သခင့်ခြေတော်ရင်း [Completed]

By Ennia_Yawn

142K 5.4K 1.5K

Title - သခင့်ခြေတော်ရင်း (သခင့္ေျခေတာ္ရင္း) Type - Own Creation, Myanmar BL, Mpreg မင်းရဲ့ခန္ဓာကိုယ... More

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Final
Extra (1)

Extra (2)

5K 181 47
By Ennia_Yawn

ရိပ်နေထိုင်ရာ သီးသန့်စံအိမ်ဝင်း‌လေးထဲရှိ အိပ်ခန်းကျယ်ထဲ၌ လှဲအိပ်နေသည့် ကောင်လေးအား ထိုင်စောင့်နေသော ဦးရာဇဓိရာဇ် ရှိသည်။ အပြင်ဖက်၌မူ အိမ်ထိန်းဦးလေးနှင့် သက်တော်စောင့်ချုပ်ကြီး အသင့်ရှိနေကြသည်။

ဦးရာဇ သူ့သားမက်အား စိတ်ပင်ပန်းစွာကြည့်နေရင်းမှ ဆိုလိုက်၏။

"ဒီကလေးကို မွေးပြီးရင် နောက်ထပ် ကလေး မယူနဲ့တော့။ သားသမီးလေးယောက်တောင် ရှိနေပြီဆိုတော့ လုံလောက်နေပြီ။ တကယ်ဆို ထပ်တောင်မယူသင့်တော့တာ"

ကလေးတွေကို ထိရင် နည်းနည်းမှ မကြိုက်တတ်သည့် ရိပ်၏မျက်လုံးများ ထောင့်ကပ်သွားပြီး အောက်နှုတ်ခမ်းကို တစ်ချက်ဖိကိုက်လိုက်သည်။ စိတ်အတက်အကျမြန်သူမို့ ဒေါသထွက်သွားသော်ငြား ပြန်မပြောမိ‌အောင် ထိန်းချုပ်ထားသည်။

ရိပ် မျက်နှာပျက်သွားတာကို မြင်လိုက်ရချိန်၌ ဦးရာဇ သူ့စကားမှားသွားမှန်း သိလိုက်တာကြောင့် ပြာပြာသလဲ ဖြေရှင်းမိတော့၏။

"အထင်မလွဲပါနဲ့၊ အဖေ ပြောချင်တာ ဗိုက်ထဲက ကလေးကို မလိုချင်တဲ့ သဘောမျိုး မဟုတ်ပါဘူး။ အဖေ့သားရဲ့မျိုးဆက်ကို အခုလို ရလိုက်တာ ကျေနပ်တယ်၊ ထပ်ရတော့လည်း တေဇထက်တောင် ပိုပျော်မိသေးတယ်။ ဒါပေမဲ့ ရင်သွေးလွယ်ရတာ သားအတွက် အန္တရာယ်များလွန်းတယ်၊ သားတစ်ခုခုဖြစ်သွားရင် တေဇ ရင်ကွဲနာကျမှာ၊ ကလေးသုံးယောက်ရောပဲ"

ဦးရာဇ ထရပ်လိုက်တော့၏။ သူ ရိပ်ကို စိတ်ပူလို့ လာကြည့်တာ ဖြစ်သော်ငြား စကားအထအနကောက်လွဲသွားလျှင် ရိပ်အတွက် စိတ်ဒဏ်ရာထပ်တိုးသွားမှာ သူ စိုးရိမ်သည်။ ရိပ်က အခုချိန်ထိ စိတ်ရောဂါကုဆရာဝန်နှင့် ရံဖန်ရံခါ ပြသနေရဆဲဖြစ်၏။ သူ့သား ရိပ်ကို ကြာလျှင် ရိုးသွားလောက်မည်ဟု သူနဲ့ ဦးမဟာ ယုံကြည်ခဲ့ကြသော်ငြား အိမ်ထောင်သက်ကြာလာလေ သူ့သားက ရိပ်ကို ငုံထားတော့မတတ် ပိုပိုဖြစ်လာလေမို့ ရိပ်၏အစွမ်းက ပေါ့သေးသေးတော့ မဟုတ်။ သူတို့ပိုင်ဆိုင်မှုတွေကို စိတ်မဝင်စားဘဲ တိတ်ဆိတ်စွာသာ ဒီသီးသန့်စံအိမ်လေးထဲမှာပဲ ကလေးတွေနှင့် နေတတ်သည့် ရိပ်ကို သူပင် တဖြည်းဖြည်း သံယောဇဉ်တွယ်လာမိသည်။

"ပြန်အိပ်လိုက်ဦးလေ၊ သား နိုးလာရင် နေ့လယ်စာ တူတူစားရအောင်"

ရိပ် မျက်လုံးမှိတ်ထားလိုက်၏။ ခေါင်းတောင်မညိတ်ပြလိုက်မိဘူးထင်၏။ ငယ်ငယ်ကတည်းက အဖေ အဖိုးတွေနဲ့ နီးနီးကပ်ကပ် မနေခဲ့ရသူမို့ သူ ကိုကို့အဖေနဲ့လည်း ဘယ်လိုမှ အဆင်ပြေအောင် မနေတတ်သလိုပင်။ သို့သော် သူ ရှစ်နှစ်လုံး ကိုကို့အသိုင်းအဝိုင်းပေါ် အေးတိအေးစက် ဆက်ဆံမိသော်လည်း ကိုကို့မိဘတွေကတော့ သူ့အပေါ် နွေးထွေးစွာ ဆက်ဆံကြတာကို သူ့နှလုံးသားထဲကနေပါ ခံစားမိသည်။

ရိပ် ဖြည်းဖြည်းချင်း အိပ်ပျော်သွား၏။

သူ ပြန်နိုးလာချိန်၌ သားတွေအခန်းဖက်က‌နေ ဒုန်းဒိုင်း အုန်းဒိုင်း အသံတွေကြားလိုက်ရသည်။ ပြေးကြည့်စရာမလို၊ ဒီနေ့က ကျောင်းပိတ်ရက်မို့ ထိုမျောက်ကလေးသုံးကောင် ဆော့နေကြတာပဲ ဖြစ်မည်ပင်။

ရိပ် အခန်းပြင်ထွက်လာ၏။ နေ့လယ်စာ စားချိန်‌ ရောက်ခါနီးမှပဲ သူ ပြန်နိုးလာခဲ့တာဖြစ်သည်။ အခန်းပြင်၌ သားတွေ၏ အခန်းရှေ့၌ ကိုကို ကွန်ပျူတာတစ်လုံးနဲ့ အလုပ်ရှုပ်နေသည်။ ဟိုတယ်လုပ်ငန်းတွေကို သူပဲ ဦးစီးနေတာဖြစ်သော်လည်း သမီးကို လွယ်ထားရချိန်မှာတော့ သူ ကိုကို့ကို ခဏပြန်လွှဲပေးထားရသည်။

တဖြည်းဖြည်းနှင့် တအား သောင်းကျန်းလာသည့် သားတွေကြောင့် တေဇ စာရိုက်နေရင်းနဲ့သာ အခန်းထဲက မျောက်သုံးကောင်ကို လှမ်းဆူနေရသည်။

"ဖြည်းဖြည်းဆော့ကြလေ၊ ပါးပါး အိပ်နေတာကို"

ကိုကို သူ့ကို မမြင်။ ရိပ် သားတွေအခန်းဖက်သို့ ကူးလာခဲ့ပြီး သားတွေကို လှမ်းကြည့်လိုက်၏။

"သြော်၊ ရိပ် နိုးပြီလား၊ ကလေးတွေ ဆူနေလို့ လန့်နိုးသွားတာလား"

တေဇ ချက်ချင်းထလာပြီး ရိပ်နား ရောက်လာကာ ကပ်မေးလိုက်ရသည်။ သူ့အမျိုးသားလေးက ကလေးလွယ်ထားရချိန်ဆိုလျှင် အရင်လို မဟုတ်တော့ဘဲ အသည်းငယ်သွားတတ်သူဖြစ်သည်။ အလွယ်တကူ လန့်လန့်နေတတ်သည်။

"ဟင့်အင်း၊ ကျွန်တော် သားတွေဆူနေတာတောင် မကြားမိတဲ့အထိကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာ၊ သမီးက ညကလို မကန်တော့ဘူး၊ အခုမှ အိပ်လို့ရတော့တယ်"

ရိပ်၏မျက်နှာလေး လန်းနေတာကို မြင်လိုက်ရမှ တေဇ သက်ပြင်းချနိုင်တော့သည်။

ရိပ် သားတွေအခန်းထဲ ဝင်သွား၏။ သုံးယောက်အိပ် ကုတင်ကြီးပေါ်ကို ခုန်တက်ခုန်ဆင်းလုပ်ကာ စူပါမန်းလုပ်တိုင်း ဆော့နေကြသည့် သားတွေက သူ့ကို မြင်ချိန်၌ အရှိန်နှင့် ပြေးလာကြကာ သူ့ပေါင်တစ်ဖက်စီကို အတင်းဖက်ကြတော့သည်။ ကျန်သည့်တစ်ယောက်ကတော့ အလယ်ကနေ ဖက်နေပြန်တာမို့ သုံးယောက်လုံး သူ့ပေါ်တွယ်တက်ဖို့ ကြိုးစားနေကြသည့်အလားပင်။

