အပိုင်း(၁၇)
တီ!တီ!
"သားရေ အိမ်ရှေ့မှာ ကောင်လေးတစ်ယောက်
စောင့်နေတယ် သားသူငယ်ချင်းလို့ပြောတယ်
ခနအပြင်ထွက်လာအုန်း"
*သူငယ်ချင်းကစောင့်နေရအောင် ငါ့မှာသူငယ်ချင်းမှမရှိတာ..ဘယ်ကသူငယ်ချင်းက စောင့်နေရတာလဲ* တစ်ယောက်တည်း ရေရွတ်ရင်း
ပြတင်းပေါက်က လိုက်ကာစလေးကို
ဖယ်ကြည့်လိုက်တော့ အကိုဖြစ်နေတယ်။အခန်းထဲက ထွက်ကာ ခြံရှေ့ကို ချက်ချင်းပြေးထွက်သွားပြီး ခြံတံခါးကိုဖွင့်လိုက်တော့သည်။ပြေးလိုက်တာကြောင့် မောလွန်းလို့ အသက်ကိုတောင်
မှန်မှန်လေးရူနေရတယ်။အဲ့အချိန်မှာ
ရုတ်တရက် နှုတ်ခမ်းပေါ်သို့ကျရောက်လာတဲ့
အကို့ရဲ့နှုတ်ခမ်းကြောင့် လန့်သွားကာ
တွန်းဖယ်မိတော့သည်။
"ဘာလို့တွန်းဖယ်နေတာတုန်း ကလေးငယ်"
"ဗျာ..ကလေးငယ်"
သွားပြီ..ယောင်ပြီး နာမည်ကိုခေါ်လိုက်မိပြီ။ကလေးငယ်ဘာမှထပ်မပြောခင်
မြန်မြန်စကားလမ်းကြောင်းကို
လွဲလိုက်မှရတော့မယ်။
"ညီ့ကိုခေါ်မယ့်Nicknameလေးလေ ဘယ်လိုလဲသဘောကျရဲ့လား"
"ဟင်ဘာလို့သဘောကျရမှာလဲ
ခင်ဗျားနဲ့ကျွန်တော်က ရည်းစားတွေမှ
မဟုတ်တာ"
"ဟောဗျာ..ညီကပဲ အကို့ကိုလာကြောင်တာလေ အကိုကလဲသဘောတူလို့ ညီကိုပြန်နမ်းတာလေ ပြီးတော့နမ်းဖို့ကိုလဲညီပဲအရင်ပြောတာနော် ပြန်စဉ်းစား..မနေ့ကအထိ အကိုလို့ခေါ်ပြီး အခုကျမှ ခင်ဗျားတဲ့"
စကားတွေဆက်တိုက်ပြောနေတဲ့
ထက်အာကာရှိုင်းအား စိတ်မရှည်တော့ဘဲ
"ထားတော့ထားတော့ အခုဘာလာလုပ်တာလဲ"
"ညီ့အိမ်ကိုအလည်လာတာလေ အထဲခေါ်အုန်းလေ အပြင်မှာပဲနေခိုင်းတော့မှာလား"
"ဟုတ်တယ် အပြင်မှာပဲနေ"
စပ်စပ်ထိမခံပြန်ပြောနေတဲ့ကလေးငယ်ကိူ
ကြည့်ရင်း ရယ်လိုက်မိတယ်။
"သွား အထဲဝင်ပြီးအကျီလဲလိုက်အုန်း
ရုပ်ရှင်သွားကြည့်မယ်"
အမယ် ရုပ်ရှင်သွားကြည့်မယ်တဲ့။
အရွဲ့တိုက်အုန်းမယ်ကြည့်နေ။
"မလဲတော့ဘူး ဒီတိုင်းသွားမယ်"
အကိုက ကျွန်တော့်ကိုပြောလို့မနိုင်တော့ဘူး
ထင်ပါရဲ့။ ကျွန်တော့်ကို ဘာမှမပြောတော့ဘဲ
ဆိုင်ကယ်ဦးထုပ်သာပေးတယ်။ အကို
ဦးထုပ်ကိုဆောင်းကာ ဆိုင်ကယ်
ပေါ်တက်ထိုင်လိုက်သည်။ရုတ်တရက်
ကျွန်တော့်လက်ကိုဆွဲကာ အကို့ခါးကိုကိုင်ခိုင်းသည်။
"ခါးကိုဖက်ထား မဟုတ်ရင် ပြုတ်ကျပြီးကျန်ခဲ့
လိမ့်မယ်"
ဒုန်း!ဒုန်း!
သတိရပြီး ပြန်နိုးလာတဲ့တစ်လျှောက် ပထမဆုံး ရင်ခုန်မိတာပဲ။ပထမဆုံးဆိုပေမယ့် ရင်းနှီးနေတယ်။ ရင်ခုန်သံတင်မကဘူး
"ခါးကိုဖက်ထား မဟုတ်ရင် ပြုတ်ကျပြီးကျန်ခဲ့
လိမ့်မယ်" ဒီစကားကိုလဲ ကြားဖူးနေသလိုပဲ။ တွေးလိုက်ရင် ခေါင်းကကိုက်နေတာမလို့ အကို့ရဲ့ခါးကိုသာတင်းတင်းဖက်ထားပြီး အကို့ကျောကုန်းပေါ်မှာ ခေါင်းမှီထားလိုက်တော့တယ်။
"ကလေးငယ်.."
