Change For You( သူ့အတွက်သာလျှ...

By Sue_Hun_Ni

19K 1K 46

လူတစ်​ယောက်ကိုတစ်ကယ်ချစ်လာမိရင် အစကတော့ သူ့ကိုပိုင်ဆိုင်ချင်လိုက်မယ် ဒါပေမဲ့တဖြည်းဖြည်းနဲ့သိလာမှာက သူကို ပိုင... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
22
23
24
25
26🔞
27
28
29
30
31
32
33
34
35
36🔞
37
38
39
40
41
42
43(Final part)
Saying Goodbye

21

273 23 0
By Sue_Hun_Ni

Unicode

အကောင်သေးကိုထားခဲ့ပြီး ရန်ကုန်ကိုပြန်လာရတော့ နှိုင်းရဲ့စိတ်ထဲမှာ တစ်ခုခုလစ်ဟာသွားသလို ခံစားနေရသည်။

"မင်းပြောတော့ တစ်ပတ်ဆိုပြီး တစ်လကြီးတောင်ပျောက်သွားတာ ငါတို့နောက်ခရီးစဥ်တွေဘယ်လောက်တောင်လွှတ်ခဲ့လဲသိလား "

ပရိုဂျူဆာကြီးက ရွာကနေ အခုမှပြန်ရောက်သည့် နှိုင်းကို ကောင်းကောင်းမွန်မွန်တော့မကြိုဆိုခဲ့ပါ။ရွာမှာ အချိန်တွေမလိုအပ်ဘဲအများကြီးဖြုန်းခဲ့မိသည့် နှိုင်းအပေါ် သေချာပေါက် ပွားနေခဲ့၏။

"အလဟဿမှမဖြစ်တာ ဓာတ်ပုံအသစ်တွေအများကြီး ထပ်ရခဲ့တာဘဲ "

"မှန်ပါတယ် ဒါပေမဲ့ ဒီနေရာကဒီနေရာနဲ့ဘဲ ထပ်နေတာကို ကြည့်ရူသူတွေကဘယ်စိတ်ဝင်စားတော့မှာလဲ "

"ကျစ်*နားညီးလိုက်တာဗျာ "

ထိုင်ပြီး နားအပူမခံနိုင်တော့တာကြောင့် နှိုင်း ထိုနေရာမှထွက်လာခဲ့လိုက်ပါတော့၏။ကျန်ခဲ့သည့် ပရိုဂျူဆာကြီးက နှိုင်းထွက်သွားသည်အထိ နှိုင်းကိုပွားလို့မပြီးနိုင်သေးဘဲ ကျန်ခဲ့သည်။

ကြမ်းတမ်းသည့်လမ်းတွေအပေါ်အချိန်အကြာကြီးမောင်းခဲ့ရတာမို့ မြို့ရောက်သည်နှင့် နှိုင်း ဆိုင်ကယ်ပြခဲ့ရသည်။

"အင်ဂျင်တွေတော်တော်ထိထားတယ်၊အတွင်းပိုင်းတွေကောဘဲ ဘယ်လောက်ထိတောင် ဆိုးဆိုးရွာရွားမောင်းခဲ့တာလဲ "

"ပြင်နိုင်လား မပြင်နိုင်လားဘဲပြော "

"အကုန်ပြန်လဲရမှာဆိုတော့ အဲ့ဘက်က တော်တော်ပြန်စိုက်ရမှာနော် "

"အဲ့ဆိုလည်း အဲ့ဆိုင်ကယ်ကြီး ခင်ဗျားဘဲယူလိုက်တော့ "

နှိုင်းကတော့အတည်ပြောခဲ့ပေမဲ့ ပြင်ဆရာက နှိုင်းနောက်သည်အထင်နှင့် ရယ်နေခဲ့၏။ဆိုင်ကယ်ကိုတကယ်ကြီးချန်ခဲ့ခါမှ ပြင်ဆရာလည်းဆက်မရယ်နိုင်ဘဲကြောင်သွားခဲ့ရသည်။

ဘယ်သူက ဒီလောက်သိန်းချီတန်တဲ့ဆိုင်ကယ်ကို အဆုံးရူံးခံပြီးထားခဲ့မည်နည်း။အဲ့လိုလုပ်တဲ့သူက သေချာပေါက်စိတ်မမှန်တဲ့သူသာလျှင်။

ကင်မရာတစ်လုံးနှင့် နှိုင်း ကလပ်သို့ဦးတည်လာခဲ့သည်။

"ဟာ....NightKing ကြီးပါလား၊ပျောက်ချက်သားကောင်းလို့ဗျာ အခုမှဘဲ ရုပ်ပြန်တွေ့ရတော့တယ် "

နှိုင်းကိုမြင်သည်နှင့် ကလပ်အထဲမှာရှိသည့် ကောင်တာမှ လူတစ်ဦးကဖော်ဖော်ရွေရွေလှမ်းနူတ်ဆက်ခဲ့သည်။ထိုလူရဲ့ဖော်ရွေမူ့အပေါ် နှိုင်းကတော့ လှည့်တောင်မကြည့်ခဲ့။

နေ့ခင်းပိုင်းမို့ ကလပ်မှာ ဝန်ထမ်းတွေကလွဲ ဘယ်သူမှမရှိနေဘဲ တိတ်ဆိတ်ကာခြောက်ကပ်နေသည်။

"ထုံးစံအတိုင်း အရမ်းမပြင်းတဲ့ဟာလေးပြင်ပေးရမလား "

ကောင်တာမှာ ရှိသည့် သူ၏အမေးကို နှိုင်းခေါင်းညိတ်ပြရင်းသာဖြေခဲ့သည်။ထို့နောက်...

"ငါအောက်ခဏသွားမယ် ဘယ်သူမှမလာစေနဲ့ "

"စိတ်ချပါ ဘယ်သူမှမလာစေရဘူး "

ကလပ်၏အောက်ထပ်တစ်နေရာတွင် နှိုင်းတစ်ယောက်တည်းကလွဲဘယ်သူမှဝင်ခွင့်မပြုထားသည့်အခန်းတစ်ခုရှိသည်။

ထိုအခန်းတစ်ခုလုံးက နီစွေးစွေးမီးရောင်ဖျော့များဖြင့်သာ မှိန်ပြပြလင်းနေခဲ့ပြီး ဘေးနံရံတွေမှာတော့ လေးထောင့်ကွက် ဓာတ်ပုံအလ်ဘမ်အသေးလေးတွေ တန်းစီကာချိတ်ဆွဲထားလျက်ရှိ၏။ထိုပုံတစ်ပုံချင်းစီတိုင်းကိုအနီးကပ်ကြည့်မည်ဆိုလျှင် ကောင်မလေးချောချောလှလှလေးများ၏ အဖော်အချွတ်ပုံများအဖြစ်မြင်ရလိမ့်မည်ဖြစ်သည်။အခန်းတစ်ခုလုံးနီးပါး ထိုကဲ့သို့သော ပုံများဖြင့်သာပြည့်ညှပ်နေသည်။

ဒီလိုပုံရိုက်ယူရတာက နှိုင်းရဲ့ဝါသနာတစ်ခုဖြစ်ခဲ့၏။နှိုင်းရဲ့အမြင်တွင် မိန်းကလေးတစ်ဦးကဘယ်လောက်ထိဘဲလှပနေပါစေ သူတို့ရုပ်ရည်ထက် ခန္ဓာပိုင်းကိုပိုပြီးစိတ်ဝင်စားမိသည်။စိတ်မတည်ငြိမ်တာတွေရှိတိုင်း ဒါမှမဟုတ် စိတ်ရူပ်စရာတွေရှိတိုင်း ဒီလိုနှိုင်းသတ်မှတ်ထားတဲ့ စံနဲ့ပြည့်ညီတဲ့ မိန်းကလေးတစ်ဦးရဲ့အဖော်အချွတ်ပုံကို ရိုက်ယူခြင်းဖြင့် စိတ်အပန်းဖြေခဲ့၏။

ဒါကြောင့် အမြဲတမ်းလိုလို နှိုင်းရဲ့ကင်မရာထဲမှာ ထိုကဲ့သို့သောပုံများနှင့်ပြည့်နေတတ်တာကြောင့် ဦးဆော ကင်မရာကိုတောင်းကြည့်တိုင်း မပေးကြည့်ရခြင်းဖြစ်သည်။

နှိုင်းတစ်ယောက် အခန်းရဲ့တစ်ခုတည်းသော ကွန်ပျူတာရှိရာရှေ့သို့ထိုင်လိုက်ပြီး လည်ပင်းမှာချိတ်ဆွဲထားသည့် ကင်မရာမှ တစ်ဆင့် ကွန်ပျူတာထဲသို့ဓာတ်ပုံအချို့ကူးယူနေခဲ့သည်။ထိုကူးယူလိုက်သည့်ပုံအများစုကို နှိုင်းသည် သတ်မှတ်ထားသည့် private ဆိုသည့် file ထဲသို့ပြောင်းထည့်လိုက်၏။

အရင်က ပုံတစ်ပုံသာရှိထည့်သော ထိုfile သည်အခုတော့ အနောက်မှာ သုညသုံးလုံးလောက်ထိပိုသွားခဲ့ပြီဖြစ်သည်။ပြီးတော့ private လို့နာမည်ပေးထားခဲ့သည့် ထိုAlbume ကို 'အဘိဓာန်မိုး'ဟုပြောင်းလဲကာ သတ်မှတ်ခဲ့သည်။

အခုတော့ နှိုင်းရဲ့ကိုယ်ပိုင်ကင်မရာထဲမှာ မျက်လုံးညိုညိုလူကောင်သေးသေးနှင့်စိတ်ကလည်းမတရားဆတ်တတ်သည့် အကောင်သေး၏ပုံများနှင့်သာ ပြည့်ညှပ်နေပါတော့၏။

ဒီအကောင်သေးရဲ့ပုံတွေကို ဘယ်ချိန်ရိုက်ယူထားခဲ့မိမှန်း နှိုင်းကိုယ်နှိုင်းတောင်မသိခဲ့။

ပြန်စဥ်းစားကြည့်ရလျှင် ရွာမှာ အကောင်သေးကိုစမြင်တုန်းက နှိုင်းရဲ့စိတ်ထဲကျေနပ်သလိုခံစားခဲ့ရသည်။အစပိုင်းကတော့ ထိုကျေနပ်မူ့က အကောင်သေးကို ပြန်ပြီးလက်တုံ့ပြန်ရတော့မှာမို့ ထွက်ပေါ်လာတဲ့ခံစားချက်လို့ထင်ခဲ့ပေမဲ့ တဖြည်းဖြည်းနဲ့ အကောင်သေးကိုမြင်ရလို့ ခံစားရတဲ့ကျေနပ်မူ့က ထို့အကြောင်းကြောင့်မဟုတ်မှန်းရိပ်မိခဲ့လာသည်။တခါမှမခံစားရဖူးတဲ့ခံစားချက်မို့ နှိုင်းအတွက်ထူးဆန်း၏။ဒါကြောင့် ဆရာမုန်းမာန်ဇာတိရွာပြန်တာကိုအခွင့်ကောင်းယူပြီး အကောင်သေးနှင့်အနီးကပ်နေခွင့်ရရန် ကြံယူခဲ့သည်။

ထိုအချိန် အကောင်သေးနှင့်အတူ ဖြတ်သန်းခဲ့ရသည့်အချိန်တလအတွင်း နှိုင်းပြောင်းလဲလာတာက နှိုင်းသည်အဘိဓာန်မိုးဆိုသူ၏ ဖြစ်တည်မူ့ကိုလက်ခံတတ်လာသည်။အရင်ကဆို ဂေးကိုရွံရှာလောက်အောင်မုန်းသည့် နှိုင်း အဘိဓာန်မိုး ဆိုသည့်သူကိုတော့ ပိုပို​​ပြီးခင်တွယ်လာမိ၏။သူ့ကြောင့် နှိုင်းရဲ့စိတ်ထဲပြောမပြတတ်သည့်ခံစားချက်များ ခံစားရသည်။ (ထိုခံစားချက်ထဲမှာ အကောင်သေးကိုသဘောကျတာမပါ၊ဒါကိုတော့ နှိုင်းသေချာအောင် စမ်းသပ်ဖူးပြီးပါပြီ )