"ပါးပါးနဲ့ ဆော့ချင်တယ်"

အခန်းဝ၌ ရပ်ကြည့်နေသည့် တေဇတစ်ယောက် မျက်လုံးသာ လှန်လိုက်မိတော့ကာ သူ့အလုပ်စားပွဲဆီ ပြန်လျှောက်သွားတော့သည်။ ဒီသေးသေးလေးတွေ ဘယ်လိုအားတွေနဲ့များ မိုးလင်းကနေ မိုးချုပ် ဆော့နေနိုင်ကြလဲမသိ။

ရိပ် သားတွေ၏ကုတင်အစွန်း၌ ခြေချထိုင်နေပြီး သူ့နားကို အတင်းတိုးဝှေ့နေကြသည့် သားတွေနဲ့ ဆော့နေသည်။

ထိုစဉ် သူတို့အား အပြင်ဖက်မှ ကိုကို လှမ်းအော်လာသည်။

"ပါးပါးဗိုက်ကို ခိုက်မိမယ်နော်၊ ပါးပါးနဲ့ တအားမဆော့ကြနဲ့ဦး၊ ခဏနေ နေ့လယ်စာ စားရမယ်၊ လက်တွေခြေတွေ သွားဆေးကြတော့"

အမွှာသုံးယောက်လုံး ပြိုင်တူပင် နှုတ်ခမ်းစူလိုက်မိသည်။ သူတို့ ပါးပါးနား ကပ်ရတာ နာရီဝက်တောင် မပြည့်သေးတာကို ဖေဖေက ပေးမဆော့တော့။

သူတို့ကို ပါးပါးကိုယ်တိုင် ခြေလက်ဆေးပေးတာကို ခံပြီးချိန်၌ စားဖိုဆောင်ထဲသို့ ပါးပါးလက်ကိုဆွဲပြီး ထွက်လာကြသည်။

ပိတ်ရက်၏ စားသောက်ပွဲကြီးကား လူစုံတက်စုံ ရှိကြသည်။ ကိုကို့အဖိုးက သူ့မြစ်လေးတွေကို အလွန်ချစ်သူဖြစ်သည်။ ကိုကို့မေမေက သူ့အပေါ် အလွန်ကြင်နာလွန်းသူ ဖြစ်သည်။ ကိုကို့အဖေကတော့ သူ့ထက်စာလျှင် ကိုကို့ကို ပိုချစ်သည်ဟုသာ သူ ခံစားရတတ်သည်။ စိတ်ရောဂါကု ဆရာဝန်ကတော့ သူ ထိုကဲ့သို့ ထင်နေသည်မှာ သူ့စိတ်ဒဏ်ရာကြောင့်ဟုသာ ရှင်းပြတတ်သည်။

"ရိပ် ဒီဆိတ်သားဟင်းလေး ဝင်အောင်စား၊ လုံးဝ မညှီအောင် ကိုကို သေချာချက်ထားတာ"

သူ့ဘေးထိုင်နေသည့် ရိပ်ပန်းကန်ထဲသို့ နွှင်ပြီးသား ဆိတ်သားများ တေဇ ထည့်ပေးလိုက်သည်။ အလုပ်လည်း လုပ်ရပြီး ကလေးလည်း ထိန်းရသူမို့ သူ ဒီလူအများကြီးစာအတွက် ဟင်းတွေတော့ မချက်နိုင်။ သို့ပေသိ ဟင်းကောင်းကြိုက်တတ်သည့် ရိပ်အတွက်မူ သူ ဒီနေ့အထိ အနပ်တိုင်းမဟုတ်လျှင်တောင် အမြဲကိုယ်တိုင်ချက်ပေးနေသူဖြစ်သည်။

ရိပ်အတွက် ဟင်းတစ်ခွက် သူ ကိုယ်တိုင်ချက်လိုက်ရမှ တေဇ စားဝင်သည်။

"စားလို့ဖြစ်ရဲ့လား၊ အန်ချင်သေးလား"

ရိပ် ခေါင်းခါပြလိုက်ကာ ကိုကို့ဆိတ်သားဟင်းကို မြိန်ရေရှက်ရေ စားနေမိ၏။ အခုတလော ဟင်းနံ့ရတာနဲ့ အန်ချင်စိတ်များ လျော့လာသည်။

ဦးရာဇ သူ့ရှေ့က တိုးတိုးတိုးတိုးပြောနေသည့် စုံတွဲကို မနာလိုဖြစ်စွာ ကြည့်လိုက်မိသည်။ သူတို့အတွက်တော့ ဟင်းတစ်ခွက်တောင် ထမချက်ပေးတတ်သည့် သားစုတ်က သူ့လင်အပေါ်တော့ သိတတ်နေတာများ မွေးရကျိုးနပ်ရပါ၏။

ဦးမဟာနှင့် ဒေါ်ဇာဇာကတော့မူ ထိုစုံတွဲကို နည်းနည်းတောင် စိတ်မဝင်စားနိုင်ဘဲ မြေးသုံးယောက်ကိုသာ ကြည့်မဝ ပြောမဝ ဖြစ်နေကြသည်။

___________

ဒီမနက်ခင်း၌ ရိပ်တစ်ယောက် ပန်ဒါမျက်ကွင်းများနှင့် သားတွေအခန်းထဲသို့ ဝင်လာသည်။ ကျောင်းဖွင့်ရက်မို့ ကိုကို သားတွေအား ကျောင်းပို့ဖို့ ပြင်ဆင်ပေးလျက်ရှိနေတာကို တွေ့ရသည်။ သူ တစ်ညလုံး အိပ်မရခဲ့။ သမီးက အရင့်အရင်ညတွေထက်ပင် ဆက်တိုက်ကန်သည်။ ဗိုက်ထဲက တစ်ချက်တစ်ချက် ဖြစ်ညှစ်ခြင်းအား ခံနေရသည်။ အရှေ့၌ အမွှာကိုယ်ဝန်ချည်းပဲ နှစ်ခါဆောင်ထားရချိန်တုန်းကထက်ပင် သမီးတစ်ယောက်တည်းကို လွယ်ထားရချိန်က သူ့အတွက် ပိုပင်ပန်းနေသည်။

"ကိုကို ကျွန်တော် ဒီနေ့ ကျောင်းကို မလိုက်တော့ဘူးနော်"

ရိပ် အခန်းတံခါးကို တစ်ကိုယ်လုံး မှီတွယ်ထားရင်း ပြောရသည်။ ကိုယ်ဝန်လရင့်လာချိန်မို့ သူ တော်ရုံအပြင်မထွက်တော့တာ ကြာပြီဖြစ်၏။ လှေကားမှန်သမျှကို ရှောင်၏။ မဖြစ်မနေ ဆင်းရလျှင် ကိုကို့လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတတ်၏။ စိတ်ပြေလက်ပျောက်ဖြစ်အောင်တော့ သားတွေ ကျောင်းပို့ကျောင်းကြိုချိန်တိုင်းတွင် ကိုကို့ကားပေါ်ထိုင်လိုက်သွားဖြစ်သည်။

ဒီနေ့တော့ သူ မတ်မတ်ရပ်ဖို့ပင် ခက်လာသည်။ မွေးဖို့ရက်က တစ်လကျော်တောင် လိုသေးသော်ငြား သူ့ဗိုက်က ညကတည်းက ခပ်စိပ်စိပ် နာလာသည်။ သမီးကိုလည်း သားတွေတုန်းကလို ‌စောမွေးချင်ပြန်ပြီထင်၏။

လွယ်အိတ်ထဲသို့ သူ့စာအုပ်အပြင် ညီလေးတွေ၏ စာအုပ်တွေကိုပါ ကောက်ထည့်နေသည့် အကြီးဆုံးဖြစ်သော သွေးကြောရစ်နှောင် ပါးပါးနား ပြေးလာသည်။

"ပါးပါး ညကလည်း အိပ်မရဘူးလား"

ပါးပါးက အသံတောင် မထွက်တော့ဘဲ မျက်စိစုံမှိတ်ထားတာမို့ ရစ် လန့်သွားကာ ဖေဖေ့ဆီ ပြေးသွားမိသည်။

"ဖေဖေ ပါးပါးကို ကြည့်ပါဦး"

