မနက်လည်းရောက်ကော လေလေးတွေကတဖြူးဖြူးနဲ့တိုက်လာပြီးဆောင်းဟွန်းက
အရင်နိုးလာကာ ဂျယ်ယွန်းကြည့်လိုက်ပြီး
"ကိုယ် တကယ်တောင်းပန်ပါတယ်နော်" လို့နူးညံ့စွာပြောလိုက်ချိန် ဂျယ်ယွန်း
တစ်ယောက်ဆောင်းဟွန်းရင်ခွင်ထဲထပ်တိုးဝင်ပြီး တင်းတင်းကြပ်ကြပ်ဖက်ထားလေရဲ့။
"ကိုယ် မထွက်သွားပါနဲ့အိခုတောင်းပန်ပါတယ်...ကျေးဇူးပြုပြီးမထားသွားပါနဲ့" လို့တောင်းဆိုနေကာ ငိုနေတာပေါ့။
ဆောင်းဟွန်းလည်းရင်ထဲစို့သွားပြီး သူမရှိတဲ့၁နှစ်တာမှာ ဘယ်လောက်တောင်ဂျယ်ယွန်းလေးကကြိုးစားရုန်းကန်ရှင်သန်နေရမလဲဆိုတာကိုစဉ်းစားနေပြီးဝမ်းနည်းနေလေတယ်။
တကယ်ပဲကံကြမ္မာကြီးက အရမ်းကိုသာယာနေတဲ့သူတို့နှစ်ယောက်ဘဝလေးတွေကို အခုလိုဘာလို့အဲ့လောက်ထိရက်စက်ရတာလဲနားမလည်နိုင်အောင်ပါပဲ။
ဆောင်းဟွန်းလည်းဂျယ်ယွန်းကျောလေးကိုပုတ်ပေးကာ
"ကိုယ်မထွက်သွားဘူးနော် ဘယ်ကိုမှ" လို့ပြောနေချိန် ဂျယ်ယွန်းကအိပ်မက်ဆိုးကနေလန့်နိုးလာပြီး
"ကိုယ်" လို့ခေါ်ကာ ရင်ခွင်ထဲကထွက်ပြီးဆောင်းဟွန်းမျက်နှာလေးကိုကိုင်ပြီး
"တော်သေးတာပေါ့ ရှိနေသေးလို့"
"ကိုယ်ကဘယ်မှထွက်သွားမှာမဟုတ်ဘူး" လို့ပြောတော့ဂျယ်ယွန်းလည်းပြုံးလိုက်၍ တစ်နေ့တာကိုအတူတူစတင်ကြလေတယ်။ဂျယ်ယွန်းကသူတို့အရင်ကအတူတူတိုက်နေကျ သွားတိုက်တံတွေကိုထုတ်ကာ
"ဒီမှာ"
"အော်?ရှိနေသေးတာလား?"
"သိမ်းထားရတာပေါ့ အိမ်ကနေရွှေ့လာတော့အကုန်သယ်လာတာဥစ္စာခြောက်အိခုလေ"
"ကိုယ်တို့ အတူတူနေခွင့်ရလာလို့ကျေးဇူးတင်မိတယ်"
"ဟုတ်ပါ့နော် ထူးခြားလိုက်တာကိုယ်ကအိခူသူငယ်ချင်းရဲ့သူငယ်ချင်းဖြစ်နေတာကို"
"ကြိုမသိခဲ့ဘူးအိခုဖြစ်နေမှန်း အစကစိတ်တောင်ညစ်နေတာ အိခုကိုမြင်တော့မှပဲသက်ပြင်းချနိုင်တာ"
"တူတူပဲ စိတ်ညစ်နေတာဘယ်သူကြီးနဲ့နေရမှာလဲဆိုပြီး ပြီးတော့မှကိုယ်ဖြစ်နေတာ...အိခုလေစိတ်ထဲကအလိုလိုသိနေတယ် ကိုယ်ဖြစ်နေခဲ့မှန်း"
"ကျေးဇူးပါအိခုလေးကျေးဇူးကြောင့်နဲ့ ကိုယ်ပြန်လည်ရှင်သန်နိုင်ခဲ့တာ"
"သွားတိုက်ရအောင်"
"အော်ဟုတ်ပြီ" လို့ပြောကြပြီးအတူတူပျော်ပျော်ကြီးသွားတိုက်ကြကာ ဂျယ်ယွန်းတစ်ယောက်အသည်းယားသွားပြီးဆောင်းဟွန်းကို ရေနဲ့ပက်လိုက်တော့တယ်။
"ဘာလုပ်တာလဲ?"
