မနက်ခင်းအိပ်ရာနိုးလာသည့်အခါတွင်တော့ ဝိန်းရိဖန်တစ်ယောက် အခန်းပတ်ပတ်လည်ကို အိပ်မှုန်စုံမွှားကြည့်နေမိပြီးနောက် မနေ့ညက ညသန်းခေါင်အိပ်နေရင်းလမ်းထလျှောက်ကာ စန်းရန်၏အိပ်ခန်းထဲသို့ထပ်ရောက်နေကြောင်း သိလိုက်တော့သည်။ အခုတလော အိပ်ရေးဝဝလင်လင်,မအိပ်ထားရသဖြင့် အိပ်ရေးပျက်၍ခေါင်းကိုက်လျက်ရှိပြီး ဘေးတစ်ဖက်သို့လှည့်ကြည့်လိုက်လျှင်တော့ စန်းရန်၏အရိပ်အယောင်ကိုမတွေ့။
ထိုအခါမှ ဝိန်းရိဖန် သက်ပြင်းတစ်ချက်ချလိုက်မိတော့သည်။
သို့သော်လည်း ဤတစ်ခါအခြေအနေက ယခင်တစ်ခါနှင့် တူနေနိုင်ခြင်းရှိမရှိကိုမသိရသေး။
အိပ်နေရင်းလမ်းထလျှောက်မိသည့်အခိုက်တွင်လည်း စန်းရန် ပြန်မရောက်လာသေးခြင်းလား သို့မှမဟုတ် သူ့အခန်းထဲဝင်လာအိပ်ခြင်းကြောင့် ညသန်းခေါင်အနှောက်အယှက်ဖြစ်၍နိုးသွားကာ ဧည့်ခန်းထဲပြောင်းအိပ်လိုက်ရခြင်းလား။
ဝိန်းရိဖန်အနေဖြင့် အရင်တစ်ခါလိုဖြစ်နေစေရန်သာဆုတောင်းမိသည်။ သူမဟာ အမှန်တကယ်ပင်လျှင် အသိစိတ်မကပ်နေသည့်အချိန်မျိုး၌ စန်းရန်အား အခွင့်အရေးမယူချင်ပါပေ။ ထိုအခါ ခေါင်းကုတ်ရင်းဖြင့် အိပ်ရာထက်မှဆင်းကာ အသာအယာလျှောက်ထွက်လာလိုက်၏။
အိပ်ခန်းထဲမှ ထွက်လာလာချင်းပင် ဧည့်ခန်းထဲမှ ဆိုဖာပေါ်၌ရောက်နေသည့် စန်းရန်အား လှမ်းမြင်လိုက်ရတော့၏။ ခပ်ပါးပါးစောင်တစ်ထည်ကိုခြုံထားပြီး ခေါင်းအုံးပေါ်မှီအိပ်နေကာ သူ့ပုံစံဟာလည်း နိုးနေသည်မှာသိပ်မကြာသေးသည့်ပုံ။ လက်ရှိအခိုက်အတန့်တွင်တော့ သူက စကားတစ်ခွန်းမဆိုဘဲ သူမကိုသာ တည့်တည့်စိုက်ကြည့်နေလေသည်။
"...."
ဝိန်းရိဖန်၏ခြေလှမ်းများ တုံ့ခနဲရပ်သွားတော့၏။ ပတ်ဝန်းကျင်တစ်ခွင် လွှမ်းမိုးနေသည့်အငွေ့အသက်များမှာ ချိုးငှက်၏အသိုက်ကို ခိုငှက်ကလေးတစ်ကောင်ကခိုးထားသလိုလို။ ချိတုံချတုံဖြစ်နေရင်း ဝိန်းရိဖန်က စန်းရန်နားသို့ လျှောက်လာခဲ့လိုက်၏။
"မနေ့ညက ငါ အိပ်နေရင်းလမ်းထလျှောက်တဲ့အချိန် နင် ပြန်ရောက်နေပြီလား"
စန်းရန်၏ 'အင်း'ဆိုသည့်အသံတစ်ခု။
"...."