တေဇ အလတ်လေးကို အဝတ်ဝတ်ပေးနေရင်း အနောက်ကို ဆတ်ခနဲ လှည့်ကြည့်လိုက်မိသည်။ သူလည်း ပန်ဒါမျက်လုံးဖြစ်လို့နေ၏။ ရိပ် အိပ်မရလျှင် သူလည်း မအိပ်နိုင်ပါ။ သူလည်း သေချာမအိပ်ရတာ ရက်အတော်များလာပြီဖြစ်သည်။

တေဇ ရိပ်နားသို့ အမြန်ထလာပြီး ရိပ်၏ကိုယ်လုံးလေးကို သူ့ရင်ခွင်ထဲ မှီစေလိုက်ရချိန် ရိပ်ထံက မခံမရပ်နိုင်လောက်သည့် ညည်းညူသံများ ထွက်ကျလာသည်။

"ကျွန်တော် အရမ်းနာနေပြီ၊ မရတော့ဘူး"

ဖေ‌ဖေ ဘာမှမပြောသေးခင်ပင် အငယ်လေး အခန်းအပြင်သို့ တရှိန်ထိုး ပြေးထွက်သွားသည်။ အိမ်ထိန်းဦးလေးကို သွားခေါ်ပြီး ဆေးရုံကားခေါ်ပေးဖို့ ပြောလိုက်သည်။

အလတ်ဖြစ်သည့် စောင်းခက်ကြိုးမျှင်မှာမူ သူ့လွယ်အိတ်ထဲက စာအုပ်တွေကို ဝေါခနဲ သွန်ချလိုက်ပြီး ပါးပါးအခန်းထဲ ထိုလွယ်အိတ်ကို ယူကာ ပြေးထွက်သွားသည်။ ပါးပါး ဆေးရုံ‌ရောက်လျှင် လိုမည့်ပစ္စည်းတွေကို လွယ်အိတ်ထဲ အမြန်ကောက်ထည့်နေပြီး ပါးစပ်မှလည်း ပါးပါး ဘာမှမဖြစ်စေဖို့ ဘုရားစာတွေ တိုးတိုး တိုးတိုး ရေရွတ်နေသည်။

အကြီးဆုံးလေး ရစ်ကတော့ ဖေဖေ့ဘေးမှာပဲ အဆင်သင့်ရပ်နေပြီး ဖေဖေ ခိုင်းတာနဲ့ တန်းလုပ်ပေးနိုင်ဖို့ ရယ်ဒီ‌စောင့်နေရင်း ပါးပါးလက်ကိုလည်း ဆုပ်ကိုင်ထားမိသည်။

"ရိပ် ဒီခုံမှာ ထိုင်ချလိုက်၊ ခဏလေး၊ ခဏလေးပဲ စောင့်နော်၊ ကိုယ် ဆေးရုံကားခေါ်ပေးမယ်၊ သား ပါးပါးကို ခဏကြည့်ထားပေးဦး"

တေဇ ပြေးထွက်လာချိန်၌ ဆေးရုံကား ခေါ်ပြီးပြီဖြစ်ကာ လွယ်အိတ်တစ်လုံးနှင့် ပြေးထွက်လာသည့် သားလတ်က သူ့ဖိနပ်ကိုလည်း အဆင်သင့်ချပေးထားသည်။

သိပ်မကြာခင်အတွင်းပင် သူ ဆေးရုံကို ရိပ်အား အမြန်ပို့ပေးလိုက်နိုင်ခဲ့သည်။ သားတွေကိုတော့ ဖေဖေတို့နဲ့ပဲ ထားခဲ့ရကာ နောက်မှ လိုက်လာစေရတော့၏။

ဒီတစ်ခေါက်လည်း ရိပ် စောမွေးပြန်တာပင်။ ခွဲခန်းအပြင်၌ တေဇ သူ့နှလုံးခုန်သံ သူ ပြန်ကြားရလောက်အောင်အထိ စိုးရိမ်တကြီး ဖြစ်နေခဲ့ရသည်။ ဒီတစ်ကြိမ်၌မူ တေဇအတွက် ပထမတစ်ခေါက်တုန်းကလို တစ်ယောက်တည်း မဟုတ်ဘဲ သူ့ဘေး၌ သူ့အား မျက်လုံးရဲရဲလေးများဖြင့် ငေးကြည့်နေကြသည့် သားသုံးယောက်ပါ ရှိနေခဲ့သည်။

"ဖေဖေ ပါးပါးက သားတို့ကို မွေးတုန်းကလည်း အဲ့လို နာနေတာလား"

ရစ် အငယ်လေးအား-

"အဲ့ထက်ပိုနာမှာကွ၊ ပါးပါး ခုန အရမ်းနာနေတာ မျက်လုံးထဲကကို မထွက်ဘူး"

ရစ် သူ့လက်သီးလေးများအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ အိမ်မှာတုန်းက ပါးပါးဘေးမှာ သူ စောင့်နေခဲ့ရတာမို့ ပါးပါး တအားနာနေတာကို သူ သေချာတွေ့လိုက်ရသည်။ ပါးပါးကို အခုကစပြီး သေချာစောင့်ရှောက်ဖို့ ရစ် ဆုံးဖြတ်ချက်ချလိုက်မိသည်။

ခက်ကတော့ အိမ်မှာတုန်းကအတိုင်း နှုတ်ခမ်းလှုပ်ရုံသာ ရသမျှ ဘုရားစာကို ထိုင်ရွတ်နေ၏။ ပါးပါး သူတို့ကို မွေးဖို့၊ ညီမလေးကို မွေးဖို့ အခုလို မနာကျင်ရလျှင် ဘယ်လောက်များ ကောင်းမလဲ။

အငယ်လေးကတော့ ဖေဖေ့ကိုဖက်ပြီး တရှုံ့ရှုံ့ ငိုနေပြီဖြစ်သည်။ ပါးပါး သူ့ဘေး မရှိတော့မှာ သူ အလွန်ကြောက်နေမိသည်။ ပါးပါးကို သူ တအားချစ်သည်။

အချိန်များစွာ ကုန်လွန်သွားပြီးချိန်၌ ကလေး ငိုသံကြားလိုက်ရ၏။ ခဏအကြာ၌ ခွဲခန်းထဲက ‌ဒေါက်တာတွေ ထွက်လာ၏။

"သမီးလေးကို ကျန်းကျန်းမာမာနဲ့ မွေးလိုက်နိုင်ပါတယ်။ လူနာကတော့ တော်တော်လေး ပင်ပန်းသွားတယ်၊ အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ပါဘူး"

တေဇ၏ အစားထိုးထားသည့် နှလုံးက ခပ်ပြင်းပြင်း တစ်ချက်စောင့်ခုန်သည်။ သူ ထိုင်ခုံပေါ် ဘုတ်ခနဲ ပြုတ်ကျသွားပြီး ရိပ် ကိုယ်ဝန်စဆောင်ကတည်းက ရိပ်အပေါ် သားတို့ကိုယ်ဝန်တုန်းကလိုပဲ တစ်ရက်မလပ် ပူပန်ခဲ့ရတာတွေက အခုမှပဲ ရင်ထဲက အလုံးကြီးကျသွားသည့်အလား လူပါ ပုံကျသွားသည်။

အားကိုးရသည့် သားတွေက ချက်ချင်းလိုလို သူ့ကို ကြည့်ပေးဖို့ ခွဲခန်းထဲက ထွက်လာတဲ့ ဆရာတွေကို အတင်း ဝိုင်းဆွဲကြတော့တာမို့ သူ လက်ကာတားရသေး၏။

"ဖေဖေ ဘာမှမဖြစ်ပါဘူးကွာ၊ မငိုကြနဲ့၊ ခဏနေ ပါးပါးနဲ့ ညီမလေးကို သွားကြည့်ကြမယ်"

----------------

"ကိုကို့ရိပ်ကလေး ဒီမှာကြည့်၊ သမီးလေးက ရိပ်နဲ့ တပုံစံထဲ တွေ့လား"

ရိပ်ဘေးသို့ သမီးလေးကို ငြင်သာစွာ တေဇ ချပေးလိုက်သည်။ သမီးလေးကိုတော့ ရိပ်နဲ့တူစေချင်ခဲ့မိသည့် သူ့ဆန္ဒများပါ ပြည့်မြောက်သွားရသည်။ ရိပ်နဲ့သာတူရင် သမီးလေးက အလွန်လှပသည့် မိန်းမလှလေး ဖြစ်လာမှာပင်။

သမီးလေးကို ရိပ် ချစ်မဝစွာ ကြည့်နေမိသည်။ သူ့ဗိုက်ထဲကနေ ထိုမျှလောက် ချစ်စရာကောင်းတာလေးတွေ တစ်ယောက်ပြီးတစ်ယောက် မွေးထုတ်လိုက်နိုင်တယ်ဆိုတာ သူ အခုထိ မယုံနိုင်ဖြစ်ရသည်။

