

ရှုချန်း၏ သေနတ်ပစ်စွမ်းရည်က ဂိမ်းထဲတွင် ဟက်ခ်၍ ဆော့သော ကစားသမားတစ်ဦးနှယ် အဆင့်လွန် ကြမ်းတမ်းနေ၏။ ပရိသတ်များပင်မက စင်မြင့်ထက်မှ စီနီယာအရာရှိများပင် လက်ခုပ်တီး အားပေးကြရသည်။

သို့သော် ဤမျှဖြင့် အဆုံးသတ် သွားမည်ဟုထင်လျှင် အမှားကြီး မှားပေတော့မည်။ အားလုံး၏ စိတ်နှလုံးလေးစားမှုများကို သိမ်းကျုံးယူငင်သွားသော စွမ်းရည်က ရှုချန်း၏ တစ်ဦးချင်းတိုက်ခိုက်မှု စွမ်းအားများပင်။

ထို့နောက်တွင် ရှုချန်းက ရဲ့ချူ၊ ဟောင်အန်နှင့် အခြားသူများကို တစ်ဦးပြီးတစ်ဦး အနိုင်ယူခဲ့ပြီး ထိုက်ရှီကို တစ်ဦးတည်း ချန်ရစ်ထားစေခဲ့သည်။ နောက်ဆုံးတွင် လျူဝေ၏အဖွဲ့ကို ပစ်ခတ်ထုတ်ပယ် ခဲ့သည်။

သူတို့၅ဦး တိုက်ခိုက်နေကြပုံများ၊ ထို့နောက် ပထမနေရာတွင် ရှိနေသော ထိပ်တန်းစစ်သည် ၆ဦးနှင့် တိုက်ခိုက်ပုံများက ပရိသတ် စစ်သားများ အားလုံးကို အမှန်ပင် တုန်လှုပ်သွားစေသည်။

ထိုအခိုက်အတန့်တွင် အားလုံး၏စိတ်ထဲ ကိန်းဂဏန်းတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည်။ ထိပ်တန်းစစ်သည် ၁၀ ဦးလုံး ရှုချန်းလက်ချက်ဖြင့် ထုတ်ပယ်ခံလိုက်ရသည် မဟုတ်ပါလား။

ရဲ့ချူနှင့် ဟောင်အန်တို့က ရှုချန်းတစ်ယောက် ထိပ်တန်းစစ်သည် ၆ ဦးကို မည်ကဲ့သို့ထုတ်ပယ်ခဲ့ကြောင်း မသိလိုက်ချေ။ ထိပ်သီး ၆ဦးက ပူးပေါင်း၍ ရှုချန်းကို တိုက်ခိုက်ခဲ့သော်လည်း အဆုံးသတ်တွင် ရှုံးနိမ့်ခဲ့ကြောင်း သူတို့ပြန်ကြားသိခဲ့ရသည်။

သို့သော် ယခုမြင်ကွင်းကို ကြည့်ပြီးနောက်တွင်မှ နောက်ဆုံး နားလည်သွားကြသည်။ ရှုချန်းက ထိပ်တန်းစစ်သည် ၆ဦးကို အနိုင်ယူခဲ့သော တိုက်ပွဲကိုကြည့်၍ အားလုံး၏သွေးများ ဆူပွက်လာစေခဲ့၏။ ယခုနှစ်ချန်ပီယံဆုနှင့် ပတ်သက်၍ မည်သူမှ စိတ်မကျေမနပ် ဖြစ်မိတော့မည် မဟုတ်ပေ။

ရှုချန်း၏ သေနတ်ပစ်စွမ်းရည် အထင်ကြီးစရာကောင်းလှသည်။

ရှုချန်း၏ မျှားခေါ်သော မဟာဗျူဟာ အထင်ကြီးစရာ ကောင်းလွန်းသည်။ တစ်ဦးချင်းတိုက်ခိုက်မှုစွမ်းအား သည်လည်း အစစ်အမှန် အထင်ကြီးစရာပင်။

"ဒီနှစ် တစ်ဦးချင်းတိုက်ခိုက်ရေး ချန်ပီယံ ရှုချန်းကို ဖိတ်ခေါ်လိုက်ရအောင်.."

ကျယ်လောင်သော လက်ခုပ်သံနှင့်အတူ ပရိသတ်စစ်သားများအားလုံးက မတ်တပ် ထရပ်လိုက်ကြသည်။ ရဲချူနှင့် ကျန်လူများလည်း အပါအဝင်ပင်။ ပရိသတ်အားလုံးနီးပါးက ရှုချန်းကို လေးစားမှုဖြင့် မတ်တပ်ထရပ်ကြသည်။ အားလုံး၏ မျက်လုံးအကြည့်က ရှေ့ဆုံးတန်းတွင် ထိုင်နေသော ရှုချန်းထံ ရောက်ရှိနေခဲ့သည်။

ရှုချန်းက ရုတ်တရက် မတ်တပ်ထရပ်ပြီး သူ၏ မြင့်မားထွားကျိုင်းသော အရပ်ကို အချိုးအစားကျနစွာ ခါးဆန့်ရင်ကော့ လိုက်သည်။ ပြီးနောက်တွင်တော့ ခြေတစ်လှမ်းချင်းစီ စင်မြင့်ထက်သို့ လျှောက်လှမ်း လာ၏။

အတော်ကြာသည်အထိ လက်ခုပ်သံများ ရပ်တန့်သွားခြင်း မရှိချေ။ အခမ်းအနားစီစဉ်ရာ ခန်းမကြီးတစ်ခုလုံးက နှလုံးသည်းခြေပွက် လက်ခုပ်သံများဖြင့် ပြည့်နှက်နေခဲ့သည်။

ယခုတော့ ဒိုင်လူကြီးက မည်သည့်အတွက် ဒုတိယအဆင့်နေရာကို ချန်လှပ်ခဲ့ကြောင်း အားလုံးနားလည်သွားလေပြီ။ ဒုတိယနေရာ ရရှိသော မည်သူဖြစ်စေကာမူ ပထမနေရာနှင့် နှိုင်းယှဉ်လျှင် ကိုယ့်ကိုယ်ကို ရှက်ရွံ့မိမည်စိုးသောကြောင့် ချန်ရစ်ခဲ့ခြင်းပင်။

အခန်း ၂၃၅ ပြီး

Continue Reading

You'll Also Like

81.4K 15.1K 57
لە جیهانێکدا کە تەنها خەیاڵ دەتوانێت ئەندێشەی بۆ بکات لەو جیهانەدا تاکەکانی ناوی هەمووی خاوەنی هێزن هێزی جۆراوجۆر کە هەر تاکێکی ئەم گەلە تایبەتمەن...
144K 5.6K 74
Elite3532, an individual who can be considered as an icon among the Tensura fandom community failed in accomplishing his dream... As he regretted his...
16.5K 471 192
DISCLAIMER: I do not claim ownership over this story. I only MTLed and polished it. Original novel: https://www.jjwxc.net/onebook.php?novelid=8391517...
53.3K 262 5
This book contains a lot of smut so if you don't like it, you can leave🥰