အဲ့တာတွေဘာကြောင့်ဖြစ်ပေါ်လာသည်ကိုတော့ အခုထိအဖြေမထုတ်နိုင်သေးပေမဲ့ အကောင်သေးပြန်လာရင် အကောင်သေးရဲ့အနားမှာပြန်နေပြီး ဖော်ထုတ်မည်ဖြစ်ကြောင်း နှိုင်း ဆုံးဖြတ်ထားခဲ့၏။

*တီး *

ရွာထဲမှာ နှိုင်း ရိုက်ယူခဲ့သည့် အဘိဓာန်မိုး၏ ပုံတစ်ပုံခြင်းစီတိုင်းကိုပြန်ကြည့်နေတုန်း ဖုန်းမှ noti တစ်ခုတက်လာတာကြောင့် ဖုန်းဘက်ကို့အာရုံရောက်သွားခဲ့ရသည်။

နှိုင်း တပတ်ခါအမာရာလေးရဲ့နှစ်ပတ်လည်နော် ဦးဆောတော့မလိုက်နိုင်တော့ဘူးကွယ်။နှိုင်း တစ်ယောက်တည်းအဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်...ချစ်ရတဲ့ ဦးဆော

Mail မှာပို့ထားသည့် ဦးဆောထံ့မှစာကိုဖတ်ပြီး နှိုင်း သက်ပြင်းတစ်ချက်ချမိ၏။

"တစ်ပတ်ခါ မေမေ့ရဲ့နှစ်ပတ်လည်ကို ငါတစ်ယောက်တည်းရင်ဆိုင်ရတော့မှာပေါ့ "

မြို့ပေါ်သို့ အမြန်ပြန်လာရခြင်းအကြောင်းအရင်းမှာ မေမေ့ရဲ့နှစ်ပတ်လည်ကြောင့်ဖြစ်သည်။

အရင်က မေမေ့ရဲ့နှစ်ပတ်လည်တိုင်းကို ဦးဆောနှင့်အတူတူ နှိုင်း သွားရောက်နူတ်ဆက်ခဲ့ပေမဲ့ ဒီတစ်နှစ်မှာတော့ ကျန်းမာရေးမကောင်းသည့်ဦးဆောကြောင့် နှိုင်းတစ်ယောက်တည်းလုပ်နိုင်ပါ့မလားဆိုသည့် အတွေးအပေါ်စိုးရိမ်​နေမိသည်။

နှိုင်း စိတ်ညစ်စွာ ထိုင်ခုံ၏နောက်ကျောဘက်သို့ မှီချလိုက်ပြီး....

"ငါ့တစ်ယောက်တည်း လုပ်နိုင်ပါ့မလား "

တိုးတိုးလေးဖြင့် နှိုင်းညည်းညူလိုက်မိ၏။

ထို့နောက် ဖုန်းထဲမှ မိသားစုပုံတစ်ခုလို့ထင်ရသည့် ဓာတ်ပုံကို ခဏမျှစိုက်ကြည့်မိသည်။ထိုပုံထဲမှာ စုစုပေါင်း လူလေးဦးရှိပြီး ကျန်သုံးဦးကပြုံးရယ်လျက်ရှိနေကြပေမဲ့ နှိုင်းတစ်ယောက်တည်းကသာ မျက်လုံးသေကြီးများနှင့် ရှိနေသည်။

နှိုင်းသည် ထိုဓာတ်ပုံကိုကြည့်ပြီး အံ​ကိုတင်းနေအောင်ကြိတ်ထားရင်းရှိနေခဲ့၏။

"ထပ်တွေ့ရတော့မှာပေါ့ ဒေါ်ဝင့်နေချီ "

စကားတစ်ခုကိုရေရွတ်လိုက်သော နှိုင်း၏အသံသည် နာကျည်းမူ့များ​ဖြင့်ပြည့်နက်နေခဲ့သည်။ထိုသူက မည်သူဖြစ်လို့ နှိုင်းဒီလောက်ထိတောင် မုန်းနေရမှန်း ကာယကံရှင်ကိုယ်တိုင်သာ သိပါလိမ့်မည်။
.......... ........... ............

"သခင်မကြီး....ဒီနေ့က...."

မပြောရဲသလိုလိုနှင့် ဒေါ်ဝင့်နေခြည်ကို မျက်လုံးများ ပုတ်ခတ်ပုတ်ခတ်နှင့်ကြည့်နေသည့် ဒေါ်ဇာကြီးကြောင့် ဒေါ်ဝင့်နေချီတစ်ယောက် စိတ်ရူပ်သွားရ၏။

"ဘာလဲ ဒေါ်ဇာကြီး၊ပြောစရာရှိနေရင်လည်း ပွင့်ပွင့်လင်းလင်းပြော "

"ဟို...ဒီနေ့က မမလေးအမာရာရဲ့...."

အမာရာ ဆိုတဲ့နာမည်ကိုကြားသည်နှင့် ဒေါ်ဝင့်​နေချီသည် ဒေါ်ဇာကြီးကို ချက်ချင်းဘဲလက်ကာပြလိုက်ပြီး_

"ဒီနေ့ ထပ်ရောက်လာပြန်ပြီလား "

"ဟုတ်...ဟုတ်ကဲ့ "

"ကျစ်*အဲ့ကောင်မကလည်း သေတာတောင်ကြာနေပြီ အခုထိ လူကိုအေးဆေးပေးမနေဘူး "

ဒေါ်ဝင့်နေချီ၏ ခက်ထန်သည့်စကားကြောင့် ဒေါ်ဇာကြီးစိတ်ထဲမှ တစ်ချိန်က သူမ၏သခင်မလေးဖြစ်ခဲ့သည့် မမလေးအမာရာအပေါ် အားနာစိတ်ဖြစ်ခဲ့ရသည်။

"အဲ့တာ ဒေါ်ဇာ ဘယ်လိုပြင်ဆင်ပေးရမလဲဟင်...သခင်မကြီး "

"ကျစ်*ဟိုအကောင် ပြန်လာမှာပေါ့ "

"ပြန်လာမယ်လို့ထင်ပါတယ် သခင်မကြီး "

ဒေါ်ဝင့်နေချီသည် သက်ပြင်းသံကျယ်ကြီးကိုတစ်ချက်ချလိုက်ပြီး_

"အရင်လိုဘဲ ပြန်ပြင်ဆင်ထားလိုက် ပြီးတော့ စစ်ချီလေးကိုလည်း ဒီကိုခဏလာခဲ့ဖို့ပါပြောခဲ့ "

"ဟု..ဟုတ်ကဲ့ပါ သခင်မကြီး "

စာကြည့်ခန်းထဲမှာ ဖေဖေပေးထားသည့် အလုပ်ကိစ္စတစ်ချို့အပြီးသတ်နေတုန်း အပြင်မှ ဒေါ်ဇာကြီး၏ခေါ်သံကြောင့် ခန့်ထား ဝင်ခဲ့ဖို့ပြောရသည်။

"အကိုလေး "

"ပြောလေ ဒေါ်ဇာကြီး "

"သခင်မကြီးက ခဏလာခဲ့ဖို့ ပြောလို့ပါ "

"ကျွန်တော့်ကိုလား "

"ဟုတ်ကဲ့ "

ဒေါ်ဇာကြီးပုံက ကြောက်လန့်နေ၏။သေချာတယ် မေမေစိတ်ဆိုးနေတယ်ဆိုတာ။

ခန့်ထား ချက်ချင်းဘဲ ဧည့်ခန်းထဲက မေမေ့ဆီသို့သွားခဲ့သည်။ထို့နောက် မေမေ့ရှေ့မှာ ဝင်ထိုင်လိုက်ပြီး...

"ပြောစရာရှိလို့ဆို မေမေ "

"ဟုတ်တယ်သားလေး....ဒီနေ့ ဟိုအကောင်အိမ်လာလိမ့်မယ် "

"ဟင်...ဒါဆို ဒီနေ့က_"

"ဟုတ်တယ် ဟိုကောင်မရဲ့နှစ်ပတ်လည်နေ့ "

ခက်ထန်သွားသည့် မေမေ့လေသံကြောင့် ခန့်ထားလည်း ငြိမ်သက်နေလိုက်၏။

"မေမေမှာချင်တာက အဲ့အက္ခယှဥ်ဆိုတဲ့ကောင်နဲ့ အရောလုံးဝမဝင်နဲ့သိလား၊အဲ့ကောင်က အကုသိုလ်ကောင် သူက မေမေတို့မိသားစုကိုဘယ်လောက်ထိ ဒုက္ခပေးတဲ့သူဆိုတာ သားသိထားတယ်မလား "

"ဟုတ်ကဲ့မေမေ သားအခုထိ မှတ်ထားပါတယ် "

"မေမေမှာချင်တာအဲ့တာဘဲ ခဏနေသူရောက်လာရင် သူနဲ့ခပ်တန်းတန်းဘဲနေပါ "

"ဟုတ် "

ဒီစကားကို မေမေမှာခဲ့တာ ခန့်ထား ဒီအိမ်ကြီးအပေါ် စရောက်လာကတည်းကပင်ဖြစ်သည်။မေမေဘာလို့ အက္ခယှဥ်အပေါ် သိပ်မုန်းနေမှန်း ခန့်ထားသိပါ၏။ခန့်ထားလည်း သူ့ကိုမုန်းသည်။

ဒါက နှိုင်းအက္ခယှဥ်အပေါ်ထားတဲ့ ခန့်ထားတို့၏ စိတ်မလုံလဲ့မူ့​ကြောင့် ဖြစ်ပေါ်လာသည့် အမုန်းများဖြစ်ပါပေလိမ့်မည်။

လောလောလတ်လတ်မှ ဆိုင်ကယ်ရောင်းထားတာကြောင့် နှိုင်း ဆိုင်ကယ်အသစ်တစ်စီးထပ်မဝယ်နိုင်သေးပါ။အမေ့ရဲ့နှစ်ပတ်လည်ကျင်းပရာဆီကိုရောက်ဖို့ နှိုင်းတက္ကဆီငှားစီးလာခဲ့ရသည်။

ခမ်းနားပြီး ကြီးကျယ်သည့် အိမ်ရှေ့တစ်ခုသို့ ရောက်လျှင် နှိုင်း အိမ်ထဲသို့ချက်ချင်းမဝင်သေးဘဲ ထိုနေရာမှာဘဲ အိမ်၏အခြေအနေကို တခဏမျှ သုံးသပ်နေခဲ့၏။

ဒီအိမ်အရိပ်ကို နှိုင်းဖြစ်နိုင်လျှင် တစ်သက်လုံး ထပ်မနှင်းချင်။ဒီအိမ်နဲ့ပတ်သတ်ပြီး နှိုင်းအတွက်ကောင်းတဲ့အမှတ်တရဆိုတာ မရှိ။အတိတ်အကြောင်း ပြန်တွေးမိတိုင်း လက်သီးကိုကျစ်နေအောင်ဆုပ်ထားမိသည်အထိ ဒေါသထွက်ရသည့် နှိုင်းတစ်ယောက် စိတ်ကို လျော့လိုက်ပြီး အိမ်ထဲသို့ခြေလှမ်းလှမ်းလိုက်ပါတော့၏။

ခြံကျယ်ကြီးကိုဖြတ်ပြီးပြီးချင်း အိမ်ထဲသို့အရောက်တွင် အခုမှ အခမ်းအနားပြင်ဆင်နေတာကို မြင်ရတော့ နှိုင်း ချက်ချင်းဘဲမျက်မှောင်ကျုံမိသည်။

ဘာလား...သူတို့က မေမေ့ရဲ့ပွဲကိုအခုမှထပြီးပြင်ဆင်နေရအောင် မေ့ထားခဲ့တာလား။

"အကိုငယ် ရောက်လာနေပြီဘဲ၊ပွဲကတော့ အခုမှ ပြင်ဆင်နေတုန်း....ဟို....အကိုငယ် ထမင်းအရင်စားနှင့်လိုက်လေနော်၊ထမင်းစားခန်းထဲမှာ သခင်မကြီးနဲ့အကိုလေးတို့စောင့်နေကြတယ် "