ဒီအခေါ်အဝေါ်ကိုထပ်ပြီး ကြားနာရပြန်ပြီ။
"ကလေးငယ်..ကလေးလေး ထတော့ ကိုယ့်ညောင်းနေပြီ..ကလေးလေးထတော့လို့ ကိုယ့်ကျောကုန်းမှာ ကလေးလေးရဲ့ သရေတွေရွဲနေပြီ"
"တစ်ခါနိူးရင်ရတယ် ခနခနခေါ်မနေနဲ့
ဒါနဲ့အခုကဘယ်ရောက်နေတာလဲ
ပြောတော့ရုပ်ရှင်ရုံဆို "
အိပ်ယာကနိုး"ချင်းစိတ်မကြည်တဲ့မျက်နှာနှင့်
နှုတ်ခမ်းလေးဆူနေသော ကလေးငယ်ကိုအသဲယားလို့ ပါးလေးကိုဆွဲလိုက်တော့ မျက်စောင့်ထိုးပြန်ရော..
"ကလေးလေးအိပ်နေလို့ရုပ်ရှင်အချိန်က ကျော်သွားပြီလေ အဲ့တာကြောင့် ကလေးလေးအတွက်
အကျီဝယ်ပေးမလို့ လာ.."
သူ့ဘာသာတစ်ယောက်တည်းပြောချင်တာပြောပြီး ကျွန်တော့်လက်ကိုဆွဲကာ shopping mallထဲဝင် သွားတယ်။
အကျီဆိုင်တစ်ဆိုင်ထဲဝင်သွားပြိး
ချက်ချင်းဆိုသလို လက်ညိုးထိုးပြီး.
"ဒီကနေ ဒီအထိအကုန်ထုတ်ပြီးအိမ်ကိုပို့လိုက်"
အကိုပြောလိုက်တဲ့စကားကြောင့်ပုံရိပ်တစ်ခုနဲ့ အသံတွေဟာ ဝေ့ဝါးလာပြီး
(*....*ဒီနေရာလေးက အတိတ်ကိုပြန်မှတ်မိလာတဲ့အပိုင်းလေးပါ)
*ပြီးတော့ ဟိုမှာ ချိတ်ထားတာအကုန်လုံးရောပဲ*
ဝန်ထမ်းတွေကလဲ ဟိုလူပြောသမျှ
အကုန်လိုက်လုပ်ပေးနေသည်။
*ဒါတွေအကုန်လုံးကဘယ်သူ့အတွက်လဲ*
*မင်းအတွက်*
*ဘာ!!!*
ကျွန်တော့်အသံကျယ်သွားလို့နဲ့ တူတယ်။
ဝန်ထမ်းတွေအကုန် ကျွန်တော်တို့ကိုကြည့်နေကြ
တယ်။ ကျွန်တော်လဲ ထိုလူရဲ့
အနားကိုကပ်ကာ တိုးတိုးလေးပြောလိုက်သည်။
*ခင်ဗျားပိုက်ဆံတော်တော်ပေါနေလား*
*ဟုတ်တယ် အပေါဆုံးက ပိုက်ဆံပဲ*
ကျွန်တော်ခေါင်းတွေထိုးကိုက်လာပြီး
အမြင်တွေကလဲဝေဝါးလာတယ်
ခေါင်းကိုအဆက်အပြတ်ထုရိုက်နေတော့
အကိုက ကျွန်တော့်လက်တွေကိုချုပ်ထားတယ်။ ခေါင်းတွေကလဲအရမ်းကိုက်လွန်းလို့ အကို့ရဲ့ပုခုံးပေါ်မှာမှီပြီး ငိုကြွေးလိုက်တော့
သည်။
မျက်ရည်တွေဟာ ပါးပြင်ပေါ်ကနေ အကို့ရဲ့
ရင်ဘတ်ပေါ်သို့စီးကျလို့နေသည်။
အကို့က ကျွန်တော့်ရဲ့ ကျောကုန်းကိုခပ်ဖွဖွလေး ပုတ်ပေးနေရင်းမငိုဖို့ပြောနေတယ်။
မိနစ်အနည်းငယ်ကြာသော်....
"ရော့ ဒီမှာရေခဲမုန့်လေးစားလိုက်အုန်း
ကလေးလေးကြိုက်တဲ့စတော်ဘယ်ရီလေး"
ဘာမှမပြောဘဲ နှုတ်ခမ်းလေးဆူပြီး ရေခဲမုန့်ကိုယူဖို့လုပ်နေတဲ့ကလေးငယ်ရဲ့နှုတ်ခမ်းကိုနမ်းလိုက်သည်။ ချက်ချင်းဆိုသလိုပဲ
လက်သီးစုတ်ပြီးကျုပ်ရဲ့ရင်ဘတ်ကို
ထုချလိုက်တယ်။
"ဘာလို့ထုတာလဲ ကွ"
"ကျွန်တော့်ကိုနမ်းလို့ထုတာလေ ခင်ဗျားကလေ မကောင်းတဲ့ကောင် ကျွန်တော့်ခွင့်ပြုချက်မရဘဲခနခန နမ်းတယ် ခင်ဗျားကြီးကိုစိတ်စိုးတယ်"
ရေခဲမုန့်ကိုစားလိုက် ကျုပ်ကိုတစ်တွတ်တွတ်နဲ့ စကားပြောလိုက်နဲ့ တကယ်သာလိကာလေးကျနေတာပဲ။
နေလဲဝင်နေပြီ..မှောင်တော့မှာမလို့..