"ဆော့ချင်တယ် အိခုတို့ငယ်ငယ်တုန်းကဆော့သလို"
"အော် အဲ့သလိုလား?" လို့မေးပြီးအနားကိုတိုးလာတော့ ဂျယ်ယွန်းတစ်ယောက်ရင်တွေခုန်လာကာ ဆောင်းဟွန်းကမသိမသာလက်ထဲကိုရေထည့်လိုက်ပြီးပက်လိုက်လေရဲ့။
"ဟာ ကိုယ်" လို့ဒေါသထွက်ထွက်နဲ့ပြောတော့ ဆောင်းဟွန်းကလျှာထုတ်ပြီးပြောင်ပြကာ
"ကိုယ်နော် အမြဲအဲ့တိုင်းပဲငယ်ငယ်လေးကတည်းကရင်ခုန်အောင်အမြဲလုပ်တယ်" လို့ပါးစပ်ကြီးဆူပြီးပြောတော့
"ဟုတ်ပါ့နော် ငယ်ငယ်ကရည်းစားစကားအရင်ပြောခဲ့တဲ့အိခုလေးဆိုတော့လည်း"
"ဟာကိုယ် ငယ်ငယ်ကအကြောင်းတွေမဖော်နဲ့လေ"
"ဖော်မှာပဲ"
"ကိုယ်နော်" လို့ပြောပြီးပါးစပ်ကြီးဆူထွက်နေကာ ဆောင်းဟွန်းကခါးကနေဆွဲပြီး နမ်းလိုက်တော့တာပေါ့။
"ဟာ ဘာလို့နမ်းတာလဲ?"
"ကိုယ့်ကောင်လေးကိုနမ်းတာ နမ်းလို့မရဘူးလား?"
"အိခုပဲအရင်စနမ်းမှာ"
"ဟော အဲ့လိုလား?"
"ဟောအဲ့လိုပေါ့"
"ဒါနဲ့ အိခုကိုယ့်six packsမြင်တုန်းက..."
"ဟာ တော်ပြီနော်" လို့ပြောပြီးရေချိုးခန်းထဲကပြေးထွက်သွားကာ
"ဟောဘယ်ထွက်သွားတာလဲ?အရင်နမ်းမယ်ဆိုပြီး" လို့ပြောတော့ဂျယ်ယွန်းကလာနမ်းသွားပြီး
"မနက်စာပဲပြင်တော့မယ်" လို့ပြောကာမီးဖိုချောင်ထဲကိုဝင်သွားလေရဲ့။ဆောင်းဟွန်းလည်းမီးဖိုချောင်ထဲဝင်လာပြီး အနောက်ကနေဖက်လိုက်ကာ
"ကိုယ်အိခုနဲ့လျှောက်သွားချင်တယ်"
"အိခုတို့သွားခဲ့တဲ့နေရာတွေလား?"
