Zawgyi
ဒန္နာရီတို႔ေတြ အလင္းေက်ာင္းေတာ္ရွိရာကို ခရီးႏွင္လာခ်ိန္မွာ သိပ္သည္းတဲ့ေမွာ္စြမ္းအားကို ခံစားလာရေတာ့သည္၊ဒါက အလင္းေက်ာ္ေတာ္နဲ႕နီးစပ္လာတာေၾကာင့္ျဖစ္ၿပီး ေနာက္တစ္ခ်က္ကေတာ့ ျမင့္ျမတ္နယ္ေျမႀကီးေၾကာင့္ျဖစ္သည္၊
"အလင္းေက်ာင္းေတာ္ ေက်ာ္ၾကားရတဲ့အၾကားအရင္းက အရဲလာလ္ဆိုတဲ့ျမင့္ျမတ္နယ္ေျမေၾကာင့္ပဲ"
အရဲလာလ္ဆိုတာ နတ္သမီးတစ္ပါးရဲ႕နာမည္ျဖစ္ၿပီး အရဲလာလ္ဟာ လူသားေသြးတစ္ဝက္၊နတ္ဘုရားေသြးတစ္ဝက္ပိုင္ဆိုင္ထားတဲ့ေသြးႏွောျဖစ္သည္၊အရဲလာလ္ရဲ႕မိခင္က အရဲလာလ္ကို ဆယ္ႏွစ္တိုင္ကိုယ္ဝန္ေဆာင္ခဲ့ရၿပီး ေနာက္ဆုံးေမြးဖြားလာတဲ့ခ်ိန္မွာေတာ့ ေ႐ႊေရာင္သစ္ပင္ႀကီးအျဖင့္ေျပာင္းလဲခဲ့ၿပီး အရဲလာလ္(ေ႐ႊေရာင္နတ္သမီးေလး)ကို ဖြားျမင္ခဲ့သည္၊ အရဲလာလ္မိခင္ရဲ႕ခႏၶာကိုယ္ဟာ လူသားစင္စစ္ကေန ႀကီးမားတဲ့သစ္ပင္ႀကီးအျဖစ္ေျပာင္းလဲသြားၿပီး သိပ္သည္းလွတဲ့ေမွာ္စြမ္းအားေတြထုတ္ေပးလာၿပီး ျမင့္ျမတ္နယ္ေျမအျဖစ္ေျပာင္းလဲသြားေတာ့သည္၊
အရဲလာလ္ကေတာ့ ေမြးဖြားလာၿပီးေနာက္မွာ နတ္ဘုရားေတြရဲ႕ေခၚေဆာင္ျခင္းကိုခံလိုက္ရၿပီး ဒ႑ာရီအသြင္နဲ႕သာ က်န္ရစ္ခဲ့သည္၊ဒါေၾကာင့္ အလင္းေက်ာင္းေတာ္ရဲ႕ျမင့္ျမတ္နယ္ေျမကို အရဲလာလ္လို႔ေခၚတြင္ကာ ေခတ္အဆက္ဆက္ မေျပာင္းလဲပဲ ကိုးကြယ္တည္ရွိေနခဲ့တဲ့ေသြးႏွောနတ္ဘုရားမတစ္ဦးအျဖစ္ အရဲလာလ္ကေက်ာ္ၾကားလာေတာ့သည္၊
အရဲလာလ္ဆီက ေကာင္းခ်ီးေပးခံရတဲ့သူတိုင္းက အလင္းစြမ္းအားမွာ သူမတူေအာင္ကြၽမ္းက်င္သူမ်ားျဖစ္လာတာေၾကာင့္ အလင္းေက်ာင္းေတာ္က ေက်ာင္းသားတိုင္းက အလင္းနတ္ဘုရားၿပီးရင္ အရဲလာလ္ကို ကိုးကြယ္ၾကေသးသည္၊
"ျမင့္ျမတ္နယ္ေျမက ဝင္ရဖို႔ခက္ခဲလိမ့္မယ္...ဒါေပမယ့္ အလင္းငွက္က အရဲလာလ္နယ္ေျမမွာပဲရွိတာ...ငါတို႔ေတြက အရဲလာလ္နယ္ေျမထဲကို ဝင္ဖို႔အတြက္ စမ္းသပ္မႈတစ္ခုကိုေတာ့ ျဖတ္ရလိမ့္မယ္"
မဒမ္ႏြန္းက ဒန္နာရီကိုၾကည့္ရင္းေျပာလိုက္တာေၾကာင့္ ဒန္နာရီက နားမလည္ဟန္ျဖစ္သြားေတာ့သည္၊
"အလင္းေမွာ္ဆရာေတြနဲ႕ဝိညာဥ္ထိန္းေက်ာင္းသူေတြက မဟာမိတ္ေတြပဲေလ ရွင္းရွင္းေျပာရရင္ အရဲလာလ္ကလည္း ဝိညာဥ္ထိန္းေက်ာင္းသူပဲ သူရဲ႕ပထမဆုံးဝိညာဥ္သားရဲက ေနာဆိုတဲ့အလင္းငွက္ေတြပဲေလ"