ဒေါသတွေတလိပ်လိပ်နဲ့ထွက်နေပေမဲ့ နှိုင်းထပ်ထိန်းထားခဲ့လိုက်သည်။

"ဟုတ်ကဲ့ပါ ဒေါ်ဇာကြီး "

"ဒီနှစ်တော့ ဦး​ဆောမပါဘူးပေါ့ "

"ဟုတ်တယ် ဦးဆောက ကျန်းမာရေးမကောင်းဘူးလေ "

ဒီအိမ်မှာ နှိုင်းကိုဖော်ရွေသူဆိုလျှင် ဒေါ်ဇာကြီးတစ်ယောက်သာရှိ၏။ဒါလည်း အရင်က နှိုင်းနှင့်အတူရှိနေခဲ့ရသည့် သံယောဇဥ်ကြောင့်ထင်ပါသည်။

ထမင်းစားခန်းထဲသို့ဝင်လျှင် နှိုင်း တစ်ယောက် မမြင်ချင်ဆုံးဖြစ်သည့် ဒေါဝင့်နေချီနှင့် သူမ၏သားဖြစ်သူ ခန့်ထားစစ်ချီဆိုသူနှင့် မျက်နှာချင်းဆိုင်ရပါတော့သည်။

"လာပြီပေါ့ "

ဒေါ်ဝင့်နေချီက နှိုင်းကိုမော့တောင်မကြည့်ဘဲ ဝတ်ကျေတန်းကျေအရသာ ကြိုဆိုသည်။နှိုင်းလည်း ဟက်ခနဲတစ်ချက်ရယ်ပြီး လွတ်နေသည့် ထိုင်ခုံတစ်ခုသို့ဝင်ထိုင်ရင်း_

"ခင်ဗျားတို့ တော်တော်တရားလွန်တာဘဲ၊တစ်နှစ်ပြီးတစ်နှစ် မေမေ့ရဲ့နှစ်ပတ်လည်ကို မေ့မေ့ထားကြတာ "

"အချိန်ခဏလေးဘဲ လွှတ်သွားခဲ့တာပါ၊ဘာဘဲပြော​ပြော ငါတို့ လုပ်ပေးတာဘဲမလား...မလုပ်ပေးဘဲ ပစ်မထားခဲ့တာကိုဘဲကျေးဇူးတင် "

"အဟားဟား....စကားကြီးစကားကျယ်တွေပါလား၊ပြောစမ်းပါအုံး ဒါတောင် ခင်ဗျားတို့ ကျွန်တော်ဆီက လိုချင်တပ်မက်မူ့ကြောင့် အခုလိုလိုက်လျောပေးနေတာမလား "

"နှိုင်းအက္ခ!!! "

"ညီလေးတော်တော့ မေမေ...."

ခန့်ထားဝင်တားခါမှ နှိုင်းနှင့်ပွဲကြမ်းချင်နေသည့် ဒေါ်ဝင့်နေချီက စိတ်လျော့၏။ဒေါဝင့်နေချီက စိတ်လျော့ပေမဲ့ နှိုင်းကတော့ စိတ်မလျော့နိုင်...

"ခင်ဗျားပြောတိုင်း ကျွန်တော်ကဘာလို့ရပ်ပေးရမှာလဲ၊ခင်ဗျားအဆင့်နဲ့ ကျွန်တော့်အပေါ် အမိန့်သံလာမပေးနဲ့ "

"အေ...စစ်ချီကမင်းကိုအမိန့်မပေးနိုင်ပေမဲ့ ငါကပေးတယ်၊နှိုင်း...မင်း တော်တော့ "

ထိုအခါ ထမင်းစားဝိုင်းထဲသို့ ဝင်လာသည့် ဦးသုတယှဥ်။

ဟုတ်ပါသည် ထိုလူကြီးက နှိုင်း၏အဖေရင်းပင်ဖြစ်၏။

ဦးသုတက ထမင်းစားဝိုင်း၏ထိပ်ဆုံးခုံသို့ဝင်ထိုင်လိုက်ပြီး ဒေါသဖြစ်နေသည့် နှိုင်းကို ပိုပြင်းသည့်ဒေါသနှင့်ထပ်ကြည့်နေခဲ့သည်။

ဖခင်ဖြစ်သူကြောင့် နှိုင်းဒေါသထိန်းခဲ့ပေမဲ့ ဝတ်စုံပြည့်နှင့်ဖြစ်နေသည့် ဖခင်ဖြစ်သူကိုမြင်ရတော့ နှိုင်း မျက်ခုံးများကျုံမိ၏။

"မဟုတ်မှ...ခင်ဗျားလည်း မေမေ့ရဲ့နှစ်ပတ်လည်နေ့ကိုမေ့နေတာတော့မဟုတ်ဘူးမလား "

"အဟမ်း...စားစရာရှိတာစား "

စကားလမ်းကြောင်းလွှဲခဲ့သည့် ဖခင်ဖြစ်သူကြောင့် နှိုင်း ဟက်ခနဲတစ်ချက်သာရယ်နိုင်ပါတော့သည်။

"တော်သေးတာပေါ့ဗျာ အလုပ်ကနေ မလာဘဲနဲ့တော့မနေလို့ "

နှိုင်းသည် ဒေါ်ဝင့်နေချီဘက်ကိုရူရူတည်တည်တစ်ချက်ကြည့်လိုက်၏။ဖခင်ပြန်ရောက်လာတာကိုမြင်တော့ ခဏကသူမဟုတ်သလို ငြိမ်ချက်သားကောင်းနေသည့်ဒေါဝင့်နေချီ၏ပုံကို ကြည့်ပြီး နှိုင်းမချီးကျူးဘဲမနေနိုင် ဖြစ်ရသည်။

"အင်း...ခင်ဗျားမိန်းမကြီးသေတဲ့အချိန်ကြရင်လည်း အခုလိုဘဲ လာနိုင်ပါစေပေါ့ဗျာ"

နှိုင်းရဲ့စကားကြောင့် ဒေါသထွက်သွားသည့် ဒေါဝင့်နေခြည်က ချက်ချင်းဘဲပြန်တုံ့ပြန်ချင်ပေမဲ့ ဦးသုတရှေ့မှာမို့ စိတ်ကိုလျော့လိုက်ပြီး သူမအပေါ် စကားကြမ်း​ပြောသည့် နှိုင်းကြောင့် စိတ်ထိခိုက်သွားသလို ငြိမ်သက်နေပါတော့၏။

"နှိုင်း...မင်း...မင်းအမေအပေါ် ဘယ်လိုရိုင်းရတာလဲ "

"ဟက်*အမေ....ဟုတ်လား၊ကျွန်တော့်မှာ အမာရာနှိုင်းဆိုတဲ့ အမေတစ်ယောက်ဘဲရှိတယ် ကျန်တဲ့သူကတော့ ကျွန်တော်တို့ရဲ့ စည်းစိမ်ဂုတ်သွေးကိုစုတ်ချင်နေတဲ့ ကပ်ပါးမကြီးဘဲ "

နှိုင်းရဲ့စကားအဆုံး သည့်မခံနိုင်တော့သည့် ဦးသုတက နှိုင်းရဲ့ပါးကို ခပ်ပြင်းပြင်းဘဲ တစ်ချက်လောက် ထိုးရိုက်ခဲ့ပါသည်။

"မိုက်ရိုင်းလိုက်တဲ့ကောင် "

"ကျွန်တော်မိုက်ရိုင်းနေတာ ဟိုး...အရင်ကတည်းကလေ ဖေဖေရဲ့ "

ရွဲ့ကာတုံ့ပြန်ခဲ့သည် နှိုင်းစကားတစ်ခွန်းကဦးသုတကိုပိုပြီးဒေါသထွက်စေသည်။

"မင်း..."

"ဖေဖေ "

နှိုင်းအား ထပ်ထိုးဖို့လုပ်နေသည့်ဖခင်ဖြစ်သူကို ခန့်ထားဝင်ဆွဲထားရ၏။

နှုတ်ခမ်းမှာ ဒဏ်ရာ​ကြောင့် သွေးထွက်နေပြီဖြစ်သည့် နှိုင်းတစ်ယောက် နှုတ်ခမ်းတစ်ခြမ်းကွေးပြုံးလျက်_

"ခင်ဗျားတို့မှတ်ထားပါ....ကျွန်တော်က ခင်ဗျားတို့ စိတ်အနှောင့်အယှက်ဖြစ်အောင် အမြဲတမ်းလိုက်ပြီးဒုက္ခပေးနေမှာ၊ကျွန်တော်က ခင်ဗျားတို့ကိုယ်တိုင်နာမည်တပ်ပေးထားတဲ့ မိုက်ရိုင်းတဲ့ကောင်ဆိုတော့..."

ပုခုံးနှစ်ဖက်ကိုတွန့်ပြပြီး မဲ့ပြုံးပြုံးနေလျက်ရှိသည့် အက္ခကိုကြည့်ပြီး ဦးသုတတစ်ယောက် စိတ်ကိုမတရားဆွဲဆန့်ထားရသည်။

"နှိုင်းအက္ခယှဥ်...ငါတို့က မင်းအမေရဲ့နှစ်ပတ်လည်မို့ စိတ်လျော့ထားတာသိလား၊မင်းအခုလိုဘဲ ငါတို့ဒေါသကိုထပ်ပြီး ဆွနေအုံးမယ်ဆို ငါ့အိမ်ကနေ အခုချက်ချင်း ထွက်သွားလိုက်တော့ "

"ဟားဟား...ငါ့အိမ်တဲ့၊အင်းပါ ခင်ဗျားလည်းတစ်ဝက်ပိုင်တာဆိုတော့ ပြောထားအုံးပေါ့ "

နှိုင်း ထမင်းစားခန်းထဲမှ ထွက်လာခဲ့ပြီး အခမ်းအနားပြင်ဆင်ထားသည့် အမေ့ရဲ့ဓာတ်ပုံရှေ့သို့သွားကာ...

"တောင်းပန်ပါတယ်အမေ၊ဒီနေ့တော့ နှိုင်း အမေ့ကိုသေချာမနူတ်ဆက်နိုင်တော့ဘူး...စိတ်ချပါ ဒီအိမ်ကြီးကို နှိုင်းလက်ထဲပြန်ရောက်အောင် ကြိုးစားပါ့မယ်၊ပြီးတော့ အမေ့ဘဝကိုဖျက်စီးခဲ့တဲ့ ဟိုဘွားတော်မိသားစုကိုလည်း နှိုင်းလက်နဲ့ကိုယ်တိုင် ဖျက်စီးပေးပါ့မယ် "

ဓာတ်ပုံထဲမှာ ပြုံးရယ်လျက်ရှိနေသည့် နှိုင်းရဲ့အမေက သိပ်ကိုလှပလွန်းပါ၏။နှိုင်း အမေ့ဘေးမှာ နှင်းဆီပန်းတစ်ချို့ကိုထားပေးပြီးသည်နှင့် ထိုအိမ်ကြီးမှ ထွက်လာခဲ့လိုက်ပါတော့သည်။

အိမ်ကြီးကိုကျောခိုင်းပြီး ထွက်လာနေတုန်း အနောက်မှ ပြေးလိုက်လာသည့် ခန့်ထားစစ်ချီ။

"အက္ခ...အက္ခ "

နှိုင်းရဲ့နာမည်ကို အဆက်မပြတ်ခေါ်နေခဲ့တာကြောင့် နှိုင်းမှာ စိတ်ရူပ်စွာနှင့်..

