နတ်နဂါးစစ်သည်

By purefeather199

21.3K 1.8K 21

နတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရ... More

အခန်း 1+2 (ငါ ပြန်လာခဲ့မယ်)
အခန်း 3+4 (အရင်းနှီးဆုံး သူစိမ်း)
အခန်း 5+6(အခန်းဖော်)
အခန်း 7+8(အလှနတ်သမီး၏အခြွေံအရံများ)
အခန်း 9+10(ရှောင်ဖို့ပဲတတ်တာလား)
အခန်း 11+12(အဓိပ္ပါယ်မရှိတဲ့ အောက်ဆုံးစည်း)
အခန်း 13+14(အားလုံးကို ထိန်းသိမ်း)
အခန်း 15+16(ရှေ့နေများ၏အဝိုင်းခံရခြင်း)
အခန်း 17+18(ပျားရည်ထောင်ချောက်များပင် အလုပ်မဖြစ်)
အခန်း 19+20(ဒီခန္ဓာကတော့တစ်ခုခုမှားနေပြီ)
အခန်း 21+22(ချောင်ပိတ်မိခြင်း)
အခန်း 23+24(လိမ္မာပါးနပ်တဲ့ရဲ)
အခန်း 25+26(ရုတ်တရက်ရောက်လာသောသတင်းထောက်များ)
အခန်း 27+28(အနည်းငယ်ခံစားသွားရခြင်း)
အခန်း 29+30(မထိန်းချုပ်နိုင်သောစွမ်းအားများ)
အခန်း 31+32(ဂိုဏ်းလေးဂိုဏ်း၏နောက်ခံ)
အခန်း 33+34(၅ မိနစ်တည်းနဲ့ အမှောက်သိပ်မယ်)
အခန်း 35+36 (သူ့ကို ခေါ်သွားချင်ရင် ငါတို့ စည်းကမ်းအတိုင်း လုပ် ))
အခန်း 37+38( ပြဿနာဒုတ်ထိုးရှာသူ )
အခန်း 39+40(အကြီးအကဲများ)
အခန်း 41+42(ခွန်အား စမ်းသပ်မှု )
အခန်း 43+44(အမှတ်မထင် တိုက်ပွဲတခု )
အခန်း 45+46(အမျိုးသမီး နှစ်ဦးကြားမှ အလောင်းအစား )
အခန်း 47+48 (ငါ မဖမ်းရဲတဲ့သူ မရှိဘူး )
အခန်း 49+50 ( ပန်းကလေး၏ စောင့်ရှောက်သူများ ဒေါသထွက်ခြင်း )
အခန်း 51+52( ရန်ငြိုးတွေ ရှိရင် အခုညပဲ အပြတ်ရှင်းရအောင် )
အခန်း 53+54 (သေမင်းတမန် ထိုးသတ်ပွဲ ဖိတ်ကြားလွှာ )
55+56 (သေမင်းတမန် ထိုးသတ်ပွဲအား လက်ခံခြင်း )
57+58( ကြိုတင်ပြင်ဆင်ခြင်း )
59+60( အကဲဖြတ်မှု ( ၁ ) ( တုံ့ပြန်မှု အမြန်နှုန်း )
61+62(မျက်လုံးအုပ်၍ ပစ်ခတ်ခြင်း )
63+64(အားကုန်သုံးပြီး ငါ့ကို ထိုးစမ်းပါ...)
65+66(လုံးဝ အကြံပြုတယ်...)
67+68( စောင့်နေရတာ တန်ရဲ့လား.... )
69+70(အခြေအနေ)
71+72(သူ ငါ့ရည်းစားဖြစ်လာရစေမယ်)
73+74( မတူညီသော အတွေးကိုယ်စီ )
75+76(မခူးဆွတ်ရက်သောပန်းတစ်ပွင့်)
77+78(ဒီအရူးကောင်ကတော့)
79+80(ကြောက်မက်ဖွယ်ရာတို့၏အစ)
အခန်း ၈၁ (ငါတို့ မစ်ရှင်ကို နင်ဘယ်လိုသိတာလဲ)
အခန်း ၈၂ (ငါမင်းနဲ့ကစားမယ်)
အခန်း ၈၃ (လှည့်စားမှု)
အခန်း ၈၄ - ငါ့မှာ သဘောကျတဲ့သူ ရှိပြီးသား
အခန်း ၈၅ ( ရှုချန်း လုပွဲ )
အခန်း ၈၆( လင်ချူရွယ်အား ပိုးပန်းနေသူ )
အခန်း ၈၇ ( တဲဗက်စ် မိသားစုပိုင် ကာစီနိုသို့ အလည်တခေါက် )
အခန်း ၈၈( လောင်းကစားဟူသည် အနုပညာတမျိုး...)
အခန်း ၈၉(အပျော်တမ်း ဖဲရိုက်ကြတာပေါ့... )
အခန်း ၉၀ (အလောင်းအစား)
အခန်း ၉၁ ( ဒီကောင်လေး ပြောင်းလဲသွားပြီ )
အခန်း ၉၂ (စာစဥ် ၇) (အချစ်လေး... ကိုယ့်ကို ဖဲဆော့ဖို့ ပိုက်ဆံ နည်းနည်းချေး )
အခန်း ၉၃ (မင်း တိုက်ပေါ်က ခုန်ခုချင်လည်း ပိုမြင့်တဲ့ တိုက်ကိုရှာ )
အခန်း ၉၄ ( အကြွင်းမဲ့ ပြောင်းလဲခြင်း တစ်ခု )
အခန်း ၉၅(ဒီခံစားချက်ကို လွမ်းတာ ကြာပြီ )
အခန်း ၉၆(ခေါင်းဆောင် ရဲ့ အမိန့်ကို နာခံ )
အခန်း ၉၇
အခန်း ၉၈ +၉၉
အခန်း ၁၀၀+၁၀၁
102+103
104+105
106+107
108+109
110+111
112+113
114+115
116+117
118+119
120+121
122+123
124+125
126+127
128+129
131+132
133+134
အခန်း ၁၃၅ ( သွေးကြွေးပြန်တောင်းရန် ရောက်လာသူများ )
အခန်း ၁၃၆ ( ပုန်းလျှိုးကွယ်လျှိုး )
အခန်း ၁၃၇ ( မယုံနိုင်ဖွယ် ဖြစ်ရပ် )
အခန်း ၁၃၈ ( ရှန်ဝမ်ဆန်း )
အခန်း ၁၃၉ ( အဲဒီ ရှုချန်း အစစ်ပဲ... )
အခန်း ၁၄၀
အခန်း ၁၄၁
၁၄၂( အထီးဖြစ်ဖြစ် အမ ဖြစ်ဖြစ် ဂရုမစိုက်ဘူး )
၁၄၃( ဒီကလေးက ငယ်လွန်းသေးပါတယ်... )
၁၄၄( အသန်မာဆုံး B အဆင့် )
၁၄၅( လင်လဲ့ နေထိုင်ခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက် )
၁၄၆( လီတ့ဟွမ်၏ အဆုံးသတ် )
၁၄၇( ကျုပ်မသွားခင် တံခါးဝဂိုဏ်း လေးခုလုံးကို ရှင်းသွားမယ်...)
၁၄၈( လုပ်ရိုးလုပ်စဥ် အတိုင်း စစ်ဆေးမယ် )
၁၄၉( ဟဲထျန်း ၏ ဗျူဟာ )
၁၅၀( အားလုံးကို ဖမ်းဆီးထိန်းသိမ်းခြင်း )
၁၅၁( ကျုပ်တို့ သူဌေးက ခင်ဗျားကို စကား တစ်ခွန်းလောက် ပြောချင်လို့တဲ့... )
၁၅၂( ကျုပ်ကို ခြိမ်းခြောက်ခဲ့တဲ့သူတွေ အခု ဘာဖြစ်နေလဲ သိလား... )
၁၅၃( ညီလေး... စားနော်...)
၁၅၄( စစ်ဒေသ ၃၆ ခု ပြိုင်ပွဲ )
၁၅၅( တကယ်ကို ထိုက်တန်ပါတယ်... )
၁၅၆(နောက်ယောင်ခံ လိုက်ခြင်း )
၁၅၇( ကျုပ် ရှာဖွေရေး ဝရမ်း လိုတယ် )
၁၅၈(ဖော်ထုတ်ခံရပြီ )
၁၅၉(အင်အားသုံး )
၁၆၀( ဟာကွက် အပြည့်နှင့် )
၁၆၁( ခေတ်တစ်ခေတ် အဆုံးသတ်ခြင်း )
၁၆၂( အနာဂတ်မှာ မင်းဘယ်လောက်ထိ အောင်မြင်မလဲဆိုတာ ငါ တကယ်ကိုမြင်ချင်ပါတယ်...)