"ဒါေၾကာင့္ အလင္းေက်ာင္းေတာ္က ဝိညာဥ္ထိန္းေက်ာင္းသူေတြကို တန္ဖိုးထားတယ္၊မင္းသာ ထိုက္တန္တဲ့သူတစ္ေယာက္ဆိုရင္ သူတို႔က အရဲလာလ္နယ္ေျမထဲကို ဝင္ခြင့္ေပးလိမ့္မယ္" မဒမ္ႏြန္းစကားေၾကာင့္ ဒန္နာရီကနားလည္စြာေခါင္းညိတ္လိုက္သည္၊
"သိပ္ေတာ့မစိုးရိမ္နဲ႕ အလင္းငွက္ရဲ႕ေသြးမွင္က ရနိုင္ေျခရွိၿပီးသားပဲ ဒါေပမယ့္ မင္းသာ အလင္းငွက္ကိုပါေခၚေဆာင္နိုင္ရင္ ပိုေကာင္းတာေပါ့" မဒမ္ႏြန္းကေျပာစကားကို ဒန္နာရီကေခါင္းညိတ္လိုက္ၿပီး စိတ္ထဲသာထည့္ထားလိုက္သည္၊အလင္းေက်ာင္းေတာ္မွာ မည္သို႔ႀကဳံရမလဲမသိေသးတာေၾကာင့္ သူဟာ လိုတာထက္ပိုၿပီးမေျပာေပ၊
မၾကာခင္မွာ ႀကီးမားျမင့္မားတဲ့အျဖဴေရာင္အေဆာက္အဦးႀကီးေတြကို ဒန္နာရီတို႔က စျမင္လာေတာ့သည္၊တစ္ခ်ိဳ႕ေသာအေဆာက္အအုံမ်ားက ေလေပၚမွာဝဲပ်ံေနေတာ့သည္၊ႀကီးမားတဲ့အေဆာက္အဦးႀကီးကေတာ့ ခမ္းနားတင့္တယ္စြာတည္ရွိေနၿပီး အျပာေရာင္ေကာင္းကင္နဲ႕ မ်က္စိပေဒႆရွိလွသည္၊
"အလင္းေက်ာင္းေတာ္"
ဒန္နာရီတို႔လွည္းဟာ ဂိတ္ဝႀကီးကို ေက်ာ္ျဖတ္လာခ်ိန္မွာ ႀကီးမားတဲ့အျဖဴေရာင္တံတိုင္းႀကီးက သူတို႔ကိုထူးဆန္းတဲ့ခံစားခ်က္တစ္မ်ိဳးကိုေမးေနေတာ့သည္၊
အမွန္ေျပာရရင္ အလင္းေက်ာင္းေတာ္ရဲ႕ဆယ္ပုံပုံကိုးပုံဟာ အျဖဴေရာင္ေတြနဲ႕သာတည္ေဆာက္ထားသည္၊ေက်ာင္းသားေတြရဲ႕ဝတ္စုံကလည္း သစ္လြင္ၿပီးလွပေသသပ္တဲ့အျဖဴေရာင္ဝတ္စုံေတြသာျဖစ္သည္၊
"မသိရင္ အေရာင္မဲ့ကမၻာထဲကိုဝင္လာရသလိုပဲ" ရွီရယ္က အသံတိုးတိုးနဲ႕ေျပာလိုက္ေပမယ့္ သူတို႔္လည္း အဲလိုခံစားေနရသည္၊ထို႔ေနာက္မွာ လွည္းကရပ္တန့္သြားၿပီး မဒမ္ႏြန္းဦးေဆာင္မႈေနာက္ကို ဒန္နာရီတို႔ကလိုက္သြားေတာ့သည္၊
အလင္းေက်ာင္းေတာ္မွာ ဧည့္သည္ေတြလာတာရွားပါးတာေၾကာင့္ ဒန္နာရီတို႔ကိုျမင္ေတာ့ အလင္းေက်ာင္းေတာ္ရဲ႕ေက်ာင္းသားေတြက လိုက္လံစပ္စုေနၾကေတာ့သည္၊
ထို႔ေနာက္မွာေတာ့ အႀကီးအကဲတစ္ဦးကထြက္လာကာ မဒမ္ႏြန္းကို ႀကိဳဆိုကာႏူတ္ဆက္ေတာ့သည္၊
"ႏြန္းမ်ိဳးႏြယ္စုရဲ႕သခင္မကိုယ္တိုင္ေရာက္လာလို႔ ကြၽန္ုပ္တို႔အလင္းေက်ာင္းေတာ္က ဝမ္းေျမာက္ဝမ္းသာျဖစ္မိပါတယ္ဗ်ာ"
"အလင္းေက်ာင္းေတာ္က ဖိတ္ေခၚတာကိုပဲ ႏြန္းမ်ိဳးႏြယ္စုက ျပန္ၿပီးဝမ္းေျမာက္ဝမ္းသာျဖစ္ရမွာပါရွင္" မဒမ္ႏြန္းက ၿပဳံးရင္းေျပာလိုက္ၿပီးေနာက္မွာ သူမဟာ စာအိတ္တစ္အိတ္ကိုေပးလိုက္သည္၊ထို႔ေနာက္မွာေတာ့ မဒမ္ႏြန္းက ေနာက္ထပ္ကိစၥတစ္ခုကိုေမးလိုက္သည္၊