"ဘာလဲ ခင်ဗျား "

"မင်း အမေနဲ့အဖေကိုပြန်တောင်းပန်သင့်တယ် "

"ကျွန်တော့်ကို အခုလိုလိုက်လိုက်ပြောရအောင် ခင်ဗျားကိုယ်ခင်ဗျား ဘာထင်နေတာလဲ "

"ငါကမင်းကိုအစ်ကိုတစ်ယောက်အနေနဲ့_"

"အဟက်*အစ်ကို...သြော်....ဟုတ်ပါပြီ အစ်ကိုကြီးရဲ့ ခင်ဗျားက ပါးစပ်ကနေသာ ကျွန်တော့်အတွက်ကျွန်တော့်အတွက်ဆိုပေမဲ့ တကယ်တန်းကြတော့ အဖေ့ဆီက အမှတ်တွေလိုချင်နေလို့မလား "

"ဘာပြောတာလဲ "

"ဟန်ဆောင်မနေပါနဲ့ ခင်ဗျားနဲ့ခင်ဗျားရဲ့ဘွားတော်ကြီးက သိပ်တူတာဘဲသိလား၊အင်း...ခင်ဗျားကို ကြုံတုန်းလေး သတင်းကောင်းတစ်ခုပြောပြရအုံးမှာပေါ့။ခင်ဗျား သိပ်လိုချင်နေပါတယ်ဆိုတဲ့ အဲ့ကုမ္ပဏီအစုတ်ကြီးကို ကျွန်တော်ဘက်က နည်းနည်းလေးမှ မမက်မောဘူး...အဲ့တော့ ခင်ဗျား စိတ်အေးလိုက်တော့ "

နှိုင်းရဲ့စကားအပေါ် ခန့်ထား ဘာမှထပ်ပြီးမတုံ့ပြန်နိုင်ခဲ့။သူပြောတာတွေက အမှန်တရားတွေဖြစ်နေတာကြောင့် ခန့်ထား ပြန်တုံ့ပြန်ဖို့စကားမရှိတော့တာဖြစ်ပါလိမ့်မည်။

ခန့်ထားရဲ့ငြိမ်သက်မူ့ကိုကြည့်ပြီး အက္ခက ဟားတိုက်၏။

"ဒါပေမဲ့ ခင်ဗျားတစ်ခုတော့မှတ်ထား၊ခင်ဗျားအပေါ် ကျွန်တော်အခုလိုလိုက်လျောပေးခဲ့တဲ့ အဖိုးအခအနေနဲ့ ခင်ဗျားသိပ်တန်ဖိုးထားပါတယ်ဆိုတဲ့အရာတစ်ခုကိုတော့ ကျွန်တော်ပြန်ယူရလိမ့်မယ် "

အက္ခ ဘာအဓိပ္ပါယ်နှင့်ပြောသွားသည်ကို ခန့်ထားနားမလည်။

ခန့်ထားဆီမှာ အက္ခလိုချင်လောက်တဲ့အရာ ဘာမှမရှိ။အက္ခဆီမှာသာ ခန့်ထားလိုချင်တဲ့အရာတွေက တပုံတပင်ကြီးထိရှိသည်။ဒါတွေကိုလည်း ငယ်စဥ်ကတည်းက ခန့်ထား အက္ခဆီမှာ လုယူထားပြီးသားပင်ဖြစ်၏။စကားလှလေးနှင့်ပြောရလျှင် ယှဥ်ပြိုင်ပြီး အနိုင်ရယူထားခြင်းဖြစ်သည်။

ဒါပေမဲ့ အခု အက္ခကအခုလိုပြောလာတော့ ခန့်ထား စိတ်ထဲနည်းနည်းတော့ခုရပါသည်။ခန့်ထားဘဝမှာ ခန့်ထားတန်ဖိုးထားရတဲ့အရာဆိုလို့ ခန့်ထားဘက်မှာရပ်တည်ပေးသည့် ခန့်ထားချစ်ရသည့်သူတွေသာရှိသည်။အတိအကျပြောပြရလျှင် မေမေနှင့်မိုး နှစ်ယောက်တည်းသာရှိ၏။

ဒါကို အက္ခက ဘယ်သူ့ကိုသူဆီကနေယူသွားမယ်ခြိမ်းခြောက်နေတာလဲ။မေမေ့ကိုအက္ခမယှဥ်နိုင်ပါဘူး၊မိုး လို့ဆိုရအောင်လည်း အက္ခကမိုးအ​ကြောင်းတစ်ခုမှသိဖူးတာမဟုတ်ဘူး ပြီးတော့ ခန့်ထားနဲ့မိုးကအခုမပတ်သတ်တော့တဲ့အခြေအနေဆိုတော့ ပိုဆိုးပေါ့။

စဥ်းစား​ကြည့်လျှင် ခန့်ထားအတွက် အဓိပ္ပါယ်မရှိတဲ့စကားမို့ အရေးတယူလုပ်မနေတော့ပါ။

ကျောခိုင်းပြီးထွက်သွားပြီဖြစ်သည့် အက္ခကိုကြည့်ပြီး ခန့်ထား လေပူတစ်ချက်မူတ်ထုတ်လိုက်ပါသည်။ထို့နောက်အိမ်ထဲသို့ ပြန်ဝင်လာခဲ့ပြီး ဧည့်ခန်းထဲမှာ စိတ်ပျက်စွာထိုင်နေသည့် အဖေနှင့် ဝမ်းနည်းရိပ်သန်းနေသည့် အမေတို့ရှေ့ဝင်ထိုင်လိုက်ပြီး_

"အက္ခနဲ့ပတ်သတ်ပြီး ကျွန်တော်အစ်ကိုကြီးတစ်ယောက်လိုမဆုံးမနိုင်ခဲ့လို့ တောင်းပန်ပါတယ် အဖေ "

"ဘာကိုတောင်းပန်တာလဲ၊အဲ့ကောင်နဲ့ပတ်သတ်ပြိး သားဘက်ကဘာမှတောင်းပန်စရာမလိုဘူး...အဲ့အကောင်ကိုက ဘယ်သူနဲ့တူမှန်းမသိမိုက်ရိုင်းနေတာ "

"အကိုကြီးရယ် သားငယ်လေးက ငယ်သေးတော့ သေချာလေးဆုံးမရင်လိမ္မာလာမှာပါ "

"ဘာကို လိမ္မာလာမှာလဲ၊ကိုယ့်အမေနဲ့ကိုယ့်အစ်ကိုအပေါ်မှာတောင် ရိုင်းနေတာ မင်းတို့မပြောနဲ့ ငါအဖေအရင်းပေါ်မှာတောင် အဲ့ကောင်မှာ လေးစားမူ့ဆိုတာမရှိဘူး "

အဖေက ဒေါသကြောင့်မျက်နှာတစ်ခုလုံးပေါက်ကွဲမတတ်နီရဲနေခဲ့သည်။ဒါကတော့ အက္ခပြန်လာတိုင်း ဖေဖေခံစားနေရသည့် ဝေဒနာတစ်ခုပင်။

"နောက်နှစ်ကစပြီး ဒီအိမ်မှာ အမာရာရဲ့နှစ်ပတ်လည်ဆိုတာ မရှိတော့ဘူးဘဲ အားလုံးမှတ်ထားကြ၊ငါတို့အပေါ်ရိုင်းရာကြနေတဲ့ကောင်ကို ငါတို့ကဘာပြန်ကောင်းပေးရမှာလဲ "

ဖေဖေ၏ကြိမ်းဝါးသံကြောင့် အိမ်မှာရှိသည့်လူတိုင်း တိတ်ဆိတ်ကုန်ကြသည်။

ဒီမှာရှိနေကြသေးသည့်အိမ်စေတိုင်းနီးပါးသည် တစ်ချိန်က အမာရာနှိုင်းဆိုသည့် အက္ခယှဥ်၏မိခင်အား အလုပ်အကျွေးပြုဖူးသူတိုင်းဖြစ်တာကြောင့် ယခု ဦးသုတ၏ ကြေညာချက်အပေါ် လက်မခံချင်ကြသူများပင်ဖြစ်သည်။ဒါပေမဲ့ သခင်ကြီး၏အမိန့်ကိုဘယ်သူမှမလွန်ဆန်ရဲတာကြောင့် အကုန်လုံးခေါင်းညိတ်နာခံရန်သာ တတ်နိုင်ခဲ့ကြ၏။

ဒေါ်ဝင့်နေချီကတော့ စိတ်ထဲမှကြိတ်ပြီးကျေနပ်နေရှာသည်။သူမဘဝထဲ ဒီကောင်မကိုထုတ်ပစ်ချင်တာကြာလှနေပြီဖြစ်၏။

ခန့်ထားကတော့ ဖေဖေရဲ့ကြေညာချက်ကို နားထောင်ပြီး ဒေါ်အမာရာ၏ဓာတ်ပုံကိုလှမ်းကြည့်မိသည်။

တစ်ချိန်က အရမ်းကိုလှပပြီး ခန့်ထားနဲ့မေမေတို့နှစ်ယောက်လုံး တိတ်တိတ်လေးနှင့်အားကျခဲ့ရသည့်သူသည် အခုတော့ ဓာတ်ပုံလေးထဲမှာ ငြိမ်သက်လို့နေပြီဖြစ်၏။

ကျွန်တော်တို့ကိုအပြစ်မတင်ပါနဲ့ ဒေါ်အမာရာ။ဒီကိစ္စက ဖြစ်ကိုဖြစ်လာရမဲ့အရာတစ်ခုမို့ ခင်ဗျားလက်ခံလိုက်ပါ။

စိတ်ထဲမှာ ခံစားရမိခဲ့တဲ့ကျေနပ်ပျော်ရွှင်မူ့လေးတစ်ခုက ခန့်ထား၏ဖြူစင်သော မျက်နှာဖုံးကို ဖြည်းဖြည်းခြင်းကွဲအက်စေမှန်း ခန့်ထားကိုယ်တိုင် သတိမထားမိခဲ့ပါ။

ဒါက ခန့်ထားအတွက်ပြည့်ဝတဲ့ပျော်ရွှင်မူ့မဟုတ်သေး။ခန့်ထားရဲ့ရှေ့မှာ နှိုင်းအက္ခယှဥ်ဆိုတဲ့လူတစ်ယောက် ကန့်လန့်တိုက်နေသေးသည်။သူမရှိမှ ခန့်ထားအတွက် ပျော်ရွှင်မူ့ဆိုသည့်အဓိပ္ပါယ်ကို​အပြည့်အဝခံစားရလိမ့်မည်ပင်ဖြစ်သည်။

Zawgyi

အေကာင္ေသးကိုထားခဲ့ၿပီး ရန္ကုန္ကိုျပန္လာရေတာ့ ႏွိုင္းရဲ႕စိတ္ထဲမွာ တစ္ခုခုလစ္ဟာသြားသလို ခံစားေနရသည္။

"မင္းေျပာေတာ့ တစ္ပတ္ဆိုၿပီး တစ္လႀကီးေတာင္ေပ်ာက္သြားတာ ငါတို႔ေနာက္ခရီးစဥ္ေတြဘယ္ေလာက္ေတာင္လႊတ္ခဲ့လဲသိလား "

ပရိုဂ်ဴဆာႀကီးက ႐ြာကေန အခုမွျပန္ေရာက္သည့္ ႏွိုင္းကို ေကာင္းေကာင္းမြန္မြန္ေတာ့မႀကိဳဆိုခဲ့ပါ။႐ြာမွာ အခ်ိန္ေတြမလိုအပ္ဘဲအမ်ားႀကီးျဖဳန္းခဲ့မိသည့္ ႏွိုင္းအေပၚ ေသခ်ာေပါက္ ပြားေနခဲ့၏။

"အလဟႆမွမျဖစ္တာ ဓာတ္ပုံအသစ္ေတြအမ်ားႀကီး ထပ္ရခဲ့တာဘဲ "

"မွန္ပါတယ္ ဒါေပမဲ့ ဒီေနရာကဒီေနရာနဲ႕ဘဲ ထပ္ေနတာကို ၾကည့္႐ူသူေတြကဘယ္စိတ္ဝင္စားေတာ့မွာလဲ "

"က်စ္*နားညီးလိုက္တာဗ်ာ "

ထိုင္ၿပီး နားအပူမခံနိုင္ေတာ့တာေၾကာင့္ ႏွိုင္း ထိုေနရာမွထြက္လာခဲ့လိုက္ပါေတာ့၏။က်န္ခဲ့သည့္ ပရိုဂ်ဴဆာႀကီးက ႏွိုင္းထြက္သြားသည္အထိ ႏွိုင္းကိုပြားလို႔မၿပီးနိုင္ေသးဘဲ က်န္ခဲ့သည္။

ၾကမ္းတမ္းသည့္လမ္းေတြအေပၚအခ်ိန္အၾကာႀကီးေမာင္းခဲ့ရတာမို႔ ၿမိဳ႕ေရာက္သည္ႏွင့္ ႏွိုင္း ဆိုင္ကယ္ျပခဲ့ရသည္။