၁၆၃( ပိုက်ကွန်ထဲမှ လွတ်သွားသော ငါးတစ်ကောင် )
၁၆၄
၁၆၅( သောက်ကျိုးတော့နည်းကုန်ပြီ ယောက်ဖရေ...)
၁၆၆( နင့်သူငယ်ချင်းက နင့် ယောက်ျားကို ဖွင့်ပြောလိုက်ပြီ...
၁၆၇( ရှန်ယောင် ချန်ခဲ့သော စာတစ်စောင် )
၁၆၈( ကတိ )
၁၆၉( ငါပြန်လာပြီ )
၁၇၀( မောက်မာသော လူသစ် )
၁၇၁( စီနီယာများနှင့် ဂျူနီယာများ အကြားမှ စစ်ရေးလေ့ကျင့်မှု )
၁၇၂( တစ်ကိုယ်တော် အစွမ်း )
၁၇၃( ဒီကောင် ဘာ အခွင့်အရေးမှ မရစေရဘူး )
၁၇၄( ပြည့်စုံသော လမ်းကြောင်း )
၁၇၅( မခုတ်တတ်တဲ့ကြောင် )
၁၇၆( စိတ်လှုပ်ရှားစရာ မရှိသလောက်ပါပဲ... )
၁၇၇( ငါတို့ TV အစီအစဥ် တစ်ခုမှ ပါရမယ် )
၁၇၈( ငါ လုပ်နိုင်တယ် )
၁၇၉( လင်ချူရွယ် )
၁၈၀( လေးလေးနက်နက် တွေးတောခြင်း )
အခန်း ၁၈၁( ထပ်ပြီးတော့ ရှုချန်းပဲလား... )
၁၈၂ + ၁၈၃( စစ်ဒေသ ငါးတွင် လူသစ်ကလေး ထင်တိုင်းကြဲရမည့် အလှည့် မရောက်သေးချေ...)
အခန်း ၁၈၄( အသက်တွေလည်း ကြီးပါပြီ... လှေကားက ဆင်းတာပဲ ကောင်းပါတယ်...)
အခန်း ၁၈၅ + ၁၈၆( မင်း မျက်ခွက် )
အခန်း ၁၈၇ + ၁၈၈(တစ်လောကလုံး နဲ့ စစ်ပြိုင်မယ် )
အခန်း ၁၈၉ + ၁၉၀( အရှက်မရှိ... )
အခန်း ၁၉၁ + ၁၉၂ + ၁၉၃( အမျိုးသမီး စစ်ယူနီဖောင်း )
အခန်း ၁၉၄ + ၁၉၅( ကံမကောင်းလွန်းသူကို ရန်ရှန်း ဟု ခေါ်သည်...)
၁၉၆ + ၁၉၇( ခင်ဗျား ရုပ်ရှင် ရိုက်ရင်လည်း ဒီလို အက်ရှင်ကားမျိုး ရိုက်စမ်းဗျာ... )
အခန်း ၁၉၈+၁၉၉( နဖူးပြင်ထက်မှ အနမ်းပန်း တစ်ပွင့် )
အခန်း ၂၀၀+၂၀၁( ခေါင်းမာသူ )
အခန်း ၂၀၂ + ၂၀၃( အဲဒါ ငါ့အိပ်မက်ပဲ... )
အခန်း ၂၀၄ (မင်းက ဆရာကြီးပဲ... )
အခန်း ၂၀၅+၂၀၆( ပြင်းထန်သော ပြိုင်ဆိုင်မှု )
အခန်း ၂၀၇+၂၀၈( ပြည့်စုံသော အစပြုခြင်း တစ်ခု )
အခန်း ၂၀၉+၂၁၀(ပစ်ချက် )
၂၁၁ + ၂၁၂( အသံမထွက်အောင် ဘယ်လို လျှောက်လာတာလဲ... )
အခန်း ၂၁၃ + ၂၁၄( တပ်တွင်း အပြေးချန်ပီယံပင် မလွတ်မြောက်နိုင်ခဲ့...)
အခန်း ၂၁၅ + ၂၁၆( သောက်ရမ်း မိုက်ချက်ပဲ )
အခန်း ၂၁၇ + ၂၁၈( ဒါဆို ငါ စ လှုပ်ရှားပြီ )
အခန်း ၂၁၉ + ၂၂၀( လူယုတ်မာ )
အခန်း ၂၂၁ + ၂၂၂(ခက်ခဲတဲ့ ပြိုင်ဘက် )
အခန်း ၂၂၅(မင်း ထပ်ပစ်ချင်သေးရင် ပစ်လေ )
အခန်း ၂၂၆ + ၂၂၇(မင်းအမေ ကိုယ်စား မင်းကို ခွင့်လွှတ်လိုက်မယ် )
အခန်း ၂၂၈ + ၂၂၉(ဖြစ်ချင်ရာကို အကောင်အထည် ဖော်ခြင်း )
အခန်း ၂၃၀ + ၂၃၁(ထိပ်တန်းအထူးအဖွဲ့ )
အခန်း ၂၃၂ + ၂၃၃(အဖွဲ့ နှစ်ခု အကြား ကွာြခားချက် )
အခန်း ၂၃၄ +​၂၃၅(ဆုပေးပွဲ )
အခန်း ၂၃၆ +​၂၃၇(ကျွန်မရဲ့ သခင်ကြီး ကာနယ် )
အခန်း ၂၃၈ +​၂၃၉ + ၂၄၀(ရည်ရွယ်ချက် ရှိရှိ )
အခန်း ၂၄၁ + ၂၄၂(ငါ သူ့ကို ယုံတယ် )
အပိုင်း - ၂၄၃ +၂၄၄(ဖယ်ရှားပစ်မယ် ( ၂ )
အပိုင်း - ၂၄၅ + ၂၄၆ + ၂၄၇( ငါ တောင်းပန်ဖို့ ရွေးချယ်တယ် )
အပိုင်း - ၂၄၈ + ၁၄၉(ငြင်းပယ်ခြင်း )
အပိုင်း - ၂၅၀ + ၂၅၁(ဒီကောင်လေး မဆိုးဘူးပဲ )
အပိုင်း ၂၅၂ + ၂၅၃( ကျုပ်က နဂါးတပ်ဖွဲ့ကို ကိုယ်စားပြုတယ် )
အပိုင်း ၂၅၄ + ၂၅၅( အရိပ်လက်သီး )
စာရေးသူ မှ ပြန်ကြားလွှာ
အပိုင်း ၂၅၆ + ၂၅၇( နှစ်လေး )
အခန်း ၂၅၈ + ၂၅၉( ငါ့ဇနီးလောင်းနဲ့ တစ်ခြားလူ လက်ထပ်သွားတော့ ငါဘယ်လို ခံစားရမလဲ )
အပိုင်း ၂၆၀ + ၂၆၁( တတိယမင်းသား၏ မဖြစ်စလောက် အကြံ )
အပိုင်း ၂၆၂ + ၂၆၃( စစ်ဆင်ရေးအောင်မြင်ခြင်း )
အပိုင်း ၂၆၄ + ၂၆၅( ကြားဖြတ်ခံရခြင်း )
အပိုင်း ၂၆၆ +​၂၆၇( ငါ ဒီမြို့က မပြန်တော့ဘူး )
အပိုင်း ၂၆၈ +​၂၆၉ + ၂၇၀( ဒီအချိန်မှာတော့ သေးပေါက်ချင်တာပဲ သိတယ် )
အပိုင်း ၂၇၁ + ၂၇၂( ငါ့ကို သောက်ရှက်ခွဲနေတာလား )
အပိုင်း ၂၇၃ + ၂၇၄ + ၂၇၅( အဘိုးကြီးတောင် မင်းလောက် ချော့မသွင်းတတ်ဘူး )
အပိုင်း ၂၇၆ + ၂၇၇ + ၂၇၈(သူ့ကို ဒီမှာ ထိန်းသိမ်းထား )
အပိုင်း ၂၇၉ + ၂၈၀ + ၂၈၁( ညစာစားပွဲ )
အခန်း ၂၈၂ + ၂၈၃( ခင်ဗျားတို့ ဘယ်လောက်ရောင်းမှာလဲ... ကျုပ် အကုန်ဝယ်မယ်... )
အခန်း ၂၈၄ + ၂၈၅( မင်းတို့အားလုံး အမှိုက်လိုကောင်တွေချည်းပဲ...)
အခန်း ၂၈၆ + ၂၈၇ + ၂၈၈(နောက်ဆုံး )
အခန်း ၂၈၉ + ၂၉၀( သူမကိုယ်သူမ အပြစ်တင်ခြင်း )
အခန်း ၂၉၁ + ၂၉၂(မင်း သန္ဓေပြောင်းလူသား ဖြစ်လာလိမ့်မယ် )
အခန်း ၂၉၃ + ၂၉၄ + ၂၉၅( ကျုပ်လက်သီး တွေကို လုံးဝ ရပ်မရတော့ဘူး... )
အခန်း ၂၉၆ + ၂၉၇ + ၂၉၈( ချောက်ချခြင်း.... )
အခန်း ၂၉၉ + ၃၀၀( လျှိုထားမယ်.... )
အခန်း ၃၀၁+၃၀၂( အားလုံးပဲ... ကျွန်မက ရှုချန်း မိန်းမပါ... )
အခန်း ၃၀၃ + ၃၀၄( ရင်ဆိုင်ရန် မဖြစ်နိုင်သော )
အခန်း ၃၀၅+၃၀၆( ရှုချန်း ခြေရာ လိုက်နင်းဖို့ဆိုတာ...)
အခန်း ၃၀၇+၃၀၈( ခြိမ်းခြောက်ခြင်း )
အခန်း ၃၀၉+၃၁၀( ပွဲပြီးသွားပြီ )
၃၁၁+၃၁၂+၃၁၃( ရှုံးသူ ချီးစားကြေး )
အခန်း ၃၁၄+၃၁၅( ကျေးဇူးနော် ချူရွယ် )

