နတ်နဂါးစစ်သည်

By purefeather199

21.3K 1.8K 21

နတ်နဂါးစစ်သည် (Chapter - 1274 ( completed ) ဘာသာပြန်စာရေးဆရာ - တင်အောင်ခိုင် ဗြိတိန်တွင် SIS ၊ US တွင် CIA ရ... More

အခန်း 1+2 (ငါ ပြန်လာခဲ့မယ်)
အခန်း 3+4 (အရင်းနှီးဆုံး သူစိမ်း)
အခန်း 5+6(အခန်းဖော်)
အခန်း 7+8(အလှနတ်သမီး၏အခြွေံအရံများ)
အခန်း 9+10(ရှောင်ဖို့ပဲတတ်တာလား)
အခန်း 11+12(အဓိပ္ပါယ်မရှိတဲ့ အောက်ဆုံးစည်း)
အခန်း 13+14(အားလုံးကို ထိန်းသိမ်း)
အခန်း 15+16(ရှေ့နေများ၏အဝိုင်းခံရခြင်း)
အခန်း 17+18(ပျားရည်ထောင်ချောက်များပင် အလုပ်မဖြစ်)
အခန်း 19+20(ဒီခန္ဓာကတော့တစ်ခုခုမှားနေပြီ)
အခန်း 21+22(ချောင်ပိတ်မိခြင်း)
အခန်း 23+24(လိမ္မာပါးနပ်တဲ့ရဲ)
အခန်း 25+26(ရုတ်တရက်ရောက်လာသောသတင်းထောက်များ)
အခန်း 27+28(အနည်းငယ်ခံစားသွားရခြင်း)
အခန်း 29+30(မထိန်းချုပ်နိုင်သောစွမ်းအားများ)
အခန်း 31+32(ဂိုဏ်းလေးဂိုဏ်း၏နောက်ခံ)
အခန်း 33+34(၅ မိနစ်တည်းနဲ့ အမှောက်သိပ်မယ်)
အခန်း 35+36 (သူ့ကို ခေါ်သွားချင်ရင် ငါတို့ စည်းကမ်းအတိုင်း လုပ် ))
အခန်း 37+38( ပြဿနာဒုတ်ထိုးရှာသူ )
အခန်း 39+40(အကြီးအကဲများ)
အခန်း 41+42(ခွန်အား စမ်းသပ်မှု )
အခန်း 43+44(အမှတ်မထင် တိုက်ပွဲတခု )
အခန်း 45+46(အမျိုးသမီး နှစ်ဦးကြားမှ အလောင်းအစား )
အခန်း 47+48 (ငါ မဖမ်းရဲတဲ့သူ မရှိဘူး )
အခန်း 49+50 ( ပန်းကလေး၏ စောင့်ရှောက်သူများ ဒေါသထွက်ခြင်း )
အခန်း 51+52( ရန်ငြိုးတွေ ရှိရင် အခုညပဲ အပြတ်ရှင်းရအောင် )
အခန်း 53+54 (သေမင်းတမန် ထိုးသတ်ပွဲ ဖိတ်ကြားလွှာ )
55+56 (သေမင်းတမန် ထိုးသတ်ပွဲအား လက်ခံခြင်း )
57+58( ကြိုတင်ပြင်ဆင်ခြင်း )
59+60( အကဲဖြတ်မှု ( ၁ ) ( တုံ့ပြန်မှု အမြန်နှုန်း )
61+62(မျက်လုံးအုပ်၍ ပစ်ခတ်ခြင်း )
63+64(အားကုန်သုံးပြီး ငါ့ကို ထိုးစမ်းပါ...)
65+66(လုံးဝ အကြံပြုတယ်...)
67+68( စောင့်နေရတာ တန်ရဲ့လား.... )
69+70(အခြေအနေ)
71+72(သူ ငါ့ရည်းစားဖြစ်လာရစေမယ်)
73+74( မတူညီသော အတွေးကိုယ်စီ )
75+76(မခူးဆွတ်ရက်သောပန်းတစ်ပွင့်)
77+78(ဒီအရူးကောင်ကတော့)
79+80(ကြောက်မက်ဖွယ်ရာတို့၏အစ)
အခန်း ၈၁ (ငါတို့ မစ်ရှင်ကို နင်ဘယ်လိုသိတာလဲ)
အခန်း ၈၂ (ငါမင်းနဲ့ကစားမယ်)
အခန်း ၈၃ (လှည့်စားမှု)
အခန်း ၈၄ - ငါ့မှာ သဘောကျတဲ့သူ ရှိပြီးသား
အခန်း ၈၅ ( ရှုချန်း လုပွဲ )
အခန်း ၈၆( လင်ချူရွယ်အား ပိုးပန်းနေသူ )
အခန်း ၈၇ ( တဲဗက်စ် မိသားစုပိုင် ကာစီနိုသို့ အလည်တခေါက် )
အခန်း ၈၈( လောင်းကစားဟူသည် အနုပညာတမျိုး...)
အခန်း ၈၉(အပျော်တမ်း ဖဲရိုက်ကြတာပေါ့... )
အခန်း ၉၀ (အလောင်းအစား)
အခန်း ၉၁ ( ဒီကောင်လေး ပြောင်းလဲသွားပြီ )
အခန်း ၉၂ (စာစဥ် ၇) (အချစ်လေး... ကိုယ့်ကို ဖဲဆော့ဖို့ ပိုက်ဆံ နည်းနည်းချေး )
အခန်း ၉၃ (မင်း တိုက်ပေါ်က ခုန်ခုချင်လည်း ပိုမြင့်တဲ့ တိုက်ကိုရှာ )
အခန်း ၉၄ ( အကြွင်းမဲ့ ပြောင်းလဲခြင်း တစ်ခု )
အခန်း ၉၅(ဒီခံစားချက်ကို လွမ်းတာ ကြာပြီ )
အခန်း ၉၆(ခေါင်းဆောင် ရဲ့ အမိန့်ကို နာခံ )
အခန်း ၉၇
အခန်း ၉၈ +၉၉
အခန်း ၁၀၀+၁၀၁
102+103
104+105
106+107
108+109
110+111
112+113
114+115
116+117
118+119
120+121
122+123
124+125
126+127
128+129
131+132
133+134
အခန်း ၁၃၅ ( သွေးကြွေးပြန်တောင်းရန် ရောက်လာသူများ )
အခန်း ၁၃၆ ( ပုန်းလျှိုးကွယ်လျှိုး )
အခန်း ၁၃၇ ( မယုံနိုင်ဖွယ် ဖြစ်ရပ် )
အခန်း ၁၃၈ ( ရှန်ဝမ်ဆန်း )
အခန်း ၁၃၉ ( အဲဒီ ရှုချန်း အစစ်ပဲ... )
အခန်း ၁၄၀
အခန်း ၁၄၁
၁၄၂( အထီးဖြစ်ဖြစ် အမ ဖြစ်ဖြစ် ဂရုမစိုက်ဘူး )
၁၄၃( ဒီကလေးက ငယ်လွန်းသေးပါတယ်... )
၁၄၄( အသန်မာဆုံး B အဆင့် )
၁၄၅( လင်လဲ့ နေထိုင်ခြင်း၏ နောက်ကွယ်မှ ရည်ရွယ်ချက် )
၁၄၆( လီတ့ဟွမ်၏ အဆုံးသတ် )
၁၄၇( ကျုပ်မသွားခင် တံခါးဝဂိုဏ်း လေးခုလုံးကို ရှင်းသွားမယ်...)
၁၄၈( လုပ်ရိုးလုပ်စဥ် အတိုင်း စစ်ဆေးမယ် )
၁၄၉( ဟဲထျန်း ၏ ဗျူဟာ )
၁၅၀( အားလုံးကို ဖမ်းဆီးထိန်းသိမ်းခြင်း )
၁၅၁( ကျုပ်တို့ သူဌေးက ခင်ဗျားကို စကား တစ်ခွန်းလောက် ပြောချင်လို့တဲ့... )
၁၅၂( ကျုပ်ကို ခြိမ်းခြောက်ခဲ့တဲ့သူတွေ အခု ဘာဖြစ်နေလဲ သိလား... )
၁၅၃( ညီလေး... စားနော်...)
၁၅၄( စစ်ဒေသ ၃၆ ခု ပြိုင်ပွဲ )
၁၅၅( တကယ်ကို ထိုက်တန်ပါတယ်... )
၁၅၆(နောက်ယောင်ခံ လိုက်ခြင်း )
၁၅၇( ကျုပ် ရှာဖွေရေး ဝရမ်း လိုတယ် )
၁၅၈(ဖော်ထုတ်ခံရပြီ )
၁၅၉(အင်အားသုံး )
၁၆၀( ဟာကွက် အပြည့်နှင့် )
၁၆၁( ခေတ်တစ်ခေတ် အဆုံးသတ်ခြင်း )
၁၆၂( အနာဂတ်မှာ မင်းဘယ်လောက်ထိ အောင်မြင်မလဲဆိုတာ ငါ တကယ်ကိုမြင်ချင်ပါတယ်...)