သူ့ဘေး၌ တိတ်တိတ်လေးရပ်နေသည့် သားလေးတွေလည်း ရှိနေ၏။ မျောက်ကလေးတွေလို ဆူညံနေတတ်သည့် သားလေးတွေက အရုပ်လေးတွေလို ငြိမ်သက်နေလို့။ သားလေးတွေရှေ့ သူ့မွေးခါနီး နာကျင်မှုကို မပြမိစေဖို့အတွက်  သူ့မွေးရက်နီးလျှင် သားတွေကို အန်ကယ်တို့နှင့် ခရီးလွှတ်ထားဖို့ပင် အစီအစဉ်ချထားခဲ့သည်။ သမီးက ရုတ်တရက်ကြီး စောထွက်လာတာမို့ သားတွေကို လန့်အောင် လုပ်လိုက်မိပြီ။

သမီးလေးကို ကိုကို့လက်ထဲ ပြန်ပေးလိုက်ပြီး သားတွေကို လှမ်းခေါ်လိုက်ရသည်။ သူ ခေါ်လိုက်တာနဲ့ သားတွေက ကုတင်နား ရောက်လာကြသည်။ သူကတော့ ဗိုက်က ချုပ်ရိုးကြောင့် ထမထိုင်နိုင်သေးတာမို့ လှဲရက်ဖြင့်သာ သားတွေကို ထွေးပွေ့လိုက်ရသည်။

"သားတို့ လန့်သွားကြလား၊ ပါးပါး ဘာမှမဖြစ်တော့ဘူးနော်"

အမွှာလေးတွေ ခေါင်းညိတ်ပြလိုက်ကြသော်ငြား သူတို့စိတ်ထဲ၌ ပါးပါးကို သူတို့လည်း ဖေဖေ့လို သေချာစောင့်ရှောက်ပေးနိုင်ချင်တာမို့ အသက်မြန်မြန်ကြီးချင်စိတ်များ တဖွားဖွားပေါ်နေကြ၏။ သူတို့ကြည့်သည့် ကာတွန်းကားတွေထဲကလို လူကြီးမြန်မြန်ဖြစ်မည့် အစွမ်းတွေရချင်သည်။

နောက်ထပ်နာရီအနည်းငယ်ကြာသွားချိန်၌မူ ပုခက်သေးသေးလေးထဲ၌ အိပ်နေသည့် ညီမ‌လေးကို သူတို့သုံးယောက် မိုးကြည့်နေကြရင်း ညီမလေး မနိုးအောင် တိုးတိုးတိုးတိုး တိုင်ပင်နေကြသည်။

ထိုအရာကား ညီမလေးအခန်းကို သူတို့အတန်းထဲက သူငယ်ချင်းမလေးတွေ ကြည့်ကြည့်နေတတ်ကြသည့် Disney မင်းသမီးကားလေးတွေထဲက ဘယ်မင်းသမီးရဲ့ အိပ်ခန်းနှင့်တူအောင် ပြင်ပေးရမလဲ တိုင်ပင်နေကြခြင်းပင်။ သို့ပေသိ သူတို့သုံးယောက် မင်းသမီးတွေ၏ အိပ်ခန်းအပြင်အဆင်ကို သေချာမသိတာမို့ နောက်နေ့ကျရင် ဘယ်ကား အရင်ကြည့်လျှင်ကောင်းမလဲ ဆွေးနွေးနေကြခြင်းဖြစ်သည်။

သမီးကိုကြည့်ရင်း ပွစိပွစိ လုပ်နေကြသည့် သားတွေကိုကြည့်ရင်း တေဇ ခေါင်းရမ်းမိ၏။ သူ့မျက်စိထဲ၌ မျောက်ကလေး လေးကောင်ဖြစ်တော့မည်ဟု မြင်နေသည်။ မထွက်လာခင်ကတည်းက ရိပ်ကို ဗိုက်ထဲကနေ တစ်ချိန်လုံး ကန်ကျောက်နေခဲ့တဲ့ သမီးလေးက ရိပ်လို သက်တော်စောင့်များ ဖြစ်ချင်နေလား မသိ။

ဆေးအရှိန်တွေနှင့် ပြန်အိပ်ပျော်နေသည့် ရိပ်ဘေး၌ ထိုင်နေရင်း တေဇ ပြုံးလိုက်မိသည်။ သူ့ဘေးသို့ သက်တော်စောင့်လေးအဖြစ် ရောက်ရှိလာခဲ့သည့် အမျိုးသားလေးက အခုလည်း သူ့အတွက် ကိုယ့်အသက်ကိုယ် မငဲ့ဘဲ သူ့ရင်သွေးလေးတွေကို မွေးထုတ်ပေးနေခဲ့သည်။

တေဇ ရိပ်၏လက်ကို ငြင်သာစွာ ဆုပ်ကိုင်လိုက်ကာ လက်ဖမိုးလေးကို ခပ်ဖွဖွ နမ်းရှိုက်လိုက်ရင်း လေးလေးနက်နက် ကတိပြုလိုက်၏။ သူ အခုထက်ပိုပြီး ရိပ်ကို ပိုပိုချစ်ပေးပါ့မည်ဟု။ ပိုပိုကြင်နာသွားပါ့မည်ဟု။ ထာဝရသစ္စာရှိသွားပါမည်ဟု။

လေလျှော့လိုက်သလို ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားရသည့် နှောင်ကြိုးရိပ်တစ်ယောက် ဆေးရုံကုတင်ထက်၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်။ အိပ်မက်တွေပင် မက်လို့နေသည်။ အိပ်မက်ထဲ၌ သူ ကိုကို့အတွက် ကလေးလေးတွေ ထပ်မွေးပေးနေပြန်သည်။ ထိုသို့ မွေးပေးရတာလည်း သူ ပျော်နေလေသည်။

အိပ်မက်ကမ္ဘာထဲ၌ ကြည်နူးစရာကောင်းနေ၏။ အပြင်ဖက်ရှိ သူ့ဘဝကလည်း သူ့အပေါ် အများကြီး ချစ်ပေးနေကြသည့် ယောက်ျားနှင့် သားတွေကြား ပျော်စရာကောင်းနေရပါသည်။

________________________

ရိပ်ကလေးကို လွမ်းလို့ extra နှစ်ပိုင်း အမှတ်တရ ရေးဖြစ်သွားတာမို့ သမီးလေးတစ်ယောက်ပါ ထပ်တိုးသွားရပါပြီ။ 🤭

ရိပ်တို့ဆီကနေ ထပ်ပြီး နှုတ်ဆက်လိုက်ပါတယ်။

________________________

29.2.2024

[Zawgyi]

ရိပ္ေနထိုင္ရာ သီးသန႔္စံအိမ္ဝင္း‌ေလးထဲရွိ အိပ္ခန္းက်ယ္ထဲ၌ လွဲအိပ္ေနသည့္ ေကာင္ေလးအား ထိုင္ေစာင့္ေနေသာ ဦးရာဇဓိရာဇ္ ရွိသည္။ အျပင္ဖက္၌မူ အိမ္ထိန္းဦးေလးႏွင့္ သက္ေတာ္ေစာင့္ခ်ဳပ္ႀကီး အသင့္ရွိေနၾကသည္။

ဦးရာဇ သူ႕သားမက္အား စိတ္ပင္ပန္းစြာၾကည့္ေနရင္းမွ ဆိုလိုက္၏။

"ဒီကေလးကို ေမြးၿပီးရင္ ေနာက္ထပ္ ကေလး မယူနဲ႕ေတာ့။ သားသမီးေလးေယာက္ေတာင္ ရွိေနၿပီဆိုေတာ့ လုံေလာက္ေနၿပီ။ တကယ္ဆို ထပ္ေတာင္မယူသင့္ေတာ့တာ"

ကေလးေတြကို ထိရင္ နည္းနည္းမွ မႀကိဳက္တတ္သည့္ ရိပ္၏မ်က္လုံးမ်ား ေထာင့္ကပ္သြားၿပီး ေအာက္ႏႈတ္ခမ္းကို တစ္ခ်က္ဖိကိုက္လိုက္သည္။ စိတ္အတက္အက်ျမန္သူမို႔ ေဒါသထြက္သြားေသာ္ျငား ျပန္မေျပာမိ‌ေအာင္ ထိန္းခ်ဳပ္ထားသည္။

ရိပ္ မ်က္ႏွာပ်က္သြားတာကို ျမင္လိုက္ရခ်ိန္၌ ဦးရာဇ သူ႕စကားမွားသြားမွန္း သိလိုက္တာေၾကာင့္ ျပာျပာသလဲ ေျဖရွင္းမိေတာ့၏။

