Please don't change
By KillKill28
4.7K 555 272
ကျိန်းသေပေါင်းဖက်ရမှာမို့ ကျေးဇူးပြုပြီးမပြောင်းလဲပါနဲ့ More
အပိုင်းတစ်
အပိုင်းနှစ်
အပိုင်းသုံး
အပိုင်းလေး
အပိုင်းငါး
အပိုင်းခြောက်
အပိုင်းခုနှစ်
အပိုင်းကိုး
အပိုင်းတစ်ဆယ်
အပိုင်းတစ်ဆယ့်တစ်
အပိုင်းတစ်ဆယ့်နှစ်
အပိုင်းတစ်ဆယ့်သုံး
အပိုင်းတစ်ဆယ့်လေး
အပိုင်းတစ်ဆယ့်ငါး
အပိုင်းရှစ်
225 27 1
By KillKill28
Unicode
"အရာရှိSo Binwooနဲ့တွေ့ချင်လို့ပါ"
"ဟိုအရာရှိက တာဝန်နဲ့အပြင်ထွက်သွား..."
"အထဲမှာရှိတယ်ဆိုတာသိတယ်..လာတိုင်းဒီလိုကြီးပြောနေတာ ဘယ်နှစ်ခါရှိနေပြီလဲ။ဘာလဲ ခင်ဗျားတို့ရဲတွေက ပြည်သူ့ဝန်ထမ်းတွေလား။လာဘ်ထိုးတိုင်းရတဲ့ လာဘ်စားသူတွေလား"
အငယ်ကောင်ဟာဒေါသထွက်လာတာမို့ အရှေ့ကရဲသားငယ်လေးကိုဆွဲလားရမ်းလားလုပ်နေတုန်း အထဲကဝင်ခိုင်းလိုက်သည့်အသံကြားတာကြောင့် သူတို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း ဝင်သွားလိုက်ကြသည်။
"Street  Companyကပါ။Park အိမ်တော်ကိုသိမှာပါ။ဘာလို့ အခုထိတရားစွဲတင်ပြထားတဲ့ကိစ္စကိုပယ်ချပြီး မကြည့်ပေးတာလဲသိချင်တယ်..သက်သေလိုချင်တာဆို ဆရာဝန်ရှိတယ်။အဲ့ဆရာဝန်ကိုတွေ့အောင်ရှာရင်ရ..."
"မရှိတော့ဘူး"
ဆုံလည်ထိုင်ခုံကနေလှည့်ပြီးပြောလာသောလူသားကြောင့် Jiminဟာ လှောင်ရယ်သံတစ်ချက်သာထွက်လာတော့သည်။တွေ့စရာလူ အဲ့လောက်ရှားရလား။
"ဘာစကားပြောတာလဲခင်ဗျား..!!"
"တော်ပြီအငယ်ကောင်...ဒီလူကိုမြင်လိုက်ရပြီဆိုတော့ ငါတို့Jeon Heesooကိုတရားစွဲလို့ရမှာမဟုတ်တော့တာသေချာသွားပြီ ပြန်ရအောင်"
အငယ့်ကောင်လက်ကိုဆွဲကာ ပြန်ဖို့ပြင်နေတုံး ကြားလိုက်ရတဲ့စကားကြောင့် Jiminလက်သီးတွေတင်းကြပ်သွားသည်။
"ငါကဒီSeoulမြို့တစ်ခုလုံးမှာထိပ်တန်းအရာရှိနော်။မင်းတို့ဘယ်ဌာနကိုသွားတိုင်တိုင် နောက်ဆုံးငါ့ဆီပဲတံဆိပ်တုံးထုပေးဖို့ရောက်လာမှာ။ငါ့ဆန္ဒမပါရင် ဘာမှမလုပ်လို့မရဘူး။အာ...ဒါနဲ့ အဲ့နေ့ကတော့ သားအိမ်ထည့်လိုက်တာကိုပဲ သတ်သေတော့မလို့ခါးခါးသီးသီးဖြစ်နေပြီးတော့ အခုတော့လည်း အကောင်းတိုင်းကြီးပါလား။ကြည့်ရတာ အဖေ့အသက်နဲ့လဲလိုက်ရတော့..."
"ဝုန်း..!!"
"ခွေးမသား...!!သေသွားလိုက်..!!သေသွားလိုက်တော့..!!"