"အွန်းအွန်း"
"သွားကြမလား?ကျောင်းပြေးပြီး"
"သွားမယ် ကိုယ်အိခုနဲ့ဖြတ်သန်းခဲ့တဲ့အချိန်တွေပြန်ရချင်တာမို့"
"ဒါဆို...မနက်စာတော့အရင်စားရအောင်" လို့ပြောတော့ ဆောင်းဟွန်းကခေါင်းငြိတ်လိုက်ကာ မနက်စာလည်းစားပြီးရော လျှောက်လည်ကြလေတယ်။
ဆိုင်တွေတစ်ဆိုင်ပြီးတစ်ဆိုင်ဝင်ပြီး အမှတ်တရလက်ဆောင်လေးတွေတစ်ယောက်ကိုတစ်ယောက်ဝယ်ပေးလိုက် ဓါတ်ပုံလေးတွေရိုက်လိုက် မုန့်တွေလျှောက်ပတ်စားလိုက်နဲ့ပေါ့။
"ဒါနဲ့အိခု?"
"အွန်း?"
"ဝတ္ထုရေးတာအောင်မြင်လား?"
"ဝတ္ထုလား?အွန်း...အောင်မြင်ပါတယ် သတင်းစာတိုက်တွေက ခေါ်တယ်လေအိခုကမသွားတာ"
"ဘာဖြစ်လို့လဲ?"
"ကိုယ်ခွင့်ပြုချက်ကိုမတောင်းလိုက်ရလို့"
"ဟော ကိုယ်ကခွင့်ပြုပေးပြီးသားပဲဟာအဲ့ဒါအိခုအိပ်မက်ပဲလေ"
"တကယ်လား?"
"တကယ်ပေါ့ လုပ်ကိုလုပ်ရမယ်နော်"
"ဟုတ်ကဲ့ပါ"
"လိမ္မာတယ်" လို့ပြောကာဂျယ်ယွန်းရဲ့နဖူးလေးကိုနမ်းလိုက်ချိန် ဆောင်းဟွန်းရဲ့ပရိသတ်တစ်ယောက်မြင်သွားပြီး
"အော် ဆောင်းဟွန်း?" လို့လက်ညိုးထိုးပြိးအော်လိုက်တော့ ကျန်တဲ့ပရိသတ်တွေကပါကြားပြီး ရောက်လာကြတော့တယ်။
ဆောင်းဟွန်းလည်းလန့်သွားပြီး အိခုလက်ကိုဆွဲကာပြေးတော့လေရဲ့။
တစ်နေရာမှာဝင်ပုန်းလိုက်ကြပြီး
ဆောင်းဟွန်းကဂျယ်ယွန်းရဲ့ပါးစပ်ကိုလက်လေးနဲ့ပိတ်ထားကာ
"အယ်ဘယ်ရောက်သွားပါလိမ့်?"
"ဟိုဘက်လားမသိ?" လို့ပြောကြပြီးသူ့ပရိသတ်တွေကတော့လိုက်ရှာနေကြတာပေါ့။
"ဟူးးတော်သေးတာပေါ့" လို့ပြောပြီးဂျယ်ယွန်းပါးစပ်ပေါ်ကလက်ကိုဖယ်ပေးလိုက်ကာ
"ငါ့ကိုယ်ကအရမ်းတွေကျော်ကြားနေတာပဲ ဆောင်းဟွန်းဆိုတဲ့နာမည်တစ်ခုနဲ့" လို့ပြောတော့ဆောင်းဟွန်းကောဂျယ်ယွန်းကော
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ရယ်ကြတော့လေတယ်။
"ပြန်စဉ်းစားကြည့်ရင်တကယ်ပဲရယ်ရတယ်"
"ဟုတ်ပါ့နော်"
"ကိုယ်?"
"အွန်း?"
"မထားသွားပါနဲ့နော်" လို့ပြောပြီးဖက်လိုက်ကာ
"ကိုယ်အနားမှာရှိနေလို့ ပျော်နေရတာမရှိရင်ရူးသွားလိမ့်မယ်"
"ကိုယ်ကတိပေးပြီးသားပဲ အိခုနားကဘယ်တော့မှမထွက်သွားတော့ဘူးလို့"
"အွန်း" လို့ပြန်ပြောပြီးနှစ်ယောက်သားနူးနူးညံ့ညံ့လေးအချိန်အကြာကြီးထိဖက်နေကြလေရဲ့။ဒီလိုနဲ့ သူတို့နှစ်ယောက် အတူတူကျောင်းတက်ကျောင်းပြန်အိမ်မှာနေလုပ်ကြပြီး ၅ရက်လောက်လည်းကြာကော သူတို့ဆီဦးတည်လာတဲ့ပြဿနာရှိလာပြန်ရောပေါ့။
မနက်စာအတူတူလည်းစားကြကောဆောင်းဟွန်းတစ်ယောက်မျက်နှာမကောင်းနေကာ
"ကိုယ်?"