"အထင္မလြဲပါနဲ႕၊ အေဖ ေျပာခ်င္တာ ဗိုက္ထဲက ကေလးကို မလိုခ်င္တဲ့ သေဘာမ်ိဳး မဟုတ္ပါဘူး။ အေဖ့သားရဲ႕မ်ိဳးဆက္ကို အခုလို ရလိုက္တာ ေက်နပ္တယ္၊ ထပ္ရေတာ့လည္း ေတဇထက္ေတာင္ ပိုေပ်ာ္မိေသးတယ္။ ဒါေပမဲ့ ရင္ေသြးလြယ္ရတာ သားအတြက္ အႏၲရာယ္မ်ားလြန္းတယ္၊ သားတစ္ခုခုျဖစ္သြားရင္ ေတဇ ရင္ကြဲနာက်မွာ၊ ကေလးသုံးေယာက္ေရာပဲ"

ဦးရာဇ ထရပ္လိုက္ေတာ့၏။ သူ ရိပ္ကို စိတ္ပူလို႔ လာၾကည့္တာ ျဖစ္ေသာ္ျငား စကားအထအနေကာက္လြဲသြားလွ်င္ ရိပ္အတြက္ စိတ္ဒဏ္ရာထပ္တိုးသြားမွာ သူ စိုးရိမ္သည္။ ရိပ္က အခုခ်ိန္ထိ စိတ္ေရာဂါကုဆရာဝန္ႏွင့္ ရံဖန္ရံခါ ျပသေနရဆဲျဖစ္၏။ သူ႕သား ရိပ္ကို ၾကာလွ်င္ ရိုးသြားေလာက္မည္ဟု သူနဲ႕ ဦးမဟာ ယုံၾကည္ခဲ့ၾကေသာ္ျငား အိမ္ေထာင္သက္ၾကာလာေလ သူ႕သားက ရိပ္ကို ငုံထားေတာ့မတတ္ ပိုပိုျဖစ္လာေလမို႔ ရိပ္၏အစြမ္းက ေပါ့ေသးေသးေတာ့ မဟုတ္။ သူတို႔ပိုင္ဆိုင္မႈေတြကို စိတ္မဝင္စားဘဲ တိတ္ဆိတ္စြာသာ ဒီသီးသန႔္စံအိမ္ေလးထဲမွာပဲ ကေလးေတြႏွင့္ ေနတတ္သည့္ ရိပ္ကို သူပင္ တျဖည္းျဖည္း သံေယာဇဥ္တြယ္လာမိသည္။

"ျပန္အိပ္လိုက္ဦးေလ၊ သား နိုးလာရင္ ေန႕လယ္စာ တူတူစားရေအာင္"

ရိပ္ မ်က္လုံးမွိတ္ထားလိုက္၏။ ေခါင္းေတာင္မညိတ္ျပလိုက္မိဘူးထင္၏။ ငယ္ငယ္ကတည္းက အေဖ အဖိုးေတြနဲ႕ နီးနီးကပ္ကပ္ မေနခဲ့ရသူမို႔ သူ ကိုကို႔အေဖနဲ႕လည္း ဘယ္လိုမွ အဆင္ေျပေအာင္ မေနတတ္သလိုပင္။ သို႔ေသာ္ သူ ရွစ္ႏွစ္လုံး ကိုကို႔အသိုင္းအဝိုင္းေပၚ ေအးတိေအးစက္ ဆက္ဆံမိေသာ္လည္း ကိုကို႔မိဘေတြကေတာ့ သူ႕အေပၚ ေႏြးေထြးစြာ ဆက္ဆံၾကတာကို သူ႕ႏွလုံးသားထဲကေနပါ ခံစားမိသည္။

ရိပ္ ျဖည္းျဖည္းခ်င္း အိပ္ေပ်ာ္သြား၏။

သူ ျပန္နိုးလာခ်ိန္၌ သားေတြအခန္းဖက္က‌ေန ဒုန္းဒိုင္း အုန္းဒိုင္း အသံေတြၾကားလိုက္ရသည္။ ေျပးၾကည့္စရာမလို၊ ဒီေန႕က ေက်ာင္းပိတ္ရက္မို႔ ထိုေမ်ာက္ကေလးသုံးေကာင္ ေဆာ့ေနၾကတာပဲ ျဖစ္မည္ပင္။

ရိပ္ အခန္းျပင္ထြက္လာ၏။ ေန႕လယ္စာ စားခ်ိန္‌ ေရာက္ခါနီးမွပဲ သူ ျပန္နိုးလာခဲ့တာျဖစ္သည္။ အခန္းျပင္၌ သားေတြ၏ အခန္းေရွ႕၌ ကိုကို ကြန္ပ်ဴတာတစ္လုံးနဲ႕ အလုပ္ရႈပ္ေနသည္။ ဟိုတယ္လုပ္ငန္းေတြကို သူပဲ ဦးစီးေနတာျဖစ္ေသာ္လည္း သမီးကို လြယ္ထားရခ်ိန္မွာေတာ့ သူ ကိုကို႔ကို ခဏျပန္လႊဲေပးထားရသည္။

တျဖည္းျဖည္းႏွင့္ တအား ေသာင္းက်န္းလာသည့္ သားေတြေၾကာင့္ ေတဇ စာရိုက္ေနရင္းနဲ႕သာ အခန္းထဲက ေမ်ာက္သုံးေကာင္ကို လွမ္းဆူေနရသည္။

"ျဖည္းျဖည္းေဆာ့ၾကေလ၊ ပါးပါး အိပ္ေနတာကို"

ကိုကို သူ႕ကို မျမင္။ ရိပ္ သားေတြအခန္းဖက္သို႔ ကူးလာခဲ့ၿပီး သားေတြကို လွမ္းၾကည့္လိုက္၏။

"ေၾသာ္၊ ရိပ္ နိုးၿပီလား၊ ကေလးေတြ ဆူေနလို႔ လန႔္နိုးသြားတာလား"

ေတဇ ခ်က္ခ်င္းထလာၿပီး ရိပ္နား ေရာက္လာကာ ကပ္ေမးလိုက္ရသည္။ သူ႕အမ်ိဳးသားေလးက ကေလးလြယ္ထားရခ်ိန္ဆိုလွ်င္ အရင္လို မဟုတ္ေတာ့ဘဲ အသည္းငယ္သြားတတ္သူျဖစ္သည္။ အလြယ္တကူ လန႔္လန႔္ေနတတ္သည္။

"ဟင့္အင္း၊ ကြၽန္ေတာ္ သားေတြဆူေနတာေတာင္ မၾကားမိတဲ့အထိကို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနတာ၊ သမီးက ညကလို မကန္ေတာ့ဘူး၊ အခုမွ အိပ္လို႔ရေတာ့တယ္"

ရိပ္၏မ်က္ႏွာေလး လန္းေနတာကို ျမင္လိုက္ရမွ ေတဇ သက္ျပင္းခ်နိဳင္ေတာ့သည္။

ရိပ္ သားေတြအခန္းထဲ ဝင္သြား၏။ သုံးေယာက္အိပ္ ကုတင္ႀကီးေပၚကို ခုန္တက္ခုန္ဆင္းလုပ္ကာ စူပါမန္းလုပ္တိုင္း ေဆာ့ေနၾကသည့္ သားေတြက သူ႕ကို ျမင္ခ်ိန္၌ အရွိန္ႏွင့္ ေျပးလာၾကကာ သူ႕ေပါင္တစ္ဖက္စီကို အတင္းဖက္ၾကေတာ့သည္။ က်န္သည့္တစ္ေယာက္ကေတာ့ အလယ္ကေန ဖက္ေနျပန္တာမို႔ သုံးေယာက္လုံး သူ႕ေပၚတြယ္တက္ဖို႔ ႀကိဳးစားေနၾကသည့္အလားပင္။

"ပါးပါးနဲ႕ ေဆာ့ခ်င္တယ္"

အခန္းဝ၌ ရပ္ၾကည့္ေနသည့္ ေတဇတစ္ေယာက္ မ်က္လုံးသာ လွန္လိုက္မိေတာ့ကာ သူ႕အလုပ္စားပြဲဆီ ျပန္ေလွ်ာက္သြားေတာ့သည္။ ဒီေသးေသးေလးေတြ ဘယ္လိုအားေတြနဲ႕မ်ား မိုးလင္းကေန မိုးခ်ဳပ္ ေဆာ့ေနနိုင္ၾကလဲမသိ။

ရိပ္ သားေတြ၏ကုတင္အစြန္း၌ ေျခခ်ထိဳင္ေနၿပီး သူ႕နားကို အတင္းတိုးေဝွ႕ေနၾကသည့္ သားေတြနဲ႕ ေဆာ့ေနသည္။

ထိုစဥ္ သူတို႔အား အျပင္ဖက္မွ ကိုကို လွမ္းေအာ္လာသည္။

"ပါးပါးဗိုက္ကို ခိုက္မိမယ္ေနာ္၊ ပါးပါးနဲ႕ တအားမေဆာ့ၾကနဲ႕ဦး၊ ခဏေန ေန႕လယ္စာ စားရမယ္၊ လက္ေတြေျခေတြ သြားေဆးၾကေတာ့"