ဝိန်းရိဖန်က ဆက်၍ ;
"အဲ့ဒါဆို နင် တရေးနိုးပြီး အပြင်ထွက်လာအိပ်လိုက်ရတာလား"
စန်းရန်က တစ်ချက်သန်းလိုက်ပြီး ထပ်၍ 'အင်း'ဆိုသည့်စကားတစ်ခွန်း။
ဝိန်းရိဖန်က ဘေးနားမှ အပေါ်ဝတ်အင်္ကျီကိုလှမ်းယူပြီး စန်းရန်နှင့် ကောင်းကောင်းမွန်မွန်စကားပြောဆိုမည်ဟု ဆုံးဖြတ်လိုက်ကာ ;
"ဒါမှမဟုတ် ဒီလိုလုပ်ပါလား ၊ နောက်ဆိုရင် နင် မအိပ်ခင် အခန်းတံခါးကိုသော့ခတ်လိုက်လေ....ရတယ်မလား ၊ အဲ့လိုဆိုရင် ငါ သေချာပေါက် နင့်အခန်းထဲ ဝင်လို့ရမှာမဟုတ်တော့ဘူး ၊ အဲ့ဒါမှပဲ နင်အိပ်နေတာကိုမနှောက်ယှက်မိတော့မှာ"
စန်းရန်က ဂရုမစိုက်သည့်ဟန်ဖြင့် ;
"မင်း သော့ဖျက်ပြီးဝင်လာရင်ရော"
ဝိန်းရိဖန်က စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်၏။
"ငါ့မှာ ဘယ်လိုလုပ်ပြီး အဲ့လိုအစွမ်းအစမျိုးရှိမှာလဲ"
"ကိုယ့်ကို အခွင့်အရေးယူပြီး အကြမ်းဖက်ဖို့အတွက်....."
စန်းရန်က မျက်ခုံးကို ဖြေးဖြေးချင်းပင့်ပြကာ အေးအေးဆေးဆေးဖြင့် ;
"မင်း မလုပ်နိုင်တာမျိုးမရှိရင်ရော"
ဝိန်းရိဖန်၏မျက်တောင်များမှာ ပုတ်ခတ်ပုတ်ခတ်။
နည်းနည်းလည်း မိုးကြိုးပစ်ချခံလိုက်ရသလိုလို။
အဲ့ဒါဆို သူမ အိပ်နေရင်းလမ်းထလျှောက်တဲ့အချိန် တကယ်ပဲ သူ့ကို အကြမ်းဖက်တာလား.....
သူမ တကယ်ပဲ အဲ့လိုလုပ်ရပ်မျိုးတွေ လုပ်မိထားတာလား.....
ဝိန်းရိဖန်သည် တစ်စစနှင့် စန်းရန်အား နားမလည်နိုင်ပါတော့ချေ။
တကယ်ပင် ထိုကဲ့သို့ကိစ္စများရှိနေပါရက်ဖြင့် အဘယ်ကြောင့် တံခါးကိုသော့မခတ်ထားရပါသနည်း။
ကိစ္စတွေက အဆိုးဆုံးအခြေအနေရောက်သွားမှ သူ့ဘက်က သင်ခန်းစာယူတတ်မှာများလား။
နှစ်စက္ကန့်မျှတိတ်ဆိတ်နေခဲ့ပြီးနောက်တွင်။
ယခုလိုကိစ္စမျိုး နောက်ထပ်မဖြစ်စေရေးအတွက် ကြိုတက်ကာကွယ်မည့်အကြံအစည်တစ်ခု ဝိန်းရိဖန်၏ခေါင်းထဲပေါ်လာခဲ့ကာ တလေးတနက်ဖြင့် သူ့အား စိုက်ကြည့်လိုက်သည်။
"တကယ်လို့ ငါက တကယ်ပဲ နင့်ကိုအကြမ်းဖက်ချင်နေတယ်ဆိုရင်ရော နင် အခန်းတံခါးကို သော့ခတ်ထားဦးမှာလား"
ဤစကားကိုကြားလိုက်ရသည့်အခါ စန်းရန်၏မျက်ခုံးများ ပင့်မြှောက်သွားခဲ့တော့သည်။
နောက်တစ်စက္ကန့်တွင် ဝိန်းရိဖန်က အပေါ်ဝတ်အင်္ကျီကို ချွတ်ပစ်လိုက်၍ ;
"ဒါဆိုလည်း လာခဲ့လေ"
စန်းရန် ; "...."