စားပွဲခုံပေါ်က နာမည်နဲ့ရာထူးရေးထားတဲ့ အလှဖန်ကျောက်ပြားနှင့် အရှေ့ကလူသားကိုပြေးရိုက်ကာ လည်ပင်းညှစ်နေသူကြောင့် အငယ်ကောင်ရော ဌာနကလူတွေပါ လာဆွဲရသည်။
"ခင်ဗျားလိုခွေးပါးစပ်ကနေ ငါ့အဖေအကြောင်းနည်းနည်းလေးမှထွက်လာစရာမလိုဘူး။လွှတ်...!!ငါ့ကို.."
"မင်းကိုယ်ထိလက်ရောက်ကျူးလွန်တာ ငါထောင်ချလိုက်လို့ရတယ်နော်"
"ဟား..ဟား..လုပ်လိုက်လေ!!လုပ်လိုက်စမ်းပါ။အဲ့တာဆိုရင် ထောင်ထဲဝင်ရမယ့်အတူတူ တစ်ခါထဲသတ်ပြီးဝင်လိုက်တော့မှာပေါ့။မင်းထောင်ချချင်တိုင်း ထောင်ချရအောင် ငါတို့ကမင်းလုပ်ချင်တိုင်းလုပ်လို့ရတဲ့ မင်းမယားJeon Heesooမဟုတ်ဘူးခွေးမသား သဘောပေါက်..!!"
လူကောင်သေးသလောက် လက်စရော ခြိမ်းခြောက်တာပါ ကြောက်ဖို့ကောင်းနေတာကြောင့် စခန်းထဲကလူတွေဟာ သူတို့အရာရှိထက်ပိုရှိန်နေခဲ့သည်။
So Binwooသည်လည်း သူ့စခန်းထိ လာပြီးကြောသွားသော ညီအစ်ကိုနှစ်ယောက်ကိုနည်းနည်းလေးမှ ကြေမနေခဲ့။
သူထင်ထားတာက Park Jiminက အရှက်ရကာ စိတ်ဓါတ်ကျပြီး လူတောထဲမတိုးနိုင်ပြီဟု အပိုင်တွေးထားမိတာ။ အခုများတော့ Park Jiminက ကျော့ကျော့လေးပဲ။သူPark Jiminကိုသိပ်လျှော့တွက်မိသွားတာများလား။
•••••••••••••
•••••••••••••
"Hyungတစ်ယောက်ထဲသွားလို့ဖြစ်ရဲ့လား"
"အင်းဖြစ်ပါတယ်အငယ်ကောင်ရဲ့။မောင်လည်း ခနနေလာမှာပဲဟာ"
"ဒါဆိုကျွန်တော်သွားပြီ"
ဆေးရုံရက်ချိန်းမို့ အငယ်ကောင်ဟာသူ့ကိုရဲစခန်းကအပြန် ဆေးရုံရှေ့တွင်သာချပေးခဲ့သည်။အငယ်ကောင်ဟာ Jeon အိမ်တော်တစ်ခုလုံးကိုတူးခါးနေအောင်မုန်းတီးနေခဲ့သည်မို့ မောင့်ကိုတောင်မျက်နှာချင်းမဆိုင်ချင်ခဲ့။သူကတော့ မောင့်ကိုမှမပြတ်နိုင်ဘဲ။မောင့်ကိုတော့ အဆုံးထိခွင့်လွှတ်ပြီးဖက်တွယ်ထားမှာ။
ကလေးယူဖို့ကိုသေချာဆုံးဖြတ်ထားကြပြီးပြီမို့ သေသေချာချာလေးဆေးကုသမှုခံယူပြီး မောင်နဲ့သူရဲ့ရင်သွေးလေးတွေမွေးမြူမည်။မောင့်ရဲ့ဆိုဆုံးမမှုနဲ့ သူ့ရဲ့အတ္တမပါတဲ့မေတ္တာတွေကြောင့်သူတို့ကလေးလေးဟာ လိမ္မာရေးခြားရှိလာစေရမည်။
"လူနာ Park Jimin တုံကင်နံပါတ်က13ပါ။အရှေ့မှာ၇ယောက်လောက်တော့ရှိသေးတယ်ရှင့်။နာမည်စာရင်းခေါ်မှ လာပေးပါနော်"
Nurseလေးရဲ့စကားအဆုံး ထိုင်ခုံမှာပဲထိုင်စောင့်နေလိုက်တော့သည်။အမျိုးသမီးကိုယ်ဝန်ဆောင်တွေသာလာပြကြသည်မို့  သွေးပေါင်ချိန်၊ပေါင်ချိန်တိုင်းတုန်းက သူ့အားအထူးအဆန်းလုပ်သလိုကြည့်နေသေးသည်။တကယ် လူတွေများ ကိုယ့်ကိစ္စမဟုတ်လည်း သိပ်စပ်စုကြသည်။
နာမည်ကြီးပြီးအရမ်းတော်တဲ့ဆရာဝန်မို့ လူနာတစ်ယောက်ဝင်သွားရင် အချိန်ကအနည်းငယ်တော့ကြာသည်။ထို့ကြောင့် Jiminအနည်းငယ်ပျင်းလာကာ မောင့်ကိုလည်းစောင့်ရင်းOGဆောင်မှခဏထွက်ကာ ဆေးရုံလျှောက်လမ်းဆီသို့ ထွက်လာခဲ့သည်။
"ဟင်..hyung.."