၁၆၃( ပိုက်ကွန်ထဲမှ လွတ်သွားသော ငါးတစ်ကောင် )
၁၆၄
၁၆၅( သောက်ကျိုးတော့နည်းကုန်ပြီ ယောက်ဖရေ...)
၁၆၆( နင့်သူငယ်ချင်းက နင့် ယောက်ျားကို ဖွင့်ပြောလိုက်ပြီ...
၁၆၇( ရှန်ယောင် ချန်ခဲ့သော စာတစ်စောင် )
၁၆၈( ကတိ )
၁၆၉( ငါပြန်လာပြီ )
၁၇၀( မောက်မာသော လူသစ် )
၁၇၁( စီနီယာများနှင့် ဂျူနီယာများ အကြားမှ စစ်ရေးလေ့ကျင့်မှု )
၁၇၂( တစ်ကိုယ်တော် အစွမ်း )
၁၇၃( ဒီကောင် ဘာ အခွင့်အရေးမှ မရစေရဘူး )
၁၇၄( ပြည့်စုံသော လမ်းကြောင်း )
၁၇၅( မခုတ်တတ်တဲ့ကြောင် )
၁၇၆( စိတ်လှုပ်ရှားစရာ မရှိသလောက်ပါပဲ... )
၁၇၇( ငါတို့ TV အစီအစဥ် တစ်ခုမှ ပါရမယ် )
၁၇၈( ငါ လုပ်နိုင်တယ် )
၁၇၉( လင်ချူရွယ် )
၁၈၀( လေးလေးနက်နက် တွေးတောခြင်း )
အခန်း ၁၈၁( ထပ်ပြီးတော့ ရှုချန်းပဲလား... )
၁၈၂ + ၁၈၃( စစ်ဒေသ ငါးတွင် လူသစ်ကလေး ထင်တိုင်းကြဲရမည့် အလှည့် မရောက်သေးချေ...)
အခန်း ၁၈၄( အသက်တွေလည်း ကြီးပါပြီ... လှေကားက ဆင်းတာပဲ ကောင်းပါတယ်...)
အခန်း ၁၈၅ + ၁၈၆( မင်း မျက်ခွက် )
အခန်း ၁၈၇ + ၁၈၈(တစ်လောကလုံး နဲ့ စစ်ပြိုင်မယ် )
အခန်း ၁၈၉ + ၁၉၀( အရှက်မရှိ... )
အခန်း ၁၉၁ + ၁၉၂ + ၁၉၃( အမျိုးသမီး စစ်ယူနီဖောင်း )
အခန်း ၁၉၄ + ၁၉၅( ကံမကောင်းလွန်းသူကို ရန်ရှန်း ဟု ခေါ်သည်...)
၁၉၆ + ၁၉၇( ခင်ဗျား ရုပ်ရှင် ရိုက်ရင်လည်း ဒီလို အက်ရှင်ကားမျိုး ရိုက်စမ်းဗျာ... )
အခန်း ၁၉၈+၁၉၉( နဖူးပြင်ထက်မှ အနမ်းပန်း တစ်ပွင့် )
အခန်း ၂၀၀+၂၀၁( ခေါင်းမာသူ )
အခန်း ၂၀၂ + ၂၀၃( အဲဒါ ငါ့အိပ်မက်ပဲ... )
အခန်း ၂၀၄ (မင်းက ဆရာကြီးပဲ... )
အခန်း ၂၀၅+၂၀၆( ပြင်းထန်သော ပြိုင်ဆိုင်မှု )
အခန်း ၂၀၇+၂၀၈( ပြည့်စုံသော အစပြုခြင်း တစ်ခု )
အခန်း ၂၀၉+၂၁၀(ပစ်ချက် )
၂၁၁ + ၂၁၂( အသံမထွက်အောင် ဘယ်လို လျှောက်လာတာလဲ... )
အခန်း ၂၁၅ + ၂၁၆( သောက်ရမ်း မိုက်ချက်ပဲ )
အခန်း ၂၁၇ + ၂၁၈( ဒါဆို ငါ စ လှုပ်ရှားပြီ )
အခန်း ၂၁၉ + ၂၂၀( လူယုတ်မာ )
အခန်း ၂၂၁ + ၂၂၂(ခက်ခဲတဲ့ ပြိုင်ဘက် )
အခန်း ၂၂၃ + ၂၂၄(အရှက်မရှိ )
အခန်း ၂၂၅(မင်း ထပ်ပစ်ချင်သေးရင် ပစ်လေ )
အခန်း ၂၂၆ + ၂၂၇(မင်းအမေ ကိုယ်စား မင်းကို ခွင့်လွှတ်လိုက်မယ် )
အခန်း ၂၂၈ + ၂၂၉(ဖြစ်ချင်ရာကို အကောင်အထည် ဖော်ခြင်း )
အခန်း ၂၃၀ + ၂၃၁(ထိပ်တန်းအထူးအဖွဲ့ )
အခန်း ၂၃၂ + ၂၃၃(အဖွဲ့ နှစ်ခု အကြား ကွာြခားချက် )
အခန်း ၂၃၄ +​၂၃၅(ဆုပေးပွဲ )
အခန်း ၂၃၆ +​၂၃၇(ကျွန်မရဲ့ သခင်ကြီး ကာနယ် )
အခန်း ၂၃၈ +​၂၃၉ + ၂၄၀(ရည်ရွယ်ချက် ရှိရှိ )
အခန်း ၂၄၁ + ၂၄၂(ငါ သူ့ကို ယုံတယ် )
အပိုင်း - ၂၄၃ +၂၄၄(ဖယ်ရှားပစ်မယ် ( ၂ )
အပိုင်း - ၂၄၅ + ၂၄၆ + ၂၄၇( ငါ တောင်းပန်ဖို့ ရွေးချယ်တယ် )
အပိုင်း - ၂၄၈ + ၁၄၉(ငြင်းပယ်ခြင်း )
အပိုင်း - ၂၅၀ + ၂၅၁(ဒီကောင်လေး မဆိုးဘူးပဲ )
အပိုင်း ၂၅၂ + ၂၅၃( ကျုပ်က နဂါးတပ်ဖွဲ့ကို ကိုယ်စားပြုတယ် )
အပိုင်း ၂၅၄ + ၂၅၅( အရိပ်လက်သီး )
စာရေးသူ မှ ပြန်ကြားလွှာ
အပိုင်း ၂၅၆ + ၂၅၇( နှစ်လေး )
အခန်း ၂၅၈ + ၂၅၉( ငါ့ဇနီးလောင်းနဲ့ တစ်ခြားလူ လက်ထပ်သွားတော့ ငါဘယ်လို ခံစားရမလဲ )
အပိုင်း ၂၆၀ + ၂၆၁( တတိယမင်းသား၏ မဖြစ်စလောက် အကြံ )
အပိုင်း ၂၆၂ + ၂၆၃( စစ်ဆင်ရေးအောင်မြင်ခြင်း )
အပိုင်း ၂၆၄ + ၂၆၅( ကြားဖြတ်ခံရခြင်း )
အပိုင်း ၂၆၆ +​၂၆၇( ငါ ဒီမြို့က မပြန်တော့ဘူး )
အပိုင်း ၂၆၈ +​၂၆၉ + ၂၇၀( ဒီအချိန်မှာတော့ သေးပေါက်ချင်တာပဲ သိတယ် )
အပိုင်း ၂၇၁ + ၂၇၂( ငါ့ကို သောက်ရှက်ခွဲနေတာလား )
အပိုင်း ၂၇၃ + ၂၇၄ + ၂၇၅( အဘိုးကြီးတောင် မင်းလောက် ချော့မသွင်းတတ်ဘူး )
အပိုင်း ၂၇၆ + ၂၇၇ + ၂၇၈(သူ့ကို ဒီမှာ ထိန်းသိမ်းထား )
အပိုင်း ၂၇၉ + ၂၈၀ + ၂၈၁( ညစာစားပွဲ )
အခန်း ၂၈၂ + ၂၈၃( ခင်ဗျားတို့ ဘယ်လောက်ရောင်းမှာလဲ... ကျုပ် အကုန်ဝယ်မယ်... )
အခန်း ၂၈၄ + ၂၈၅( မင်းတို့အားလုံး အမှိုက်လိုကောင်တွေချည်းပဲ...)
အခန်း ၂၈၆ + ၂၈၇ + ၂၈၈(နောက်ဆုံး )
အခန်း ၂၈၉ + ၂၉၀( သူမကိုယ်သူမ အပြစ်တင်ခြင်း )
အခန်း ၂၉၁ + ၂၉၂(မင်း သန္ဓေပြောင်းလူသား ဖြစ်လာလိမ့်မယ် )
အခန်း ၂၉၃ + ၂၉၄ + ၂၉၅( ကျုပ်လက်သီး တွေကို လုံးဝ ရပ်မရတော့ဘူး... )
အခန်း ၂၉၆ + ၂၉၇ + ၂၉၈( ချောက်ချခြင်း.... )
အခန်း ၂၉၉ + ၃၀၀( လျှိုထားမယ်.... )
အခန်း ၃၀၁+၃၀၂( အားလုံးပဲ... ကျွန်မက ရှုချန်း မိန်းမပါ... )
အခန်း ၃၀၃ + ၃၀၄( ရင်ဆိုင်ရန် မဖြစ်နိုင်သော )
အခန်း ၃၀၅+၃၀၆( ရှုချန်း ခြေရာ လိုက်နင်းဖို့ဆိုတာ...)
အခန်း ၃၀၇+၃၀၈( ခြိမ်းခြောက်ခြင်း )
အခန်း ၃၀၉+၃၁၀( ပွဲပြီးသွားပြီ )
၃၁၁+၃၁၂+၃၁၃( ရှုံးသူ ချီးစားကြေး )
အခန်း ၃၁၄+၃၁၅( ကျေးဇူးနော် ချူရွယ် )