အခန်း ၂၂၃ + ၂၂၄(အရှက်မရှိ )

70 7 0
By purefeather199

နတ်နဂါးစစ်သည်

အခန်း ၂၂၃

(အရှက်မရှိ )

ရှုချန်း၏ စကားကို ကြားပြီးနောက် ရဲချူက မျက်လုံးများ မှေးကျဉ်း၍ ကြည့်လိုက်သည်။

"မင်းက (၇)ယောက်တောင် သတ်ခဲ့တယ်ပေါ့.. စိတ်ဝင်စားစရာပဲ... ဒါပေမယ့် အဲ့လောက်နဲ့ ငါတို့ကို ခြိမ်းခြောက်လို့ မရဘူး.. မင်း ငါနဲ့ တိုက်ချင်သလား သူနဲ့ တိုက်ချင်သလား.."

ရှုချန်းက ရုတ်တရက် ထိုင်ချလိုက်ရာ ဝမ်အန်နှင့် ရဲချူတို့ နှစ်ဦးလုံး ထိတ်ခနဲ ဖြစ်သွားမိသည်။ သူတို့နှစ်ဦးလုံးက ဘာလုပ်ရမှန်း မသိသည့်နောက် အလိုအလျှောက်ပင် အနောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကြသည်။

ရှုချန်းက ပြုံးရင်း ပြော၏။

"စိတ်မလှုပ်ရှားကြနဲ့ဦး.. ငါ ဖိနပ်ကြိုး ချည်ဖို့ပါ.."

ထိုသို့ပြောရင်း ရှုချန်းက အမှန်ပင် ဖိနပ်ကြိုး ငုံ့ချည်နေခဲ့သည်။ ထို့နောက်တွင်တော့ ရှုချန်းက ဒူးကွေးရင်း အားယူကာ စိတ်ထဲတွင် မျှော်လင့်ချက် တစ်ခုဖြင့် တွေးလိုက်သည်။

သူ၏ စွမ်းရည်အသစ်က ခုန်ခြင်း၊ဟန်ချက်ထိန်းခြင်း ဆိုလျှင် မူလရှိပြီးသား အဆနှစ်ဆယ် ပေါက်ကွဲအားနှင့် ပေါင်းစပ်လိုက်ပါက မည်သို့ ဖြစ်သွားမည်နည်း။ လူသား အမြှောက်ဆံ တစ်ခုပမာ ဖြစ်သွားမည်လော။

ထိုသို့ တွေးမိပြီးနောက် ရှုချန်း ပြုံးလိုက်သည်။ သူ၏ သွေးဆဲလ်များ အားလုံးကလည်း စိတ်လှုပ်ရှားမှုဖြင့် တက်ကြွနေကြ၏။

ရဲချူနှင့် ဝမ်အန်တို့ကတော့ ရှုချန်း ပြုံးနေရသည့် အကြောင်းရင်းကို မသိချေ။ သို့သော နောက်တစ်ခဏ တွင်တော့ သူတို့နှင့် အကွာဝေး တစ်ခု၌ ရှိနေခဲ့သော ရှုချန်းက ရုတ်တရက်ကြီး အမြောက်ဆန် တစ်ခုပမာ ဒူးတိုက် တိုက်ကွက်ဖြင့် တိုးဝင်လာသည်ဟု ရဲချူ ခံစားလိုက်ရသည်။

မူလရှုချန်း ရှိနေခဲ့သည့် နေရာတွင်တော့ နောက်ချန်ပုံရိပ် တစ်ခုသာ ကျန်ရစ်ခဲ့၏။ ရဲချူ၏ ဦးနှောက်က ထိုမျှ မြန်ဆန်လှသော အခိုက်အတန့်တွင် တုန့်ပြန်ချိန် မရလိုက်ပဲ ကြွက်သား လှုပ်ရှားမှုဖြင့် လက်နှစ်ဖက်ကို ခန္ဓာကိုယ်ရှေ့ ကြက်ခြေခတ်ရင်း အလိုအလျှောက် ကာလိုက်မိသည်။

ရဲချူက သန်မာသော ခန္ဓာကိုယ်ကို အားပြု၍ ရှုချန်း၏ ရုတ်တရက် ဒူးခုန်တိုက်မှုကို ကာကွယ်ရန် ကြိုးစားခဲ့သည်။ သို့သော် ရှုချန်း၏ ခြေထောက်များက ပေါက်ကွဲအား ဆယ်ဆနှင့် အရှိန်ယူခဲ့ခြင်း ဖြစ်သည်။ သူကိုယ်တိုင်ပင် ဖြစ်ပေါ်လာသော အလျှင်နှင့် ပေါက်ကွဲအားကို အံ့အားသင့်မိရ၏။

လေထဲ ပျံသန်းသည့်ပမာ ခုန်လိုက်သော အရှိန်နှုန်းက လျှင်မြန်လွန်းရာ လေထုပွတ်တိုက်မှုကြောင့် ရှုချန်း၏ ခန္ဓာကိုယ်၌ပင် အသေးစား ပွန်းပဲ့ရာများ ထွက်ပေါ်လာ၏။ သူ၏ ဒူးချွန်ကတော့ ရဲချူ၏ ကာထားသော ကြက်ခြေခတ် လက်ဖျံများသို့ တိုက်ရိုက် သွားဝင်သွားခဲ့သည်။