"အင္ဂ်င္ေတြေတာ္ေတာ္ထိထားတယ္၊အတြင္းပိုင္းေတြေကာဘဲ ဘယ္ေလာက္ထိေတာင္ ဆိုးဆိုး႐ြာ႐ြားေမာင္းခဲ့တာလဲ "

"ျပင္နိုင္လား မျပင္နိုင္လားဘဲေျပာ "

"အကုန္ျပန္လဲရမွာဆိုေတာ့ အဲ့ဘက္က ေတာ္ေတာ္ျပန္စိုက္ရမွာေနာ္ "

"အဲ့ဆိုလည္း အဲ့ဆိုင္ကယ္ႀကီး ခင္ဗ်ားဘဲယူလိုက္ေတာ့ "

ႏွိုင္းကေတာ့အတည္ေျပာခဲ့ေပမဲ့ ျပင္ဆရာက ႏွိုင္းေနာက္သည္အထင္ႏွင့္ ရယ္ေနခဲ့၏။ဆိုင္ကယ္ကိုတကယ္ႀကီးခ်န္ခဲ့ခါမွ ျပင္ဆရာလည္းဆက္မရယ္နိုင္ဘဲေၾကာင္သြားခဲ့ရသည္။

ဘယ္သူက ဒီေလာက္သိန္းခ်ီတန္တဲ့ဆိုင္ကယ္ကို အဆုံး႐ူံးခံၿပီးထားခဲ့မည္နည္း။အဲ့လိုလုပ္တဲ့သူက ေသခ်ာေပါက္စိတ္မမွန္တဲ့သူသာလွ်င္။

ကင္မရာတစ္လုံးႏွင့္ ႏွိုင္း ကလပ္သို႔ဦးတည္လာခဲ့သည္။

"ဟာ....NightKing ႀကီးပါလား၊ေပ်ာက္ခ်က္သားေကာင္းလို႔ဗ်ာ အခုမွဘဲ ႐ုပ္ျပန္ေတြ႕ရေတာ့တယ္ "

ႏွိုင္းကိုျမင္သည္ႏွင့္ ကလပ္အထဲမွာရွိသည့္ ေကာင္တာမွ လူတစ္ဦးကေဖာ္ေဖာ္ေ႐ြေ႐ြလွမ္းႏူတ္ဆက္ခဲ့သည္။ထိုလူရဲ႕ေဖာ္ေ႐ြမူ႕အေပၚ ႏွိုင္းကေတာ့ လွည့္ေတာင္မၾကည့္ခဲ့။

ေန႕ခင္းပိုင္းမို႔ ကလပ္မွာ ဝန္ထမ္းေတြကလြဲ ဘယ္သူမွမရွိေနဘဲ တိတ္ဆိတ္ကာေျခာက္ကပ္ေနသည္။

"ထုံးစံအတိုင္း အရမ္းမျပင္းတဲ့ဟာေလးျပင္ေပးရမလား "

ေကာင္တာမွာ ရွိသည့္ သူ၏အေမးကို ႏွိုင္းေခါင္းညိတ္ျပရင္းသာေျဖခဲ့သည္။ထို႔ေနာက္...

"ငါေအာက္ခဏသြားမယ္ ဘယ္သူမွမလာေစနဲ႕ "

"စိတ္ခ်ပါ ဘယ္သူမွမလာေစရဘူး "

ကလပ္၏ေအာက္ထပ္တစ္ေနရာတြင္ ႏွိုင္းတစ္ေယာက္တည္းကလြဲဘယ္သူမွဝင္ခြင့္မျပဳထားသည့္အခန္းတစ္ခုရွိသည္။

ထိုအခန္းတစ္ခုလုံးက နီေစြးေစြးမီးေရာင္ေဖ်ာ့မ်ားျဖင့္သာ မွိန္ျပျပလင္းေနခဲ့ၿပီး ေဘးနံရံေတြမွာေတာ့ ေလးေထာင့္ကြက္ ဓာတ္ပုံအလ္ဘမ္အေသးေလးေတြ တန္းစီကာခ်ိတ္ဆြဲထားလ်က္ရွိ၏။ထိုပုံတစ္ပုံခ်င္းစီတိုင္းကိုအနီးကပ္ၾကည့္မည္ဆိုလွ်င္ ေကာင္မေလးေခ်ာေခ်ာလွလွေလးမ်ား၏ အေဖာ္အခြၽတ္ပုံမ်ားအျဖစ္ျမင္ရလိမ့္မည္ျဖစ္သည္။အခန္းတစ္ခုလုံးနီးပါး ထိုကဲ့သို႔ေသာ ပုံမ်ားျဖင့္သာျပည့္ညွပ္ေနသည္။

ဒီလိုပုံရိုက္ယူရတာက ႏွိုင္းရဲ႕ဝါသနာတစ္ခုျဖစ္ခဲ့၏။ႏွိုင္းရဲ႕အျမင္တြင္ မိန္းကေလးတစ္ဦးကဘယ္ေလာက္ထိဘဲလွပေနပါေစ သူတို႔႐ုပ္ရည္ထက္ ခႏၶာပိုင္းကိုပိုၿပီးစိတ္ဝင္စားမိသည္။စိတ္မတည္ၿငိမ္တာေတြရွိတိုင္း ဒါမွမဟုတ္ စိတ္႐ူပ္စရာေတြရွိတိုင္း ဒီလိုႏွိုင္းသတ္မွတ္ထားတဲ့ စံနဲ႕ျပည့္ညီတဲ့ မိန္းကေလးတစ္ဦးရဲ႕အေဖာ္အခြၽတ္ပုံကို ရိုက္ယူျခင္းျဖင့္ စိတ္အပန္းေျဖခဲ့၏။

ဒါေၾကာင့္ အၿမဲတမ္းလိုလို ႏွိုင္းရဲ႕ကင္မရာထဲမွာ ထိုကဲ့သို႔ေသာပုံမ်ားႏွင့္ျပည့္ေနတတ္တာေၾကာင့္ ဦးေဆာ ကင္မရာကိုေတာင္းၾကည့္တိုင္း မေပးၾကည့္ရျခင္းျဖစ္သည္။

ႏွိုင္းတစ္ေယာက္ အခန္းရဲ႕တစ္ခုတည္းေသာ ကြန္ပ်ဴတာရွိရာေရွ႕သို႔ထိုင္လိုက္ၿပီး လည္ပင္းမွာခ်ိတ္ဆြဲထားသည့္ ကင္မရာမွ တစ္ဆင့္ ကြန္ပ်ဴတာထဲသို႔ဓာတ္ပုံအခ်ိဳ႕ကူးယူေနခဲ့သည္။ထိုကူးယူလိုက္သည့္ပုံအမ်ားစုကို ႏွိုင္းသည္ သတ္မွတ္ထားသည့္ private ဆိုသည့္ file ထဲသို႔ေျပာင္းထည့္လိုက္၏။

အရင္က ပုံတစ္ပုံသာရွိထည့္ေသာ ထိုfile သည္အခုေတာ့ အေနာက္မွာ သုညသုံးလုံးေလာက္ထိပိုသြားခဲ့ၿပီျဖစ္သည္။ၿပီးေတာ့ private လို႔နာမည္ေပးထားခဲ့သည့္ ထိုAlbume ကို 'အဘိဓာန္မိုး'ဟုေျပာင္းလဲကာ သတ္မွတ္ခဲ့သည္။

အခုေတာ့ ႏွိုင္းရဲ႕ကိုယ္ပိုင္ကင္မရာထဲမွာ မ်က္လုံးညိုညိုလူေကာင္ေသးေသးႏွင့္စိတ္ကလည္းမတရားဆတ္တတ္သည့္ အေကာင္ေသး၏ပုံမ်ားႏွင့္သာ ျပည့္ညွပ္ေနပါေတာ့၏။

ဒီအေကာင္ေသးရဲ႕ပုံေတြကို ဘယ္ခ်ိန္ရိုက္ယူထားခဲ့မိမွန္း ႏွိုင္းကိုယ္ႏွိုင္းေတာင္မသိခဲ့။

ျပန္စဥ္းစားၾကည့္ရလွ်င္ ႐ြာမွာ အေကာင္ေသးကိုစျမင္တုန္းက ႏွိုင္းရဲ႕စိတ္ထဲေက်နပ္သလိုခံစားခဲ့ရသည္။အစပိုင္းကေတာ့ ထိုေက်နပ္မူ႕က အေကာင္ေသးကို ျပန္ၿပီးလက္တုံ႕ျပန္ရေတာ့မွာမို႔ ထြက္ေပၚလာတဲ့ခံစားခ်က္လို႔ထင္ခဲ့ေပမဲ့ တျဖည္းျဖည္းနဲ႕ အေကာင္ေသးကိုျမင္ရလို႔ ခံစားရတဲ့ေက်နပ္မူ႕က ထို႔အေၾကာင္းေၾကာင့္မဟုတ္မွန္းရိပ္မိခဲ့လာသည္။တခါမွမခံစားရဖူးတဲ့ခံစားခ်က္မို႔ ႏွိုင္းအတြက္ထူးဆန္း၏။ဒါေၾကာင့္ ဆရာမုန္းမာန္ဇာတိ႐ြာျပန္တာကိုအခြင့္ေကာင္းယူၿပီး အေကာင္ေသးႏွင့္အနီးကပ္ေနခြင့္ရရန္ ႀကံယူခဲ့သည္။

ထိုအခ်ိန္ အေကာင္ေသးႏွင့္အတူ ျဖတ္သန္းခဲ့ရသည့္အခ်ိန္တလအတြင္း ႏွိုင္းေျပာင္းလဲလာတာက ႏွိုင္းသည္အဘိဓာန္မိုးဆိုသူ၏ ျဖစ္တည္မူ႕ကိုလက္ခံတတ္လာသည္။အရင္ကဆို ေဂးကို႐ြံရွာေလာက္ေအာင္မုန္းသည့္ ႏွိုင္း အဘိဓာန္မိုး ဆိုသည့္သူကိုေတာ့ ပိုပိုၿပီးခင္တြယ္လာမိ၏။သူ႕ေၾကာင့္ ႏွိုင္းရဲ႕စိတ္ထဲေျပာမျပတတ္သည့္ခံစားခ်က္မ်ား ခံစားရသည္။ (ထိုခံစားခ်က္ထဲမွာ အေကာင္ေသးကိုသေဘာက်တာမပါ၊ဒါကိုေတာ့ ႏွိုင္းေသခ်ာေအာင္ စမ္းသပ္ဖူးၿပီးပါၿပီ )

အဲ့တာေတြဘာေၾကာင့္ျဖစ္ေပၚလာသည္ကိုေတာ့ အခုထိအေျဖမထုတ္နိုင္ေသးေပမဲ့ အေကာင္ေသးျပန္လာရင္ အေကာင္ေသးရဲ႕အနားမွာျပန္ေနၿပီး ေဖာ္ထုတ္မည္ျဖစ္ေၾကာင္း ႏွိုင္း ဆုံးျဖတ္ထားခဲ့၏။

*တီး *

႐ြာထဲမွာ ႏွိုင္း ရိုက္ယူခဲ့သည့္ အဘိဓာန္မိုး၏ ပုံတစ္ပုံျခင္းစီတိုင္းကိုျပန္ၾကည့္ေနတုန္း ဖုန္းမွ noti တစ္ခုတက္လာတာေၾကာင့္ ဖုန္းဘက္ကို႔အာ႐ုံေရာက္သြားခဲ့ရသည္။

ႏွိုင္း တပတ္ခါအမာရာေလးရဲ႕ႏွစ္ပတ္လည္ေနာ္ ဦးေဆာေတာ့မလိုက္နိုင္ေတာ့ဘူးကြယ္။ႏွိုင္း တစ္ေယာက္တည္းအဆင္ေျပမယ္လို႔ ေမွ်ာ္လင့္ပါတယ္...ခ်စ္ရတဲ့ ဦးေဆာ

Mail မွာပို႔ထားသည့္ ဦးေဆာထံ့မွစာကိုဖတ္ၿပီး ႏွိုင္း သက္ျပင္းတစ္ခ်က္ခ်မိ၏။

"တစ္ပတ္ခါ ေမေမ့ရဲ႕ႏွစ္ပတ္လည္ကို ငါတစ္ေယာက္တည္းရင္ဆိုင္ရေတာ့မွာေပါ့ "

ၿမိဳ႕ေပၚသို႔ အျမန္ျပန္လာရျခင္းအေၾကာင္းအရင္းမွာ ေမေမ့ရဲ႕ႏွစ္ပတ္လည္ေၾကာင့္ျဖစ္သည္။

အရင္က ေမေမ့ရဲ႕ႏွစ္ပတ္လည္တိုင္းကို ဦးေဆာႏွင့္အတူတူ ႏွိုင္း သြားေရာက္ႏူတ္ဆက္ခဲ့ေပမဲ့ ဒီတစ္ႏွစ္မွာေတာ့ က်န္းမာေရးမေကာင္းသည့္ဦးေဆာေၾကာင့္ ႏွိုင္းတစ္ေယာက္တည္းလုပ္နိုင္ပါ့မလားဆိုသည့္ အေတြးအေပၚစိုးရိမ္ေနမိသည္။

ႏွိုင္း စိတ္ညစ္စြာ ထိုင္ခုံ၏ေနာက္ေက်ာဘက္သို႔ မွီခ်လိဳက္ၿပီး....