ကလေးကိုအိမ်ပြန်ပို့ဖို့ပြင်ရတော့တယ်။
ကလေးငယ်က ကျုပ်ရဲ့ခါးကိုဖက်ထားပြီး
ကျုပ်ကျောပေါ်မှာ မှီရင်း ငြိမ်ငြိမ်လေးလိုက်လာ
တယ်။ ဒီအခြေအနေလေးက လွန်ခဲ့တဲ့ ၃နှစ်လောက်ကအခြေအနေလေးနဲ့တူတော့
လွမ်းမိသွားတယ် ကလေးငယ်။ ခွဲရမှာကြိုသိနေလို့ အိမ်ပြန်လမ်းက တိတ်ဆိတ်လွန်းနေသည်။
ည၈နာရီထိုးပြီမလို့ ကလေးငယ်ရဲ့ အမေက စိတ်ပူပြီး အိမ်ရှေ့ထွက်စောင့်နေတာတွေ့
လိုက်ရတယ်။အိမ်ရှေ့မှာ
ဆိုင်ကယ်ရပ်လိုက်တော့
"သားရယ် အမေတို့ကို ဘယ်သွားမယ်ဆိုတာ မပြောသွားဘူး နေကောင်းသေးတာမဟုတ်ဘဲနဲ့ဘာလို့အပြင်တွေလျှောက် သွားနေတာလဲ
သား အဖေလဲစိတ်ပူနေလှပြီ"
"ဟုတ် အမေ သားနောက်ခါ ပြောသွားပါ့မယ်"
"ဒါနဲ့သားရဲ့သူငယ်ချင်းလည်း အိမ်မပြန်နဲ့တော့ အန်တီတို့အိမ်မှာပဲ ညအိပ်သွားလေ...ညဘက်ကြီး ဆိုင်ကယ်နဲ့ပြန်ရမှာဆိုတော့ စိတ်မချလို့ အန်တီက"
အခွင့်အရေးလေးကို လက်မလွှတ်ချင်ဘူး ကလေးရေ ဒီ အခွင့်အရေးကိုလဲ ကိုယ်ပဲလုပ်ယူထားတာ.
"ဟုတ်ကဲ့ ကျွန်တော် ဒီတစ်ညတော့ အန်တီတို့စီမှာပဲ နေလိုက်ပါမယ်"
"မရပါဘူး"
"ဘာမရတာလဲသားလေး"
သူပြောသလိုမရတော့ ခြေထောက်ကို ဆောင့်ပြီး အိမ်ထဲကိုဝင်သွားတယ်လေ။ ကျုပ်ကတော့ ကလေးငယ်ရဲ့အမူအရာတွေကိုအသည်းယားလို့ ရီပြီး ဖြည်းဖြည်းချင်းအိမ်ထဲဝင်လာ
လိုက်တယ်။
"သခင်လေး ရှိုင်းထက်အာကာ ကျွန်မ
ဘာမှကူညီပေးရမလဲ"
"ရတယ် ဘာမှမလိုဘူး ခင်ဗျားတို့လင်မယား
နှစ်ယောက် အောက်ထပ်မှာပဲနေ အပေါ်တက်မလာနဲ့ ညစာကတော့မစားရသေးဘူး ဒါပေမယ့် မစားတော့ဘူး"
"ဟုတ်ကဲ့ သခင်လေး အဲ့တာဆိုသားလေးရဲ့ အခန်းထဲမှာပဲ အနားယူပါ"
"အင်း"
ကလေးငယ်ရဲ့ မေမေနဲ့ဖေဖေဆိုတာကလည်း
ကျုပ်ဖန်တီးပေးထားတဲ့အတုအယောင်ပေါ့
ကလေးငယ်ရဲ့အခုလက်ရှိဘဝကလည်း
ကျူပ်ဖန်တီးပေးထားတဲ့အတုအယောင်..