ထိုစဥ်တွေ့လိုက်ရတဲ့ ပိန်ပိန်ပါးပါးခန္ဓာကိုယ်ပိုင်ရှင်လေးကို လှမ်းခေါ်ကာ လက်ကိုဆွဲကိုင်လိုက်တော့ သူ့အားအကြောင်သားလေးကြည့်လာသည်။
"Hyung ငိုထားတာလား"
"မဟုတ်..မဟုတ်ပါဘူးJiminရဲ့။တစ်ယောက်ထဲလား Jungkookရောမပါဘူးလား"
"မောင်က မလာသေးလို့။ဒါနဲ့ hyungကရောဒီကိုဘာလာလုပ်တာလဲ"
"Daddyအသိမိတ်ဆွေတစ်ယောက်ကို သတင်းလာမေးရင်း လိုက်လာတာ.."
Jiminသည်လည်း လတ်တလောတွင် သူ့အပူနှင့်သူသာဖြစ်နေသည်မို့ Hoseok hyungနှင့်တောင်သိပ်မတွေ့ဖြစ်ခဲ့။တွေ့ဖြစ်လည်း နှုတ်ဆက်ယုံလောက်သာဖြစ်နေကြသည်မို့ Hoseok hyungတို့အခြေနေတွေကို လိုက်မမှီတော့ပေ။Hoseok hyungတို့ဒုက္ခသည်လည်း သူတို့နီးနီးကြီးတာမို့ မျက်နှာမကောင်းကာ အရင်ကထက်ပိုပိန်လာသော Hyungအား သူဂရုဏာသက်မိပါသည်။
"အိမ်ပြန်တော့မှာလား..Yoongi hyungကိုမစောင့်တော့ဘူးလား"
"အင်း မစောင့်တော့ဘူး"
"အခုနေပြန်ရင်အိမ်ကိုတန်းမရောက်ဘူးဆိုတာသိနေတယ်။ကျွန်တော်တို့ တူတူပြန်ရအောင်..လိုက်ပို့ပေးမယ် အခုတော့ကျွန်တော်တစ်ယောက်ထဲပျင်းလို့ ထိုင်ခုံမှာတူတူလိုက်စောင့်ပေး"
မျက်လုံးလေးတွေမှိတ်ကျသည်အထိ ပြုံးကာ တောင်းဆိုလာသူကြောင့် နေရောင်ခြည်လေးဟာ မငြင်းဆိုနိုင်ခဲ့။ထို့နောက် Jiminခေါ်ရာနောက်ကိုသာ လိုက်သွားပြီး မငြီးမငြူစောင့်ပေးနေခဲ့သည်။
မောင်ဟာ ဒီနေ့မှတိုက်တိုက်ဆိုင်ဆိုင်အလုပ်ရှုပ်နေကာ ဆေးရုံသို့လာတဲ့လမ်းမှာတင် မိုးမိလာတာမို့စိတ်ကကြည်လင်မနေခဲ့။Receptionကနေ OG ဌာနကိုမေးမြန်းကာ လာရင်း အရှေ့ကမြင်ကွင်းကိုမြင်လိုက်ရတော့ မောင်မေးရိုးတွေတင်းသွားသည်ထိ အံကြိတ်မိသည်။
အရှေ့ကသူ့ရဲ့တစ်ဦးပိုင်လေးဟာ Min Hoseokရဲ့လက်တစ်ချောင်းစီတိုင်းကို သဘောတကျကိုင်တွယ်ဆော့နေခဲ့သည်။
စတွေ့ခြင်းထဲက ကြည့်မရတာတွေစုနေသည့်အပြင် ချစ်ရသူနဲ့ပါတပူးပူးတတွဲတွဲရှိနေလို့ စိတ်တိုနေတုံး အရှေ့ကလူသားနှစ်ယောက်ဟာ အခန်းထဲဝင်သွားသည်မို့ ရင်ထဲအပူမီးတွေထကြွကုန်သည်။