"ငါ့တစ္ေယာက္တည္း လုပ္နိုင္ပါ့မလား "

တိုးတိုးေလးျဖင့္ ႏွိုင္းညည္းၫူလိုက္မိ၏။

ထို႔ေနာက္ ဖုန္းထဲမွ မိသားစုပုံတစ္ခုလို႔ထင္ရသည့္ ဓာတ္ပုံကို ခဏမွ်စိုက္ၾကည့္မိသည္။ထိုပုံထဲမွာ စုစုေပါင္း လူေလးဦးရွိၿပီး က်န္သုံးဦးကၿပဳံးရယ္လ်က္ရွိေနၾကေပမဲ့ ႏွိုင္းတစ္ေယာက္တည္းကသာ မ်က္လုံးေသႀကီးမ်ားႏွင့္ ရွိေနသည္။

ႏွိုင္းသည္ ထိုဓာတ္ပုံကိုၾကည့္ၿပီး အံကိုတင္းေနေအာင္ႀကိတ္ထားရင္းရွိေနခဲ့၏။

"ထပ္ေတြ႕ရေတာ့မွာေပါ့ ေဒၚဝင့္ေနခ်ီ "

စကားတစ္ခုကိုေရ႐ြတ္လိုက္ေသာ ႏွိုင္း၏အသံသည္ နာက်ည္းမူ႕မ်ားျဖင့္ျပည့္နက္ေနခဲ့သည္။ထိုသူက မည္သူျဖစ္လို႔ ႏွိုင္းဒီေလာက္ထိေတာင္ မုန္းေနရမွန္း ကာယကံရွင္ကိုယ္တိုင္သာ သိပါလိမ့္မည္။
.......... ........... ............

"သခင္မႀကီး....ဒီေန႕က...."

မေျပာရဲသလိုလိုႏွင့္ ေဒၚဝင့္ေနျခည္ကို မ်က္လုံးမ်ား ပုတ္ခတ္ပုတ္ခတ္ႏွင့္ၾကည့္ေနသည့္ ေဒၚဇာႀကီးေၾကာင့္ ေဒၚဝင့္ေနခ်ီတစ္ေယာက္ စိတ္႐ူပ္သြားရ၏။

"ဘာလဲ ေဒၚဇာႀကီး၊ေျပာစရာရွိေနရင္လည္း ပြင့္ပြင့္လင္းလင္းေျပာ "

"ဟို...ဒီေန႕က မမေလးအမာရာရဲ႕...."

အမာရာ ဆိုတဲ့နာမည္ကိုၾကားသည္ႏွင့္ ေဒၚဝင့္ေနခ်ီသည္ ေဒၚဇာႀကီးကို ခ်က္ခ်င္းဘဲလက္ကာျပလိုက္ၿပီး_

"ဒီေန႕ ထပ္ေရာက္လာျပန္ၿပီလား "

"ဟုတ္...ဟုတ္ကဲ့ "

"က်စ္*အဲ့ေကာင္မကလည္း ေသတာေတာင္ၾကာေနၿပီ အခုထိ လူကိုေအးေဆးေပးမေနဘူး "

ေဒၚဝင့္ေနခ်ီ၏ ခက္ထန္သည့္စကားေၾကာင့္ ေဒၚဇာႀကီးစိတ္ထဲမွ တစ္ခ်ိန္က သူမ၏သခင္မေလးျဖစ္ခဲ့သည့္ မမေလးအမာရာအေပၚ အားနာစိတ္ျဖစ္ခဲ့ရသည္။

"အဲ့တာ ေဒၚဇာ ဘယ္လိုျပင္ဆင္ေပးရမလဲဟင္...သခင္မႀကီး "

"က်စ္*ဟိုအေကာင္ ျပန္လာမွာေပါ့ "

"ျပန္လာမယ္လို႔ထင္ပါတယ္ သခင္မႀကီး "

ေဒၚဝင့္ေနခ်ီသည္ သက္ျပင္းသံက်ယ္ႀကီးကိုတစ္ခ်က္ခ်လိဳက္ၿပီး_

"အရင္လိုဘဲ ျပန္ျပင္ဆင္ထားလိုက္ ၿပီးေတာ့ စစ္ခ်ီေလးကိုလည္း ဒီကိုခဏလာခဲ့ဖို႔ပါေျပာခဲ့ "

"ဟု..ဟုတ္ကဲ့ပါ သခင္မႀကီး "

စာၾကည့္ခန္းထဲမွာ ေဖေဖေပးထားသည့္ အလုပ္ကိစၥတစ္ခ်ိဳ႕အၿပီးသတ္ေနတုန္း အျပင္မွ ေဒၚဇာႀကီး၏ေခၚသံေၾကာင့္ ခန့္ထား ဝင္ခဲ့ဖို႔ေျပာရသည္။

"အကိုေလး "

"ေျပာေလ ေဒၚဇာႀကီး "

"သခင္မႀကီးက ခဏလာခဲ့ဖို႔ ေျပာလို႔ပါ "

"ကြၽန္ေတာ့္ကိုလား "

"ဟုတ္ကဲ့ "

ေဒၚဇာႀကီးပုံက ေၾကာက္လန့္ေန၏။ေသခ်ာတယ္ ေမေမစိတ္ဆိုးေနတယ္ဆိုတာ။

ခန့္ထား ခ်က္ခ်င္းဘဲ ဧည့္ခန္းထဲက ေမေမ့ဆီသို႔သြားခဲ့သည္။ထို႔ေနာက္ ေမေမ့ေရွ႕မွာ ဝင္ထိုင္လိုက္ၿပီး...

"ေျပာစရာရွိလို႔ဆို ေမေမ "

"ဟုတ္တယ္သားေလး....ဒီေန႕ ဟိုအေကာင္အိမ္လာလိမ့္မယ္ "

"ဟင္...ဒါဆို ဒီေန႕က_"

"ဟုတ္တယ္ ဟိုေကာင္မရဲ႕ႏွစ္ပတ္လည္ေန႕ "

ခက္ထန္သြားသည့္ ေမေမ့ေလသံေၾကာင့္ ခန့္ထားလည္း ၿငိမ္သက္ေနလိုက္၏။

"ေမေမမွာခ်င္တာက အဲ့အကၡယွဥ္ဆိုတဲ့ေကာင္နဲ႕ အေရာလုံးဝမဝင္နဲ႕သိလား၊အဲ့ေကာင္က အကုသိုလ္ေကာင္ သူက ေမေမတို႔မိသားစုကိုဘယ္ေလာက္ထိ ဒုကၡေပးတဲ့သူဆိုတာ သားသိထားတယ္မလား "

"ဟုတ္ကဲ့ေမေမ သားအခုထိ မွတ္ထားပါတယ္ "

"ေမေမမွာခ်င္တာအဲ့တာဘဲ ခဏေနသူေရာက္လာရင္ သူနဲ႕ခပ္တန္းတန္းဘဲေနပါ "

"ဟုတ္ "

ဒီစကားကို ေမေမမွာခဲ့တာ ခန့္ထား ဒီအိမ္ႀကီးအေပၚ စေရာက္လာကတည္းကပင္ျဖစ္သည္။ေမေမဘာလို႔ အကၡယွဥ္အေပၚ သိပ္မုန္းေနမွန္း ခန့္ထားသိပါ၏။ခန့္ထားလည္း သူ႕ကိုမုန္းသည္။

ဒါက ႏွိုင္းအကၡယွဥ္အေပၚထားတဲ့ ခန့္ထားတို႔၏ စိတ္မလုံလဲ့မူ႕ေၾကာင့္ ျဖစ္ေပၚလာသည့္ အမုန္းမ်ားျဖစ္ပါေပလိမ့္မည္။

ေလာေလာလတ္လတ္မွ ဆိုင္ကယ္ေရာင္းထားတာေၾကာင့္ ႏွိုင္း ဆိုင္ကယ္အသစ္တစ္စီးထပ္မဝယ္နိုင္ေသးပါ။အေမ့ရဲ႕ႏွစ္ပတ္လည္က်င္းပရာဆီကိုေရာက္ဖို႔ ႏွိုင္းတကၠဆီငွားစီးလာခဲ့ရသည္။

ခမ္းနားၿပီး ႀကီးက်ယ္သည့္ အိမ္ေရွ႕တစ္ခုသို႔ ေရာက္လွ်င္ ႏွိုင္း အိမ္ထဲသို႔ခ်က္ခ်င္းမဝင္ေသးဘဲ ထိုေနရာမွာဘဲ အိမ္၏အေျခအေနကို တခဏမွ် သုံးသပ္ေနခဲ့၏။

ဒီအိမ္အရိပ္ကို ႏွိုင္းျဖစ္နိုင္လွ်င္ တစ္သက္လုံး ထပ္မႏွင္းခ်င္။ဒီအိမ္နဲ႕ပတ္သတ္ၿပီး ႏွိုင္းအတြက္ေကာင္းတဲ့အမွတ္တရဆိုတာ မရွိ။အတိတ္အေၾကာင္း ျပန္ေတြးမိတိုင္း လက္သီးကိုက်စ္ေနေအာင္ဆုပ္ထားမိသည္အထိ ေဒါသထြက္ရသည့္ ႏွိုင္းတစ္ေယာက္ စိတ္ကို ေလ်ာ့လိုက္ၿပီး အိမ္ထဲသို႔ေျခလွမ္းလွမ္းလိုက္ပါေတာ့၏။

ၿခံက်ယ္ႀကီးကိုျဖတ္ၿပီးၿပီးခ်င္း အိမ္ထဲသို႔အေရာက္တြင္ အခုမွ အခမ္းအနားျပင္ဆင္ေနတာကို ျမင္ရေတာ့ ႏွိုင္း ခ်က္ခ်င္းဘဲမ်က္ေမွာင္က်ဳံမိသည္။

ဘာလား...သူတို႔က ေမေမ့ရဲ႕ပြဲကိုအခုမွထၿပီးျပင္ဆင္ေနရေအာင္ ေမ့ထားခဲ့တာလား။

"အကိုငယ္ ေရာက္လာေနၿပီဘဲ၊ပြဲကေတာ့ အခုမွ ျပင္ဆင္ေနတုန္း....ဟို....အကိုငယ္ ထမင္းအရင္စားႏွင့္လိုက္ေလေနာ္၊ထမင္းစားခန္းထဲမွာ သခင္မႀကီးနဲ႕အကိုေလးတို႔ေစာင့္ေနၾကတယ္ "

ေဒါသေတြတလိပ္လိပ္နဲ႕ထြက္ေနေပမဲ့ ႏွိုင္းထပ္ထိန္းထားခဲ့လိုက္သည္။

"ဟုတ္ကဲ့ပါ ေဒၚဇာႀကီး "

"ဒီႏွစ္ေတာ့ ဦးေဆာမပါဘူးေပါ့ "

"ဟုတ္တယ္ ဦးေဆာက က်န္းမာေရးမေကာင္းဘူးေလ "