ရဲချူကတော့ အရှိန်အပြည့် ရထားတစ်စင်းဖြင့် ဝင်တိုက်ခံလိုက်ရသည့် ပမာ ခံစားလိုက်ရ၏။ ပထမဦးစွာ သူ၏ ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲမတတ် နာကျင်မှုကို ခံစားလိုက်ရပြီး လည်ချောင်း၌ ချိုငံငံ အရသာ ထွက်ပေါ်လာသည်။

သွေးတစ်လုပ် အန်ထွက်ပြီးနောက် ရဲချူက ဘုန်း ခနဲ လွင့်ထွက် သွား၏။ ရဲချူက ချက်ချင်းပင် သတိအပြည့်ဖြင့် ပြန်ထထိုင်နိုင်ရန် ကြိုးစားရင်း နောက်ထပ် သွေးတစ်လုပ် ထပ်အန် လိုက်ရသည်။ ပြီးနောက် သူက ရှုချန်းကို လေးနက်စွာ လှမ်းကြည့် နေခဲ့သည်။

ရှုချန်းက မတ်တပ်ရပ်နေရင်းပင် သူတို့နှစ်ဦးကို မထူးမခြားနား ကြည့်ကာ မေးလိုက်သည်။

"အခု ငါ မင်းတို့ကို ရွေးချယ်စရာ နှစ်ခု ပေးမယ်.. တစ်ယောက် တစ်ယောက်ချင်း တိုက်ခိုက်ချင်လား.. ဒါမှမဟုတ် နှစ်ယောက်လုံး တစ်ပြိုင်နက်တည်း လာမလား.."

ဝမ်အန်က ဒေါသူပုန် ထသွားခဲ့ပြီး ခါးကြားမှ ဓားမြှောင်ကို ဆတ်ခနဲ ဆွဲထုတ်၍ ရှုချန်းကို လှမ်းထိုးစိုက်လိုက်သည်။ ရှုချန်းက လက်မြှောက်၍ ဝမ်အန်၏ ဓားမြှောင်ကိုင်ထားသော လက်ကို ဖြတ်ရိုက်လိုက်၏။ ဓားမြှောင်ပြုတ်ကျ လာချိန်တွင် ရှုချန်းက အခြားလက်တစ်ဖက်ဖြင့် ဖမ်းကာ ထိုဓားမြှောင်ကို လိမ်ချိုး ပစ်သည်။

ဝမ်အန်က နောက်သို့ ခြေနှစ်လှမ်း ဆုတ်ရင်း မျက်လုံးများ မှေးကျဉ်းကာ ကြည့်နေခဲ့၏။ ပြီးနောက်တွင်တော့ ချက်ချင်းပင် မာန်သွင်း အော်ဟစ်၍ ဝိုက်ကန် ကန်လိုက်သည်။ ရှုချန်းက အသာယာ ခါးကို အနောက်သို့ တိမ်း၍ ဝမ်အန်၏ ခြေကန်ချက်ကို တစ်လက်မစာ ပွတ်ကာသီကာ ရှောင်ရင်း ပြောသည်။

"အရမ်းနှေးတယ်.."

ဝမ်အန်က ဒေါသတကြီးပင် သူ၏ နာမည်ကျော် တိုက်ကွက် ဖြစ်သော လေဆင်နှာမောင်း ကန်ချက်ကို ထုတ်ဖော်လိုက်၏။ ဝမ်အန်က ခြေတစ်ဖက်တည်းဖြင့် ဟန်ချက်ထိန်း၍ ပြိုင်ဘက် ရန်သူ၏ ဦးခေါင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်နှင့် ခြေထောက်တို့ကို တစ်ဆက်တည်း လျှင်မြန်စွာ ကန်လိုက်ခြင်း ဖြစ်သည်။

အမြင့်ဆုံး အရှိန်နှုန်းဖြင့် ဆိုပါက ဝမ်အန်က တစ်စက္ကန့်အတွင်း ကန်ချက်သုံးချက် ထုတ်ဖော်နိုင်ပေသည်။

ဦးခေါင်းမှ ခြေထောက်ထိ တောက်လျှောက် တိုးဝင်လာသော လေဆင်နှာမောင်း ကန်ချက်က ပြိုင်ဘက်ကို တုန့်ပြန်ချိန်ပင် မပေးခဲ့။ သို့သော် ဝမ်အန်၏ အယုံကြည်ရဆုံး လေဆင်နှာမောင်းကန်ချက်၊ အရိပ်ခြေကန်ချက် နည်းစနစ်ကို ရှုချန်းက လက်တစ်ဖက်တည်းဖြင့် ချေဖျက်လိုက်သည်။

ပြီးနောက်တွင် ရှုချန်းက ဝမ်အန်၏ ခြေထောက်ကို လက်သီးဖြင့် ပိတ်ထိုးလိုက်သည့်အခါ ဝမ်အန်တစ်ယောက် လေထဲသို့ ချာချာလည် လွင့်ထွက် သွားတော့သည်။

"အရမ်းနှေးတယ်.."

ထိုအခိုက်အတန့်လေးတွင် ရဲချူက ရှုချန်း၏ အနောက်မှ လေထဲသို့ ခုန်တက်လာခဲ့သည်။ ရဲချူ၏ ဒူးနှစ်လုံးက ရှုချန်း၏ ဦးခေါင်းကို ချိန်ရွယ်ရင်း လက်နှစ်ဖက်က လင်းကွင်းတီးတည့်ပမာ ရှုချန်း၏ နားနှစ်ဖက်ကို ရိုက်ချလိုက်၏။

သို့သော် ရဲချူ၏ လက်နှစ်ဖက် ရှုချန်း၏ နားရွက်နား မရောက်မီပင် ရှုချန်းက သူ၏ လက်ကောက်ဝတ် နှစ်ဖက်လုံးကို ဖမ်းဆုပ်လိုက်သည်။ ပြီးနောက် ဖွဲအိတ်တစ်အိတ် လွှင့်ပစ်သည့်ပမာ ရဲချူကို ကိုင်ပေါက်ချ၏။ ရဲချူက ဤသည်ကို မျှော်လင့်ထားသည့်ပမာ ကွေးထားသော ဒူးများကို ရုတ်တရက် ဆန့်ထုတ်၍ ရှုချန်း၏ လည်ပင်းကို ခြေနှစ်ချောင်းဖြင့် ချိတ်ကာချုပ်ထားသည်။ ရှုချန်းက မည်မျှရုန်းထွက်စေကာမူ ရဲချူက လွှတ်မပေးခဲ့။

ရဲချူ၏ အနီးကပ်တိုက်ခိုက်မှုများက လွန်စွာ အတွေ့ကြုံ ကြွယ်ဝသည်ကတော့ အမှန်ပင်။

ယခုမှပင် ရဲချူသည်လည်း ရှုချန်းတစ်ယောက် မည်မျှ အစွမ်းထက်ကြောင်း နားလည်သွားခဲ့သည်။ ရှုချန်း၏ ဒူးတိုက်ချက်က မည်သည့် နည်းစနစ်မှ မပါဝင်သော ရုန့်ရင်းကြမ်းတမ်းသည့် တိုက်ကွက် တစ်ခု ဖြစ်သည်။ သို့သော် ရှုချန်း၏ ဒူးခေါင်းများ သူ့ရင်ဘတ်သို့ ဝင်ဆောင့်သည့် အခိုက်တွင် ရှုချန်း၏ ပေါက်ကွဲခွန်အားက ကြောက်မက်ဖွယ် ကောင်းလှသည်။

ရဲချူက ရှုချန်း၏ လှုပ်ရှားမှုများကို တစ်ယောက်ယောက်က ချုပ်နှောင်ထားမှသာ ဖြစ်နိုင်မည်ဟု ရုတ်ချည်း တွက်ဆ လိုက်၏။

ရဲချူ၏ နဖူးကြောများက ဖောင်းကားနေပြီး အားကုန်ချုပ်ထားရင်း အော်ဟစ်လိုက်သည်။ "မြန်မြန်..."