စန်းရန် ; " ? "
အပြင်ဘက်တွင် လင်းလင်းချင်းချင်းရှိနေပြီဖြစ်သည့်အချိန် ၊ သို့သော် ခန်းဆီးလိုက်ကာစများက အပြည့်ပိတ်ထားသဖြင့် ဧည့်ခန်းအတွင်းတွင်တော့ အုံ့မှိုင်းမှိုင်း။ ဒီဇင်ဘာလဆီသို့ ချဥ်းကပ်လာသည်နှင့်အမျှ နန်းဝူမြို့၏ရာသီဥတုမှာ အပူချိန်သိသိသာသာကျဆင်းလာပြီး မနက်ခင်းပိုင်းနှင့်နေ့လည်ခင်းအပူချိန်မှာပင် လွန်စွာကွာခြားလှသည်။
ဝိန်းရိဖန်က စန်းရန်၏နံဘေး ဆိုဖာထက်၌ ထိုင်နှင့်နေပြီးပြီ။ သူမက အိပ်ရာနိုးနိုးချင်းဖြစ်၍ အင်္ကျီလက်ရှည်အပါးတစ်ထည်နှင့် ဘောင်းဘီတစ်ထည်ကိုဝတ်ထားကာ အပေါ်ထပ်အင်္ကျီကိုချွတ်ပစ်လိုက်သည့်အခါတွင်တော့ မသိမသာလေးအေးစိမ့်ပြီးတုန်ယင်သွားခဲ့သည်။
စန်းရန်၏မျက်နှာထက်မှ အမူအရာများမှာ တဖြည်းဖြည်းနှင့်ဝေဝါးကွယ်ပျောက်သွားပြီး မည်သည့်လှုပ်ရှားမှုမှလည်း မရှိတော့ပေ။
သူ ရှိနေသည့်နေရာနားသို့ရောက်လာလေလေ ဝိန်းရိဖန်၏လှုပ်ရှားမှုများနှေးကွေးလာလေလေဖြစ်ရာ တစ်ဖက်မှ စန်းရန် လှမ်းတားလာမည့်အသံကိုစောင့်နေရင်း တစ်ဖက်ကလည်း တစ်စတစ်စချင်းလေးသာချဥ်းကပ်သွားလိုက်၏။ သို့သော် စန်းရန်နှင့် မီတာတစ်ဝက်စာ အကွာအဝေးမျှသာလိုတော့သည့်အချိန်အထိ သူဟာ ဆိတ်ဆိတ်ငြိမ်လျက်သားနှင့် သူမကိုသာ စိတ်ဝင်တစားစူးစိုက်ကြည့်နေသည်။
ဝိန်းရိဖန်အနေဖြင့် ရပ်လိုက်ရုံသာတတ်နိုင်တော့ပြီး တစ်ခဏကြာကြာငြိမ်နေလိုက်၏။
ဂိမ်းကစားပွဲတစ်ခုကိုကြည့်နေသည့်အလား စန်းရန်ကလည်း တုတ်တုတ်မျှမလှုပ်လာသေး။
သူ့ဘက်မှ မတားမြစ်သည့်တိုင် ဝိန်းရိဖန်အနေဖြင့် အနားသို့ ထပ်မကပ်သွားတော့ဘဲ ကိုယ့်ဘာသာကိုယ် ခြေတစ်လှမ်းနောက်ဆုတ်လိုက်သည့်သဘောဖြင့် ;
"အခု နင် နားလည်ပြီမလား ၊ တကယ်လို့ နင် အခန်းတံခါးကိုသော့မခတ်ရင် ဒီလိုအခြေအနေမျိုးဖြစ်လာလိမ့်မယ်"
စန်းရန်က ပြုံးလိုက်၏။
"ဘယ်လို အခြေအနေမျိုးလဲ"
အကွာအဝေးမှာ သိပ်ကိုနီးကပ်လွန်းနေသဖြင့် သူ့တည်ရှိနေမှုက အားပြင်းသထက်ပြင်းနေခဲ့ကာ ဝိန်းရိဖန်တစ်ယောက် စကားဆက်ပြောနေဖို့ရာ သတ္တိများ ပျောက်ဆုံးသွားလေတော့သည်။ ထို့ကြောင့် နာရီကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်၏။
"ငါ အလုပ်သွားဖို့ သွားပြင်ဆင်လိုက်ဦးမယ်"
စန်းရန်က တစ်ဖက်သို့ခေါင်းလှည့်ပစ်လိုက်ကာ ပျင်းတိပျင်းရွဲဖြင့် ;
"ဒါက ဘာမှလည်း ဖြစ်သွားတာလဲမဟုတ်ဘဲနဲ့"
"...."
