ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼...

By AvocadojuiceO_2

63.9K 6.9K 478

Start date _ 15/3/2023 End date - I don't own this novel and cover art. Just a fan translation. All credit t... More

Synopsis
1
1 Zawgyi
2
2 Zawgyi
3
3 Zawgyi
4
4 Zawgyi
5
5 Zawgyi
6
6 Zawgyi
7
7 Zawgyi
8
8 Zawgyi
9
9 Zawgyi
10
10 Zawgyi
11
11 Zawgyi
12
12 Zawgyi
13
13 Zawgyi
14
15
16
17
Story Glory
19
20
21
22

18

1.2K 189 23
By AvocadojuiceO_2


Chapter 18: ဝေးကွာနေသည့်ကာလ

•••••••

"မင်း ......" အရာအာလုံးက အိမ်မက်တစ်ခုလိုပဲ အစစ်အမှန်မဟုတ်ဘူးလို့ ယဲ့ယောင်ခံစားလိုက်ရတယ်။ သူ လက်ဆန့်ထုတ်ပြီး လုရွှမ်းရဲ့မျက်နှာကို ဆွဲဆိတ်ကြည့်လိုက်သည်။ အကုန်လုံးကအစစ်အမှန်တွေလို့ သူမယုံကြည်နိုင်သေးခင်မှာပဲ လုရွှမ်းရဲ့ပြုံးဖြဲဖြဲလုပ်နေတာကို  မြင်လိုက်ရတယ်။ "မင်းဘာလို့  ဒီမှာရှိနေတာလဲ?"

"ဘာလို့ မေးတာလဲ၊ သေချာပေါက်ပေါ့ ငါမင်းကိုလွမ်းလို့ ဒီကို ရည်ရွယ်ပြီးလာတာ" လုရွှမ်းက လူကိုလွှတ်ပေးလိုက်ပြီး ဂုဏ်ယူစွာနဲ့ဆိုသည်။  "ငါဒီမနက် ၆နာရီflightနဲ့ တမင်ကိုအပြေးလေးလာခဲ့တာ"

ဒီမနက် 6နာရီ လေယာဉ်မှီဖို့ စောစောထရတာက လုရွှမ်းကိုနည်းနည်းတော့ ပင်ပန်းစေပေမဲ့ ဒီပင်ပန်းမှုက ယဲ့ယောင်ကိုစောစောတွေ့ရလို့ ပျော်သည့်အပျော်နှင့် နှိုင်းယှဥ်လျှင် ထည့်ပြောဖို့ရန်ပင် မထိုက်တန်ပါချေ။

အခု သူ့အရှေ့၌ ယဲ့ယောင်အမှန်တကယ် ရပ်နေတာကိုမြင်ရတော့ သူတို့နှစ်ယောက်ခွဲခွာရသည့်အချိန်ကတည်းက ဗလာဖြစ်နေတဲ့လုရွှမ်းနှလုံးသားမှာ ပြန်လည်ဖြည့်တင်းလာခဲ့သည်။ သူသည် ယဲ့ယောင်ရဲ့လက်ကိုဆွဲကိုင်လိုက်ပြီး နောက်တစ်ဖန်မေးလိုက်ပြန်သည်။ "ငါ့ကိုလွမ်းလားလို့?"

"...... အမ်း " ယဲ့ယောင်က နူးညံ့စွာတုံ့ပြန်သည်။

လုရွှမ်းမျက်နှာပေါ်ရှိ အပြုံးမှာ မဖုံးနိုင်မဖိနိုင်ဖြစ်ပေါ်လျက်။ သူတစ်ဖက်လူကို မတွေ့ရသည်မှာ အတော်ကြာပြီ။ သူ ယဲ့ယောင်ကို တကယ်ပွေ့ဖက်ထားချင်တယ်၊ လုံးဝမလွှတ်ပေးပဲနဲ့လေ။ ဒါမှမဟုတ် ညကျရင် နှစ်ယောက်သားကုတင်ပေါ်မှာ တစ်ယောက်နဲ့တစ်ယောက်ပွေ့ဖက်ထားကြရင်း စကားပြောကြမယ်။ မဟုတ်ရင်လည်း တစ်မှေးမှအိပ်မပျော်ရင် သူကကုလားထိုင်ပေါ်ထိုင်ပြီး ယဲ့ယောင်ကသူ့ပေါင်ပေါ်မှာထိုင်ကာ မျက်နှာချင်းဆိုင်၍ ထွေရာလေးပါးစကားပြောကြမည်။ တွေးကြည့်ရုံနဲ့တင် သူ့နှလုံးသားတစ်ခုလုံး နွေးထွေးလာပြီး အလွန်ပင်ဝမ်းသာပီတိဂွမ်းဆီထိရသည်။

အခုချိန်မှသာ လုရွှမ်းဒါကိုတွေးရဲတာဖြစ်တယ်။ ရှာလကာရည်ဝယ်ဖို့သွားတဲ့လမ်းတစ်လျှောက်လုံး သူ့လက်မောင်းတွေက ယဲ့ယောင်ရဲ့ပုခုံးတစ်ဝိုက်မှာပင်။ အဲ့ဒီနောက် ယဲ့ယောင်အိမ်ကိုလိုက်လာခဲ့တယ်။