ရဲချူတစ်ယောက် ဆက်၍ မချုပ်ထားနိုင်တော့သည်ကို မြင်သည့် အခါ ဝမ်အန်က ခန္ဓာကိုယ်လှိမ့်၍ တိုးဝင်လာပြီး ရှုချန်း၏ လည်မြိုကို ဓားမြှောင်ဖြင့် လှမ်းတွက် လိုက်သည်။

သို့သော် ရှုချန်းက အခွင့်ရေး မပေးခဲ့။ သူက ရဲချူ၏ လက်ကောက်ဝတ်များကို လွှတ်ကာ ခြေထောက်များကို ဖမ်းဆုပ်၍ လက်ဗလာသက်သက်ပင် ညှစ်ချိုး ဆွဲဖြဲ လိုက်သည်။

ရဲချူက ရှုချန်း၏ လည်ပင်းကို ခြေထောက်ဖြင့် ညှပ်၍ ချုပ်ထားရန် ခွန်အားကုန် သုံးထားခြင်း ဖြစ်သည်။ သို့သော် ရှုချန်း ခွန်အားက လွန်မင်းစွာ သန်မာလှရာ ရဲချူတစ်ယောက် ဆက်၍ ချုပ်နှောင်ထားရန် အသာထား သူ့ကိုယ်သူပင် မကာကွယ် နိုင်လိုက်ချေ။

ရှုချန်း၏ လည်ပင်းကို ချုပ်ထားသော ရဲချူ၏ ခြေထောက်များက ပျော့ခွေ သွားခဲ့သည်။ ရှုချန်းက ရဲချူကို ခြေနှစ်ဖက်မှ ကိုင်ရင်း ဝမ်အန်ထံသို့ လွှဲရိုက်ချ လိုက်သည်။ ရဲချူက ခွန်အားကုန် သုံး၍ ပြန်ခုခံရန် ကြိုးစားသော်လည်း အချည်းနှီးသာ။ သူ၏ အရိုးအကြောများက ရှုချန်း၏ ဆွဲဖြဲခြင်း ခံရတော့မည့် ပမာ။

လူလူချင်း အရိုက်ခံလိုက်ရပြီးနောက် ဝမ်အန်သည်လည်း လွင့်စင်ထွက် သွားပြီး သွေးတစ်လုပ် အန်လိုက်ရပြန်သည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..." ရုန့်ရင်းကြမ်းတမ်းလှသော တိုက်ပွဲ မြင်ကွင်းကို ကြည့်ရင်း စစ်ဒေသ(၆) ညွှန်ကြားရေးမှူးမှာ မျက်တောင်ပင် မခတ်နိုင်ခဲ့ချေ။ သွေးပွက်ပွက် အန်နေသော သူ၏ အဖွဲ့သား နှစ်ဦးကို ကြည့်ကာ ညွှန်ကြားရေးမှူးက ထိုင်ခုံမှ ထ၍ အော်ဟစ်လိုက်သည်။

ကြီးကြပ်ရေးမှူး ရန် နှင့် ညွှန်ကြားရေးမှူးရှီတို့ကတော့ တံတွေးများ မြိုချလိုက်မိသည်။ အထူးသဖြင့် ကြီးကြပ်ရေးမှူး ရန် ပင်။ ရှုချန်းက စွမ်းအားများ ဖုံးကွယ်ထားမှန်း သိသော်လည်း မည်မျှ သန်မာကြောင်းတော့ သူ မသိခဲ့။

ပြိုင်ပွဲ၏ ထိပ်ဆုံးတန်းတွင် ရှိနေသော Aအဆင့် ဖိုက်တာနှစ်ဦးပင် ရှုချန်းကို မယှဉ်နိုင်ဟုတော့ ကြီးကြပ်ရေးမှူး ရန် လုံးဝမမျှော်လင့် ထားသည်မှာ အမှန်ပင်။

ရှုချန်းက ရဲချူ၏ ခြေထောက်နှစ်ချောင်းကို ဆွဲဖြဲသည့် မြင်ကွင်းကို ပြန်တွေးမိသည့် အခိုက်တွင် ကြီးကြပ်ရေးမှူး ရန် တစ်ယောက် ကျောရိုးတစ်လျှောက် စိမ့်တက်သွားမိသည်။

ညွှန်ကြားရေးမှူးကျိုးက မျက်လုံးမှေးကျဉ်းရင်း ပြောလိုက်သည်။

"ဒီကောင်က ခွန်အားကို ဖုံးကွယ်ထားခဲ့တာပဲ... သူ့ရဲ့ သေနတ်ပစ် စွမ်းရည်ထက် အနီးကပ် တိုက်ခိုက်အားက ပိုကြမ်းတမ်းပြီး ကြောက်စရာကောင်းနေသေးတယ်.. လက်နက်မပါပဲ သူ့ကို ရင်ဆိုင်ရမယ် ဆိုရင် ဘယ်သူဖြစ်ဖြစ် အသတ်ခံ ထုတ်ပယ်ခံရလိမ့်မယ်.."

ထိုအချိန် တိုက်ပွဲကွင်းပြင် တွင်တော့ ဝမ်အန်က ငိုင်တိုင်တိုင်ဖြင့် ခေါင်းခါယမ်းရင်း ရဲချူကို လှမ်းကြည့်လိုက်သည်။ ရဲချူကတော့ စိတ်နှင့်ခန္ဓာ အိုးစားကွဲ၍ မေ့သွားချေပြီ။ ရှုချန်းက သူတို့ထံ တစ်လှမ်းချင်း လျှောက်လှမ်း လာနေ၏။

လရောင်အောက်တွင် ပြန်သက်သာလာသော လျူဝေကိုလည်း ဝမ်အန် လှမ်းမြင်လိုက်သည်။ လျူဝေက ရှုချန်းကို အလစ် ချောင်းမြောင်း တိုက်ခိုက်ရန် မြေပေါ်တွင် လှဲရင်း စောင့်ဆိုင်း နေခြင်းပင်။

ဝမ်အန်က အံတင်းတင်းကြိတ်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူက မည်သည့် တရားမျှတမှုနှင့် ဂုဏ်သိက္ခာကိုမှ မစဉ်းစားတော့ချေ။ ဤသကောင့်သား ထုတ်ပယ်ခံရမှ ဖြစ်လိမ့်မည်။ ဝမ်အန်က သဲများကို လက်နှစ်ဖက်ဖြင့် ဆုပ်ရင်း ရှုချန်း၏ မျက်နှာသို့ လှမ်းပက်လိုက်သည်။

ဤသည်ကို အခွင့်ကောင်းယူ၍ လျူဝေကလည်း သေနတ်ဖြင့် လှမ်းပစ်၏။

ဘန်း.. ကျည်ဆံက ရှုချန်း၏ နောက်ကျောသို့ တိုးဝင်လာသည်။

"ခွေးမသား.." ညွှန်ကြားရေးမှူးရှီက မုတ်ဆိတ်မွှေးများ တုန်ယင်နေသည်အထိ ဒေါသူပုန်ထလျှက် စစ်ဒေသ(၆) ညွှန်ကြားရေးမှူးကို လက်ညှိုးငေါက်ငေါက်ထိုးကာ ကြိမ်းမောင်း၏။

"ပညာရှင်တွေဖြစ်ပြီး နောက်ကျောက ချောင်းပစ်ရသလား.. မင်းကောင်တွေကို ကြည့်စမ်း.. မနိုင်တာနဲ့ပဲ နောက်ကျောက‌ ချောင်းတိုက်တယ်.. ရှုချန်း ခေါင်းကာ မဝတ်ထားတာ မမြင်ဘူးလား.. မတော်လို့ ခေါင်းထိသွားရင် ဘယ်လိုလုပ်မလဲ.."