"အလင္းေက်ာင္းေတာ္မွာ အရဲလာလ္နယ္ေျမအတြက္ ဝိညာဥ္ထိန္းေက်ာင္းသူေတြကို စမ္းသပ္ခြင့္ေပးထားတဲ့စည္းမ်ဥ္းက တည္ရွိေနတုန္းလား"
"တည္ရွိေနတုန္းပါပဲဗ်" အႀကီးအကဲက ဘာေၾကာင့္ေမးလဲမသိေပမယ့္ ေလးေလးစားစားျပန္ေျဖလိုက္သည္၊
"ဒန္နာရီ ဒီလာခဲ့" မဒမ္ႏြန္းက ဒန္နာရီကိုေခၚလိုက္ခ်ိန္မွာ ဒန္နာရီလည္းထြက္လာၿပီး အႀကီးအကဲကိုႏူတ္ဆက္လိုက္သည္၊
"ကြၽန္ေတာ္က ဝိညာဥ္ထိန္းေက်ာင္းသူဒန္နာရီ ရိုစဲဆလပ္ပါဗ်" ဒန္နာရီရဲ႕စကားကိုၾကားေတာ့ အႀကီးအကဲရဲ႕မ်က္ႏွာက ႏူးညံ့မႈမ်ားျဖတ္သန္းသြားေတာ့သည္၊အလင္းေက်ာင္းေတာ္ကလူေတြက ဝိညာဥ္ထိန္းေက်ာင္းသူေတြကို တန္ဖိုးထားလွသည္၊
"ဒီလူငယ္ေလးက ငယ္႐ြယ္ေသးေတာ့ စိန္ေခၚမႈအတြက္ အဆင္ေျပပါမလား" အႀကီးအကဲက ဆယ့္ငါးႏွစ္ေတာင္မျပည့္ေသးတဲ့ဒန္နာရီကိုၾကည့္ရင္း အနည္းငယ္စိတ္ပူစြာေျပာလိုက္သည္၊
"အႀကီးအကဲကို မင္းအရည္အခ်င္းတခ်ိဳ႕ျပသေပးလိုက္ပါလား ဒန္နာရီ" မဒမ္ႏြန္းရဲ႕စကားကို ဒန္နာရီက ေခါင္းတစ္ခ်က္ညိတ္လိုက္ၿပီး "အာလ္"ကို ေခၚလိုက္ေတာ့သည္၊အလင္းေက်ာင္းေတာ္ရဲ႕ၾကမ္းျပင္ဟာ လႈပ္ၿပီးကြဲအက္သြားၿပီး ၾကမ္းျပင္ကေန အဝါေရာင္သန္းေနတဲ့ျခေသၤ့ႀကီးတစ္ေကာင္ကထြက္ေပၚလာၿပီး ဒန္နာရီေဘးနားကပ္သြားကာ ဒန္နာရီေျခရင္းမွာ လွဲေလ်ာင္းလိုက္ၿပီး အႀကီးအကဲကိုစိုက္ၾကည့္ေနေတာ့သည္၊
အႀကီးအကဲက ျပန္လည္ေက်ာင္းမြန္သြားတဲ့ၾကမ္းျပင္ကိုတစ္လွည့္ ေၾကာက္စရာေကာင္းတဲ့အရွိန္အဝါနဲ႕တည္ရွိေနတဲ့ျခေသၤ့ဝိညာဥ္သားရဲကိုတစ္လွည့္ၾကည့္ရင္း တံေထြးၿမိဳခ်မိလိုက္သည္၊
"ဘုရင္အဆင့္သားရဲဝိညာဥ္...ၿပီးေတာ့ ဒါက..."အႀကီးအကဲဟာ မေသခ်ာတာေၾကာင့္ စကားကိုဆက္မေျပာေတာ့ေပ၊သူ႕စိတ္ထဲတြင္ အဝါေရာင္ျခေသၤ့ဟာ သာမန္မဟုတ္တာကိုေတာ့ ခံစားရသည္၊အႀကီးအကဲဟာ ဘုရင္အဆင့္သားရဲဝိညာဥ္ေတြကို ျမင္ဖူးေပမယ့္ လက္ရွိသားရဲဝိညာဥ္လို မသန္မာေၾကာင္း ခံစားမိသည္၊
"ဒီသခင္ေလးက ငယ္ငယ္႐ြယ္႐ြယ္နဲ႕ ဘုရင္အဆင့္ဝိညာဥ္သားရဲကိုေတာင္ ဆင့္ေခၚနိုင္တယ္ဆိုေတာ့...တကယ့္ထိပ္တန္းပါရမီရွင္ပဲ"အႀကီးအကဲရဲ႕ခ်ီးက်ဴးစကားေၾကာင့္ မဒမ္ႏြန္းကၿပဳံးသြားၿပီး သူမက ေအာင္ျမင္မည္ဆိုတာ ယုံၾကည္ၿပီးသားပင္၊ထို႔ေနာက္မွာေတာ့ အႀကီးအကဲရဲ႕ဦးေဆာင္မႈျဖင့္ ဒန္နာရီတို႔ဟာ စမ္းသပ္မႈျဖတ္သန္းရာေနရာကိုသြားေတာ့သည္၊