အမႊာသုံးေယာက္လုံး ၿပိဳင္တူပင္ ႏႈတ္ခမ္းစူလိုက္မိသည္။ သူတို႔ ပါးပါးနား ကပ္ရတာ နာရီဝက္ေတာင္ မျပည့္ေသးတာကို ေဖေဖက ေပးမေဆာ့ေတာ့။

သူတို႔ကို ပါးပါးကိုယ္တိုင္ ေျခလက္ေဆးေပးတာကို ခံၿပီးခ်ိန္၌ စားဖိုေဆာင္ထဲသို႔ ပါးပါးလက္ကိုဆြဲၿပီး ထြက္လာၾကသည္။

ပိတ္ရက္၏ စားေသာက္ပြဲႀကီးကား လူစုံတက္စုံ ရွိၾကသည္။ ကိုကို႔အဖိုးက သူ႕ျမစ္ေလးေတြကို အလြန္ခ်စ္သူျဖစ္သည္။ ကိုကို႔ေမေမက သူ႕အေပၚ အလြန္ၾကင္နာလြန္းသူ ျဖစ္သည္။ ကိုကို႔အေဖကေတာ့ သူ႕ထက္စာလွ်င္ ကိုကို႔ကို ပိုခ်စ္သည္ဟုသာ သူ ခံစားရတတ္သည္။ စိတ္ေရာဂါကု ဆရာဝန္ကေတာ့ သူ ထိုကဲ့သို႔ ထင္ေနသည္မွာ သူ႕စိတ္ဒဏ္ရာေၾကာင့္ဟုသာ ရွင္းျပတတ္သည္။

"ရိပ္ ဒီဆိတ္သားဟင္းေလး ဝင္ေအာင္စား၊ လုံးဝ မညွီေအာင္ ကိုကို ေသခ်ာခ်က္ထားတာ"

သူ႕ေဘးထိုင္ေနသည့္ ရိပ္ပန္းကန္ထဲသို႔ ႏႊင္ၿပီးသား ဆိတ္သားမ်ား ေတဇ ထည့္ေပးလိုက္သည္။ အလုပ္လည္း လုပ္ရၿပီး ကေလးလည္း ထိန္းရသူမို႔ သူ ဒီလူအမ်ားႀကီးစာအတြက္ ဟင္းေတြေတာ့ မခ်က္နိုင္။ သို႔ေပသိ ဟင္းေကာင္းႀကိဳက္တတ္သည့္ ရိပ္အတြက္မူ သူ ဒီေန႕အထိ အနပ္တိုင္းမဟုတ္လွ်င္ေတာင္ အၿမဲကိုယ္တိုင္ခ်က္ေပးေနသူျဖစ္သည္။

ရိပ္အတြက္ ဟင္းတစ္ခြက္ သူ ကိုယ္တိုင္ခ်က္လိုက္ရမွ ေတဇ စားဝင္သည္။

"စားလို႔ျဖစ္ရဲ႕လား၊ အန္ခ်င္ေသးလား"

ရိပ္ ေခါင္းခါျပလိုက္ကာ ကိုကို႔ဆိတ္သားဟင္းကို ၿမိန္ေရရွက္ေရ စားေနမိ၏။ အခုတေလာ ဟင္းနံ႕ရတာနဲ႕ အန္ခ်င္စိတ္မ်ား ေလ်ာ့လာသည္။

ဦးရာဇ သူ႕ေရွ႕က တိုးတိုးတိုးတိုးေျပာေနသည့္ စုံတြဲကို မနာလိုျဖစ္စြာ ၾကည့္လိုက္မိသည္။ သူတို႔အတြက္ေတာ့ ဟင္းတစ္ခြက္ေတာင္ ထမခ်က္ေပးတတ္သည့္ သားစုတ္က သူ႕လင္အေပၚေတာ့ သိတတ္ေနတာမ်ား ေမြးရက်ိဳးနပ္ရပါ၏။

ဦးမဟာႏွင့္ ေဒၚဇာဇာကေတာ့မူ ထိုစုံတြဲကို နည္းနည္းေတာင္ စိတ္မဝင္စားနိုင္ဘဲ ေျမးသုံးေယာက္ကိုသာ ၾကည့္မဝ ေျပာမဝ ျဖစ္ေနၾကသည္။

___________

ဒီမနက္ခင္း၌ ရိပ္တစ္ေယာက္ ပန္ဒါမ်က္ကြင္းမ်ားႏွင့္ သားေတြအခန္းထဲသို႔ ဝင္လာသည္။ ေက်ာင္းဖြင့္ရက္မို႔ ကိုကို သားေတြအား ေက်ာင္းပို႔ဖို႔ ျပင္ဆင္ေပးလ်က္ရွိေနတာကို ေတြ႕ရသည္။ သူ တစ္ညလုံး အိပ္မရခဲ့။ သမီးက အရင့္အရင္ညေတြထက္ပင္ ဆက္တိုက္ကန္သည္။ ဗိုက္ထဲက တစ္ခ်က္တစ္ခ်က္ ျဖစ္ညွစ္ျခင္းအား ခံေနရသည္။ အေရွ႕၌ အမႊာကိုယ္ဝန္ခ်ည္းပဲ ႏွစ္ခါေဆာင္ထားရခ်ိန္တုန္းကထက္ပင္ သမီးတစ္ေယာက္တည္းကို လြယ္ထားရခ်ိန္က သူ႕အတြက္ ပိုပင္ပန္းေနသည္။

"ကိုကို ကြၽန္ေတာ္ ဒီေန႕ ေက်ာင္းကို မလိုက္ေတာ့ဘူးေနာ္"

ရိပ္ အခန္းတံခါးကို တစ္ကိုယ္လုံး မွီတြယ္ထားရင္း ေျပာရသည္။ ကိုယ္ဝန္လရင့္လာခ်ိန္မို႔ သူ ေတာ္႐ုံအျပင္မထြက္ေတာ့တာ ၾကာၿပီျဖစ္၏။ ေလွကားမွန္သမွ်ကို ေရွာင္၏။ မျဖစ္မေန ဆင္းရလွ်င္ ကိုကို႔လက္ကို က်စ္က်စ္ပါေအာင္ ဆုပ္ထားတတ္၏။ စိတ္ေျပလက္ေပ်ာက္ျဖစ္ေအာင္ေတာ့ သားေတြ ေက်ာင္းပို႔ေက်ာင္းႀကိဳခ်ိန္တိုင္းတြင္ ကိုကို႔ကားေပၚထိုင္လိုက္သြားျဖစ္သည္။

ဒီေန႕ေတာ့ သူ မတ္မတ္ရပ္ဖို႔ပင္ ခက္လာသည္။ ေမြးဖို႔ရက္က တစ္လေက်ာ္ေတာင္ လိုေသးေသာ္ျငား သူ႕ဗိုက္က ညကတည္းက ခပ္စိပ္စိပ္ နာလာသည္။ သမီးကိုလည္း သားေတြတုန္းကလို ‌ေစာေမြးခ်င္ျပန္ၿပီထင္၏။

လြယ္အိတ္ထဲသို႔ သူ႕စာအုပ္အျပင္ ညီေလးေတြ၏ စာအုပ္ေတြကိုပါ ေကာက္ထည့္ေနသည့္ အႀကီးဆုံးျဖစ္ေသာ ေသြးေၾကာရစ္ေႏွာင္ ပါးပါးနား ေျပးလာသည္။

"ပါးပါး ညကလည္း အိပ္မရဘူးလား"

ပါးပါးက အသံေတာင္ မထြက္ေတာ့ဘဲ မ်က္စိစုံမွိတ္ထားတာမို႔ ရစ္ လန႔္သြားကာ ေဖေဖ့ဆီ ေျပးသြားမိသည္။

"ေဖေဖ ပါးပါးကို ၾကည့္ပါဦး"

ေတဇ အလတ္ေလးကို အဝတ္ဝတ္ေပးေနရင္း အေနာက္ကို ဆတ္ခနဲ လွည့္ၾကည့္လိုက္မိသည္။ သူလည္း ပန္ဒါမ်က္လုံးျဖစ္လို႔ေန၏။ ရိပ္ အိပ္မရလွ်င္ သူလည္း မအိပ္နိုင္ပါ။ သူလည္း ေသခ်ာမအိပ္ရတာ ရက္အေတာ္မ်ားလာၿပီျဖစ္သည္။

ေတဇ ရိပ္နားသို႔ အျမန္ထလာၿပီး ရိပ္၏ကိုယ္လုံးေလးကို သူ႕ရင္ခြင္ထဲ မွီေစလိုက္ရခ်ိန္ ရိပ္ထံက မခံမရပ္နိုင္ေလာက္သည့္ ညည္းၫူသံမ်ား ထြက္က်လာသည္။

"ကြၽန္ေတာ္ အရမ္းနာေနၿပီ၊ မရေတာ့ဘူး"