ဒီအိမ္မွာ ႏွိုင္းကိုေဖာ္ေ႐ြသူဆိုလွ်င္ ေဒၚဇာႀကီးတစ္ေယာက္သာရွိ၏။ဒါလည္း အရင္က ႏွိုင္းႏွင့္အတူရွိေနခဲ့ရသည့္ သံေယာဇဥ္ေၾကာင့္ထင္ပါသည္။

ထမင္းစားခန္းထဲသို႔ဝင္လွ်င္ ႏွိုင္း တစ္ေယာက္ မျမင္ခ်င္ဆုံးျဖစ္သည့္ ေဒါဝင့္ေနခ်ီႏွင့္ သူမ၏သားျဖစ္သူ ခန့္ထားစစ္ခ်ီဆိုသူႏွင့္ မ်က္ႏွာခ်င္းဆိုင္ရပါေတာ့သည္။

"လာၿပီေပါ့ "

ေဒၚဝင့္ေနခ်ီက ႏွိုင္းကိုေမာ့ေတာင္မၾကည့္ဘဲ ဝတ္ေက်တန္းေက်အရသာ ႀကိဳဆိုသည္။ႏွိုင္းလည္း ဟက္ခနဲတစ္ခ်က္ရယ္ၿပီး လြတ္ေနသည့္ ထိုင္ခုံတစ္ခုသို႔ဝင္ထိုင္ရင္း_

"ခင္ဗ်ားတို႔ ေတာ္ေတာ္တရားလြန္တာဘဲ၊တစ္ႏွစ္ၿပီးတစ္ႏွစ္ ေမေမ့ရဲ႕ႏွစ္ပတ္လည္ကို ေမ့ေမ့ထားၾကတာ "

"အခ်ိန္ခဏေလးဘဲ လႊတ္သြားခဲ့တာပါ၊ဘာဘဲေျပာေျပာ ငါတို႔ လုပ္ေပးတာဘဲမလား...မလုပ္ေပးဘဲ ပစ္မထားခဲ့တာကိုဘဲေက်းဇူးတင္ "

"အဟားဟား....စကားႀကီးစကားက်ယ္ေတြပါလား၊ေျပာစမ္းပါအုံး ဒါေတာင္ ခင္ဗ်ားတို႔ ကြၽန္ေတာ္ဆီက လိုခ်င္တပ္မက္မူ႕ေၾကာင့္ အခုလိုလိုက္ေလ်ာေပးေနတာမလား "

"ႏွိုင္းအကၡ!!! "

"ညီေလးေတာ္ေတာ့ ေမေမ...."

ခန့္ထားဝင္တားခါမွ ႏွိုင္းႏွင့္ပြဲၾကမ္းခ်င္ေနသည့္ ေဒၚဝင့္ေနခ်ီက စိတ္ေလ်ာ့၏။ေဒါဝင့္ေနခ်ီက စိတ္ေလ်ာ့ေပမဲ့ ႏွိုင္းကေတာ့ စိတ္မေလ်ာ့နိုင္...

"ခင္ဗ်ားေျပာတိုင္း ကြၽန္ေတာ္ကဘာလို႔ရပ္ေပးရမွာလဲ၊ခင္ဗ်ားအဆင့္နဲ႕ ကြၽန္ေတာ့္အေပၚ အမိန့္သံလာမေပးနဲ႕ "

"ေအ...စစ္ခ်ီကမင္းကိုအမိန့္မေပးနိုင္ေပမဲ့ ငါကေပးတယ္၊ႏွိုင္း...မင္း ေတာ္ေတာ့ "

ထိုအခါ ထမင္းစားဝိုင္းထဲသို႔ ဝင္လာသည့္ ဦးသုတယွဥ္။

ဟုတ္ပါသည္ ထိုလူႀကီးက ႏွိုင္း၏အေဖရင္းပင္ျဖစ္၏။

ဦးသုတက ထမင္းစားဝိုင္း၏ထိပ္ဆုံးခုံသို႔ဝင္ထိုင္လိုက္ၿပီး ေဒါသျဖစ္ေနသည့္ ႏွိုင္းကို ပိုျပင္းသည့္ေဒါသႏွင့္ထပ္ၾကည့္ေနခဲ့သည္။

ဖခင္ျဖစ္သူေၾကာင့္ ႏွိုင္းေဒါသထိန္းခဲ့ေပမဲ့ ဝတ္စုံျပည့္ႏွင့္ျဖစ္ေနသည့္ ဖခင္ျဖစ္သူကိုျမင္ရေတာ့ ႏွိုင္း မ်က္ခုံးမ်ားက်ဳံမိ၏။

"မဟုတ္မွ...ခင္ဗ်ားလည္း ေမေမ့ရဲ႕ႏွစ္ပတ္လည္ေန႕ကိုေမ့ေနတာေတာ့မဟုတ္ဘူးမလား "

"အဟမ္း...စားစရာရွိတာစား "

စကားလမ္းေၾကာင္းလႊဲခဲ့သည့္ ဖခင္ျဖစ္သူေၾကာင့္ ႏွိုင္း ဟက္ခနဲတစ္ခ်က္သာရယ္နိုင္ပါေတာ့သည္။

"ေတာ္ေသးတာေပါ့ဗ်ာ အလုပ္ကေန မလာဘဲနဲ႕ေတာ့မေနလို႔ "

ႏွိုင္းသည္ ေဒၚဝင့္ေနခ်ီဘက္ကို႐ူ႐ူတည္တည္တစ္ခ်က္ၾကည့္လိုက္၏။ဖခင္ျပန္ေရာက္လာတာကိုျမင္ေတာ့ ခဏကသူမဟုတ္သလို ၿငိမ္ခ်က္သားေကာင္းေနသည့္ေဒါဝင့္ေနခ်ီ၏ပုံကို ၾကည့္ၿပီး ႏွိုင္းမခ်ီးက်ဴးဘဲမေနနိုင္ ျဖစ္ရသည္။

"အင္း...ခင္ဗ်ားမိန္းမႀကီးေသတဲ့အခ်ိန္ၾကရင္လည္း အခုလိုဘဲ လာနိုင္ပါေစေပါ့ဗ်ာ"

ႏွိုင္းရဲ႕စကားေၾကာင့္ ေဒါသထြက္သြားသည့္ ေဒါဝင့္ေနျခည္က ခ်က္ခ်င္းဘဲျပန္တုံ႕ျပန္ခ်င္ေပမဲ့ ဦးသုတေရွ႕မွာမို႔ စိတ္ကိုေလ်ာ့လိုက္ၿပီး သူမအေပၚ စကားၾကမ္းေျပာသည့္ ႏွိုင္းေၾကာင့္ စိတ္ထိခိုက္သြားသလို ၿငိမ္သက္ေနပါေတာ့၏။

"ႏွိုင္း...မင္း...မင္းအေမအေပၚ ဘယ္လိုရိုင္းရတာလဲ "

"ဟက္*အေမ....ဟုတ္လား၊ကြၽန္ေတာ့္မွာ အမာရာႏွိုင္းဆိုတဲ့ အေမတစ္ေယာက္ဘဲရွိတယ္ က်န္တဲ့သူကေတာ့ ကြၽန္ေတာ္တို႔ရဲ႕ စည္းစိမ္ဂုတ္ေသြးကိုစုတ္ခ်င္ေနတဲ့ ကပ္ပါးမႀကီးဘဲ "

ႏွိုင္းရဲ႕စကားအဆုံး သည့္မခံနိုင္ေတာ့သည့္ ဦးသုတက ႏွိုင္းရဲ႕ပါးကို ခပ္ျပင္းျပင္းဘဲ တစ္ခ်က္ေလာက္ ထိုးရိုက္ခဲ့ပါသည္။

"မိုက္ရိုင္းလိုက္တဲ့ေကာင္ "

"ကြၽန္ေတာ္မိုက္ရိုင္းေနတာ ဟိုး...အရင္ကတည္းကေလ ေဖေဖရဲ႕ "

႐ြဲ႕ကာတုံ႕ျပန္ခဲ့သည္ ႏွိုင္းစကားတစ္ခြန္းကဦးသုတကိုပိုၿပီးေဒါသထြက္ေစသည္။

"မင္း..."

"ေဖေဖ "

ႏွိုင္းအား ထပ္ထိုးဖို႔လုပ္ေနသည့္ဖခင္ျဖစ္သူကို ခန့္ထားဝင္ဆြဲထားရ၏။

ႏႈတ္ခမ္းမွာ ဒဏ္ရာေၾကာင့္ ေသြးထြက္ေနၿပီျဖစ္သည့္ ႏွိုင္းတစ္ေယာက္ ႏႈတ္ခမ္းတစ္ျခမ္းေကြးၿပဳံးလ်က္_

"ခင္ဗ်ားတို႔မွတ္ထားပါ....ကြၽန္ေတာ္က ခင္ဗ်ားတို႔ စိတ္အႏွောင့္အယွက္ျဖစ္ေအာင္ အၿမဲတမ္းလိုက္ၿပီးဒုကၡေပးေနမွာ၊ကြၽန္ေတာ္က ခင္ဗ်ားတို႔ကိုယ္တိုင္နာမည္တပ္ေပးထားတဲ့ မိုက္ရိုင္းတဲ့ေကာင္ဆိုေတာ့..."

ပုခုံးႏွစ္ဖက္ကိုတြန့္ျပၿပီး မဲ့ၿပဳံးၿပဳံးေနလ်က္ရွိသည့္ အကၡကိုၾကည့္ၿပီး ဦးသုတတစ္ေယာက္ စိတ္ကိုမတရားဆြဲဆန့္ထားရသည္။

"ႏွိုင္းအကၡယွဥ္...ငါတို႔က မင္းအေမရဲ႕ႏွစ္ပတ္လည္မို႔ စိတ္ေလ်ာ့ထားတာသိလား၊မင္းအခုလိုဘဲ ငါတို႔ေဒါသကိုထပ္ၿပီး ဆြေနအုံးမယ္ဆို ငါ့အိမ္ကေန အခုခ်က္ခ်င္း ထြက္သြားလိုက္ေတာ့ "

"ဟားဟား...ငါ့အိမ္တဲ့၊အင္းပါ ခင္ဗ်ားလည္းတစ္ဝက္ပိုင္တာဆိုေတာ့ ေျပာထားအုံးေပါ့ "

ႏွိုင္း ထမင္းစားခန္းထဲမွ ထြက္လာခဲ့ၿပီး အခမ္းအနားျပင္ဆင္ထားသည့္ အေမ့ရဲ႕ဓာတ္ပုံေရွ႕သို႔သြားကာ...

"ေတာင္းပန္ပါတယ္အေမ၊ဒီေန႕ေတာ့ ႏွိုင္း အေမ့ကိုေသခ်ာမႏူတ္ဆက္နိုင္ေတာ့ဘူး...စိတ္ခ်ပါ ဒီအိမ္ႀကီးကို ႏွိုင္းလက္ထဲျပန္ေရာက္ေအာင္ ႀကိဳးစားပါ့မယ္၊ၿပီးေတာ့ အေမ့ဘဝကိုဖ်က္စီးခဲ့တဲ့ ဟိုဘြားေတာ္မိသားစုကိုလည္း ႏွိုင္းလက္နဲ႕ကိုယ္တိုင္ ဖ်က္စီးေပးပါ့မယ္ "

ဓာတ္ပုံထဲမွာ ၿပဳံးရယ္လ်က္ရွိေနသည့္ ႏွိုင္းရဲ႕အေမက သိပ္ကိုလွပလြန္းပါ၏။ႏွိုင္း အေမ့ေဘးမွာ ႏွင္းဆီပန္းတစ္ခ်ိဳ႕ကိုထားေပးၿပီးသည္ႏွင့္ ထိုအိမ္ႀကီးမွ ထြက္လာခဲ့လိုက္ပါေတာ့သည္။

အိမ္ႀကီးကိုေက်ာခိုင္းၿပီး ထြက္လာေနတုန္း အေနာက္မွ ေျပးလိုက္လာသည့္ ခန့္ထားစစ္ခ်ီ။

"အကၡ...အကၡ "

ႏွိုင္းရဲ႕နာမည္ကို အဆက္မျပတ္ေခၚေနခဲ့တာေၾကာင့္ ႏွိုင္းမွာ စိတ္႐ူပ္စြာႏွင့္..