သူတို႔ဟာ ႀကီးမားတဲ့သစ္ပင္ႀကီးကို လွမ္းျမင္ေနရၿပီး ေသခ်ာၾကည့္ရင္ နီးတယ္ထင္ရေပမယ့္ ထိုသစ္ပင္ႀကီးက သူတို႔နဲ႕ဆယ္မိုင္ေက်ာ္ေဝးကြာလွသည္၊
"အရဲလာလ္ျမင့္ျမတ္နယ္ေျမရဲ႕ဝင္ေပါက္ပဲေလ၊ စမ္းသပ္မႈကို ဒီမွာပဲလုပ္ရမွာ...စမ္းသပ္မႈက ရိုးရွင္းပါတယ္..." အႀကီးအကဲကေျပာလိုက္ၿပီးေနာက္မွာ လွပတင့္တယ္ၿပီးအေတာင္ပံျဖန့္ကာ ေကာင္းကင္သို႔ေမာ္ကာ ပါးစပ္ဖြင့္ဟေနတဲ့အျဖဴေရာင္ငွက္ႀကီးထဲကို ေသြးစက္တစ္စက္ခ်လိဳက္သည္၊
အျဖဴေရာင္ငွက္႐ုပ္ရဲ႕မ်က္လုံးမ်ားက လင္းလက္လာၿပီးေနာက္မွာ ႀကီးမားတဲ့ေမွာ္ကြင္းႀကီးေပၚေပါက္လာေတာ့သည္၊
"အထဲကို ဝင္သြားလိုက္...တကယ္လို႔ အရဲလာလ္နယ္ေျမက မင္းကို သေဘာမက်ရင္ ဝင္ဖြင့္ေပးမွာမဟုတ္ဘူး"
"ဒါက ရိုးရွင္းတဲ့စမ္းသပ္ခ်က္ေလးပါပဲ...ေရစက္ရွိတဲ့သူက ဝင္ခြင့္ရမွာပဲေလ" အႀကီးအကဲက ရယ္ေမာကာေျပာလိုက္ေပမယ့္ သူက ဒန္နာရီကိုေတာက္ပစြာၾကည့္ေနေတာ့သည္၊ဒီလူငယ္ေလးက သာမန္မဟုတ္တာကို ခံစားရသလို အရဲလာလ္နယ္ေျမမွာ ထူးျခားမႈေတြေတာင္ ျဖစ္လာမည္လို႔လည္း ခံစားေနရသည္၊
"ေက်းဇူးတင္ပါတယ္ အႀကီးအကဲ" ဒန္နာရီက ရိုရိုေသေသဂါရဝျပဳလိုက္ၿပီးေနာက္မွာ ေမွာ္စက္ကြင္းႀကီးေရွ႕သြားကာရပ္လိုက္သည္၊ေမွာ္စက္ကြင္းက သူ႕ကိုတြန္းကန္ေနသလိုမခံစားရပဲ ျပင္းထန္စြာဆြဲငင္ေနသည္ကို သတိထားမိလိုက္သည္၊
'သြားၾကတာေပါ့'
ဒန္နာရီဟာ ေမွာ္စက္ကြင္းႀကီးထဲကို သက္ေတာင့္သက္သာလမ္းေလွ်ာက္ကာဝင္ေရာက္သြားေတာ့သည္၊ဒါက အလင္းေက်ာင္းေတာ္ရဲ႕အရဲလာလ္နယ္ေျမထဲကို ဝင္ေရာက္ခဲ့တဲ့သူေတြထဲမွာ ဒန္နာရီဟာ ရွစ္ေယာက္ေျမာက္ျဖစ္သည္၊
အရဲလာလ္နယ္ေျမထဲမွာ ဒန္နာရီက မည္သို႔ေသာ အံဖြယ္မ်ားကို ႀကဳံေတြ႕ရလိမ့္မလဲဆိုတာကို စာေရးဆရာအပ်င္းနဲ႕အတူ ေစာင့္တာေပါ့၊
------------------
Chapter-134ေမွ်ာ္
စာေရးဆရာေျပာစရာရွိသည္၊
အမတ္ႀကီးရဲ႕အပယ္ခံသားကို Bibliobay websiteမွာ ဖတ္လို႔ရသလို၊ စာေရးဆရာရဲ႕tg acc - YamasakiYuuto မွာ လာေရာက္ေမးျမန္းၿပီး paidဂ႐ုဝင္ကာ ဖတ္လို႔ရပါတယ္ဗ်
Unicode