ဓာတ်လှေကားပေါ်ရှိ ယဲ့ယောင်တို့အိမ်တည်ရှိရာအလွှာနံပါတ်ကို လုရွှမ်းနှိပ်လိုက်သည်။ အဲ့ဒီနောက် ယဲ့ယောင်တို့အိမ်က တံခါးဘဲလ်ကိုလည်း ဖိနှိပ်လိုက်သည်။ သူ့ရဲလုပ်ဆောင်မှုတိုင်းက သူ့ကိုယ်ပိုင်အိမ်ကဲ့သို့ အလွန်ပုံမှန်ပင်ဖြစ်နေကာ အတော်လေးကျွမ်းကျင်နေ၏။

ယဲ့ယောင်ရဲ့မိဘတွေ တံခါးလာဖွင့်ပေးသည့်အခါ၌ လုရွှမ်းပုံစံမှာ စဥ်းစားချင့်ချိန်တတ်ပြီး ချစ်ဖို့ကောင်းသည့်အငယ်လေးလိုပုံစံပြောင်းလဲသွားသည်။ ဝမ်းသာအားရကြိုဆိုနေတဲ့လူကြီးနှစ်ယောက်ကို မျက်လုံးတွေအကျယ်သားနှင့်ပြုံးပြလိုက်ပြီး သူ့ကျောပိုးအိတ်ထဲမှ ကြိုတင်ပြင်ဆင်လာခဲ့သည့် အထူးစပါယ်ရှယ်ပစ္စည်းများကို ပေးအပ်လိုက်သည်။

ထိုပစ္စည်းများက လူတွေလက်မခံရဲလောက်အောင် တန်ဖိုးကြီးလွန်းနေတဲ့ပစ္စည်းတွေမဟုတ်ပေမဲ့ တစ်ချိန်တည်းမှာပဲ ယဲ့ယောင်ရဲ့မိဘတွေအတွက် သူ့လက်ဆောင်ကိုအသေးစိတ်ရွေးချယ်လာခဲ့တယ်ဆိုတာ မြင်နိုင်ပေသည်။

"ဒီကလေးကတော့၊ ဒီကိုလာ၊ ဘာတွေသယ်လာတာတုန်း?" ယဲ့ယောင်ရဲ့အမေက အပြုံးလေးနှင့်ပစ္စည်းတွေကိုယူကာ ယဲ့ပါးပါးကို သူမနဲ့အတူအစားသောက်တွေပြင်ဆင်ဖို့ မီးဖိုချောင်ထဲတွန်းထုတ်လိုက်ရင်းဖြင့် ယဲ့ယောင်ကိုပြောလိုက်သည်။ "ယောင်ယောင်  ရှောင်လုကိုအရင်ဆုံးထိုင်ခိုင်းလိုက်ဦး။ အဆာပြေမုန့်လေးတွေစားထားကြ။ အစားအသောက်တွေအဆင်သင့်ဖြစ်ရင် မား မင်းတို့ကိုလှမ်းခေါ်လိုက်မယ်။"

ယဲ့ယောင် လုရွှမ်းအတွက်ရေတစ်ခွက်ငှဲ့လိုက်ပြီး မေးလိုက်သည်။ "တီဗွီကြည့်မလား?"

"ပေါက်ကရတွေ ငါတီဗွီမကြည့်ချင်ပါဘူး" ယဲ့ယောင်ကိုအိပ်ခန်းထဲခေါ်သွားဖို့  လုရွှမ်းမစောင့်နိုင်တော့ချေ။ သူတို့ဝင်သွားတာနဲ့တံခါးလည်းပိတ်သွားပြီး နောက်ဆုံး၌လုရွှမ်းရဲ့ဆန္ဒတွေပြည့်သွားကာ ယဲ့ယောင်ကိုပွေ့ဖက်လိုက်တော့သည်။

သူ့ရဲ့နှာတံ တံတားရှည်ရှည်ကြီးက ယဲ့ယောင်ရဲ့နှင်းဖြူရောင်လည်ပင်းပေါ်၌ဖိကပ်နေကာ ယဲ့ယောင်ပဲပိုင်ဆိုင်သည့်ရနံ့လေးကို ရှူသွင်းနေရင်း ကျေနပ်စွာဖြင့် လုရွှမ်းပြောသည်။ "ငါမင်းကို  တွေ့ဖိုလာခဲ့တာ"

ယဲ့ယောင်လုရွှမ်းကို အကြာကြီးဖက်ခွင့်မပေးပဲ သူ့လက်တွေကိုရုန်းထွက်လိုက်ကာ တစ်ဖက်လူကိုတွန်းထုတ်လိုက်သည်။ "မျှော့လိုကောင်"

သူ့မျက်လုံးများသည် လုရွှမ်းပုခုံးပေါ်က ကျောပိုးအိတ်ထံဝေ့ဝဲသွားကာ မရဲတရဲနှင့်မေးလိုက်သည်။ "မင်းဘာအထုပ်အပိုးမှလည်း သယ်မလာဘူး။ နှစ်ရက်နေပြီးရင် ပြန်မှာလား?"