အခန်း ၂၁၃ + ၂၁၄( တပ်တွင်း အပြေးချန်ပီယံပင် မလွတ်မြောက်နိုင်ခဲ့...)

78 5 0
By purefeather199

နတ်နဂါးစစ်သည်

အခန်း ၂၁၃

( တပ်တွင်း အပြေးချန်ပီယံပင် မလွတ်မြောက်နိုင်ခဲ့...)

ကြီးကြပ်ရေးမှူး ရန် က ဆက်လက်၍...

"မင်းတို့အတွက် သတင်းကောင်း တစ်ခုရှိတယ်... အခု ငါတို့ စစ်ဒေသငါး အပါအဝင် အသင်း ၂၁ သင်း ပြိုင်ပွဲမှာ ရှိသေးတယ်... ငါတို့ရဲ့ အဆင့် ၂၂ အထိဘဲ ရောက်ခဲ့ဖူးတဲ့ စံချိန်ကို ချိုးပြီး အဆင့် ၂၁ မှာ ရောက်နေပြီ... ကံကောင်းရင် အဆင့် ၂၀ ထဲတောင် ဝင်နိုင်သေးတယ်... ဒါပေမဲ့ ငါ မင်းတို့ကို ပြောပြမယ်... ဒါတွေအားလုံးက ရှုချန်းရဲ့ စွမ်းဆောင်ရည်ကြောင့်ပဲ... မင်းတို့ မလုပ်နိုင်တာကို သူ လုပ်နိုင်ခဲ့တဲ့အတွက် မင်းတို့အနေနဲ့ သူ့ကို နှလုံးသားထဲကနေ လေးစားဖို့ ငါ မျှော်လင့်တယ်... "

"ဒီနှစ်မှာ ငါတို့ ဘယ်နေရာ ဘယ်အဆင့်ပဲ ရပါစေ မင်းတို့ ပြင်းပြင်းထန်ထန် ပြန်လေ့ကျင့်မယ်လို့ ငါထင်တယ်... ဒါ့ကြောင့် နောက်တစ်ခေါက် လေ့ကျင့်တဲ့အခါ ရှုချန်းကို မင်းတို့ မတားကြနဲ့တော့... မင်းတို့ရဲ့ အမှားတွေကို သိပြီး အားနာမိတယ် ရှက်မိတယ်ဆိုရင် နောက်နှစ်မှာ မင်းတို့ ကြိုးစားပြီးတော့ ပြန်ပေးဆပ်မယ်လို့ ငါ မျှော်လင့်ပါတယ်... "

တပ်သားသစ်ကလေးများ အားလုံး ခေါင်းညိတ်လိုက်ကြ၏။

"စိတ်မပူပါနဲ့ ကြီးကြပ်ရေးမှူး... နောက်နှစ်မှာ ခေါင်းဆောင်ရှုချန်းအတွက် ကျုပ်တို့တွေ ဝန်ထုတ်ဝန်ပိုး မဖြစ်စေရဘူးလို့ ကတိပေးပါတယ်... ကျုပ်တို့ မာနကြီးခဲ့ပေမဲ့ အခုချိန်မှာ တခြားစစ်ဒေသက စီနီယာ စစ်သားတွေရဲ့ စွမ်းဆောင်ရည်တွေကိုလည်း မြင်တွေ့ပြီးပါပြီ... ကျုပ်တို့ ရိုရိုကျိုးကျိုးနဲ့ ခေါင်းဆောင်ရှုချန်း စိတ်မပျက်ရအောင် ကြိုးစားပါမယ်... "

ကြီးကြပ်ရေးမှူး ရန်က...