ဒန်နာရီတို့တွေ အလင်းကျောင်းတော်ရှိရာကို ခရီးနှင်လာချိန်မှာ သိပ်သည်းတဲ့မှော်စွမ်းအားကို ခံစားလာရတော့သည်၊ဒါက အလင်းကျော်တော်နဲ့နီးစပ်လာတာကြောင့်ဖြစ်ပြီး နောက်တစ်ချက်ကတော့ မြင့်မြတ်နယ်မြေကြီးကြောင့်ဖြစ်သည်၊
"အလင်းကျောင်းတော် ကျော်ကြားရတဲ့အကြားအရင်းက အရဲလာလ်ဆိုတဲ့မြင့်မြတ်နယ်မြေကြောင့်ပဲ"
အရဲလာလ်ဆိုတာ နတ်သမီးတစ်ပါးရဲ့နာမည်ဖြစ်ပြီး အရဲလာလ်ဟာ လူသားသွေးတစ်ဝက်၊နတ်ဘုရားသွေးတစ်ဝက်ပိုင်ဆိုင်ထားတဲ့သွေးနှောဖြစ်သည်၊အရဲလာလ်ရဲ့မိခင်က အရဲလာလ်ကို ဆယ်နှစ်တိုင်ကိုယ်ဝန်ဆောင်ခဲ့ရပြီး နောက်ဆုံးမွေးဖွားလာတဲ့ချိန်မှာတော့ ရွှေရောင်သစ်ပင်ကြီးအဖြင့်ပြောင်းလဲခဲ့ပြီး အရဲလာလ်(ရွှေရောင်နတ်သမီးလေး)ကို ဖွားမြင်ခဲ့သည်၊ အရဲလာလ်မိခင်ရဲ့ခန္ဓာကိုယ်ဟာ လူသားစင်စစ်ကနေ ကြီးမားတဲ့သစ်ပင်ကြီးအဖြစ်ပြောင်းလဲသွားပြီး သိပ်သည်းလှတဲ့မှော်စွမ်းအားတွေထုတ်ပေးလာပြီး မြင့်မြတ်နယ်မြေအဖြစ်ပြောင်းလဲသွားတော့သည်၊
အရဲလာလ်ကတော့ မွေးဖွားလာပြီးနောက်မှာ နတ်ဘုရားတွေရဲ့ခေါ်ဆောင်ခြင်းကိုခံလိုက်ရပြီး ဒဏ္ဍာရီအသွင်နဲ့သာ ကျန်ရစ်ခဲ့သည်၊ဒါကြောင့် အလင်းကျောင်းတော်ရဲ့မြင့်မြတ်နယ်မြေကို အရဲလာလ်လို့ခေါ်တွင်ကာ ခေတ်အဆက်ဆက် မပြောင်းလဲပဲ ကိုးကွယ်တည်ရှိနေခဲ့တဲ့သွေးနှောနတ်ဘုရားမတစ်ဦးအဖြစ် အရဲလာလ်ကကျော်ကြားလာတော့သည်၊
အရဲလာလ်ဆီက ကောင်းချီးပေးခံရတဲ့သူတိုင်းက အလင်းစွမ်းအားမှာ သူမတူအောင်ကျွမ်းကျင်သူများဖြစ်လာတာကြောင့် အလင်းကျောင်းတော်က ကျောင်းသားတိုင်းက အလင်းနတ်ဘုရားပြီးရင် အရဲလာလ်ကို ကိုးကွယ်ကြသေးသည်၊
"မြင့်မြတ်နယ်မြေက ဝင်ရဖို့ခက်ခဲလိမ့်မယ်...ဒါပေမယ့် အလင်းငှက်က အရဲလာလ်နယ်မြေမှာပဲရှိတာ...ငါတို့တွေက အရဲလာလ်နယ်မြေထဲကို ဝင်ဖို့အတွက် စမ်းသပ်မှုတစ်ခုကိုတော့ ဖြတ်ရလိမ့်မယ်"
မဒမ်နွန်းက ဒန်နာရီကိုကြည့်ရင်းပြောလိုက်တာကြောင့် ဒန်နာရီက နားမလည်ဟန်ဖြစ်သွားတော့သည်၊
"အလင်းမှော်ဆရာတွေနဲ့ဝိညာဥ်ထိန်းကျောင်းသူတွေက မဟာမိတ်တွေပဲလေ ရှင်းရှင်းပြောရရင် အရဲလာလ်ကလည်း ဝိညာဥ်ထိန်းကျောင်းသူပဲ သူရဲ့ပထမဆုံးဝိညာဥ်သားရဲက နောဆိုတဲ့အလင်းငှက်တွေပဲလေ"