ကိုယ်ဖန်တီးပေးထားတဲ့အတုအယောင်တွေမှာပဲ ပျော်အောင်နေပါ ကလေးငယ်။အတိတ်ကို ပြန်ပြီးသတိမရချင်စမ်းပါနဲ့ အတိတ်ကအကြောင်းတွေက အမှတ်ရစရာ တစ်ခုမှမရှိဘူး
ကလေးငယ်အတွက်နာကျင်စရာတွေချည်းပဲ။
ကိုယ့်ရဲ့အချစ်တွေကတော့ အချစ်စစ်ပါ။
"မကောင်းတဲ့ကောင် ဘာလို့ ကျွန်တော့်အခန်းထဲ ဝင်လာပြန်တာလဲ အမေရော..အမေက
ဧည့်သည်အခန်းထဲမှာအိပ်ဖို့မပြောဘူးလား"
သူ့အခန်းထဲ ကျုပ်ဝင်လာလို့တဲ့ ကျုပ်ကို ဍအော်နေပြန်ပြီ။
"ယောက္ခမကြီးက ဧည့်သည်အခန်းကမပြင်ရသေးလို့ ဟောဒီက ကလေးလေးရဲ့အခန်းထဲမှာ
သွားအိပ်ပါတဲ့"
ကုတင်ခြေရင်းနားမှာရှိတဲ့ဆိုဖာကို လက်ညိုးထိုးပြရင်း
"အိပ်ရင် ဒီကုတင်ပေါ်မှာမအိပ်ရဘူးနော် ဟိုက ဆိုဖာပေါ်မှာအိပ်ရမယ်နော်"
"ရက်စက်နိုင်တဲ့သူကတော့ ရက်စက်ပါလေ"
ဆိုကာ ခေါင်းအုံးတစ်လုံးကိုယူပြီး ဆိုဖာပေါ်မှာ အိပ်ဖို့ပြင်လိုက်သည်။
ငါအရမ်းကြီးရက်စက်မိသွားသလား။
ပြန်တွေးကြည့်တော့လဲ အကိုက ကျွန်တော့်ကြောင့်နဲ့အရမ်းပင်ပန်းနေတာ သူ့အလုပ်ကနေ
ဒီအထိဆိုင်ကယ်နဲ့လာခေါ်တယ်
ရုပ်ရှင်ကြည့်မယ်ဆိုပြီး ဆိုင်ကယ်မောင်းရပြန်ရော
အကျီလဲဝယ်ပေး ရေခဲမုန့်လဲ ဝယ်ကျွေးသေး ပြီးတော့ အိမ်ကိုလဲဆိုင်ကယ်နဲ့ပြန်လိုက်ပို့သေးတယ်။ငါ့ကုတင်ကလဲအကြီးကြီး အကိုအိပ်လို့ရပါတယ်။
"အဟမ်း..ဒိမှာ ဒီမှာ ကုတင်ကြီးနေလို့
အကိုအိပ်ရင်အိပ်လို့ရတယ်နော်
ကျွန်တော်တော့အိပ်ပြီ"
"ချစ်ဖိူ့ကောင်းလိုက်တာ လာပါပြီခင်ဗျာ"
ခေါင်းအုံးကိုယူပြီး ကုတင်ပေါ်သို့ပြေးတက်ကာ ကလေးငယ်ရဲ့ခါးကိုဖက်ထားလိူက်တော့သည်။
"ဘာလုပ်တာလဲ မကောင်းတဲ့ကောင် ကျွန်တော့် ခါးကိုမဖက်နဲ့ နာတယ်ဗျ"
မဖက်နဲ့လို့ပြောလေ ပိုပိုပြီးတင်းတင်းကျပ်ကျပ် ဖက်ထားလို့ ဘာမှမပြောတော့ဘဲ ငြိမ်ငြိမ်လေးသာ နေလိုက်တော့သည်။ အကို့ကကျွန်တော့်ကိုဖက်ပြီးအိပ်နေတော့ ရင်ခုန်သံတွေကထိန်းမရ။ ပါးစပ်ကသာ မဖက်နဲ့လို့ပြောနေတာ တကယ်တော့ အကို့ရဲ့အထိအတွေ့လေးကိုသဘောကျနေတာ။ဒီညကတော့ အပျော်လွန်ပြီး အိပ်ပျော်မယ်မထင်။
အပျော်လွန်နေတဲ့ကောင်လေးတစ်ယောက်နှင့် ထိုကောင်လေးကိုစိတ်ပူလွန်းနေတဲ့
ကောင်လေးတစ်ယောက်တို့ အခုတော့ အတူရှိလို့နေပြီ။
ဇာတ်သိမ်းပိုင်းဆက်ရန်.....
2.3.2024
La Yaung Nge
အပိုင်းသစ်လေးupဖို့ ၃လလောက်ကြာသွားတဲ့အတွက် တကယ်အားနာပါတယ်။စာဖတ်သူတို့ကို အလေးမထားသလိုဖြစ်သွားလို့တောင်းပန်ပါတယ်။
အပိုင္း(၁၇)
တီ!တီ!