"သိပ်ကောင်းတယ်... နောက်နှစ်တော့ မင်းတို့ရဲ့ စွမ်းဆောင်ရည်ကို ငါ စောင့်ကြည့်တာပေါ့... ငါ မင်းတို့ဆီက ကြားချင်တာ ဒီစကားဘဲ... "

ထို့နောက် အင်္ကျီအုပ်ကာ တိတ်ဆိတ်နေသော ဟူပင်းကို တစ်ချက်ကြည့်ပြီး ကြီးကြပ်ရေးမှူး ရန် ထွက်သွား၏။

"ခေါင်းဆောင်ရှုချန်းက အံ့ဩစရာပဲ... တကယ်ပဲ စစ်ဒေသ နှစ်ခုလုံးကို တိုက်ခိုက် အနိုင်ယူပစ်တာလား... လေ့ကျင့်ရေးတုန်းက သူ့ပုံစံကို ကြည့်ကတည်းက အတွေ့အကြုံရှိတဲ့ စစ်သားကောင်း တစ်ယောက်ဆိုတာ ငါသိတယ်... "

"စီနီယာ စစ်သားလတော်တော်များများက ခေါင်းဆောင်ရှုချန်းကို သဘောကျကြတယ်... တကယ်လည်း သန်မာတယ်လေ... သူ့ကို လူတိုင်း လေးစားကြတယ်... သူ့ခွန်အားက လူတိုင်းကို ဦးညွှတ်စေတယ်... "

"ဟုတ်တယ်... ကြီးကြပ်ရေးမှူး ပြောတာ မှန်တယ်... ဒီတစ်ခေါက်မှာ ငါတို့ သူနဲ့ အတူ ပြိုင်ပွဲမှာ တိုက်ခိုက်နိုင်ခဲ့ရင် ရာထူးမြင့်မြင့်တောင် ရသွားနိုင်တယ်... အခုတော့ ငါတို့က ပြိုင်ပွဲက ထွက်ရပြီလေ... "

ထိုစဉ် စကားပြောနေသူကို တပ်သားသစ်တစ်ဦးက ပုခုံးပုတ်လိုက်ပြီး ဟူပင်းကို ငဲ့ညှာရန် မျက်စပစ်လိုက်၏။

အုပ်ထားသော အင်္ကျီကို ဆွဲဖယ်လိုက်သော ဟူပင်း၏ မျက်လုံးများ နီရဲနေကြောင်း အခြားသူများ မြင်လိုက်ရ၏။ အားလုံးက ဟူပင်းကို ဝိုင်းကြည့်နေကြ၏။ အနီးမှ တစ်ယောက် ပုခုံးပုတ်ကာ နှစ်သိမ့်ရန် ကြိုးစားနေသေးသည်။

အချိန်အတော်ကြာပြီးနောက်မှ ဟူပင်း အသံထွက်လာ၏။

"တောင်းပန်ပါတယ်... ဒီစကားပြောဖို့ နောက်ကျနေပြီဆိုတာ သိပေမယ့်လည်း မင်းတို့ကို ငါ တောင်းပန်ချင်သေးတယ်... ငါနဲ့အတူ လေ့ကျင့်ပေးခဲ့တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်... အန္တရာယ်ရှိတဲ့ အခြေအနေတွေမှာတောင် ကာကွယ်ပေးခဲ့တဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်... တကယ်ကို ကျေးဇူးတင်ပါတယ်... "

ဟူပင်းသည် အခြားတပ်သားများကို ဆယ်စက္ကန့်ကျော် လေးလေးနက်နက် ဦးညွတ်နေခဲ့၏။

ဝမ် ဆိုသူ က ပြုံးလိုက်ပြီး...

"ဘာပဲဖြစ်ဖြစ် ငါတို့က တဖွဲ့တည်းသားတွေလေ... လက်တွဲမလုပ်ရင် တခြားအဖွဲ့တွေကို ဘယ်လိုတိုက်မှာလဲ... ဟူပင်း... မင်းကိုယ်မင်းနဲ့ မင်းရဲ့ အဖွဲ့ဝင်တွေကို ယုံကြည်မှုရှိစမ်းပါ... နောက်နှစ် ငါတို့ ပြန်ပြိုင်ကြတာပေါ့... "

ဟူပင်း အောင့်သက်သက် ရယ်မောလိုက်၏။

"နောက်နှစ် မင်းတို့နဲ့ အတူ ပြိုင်ပွဲမဝင်နိုင်တော့မှာ ငါ ကြောက်မိတယ်... စစ်ဒေသမှာ ငါ့ကို ဆက်နေခွင့်ပေးပါတော့မလား... ညီကိုတို့ ငါ့ကို သည်းခံပေးခဲ့လို့ ကျေးဇူးတင်ပါတယ်... "

အခြားသော တပ်သားများက ဟူပင်းကို ကြည့်ကာ ပြုံးလိုက်ကြ၏။

"ကိစ္စမရှိပါဘူး... ငါတို့ထဲမှာ မင်းက အတော်ဆုံးဆိုတာ ဟုတ်ပါတယ်... ငါတို့ စစ်ဒေသကို ပြန်ရောက်ရင် ခေါင်းအုံးအောက်မှာ ဖွက်ထားတဲ့ ငါ့ရဲ့ playboy မဂ္ဂဇင်းတွေ မင်းကို ပေးဖတ်မယ်လေ... "

ဟူပင်း ရယ်လိုက်၏။

တံခါးဝတွင် ရပ်နေသော ကြီးကြပ်ရေးမှူး ရန် လည်း ထိုစကားကြောင့် ပြုံးမိ၏။ စီးကရက် တစ်လိပ်ကို ဖွာကာ ကြီးကြပ်ရေးမှူး ရန် ထွက်သွား၏။ တပ်သားသစ်များအနေဖြင့် ကျဆုံးခြင်းများမှ တစ်ဆင့် သင်ခန်းစာများ ရယူကာ အနာဂတ်တွင် ပိုမို ရင့်ကျက်လာစေရန် သူ မျှော်လင့်ထား၏။

...

စစ်မြေပြင်တွင်...