စစ်ဒေသ(၆) ညွှန်ကြားရေးမှူးက အသံအေးအေးဖြင့် ပြန်ပြောသည်။

"တိုက်ပွဲလေ.. ရူးနေမှပဲ သေနတ်မသုံးမှာပေါ့.. စစ်ပွဲမှာ မတရားတာ မရှိဘူး... ပြီးတော့ စည်းမျဉ်း ချိုးဖောက်နေတာလဲ မဟုတ်ဘူး.. ဒိုင်က ရလာဒ်ပဲ ကြည့်မှာ.. ဉာဏ်နီဉာဏ်နက်ဆိုတာ ပြိုင်ပွဲရဲ့ တစ်စိတ်တစ်ပိုင်းပဲ.. အပြစ်တင်ချင်ရင် ရှုချန်းကိုပဲ အပြစ်တင်.. ပြီးတော့ လျူဝေက ရှုချန်းရဲ့ ဘက်တော်သားလည်း မဟုတ်ဘူး.. နောက်က တိုက်ခိုက်တာ စည်းကမ်း မဖောက်ဘူးလေ.."

ထိုအခိုက်တွင် နည်းပညာသမားက အံ့အားတကြီး ရေရွတ်၏။

"ရှုချန်းရဲ့ ဝတ်စုံ က အာရုံခံစနစ် အရ ဆိုရင်တော့ ရှုချန်း အပစ်မခံရဘူး.."

"ဘာ.." အားလုံး ကြက်သေ သေကုန်၏။ "လျူဝေ လွဲသွားတာလား.."

စစ်ဒေသ(၆) ခေါင်းဆောင်က ပြန်ဖြေသည်။

"လျူဝေက ငါတို့ရဲ့ စနိုက်ပါ သမားလေ.. လွဲစရာ ဘာအကြောင်းမှ မရှိဘူး..."

အခန်း ၂၂၃ ပြီး

နတ်နဂါးစစ်သည်

အခန်း ၂၂၄

(ငါတို့ ပူးပေါင်းမှရမယ် )

စစ်ဒေသ(၆)ခေါင်းဆောင်၏ ယုံကြည်ချက် အပြည့် ပြောလိုက်သော စကားကြောင့် ကျန်သူများ အားလုံးလည်း လွန်စွာ စိတ်ဝင်စား သွားမိကြသည်။ သို့သော် ညအချိန်ဖြစ်နေသောကြောင့် ဖန်သားပြင်ပေါ်မှ ဗီဒီယိုက အဖြူ၊အမည်း ဖြစ်နေရာ ရှုချန်းကို ကျည်ဆံ ထိမှန်သွားခြင်း ရှိ၊မရှိ သူတို့ မသိနိုင်ကြချေ။

မည်သို့ပင် ဖြစ်စေကာမူ ဝမ်အန်၏ လက်သီးချက်မှ ဖုန်မှုန့်များ ပြယ်လွင့်သွားချိန်တွင် ရှုချန်းက မားမားမတ် ရပ်နေဆဲ ဖြစ်ကြောင်း သူတို့ တွေ့လိုက်ရ၏။ ရှုချန်း၏ လက်သီးက လျူဝေကို ချိန်ရွယ်ထားပြီး လျူဝေက ကြက်သေသေ ကြောင်အ နေခဲ့သည်။

သူက ရှုချန်းကို သေနတ်ဖြင့် ပစ်ခဲ့ပြီး ကျည်ဆံ ထိမှန်ခဲ့ကြောင်း သေချာသည်။ သူ၏ ပစ်ချက်က လွဲချော်ခြင်း မရှိချေ။ သို့သော် ဒိုင်လူကြီးထံမှ ရှုချန်း ထုတ်ပယ်ခံလိုက်ရပြီ ဟူသော ကြေညာချက် ထွက်ပေါ်မလာခဲ့။ သို့အတွက်ကြောင့် ရှုချန်းကို ကျည်ဆံ မထိမှန်ဟု ဆိုလိုနေပေသည်။

လျူဝေတစ်ယောက် အံ့အားသင့် နေစဉ် ရှုချန်း၏ လက်သီးက ပြေလျော့ သွားပြီး ပစ္စည်းတစ်ခု ဖုတ်ခနဲ ပြုတ်ကျလာ၏။ လျူဝေကတော့ ထိတ်လန့် တုန်လှုပ်နေပြီး ဝမ်အန်ကတော့ တစ္ဆေ၊သရဲ တစ်ကောင်ကို တွေ့မြင်လိုက်ရသည့် ပမာ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။

နည်းပညာသမားက ဗီဒိုယိုကို အကျယ်ချဲ့၍ နောက်ပြန်ရစ်လိုက်သည်။ အဆုံးသတ်တွင်တော့ ရှုချန်း၏ လက်ထဲမှ ကျလာသော အရာက လျူဝေ လွဲချော်သွားသည့် ကျည်ဆံဖြစ်ကြောင်း တုန်လှုပ်ဖွယ် သိရှိလိုက်ရလေပြီ။

".. မ.. မဖြစ်နိုင်ဘူး.." အားလုံးက ခြောက်ခြား နေကြသည်။

"သူ.. သူက ကျည်ဆံကို ဖမ်းနိုင်တယ်လား.."

ဗီဒီယိုထဲ မားမားမတ် ရပ်နေသော ရှုချန်းကို ကြည့်ရင်း ကြီးကြပ်ရေးမှူး ရန် တစ်ယောက် ရှုချန်း ဤနှစ်မည်သည်ကြောင့် ပြိုင်ပွဲသို့ တဖန်ပြန်လာကြောင်း နားလည်သွားခဲ့သည်။ ရှုချန်းက ပြင်ဆင်ခဲ့ပြီး ဖြစ်ရုံမက သူ့ကိုယ်သူ သက်သေ ပြရန် ရောက်ရှိလာခြင်းပင်။

မြေပေါ်ဒူးထောက်လျှက် ရှိနေသော လျူဝေကို ရှုချန်း ငုံ့ကြည့်လိုက်သည်။ လျူဝေက ရှုချန်းကို သေနတ်ဖြင့် ချိန်ထားဆဲ။ သို့သော် ထိုအခိုက်အတန့်တွင် လျူဝေ၏ ဦးနှောက်များက ဝေခွဲမရစွာ ဗလာဟင်းလင်း ဖြစ်နေခဲ့သည်။

ရှုချန်းက သူ့ကို မထူးမခြားနား ကြည့်ကာ မေးသည်။ "မင်း ထပ်ပစ်ချင်သေးလား.."

ရှုချန်း၏ စကားကြောင့် လျူဝေ စိတ်နှင့်လူ ပြန်ကပ်သွား၏။ သူက လက်ထဲမှ သေနတ်ကို ပြန်ကြည့်ရင်း တွေဝေ တုန့်ဆိုင်းနေသည်။ သူက အမှန်ပင် ထပ်ပစ်ကြည့် လိုခဲ့သည်။ သို့သော်လည်း ရှုချန်းက အမှန်ပင် ကျည်ဆံကို ဖမ်းပြသွားမည်ကိုလည်း လျူဝေ ကြောက်ရွံ့ နေမိ၏။

စစ်ဒေသ(၅) မှလူများ တင်မဟုတ်ပဲ အခန်းထဲမှ ခေါင်းဆောင်များ အားလုံးက ရှုချန်းကို ကြည့်ရင်း လျူဝေတစ်ယောက် ထပ်မံ ပစ်ခတ်ရန် မျှော်လင့်၍ စိတ်အားထက်သန်စွာ စောင့်ဆိုင်း နေခဲ့ကြသည်။ ရှုချန်းက ကျည်ဆံ ဖမ်းနိုင်ခြင်းကို သူတို့သည်လည်း မယုံကြည်နိုင်ကြချေ။

လျူဝေက အံတင်းတင်းကြိတ်ရင်း သူ့မျက်လုံးထဲ စိတ်ပိုင်းဖြတ်မှု အရိပ်ယောင် ဖြတ်ပြေးသွားသည်။ သူက ဆတ်ခနဲပင် မောင်းခလုတ်ကို ညှစ်ဆွဲ၍ ရှုချန်းကို သေနတ်ဖြင့် ပစ်ချလိုက်သည်။

အမှောင်ထုထဲ မီးပွင့်တစ်ချက် လက်ပြီးနောက် အမှောင်ထု ပြန်လည် ကြီးစိုး သွားခဲ့သည်။ သေနတ်ပြောင်းဝမှ မီးပွင့်က ပန်းတစ်ပွင့် ပွင့်အာ လာသည့်ပမာ ရှုချန်း၏ မျက်လုံးထဲ မြင်နေရသည်။ ထို့နောက် ထိုပန်းပွင့်လေးထဲမှ ကျည်ဆံ တစ်တောင့်က အသီးတစ်ခုနှယ် လေထုကို ထိုးခွဲရင်း သူ၏ ရင်ဘတ်ထံ ပျံသန်းလာ၏။ ရှုချန်းက အလျှင်လိုဟန် မရှိချေ။ သို့သော် ရုပ်ပုံထဲတွင်တော့ သူ၏ လက်ဖဝါးက ဆတ်ခနဲပင် ဖမ်းဆုပ်သည့်ဟန် လှုပ်ရှားသွားခဲ့သည်။

နည်းပညာသမားက ခပ်တိုးတိုး ရေရွတ်သည်။ "လွဲသွားပြန်ပြီ.. ကြည့်ရတာ သူ ကျည်ဆံကို ထပ်ဖမ်းလိုက်ပုံပဲ.."