"သားေရ အိမ္ေရွ႕မွာ ေကာင္ေလးတစ္ေယာက္
ေစာင့္ေနတယ္ သားသူငယ္ခ်င္းလို႔ေျပာတယ္
ခနအျပင္ထြက္လာအုန္း"
*သူငယ္ခ်င္းကေစာင့္ေနရေအာင္ ငါ့မွာသူငယ္ခ်င္းမွမရွိတာ..ဘယ္ကသူငယ္ခ်င္းက ေစာင့္ေနရတာလဲ* တစ္ေယာက္တည္း ေရ႐ြတ္ရင္း
ျပတင္းေပါက္က လိုက္ကာစေလးကို
ဖယ္ၾကည့္လိုက္ေတာ့ အကိုျဖစ္ေနတယ္။အခန္းထဲက ထြက္ကာ ၿခံေရွ႕ကို ခ်က္ခ်င္းေျပးထြက္သြားၿပီး ၿခံတံခါးကိုဖြင့္လိုက္ေတာ့သည္။ေျပးလိုက္တာေၾကာင့္ ေမာလြန္းလို႔ အသက္ကိုေတာင္
မွန္မွန္ေလး႐ူေနရတယ္။အဲ့အခ်ိန္မွာ
႐ုတ္တရက္ ႏႈတ္ခမ္းေပၚသို႔က်ေရာက္လာတဲ့
အကို႔ရဲ႕ႏႈတ္ခမ္းေၾကာင့္ လန္႔သြားကာ
တြန္းဖယ္မိေတာ့သည္။
"ဘာလို႔တြန္းဖယ္ေနတာတုန္း ကေလးငယ္"
"ဗ်ာ..ကေလးငယ္"
သြားၿပီ..ေယာင္ၿပီး နာမည္ကိုေခၚလိုက္မိၿပီ။ကေလးငယ္ဘာမွထပ္မေျပာခင္
ျမန္ျမန္စကားလမ္းေၾကာင္းကို
လြဲလိုက္မွရေတာ့မယ္။
"ညီ့ကိုေခၚမယ့္Nicknameေလးေလ ဘယ္လိုလဲသေဘာက်ရဲ႕လား"
"ဟင္ဘာလို႔သေဘာက်ရမွာလဲ
ခင္ဗ်ားနဲ႔ကြၽန္ေတာ္က ရည္းစားေတြမွ
မဟုတ္တာ"
"ေဟာဗ်ာ..ညီကပဲ အကို႔ကိုလာေၾကာင္တာေလ အကိုကလဲသေဘာတူလို႔ ညီကိုျပန္နမ္းတာေလ ၿပီးေတာ့နမ္းဖို႔ကိုလဲညီပဲအရင္ေျပာတာေနာ္ ျပန္စဥ္းစား..မေန႔ကအထိ အကိုလို႔ေခၚၿပီး အခုက်မွ ခင္ဗ်ားတဲ့"
စကားေတြဆက္တိုက္ေျပာေနတဲ့
ထက္အာကာရႈိင္းအား စိတ္မရွည္ေတာ့ဘဲ
"ထားေတာ့ထားေတာ့ အခုဘာလာလုပ္တာလဲ"
"ညီ့အိမ္ကိုအလည္လာတာေလ အထဲေခၚအုန္းေလ အျပင္မွာပဲေနခိုင္းေတာ့မွာလား"
"ဟုတ္တယ္ အျပင္မွာပဲေန"
စပ္စပ္ထိမခံျပန္ေျပာေနတဲ့ကေလးငယ္ကိူ
ၾကည့္ရင္း ရယ္လိုက္မိတယ္။
"သြား အထဲဝင္ၿပီးအက်ီလဲလိုက္အုန္း
႐ုပ္ရွင္သြားၾကည့္မယ္"
အမယ္ ႐ုပ္ရွင္သြားၾကည့္မယ္တဲ့။
အ႐ြဲ႕တိုက္အုန္းမယ္ၾကည့္ေန။
"မလဲေတာ့ဘူး ဒီတိုင္းသြားမယ္"
အကိုက ကြၽန္ေတာ့္ကိုေျပာလို႔မႏိုင္ေတာ့ဘူး
ထင္ပါရဲ႕။ ကြၽန္ေတာ့္ကို ဘာမွမေျပာေတာ့ဘဲ
ဆိုင္ကယ္ဦးထုပ္သာေပးတယ္။ အကို
ဦးထုပ္ကိုေဆာင္းကာ ဆိုင္ကယ္
ေပၚတက္ထိုင္လိုက္သည္။႐ုတ္တရက္
ကြၽန္ေတာ့္လက္ကိုဆြဲကာ အကို႔ခါးကိုကိုင္ခိုင္းသည္။
"ခါးကိုဖက္ထား မဟုတ္ရင္ ျပဳတ္က်ၿပီးက်န္ခဲ့
လိမ့္မယ္"
ဒုန္း!ဒုန္း!
သတိရၿပီး ျပန္ႏိုးလာတဲ့တစ္ေလွ်ာက္ ပထမဆုံး ရင္ခုန္မိတာပဲ။ပထမဆုံးဆိုေပမယ့္ ရင္းႏွီးေနတယ္။ ရင္ခုန္သံတင္မကဘူး
"ခါးကိုဖက္ထား မဟုတ္ရင္ ျပဳတ္က်ၿပီးက်န္ခဲ့
လိမ့္မယ္" ဒီစကားကိုလဲ ၾကားဖူးေနသလိုပဲ။ ေတြးလိုက္ရင္ ေခါင္းကကိုက္ေနတာမလို႔ အကို႔ရဲ႕ခါးကိုသာတင္းတင္းဖက္ထားၿပီး အကို႔ေက်ာကုန္းေပၚမွာ ေခါင္းမွီထားလိုက္ေတာ့တယ္။
"ကေလးငယ္.."