"အော်?"
"ဘာဖြစ်နေတာလဲ?မျက်နှာမကောင်းပါလား?"
"အော် ဒီအတိုင်း"
"နေမကောင်းဘူးလား?"
"မဟုတ်ပါဘူး..."
"အိခုကိုညာတာမကြိုက်ဘူးနော်"
"မညာပါဘူး အားရှိအောင်သာစားကိုယ့်အိခုလေးက ကိုယ့်ကိုစိတ်မပူနဲ့နော့်"
"သေချာလား?"
"သေချာပါတယ်ဗျ"
"ဟုတ်ပါပြီ" လို့ပြောပြီးမနက်စာဆက်စားကာ ဆောင်းဟွန်းကတော့ သိတ်ထဲနေလို့လုံးဝမကောင်းခဲ့ဘူးပေါ့။မနက်စာလည်းစားပြီးကော ဂျယ်ယွန်းနဲ့ဆောင်းဟွန်းတို့ရုပ်ရှင်အတူတူကြည့်ကြကာ
"ဟားဟား ရယ်ရတယ်" လို့ပေါက်ပေါက်ဆုပ်စားလိုက်နဲ့ ရယ်မောနေလေတယ်။ဆောင်းဟွန်းကတော့လုံးဝမရယ်နိုင်ဘဲ
"အမ်?ကိုယ်?"
"အော်?"
"ဘာလို့မစားတာလဲ?အိခုစားတာနဲ့ကုန်တော့မယ်"
"အော် သိပ်စားချင်စိတ်မရှိလို့...အိခုပေါင်ပေါ်ပဲလှဲအိပ်နေလို့ရမလား?"
"အွန်း..ရတယ်လေ" လို့ပြောတော့ဆောင်းဟွန်းကဂျယ်ယွန်းပေါင်ပေါ်လေးမှာလှဲအိပ်ကာ ဂျယ်ယွန်းကတော့ဆောင်းဟွန်းကိုပေါက်ပေါက်ဆုပ်ခွံကျွေးနဲ့ပေါ့။
သာယာကြည်နူးနေတဲ့သူတို့နှစ်ယောက်ရဲ့ဘဝထဲလီရှင်းအိန်းဆိုသူပြန်ရောက်လာခဲ့တာကြောင့် ဆောင်းဟွန်းတစ်ယောက်စိတ်ထဲထင့်နေခဲ့လေရဲ့။ညလည်းရောက်ကော လေတွေကတိုက်လာကာဂျယ်ယွန်းကတော့ ညနေစာချက်ပြုတ်နေလေတယ်။
ဆောင်းဟွန်းကတံခါးကိုပဲထိုင်ကြည့်နေကာ
"ကိုယ်?လေတွေတိုက်တယ်နော်" လို့ပြောနေပေမဲ့ဆောင်းဟွန်းကတော့ဝိဉာဉ်မရှိတဲ့သူလိုမျိုး ဘာကိုမှမကြားတော့ပဲ တံခါးကိုပဲဆက်ကြည့်နေလေရဲ့။
"ကိုယ်?ဘာလို့တံခါးကိုပဲကြည့်နေတာလဲ?အိခုကိုကြောက်အောင်မလုပ်နဲ့နော်" လို့ပြောတော့ဆောင်းဟွန်းကသတိဝင်သွားပြီး
"အော်?ဘာပြောတာ?"