စစ်ဒေသ ၃၃ ၏ နယ်မြေအတွင်းမှ တိတ်ဆိတ်မှုကို စနိုက်ပါ ရိုင်ဖယ်သံက ဖြိုခွင်းလိုက်၏။

ခြုံပုတ်အတွင်း၌ ပုန်းအောင်းနေသော စစ်သားတစ်ဦး၏ ဦးခေါင်းကို ကျည်ထိမှန်သွားခြင်း နှင့်အတူ အခြားသော စစ်သားများလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။

"ရန်သူ... "

စစ်ဒေသ ၃၂ ခေါင်းဆောင် ဟွမ်ဟီ က အော်ဟစ်ပြီး တောင်ပေါ်မှ ကင်းသမားကို ဆက်သွယ်ရန် ကြိုးစားလိုက်သည်။ သို့သော် အကြောင်းမပြန်သည့်အတွက် သူတို့၏ ကင်းသမား ပြိုင်ပွဲမှ ထွက်ခွာရပြီဖြစ်ကြောင်း သိလိုက်၏။

"အားလုံးပဲ ပြန်ဆုတ်ပြီး စစ်ဒေသ ၂၈ ကလူတွေနဲ့ ပေါင်းလိုက်ကြ... "

ဟွမ်ဟီ က အော်ဟစ်ကာ စစ်သားများ အားလုံးကို အမိန့်ပေးလိုက်၏။

သို့သော် သူတို့အားလုံးမှာ ရှုချန်း၏ ပစ်ခတ်မှု မြင်ကွင်းအတွင်း၌ပင် ရှိနေသေး၏။ နှေးကွေးစွာ လှုပ်ရှားနေသော တပ်သားတစ်ဦး၏ ဦးထုပ်ကို ချိန်ရွယ်ထားရင်း ရှုချန်း ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

"ဒိုင်း... "

ထိုစစ်သား ချက်ချင်း လဲကျသွား၏။ ထို့နောက် သုံးချက် ထပ်မံပစ်ခတ်ပြီး အခြားသော စစ်သားသုံးဦးကို ဖယ်ရှားနိုင်ခဲ့ပြန်သည်။

ဖယ်ထုတ်ခံလိုက်ရသော အသင်းဖော်လေးဦးနှင့် ကျည်ဆံလားရာ လမ်းကြောင်းကို တွက်ဆပြီး စနိုက်ပါသမား၏ တည်နေရာကို ဟွမ်ဟီ ချက်ချင်း ဆုံးဖြတ်နိုင်ခဲ့၏။

"အကာအကွယ်ယူကြ... ငါတို့မှာ ရန်သူ စနိုက်ပါ တစ်ယောက်ရှိနေပြီ... ငါတို့ ကင်းသမားကို သူသတ်သွားတာ... "

ထိုအချိန်တွင် သေနတ်သံကြားသဖြင့် စစ်ဒေသ ၁၃ မှ တပ်သားများ ရောက်လာကြ၏။

"ခေါင်းဆောင် ဟွမ်... စစ်ဒေသ ၁၃ က ကောင်တွေ ရောက်လာပြီ... ကျုပ်တို့ ပြေးမှာလား မပြေးဘူးလား... "

ဟွမ်ဟီ က...

"မဟုတ်ဘူး... ငါတို့ ပြေးလို့ မဖြစ်ဘူး... တောင်ကုန်းပေါ်မှာ စနိုက်ပါသမား ရှိတယ်... ငါတို့ဘက်က ငါးယောက် ကျသွားပြီ... အဲ့လောက် အကွာအဝေးကနေတောင် ထိအောင် ပစ်နိုင်ပုံထောက်ရင် သူ့လက်စွမ်းက အတော်ကောင်းတယ်... "

ထိုအချိန်တွင် သစ်ပင်အကွယ်များ၌ ပုန်းအောင်းနေသော အဖွဲ့ဝင်များက...

"ခေါင်းဆောင် ဟွမ်... စစ်ဒေသ ၁၃ မှာ အဲ့လောက်ကောင်းတဲ့ စနိုက်ပါသမား မရှိပါဘူး... "

ဟွမ်ဟီ မျက်လုံးမှိတ်လိုက်၏။

"ငါ အဲ့ဒါကို စိုးရိမ်တာ... ငါ တွေးတာသာ မှန်တယ်ဆိုရင်တော့ ငါတို့ကို နှစ်ဖွဲ့ပေါင်း တိုက်ခိုက်နေတာပဲ... "

"မင်း ပြောချင်တာက ငါတို့လိုမျိုးပဲ စစ်ဒေသ ၁၃ မှာလည်း ပူးပေါင်းထားတဲ့အဖွဲ့ ရှိနေတယ်လို့ ပြောချင်တာလား... "

ခေါင်းဆောင် ဟွမ်...

" ပေါင် က မြန်တယ်... သူ့ကို စစ်ဒေသ ၂၈ ဆီ ပြေးသွားပြီး စစ်ကူတောင်းခိုင်းပါလား... "

ဟွမ်ဟီ ခေါင်းခါရမ်းလိုက်၏။

"မဟုတ်ဘူး... ပြေးနေတဲ့ ပစ်မှတ်တစ်ခုကို ပစ်ဖို့ အရမ်းလွယ်တယ်... စနိုက်ပါ ဘယ်နားမှာ ရှိလဲ ငါတို့ သေချာမသိဘူး... အခုပဲကြည့်... ဆယ်စက္ကန့်အတွင်း ငါတို့လူ ငါးယောက်ကို ပစ်သွားပြီ... ဒါ စနိုက်ပါသမားတစ်ယောက်ရဲ့ လက်ချက် မဖြစ်နိုင်ဘူး... အနည်းဆုံး သုံးယောက်လောက်တော့ ရှိရမယ်... ပေါင် က မြန်ပေမယ့်လည်း စနိုက်ပါသမား သုံးယောက် ဝိုင်းပစ်ရင် သူ ဘယ်ခံနိုင်မှာလဲ... "

ထို့နောက် ဟွမ်ဟီ က စမ်းသပ်ရန် အင်္ကျီကို ချွတ်လိုက်၏။ အကယ်၍ စနိုက်ပါသမားသာ သူတို့ နေရာကို ချိန်ရွယ်ထားပါက အင်္ကျီကို ထုတ်ပြလိုက်သည်နှင့် ချက်ချင်း ပစ်ခတ်ပေလိမ့်မည်။

သို့သော် အင်္ကျီကို ထုတ်လိုက်သည့် အချိန်တွင် စနိုက်ပါ ပစ်ခတ်ခြင်း မရှိချေ။

ဟွမ်ဟီ သက်ပြင်းချလိုက်၏။

"သူတို့ ထွက်သွားပုံဘဲ... ပေါင်... စစ်ဒေသ ၂၈ ကို သွားလိုက်... စစ်ဒေသ ၃၃ ရဲ့ တိုက်ခိုက်မှုကို ငါတို့ ကာပေးထားမယ်... "

ပေါင် ခေါင်းညိတ်လိုက်၏။

"စိတ်မပူပါနဲ့... ကျုပ်က တပ်တွင်း အပြေးပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်ခဲ့တဲ့သူပါ... မီတာတစ်ရာ ပြေးပွဲမှာလည်း ကမ္ဘာ့စံချိန်တင်ထားတဲ့သူ... စနိုက်ပါသမား ရှိရင်တောင်မှ သူ ကျုပ်ကို ထိအောင် ပစ်နိုင်မှာ မဟုတ်ပါဘူး... "

ဟွမ်ဟီ ခေါင်းညိတ်လိုက်၏။

"တိုင် .. မင်း အင်္ကျီချွတ်ပြီး ထပ်စမ်းကြည့်စမ်း... ဒီတစ်ခေါက် စမ်းလို့မှ မပစ်ရင်တော့ ပေါင် ပြေးလို့ရပြီ... "