လုရွှမ်းကဘာခရီးဆောင်အိတ်မှ သယ်မလာဘူး။ ခုဏကသူယူလာတဲ့စပါယ်ရှယ်ပစ္စည်းတွေကို ထုတ်လိုက်သည့်ကျောပိုးအိတ်တစ်လုံးတည်းသာပါသည်။ ထိုထဲ၌ အဝတ်များ များများစားစားမပါသည်မှာ အတော်လေးသိသာလှသည်။

"မဟုတ်ပါဘူး။ ဒီမှာငါ့အင်္ကျီတွေရှိတယ်မလား? အများကြီးသယ်လာဖို့မလိုဘူးလေ" တွယ်ကပ်နေခြင်းကြောင့် အပြစ်ရှာခံနေရသည့်လုရွှမ်းမှာ လူကိုအင်တင်တင်နဲ့လွှတ်ပေးလိုက်ပြီး အခန်းပတ်လည်ကိုလှည့်ပတ်ကြည့်လိုက်သည်။

အခန်းထဲကိုမကြည့်တာက အရေးမကြီးသော်လည်း နောက်ဆုံးမှာတော့ ရင်းနှီးသလိုလိုနဲ့မရင်းနှီးနေသည့်အခန်းကို လှည့်ပတ်ကြည့်ပြီးနောက် လုရွှမ်းမှာအံ့အားသင့်သွားရသည်။

ဘယ်မှာလဲ သူ့ရဲ့အုပ်စုဓာတ်ပုံ၊ သူ့ရဲ့စာအုပ်တွေ၊ သူ့ရဲ့မော်ဒယ်စက်ရုပ်၊ ပြီးတော့ယဲ့ယောင်အတွက် သူကိုယ်တိုင်လုပ်ပေးထားတဲ့ အရုပ်ခေါင်းအုံးသေးသေးလေးကရော?

အခန်းကသပ်ရပ်ပြီးအတော်လေး သန့်ရှင်းနေတယ်ဆိုပေမဲ့ ဒီမှာရှိသည့်အရာအားလုံးက သူနဲ့လုံးဝမသက်ဆိုင်သည့်အရာတွေလိုပင်။

သူ့နှလုံးသားထဲမှာ တစ်စုံတစ်ရာမှားယွင်းနေပြီလို့ လုရွှမ်းခံစားရတယ်။ အဝတ်ဗီရိုဆီ ခြေလှမ်းကျဲကြီးတွေနဲ့လှမ်းသွားပြီး သူဆွဲဖွင့်လိုက်သည်။

ဗီရိုထဲ၌ ယဲ့ယောင်ရဲ့အဝတ်တွေနဲ့ရောနေမယ့် သူ့အဝတ်တွေရှိလိမ့်မည်ဟု ထင်မှတ်ထားခဲ့ပေမဲ့ ထိုအထဲ၌ယဲ့ယောင်အဝတ်တွေကလွဲလို့ ဘာဆိုဘာမှရှိမနေချေ။

လုရွှမ်းရဲ့လက်တွေက ဗီရိုတံခါးကိုတောင့်တင်းစွာ ဆုပ်ကိုင်ထားပြိး ဖြည်းညင်းစွာလှည့်ကြည့်လာသည်။ သူ့ရဲ့မျက်ဝန်းတွေက အလင်းရောင်မရှိလောက်အောင်ပင် ပိန်းပိတ်အောင်နက်မှောင်သွားခဲ့သည်။ သူပြုံးမနေသည့်အခါ လုရွှမ်းရဲ့မျက်လုံးတွေက အနည်းငယ်ကြောက်ဖို့ကောင်းတယ်။ သူ့အသံထဲ၌ ဆိုးရွားသည့်ခံစားချက်တွေကို ဖိနှိပ်ထားပြီး သူမေးလိုက်သည်။ "ယဲ့ကော ငါ့အဝတ်တွေဘယ်မှာလဲ?"

ယဲ့ယောင်က ကုလားထိုင်ပေါ်ထိုင်ချလိုက်ပြီး လုရွှမ်းနဲ့ဆန့်ကျင်ဘက်ဖြစ်စွာပင် သူ၏မျက်နှာပေါ်၌ ဘာစိတ်ခံစားချက်အတက်အကျမျှ ပေါ်မနေပဲ အလွန်ပင်တည်ငြိမ်နေလေသည်။

"သိမ်းလိုက်ပြီ" ယဲ့ယောင်ပြောသည်။ "မင်းထပ်လာဦးမယ်လို့  ဘယ်သူကသိမှာလဲ?"