ေဖ‌ေဖ ဘာမွမေျပာေသးခင္ပင္ အငယ္ေလး အခန္းအျပင္သို႔ တရွိန္ထိုး ေျပးထြက္သြားသည္။ အိမ္ထိန္းဦးေလးကို သြားေခၚၿပီး ေဆး႐ုံကားေခၚေပးဖို႔ ေျပာလိုက္သည္။

အလတ္ျဖစ္သည့္ ေစာင္းခက္ႀကိဳးမွ်င္မွာမူ သူ႕လြယ္အိတ္ထဲက စာအုပ္ေတြကို ေဝါခနဲ သြန္ခ်လိဳက္ၿပီး ပါးပါးအခန္းထဲ ထိုလြယ္အိတ္ကို ယူကာ ေျပးထြက္သြားသည္။ ပါးပါး ေဆး႐ုံ‌ေရာက္လွ်င္ လိုမည့္ပစၥည္းေတြကို လြယ္အိတ္ထဲ အျမန္ေကာက္ထည့္ေနၿပီး ပါးစပ္မွလည္း ပါးပါး ဘာမွမျဖစ္ေစဖို႔ ဘုရားစာေတြ တိုးတိုး တိုးတိုး ေရ႐ြတ္ေနသည္။

အႀကီးဆုံးေလး ရစ္ကေတာ့ ေဖေဖ့ေဘးမွာပဲ အဆင္သင့္ရပ္ေနၿပီး ေဖေဖ ခိုင္းတာနဲ႕ တန္းလုပ္ေပးနိုင္ဖို႔ ရယ္ဒီ‌ေစာင့္ေနရင္း ပါးပါးလက္ကိုလည္း ဆုပ္ကိုင္ထားမိသည္။

"ရိပ္ ဒီခုံမွာ ထိုင္ခ်လိဳက္၊ ခဏေလး၊ ခဏေလးပဲ ေစာင့္ေနာ္၊ ကိုယ္ ေဆး႐ုံကားေခၚေပးမယ္၊ သား ပါးပါးကို ခဏၾကည့္ထားေပးဦး"

ေတဇ ေျပးထြက္လာခ်ိန္၌ ေဆး႐ုံကား ေခၚၿပီးၿပီျဖစ္ကာ လြယ္အိတ္တစ္လုံးႏွင့္ ေျပးထြက္လာသည့္ သားလတ္က သူ႕ဖိနပ္ကိုလည္း အဆင္သင့္ခ်ေပးထားသည္။

သိပ္မၾကာခင္အတြင္းပင္ သူ ေဆး႐ုံကို ရိပ္အား အျမန္ပို႔ေပးလိုက္နိုင္ခဲ့သည္။ သားေတြကိုေတာ့ ေဖေဖတို႔နဲ႕ပဲ ထားခဲ့ရကာ ေနာက္မွ လိုက္လာေစရေတာ့၏။

ဒီတစ္ေခါက္လည္း ရိပ္ ေစာေမြးျပန္တာပင္။ ခြဲခန္းအျပင္၌ ေတဇ သူ႕ႏွလုံးခုန္သံ သူ ျပန္ၾကားရေလာက္ေအာင္အထိ စိုးရိမ္တႀကီး ျဖစ္ေနခဲ့ရသည္။ ဒီတစ္ႀကိမ္၌မူ ေတဇအတြက္ ပထမတစ္ေခါက္တုန္းကလို တစ္ေယာက္တည္း မဟုတ္ဘဲ သူ႕ေဘး၌ သူ႕အား မ်က္လုံးရဲရဲေလးမ်ားျဖင့္ ေငးၾကည့္ေနၾကသည့္ သားသုံးေယာက္ပါ ရွိေနခဲ့သည္။

"ေဖေဖ ပါးပါးက သားတို႔ကို ေမြးတုန္းကလည္း အဲ့လို နာေနတာလား"

ရစ္ အငယ္ေလးအား-

"အဲ့ထက္ပိုနာမွာကြ၊ ပါးပါး ခုန အရမ္းနာေနတာ မ်က္လုံးထဲကကို မထြက္ဘူး"

ရစ္ သူ႕လက္သီးေလးမ်ားအား က်စ္က်စ္ပါေအာင္ ဆုပ္လိုက္၏။ အိမ္မွာတုန္းက ပါးပါးေဘးမွာ သူ ေစာင့္ေနခဲ့ရတာမို႔ ပါးပါး တအားနာေနတာကို သူ ေသခ်ာေတြ႕လိုက္ရသည္။ ပါးပါးကို အခုကစၿပီး ေသခ်ာေစာင့္ေရွာက္ဖို႔ ရစ္ ဆုံးျဖတ္ခ်က္ခ်လိဳက္မိသည္။

ခက္ကေတာ့ အိမ္မွာတုန္းကအတိုင္း ႏႈတ္ခမ္းလႈပ္႐ုံသာ ရသမွ် ဘုရားစာကို ထိုင္႐ြတ္ေန၏။ ပါးပါး သူတို႔ကို ေမြးဖို႔၊ ညီမေလးကို ေမြးဖို႔ အခုလို မနာက်င္ရလွ်င္ ဘယ္ေလာက္မ်ား ေကာင္းမလဲ။

အငယ္ေလးကေတာ့ ေဖေဖ့ကိုဖက္ၿပီး တရႈံ႕ရႈံ႕ ငိုေနၿပီျဖစ္သည္။ ပါးပါး သူ႕ေဘး မရွိေတာ့မွာ သူ အလြန္ေၾကာက္ေနမိသည္။ ပါးပါးကို သူ တအားခ်စ္သည္။

အခ်ိန္မ်ားစြာ ကုန္လြန္သြားၿပီးခ်ိန္၌ ကေလး ငိုသံၾကားလိုက္ရ၏။ ခဏအၾကာ၌ ခြဲခန္းထဲက ‌ေဒါက္တာေတြ ထြက္လာ၏။

"သမီးေလးကို က်န္းက်န္းမာမာနဲ႕ ေမြးလိုက္နိုင္ပါတယ္။ လူနာကေတာ့ ေတာ္ေတာ္ေလး ပင္ပန္းသြားတယ္၊ အသက္အႏၲရာယ္ေတာ့ မစိုးရိမ္ရေတာ့ပါဘူး"

ေတဇ၏ အစားထိုးထားသည့္ ႏွလုံးက ခပ္ျပင္းျပင္း တစ္ခ်က္ေစာင့္ခုန္သည္။ သူ ထိုင္ခုံေပၚ ဘုတ္ခနဲ ျပဳတ္က်သြားၿပီး ရိပ္ ကိုယ္ဝန္စေဆာင္ကတည္းက ရိပ္အေပၚ သားတို႔ကိုယ္ဝန္တုန္းကလိုပဲ တစ္ရက္မလပ္ ပူပန္ခဲ့ရတာေတြက အခုမွပဲ ရင္ထဲက အလုံးႀကီးက်သြားသည့္အလား လူပါ ပုံက်သြားသည္။

အားကိုးရသည့္ သားေတြက ခ်က္ခ်င္းလိုလို သူ႕ကို ၾကည့္ေပးဖို႔ ခြဲခန္းထဲက ထြက္လာတဲ့ ဆရာေတြကို အတင္း ဝိုင္းဆြဲၾကေတာ့တာမို႔ သူ လက္ကာတားရေသး၏။

"ေဖေဖ ဘာမွမျဖစ္ပါဘူးကြာ၊ မငိုၾကနဲ႕၊ ခဏေန ပါးပါးနဲ႕ ညီမေလးကို သြားၾကည့္ၾကမယ္"

----------------

"ကိုကို႔ရိပ္ကေလး ဒီမွာၾကည့္၊ သမီးေလးက ရိပ္နဲ႕ တပုံစံထဲ ေတြ႕လား"

ရိပ္ေဘးသို႔ သမီးေလးကို ျငင္သာစြာ ေတဇ ခ်ေပးလိုက္သည္။ သမီးေလးကိုေတာ့ ရိပ္နဲ႕တူေစခ်င္ခဲ့မိသည့္ သူ႕ဆႏၵမ်ားပါ ျပည့္ေျမာက္သြားရသည္။ ရိပ္နဲ႕သာတူရင္ သမီးေလးက အလြန္လွပသည့္ မိန္းမလွေလး ျဖစ္လာမွာပင္။

သမီးေလးကို ရိပ္ ခ်စ္မဝစြာ ၾကည့္ေနမိသည္။ သူ႕ဗိုက္ထဲကေန ထိုမွ်ေလာက္ ခ်စ္စရာေကာင္းတာေလးေတြ တစ္ေယာက္ၿပီးတစ္ေယာက္ ေမြးထုတ္လိုက္နိုင္တယ္ဆိုတာ သူ အခုထိ မယုံနိုင္ျဖစ္ရသည္။