ပေါင် ခေါင်းညိတ်လိုက်၏။

တိုင် ကလည်း အင်္ကျီကို ချွတ်ကာ အပြင်သို့ ထုတ်လိုက်၏။

ရှုချန်းက သူတို့ကို ချိန်ရွယ်ထားသော်လည်း တမင်သက်သက် မပစ်ခဲ့ချေ။

"မင်းတို့က တကယ် သတိရှိတာပဲ... ပထမတစ်ခေါက် အင်္ကျီထုတ်ပြီး အယောင်ပြရုံနဲ့ မကျေနပ်သေးလို့ နောက်တစ်ခေါက် ထပ်ပြတာလား... "

"ငါ့ရဲ့ ထိုးဖောက်မြင်နိုင်စွမ်းရှိတဲ့ အမြင်အာရုံက မင်းတို့ အင်္ကျီတွေ ထုတ်ပြမယ်ဆိုတာ သိနေတယ်လေ... တကယ်လို့ စနိုက်ပါ ကျည်ဆံသာ သစ်ပင်ကြီးကြီးကို ဖောက်နိုင်မယ်ဆိုရင် ငါ မျက်လုံး မှိတ်ပြီး မင်းတို့ကို ပစ်ခဲ့တာ ကြာပြီပေါ့... "

တိုင် က အင်္ကျီကို အပြင်သို့ ထုတ်ပြလိုက်၏။ သို့သော် သေနတ်သံ ထွက်ပေါ်မလာချေ။ ထို့ကြောင့် ပေါင် လည်း ပြေးထွက်သွားတော့သည်။ သို့သော် စနိုက်ပါသံ ရုတ်တရက် ထွက်ပေါ်လာပြီး ပေါင် အား ထိမှန်သွားသည်ကို ဟွမ်ဟီ နှင့် အခြားသူများ မြင်လိုက်ရ၏။

"-ီးပဲ... "

အားလုံး အော်ဟစ်လိုက်ကြ၏။

စောင့်ကြည့်ရေး စင်တာမှ ညွှန်ကြားရေးမှူးအချို့ ထိတ်လန့်သွား၏။

"ဘယ်စစ်သားကို မဆို ဒီစနိုက်ပါ တစ်ချက်နဲ့ ထိအောင် ပစ်နိုင်တယ်... တစ်ချက်နဲ့ မထိရင်လည်း သူအလွန်ဆုံးပစ်ရ နှစ်ချက်ပေါ့... တော်တော် လက်တည့်တဲ့ ကောင်ပဲ... "

အခန်း ၂၁၃ ပြီး

နတ်နဂါးစစ်သည်

အခန်း ၂၁၄

( ငါတို့ ဘယ်လို ဆက်လုပ်ကြမလဲ.... )

ဟွမ်ဟီ နှင့် အခြားသူများ လွန်စွာ အံ့အားသင့်သွားကြ၏။

မယုံကြည်နိုင်ဖွယ် ပစ်ခတ်မှုအရှိန်ကို သူတို့တစ်ခါမျှ မမြင်ဖူးချေ။ ထိုစနိုက်ပါသမားမှာ ထိပ်တန်း စနိုက်ပါ နတ်ဘုရားများအကြားမှ နတ်ဘုရား ဘုရင်တစ်ပါး ဖြစ်ပေသည်။ ဟွမ်ဟီ က ယခင်ကတည်းက အလွန် ကြောက်မက်ဖွယ်ကောင်းသော စနိုက်ပါသမားများစွာနှင့် ဆုံတွေ့ခဲ့ဖူးသော်လည်း ယခုမြင်တွေ့လိုက်ရသည့် စနိုက်ပါသမားလောက် ကြောက်မက်ဖွယ် မကောင်းကြချေ။

စနိုက်ပါသမားကောင်း တစ်ဦးအတွက် အခြေခံလိုအပ်ချက်မှာ တည်ငြိမ်မှုနှင့် အာရုံစူးစိုက်မှု ဖြစ်ပေသည်။ အကြောင်းမှာ ပစ်မှတ်များကို ပစ်ခတ်ရန် စက္ကန့်အနည်းငယ်သာ အချိန်ရသောကြောင့်ဖြစ်၏။ ထိုစက္ကန့် အနည်းငယ်အတွင်း စနိုက်ပါသမားကောင်း တစ်ဦးသည် မည်သူ့ကိုမဆို အနိုင်ယူ ပစ်ခတ်နိုင်ပေသည်။ ထိုသို့ ပစ်ခတ်နိုင်ရန်လည်း အချိန်တိုအတွင်း လျင်မြန်စွာ ဆုံးဖြတ်ချက် ချနိုင်ရပေမည်။ အကယ်၍ ရှုချန်းသာ အခြားသော စနိုက်ပါသမားတစ်ဦး ဖြစ်နေပါက ဟွမ်ဟီ အင်္ကျီထုတ်လိုက်သည့် အခိုက်တွင် အလိုလို ပစ်ခတ်ပြီးသား ဖြစ်ပေလိမ့်မည်။

သို့သော် ထိုကြောက်မက်ဖွယ် စနိုက်ပါသမားမှာ အင်္ကျီကို ထုတ်လိုက်ချိန်၌ မပစ်ခတ်ခဲ့ချေ။ သို့သော် စနိုက်ပါသမား၏ တုံ့ပြန်မှု နှေးကွေးခြင်းကြောင့် ဖြစ်နိုင်သည်ဟု ဟွမ်ဟီ စိတ်ဖြေယူဆမိနေသည်။ သို့သော် အင်္ကျီကို ဒုတိယအကြိမ် ထုတ်သောအခါတွင်လည်း စနိုက်ပါသမား မပစ်ခတ်ခဲ့ချေ။

၄င်းမှာလည်း လုံလောက်သော တုံ့ပြန်မှုမရှိခဲ့သည့်အတွက် ဖြစ်နိုင်၏။ သို့သော် တတိယအကြိမ်မှာ အဘယ်သို့နည်း။ ပေါင် မှာ အရှိန်အဟုန်ဖြင့် ပြေးထွက်လာသည့်အခိုက်တွင် စနိုက်ပါသမားက ချက်ချင်း ပစ်ခတ်နိုင်ခဲ့၏။ ၄င်းကိုကြည့်ပါက စနိုက်ပါသမား၏ စွမ်းရည်မှာ လွန်စွာ ကြောက်မက်ဖွယ် ကောင်းပေသည်။

ထို့ကြောင့် စနိုက်ပါသမား၏ တုံ့ပြန်မှုများနှင့် ပစ်ခတ်မှုတို့အကြားတွင် ပြီးပြည့်စုံသော ဆက်သွယ်မှုများ ရှိနေသည်မှာ အသေအချာပင်။ ထို့အပြင် စနိုက်ပါသမား၏ပစ်ခတ်နှုန်းမှာလည်း ထူးခြားလှ၏။ လူတစ်ဦးက ၀.၃ စက္ကန့်ထက် နည်းသောအချိန်အတွင်း ထွက်ပေါ်လာသည်ကို ထိမှန်အောင် ပစ်ခတ်လိုက်နိုင်သည်ကို မြင်ယောင်ကြည့်ပါ။ သူ၏ဦးနှောက်မှာ ကွန်ပျူတာတစ်လုံးကဲ့သို့ တွက်ချက်ကာ ပစ်ခတ်ရန် လက်ချောင်းများကို ညွှန်ကြားနေပုံရပေသည်။