ဘာလဲ။အခုကဘယ်လိုလုပ်ရပ်လဲ။အခုနေတူတူဝင်သွားရင် လူနာရှင်ံဟာ Min Hoseokလို့ထင်သွားကြမှာမလား။မဖြစ်ရဘူး။မဖြစ်စေရဘူး။
မောင်ဟာ အရမ်းကိုအချစ်မီးတောက်လောက်နေပြီမို့ Negativeတွေချည်းတွေးပစ်ကာ အတွေးလွန်နေလေပြီ။ထို့နောက် ပြေးကာ ဝုန်းဒိုင်းဝင်သွားတော့ nurseမလေးဟာ လူနာရှင်ဟာတစ်ယောက်ထဲပိုဝင်မရကြောင်းရှင်းပြလာသည်။
"ကျွန်တော်က သူ့ယောကျာ်းဗျ။ကျွန်တော်ဝင်ခွင့်ရှိတယ်"
"ရှင်..ခုနကအမျိုးသားက ဒါဆို...ကျွန်မတောင်းပန်ပါတယ်လူနာရှင်ရဲ့အမည်မှာကျွန်မ အဲ့အမျိုးသားနာမည်ထည့်ရေးမိ..."
"ဘာ..!!"
အဆင်းကိုဘီးတပ်ပေးလိုက်သလိုမျိုး မောင့်ဒေါသတွေဟာ အရမ်းကိုကြီးနေခဲ့ပြီ။စိတ်ကိုအတင်းပြန်လျှော့ကာ ဘေးဘီကြည့်လိုက်တော့ ကိုယ်ဝန်ဆောင်သည်အချို့ဟာ ဗိုက်ကလေးတွေကိုကိုင်ကာ သူ့အားလန့်နေသည့်ဟန်မို့ တောင်းပန်ပါတယ်တစ်ခွန်းပြောကာ သူအပြင်မှာထိုင်စောင့်နေလိုက်တော့သည်။စိတ်ရှိတိုင်းဝုန်းဒိုင်း ဝင်သွားရင်အရှက်ကွဲမှာ အားလုံးပင်မို့ ခနအစွယ်ကိုဝှက်လိုက်ခြင်းသာ။
"ဆေးလေးတွေလည်းပုံမှန်သောက်နေတယ်။Ultrasound ရိုက်ထားတဲ့ရလာဒ်အရ သားအိမ်ကလည်းကောင်းတာမို့ ရလာဒ်ကောင်းလေးတစ်ခုပိုင်ဆိုင်နိုင်မှာပါ။ဒါပေမယ့် အမျိုးသားနဲ့ဆက်ဆံတဲ့အခါ လိုက်နာရမယ့်အချက်ကလေးတွေကို ေသသေချာလိုက်နာပေးရမယ်နော်။ဒီကလူနာရှင်ရှင့်..."
Doctorနဲ့Jiminရဲ့ဆွေးနွေးနေသည့်အသံကို Hoseokကကြားတစ်ချက်မကြားတစ်ချက်နှင့် သူ့အတွေးနှင့်သူမို့ Doctorမှာလိုက်သည်ကိုပင် မသိလိုက်။အတိကျပြောရရင် သူ့အနေနဲ့ဒါတွေကနားထောင်ပေးစရာမှမလိုတာလေ။
"အာ..Doctor သူကကျွန်တော့်အမျိုးသားမဟုတ်ပါဘူး။ကျွန်တော့်အစ်ကိုလိုခင်ရတဲ့သူပါ"
"Sorryပါရှင်...အဲ့တာကြောင့် ဓါတ်ပုံထဲကလူနဲ့သိပ်မတူဘူးလို့တွေးနေတာ"
"ခင်ဗျာ.."