"ဒါကြောင့် အလင်းကျောင်းတော်က ဝိညာဥ်ထိန်းကျောင်းသူတွေကို တန်ဖိုးထားတယ်၊မင်းသာ ထိုက်တန်တဲ့သူတစ်ယောက်ဆိုရင် သူတို့က အရဲလာလ်နယ်မြေထဲကို ဝင်ခွင့်ပေးလိမ့်မယ်" မဒမ်နွန်းစကားကြောင့် ဒန်နာရီကနားလည်စွာခေါင်းညိတ်လိုက်သည်၊
"သိပ်တော့မစိုးရိမ်နဲ့ အလင်းငှက်ရဲ့သွေးမှင်က ရနိုင်ခြေရှိပြီးသားပဲ ဒါပေမယ့် မင်းသာ အလင်းငှက်ကိုပါခေါ်ဆောင်နိုင်ရင် ပိုကောင်းတာပေါ့" မဒမ်နွန်းကပြောစကားကို ဒန်နာရီကခေါင်းညိတ်လိုက်ပြီး စိတ်ထဲသာထည့်ထားလိုက်သည်၊အလင်းကျောင်းတော်မှာ မည်သို့ကြုံရမလဲမသိသေးတာကြောင့် သူဟာ လိုတာထက်ပိုပြီးမပြောပေ၊
မကြာခင်မှာ ကြီးမားမြင့်မားတဲ့အဖြူရောင်အဆောက်အဦးကြီးတွေကို ဒန်နာရီတို့က စမြင်လာတော့သည်၊တစ်ချို့သောအဆောက်အအုံများက လေပေါ်မှာဝဲပျံနေတော့သည်၊ကြီးမားတဲ့အဆောက်အဦးကြီးကတော့ ခမ်းနားတင့်တယ်စွာတည်ရှိနေပြီး အပြာရောင်ကောင်းကင်နဲ့ မျက်စိပဒေဿရှိလှသည်၊
"အလင်းကျောင်းတော်"
ဒန်နာရီတို့လှည်းဟာ ဂိတ်ဝကြီးကို ကျော်ဖြတ်လာချိန်မှာ ကြီးမားတဲ့အဖြူရောင်တံတိုင်းကြီးက သူတို့ကိုထူးဆန်းတဲ့ခံစားချက်တစ်မျိုးကိုမေးနေတော့သည်၊
အမှန်ပြောရရင် အလင်းကျောင်းတော်ရဲ့ဆယ်ပုံပုံကိုးပုံဟာ အဖြူရောင်တွေနဲ့သာတည်ဆောက်ထားသည်၊ကျောင်းသားတွေရဲ့ဝတ်စုံကလည်း သစ်လွင်ပြီးလှပသေသပ်တဲ့အဖြူရောင်ဝတ်စုံတွေသာဖြစ်သည်၊
"မသိရင် အရောင်မဲ့ကမ္ဘာထဲကိုဝင်လာရသလိုပဲ" ရှီရယ်က အသံတိုးတိုးနဲ့ပြောလိုက်ပေမယ့် သူတို့်လည်း အဲလိုခံစားနေရသည်၊ထို့နောက်မှာ လှည်းကရပ်တန့်သွားပြီး မဒမ်နွန်းဦးဆောင်မှုနောက်ကို ဒန်နာရီတို့ကလိုက်သွားတော့သည်၊
အလင်းကျောင်းတော်မှာ ဧည့်သည်တွေလာတာရှားပါးတာကြောင့် ဒန်နာရီတို့ကိုမြင်တော့ အလင်းကျောင်းတော်ရဲ့ကျောင်းသားတွေက လိုက်လံစပ်စုနေကြတော့သည်၊
ထို့နောက်မှာတော့ အကြီးအကဲတစ်ဦးကထွက်လာကာ မဒမ်နွန်းကို ကြိုဆိုကာနူတ်ဆက်တော့သည်၊
"နွန်းမျိုးနွယ်စုရဲ့သခင်မကိုယ်တိုင်ရောက်လာလို့ ကျွန်ုပ်တို့အလင်းကျောင်းတော်က ဝမ်းမြောက်ဝမ်းသာဖြစ်မိပါတယ်ဗျာ"
"အလင်းကျောင်းတော်က ဖိတ်ခေါ်တာကိုပဲ နွန်းမျိုးနွယ်စုက ပြန်ပြီးဝမ်းမြောက်ဝမ်းသာဖြစ်ရမှာပါရှင်" မဒမ်နွန်းက ပြုံးရင်းပြောလိုက်ပြီးနောက်မှာ သူမဟာ စာအိတ်တစ်အိတ်ကိုပေးလိုက်သည်၊ထို့နောက်မှာတော့ မဒမ်နွန်းက နောက်ထပ်ကိစ္စတစ်ခုကိုမေးလိုက်သည်၊