သို့သော် ယောက်ျားအများစု၏ ဦးနှောက်မှာ ခြေလက်တို့ကို ချက်ချင်းတုံ့ပြန်ရန် စေခိုင်းနိုင်ခြင်း မရှိပေ။ သို့ဖြစ်၍ ရုတ်တရက်ဖြစ်ပေါ်သော အခြေအနေများ၌ နှေးကွေးနေပေလိမ့်မည်။ သို့သော် ထိုစနိုက်ပါသမားမှာ လူသားတစ်ဦးနှင့်ပင် မတူချေ။ လွန်စွာလျင်မြန်၏။

ထိုအချိန်တွင် တိုက်ပွဲကို စောင့်ကြည့်နေသော ညွှန်ကြားရေးမှူးများနှင့် ကြီးကြပ်ရေးမှူးများက ရှုချန်း၏ စွမ်းရည်များကို လေ့လာသုံးသပ်နေကြ၏။ စနိုက်ပါ ကိုင်ထားသော ရှုချန်းမှာ အားလုံးကို ထိတ်လန့်စေနေခဲ့သည်။

ရှုချန်း၏ ပစ်ခတ်မှု စွမ်းဆောင်ရည်မှာ ယနေ့တွင် အားလုံးကို အံ့အားသင့်စေခဲ့၏။ မှန်ဘီလူးမပါဘဲ ပစ်ခတ်ခြင်း၊ လှုပ်ရှားနေသော ပစ်မှတ်ကို ထိမှန်အောင် ပစ်ခတ်ခြင်း၊ ပြိုင်ဘက် ငါးဦးဆက်တိုက်ကို ဦးခေါင်းတည့်တည့်ထိမှန်အောင် ပစ်ခတ်နိုင်ခြင်း စသည့် စွမ်းဆောင်ရည်တို့မှာ လွန်စွာ ကောင်းမွန်လှပေသည်။

ယခုတစ်ကြိမ် ပစ်ခတ်မှုမှာလည်း မြန်ဆန်လှသော စွမ်းဆောင်ရည်ကို ပြသခဲ့ပြန်၏။ ရှုချန်း၏ စနိုက်ပါ အစွမ်းမှာ ဝါရင့်ညွှန်ကြားရေးမှူးများကိုပင် ထိတ်လန့်စေခဲ့သည်။ ရှုချန်းမှာ စနိုက်ပါသမားဖြစ်ရန် မွေးဖွားလာပုံရပေသည်။ ပုန်းအောင်းနေသောသူ့ကို မည်သူမျှ မမြင်နိုင်သော်လည်း ရှုချန်းကမူ တွေ့သမျှ သူတိုင်းကို အနိုင်ယူ သတ်ဖြတ်နိုင်နေ၏။

ယခုအချိန်တွင် ရှုချန်း၏ စနိုက်ပါလက်ချက်ဖြင့် စစ်သား ၂၁ ဦး ကျဆုံးခဲ့ပြီ ဖြစ်သည်။ ထို့အတူ လည်ပင်း လှီးဖြတ်ခြင်းကြောင့်လည်း စစ်သား ၁၅ ဦး ကျဆုံးခဲ့ပြီးဖြစ်ပေသည်။ ထို့ကြောင့် ရှုချန်း၏ တစ်ဦးတည်း ရမှတ်မှာ ၃၆ မှတ်အထိ ရောက်ရှိနေခဲ့ပြီ။

"ခေါင်းဆောင် ဟွမ်... အခု ငါတို့ ဘာလုပ်မလဲ..."

စစ်သားတစ်ဦးက တံတွေးမျိုချရင်း စိတ်ပျက်လက်ပျက် ပြောလိုက်၏။

"ကျုပ် ဒီကောင့်ကို တကယ်မြင်ဖူးချင်တယ်..."

ဟွမ်ဟီ ပြုံးလိုက်ပြီး ...

"ငါလည်း မြင်ဖူးချင်တယ်... အင်္ကျီကို ထုတ်ပစ်လိုက်တဲ့အချိန်မှာ ဒီကောင်မပစ်ဘူး... လုံလောက်အောင် လျင်မြန်တဲ့ တုံ့ပြန်မှု မရှိတာလား... ဒါမှမဟုတ် တမင်သက်သက်ပဲ မပစ်တာလား... မေးကြည့်ချင်တယ်... လုံလောက်အောင် လျင်မြန်တဲ့ တုံ့ပြန်မှု မရှိတာဆိုရင်တော့ ငါ ဒီကောင်နဲ့ သူငယ်ချင်းလုပ်မယ်... အဲလိုမဟုတ်ဘဲ တမင်သက်သက် မပစ်ဘဲထားတာဆိုရင်တော့ ငါ ဖင်ကုန်းပေးမယ်..."

သူ့အဖွဲ့ဝင် ငါးဦးကို ၁၀ စက္ကန့်အတွင်း ရှုချန်းတစ်ယောက်တည်း ပစ်ခတ်ခဲ့သည့် အကြောင်းအရင်းအမှန်ကိုသာ ဟွမ်ဟီ သိပါက ထိုင်းသို့သွားကာ လိင်ပြောင်းခွဲစိတ်ပြီး ရှုချန်းနှင့်အတူ နေမိပေလိမ့်မည်။

"ခေါင်းဆောင် ဟွမ်... အခု ငါတို့ ဘာလုပ်မလဲ... စစ်ဒေသ ၁၃ ကကောင်တွေ ငါတို့ဆီ လာနေပြီ..."

တစ်ယောက်က စိုးရိမ်တကြီး အော်ပြောလိုက်သည်။

ခေါင်းဆောင် ဟွမ် အောင့်သက်သက် ရယ်မောလိုက်၏။

"ငါလည်း မသိဘူး... အခုချိန်မှာ ငါတို့ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း သေးသေးလေး ပေါ်လာရင်တောင် စနိုက်ပါသမားက ပစ်သတ်လိမ့်မယ်... အခု ငါတို့မှာ ရွေးချယ်စရာ တစ်ခုပဲရှိတယ်... ငါတို့အတူတူ ရုန်းကန်ရမယ်... ငါတို့ထဲက တချို့တွေ စနိုက်ပါထိလိမ့်မယ်... ဒါပေမဲ့ တချို့ကတော့ မထိဘဲ အသက်ရှင် ကျန်ရစ်လိမ့်မယ်... ဒီနေရာမှာ ငြိမ်ငြိမ်လေး ထိုင်စောင့်နေတာထက် အဲဒီလို ကြိုးစားတာ ပိုကောင်းပါတယ်... မင်းတို့ ဘယ်လိုထင်လဲ..."

အခြားစစ်သားများ ခေါင်းညိတ်လိုက်ကြ၏။

"ကျုပ်တို့က ရှစ်ယောက်ရှိတယ်... ခေါင်းဆောင် ပြောပုံအရဆို စနိုက်ပါသမားက အများဆုံးမှ သုံးယောက်ပဲ ရှိမှာ... ကျုပ်တို့အားလုံး ပြိုင်တူထွက်ပြေးရင် သူတို့ပစ်နိုင်မှာမဟုတ်ဘူး... အနည်းဆုံး သုံးယောက်ကနေ ငါးယောက်တော့ ရှင်သန်လိမ့်မယ်... ခေါင်းဆောင် မင်း အသက်ရှင်မှဖြစ်မယ်... ငါတို့အရင် ထွက်သွားမယ်... ဒါပေမဲ့ ဖြည်းဖြည်းပဲ ပြေးမယ်... မင်းက နောက်ကနေ ပိုမြန်တဲ့အရှိန်နဲ့ ပြေးထွက်သွား... ငါတို့ မင်းကို အကာအကွယ် ပေးထားမယ်..."