"ကြောက်တယ်လို့ အဲ့လိုကြီးတံခါးပဲထိုင်မကြည့်နဲ့လို့ပြောတာ"
"အော်" လို့ပြောနေတုန်းပဲတံခါးကြီးကဗုန်းခနဲပြုတ်ကျသွားကာ ဂျယ်ယွန်းလည်းလန့်သွားပြီး
"အယ်?ဘာဖြစ်တာလဲ?"
"အိခု" လို့အော်ကာဂျယ်ယွန်းအရှေ့ကကာလိုက်၍
"လီရှင်းအိန်း!!! မင်းဆိုတာမှန်းသိတယ်နော်" လို့ပြောတော့ လီရှင်းအိန်းကအမှောင်ထဲကထွက်လာတာပေါ့။ဂျယ်ယွန်းလည်းလန့်သွားပြီး ဆောင်းဟွန်းကဂျယ်ယွန်းလက်ကိုတင်းတင်းဆုပ်ထားကာ
"အော်?"
"ပြန်လည်တွေ့ဆုံရတာဝမ်းသာပါတယ်
ဂျယ်ယွန်းနဲ့ဘန်ဂျမင်" လို့ပြောပြီးပြုံးလိုက်လေရဲ့။
"ခင်ဗျား?ကျွန်တော့်ကောင်လေးကိုထိစရာအကြောင်းကိုမရှိဘူး"
"ဝါးးးးလုံးဝကိုဘန်ဂျမင်အတိုင်းပဲ အေးပေါ့လေသူစေခိုင်းထားတဲ့ဇာတ်ကောင်ပဲဟာ"
"ခင်ဗျားကိုကျွန်တော်လက်နဲ့ကိုယ်တိုင်သတ်မှာမို့ အိခုကိုထိစရာမလိုဘူး" လို့ပြောပြီး ဂျယ်ယွန်းကိုခုံတစ်ခုမှာထိုင်ခိုင်းလိုက်ကာ ဆောင်းဟွန်းကတော့လီရှင်းအိန်းအနားကိုသွားလေတယ်။
"ဝါးးးရဲတောက်နေတဲ့မျက်လုံးကိုမမြင်ရတာတောင်တစ်နှစ်ကြာခဲ့ပြီ"
"ငါလည်းသတ်မှာ မင်းကို"
"ဟားဟား ဂျယ်ယွန်း?မင်းကတော့အရင်ကအတိုင်းပဲနော်"
"ဘာရန်ငြိုးရှိလို့လဲအော်?ငါတို့ပျော်နေတဲ့ဘဝကိုဖျက်စီးတာ"
"အိခုတော်ပြီ"
"ဝင်ပါခိုင်းလိုက်ပါ သူလည်းစိတ်တိုနေမှာပေါ့တစ်ခါမှမမြင်ဖူးတဲ့သူကသူ့ကောင်လေးကိုသတ်တယ်ဆိုပြီး"
"ခင်ဗျား ကျွန်တော့်ကိုမနာလိုလို့ပဲသတ်တယ်ဆိုတာလည်းသိတယ် အဲ့ကြောင့်သူကဒီကိစ္စနဲ့မပတ်သက်ဘူး"
"မနာလိုတယ်?ကိုယ်ဘာကိုပြောတာလဲ?"
"မပြောပြထားဘူးပဲ ငါတို့ရန်ငြိုးရန်စကို"
"ကိုယ်တောင်းပန်ပါတယ်..."