Doctorရဲ့ထူးဆန်းသောစကားကြောင့်  သူအသံထွက်မေးမိတော့ အရှေ့ကDoctorဟာသူ့ကိုခေါင်းခါကာပြုံးပြလာသည်။
"ဒီဆေးလေးတွေကိုပုံမှန်သောက်ပေးပါ။မိန်းကလေးလိုမဟုတ်တော့အနည်းငယ်တော့ ဒုက္ခခံရလိမ့်မယ်။ဒါပေမယ့်လည်း ကလေးလေးရောက်လာရင် အဲ့တာတွေကဘာအရေးလဲနော်။ဒါနဲ့လေ...."
ဆေးစာအုပ်ထဲမှာ ဝယ်ရမယ့်ဆေးတွေကိုရေးပေးကာ ဖော်ဖော်ရွေရွေပြောနေရင်း လက်တွေကဘောပင်ကိုမတည်ငြိမ်စွာ အပေါ်အောက်ရွေ့လျားရင်း သူ့အားမဝံ့မရဲကြည့်လာတော့ Jiminကသာ အနေမခက်အောင် ပြောပါဟုဆိုလိုက်ရသည်။
" Jihyun shiiရောဘယ်လိုနေနေလဲဟင်"
"Doctorကကျွန်တော့်ညီကိုသိနေတာလားဗျ"
"မဟုတ်ပါဘူး။မဟုတ်ပါဘူး။အရမ်းရင်းနှီးတယ်လည်းမဟုတ်ပါဘူး။ဒီတိုင်းကျောင်းနေဖက်တွေမို့ မျက်မှန်းတန်းမိရုံလေးပါ။ဒါလေး ရှေ့ကကောင်တာမှာ လိုအပ်တဲ့ဆေးလေးတွေဝယ်သွားပေးနော်။ဆရာမလေးတို့ရေ ဒီကလူနာကိုသေချာဂရုစိုက်ပေးပါဦးရှင့်"
လက်နှစ်ဖက်လုံးကိုတစ်ခါခါနှင့် အလျင်အမြန်ငြင်းလာသည်မို့ jiminလည်းဆက်မမေးတော့ဘဲ ဘေးကHyungအား လက်တို့ကာ ထွက်ဖို့ပြင်ရတော့သည်။တကယ်ပဲ ကိုယ့်အလှည့်သာ ကျ မနေရင် မောင့်ကိုစောင့်ပြီးဝင်ပါတယ်။အခုတော့ဖြင့် ဘေးနားမှာ ကြေကွဲဆိုနင့်နေသည့်ဟန်ဖြင့် နည်းနည်းမှစိတ်ချမ်းသာစရာပုံမပေါက်တာမို့ ကိုယ်ပင်သက်ပြင်းတချချနှင့် Hoseok hyungလက်မောင်းကိုပင်ပြန်တွဲပေးပြီး ထွက်လာလိုက်တော့သည်။
ထိုစဥ်ထိုင်ခုံမှာထိုင်စောင့်နေတဲ့မောင်ဟာ သူတို့နှစ်ယောက်ကိုနီရဲတွတ်နေသည့်မျက်လုံးတွေဖြင့်ကြည့်လာခဲ့သည်။
Jiminကတော့ သူ့မောင်ကိုမြင်သည်နှင့်ပြေးဖက်လိုက်တာကြောင့် ပြုံးပြကာ ခေါင်းလုံးလုံးလေးကို နမ်းလိုက်ပေမယ့် သူ့အားပြာကျမတတ် စိုက်ကြည့်နေတဲ့မျက်လုံးတွေကို သူသိပါသည်။Hyungပြောလို့သိထားပေမယ့် Min Hoseokတို့ကတော့ နည်းနည်းလေးမှအနေထိုင်မဆင်ခြင်ပေးနိုင်ဘူး။အဲ့မှာ မကျေနပ်ရင် ခွေခေါက်ပြီးသေနေလိုက်။