"အလင်းကျောင်းတော်မှာ အရဲလာလ်နယ်မြေအတွက် ဝိညာဥ်ထိန်းကျောင်းသူတွေကို စမ်းသပ်ခွင့်ပေးထားတဲ့စည်းမျဥ်းက တည်ရှိနေတုန်းလား"
"တည်ရှိနေတုန်းပါပဲဗျ" အကြီးအကဲက ဘာကြောင့်မေးလဲမသိပေမယ့် လေးလေးစားစားပြန်ဖြေလိုက်သည်၊
"ဒန်နာရီ ဒီလာခဲ့" မဒမ်နွန်းက ဒန်နာရီကိုခေါ်လိုက်ချိန်မှာ ဒန်နာရီလည်းထွက်လာပြီး အကြီးအကဲကိုနူတ်ဆက်လိုက်သည်၊
"ကျွန်တော်က ဝိညာဥ်ထိန်းကျောင်းသူဒန်နာရီ ရိုစဲဆလပ်ပါဗျ" ဒန်နာရီရဲ့စကားကိုကြားတော့ အကြီးအကဲရဲ့မျက်နှာက နူးညံ့မှုများဖြတ်သန်းသွားတော့သည်၊အလင်းကျောင်းတော်ကလူတွေက ဝိညာဥ်ထိန်းကျောင်းသူတွေကို တန်ဖိုးထားလှသည်၊
"ဒီလူငယ်လေးက ငယ်ရွယ်သေးတော့ စိန်ခေါ်မှုအတွက် အဆင်ပြေပါမလား" အကြီးအကဲက ဆယ့်ငါးနှစ်တောင်မပြည့်သေးတဲ့ဒန်နာရီကိုကြည့်ရင်း အနည်းငယ်စိတ်ပူစွာပြောလိုက်သည်၊
"အကြီးအကဲကို မင်းအရည်အချင်းတချို့ပြသပေးလိုက်ပါလား ဒန်နာရီ" မဒမ်နွန်းရဲ့စကားကို ဒန်နာရီက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး "အာလ်"ကို ခေါ်လိုက်တော့သည်၊အလင်းကျောင်းတော်ရဲ့ကြမ်းပြင်ဟာ လှုပ်ပြီးကွဲအက်သွားပြီး ကြမ်းပြင်ကနေ အဝါရောင်သန်းနေတဲ့ခြင်္သေ့ကြီးတစ်ကောင်ကထွက်ပေါ်လာပြီး ဒန်နာရီဘေးနားကပ်သွားကာ ဒန်နာရီခြေရင်းမှာ လှဲလျောင်းလိုက်ပြီး အကြီးအကဲကိုစိုက်ကြည့်နေတော့သည်၊
အကြီးအကဲက ပြန်လည်ကျောင်းမွန်သွားတဲ့ကြမ်းပြင်ကိုတစ်လှည့် ကြောက်စရာကောင်းတဲ့အရှိန်အဝါနဲ့တည်ရှိနေတဲ့ခြင်္သေ့ဝိညာဥ်သားရဲကိုတစ်လှည့်ကြည့်ရင်း တံထွေးမြိုချမိလိုက်သည်၊
"ဘုရင်အဆင့်သားရဲဝိညာဥ်...ပြီးတော့ ဒါက..."အကြီးအကဲဟာ မသေချာတာကြောင့် စကားကိုဆက်မပြောတော့ပေ၊သူ့စိတ်ထဲတွင် အဝါရောင်ခြင်္သေ့ဟာ သာမန်မဟုတ်တာကိုတော့ ခံစားရသည်၊အကြီးအကဲဟာ ဘုရင်အဆင့်သားရဲဝိညာဥ်တွေကို မြင်ဖူးပေမယ့် လက်ရှိသားရဲဝိညာဥ်လို မသန်မာကြောင်း ခံစားမိသည်၊
"ဒီသခင်လေးက ငယ်ငယ်ရွယ်ရွယ်နဲ့ ဘုရင်အဆင့်ဝိညာဥ်သားရဲကိုတောင် ဆင့်ခေါ်နိုင်တယ်ဆိုတော့...တကယ့်ထိပ်တန်းပါရမီရှင်ပဲ"အကြီးအကဲရဲ့ချီးကျူးစကားကြောင့် မဒမ်နွန်းကပြုံးသွားပြီး သူမက အောင်မြင်မည်ဆိုတာ ယုံကြည်ပြီးသားပင်၊ထို့နောက်မှာတော့ အကြီးအကဲရဲ့ဦးဆောင်မှုဖြင့် ဒန်နာရီတို့ဟာ စမ်းသပ်မှုဖြတ်သန်းရာနေရာကိုသွားတော့သည်၊