ဒီအေခၚအေဝၚကိုထပ္ၿပီး ၾကားနာရျပန္ၿပီ။
"ကေလးငယ္..ကေလးေလး ထေတာ့ ကိုယ့္ေညာင္းေနၿပီ..ကေလးေလးထေတာ့လို႔ ကိုယ့္ေက်ာကုန္းမွာ ကေလးေလးရဲ႕ သေရေတြ႐ြဲေနၿပီ"
"တစ္ခါႏိူးရင္ရတယ္ ခနခနေခၚမေနနဲ႔
ဒါနဲ႔အခုကဘယ္ေရာက္ေနတာလဲ
ေျပာေတာ့႐ုပ္ရွင္႐ုံဆို "
အိပ္ယာကႏိုး"ခ်င္းစိတ္မၾကည္တဲ့မ်က္ႏွာႏွင့္
ႏႈတ္ခမ္းေလးဆူေနေသာ ကေလးငယ္ကိုအသဲယားလို႔ ပါးေလးကိုဆြဲလိုက္ေတာ့ မ်က္ေစာင့္ထိုးျပန္ေရာ..
"ကေလးေလးအိပ္ေနလို႔႐ုပ္ရွင္အခ်ိန္က ေက်ာ္သြားၿပီေလ အဲ့တာေၾကာင့္ ကေလးေလးအတြက္
အက်ီဝယ္ေပးမလို႔ လာ.."
သူ႔ဘာသာတစ္ေယာက္တည္းေျပာခ်င္တာေျပာၿပီး ကြၽန္ေတာ့္လက္ကိုဆြဲကာ shopping mallထဲဝင္ သြားတယ္။
အက်ီဆိုင္တစ္ဆိုင္ထဲဝင္သြားၿပိး
ခ်က္ခ်င္းဆိုသလို လက္ညိဳးထိုးၿပီး.
"ဒီကေန ဒီအထိအကုန္ထုတ္ၿပီးအိမ္ကိုပို႔လိုက္"
အကိုေျပာလိုက္တဲ့စကားေၾကာင့္ပုံရိပ္တစ္ခုနဲ႔ အသံေတြဟာ ေဝ့ဝါးလာၿပီး
(*....*ဒီေနရာေလးက အတိတ္ကိုျပန္မွတ္မိလာတဲ့အပိုင္းေလးပါ)
*ၿပီးေတာ့ ဟိုမွာ ခ်ိတ္ထားတာအကုန္လုံးေရာပဲ*
ဝန္ထမ္းေတြကလဲ ဟိုလူေျပာသမွ်
အကုန္လိုက္လုပ္ေပးေနသည္။
*ဒါေတြအကုန္လုံးကဘယ္သူ႔အတြက္လဲ*
*မင္းအတြက္*
*ဘာ!!!*
ကြၽန္ေတာ့္အသံက်ယ္သြားလို႔နဲ႔ တူတယ္။
ဝန္ထမ္းေတြအကုန္ ကြၽန္ေတာ္တို႔ကိုၾကည့္ေနၾက
တယ္။ ကြၽန္ေတာ္လဲ ထိုလူရဲ႕
အနားကိုကပ္ကာ တိုးတိုးေလးေျပာလိုက္သည္။
*ခင္ဗ်ားပိုက္ဆံေတာ္ေတာ္ေပါေနလား*
*ဟုတ္တယ္ အေပါဆုံးက ပိုက္ဆံပဲ*
ကြၽန္ေတာ္ေခါင္းေတြထိုးကိုက္လာၿပီး
အျမင္ေတြကလဲေဝဝါးလာတယ္
ေခါင္းကိုအဆက္အျပတ္ထု႐ိုက္ေနေတာ့
အကိုက ကြၽန္ေတာ့္လက္ေတြကိုခ်ဳပ္ထားတယ္။ ေခါင္းေတြကလဲအရမ္းကိုက္လြန္းလို႔ အကို႔ရဲ႕ပုခုံးေပၚမွာမွီၿပီး ငိုေႂကြးလိုက္ေတာ့
သည္။
မ်က္ရည္ေတြဟာ ပါးျပင္ေပၚကေန အကို႔ရဲ႕
ရင္ဘတ္ေပၚသို႔စီးက်လို႔ေနသည္။
အကို႔က ကြၽန္ေတာ့္ရဲ႕ ေက်ာကုန္းကိုခပ္ဖြဖြေလး ပုတ္ေပးေနရင္းမငိုဖို႔ေျပာေနတယ္။
မိနစ္အနည္းငယ္ၾကာေသာ္....
"ေရာ့ ဒီမွာေရခဲမုန္႔ေလးစားလိုက္အုန္း
ကေလးေလးႀကိဳက္တဲ့စေတာ္ဘယ္ရီေလး"
ဘာမွမေျပာဘဲ ႏႈတ္ခမ္းေလးဆူၿပီး ေရခဲမုန္႔ကိုယူဖို႔လုပ္ေနတဲ့ကေလးငယ္ရဲ႕ႏႈတ္ခမ္းကိုနမ္းလိုက္သည္။ ခ်က္ခ်င္းဆိုသလိုပဲ
လက္သီးစုတ္ၿပီးက်ဳပ္ရဲ႕ရင္ဘတ္ကို
ထုခ်လိုက္တယ္။
"ဘာလို႔ထုတာလဲ ကြ"
"ကြၽန္ေတာ့္ကိုနမ္းလို႔ထုတာေလ ခင္ဗ်ားကေလ မေကာင္းတဲ့ေကာင္ ကြၽန္ေတာ့္ခြင့္ျပဳခ်က္မရဘဲခနခန နမ္းတယ္ ခင္ဗ်ားႀကီးကိုစိတ္စိုးတယ္"
ေရခဲမုန္႔ကိုစားလိုက္ က်ဳပ္ကိုတစ္တြတ္တြတ္နဲ႔ စကားေျပာလိုက္နဲ႔ တကယ္သာလိကာေလးက်ေနတာပဲ။
ေနလဲဝင္ေနၿပီ..ေမွာင္ေတာ့မွာမလို႔..