"အော်?" လို့မေးနေချိန်ပဲ ဆောင်းဟွန်းမျက်လုံးတွေကရဲတောက်လာပြီး သူ့အစွမ်းကိုထုတ်လိုက်ကာ
"သတ်လိုက်လေ ငါမင်းအသတ်ခံဖို့ကိုပဲဒီအထိလာခဲ့တာ" လို့ပြောပြီးဒူးထောက်ချပလိုက်ပြီး
"ငါသတ်လို့ပြောနေတယ်လေ" လို့ပြောတော့ ဆောင်းဟွန်းကမျက်လုံးနဲ့ပဲကြည့်လိုက်၍ လီရှင်းအိန်းဆိုတဲ့လူလည်းမြူမုန်
စလိုမျိုး ရုတ်တရက်ပျောက်ကွယ်သွားတော့တယ်။
ဂျယ်ယွန်းလည်းအံ့အားတသင့်နဲ့ပဲကြည့်နေနိုင်ခဲ့ပြီးဆောင်းဟွန်းတစ်ယောက်ပြုတ်ကျသွားကာ ဂျယ်ယွန်းလည်းပြေးလာ၍ လက်ကိုကိုင်လိုက်ပြီး
"ကိုယ်?ကိုယ့်လက်တွေဘာလို့ပူနေတာလဲ?"
"အိခု ကိုယ်တောင်းပန်ပါတယ်"
"ဘာကိုလဲ?"
"ကိုယ် သူ့ကိုသတ်ဖို့ပဲ...ပြန်-ပြန်လာခဲ့တာ"
"အော်?"
"ကိုယ်အခုပျောက်ကွယ်ဖို့အချိန်တန်ပြီ"
"ဘာတွေပြောနေတာလဲ?အော်?"
"ကိုယ်ပြန်သွားရတော့မယ်"
"အမ်?ကိုယ်ဘယ်မှမသွားရဘူး မသွားရဘူး...ကတိ-ကတိပေးထားတယ်လေ အော်?"
"တောင်းပန်ပါတယ်"
"မတောင်းပန်ရဘူးကိုယ်ဘယ်မှမသွားရဘူး.."
"ကိုယ် ဒီနေ့ပြန်သွားရတော့မှာသိလို့တောက်လျှောက်စိတ်ထင့်နေခဲ့တာ"
"ညာတယ် လူလိမ်လူလိမ်" လို့ပြောပြီး ဆောင်းဟွန်းရင်ဘတ်ကိုထုတော့ ဆောင်းဟွန်းလည်းဂျယ်ယွန်းနှုတ်ခမ်းလေးကိုနမ်းလိုက်ကာ မျက်ရည်တွေကျလာပြီး
ဂျယ်ယွန်းလည်းမျက်ရည်တွေကျလာ၍ ဆောင်းဟွန်းတစ်ယောက်တစ်ဖြည်းဖြည်းပျောက်ကွယ်သွားတော့လေရဲ့။
ဂျယ်ယွန်းလည်းမျက်လုံးကြီးမှိတ်ပြီးအသေငိုချကာ ဆောင်းဟွန်းမသွားအောင်အတင်းဖက်ထားပြီး ထိုအချိန်ပဲကြယ်ကကြွေသွား၍ ဂျယ်ယွန်းလည်းအမှတ်မထင်
"အသက်ပေးရရင်တောင်မှ ပေးပါ့မယ် ကျေးဇူးပြုပြီး ကျေးဇူးပြုပြီးတော့...ကိုယ်နဲ့ထာဝရအတူရှိခွင့်ပေးပါ" လို့စိတ်ထဲဆုတောင်းလိုက်တော့တယ်။
ရုတ်တရက်ဆိုသလိုနေလုံးကြီးကထွက်လာကာ ဂျယ်ယွန်းလည်းမျက်လုံးဖွင့်ကြည့်လိုက်ပြီး ဆောင်းဟွန်းကပြုံးပြီးသူ့အရှေ့မှာထိုင်နေခဲ့တာပေါ့။
"ကိုယ်?"
"လာပါဦးကိုယ့်ဆီ" လို့ပြောတော့ဂျယ်ယွန်းလည်းဖက်လိုက်ကာနောက်ဆုံးတော့ ဘန်ဂျမင်နဲ့ဂျယ်ယွန်းတို့လည်း ထာဝရနေခွင့်ရရှိသွားလေတယ်။ကြယ်မင်းကြီးလည်းပြုံးနေခဲ့ပြီး ထိုဇာတ်လမ်းလေးလည်း
နူးနူးညံ့ညံ့အဆုံးသတ်သွားလေရဲ့။