အားလုံးက ယင်ကောင်ဝင်ဥ လောက်အောင်ပင် ပါးစပ်အဟောင်းသား ဖြစ်လျှက် စကားပြောရန်ပင် မေ့လျော့နေကြသည်။ ရုတ်တရက်ကြီး တိတ်ကျသွားသော ခန်းမထဲ၌ အပ်ကျသံပင် ကြားရလောက်၏။

နည်းပညာသမားက တီးတိုး ထပ်ပြောသည်။

"လက်ဗလာနဲ့ ဓားကို ဖမ်းပြတဲ့သူတွေ မြင်ဖူးပါတယ်... ဒါပေမယ့် လက်ဗလာနဲ့ ကျည်ဆံ ဖမ်းပြတဲ့ သူမျိုးကိုတော့ ကျုပ်တစ်သက် မမြင်ဖူးခဲ့ဘူး.."

ယမ်းမပါသော ကျည်ဆံအလွတ် ဖြစ်သော်လည်း လူသားတစ်ဦး အနေဖြင့် ထိုကျည်ဆံ၏ လမ်းကြောင်းကို မြင်နိုင်ရန် မဖြစ်နိုင်ချေ။ ထို့အပြင် ဤမျှ နီးကပ်သော အကွာအဝေးမှ ပစ်ချက်ကို လက်ဗလာဖြင့် ဖမ်းသွားခြင်းက လုံးဝ ယုံကြည်နိုင်စရာ မရှိ။

သို့ကြောင့် ရှုချန်း၏ ပြကွက်က ကြည့်ရှုနေသူများကို အံ့အားသင့် တုပ်လှုပ်စေရုံ သက်သက် မဟုတ်ချေ။ သူက အားလုံးကို ကြောက်လန့် ခြောက်ခြားသွား စေခဲ့သည်။ လျူဝေတစ်ယောက် ကြောက်ရွံ့မှုကြောင့် ခြေထောက်များပင် ဂျယ်လီကဲ့သို့ ပျော့ခွေကုန်သည်။

ဝမ်အန်ကတော့ လျူဝေထက်ဦးစွာ စိတ်နှင့်လူ ပြန်ကပ်သွား၏။ သူက ချက်ချင်းပင် အပြေးရောက်လာပြီး ရှုချန်း၏ ခြေထောက်များကို ဖက်ထားရင်း လျူဝေကို အော်ဟစ်လိုက်သည်။

"ပြေး.. ပြေးတော့... ငါတို့အားလုံး အထုတ်ခံရလို့ မဖြစ်ဘူး.."

ထိုအခါမှ လျူဝေ သတိပြန်ဝင်လာ၏။ ဝမ်အန်က ရှုချန်း၏ ခြေထောက်များကို ပြေးဖက်၍ ချုပ်ထားရာ ဝမ်အန်အတွက် ထွက်ရမည်မှာ တစ်ဝက်သေချာ နေလေပြီ။ သူပါ ထွက်ရမည် ဆိုပါက ဝမ်အန်တို့ လက်သင့်ခံနိုင်မည် မဟုတ်ပေ။ ဝမ်အန်က အသက်ကို ရင်း၍ ချုပ်ထားပေးရာ လျူဝေ မြန်နိုင်သမျှ မြန်မြန် ထွက်ပြေးရ ပေလိမ့်မည်။

ခြေထောက်များက ဂျယ်လီကဲ့သို့ ပျော့ခွေ နေသည့်တိုင် လျူဝေက ဖနောင့်နှင့် တင်ပါး တစ်သားတည်း ကျအောင် ခြေကုန်သုတ် လေတော့သည်။ ထိုအခိုက်အတန့်တွင် လျူဝေ မည်သည်ကိုမှ ဂရုမစိုက်အားတော့ပေ။

သူ့နောက်တွင်တော့ ရှုချန်းက ဝမ်အန်ကို ငုံ့ကြည့်ရင်း သက်ပြင်းချ လိုက်သည်။

"မင်းဒီလို ငါ့ကို ဆက်ချုပ်ထားရင် သေတဲ့အထိ အရိုက်ခံရမယ် ဆိုတာ သိတယ်မလား.."

ဝမ်အန်က ခါးသီးစွာပြုံးလိုက်သည်။ "မင်းလုပ်စရာ မလိုပါဘူး.. ငါ့ကိုယ်ငါ ရှင်းလိုက်မယ်.." ထို့နောက် ဝမ်အန်က ဓားမြှောင်ဖြင့် သူ့လည်မြို သူထောက်ကာ လှီးဖြတ်ရင်း သေချင်ယောင် ဆောင်လိုက်သည်။

မလှမ်းမကမ်း နံဘေးတွင်တော့ မူးဝေ၍ သတိမကပ်သေးသော ရဲချူက နာကျင်စွာ အော်ဟစ်နေခဲ့သည်။

"ငါ့ လဥတွေ.. အား.. နာလိုက်တာ.."

ရှုချန်းထွက်ခွာ သွားပြီးနောက် ဝမ်အန်က ရဲချူ၏ ပုခုံးကို ပုတ်ရင်း နှစ်သိမ့်လိုက်သည်။

"မင်း လဥတွေ ဆွဲဖြဲခံလိုက်ရတာ မြင်တယ်... ငါတောင် မင့်အစား နာကျင်ရတယ်... ခဏ သည်းခံထားဦး.. မကြာခင် သယ်ထုတ်မယ့် ဝန်ထမ်းတွေ ရောက်လာပြီး စစ်ဆေးရုံ ပို့ပေးလိမ့်မယ်.. ပြီးတော့ တစ်လက်စတည်း သတိပေးလိုက်ဦးမယ်.. နောက်အခါကျ ရန်သူ့ခေါင်းကို ပေါင်နဲ့ ညှပ်တဲ့အကွက် မသုံးနဲ့.. မင်းက မိန်းကလေး လည်းမဟုတ်တော့ အဲ့အကွက် သုံးတာက တခြားသူရဲ့ ခေါင်းကို -ီးနဲ့ ထိုးနေသလိုပဲလေ.. မဟုတ်ဘူးလား.. ညီအကို.."

လျူဝေကတော့ တစ္ဆေ၊ သရဲတွေ့ခဲ့သည့် ပမာ ခြေကုန်သုတ်၍ ပြေးခဲ့သည်။ အဆုံးသတ်တွင် ခြေထောက်များ ဆက်မလှမ်းနိုင်တော့မှ မြေပေါ်သို့ ခွေလဲကျသွားတော့၏။

လျူဝေ ခေါင်းမော့၍ ပြန်ထချိန်တွင်တော့ သူ၏ ဦးခေါင်းကို သေနတ်တစ်လက်ဖြင့် ချိန်ထား ခံလိုက်ရသည်။

"စစ်ဒေသ(၆)ကလား.. အိုး.. အကောင်ကြီးကြီး တစ်ကောင် တွေ့ပြီပဲ.."