"မောင့်Babyလေးရယ် မောင်တောင်းပန်တယ်နော်။လမ်းမှာမိုးနည်းနည်းမိသွားလို့"
"ဟုတ်ပါရဲ့ရေတွေစိုနေတာပဲ..ရပါတယ်မောင်ရဲ့အခုလည်းအဆင်ပြေတာပဲကို"
"ဒါဆိုHyung ကားထဲမှာခနသွားစောင့်ပေးပါလား။Hoseok shiiနဲ့ပြောစရာရှိလို့"
"ဟင်..ဘာမို့လို့ငါ့ကိုရှောင်ခိုင်းတာလဲမောင်"
စလာပြီ။ထိုလူနဲ့ပတ်သတ်ရင် လေသံကအစ မာလာတဲ့hyungကိုစိတ်တိုမိသည်။ထို့ကြောင့် ဒေါသကိုမြိုသိပ်ကာ အလုပ်ကိစ္စပါဟုပြောကာ ဖယ်ထုတ်လိုက်ရသည်။
"ကျွန်တော့်နောက်ကလိုက်ခဲ့ပါJung Hoseok shii"
သူ့ရဲ့မျိုးရိုးနာမည်အစစ်ကိုပါခေါ်သွားတာမို့ Hoseokဟာမျက်လုံးတွေအနည်းငယ်ဝိုင်းသွားကာ လက်သီးတွေတင်းကြပ်သွားခဲ့သည်။
ထို့နောက်သူခေါ်ရာနေရာကိုလိုက်သွားကာ ဒေါသစိတ်တို့သည် ထိန်းမရတာမို့ ပုခုံးကိုဆွဲလှည့်ကာ လက်သီးဖြင့်တစ်ချက်မိတ်ဆက်ပေးလိုက်သည်။
"ဘာလုပ်တာလဲခင်ဗျား..!!"
Jungkookသည်လည်း အငိုက်မိသွားတာမို့ အသံနက်ကြီးဖြင့်အော်လိုက်လေသည်။
"မင်းကဘာမို့လို့ ငါ့နာမည်အရင်းကိုခေါ်ရတာလဲ။မင်းကဘာအဆင့်မို့လို့ ခေါ်ရဲရတာလဲ"
"ခွပ်"
လက်သီးဖြင့်ထပ်မံထိုးလာတော့ အစောထဲကသည်းခံထားသောစိတ်တွေသည် ပိုလို့ပင်ထိန်းမရကာ ကိုယ်ငယ်လေးပေါ်ကနေ ဆက်တိုက်ပြန်ထိုးနေခဲ့သည်။
"သည်းခံပေးနေလို့ရောင့်တက်မလာနဲ့Jung Hoseok..လူကြည့်တော့ကိုင်ပေါက်လို့ရတဲ့တစ်ကိုင်စာလေး။အကြောလာတင်းပြရအောင် ငါ့ကိုMin Yoongiထင်နေတာလား"
"ငါ့ကိုထပ်မခေါ်နဲ့။ငါ့နာမည်ထပ်မခေါ်နဲ့..!!"
နားတွေကိုပါပိတ်ကာ အော်ပြောနေသူကို Jungkookဟာလည်း အရွဲ့တိုက်တတ်သူပီပီ လက်တွေကိုဆွဲဖယ်ကာ ဆက်ရွဲ့ပြလေသည်။
"ဘာဖြစ်လို့လဲ..မွေးစားသားလေးဖြစ်နေလို့လား။သားအဖအရင်းမဟုတ်လို့..."