သူတို့ဟာ ကြီးမားတဲ့သစ်ပင်ကြီးကို လှမ်းမြင်နေရပြီး သေချာကြည့်ရင် နီးတယ်ထင်ရပေမယ့် ထိုသစ်ပင်ကြီးက သူတို့နဲ့ဆယ်မိုင်ကျော်ဝေးကွာလှသည်၊
"အရဲလာလ်မြင့်မြတ်နယ်မြေရဲ့ဝင်ပေါက်ပဲလေ၊ စမ်းသပ်မှုကို ဒီမှာပဲလုပ်ရမှာ...စမ်းသပ်မှုက ရိုးရှင်းပါတယ်..." အကြီးအကဲကပြောလိုက်ပြီးနောက်မှာ လှပတင့်တယ်ပြီးအတောင်ပံဖြန့်ကာ ကောင်းကင်သို့မော်ကာ ပါးစပ်ဖွင့်ဟနေတဲ့အဖြူရောင်ငှက်ကြီးထဲကို သွေးစက်တစ်စက်ချလိုက်သည်၊
အဖြူရောင်ငှက်ရုပ်ရဲ့မျက်လုံးများက လင်းလက်လာပြီးနောက်မှာ ကြီးမားတဲ့မှော်ကွင်းကြီးပေါ်ပေါက်လာတော့သည်၊
"အထဲကို ဝင်သွားလိုက်...တကယ်လို့ အရဲလာလ်နယ်မြေက မင်းကို သဘောမကျရင် ဝင်ဖွင့်ပေးမှာမဟုတ်ဘူး"
"ဒါက ရိုးရှင်းတဲ့စမ်းသပ်ချက်လေးပါပဲ...ရေစက်ရှိတဲ့သူက ဝင်ခွင့်ရမှာပဲလေ" အကြီးအကဲက ရယ်မောကာပြောလိုက်ပေမယ့် သူက ဒန်နာရီကိုတောက်ပစွာကြည့်နေတော့သည်၊ဒီလူငယ်လေးက သာမန်မဟုတ်တာကို ခံစားရသလို အရဲလာလ်နယ်မြေမှာ ထူးခြားမှုတွေတောင် ဖြစ်လာမည်လို့လည်း ခံစားနေရသည်၊
"ကျေးဇူးတင်ပါတယ် အကြီးအကဲ" ဒန်နာရီက ရိုရိုသေသေဂါရဝပြုလိုက်ပြီးနောက်မှာ မှော်စက်ကွင်းကြီးရှေ့သွားကာရပ်လိုက်သည်၊မှော်စက်ကွင်းက သူ့ကိုတွန်းကန်နေသလိုမခံစားရပဲ ပြင်းထန်စွာဆွဲငင်နေသည်ကို သတိထားမိလိုက်သည်၊
'သွားကြတာပေါ့'
ဒန်နာရီဟာ မှော်စက်ကွင်းကြီးထဲကို သက်တောင့်သက်သာလမ်းလျှောက်ကာဝင်ရောက်သွားတော့သည်၊ဒါက အလင်းကျောင်းတော်ရဲ့အရဲလာလ်နယ်မြေထဲကို ဝင်ရောက်ခဲ့တဲ့သူတွေထဲမှာ ဒန်နာရီဟာ ရှစ်ယောက်မြောက်ဖြစ်သည်၊
အရဲလာလ်နယ်မြေထဲမှာ ဒန်နာရီက မည်သို့သော အံဖွယ်များကို ကြုံတွေ့ရလိမ့်မလဲဆိုတာကို စာရေးဆရာအပျင်းနဲ့အတူ စောင့်တာပေါ့၊
------------------
Chapter-134မျှော်
စာရေးဆရာပြောစရာရှိသည်၊
အမတ်ကြီးရဲ့အပယ်ခံသားကို Bibliobay websiteမှာ ဖတ်လို့ရသလို၊ စာရေးဆရာရဲ့tg acc - YamasakiYuuto မှာ လာရောက်မေးမြန်းပြီး paidဂရုဝင်ကာ ဖတ်လို့ရပါတယ်ဗျ