လျူဝေက ခါးမတ်ထိုင်ရင်း သစ်ပင်ကို ကျောမှီလိုက်သည်။ ရှုချန်းနှင့် ရင်ဆိုင်ရခြင်းသာ မဟုတ်ပါက ဤသူက သူ့ခေါင်းကို သေနတ်ဖြင့် ချိန်ထားသည့်တိုင် လျူဝေ စိတ်မလှုပ်ရှားမိချေ။

သူက ဖြေးဖြေးချင်း ပြောလိုက်သည်။ "မင်းတို့ တစ်ဖွဲ့လုံး အသတ်မခံချင်ရင် ငါ့ကို စကားပြီးအောင် ပြောခွင့်ပေး.."

လျူဝေကို ယခု သေနတ်ဖြင့် ချိန်ထားသူမှာ စစ်ဒေသ(၃)မှ ဖြစ်ပြီး စစ်ဒေသ(၃) သည် ပြီးခဲ့သည့်နှစ် ပြိုင်ပွဲတွင် ဒုတိယနေရာ ချိတ်ထား၏။ စစ်ဒေသ(၃) ကိုယ်စားပြု ခေါင်းဆောင်ထိုက်ချီက ဆောင့်ကြောင့်ထိုင်ရင်း မေးသည်။

"ဝမ်အန်နဲ့ ရဲချူ ဘယ်မှာလဲ.. သူတို့ကို ထွက်လာခဲ့ဖို့ ပြောလိုက်.. မနှစ်က ငါတို့ တစ်ကွက် နောက်ကျလို့ ရှုံးသွားတာ.. ဒီနှစ် သေချာ ပြင်ဆင်ထားတယ်.. ထပ်ရှုံးမှာ မဟုတ်တော့ဘူး.."

လျူဝေက ခါးသီးစွာ ပြုံးလိုက်သည်။

"ဒီနှစ် တကယ့် ဖျက်မြင်းတစ်ကောင် ပါလာတယ်.. အဲ့ကောင်က အားလုံးကို အနိုင်ယူလိမ့်မယ်.."

ထိုက်ချီက မျက်မှောင်ကြုတ်လိုက်သည်။

"ဖျက်မြင်းဟုတ်လား.. ဘယ်လောက်တောင် ဖျက်မှာလဲ.. မနှစ်ကလည်း ဖျက်မြင်းပါတာပဲ.. ဒါပေမယ့် သက်ဆိုးမရှည်သွားဘူးလေ.. နှစ်တိုင်း နှစ်တိုင်း ပြိုင်ပွဲမစခင် အဲ့လိုထင်ကြေး ပေးခံရတဲ့ကောင်တွေ ပါလာတာပဲ.. ဒါပေမယ့် ဘာဖြစ်တုန်း.. ငါတို့လို တကယ့် ပညာရှင်နဲ့ အကွာကြီးပါ.. မြန်မြန်ပြော.. ရဲချူ ဘယ်မလဲ.. ငါ သူ့ကို တွေ့ဖို့လိုတယ်.."

လျူဝေက ထိုက်ချီကို ကြည့်ရင်း ပြောသည်။

"စစ်ဒေသ(၆)မှာ ငါတစ်ယောက်ပဲ အသက်ရှင်ကျန်တယ်.."

"ဘာ.." စစ်ဒေသ(၃)မှ လူများအားလုံး ထိတ်လန့်သွားကြသည်။ ထိုက်ချီက ပြုံးရင်းမေး၏။

"ဘာပြောတာလဲ.. ရဲချူနဲ့ ဝမ်အန်တို့ အထုတ်ခံလိုက်ရပြီ ဟုတ်လား.. ငါ့ကို လာနောက်နေတာလား.. သူတို့ကိုယ်သူတို့ သတ်သေတာမျိုး မဟုတ်ရင် ငါတို့ကလွဲလို့ သူတို့ကို ဘယ်သူက ထုတ်နိုင်မှာလဲ.."

"ထပ်ပြောမယ်.. စစ်ဒေသ(၆)မှာ ငါတစ်ယောက်ပဲ အသက်ရှင်ကျန်တယ်.. စစ်ဒေသ(၆)ကို အပြတ်ချေမှုန်းချင်တယ် ဆိုရင် အခုငါ့ကို သတ်လိုက်လို့ရပြီ.. ဒါပေမယ့် ငါ့ကို သတ်မယ်ဆိုရင် မင်းတို့ သေချာပေါက် နောင်တ ရမယ်လို့ ငါပြောရဲတယ်.. ငါပေးမယ့် သတင်းအချက်လက်နဲ့ဆိုရင် အဲ့တစ်ယောက်ကို မင်းတို့ ရင်ဆိုင်နိုင်လိမ့်မယ်.. ငါအခု ထုတ်ပယ်မခံသင့် သေးဘူးလို့ ထင်တယ်.. အဲ့အစား ငါတို့ ပူးပေါင်းပြီး အဲ့ကောင်ကို အရင် ထုတ်ပယ်ရမယ်.. ငါပြောတာ ကြားလား.. အဲ့ကောင်ကို ငါတို့ မထုတ်နိုင်ဘူး ဆိုရင် ဒီနှစ်က ဖျက်မြင်းနှစ် ဖြစ်သွားလိမ့်မယ်.. သမိုင်းတစ်လျှောက်မှာ ထိပ်ဆုံးစစ်ဒေသတွေ အကုန် မျက်နှာဖြတ်ရိုက်ခံရမယ့် နှစ်လည်း ဖြစ်သွားလိမ့်မယ်.. မင်းတို့ တစ်ယောက်ချင်းစီ သွားပြီး သူနဲ့ ရင်ဆိုင်မယ် ဆိုရင်လည်း ကိုယ့်သေတွင်း ကိုယ်တူးသလို ဖြစ်နေမှာပဲ.."

ထိုက်ချီက နှာခေါင်းရှုံ့ရင်း ခနဲ့လိုက်သည်။

"အလယ်လတ် အဆင့် စစ်ဒေသတွေသာ အားနည်းတဲ့အတွက် ပူးပေါင်းကြမှာ.. ငါတို့က အဲ့လိုမျိုး အရှက်မဲ့စရာ မလိုဘူး... ငါမမြင်ဖူးတဲ့ ပညာရှင် ရယ်လို့ ရှိသေးလို့လား.. အပိုတွေ လာပြောမနေနဲ့.."

လျူဝေကလည်း ထိုက်ချီကို ကြည့်ကာ ခနဲ့ပြုံးဖြင့် ပြောသည်။

"မင်း ရဲချူကို မနိုင်ဘူးဆိုတာ မင်းကိုမင်း သိပါတယ်.. ငါအခု ဒီလောက်ထိ အသက်လု ပြေးလာရတယ် ဆိုတာ ရဲချူနဲ့ ဝမ်အန်ကို အဲ့ကောင် သတ်လိုက်လို့ပဲ.. ပြီးတော့ ချောင်းမြောင်းလုပ်ကြံတာ မဟုတ်ဘူး... ရဲချူနဲ့ ဝမ်အန်ပေါင်းပြီး နှစ်ယောက်တစ်ယောက် သူတင်ကိုယ်တင် ယှဉ်ချခဲ့တာတောင် အဲ့ကောင်ရဲ့ တိုက်ကွက် ၁၀ ကွက် မခံနိုင်လိုက်ဘူး.. မင်းအဲ့လို ပညာရှင်မျိုး မြင်ဖူးသလား.."

ထိုက်ချီနှင့် ကျန်သူများ အားလုံး မျက်လုံးများ မှေးကျဉ်း၍ ကြည့်လိုက်မိကြသည်။

အခန်း ၂၂၄ ပြီး

Continue Reading

You'll Also Like

1M 46K 100
Kenta Bernard, a seventeen-year-old, died of leukemia in the hospital and was transmigrated in a novel that he has yet to finish. He is the ill secon...
166K 6.3K 22
Oc female Jackson x Hermes x Apollo x Ares
15.2K 72 28
After a wild party spirals out of control, a group of teenage boys are forced to attend an elite all-girls school as punishment, where they must lear...
54.7K 1.8K 27
Sky 💙