"ဘာလဲ ခင္ဗ်ား "

"မင္း အေမနဲ႕အေဖကိုျပန္ေတာင္းပန္သင့္တယ္ "

"ကြၽန္ေတာ့္ကို အခုလိုလိုက္လိုက္ေျပာရေအာင္ ခင္ဗ်ားကိုယ္ခင္ဗ်ား ဘာထင္ေနတာလဲ "

"ငါကမင္းကိုအစ္ကိုတစ္ေယာက္အေနနဲ႕_"

"အဟက္*အစ္ကို...ေၾသာ္....ဟုတ္ပါၿပီ အစ္ကိုႀကီးရဲ႕ ခင္ဗ်ားက ပါးစပ္ကေနသာ ကြၽန္ေတာ့္အတြက္ကြၽန္ေတာ့္အတြက္ဆိုေပမဲ့ တကယ္တန္းၾကေတာ့ အေဖ့ဆီက အမွတ္ေတြလိုခ်င္ေနလို႔မလား "

"ဘာေျပာတာလဲ "

"ဟန္ေဆာင္မေနပါနဲ႕ ခင္ဗ်ားနဲ႕ခင္ဗ်ားရဲ႕ဘြားေတာ္ႀကီးက သိပ္တူတာဘဲသိလား၊အင္း...ခင္ဗ်ားကို ႀကဳံတုန္းေလး သတင္းေကာင္းတစ္ခုေျပာျပရအုံးမွာေပါ့။ခင္ဗ်ား သိပ္လိုခ်င္ေနပါတယ္ဆိုတဲ့ အဲ့ကုမၸဏီအစုတ္ႀကီးကို ကြၽန္ေတာ္ဘက္က နည္းနည္းေလးမွ မမက္ေမာဘူး...အဲ့ေတာ့ ခင္ဗ်ား စိတ္ေအးလိုက္ေတာ့ "

ႏွိုင္းရဲ႕စကားအေပၚ ခန့္ထား ဘာမွထပ္ၿပီးမတုံ႕ျပန္နိုင္ခဲ့။သူေျပာတာေတြက အမွန္တရားေတြျဖစ္ေနတာေၾကာင့္ ခန့္ထား ျပန္တုံ႕ျပန္ဖို႔စကားမရွိေတာ့တာျဖစ္ပါလိမ့္မည္။

ခန့္ထားရဲ႕ၿငိမ္သက္မူ႕ကိုၾကည့္ၿပီး အကၡက ဟားတိုက္၏။

"ဒါေပမဲ့ ခင္ဗ်ားတစ္ခုေတာ့မွတ္ထား၊ခင္ဗ်ားအေပၚ ကြၽန္ေတာ္အခုလိုလိုက္ေလ်ာေပးခဲ့တဲ့ အဖိုးအခအေနနဲ႕ ခင္ဗ်ားသိပ္တန္ဖိုးထားပါတယ္ဆိုတဲ့အရာတစ္ခုကိုေတာ့ ကြၽန္ေတာ္ျပန္ယူရလိမ့္မယ္ "

အကၡ ဘာအဓိပ္ပါယ်နှင့်ပြောသွားသည်ကို ခန့္ထားနားမလည္။

ခန့္ထားဆီမွာ အကၡလိုခ်င္ေလာက္တဲ့အရာ ဘာမွမရွိ။အကၡဆီမွာသာ ခန့္ထားလိုခ်င္တဲ့အရာေတြက တပုံတပင္ႀကီးထိရွိသည္။ဒါေတြကိုလည္း ငယ္စဥ္ကတည္းက ခန့္ထား အကၡဆီမွာ လုယူထားၿပီးသားပင္ျဖစ္၏။စကားလွေလးႏွင့္ေျပာရလွ်င္ ယွဥ္ၿပိဳင္ၿပီး အနိုင္ရယူထားျခင္းျဖစ္သည္။

ဒါေပမဲ့ အခု အကၡကအခုလိုေျပာလာေတာ့ ခန့္ထား စိတ္ထဲနည္းနည္းေတာ့ခုရပါသည္။ခန့္ထားဘဝမွာ ခန့္ထားတန္ဖိုးထားရတဲ့အရာဆိုလို႔ ခန့္ထားဘက္မွာရပ္တည္ေပးသည့္ ခန့္ထားခ်စ္ရသည့္သူေတြသာရွိသည္။အတိအက်ေျပာျပရလွ်င္ ေမေမႏွင့္မိုး ႏွစ္ေယာက္တည္းသာရွိ၏။

ဒါကို အကၡက ဘယ္သူ႕ကိုသူဆီကေနယူသြားမယ္ၿခိမ္းေျခာက္ေနတာလဲ။ေမေမ့ကိုအကၡမယွဥ္နိုင္ပါဘူး၊မိုး လို႔ဆိုရေအာင္လည္း အကၡကမိုးအေၾကာင္းတစ္ခုမွသိဖူးတာမဟုတ္ဘူး ၿပီးေတာ့ ခန့္ထားနဲ႕မိုးကအခုမပတ္သတ္ေတာ့တဲ့အေျခအေနဆိုေတာ့ ပိုဆိုးေပါ့။

စဥ္းစားၾကည့္လွ်င္ ခန့္ထားအတြက္ အဓိပ္ပါယ်မရှိတဲ့စကားမို့ အေရးတယူလုပ္မေနေတာ့ပါ။

ေက်ာခိုင္းၿပီးထြက္သြားၿပီျဖစ္သည့္ အကၡကိုၾကည့္ၿပီး ခန့္ထား ေလပူတစ္ခ်က္မူတ္ထုတ္လိုက္ပါသည္။ထို႔ေနာက္အိမ္ထဲသို႔ ျပန္ဝင္လာခဲ့ၿပီး ဧည့္ခန္းထဲမွာ စိတ္ပ်က္စြာထိုင္ေနသည့္ အေဖႏွင့္ ဝမ္းနည္းရိပ္သန္းေနသည့္ အေမတို႔ေရွ႕ဝင္ထိုင္လိုက္ၿပီး_

"အကၡနဲ႕ပတ္သတ္ၿပီး ကြၽန္ေတာ္အစ္ကိုႀကီးတစ္ေယာက္လိုမဆုံးမနိုင္ခဲ့လို႔ ေတာင္းပန္ပါတယ္ အေဖ "

"ဘာကိုေတာင္းပန္တာလဲ၊အဲ့ေကာင္နဲ႕ပတ္သတ္ၿပိး သားဘက္ကဘာမွေတာင္းပန္စရာမလိုဘူး...အဲ့အေကာင္ကိုက ဘယ္သူနဲ႕တူမွန္းမသိမိုက္ရိုင္းေနတာ "

"အကိုႀကီးရယ္ သားငယ္ေလးက ငယ္ေသးေတာ့ ေသခ်ာေလးဆုံးမရင္လိမၼာလာမွာပါ "

"ဘာကို လိမၼာလာမွာလဲ၊ကိုယ့္အေမနဲ႕ကိုယ့္အစ္ကိုအေပၚမွာေတာင္ ရိုင္းေနတာ မင္းတို႔မေျပာနဲ႕ ငါအေဖအရင္းေပၚမွာေတာင္ အဲ့ေကာင္မွာ ေလးစားမူ႕ဆိုတာမရွိဘူး "

အေဖက ေဒါသေၾကာင့္မ်က္ႏွာတစ္ခုလုံးေပါက္ကြဲမတတ္နီရဲေနခဲ့သည္။ဒါကေတာ့ အကၡျပန္လာတိုင္း ေဖေဖခံစားေနရသည့္ ေဝဒနာတစ္ခုပင္။

"ေနာက္ႏွစ္ကစၿပီး ဒီအိမ္မွာ အမာရာရဲ႕ႏွစ္ပတ္လည္ဆိုတာ မရွိေတာ့ဘူးဘဲ အားလုံးမွတ္ထားၾက၊ငါတို႔အေပၚရိုင္းရာၾကေနတဲ့ေကာင္ကို ငါတို႔ကဘာျပန္ေကာင္းေပးရမွာလဲ "

ေဖေဖ၏ႀကိမ္းဝါးသံေၾကာင့္ အိမ္မွာရွိသည့္လူတိုင္း တိတ္ဆိတ္ကုန္ၾကသည္။

ဒီမွာရွိေနၾကေသးသည့္အိမ္ေစတိုင္းနီးပါးသည္ တစ္ခ်ိန္က အမာရာႏွိုင္းဆိုသည့္ အကၡယွဥ္၏မိခင္အား အလုပ္အေကြၽးျပဳဖူးသူတိုင္းျဖစ္တာေၾကာင့္ ယခု ဦးသုတ၏ ေၾကညာခ်က္အေပၚ လက္မခံခ်င္ၾကသူမ်ားပင္ျဖစ္သည္။ဒါေပမဲ့ သခင္ႀကီး၏အမိန့္ကိုဘယ္သူမွမလြန္ဆန္ရဲတာေၾကာင့္ အကုန္လုံးေခါင္းညိတ္နာခံရန္သာ တတ္နိုင္ခဲ့ၾက၏။

ေဒၚဝင့္ေနခ်ီကေတာ့ စိတ္ထဲမွႀကိတ္ၿပီးေက်နပ္ေနရွာသည္။သူမဘဝထဲ ဒီေကာင္မကိုထုတ္ပစ္ခ်င္တာၾကာလွေနၿပီျဖစ္၏။

ခန့္ထားကေတာ့ ေဖေဖရဲ႕ေၾကညာခ်က္ကို နားေထာင္ၿပီး ေဒၚအမာရာ၏ဓာတ္ပုံကိုလွမ္းၾကည့္မိသည္။

တစ္ခ်ိန္က အရမ္းကိုလွပၿပီး ခန့္ထားနဲ႕ေမေမတို႔ႏွစ္ေယာက္လုံး တိတ္တိတ္ေလးႏွင့္အားက်ခဲ့ရသည့္သူသည္ အခုေတာ့ ဓာတ္ပုံေလးထဲမွာ ၿငိမ္သက္လို႔ေနၿပီျဖစ္၏။

ကြၽန္ေတာ္တို႔ကိုအျပစ္မတင္ပါနဲ႕ ေဒၚအမာရာ။ဒီကိစၥက ျဖစ္ကိုျဖစ္လာရမဲ့အရာတစ္ခုမို႔ ခင္ဗ်ားလက္ခံလိုက္ပါ။

စိတ္ထဲမွာ ခံစားရမိခဲ့တဲ့ေက်နပ္ေပ်ာ္႐ႊင္မူ႕ေလးတစ္ခုက ခန့္ထား၏ျဖဴစင္ေသာ မ်က္ႏွာဖုံးကို ျဖည္းျဖည္းျခင္းကြဲအက္ေစမွန္း ခန့္ထားကိုယ္တိုင္ သတိမထားမိခဲ့ပါ။

ဒါက ခန့္ထားအတြက္ျပည့္ဝတဲ့ေပ်ာ္႐ႊင္မူ႕မဟုတ္ေသး။ခန့္ထားရဲ႕ေရွ႕မွာ ႏွိုင္းအကၡယွဥ္ဆိုတဲ့လူတစ္ေယာက္ ကန့္လန့္တိုက္ေနေသးသည္။သူမရွိမွ ခန့္ထားအတြက္ ပျော်ရွှင်မူ့ဆိုသည့်အဓိပ္ပါယ်ကိုအျပည့္အဝခံစားရလိမ့္မည္ပင္ျဖစ္သည္။

Continue Reading

You'll Also Like

3.9K 223 39
ဘုန်းထက်ကံသာ // နေသူရိန် ခါးသီးသော မျက်ဝန်းတစ်စုံကို အရိုးထဲနစ်အောင် ချစ်သည်။ ခါးသီးေသာ မၾက်ဝန်းတဈစုံကို အ႐ိုးထဲနဈေအာင် ခ်စ္သည္။
980 54 6
ဆုံတွေ့မှုတိုင်းမှာ ကံအ​ေကြာင်းကြောင့်လို့ကျွန်တော်သတ်မှတ်သည်။ 6.4.23 to
576 56 10
ကျွန်တော်နဲ့ ပတ်သက်ရာ....
11.3K 311 25
‌" မောင်ငါ့ကိုမုန်းလား " " မမုန်းဘူး " " အာ့ဆို ချစ်လား " " မချစ်ဘူး "