သူ႕ေဘး၌ တိတ္တိတ္ေလးရပ္ေနသည့္ သားေလးေတြလည္း ရွိေန၏။ ေမ်ာက္ကေလးေတြလို ဆူညံေနတတ္သည့္ သားေလးေတြက အ႐ုပ္ေလးေတြလို ၿငိမ္သက္ေနလို႔။ သားေလးေတြေရွ႕ သူ႕ေမြးခါနီး နာက်င္မႈကို မျပမိေစဖို႔အတြက္  သူ႕ေမြးရက္နီးလွ်င္ သားေတြကို အန္ကယ္တို႔ႏွင့္ ခရီးလႊတ္ထားဖို႔ပင္ အစီအစဥ္ခ်ထားခဲ့သည္။ သမီးက ႐ုတ္တရက္ႀကီး ေစာထြက္လာတာမို႔ သားေတြကို လန႔္ေအာင္ လုပ္လိုက္မိၿပီ။

သမီးေလးကို ကိုကို႔လက္ထဲ ျပန္ေပးလိုက္ၿပီး သားေတြကို လွမ္းေခၚလိုက္ရသည္။ သူ ေခၚလိုက္တာနဲ႕ သားေတြက ကုတင္နား ေရာက္လာၾကသည္။ သူကေတာ့ ဗိုက္က ခ်ဳပ္ရိုးေၾကာင့္ ထမထိုင္နိုင္ေသးတာမို႔ လွဲရက္ျဖင့္သာ သားေတြကို ေထြးေပြ႕လိုက္ရသည္။

"သားတို႔ လန႔္သြားၾကလား၊ ပါးပါး ဘာမွမျဖစ္ေတာ့ဘူးေနာ္"

အမႊာေလးေတြ ေခါင္းညိတ္ျပလိုက္ၾကေသာ္ျငား သူတို႔စိတ္ထဲ၌ ပါးပါးကို သူတို႔လည္း ေဖေဖ့လို ေသခ်ာေစာင့္ေရွာက္ေပးနိုင္ခ်င္တာမို႔ အသက္ျမန္ျမန္ႀကီးခ်င္စိတ္မ်ား တဖြားဖြားေပၚေနၾက၏။ သူတို႔ၾကည့္သည့္ ကာတြန္းကားေတြထဲကလို လူႀကီးျမန္ျမန္ျဖစ္မည့္ အစြမ္းေတြရခ်င္သည္။

ေနာက္ထပ္နာရီအနည္းငယ္ၾကာသြားခ်ိန္၌မူ ပုခက္ေသးေသးေလးထဲ၌ အိပ္ေနသည့္ ညီမ‌ေလးကို သူတို႔သုံးေယာက္ မိုးၾကည့္ေနၾကရင္း ညီမေလး မနိုးေအာင္ တိုးတိုးတိုးတိုး တိုင္ပင္ေနၾကသည္။

ထိုအရာကား ညီမေလးအခန္းကို သူတို႔အတန္းထဲက သူငယ္ခ်င္းမေလးေတြ ၾကည့္ၾကည့္ေနတတ္ၾကသည့္ Disney မင္းသမီးကားေလးေတြထဲက ဘယ္မင္းသမီးရဲ႕ အိပ္ခန္းႏွင့္တူေအာင္ ျပင္ေပးရမလဲ တိုင္ပင္ေနၾကျခင္းပင္။ သို႔ေပသိ သူတို႔သုံးေယာက္ မင္းသမီးေတြ၏ အိပ္ခန္းအျပင္အဆင္ကို ေသခ်ာမသိတာမို႔ ေနာက္ေန႕က်ရင္ ဘယ္ကား အရင္ၾကည့္လွ်င္ေကာင္းမလဲ ေဆြးေႏြးေနၾကျခင္းျဖစ္သည္။

သမီးကိုၾကည့္ရင္း ပြစိပြစိ လုပ္ေနၾကသည့္ သားေတြကိုၾကည့္ရင္း ေတဇ ေခါင္းရမ္းမိ၏။ သူ႕မ်က္စိထဲ၌ ေမ်ာက္ကေလး ေလးေကာင္ျဖစ္ေတာ့မည္ဟု ျမင္ေနသည္။ မထြက္လာခင္ကတည္းက ရိပ္ကို ဗိုက္ထဲကေန တစ္ခ်ိန္လုံး ကန္ေက်ာက္ေနခဲ့တဲ့ သမီးေလးက ရိပ္လို သက္ေတာ္ေစာင့္မ်ား ျဖစ္ခ်င္ေနလား မသိ။

ေဆးအရွိန္ေတြႏွင့္ ျပန္အိပ္ေပ်ာ္ေနသည့္ ရိပ္ေဘး၌ ထိုင္ေနရင္း ေတဇ ၿပဳံးလိုက္မိသည္။ သူ႕ေဘးသို႔ သက္ေတာ္ေစာင့္ေလးအျဖစ္ ေရာက္ရွိလာခဲ့သည့္ အမ်ိဳးသားေလးက အခုလည္း သူ႕အတြက္ ကိုယ့္အသက္ကိုယ္ မငဲ့ဘဲ သူ႕ရင္ေသြးေလးေတြကို ေမြးထုတ္ေပးေနခဲ့သည္။

ေတဇ ရိပ္၏လက္ကို ျငင္သာစြာ ဆုပ္ကိုင္လိုက္ကာ လက္ဖမိုးေလးကို ခပ္ဖြဖြ နမ္းရွိုက္လိုက္ရင္း ေလးေလးနက္နက္ ကတိျပဳလိုက္၏။ သူ အခုထက္ပိုၿပီး ရိပ္ကို ပိုပိုခ်စ္ေပးပါ့မည္ဟု။ ပိုပိုၾကင္နာသြားပါ့မည္ဟု။ ထာဝရသစၥာရွိသြားပါမည္ဟု။

ေလေလွ်ာ့လိုက္သလို ခႏၶာကိုယ္တစ္ခုလုံး ေပါ့ပါးသြားရသည့္ ေႏွာင္ႀကိဳးရိပ္တစ္ေယာက္ ေဆး႐ုံကုတင္ထက္၌ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေမာက်ေနသည္။ အိပ္မက္ေတြပင္ မက္လို႔ေနသည္။ အိပ္မက္ထဲ၌ သူ ကိုကို႔အတြက္ ကေလးေလးေတြ ထပ္ေမြးေပးေနျပန္သည္။ ထိုသို႔ ေမြးေပးရတာလည္း သူ ေပ်ာ္ေနေလသည္။

အိပ္မက္ကမာၻထဲ၌ ၾကည္ႏူးစရာေကာင္းေန၏။ အျပင္ဖက္ရွိ သူ႕ဘဝကလည္း သူ႕အေပၚ အမ်ားႀကီး ခ်စ္ေပးေနၾကသည့္ ေယာက္်ားႏွင့္ သားေတြၾကား ေပ်ာ္စရာေကာင္းေနရပါသည္။

________________________

ရိပ္ကေလးကို လြမ္းလို႔ extra ႏွစ္ပိုင္း အမွတ္တရ ေရးျဖစ္သြားတာမို႔ သမီးေလးတစ္ေယာက္ပါ ထပ္တိုးသြားရပါၿပီ။ 🤭

ရိပ္တို႔ဆီကေန ထပ္ၿပီး ႏႈတ္ဆက္လိုက္ပါတယ္။
________________________

29.2.2024

Continue Reading

You'll Also Like

45.2K 2.1K 92
ကောင်လေးနှစ်ယောက်၊သူငယ်ချင်းနှစ်ယောက် ကြားက အချစ်အကြောင်းလေးပါပဲ ။ သူတို့တွေမှာ ရှိ‌ခဲ့တဲ့ပျော်ရွှင်မှုတွေ ၊ နာကျင်စရာအချိန်တွေကို သူတို့ဘယ်လိုကျော်ဖ...
3K 94 25
𝘪𝘯 𝘸𝘩𝘪𝘤𝘩 𝘢 𝘨𝘪𝘳𝘭 𝘴𝘵𝘶𝘮𝘣𝘭𝘦𝘴 𝘢𝘤𝘳𝘰𝘴𝘴 𝘵𝘩𝘦 𝘱𝘪𝘤𝘵𝘶𝘳𝘦 𝘱𝘦𝘳𝘧𝘦𝘤𝘵 𝘱𝘰𝘱𝘶𝘭𝘢𝘳 𝘣𝘰𝘺 𝘢𝘯𝘥 𝘩𝘪𝘴 𝘥𝘳𝘶𝘨𝘴. - ❝ 𝐲...
845 75 5
The Unearthly Community, a place we hope you call a safe haven. As the title says out community is hiring so feel free to pop in and take a look/ Hi...
17K 169 25
Alina lost her parents when she was 18. Shes on the road to becom a successful singer when she runs into 5 boys on the streets of LA. Her idols and i...