ကေလးကိုအိမ္ျပန္ပို႔ဖို႔ျပင္ရေတာ့တယ္။
ကေလးငယ္က က်ဳပ္ရဲ႕ခါးကိုဖက္ထားၿပီး
က်ဳပ္ေက်ာေပၚမွာ မွီရင္း ၿငိမ္ၿငိမ္ေလးလိုက္လာ
တယ္။ ဒီအေျခအေနေလးက လြန္ခဲ့တဲ့ ၃ႏွစ္ေလာက္ကအေျခအေနေလးနဲ႔တူေတာ့
လြမ္းမိသြားတယ္ ကေလးငယ္။ ခြဲရမွာႀကိဳသိေနလို႔ အိမ္ျပန္လမ္းက တိတ္ဆိတ္လြန္းေနသည္။
ည၈နာရီထိုးၿပီမလို႔ ကေလးငယ္ရဲ႕ အေမက စိတ္ပူၿပီး အိမ္ေရွ႕ထြက္ေစာင့္ေနတာေတြ႕
လိုက္ရတယ္။အိမ္ေရွ႕မွာ
ဆိုင္ကယ္ရပ္လိုက္ေတာ့
"သားရယ္ အေမတို႔ကို ဘယ္သြားမယ္ဆိုတာ မေျပာသြားဘူး ေနေကာင္းေသးတာမဟုတ္ဘဲနဲ႔ဘာလို႔အျပင္ေတြေလွ်ာက္ သြားေနတာလဲ
သား အေဖလဲစိတ္ပူေနလွၿပီ"
"ဟုတ္ အေမ သားေနာက္ခါ ေျပာသြားပါ့မယ္"
"ဒါနဲ႔သားရဲ႕သူငယ္ခ်င္းလည္း အိမ္မျပန္နဲ႔ေတာ့ အန္တီတို႔အိမ္မွာပဲ ညအိပ္သြားေလ...ညဘက္ႀကီး ဆိုင္ကယ္နဲ႔ျပန္ရမွာဆိုေတာ့ စိတ္မခ်လို႔ အန္တီက"
အခြင့္အေရးေလးကို လက္မလႊတ္ခ်င္ဘူး ကေလးေရ ဒီ အခြင့္အေရးကိုလဲ ကိုယ္ပဲလုပ္ယူထားတာ.
"ဟုတ္ကဲ့ ကြၽန္ေတာ္ ဒီတစ္ညေတာ့ အန္တီတို႔စီမွာပဲ ေနလိုက္ပါမယ္"
"မရပါဘူး"
"ဘာမရတာလဲသားေလး"
သူေျပာသလိုမရေတာ့ ေျခေထာက္ကို ေဆာင့္ၿပီး အိမ္ထဲကိုဝင္သြားတယ္ေလ။ က်ဳပ္ကေတာ့ ကေလးငယ္ရဲ႕အမူအရာေတြကိုအသည္းယားလို႔ ရီၿပီး ျဖည္းျဖည္းခ်င္းအိမ္ထဲဝင္လာ
လိုက္တယ္။
"သခင္ေလး ရႈိင္းထက္အာကာ ကြၽန္မ
ဘာမွကူညီေပးရမလဲ"
"ရတယ္ ဘာမွမလိုဘူး ခင္ဗ်ားတို႔လင္မယား
ႏွစ္ေယာက္ ေအာက္ထပ္မွာပဲေန အေပၚတက္မလာနဲ႔ ညစာကေတာ့မစားရေသးဘူး ဒါေပမယ့္ မစားေတာ့ဘူး"
"ဟုတ္ကဲ့ သခင္ေလး အဲ့တာဆိုသားေလးရဲ႕ အခန္းထဲမွာပဲ အနားယူပါ"
"အင္း"
ကေလးငယ္ရဲ႕ ေမေမနဲ႔ေဖေဖဆိုတာကလည္း
က်ဳပ္ဖန္တီးေပးထားတဲ့အတုအေယာင္ေပါ့
ကေလးငယ္ရဲ႕အခုလက္ရွိဘဝကလည္း
က်ဴပ္ဖန္တီးေပးထားတဲ့အတုအေယာင္..