"အား.......!!မပြောနဲ့..!!မကြားချင်ဘူး...!!ထွက်သွား..ငါ့မျက်စိရှေ့ထွက်သွား..ငါကMin Hoseokပဲ..Hyungနဲ့စတွေ့ထဲကMin Hoseokပဲ။Hyungကငါ့အပိုင်မို့ငါကMin Hoseokပဲ..Jung Hoseokမဟုတ်ဘူး"
ယူကြုံးမရစွာအော်ဟစ်ငိုလာပြီမို့ Jungkookဟာ ဆံပင်တွေရော အင်္ကျီတွေရော ပုံစံပြန်ချရင်း Hoseokပါးကိုဆွဲညှစ်လိုက်ကာ သတိပေးလိုက်သည်။
"ထပ်မပြောစေချင်ရင် ငါ့ယောကျာ်းနဲ့လာမပတ်သတ်နဲ့။မင်းရဲ့ပြခန်းမှာလည်းငါအလုပ်လာမလုပ်တော့ဘူး"
"မင်းဘယ်လောက်ထိ သိထားတာလဲJungkook"
"နည်းနည်းပါ။ခင်ဗျားတို့နှစ်ယောက်ရဲ့အချစ်ဦးတွေကခင်ဗျားတို့အချင်းချင်းဆိုတာလောက်ပါပဲ"
Hoseokက အားမရှိတော့တဲ့လူတစ်ယောက်လို ကြမ်းပြင်ပေါ်ကို ပုံခနဲကျသွားသည်။
"ငါ...ငါ..ငါJiminကိုညီလေးတစ်ယောက်လိုပဲခင်တာပါJungkookရာ"
"မစနိုက်ခင်တော့အဲ့လိုပဲပြောကြတာပါပဲ။Hyungနဲ့ဝေးဝေးနေပေး။မဟုတ်ရင် တလောကလုံးကိုသားအဖမဟုတ်ကြောင်း   ဖော်လိုက်မယ်"
"မလုပ်ပါနဲ့Jungkookရယ်..ငါရှောင်ဆိုရှောင်ပေးပါ့မယ်။Hyungဒုက္ခရောက်အောင်တော့ မလုပ်ပါနဲ့"
"ကျေးဇူးပဲ။ပြီးတော့တောင်းပန်တယ်"
ကျေးဇူးတင်စကားရော တောင်းပန်စကားကိုရော တစ်ခါတည်းပြောသွားသူကိုကြည့်ပြီး Hoseokဟာ ဒူးပိုက်ကာငိုနေမိသည်။
ငါပဲ ဘာကြောင့်လူတကာစီမှာ ခြိမ်းခြောက်ခံနေရတာလဲ။ဘာလို့ငါပဲလဲ။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
ဒီFicက Characterတွေအရမ်းများပါတယ်။သို့ပေမယ့်သူတို့ကပဲဇာတ်ကိုဆွဲသွားပေးမှာမို့ အရေးကြီးတာမို့ ဖတ်ပေးကြပါဦးလို့။Sopeအတွဲဟာလည်း ဒီဇာတ်ကိုလောင်အောင်ဖြည့်ပေးရတာမို့ အရေးကြီးတဲ့ဇာတ်ကောင်တွေပါ။Side coupleမို့အရိပ်အမြွတ်သာရေးပြပြီး ဒီထဲကSopeသီးသန့်ဖတ်ချင်ရင် ဒါလေးပြီးတဲ့အခါ ဒီထဲကSopeလေးအတွက် စာအုပ်ကရေးထားပြီးပြီမို့ စောင့်မျှော်လို့ရပါတယ်။Vote.......ပေးခဲ့။လောင်ရမှာရှယ်ကိုလောင်ရမှာ။ ရှင်လေးတို့ကိုအေးဆေးနေခွင့်မပေးနိုင်ဘူး။
____________________________________________________________________________________
Zawgyi
"မရှိတော့ဘူး"
"ဝုန်း..!!"
•••••••••••••
•••••••••••••
"ဟင်..hyung.."
"Hyung ငိုထားတာလား"
"အင်း မစောင့်တော့ဘူး"
"ဘာ..!!"
"ခင်ဗျာ.."
"ဘာလုပ်တာလဲခင်ဗျား..!!"
"ခွပ်"
"ငါ့ကိုထပ်မခေါ်နဲ့။ငါ့နာမည်ထပ်မခေါ်နဲ့..!!"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
____________________________________________________________________________________
Continue Reading
You'll Also Like
17.8K 1.1K 34
Your existenceရဲ့ အဆက်ပါဗျာ ။ Your existenceကို အရင် ဖတ်ပြီး ဒါကိုဖတ်မှ အဆင်ပြေပါလိမ့်မယ် 🤎 Your existenceရဲ႕ အဆက္ပါဗ်ာ ။ Your existenceကို အရင္ ဖ...
1.1K 59 6
ဒါကတော့သူငယ်ချင်းအချစ်ဇာတ်လမ်းလေးပါ vminkookရေးမှာပါ vmin/jikook/vkookလားဆိုဖတ်ရင်းသာတွေးကြပါတော့ 😁🙄
406K 12.3K 94
Theresa Murphy, singer-songwriter and rising film star, best friends with Conan Gray and Olivia Rodrigo. Charles Leclerc, Formula 1 driver for Ferrar...
1.1M 19K 44
What if Aaron Warner's sunshine daughter fell for Kenji Kishimoto's grumpy son? - This fanfic takes place almost 20 years after Believe me. Aaron and...