"ဘာလို့ငါက မလာရဦးမှာလဲ၊ သေချာပေါက်လာနေဦးမှာ!" လုရွှမ်းမှာ ယဲ့ယောင်အဝေးပို့ထားသည့် ပစ္စည်းများကိုစိုးရိမ်စွာရှာနေမိသည်။  ဒီအချိန်၌သူ့ရဲ့ပင်ကိုယ်အသိစိတ်က နံရံကပ်စင်ရဲ့ထိပ်ဆုံးကို စိုက်ကြည့်နေမိ၏။

သူခုန်ကြည့်လိုက်ပြီး သူ့ကိုယ်ပိုင်အဝတ်တွေ ထိုနေရာ၌သိမ်းထားကြောင်းမြင်လိုက်ရသည့်အခါ သက်ပြင်းချလိုက်မိသည်။

ကံကောင်းထောက်မစွာပဲ ဒါတွေက ယဲ့ယောင်ဆီကနေ အလွတ်ပစ်မခံရဘူးပဲ။ ဆိုတာ့တခြားအရာတွေလည်း ဖယ်ထားမှာပဲ။

လုရွှမ်းလက်ဆန့်ထုတ်ကာ သူ့ရဲ့ခေါက်ထားတဲ့အဝတ်တစ်ပုံတစ်ခေါင်းကြီးကိုယူလိုက်ပြီး ယဲ့ယောင်ရဲ့အဝတ်တွေနဲ့အတူ တစ်ထည်ချင်းစီအတူထားလိုက်သည်။  ဒါတွေလုပ်ပြီသွားတဲ့နောက်မှာတော့ သူနေရထိုင်ရတာ ပိုလို့သက်တောင့်သက်သာရှိသွားတယ်။

လုရွှမ်းထပ်မေးလိုက်တယ်။ "တခြားအရာတွေရော?"

ယဲ့ယောင် သူ့ရဲ့ပါးလွှာသည့်မျက်ခွံလေးကိုပင့်မြှောက်ကာ လုရွှမ်းကိုကြည့်လိုက်ပြီး ဂရုမစိုက်စွာမေးလိုက်သည်။ "ဘယ်ဟာတွေလဲ?"

"ငါ့ရဲ့ တခြားအရာတွေလေ" လုရွှမ်း မျက်မှောင်ကြုတ်လိုက်တယ်။

"အဲ့ဒါတွေ မင်းထပ်မသုံးတော့ဘူးမလား။ ငါအဝေးမှာထားလိုက်ပြီ။ ဘာလို့လဲ မင်းအိမ်ကိုပြန်သယ်သွားချင်လို့လား?" ယဲ့ယောင်ပြောသည်။ "ဒါဆို ငါမင်းဆီပို့ပေးလိုက်မယ်လေ"

ဒီစကားများသည် အဆင်ပြေသည့်ပုံပေါက်နေပေမဲ့  လုရွှမ်းမှာတော့ စိတ်တထင့်ထင့်ဖြစ်နေရသည်။

သူ့ပစ္စည်းတွေနဲ့ ယဲ့ယောင်ရဲ့ပစ္စည်းတွေက ဘယ်လိုလုပ်ရှင်းရှင်းလင်းလင်း ခွဲခြားခံထားရတာလဲ၊ သူတို့ရဲ့ပစ္စည်းတွေက အတူတူရှိနေသင့်တာလေ၊ ယဲ့ယောင်ရဲ့ပစ္စည်းက ယဲ့ယောင်အပိုင်ဖြစ်ပြီး သူ့ပစ္စည်းက သူတစ်ယောက်တည်းရဲ့အပိုင် ဘယ်လိုလုပ်ဖြစ်ရမှာလဲ?

လုရွှမ်းက သူစိတ်မပျော်တဲ့အခါတိုင်း ယဲ့ယောင်ကိုရန်ရှာတတ်သည့်လူမျိုးမဟုတ်ဘူး။ အိပ်ခန်းထဲမှာရှိတဲ့အခြားခုံတစ်လုံးကို ယဲ့ယောင်ဘေးနားဆွဲယူ၍ ယဲ့ယောင်နဲ့ဘေးချင်းကပ်ထိုင်ကာ ယဲ့ယောင်ရဲ့လက်ကိုဆွဲကိုင်လိုက်ပြီး အသံနိမ့်နိမ့်နဲ့မေးလိုက်တယ်။ " ခွင့်မတောင်းပဲ ငါရောက်လာတာက မင်းကိုမပျော်မရွှင်ဖြစ်သွားစေလို့လားဟင်?"

ယဲ့ယောင် ဘာစကားမှမပြောလာဘူး။ ပေါင်ပေါ်၌ လုရွှမ်းထံမှတင်းတင်းမြဲမြဲဆုပ်ကိုင်ခံထားရသည့် သူ့လက်ကိုသာငုံ့ကြည့်နေပြီး သူ့ရဲ့တခြားလက်တစ်ဖက်က မသိလိုက်ပါပဲ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိတော့သည်။

လုရွှမ်း စိတ်လှုပ်ရှားသည့်အခါတိုင်း အမြဲဒီလိုပင်။ အထူးသဖြင့် သူသည်သူ့ကို မပျော်မရွှင်ဖြစ်အောင်လုပ်မိသည့်အကြိမ်တိုင်း ထိုကဲ့သို့ခံစားရသည်ပင်။

သခင်လေးလုက ဘာကိုပဲဖြစ်ဖြစ် ဂရုစိုက်ခဲတယ်။ စိုးရွံ့ဖို့နေနေသာသာ သူနဲ့ပတ်သတ်တဲ့ကိစ္စဖြစ်နေသရွေ့ လုရွှမ်းရဲ့စိတ်ခံစားချက်တွေပြောင်းလဲသွားသည်က မြင်သာလေသည်။