ကိုယ္ဖန္တီးေပးထားတဲ့အတုအေယာင္ေတြမွာပဲ ေပ်ာ္ေအာင္ေနပါ ကေလးငယ္။အတိတ္ကို ျပန္ၿပီးသတိမရခ်င္စမ္းပါနဲ႔ အတိတ္ကအေၾကာင္းေတြက အမွတ္ရစရာ တစ္ခုမွမရွိဘူး
ကေလးငယ္အတြက္နာက်င္စရာေတြခ်ည္းပဲ။
ကိုယ့္ရဲ႕အခ်စ္ေတြကေတာ့ အခ်စ္စစ္ပါ။
"မေကာင္းတဲ့ေကာင္ ဘာလို႔ ကြၽန္ေတာ့္အခန္းထဲ ဝင္လာျပန္တာလဲ အေမေရာ..အေမက
ဧည့္သည္အခန္းထဲမွာအိပ္ဖို႔မေျပာဘူးလား"
သူ႔အခန္းထဲ က်ဳပ္ဝင္လာလို႔တဲ့ က်ဳပ္ကို ဍေအာ္ေနျပန္ၿပီ။
"ေယာကၡမႀကီးက ဧည့္သည္အခန္းကမျပင္ရေသးလို႔ ေဟာဒီက ကေလးေလးရဲ႕အခန္းထဲမွာ
သြားအိပ္ပါတဲ့"
ကုတင္ေျခရင္းနားမွာရွိတဲ့ဆိုဖာကို လက္ညိဳးထိုးျပရင္း
"အိပ္ရင္ ဒီကုတင္ေပၚမွာမအိပ္ရဘူးေနာ္ ဟိုက ဆိုဖာေပၚမွာအိပ္ရမယ္ေနာ္"
"ရက္စက္ႏိုင္တဲ့သူကေတာ့ ရက္စက္ပါေလ"
ဆိုကာ ေခါင္းအုံးတစ္လုံးကိုယူၿပီး ဆိုဖာေပၚမွာ အိပ္ဖို႔ျပင္လိုက္သည္။
ငါအရမ္းႀကီးရက္စက္မိသြားသလား။
ျပန္ေတြးၾကည့္ေတာ့လဲ အကိုက ကြၽန္ေတာ့္ေၾကာင့္နဲ႔အရမ္းပင္ပန္းေနတာ သူ႔အလုပ္ကေန
ဒီအထိဆိုင္ကယ္နဲ႔လာေခၚတယ္
႐ုပ္ရွင္ၾကည့္မယ္ဆိုၿပီး ဆိုင္ကယ္ေမာင္းရျပန္ေရာ
အက်ီလဲဝယ္ေပး ေရခဲမုန္႔လဲ ဝယ္ေကြၽးေသး ၿပီးေတာ့ အိမ္ကိုလဲဆိုင္ကယ္နဲ႔ျပန္လိုက္ပို႔ေသးတယ္။ငါ့ကုတင္ကလဲအႀကီးႀကီး အကိုအိပ္လို႔ရပါတယ္။
"အဟမ္း..ဒိမွာ ဒီမွာ ကုတင္ႀကီးေနလို႔
အကိုအိပ္ရင္အိပ္လို႔ရတယ္ေနာ္
ကြၽန္ေတာ္ေတာ့အိပ္ၿပီ"
"ခ်စ္ဖိူ႔ေကာင္းလိုက္တာ လာပါၿပီခင္ဗ်ာ"
ေခါင္းအုံးကိုယူၿပီး ကုတင္ေပၚသို႔ေျပးတက္ကာ ကေလးငယ္ရဲ႕ခါးကိုဖက္ထားလိူက္ေတာ့သည္။
"ဘာလုပ္တာလဲ မေကာင္းတဲ့ေကာင္ ကြၽန္ေတာ့္ ခါးကိုမဖက္နဲ႔ နာတယ္ဗ်"
မဖက္နဲ႔လို႔ေျပာေလ ပိုပိုၿပီးတင္းတင္းက်ပ္က်ပ္ ဖက္ထားလို႔ ဘာမွမေျပာေတာ့ဘဲ ၿငိမ္ၿငိမ္ေလးသာ ေနလိုက္ေတာ့သည္။ အကို႔ကကြၽန္ေတာ့္ကိုဖက္ၿပီးအိပ္ေနေတာ့ ရင္ခုန္သံေတြကထိန္းမရ။ ပါးစပ္ကသာ မဖက္နဲ႔လို႔ေျပာေနတာ တကယ္ေတာ့ အကို႔ရဲ႕အထိအေတြ႕ေလးကိုသေဘာက်ေနတာ။ဒီညကေတာ့ အေပ်ာ္လြန္ၿပီး အိပ္ေပ်ာ္မယ္မထင္။
အေပ်ာ္လြန္ေနတဲ့ေကာင္ေလးတစ္ေယာက္ႏွင့္ ထိုေကာင္ေလးကိုစိတ္ပူလြန္းေနတဲ့
ေကာင္ေလးတစ္ေယာက္တို႔ အခုေတာ့ အတူရွိလို႔ေနၿပီ။
ဇာတ္သိမ္းပိုင္းဆက္ရန္.....
2.3.2024
La Yaung Nge
အပိုင္းသစ္ေလးupဖို႔ ၃လေလာက္ၾကာသြားတဲ့အတြက္ တကယ္အားနာပါတယ္။စာဖတ္သူတို႔ကို အေလးမထားသလိုျဖစ္သြားလို႔ေတာင္းပန္ပါတယ္။