ဟွမ်ဟီ ခေါင်းညိတ်လိုက်၏။

"ဒါက အခုအချိန်မှာ ငါတို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာပဲ... စနိုက်ပါသမားကို ရှာပြီး ငါတို့ ညီနောင်တွေအတွက် လက်စားချေမယ်... ငါ ဒီနယ်မြေကို ကျော်ဖြတ်ပြီးရင် စနိုက်ပါသမား ရှိတဲ့ဘက်ကို သွားရှာပြီး လက်စားချေပေးမယ်..."

အခြားသူများ ခေါင်းညိတ်လိုက်ကြ၏။ ဟွမ်ဟီကို အကာအကွယ်ပေးရန် စစ်သား ခုနှစ်ယောက် အသင့်ပြင်လိုက်ကြ၏။ စက္ကန့်အနည်းငယ်အကြာတွင်တော့ စီစဉ်ထားသည့်အတိုင်း သစ်ပင်နောက်ကွယ်မှ အားလုံးပြိုင်တူ ပြေးထွက်လာကြ၏။

ပြေးထွက်လာသူများကို ရှုချန်း ပစ်ခတ်ရန် အဆင်သင့်ဖြစ်နေသော်လည်း အစီအစဉ်တကျ ပြေးလာခြင်း ဖြစ်ကြောင်း သတိပြုမိသွား၏။ စနိုက်ပါ၏ ပစ်ကွင်းအတွင်းသို့ တမင်သက်သက် တိုးဝင်လာသည့်ပုံစံဖြင့် ပြေးနေပေသည်။

ထို့ကြောင့် ထိုသူတို့၏ အစီအစဉ်ကို ရှုချန်း သဘောပေါက်သွားသည်။

ဟုတ်ပေသည်။ သူတို့အားလုံး ဟွမ်ဟီကို ကာကွယ်ပေးနေခြင်းပင်။

ရှုချန်း နှုတ်ခမ်းတွန့်ကွေးရုံမျှ ပြုံးလိုက်၏။

"မင်းတို့ ခေါင်းဆောင်ကို ကာကွယ်ချင်တယ်ပေါ့... ရတယ်လေ... မင်းတို့လုပ်နိုင်မလား ကြည့်ရအောင်..."

ပြောပြောဆိုဆိုဖြင့် စနိုက်ပါကို ချိန်လိုက်၏။

ညွှန်ကြားရေးမှူး ကျိုး က စခရင်ထက်မှတဆင့် ရှုချန်းကို ကြည့်နေ၏။

"သူ့ရဲ့ထူးခြားတဲ့ အမြန်နှုန်းနဲ့ဆို အခုချိန်မှာ အနည်းဆုံး နှစ်ယောက်လောက် ထိအောင် ပစ်လို့ရတယ်... အခု ဘာတွေ တုံ့ဆိုင်းနေတာလဲ..."

ညွှန်ကြားရေမှူး ရှီ လည်း အံ့အားသင့်နေ၏။ သို့သော် စစ်ဒေသ ၃၃ ညွှန်ကြားရေးမှူးမှာ ပို၍ တည်ငြိမ်နေ၏။ သူက ဖြည်းညင်းစွာဖြင့် ...

"ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ ရည်မှန်းချက် ကြီးကြီးမားမားရှိတယ်... သူ ခေါင်းဆောင်ကို ပစ်ချင်နေတာ... ဟိုကောင်တွေက ဟွမ်ဟီ ကို ကာကွယ်ပေးနေတော့ ခေါင်းဆောင်ဆိုတာ ပေါ်လွင်နေတယ်... ဒါပေမဲ့ သူတို့လုပ်တာလည်း မှန်ပါတယ်... ဟွမ်ဟီ ဘေးကင်းမှ စစ်ဒေသ တစ်ခုလုံး ရှင်သန်နိုင်မှာ..."

ညွှန်ကြားရေးမှူး ကျိုး က စစ်ဒေသ ၃၃ ညွှန်ကြားရေးမှူးကို ကြည့်ကာ ...

"ပိုင်... မင်းတို့ရဲ့ အဖွဲ့ခေါင်းဆောင်ကို ရှုချန်း ရှင်းပစ်နိုင်မယ်လို့ ထင်လား..."

ပိုင်ဆိုသူက ညွှန်ကြားရေမှူး ရှီ ကို တစ်ချက်ကြည့်လိုက်ပြီး ...

"မင်း ညွှန်ကြားရေးမှူး ရှီ ကိုပဲ မေးလိုက်ပါ... ရှုချန်းက သူ့စစ်သားလေ..."

ညွှန်ကြားရေးမှူး ပိုင် က သူ့ကို မနာလိုဖြစ်နေမှန်း ညွှန်ကြားရေမှူး ရှီ သိပေသည်။ ထို့ကြောင့် လှောင်ပြောင်ရယ်မောလိုက်ရင်း ...

"တကယ်တော့ ငါတို့ရှုချန်းက အဲလောက်တော်တာလည်း မဟုတ်ပါဘူး... စိတ်မပူပါနဲ့... ဟွမ်ဟီ ကို သူ့အဖွဲ့သားတွေက သေချာ ကာကွယ်ပေးထားတာပဲ... သူတို့ ဒီလောက် သေချာကာကွယ်ပေးထားရင် ရှုချန်းအနေနဲ့ ဟွမ်ဟီ ကို ထိအောင် ပစ်ဖို့အခွင့်အရေး မရှိပါဘူး..."

ထိုသို့ ပြောနေသည့်အချိန်တွင် စခရင်ကို ကြည့်နေသော ညွှန်ကြားရေးမှူး ကျိုး နှင့် ညွှန်ကြားရေးမှူး ပိုင် တို့ တုန်လှုပ်သွားကြ၏။ ထို့ကြောင့် ညွှန်ကြားရေမှူး ရှီ လည်း စခရင်ကို ကြည့်လိုက်ရာ မြေပြင်ပေါ်တွင် ပုံလျက်သား လဲကျနေသော ဟွမ်ဟီကို တွေ့လိုက်ရ၏။

ညွှန်ကြားရေးမှူး ပိုင် ...

"ဘာလဲ... -ီးလားဟ..."

အံ့အားသင့်သွားသော ညွှန်ကြားရေမှူး ရှီ က နည်းပညာရှင်ကို အော်ပြောလိုက်၏။

"ဘယ်လိုဖြစ်သွားတာလဲ... ပြန်ပြစမ်း..."

အခန်း ၂၁၄ ပြီး

Continue Reading

You'll Also Like

134K 4.5K 56
"I no longer want you." Emperor Richard de Tristaine fumed as he looked upon the woman he was ready to abandon just a few weeks ago. "You don't mea...
20.6K 1.1K 26
''မွေ့အတိတ်ဘဝဆိုတာကိုယုံလား''
87.9K 198 29
မူရင့းနှင့်သက်ဆိုင်သူများ credit
803K 22.8K 59
Warning: 18+ ABO worldကို အခြေခံရေးသားထားပါသည်။ စိတ်ကူးယဉ် ficလေးမို့ အပြင်လောကနှင့် များစွာ ကွာခြားနိုင်ပါသည်။