"မဟုတ်ပါဘူး၊ သေချာပေါက်ဘယ်ဟုတ်ပါ့မလဲ" ယဲ့ယောင် နောက်ဆုံးတော့ ညင်သာစွာသက်ပြင်းချလိုက်သည်။ လုရွှမ်းကိုသူကြည့်ကာ ပြုံးပြလိုက်တယ်။ "မင်းရောက်လာတာ  ငါအရမ်းပျော်တာပေါ့"

ယဲ့ယောင်ရဲ့အမေက သူတို့ကိုစားသောက်ဖို့ လှမ်းခေါ်လာတယ်။ ယဲ့ယောင်မတ်တပ်ထရပ်ပြီး လုရွှမ်းပုခုံးကိုပုတ်လိုက်တယ်။ "ငါတို့က  အချစ်ဆုံးသူငယ်ချင်းတွေပဲဟာ၊ သေချာပေါက်ပျော်တာပေါ့။ အရမ်းကြီးတွေးမနေနဲ့။ သွားစားကြရအောင်၊ ငါမင်းအကြိုက်ဆုံး ဝက်သားနဲ့ပြောင်းဖူးအစာသွပ်ထားတဲ့ ဖက်ထုပ်လေးတွေအထူးပြင်ပေးထားတယ်။ စားသောက်ပြီးလို့ မင်းနားချင်ရင်နား မနားချင်ရင်လည်း ငါနဲ့အတူအပြင်ထွက်လမ်းလျှောက်ကြမယ်"

* * * * *

နေ့လည်စာစားပြီးနောက် လုရွှမ်းကရောက်ရောက်ချင်း နားပြီးပြီဖြစ်တာကြောင့် ထပ်အနားယူဖို့ကိုမလုပ်တော့ဘူး။ သူသာအိပ်နေရင် ယဲ့ယောင်ကိုတွေ့ရမယ့်အချိန်တွေအများကြီး ယုတ်လျော့သွားမှာမဟုတ်လား? အပြင်ထွက်ပြီး အတူတူလျှောက်လည်တာပဲ ကောင်းပါတယ်။

ဒီမြို့အသေးလေးက များသောအားဖြင့် နိုင်ငံခြားသားတွေအနေများသည်။ နွေဦးပွဲတော်သို့ရောက်ရှိနေသော်ငြားလည်း အလွန်တရာမှငြိမ်သက်နေခဲ့ကာ အဓိကဖျော်ဖြေရေးပွဲများပင်မရှိချေ။

လုရွှမ်းနဲ့ယဲ့ယောင်မှာ လမ်းတွေပေါ်သဝေထိုး၍ စကားတပြောပြောနှင့် ဘေးချင်းကပ်လျှောက်လာကြသည်။ နောက်ဆုံးမှာတော့ သူတို့အတူတက်ခဲ့သည့် အထက်တန်းကျောင်းရှေ့သို့ ရောက်ရှိသွားသည်။

ကျောင်းဂိတ်တံခါးက ပွင့်ဟနေတယ်။ လုရွှမ်းက မည်သည့်အရာမှချိတ်ဆွဲမထားတဲ့ ထိုကျောင်းဂိတ်ပေါက်ကိုကြည့်ကာ မကျေနပ်သည့်ဟန်ပန်ဖြင့်ပြောလာတယ်။ "ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ထိပ်ဆုံးကျောင်းသားဖြစ်လာတဲ့ ယဲ့ယောင်ကိုလှိုက်လှိုက်လှဲလှဲဂုဏ်ပြုထားတဲ့အောင်လံတံခွန်က ဘယ်လိုလုပ်အဖြုတ်ခံထားရတာလဲ။ ကျောင်းခေါင်းဆောင်ကလည်း တကယ်ကိုအသိမရှိတာပဲ။ အဲ့ဆိုင်းဘုတ်သာမရှိရင် ဘယ်သူကဒီကိုလာပြီးစာလာသင်ချင်မှာလဲ?"

"လေဒဏ် အပူဒဏ်နဲ့ပဲ တော်တော်လေးဖွတ်ဖွတ်ညက်ညက်ကြေနေလောက်ပြီ၊ အဝေးကိုလွင့်သွားလောက်ပြီပေါ့" ယဲ့ယောင်မှာ ပြောစရာစကားမဲ့အောင် အာစေးနေမိလျက် "ဘယ်သူက နှစ်တွေအကြာကြီး အဲ့ဒါကိုချိတ်ဆွဲထားမှာလဲ?"

"ဒီကျောင်းကိုသာ ငါဖွင့်ထားတာဆိုရင် ကျောင်းဂိတ်ပေါက်ပေါ်မှာတင် မင်းထိပ်တန်းကျောင်းသားဖြစ်တာကို ကမ္ပည်းထိုးထားလိုက်ပြီ။ သူတို့လည်းဖြုတ်လို့မရတော့ဘူးပေါ့" လုရွှမ်းမှာ လေးလေးနက်နက်ကိုဆိုလေသည်။

ယဲ့ယောင်: "......"

ကျောင်းဂိတ်ပေါက်ကို လုရွှမ်းလှမ်းကြည့်လိုက်ပြီး သူ့အကြည့်တွေက ကျောင်းအနီးရှိ စျေးဆိုင်သေးလေးတွေဆီရောက်သွားသည်။

ဆောင်းရာသီအားလပ်ရက်နဲ့ နွေဦးပွဲတော်အတွင်း ကျောင်းသားတွေလည်းမရှိတာကြောင့် ထိုဆိုင်လေးများမှာ ပိတ်ထားလေသည်။

"အရင်က မင်းအလုပ်လုပ်ခဲ့တဲ့နို့လက်ဖက်ရည်ဆိုင်က ပိတ်ထားတယ်" လုရွှမ်းကပြောသည်။

"ဆောင်းရာသီအားလပ်ရက်ကြီးဟာ သေချာပေါက်ဘယ်ဖွင့်ပါ့မလဲ"  ယဲ့ယောင်က မအံ့ဩသွားဘူး။ "မဟုတ်ရင်  ရေဖိုး၊ မီးဖိုးနဲ့ပစ္စည်းစရိတ်တွေက နောက်ထပ်ကုန်ကျစရိတ်တွေဖြစ်လာမှာလေ"

လုရွှမ်းသည် နို့လက်ဖက်ရည်ဆိုင်ရဲ့ မျက်နှာဆာကိုကြည့်လိုက်ရင်း အတိတ်အစကိုပြန်သတိရကာ သူ့မျက်လုံးမှာအနည်းငယ် မကြည်မသာဖြစ်လာသည်။ သူသည်ယဲ့ယောင်လက်ကို ဖြည်းညင်းစွာတိတ်တဆိတ်  ဆုပ်ကိုင်လိုက်သည်။

ထိုအချိန်တုန်းက ယဲ့ယောင်ရဲ့မိသားစုမှာ စိတ်မချမ်းမြေ့စရာတွေဖြစ်နေကာ မိသားစုတစ်ခုလုံး ငွေရေးကြေးရေးအကြပ်အတည်းဖြစ်နေခဲ့တယ်။ ယဲ့ယောင်မှာလည်း ပြင်းပြင်းထန်ထန်စာလေ့လာမှုများအပြင် မိသားစုကိုထောက်ပံ့ရန် အလုပ်ထွက်လုပ်ဖို့လိုအပ်နေခဲ့တယ်။

ထိုသို့လေးလံတဲ့ဖိအားတွေက ယဲ့ယောင်ကို အဆိုးမြင်ဝါဒီသမားဖြစ်အောင်တော့ မလုပ်ခဲ့၊ သူ့ရဲ့ကူညီတတ်သောဗီဇကို ထိန်းသိမ်းထားနိုင်ဆဲ။ အစမှာ သူ့ကိုကူညီတာဖြစ်စေ နောက်ပိုင်း သူ့ရဲ့စာလေ့လာမှုမှာ ကူညီတာဖြစ်စေ သူကတော့ ထိုအချိန်များစွာကို သူ့ရဲ့နှလုံးသားထဲ တစ်ခုပြီးတစ်ခု မှတ်တမ်းတင်ရေးထိုးထားခဲ့တယ်။

အလင်းရောင်ဆီသို့ ဆွဲဆောင်ခံရတဲ့အမှောင်ထုရဲ့ သတ္တဝါတွေလို သူဟာလည်း ခြွင်းချက်မဟုတ်။

ယဲ့ယောင်အတွက်သာမဟုတ်ရင် သူသည် အခုလက်ရှိလုရွှမ်းဆိုတာ သေချာပေါက်ဖြစ်လာမှာမဟုတ်ပေ။

အရင်က ဒီလိုလူစားမျိုးသူက၊ ပုန်ကန်တတ်တဲ့သားဖြစ်သည့်သူက  ဘယ်လိုလုပ်ကံကောင်းလွန်းပြီး ဒီလိုသူငယ်ချင်းမျိုးရှိနေရတာလဲ?

အထက်တန်းကျောင်းတုန်းက သူ့ရဲ့ဘဝတစ်လျှောက်လုံး ယဲ့ယောင်နဲ့အတူရှိနေဖို့ သူတိတ်တဆိတ်ကျိန်ဆိုခဲ့တယ်။ ဒီနေ့ထိရောက်တာတောင် ထိုအတွေးက လုံးဝမယုတ်လျော့သွားပဲ သန်မာပြီးရင်းသန်မာ ပြင်းပြပြီးရင်းပြင်းပြလာခဲ့တယ်။

ယဲ့ယောင်ကို မြင်နေရဖို့ ငါ့မျက်လုံးတွေကို ဖွင့်ထားချင်တယ်။ မျက်လုံးတွေမှိတ်လိုက်တိုင်းလည်း ယဲ့ယောင်ကိုပဲမြင်နေချင်တယ်။ တကယ်လို့ တစ်နေ့မှာသာ ငါသူ့ကိုမမြင်ရတော့ရင် အဲ့ဒါက အိမ်မက်ဆိုးတစ်ခုရဲ့ နိဒါန်းပဲ။

* * * * *

ယဲ့ယောင်မှာ သူတို့ရဲ့အတိတ်ကနေရာတွေကို မြင်နေရပေမဲ့ တသသနဲ့လွမ်းဆွတ်တဲ့ခံစားချက်တွေ သိပ်ရှိမနေ။ ပြီးခဲ့တဲ့အတိတ်တွေကိုပြန်ပြောင်းအောက်မေ့ဖို့ လုရွှမ်းကိုသူခေါ်ထုတ်လာတာမဟုတ်ဘူး။ လုရွှမ်းနဲ့ကစားဖို့တောင်မဟုတ်ဘူး။ သူ့မှာ သူ့ကိုယ်ပိုင်ရည်ရွယ်ချက်ရှိတယ်။

"တရုတ်နှစ်ကူးအတွင်း မင်းမိသားစုနဲ့အတူရှိမနေတာက ကောင်းတဲ့အရာမဟုတ်ဘူးနော်။ မင်းဘယ်တော့ပြန်သွားမှာလဲ?" ယဲ့ယောင်မေးလိုက်တယ်။

"အဲ့ဒါမင်းစိတ်အပေါ် မူတည်တယ်။" လုရွှမ်းကပြောသည်။ ဒါပေမဲ့ သူ့ရဲ့နောက်ပြောလာတဲ့စကားက " ငါတစ်ယောက်တည်းပြန်သွားဖို့တော့ အစီအစဉ်မရှိဘူး။ မင်းကိုပါ ငါနဲ့အတူခေါ်သွားဖို့ စီစဉ်ထားတယ်။ နွေဦးပွဲတော်မှာ နှင်းကျတာမမြင်ဖူးဘူးလို့ မင်းပြောတယ်မလား။ အတူတူကြည့်ကြရအောင်"

ယဲ့ယောင်က မပီမပြင်ပြုံးလိုက်ကာ "တကယ်လို့ ငါကမင်းအိမ်ကိုမသွားချင်ဘူးဆိုရင်ရော?"

လုရွှမ်းမှာ တုံ့ဆိုင်းခြင်းမရှိပဲပြန်ပြောလာတယ်။ "ဒါဆိုငါလည်း  အိမ်မပြန်ဘူး။ မင်းအိမ်မှာပဲ မင်းနဲ့တစ်ချိန်လုံးအတူရှိနေမယ်"

"အိုး" ယဲ့ယောင်က သူ့လက်ကိုပြန်ဆွဲယူလိုက်ပြီး အပြုံးတစ်ခုနှင့်အတူ သူ့အိတ်ကပ်ထဲသို့ထည့်လိုက်သည်။

"ဒီဆောင်းရာသီအားလပ်ရက်မှာ ငါ့အနောက်လိုက်ဖို့ မင်းမှာအစီအစဉ်ရှိပြီးသားမလား၊ ဟုတ်တယ်မလား?"

"ဒါပေါ့ ဆောင်းရာသီအားလပ်ရက်ရဲ့ နောက်ဆုံးရက်က မင်းမွေးနေ့လေ။ ငါမင်းနဲ့ သေချာပေါက်အချိန်ကုန်ဆုံးမှာ။ ပြီးရင်ငါတို့ ကျောင်းကိုအတူပြန်ကြမယ်" လုရွှမ်းကပြောသည်။

ယဲ့ယောင် အဲ့ဒါကိုမေ့နေခဲ့တယ်။ သူဖုန်းကိုဖွင့်လိုက်ပြီး ပြက္ခဒိန်ကိုကြည့်လိုက်တော့ တကယ့်ကိုအမှန်ပဲဆိုတာ တွေ့လိုက်ရတယ်။

သူဒါကိုသိလိုက်ရသည့်အခါ လုရွှမ်းကိုထပ်ပြီးအဝေးသို့ မောင်းမထုတ်နိုင်တော့ဘူးဟု ယဲ့ယောင်သဘောပေါက်သွားခဲ့တယ်။ သူ့မျက်နှာသာမပျက်သွားခဲ့လျှင် လုရွှမ်းကသေချာပေါက်သူ့နောက်လိုက်မှာပင်။

အဲ့ဒါအပြင် ဆောင်းရာသီအားလပ်ရက်အတွင်း လူတိုင်းကအပန်းဖြေနေကြကာ ကျောင်းတက်ချိန်လိုမျိုး အဝေးမှာနေရန် အမျိုးမျိုးသောဆင်ခြေဆင်လက်တွေကို လံကြုပ်လုပ်ဖို့ကလည်းအဆင်မပြေ။

ကျန်တဲ့ဆောင်းရာသီအားလပ်ရက်တွေကို သူလုရွှမ်းနဲ့ကုန်ဆုံးလိုက်ရင် သူဘယ်လောက်များကြာရှည်ခံမှာဟုတ်လို့လဲ?

သူသည် ပြီးပြည့်စုံလွန်းသောသရုပ်ဆောင်တစ်ယောက်မဟုတ်ချေ။ တစ်နေ့မှာအရာအားလုံးကို ပြသမိလိမ့်မည်။

အကာအကွယ်စည်းကို နည်းနည်းချင်း နည်းနည်းချင်းစီ အတင်းချိုးဖျက်ပြီး သူ့ရဲ့လျှို့ဝှက်ချက်ကို လုရွှမ်းအားရှာတွေ့ခွင့်ပေးမည့်အစား ရှုပ်ထွေးနေသည့်အခြေအနေကို အလျင်အမြန်ဖြတ်ချပစ်လိုက်တာ အကောင်းဆုံးအရာပင်။

ဒီလိုနည်းဖြင့်ပင် သူတို့နှစ်ယောက်က သာမန်သူငယ်ချင်းတွေလို  အနာဂတ်မှာနေနိုင်မည်ဖြစ်သည်။

ကံမကောင်းစွာနဲ့ပဲ သူတို့ကဒီအခြေအနေလောက်ထိရောက်လာခဲ့တယ်။

ယဲ့ယောင် နှလုံးသားထဲမှာ ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ အဲ့ဒီနောက်သူ့နှလုံးသားက ရုတ်တရတ်ပဲ ပေါ့ပါးသွားတော့တယ်။  သူမျက်ခုံးတွေကို ဖြေလျော့လိုက်ကာ လုရွှမ်းကိုအပြုံးကြီးကြီးပြုံးပြလိုက်သည်။ "အိုကေ ဒါဆိုလည်း ဒီအားလပ်ရက်တွေမှာ အတူရှိကြတာပေါ့"

ယဲ့ယောင်က နဂိုကတည်းကကြည့်ကောင်းပြီးသားပင်။ ဒါကြောင့် အနီရောင်နှုတ်ခမ်းလေးတွေ၊ အဖြူရောင်သွားလေးတွေနဲ့ သူပြုံးလိုက်သည့်အခါ မရေမတွက်နိုင်တဲ့လူများစွာကို ရင်သပ်ရှူမောဖြစ်စွာနှင့် အဆုံးသပ်စေပြီး သူ၏ငယ်ရွယ်သိမ်မွေ့မှုကို တွေးမိနေစေသည်။

လုရွှမ်း ခဏလောက်မှင်တက်နေမိပြီး အဝေးကိုဟိုဟိုဒီဒီလျှောက်ကြည့်နေလိုက်ကာ ယဲ့ယောင်ပုခုံးပေါ်သူ့လက်ကို ထပ်တင်လိုက်ပြန်တယ်။

ယဲ့ယောင်၏စိတ်ထဲ၌ လျှို့ဝှက်အစီအစဥ်တစ်ခုရေးဆွဲထားသည်။ ဆောင်းရာသီအားလပ်ရက်ကို သူတို့နှစ်ယောက်အတူတူပူးကပ်နေမည့် အချိန်အကန့်အသတ်အဖြစ်သတ်မှတ်လိုက်ပြီး ကျောင်းစတက်တာနှင့် လုရွှမ်းနဲ့ခပ်ခွာခွာနေရန် သူဆုံးဖြတ်လိုက်သည်။

ကျောင်းမဖွင့်ခင်ကာလအတွင်းတွင် ...... သူကနောက်မှအဝေးမှာနေရန် ဆုံးဖြတ်ခဲ့တာဖြစ်၍ တစ်ကိုယ်ကောင်းတော့ဆန်ချင်ခဲ့တယ်။ အဆုံးမှာ သူလည်းအမှတ်တရတွေ သေချာပေါက်ချန်ထားခဲ့ချင်မိသည်။

လုရွှမ်းက သူနဲ့ပိုနီးစပ်ဖို့  တတ်နိုင်သမျှအကုန်လုပ်ခဲ့တာဆိုတော့ ဘာလို့အဲ့ဒါကိုအခွင့်ကောင်းမယူရမှာလဲ?

ဒီနောက်ဆုံးလမှာ သူ့ကိုယ်သူ မချုပ်ထိန်းထားတော့ဘူး။

ဆုံးဖြတ်ချက်ချပြီးသွားတဲ့နောက်မှာတော့ သူ့ရဲ့အတွေးတွေက အတော်လေးရှင်းလင်းသွားခဲ့တယ်။ ဖော်ထုတ်ခံရမည့်ကိစ္စကိုလည်း သူအများကြီးတွေးပူနေဖို့မလိုတော့။ အဖြောင့်ကောင်တွေဆိုတာ အများကြီးရယ်။ သူ့မှာလုံလုံလောက်လောက် သတ္တိတွေရှိနေသရွေ့  အဖြောင့်တစ်ယောက်လို ဖြတ်သန်းသွားနိုင်သည်မဟုတ်လား?





﹌﹌﹌﹌﹌﹌﹌
Thanks for Reading
3/3/2024

Continue Reading

You'll Also Like

10.9M 252K 60
𝐅𝐫𝐨𝐦 𝐄𝐧𝐞𝐦𝐢𝐞𝐬 𝐭𝐨 𝐋𝐨𝐯𝐞𝐫𝐬 Enzo Mariano is known for being nothing but ruthless. He is feared by all in the Italian mafia. He kills on...
830K 63.5K 36
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
613K 32.6K 20
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...
436K 88K 121
Original Author - Jiang Zhi Yu(姜之鱼) Chapters - 149+7 extras English Translator - Naeda / Kk translates [Zawgyi/Unicode] Holographicကြည့်ရှူသည့်နည်းပည...