ဝိန်းရိဖန် သူ့အား လှမ်းကြည့်လိုက်၏။
စန်းရန်၏ခန္ဓာကိုယ်ထက်မှ ခြုံစောင်တစ်ဝက်နီးပါးသည် ကြမ်းပြင်ပေါ်သို့လျှောကျနေသည့်တိုင် သူဟာ ကောက်ယူမည့်ပုံမရ ၊ သူ့မျက်ခုံးများမှာလည်မထီမဲ့မြင်ပြုနေပြီး အမူအရာတို့ကပိုင်စိုးပိုင်နင်းဆန်ကာ အကြောက်အလန့်လည်းမရှိ ၊ သူမ၏စကားလုံးတို့ကို လုံးဝမျက်လုံးထဲမထည့်သည့်ဟန်ပေ။
ဝိန်းရိဖန်က သူ့စကားကို အာရုံထဲမထည့်တော့ဘဲ ခန္ဓာကိုယ်ကိုကိုင်းကာ ခြုံစောင်အား သူ့အစားကောက်ယူပေးလိုက်၏။ ခြုံစောင်၏ထောင့်ကိုကိုင်ထားရင်း တစ်ခုခုပြောဆိုတော့မည့်အခိုက်အတန့်တွင်တော့ ရုတ်တရက်ဆိုသလို ခြုံစောင်၏အခြားတစ်ဖက်ထောင့်မှနေ၍ ခပ်ပြင်းပြင်းဆောင့်ဆွဲလိုက်လေတော့သည်။
သူမမှာ လက်မလွှတ်ရသေးခင် သတိလက်လွတ်ဖြင့် ဆွဲပါသွားခဲ့တော့၏။
ခန္ဓာကိုယ်က အရှေ့သို့ ယိုင်ကျသွားကာ လူတစ်ယောက်လုံးက စန်းရန်၏ခန္ဓာကိုယ်ပေါ်သို့ ပစ်လှဲကျသွားခဲ့သည်။
လုံခြုံရေးအကွာအဝေးလေးမှာလည်း ကျိုးပျက်သွားလျက်သား။
ဝိန်းရိဖန် အသက်အောင့်ထားမိရင်း သူ့ဘေးနားမှ ကူရှင်ထံလှမ်းအားပြုလိုက်ပါသော်ငြား ဟန်ချက်မထိန်းနိုင်တော့လေသဖြင့် သူမ၏နှာခေါင်းထိပ်ဖျားလေးနှင့် စန်းရန်၏မေးဖျားတို့ဟာ ခပ်ဖွဖွလေး ပွတ်သပ်သွားလေရော့၏။ သူမ အလိုလိုခေါင်းမော့ကြည့်လိုက်မိသည့်အခါ ချက်ချင်းတွေ့လိုက်ရသည်က စန်းရန်၏မျက်ဝန်းနက်နက်တစ်စုံ။
သူဟာ အသက်ရှူငွေ့များအပြင် ခန္ဓာကိုယ်တစ်ခုလုံးကပါ ပူပြင်းတောက်လောင်နေလေသည်။
အချိန်တစ်ခုစာအတွင်း ဝိန်းရိဖန် တစ်ခုခုတုံ့ပြန်လိုက်ဖို့ကိုပင် မေ့လျော့သွားခဲ့တော့၏။
စန်းရန်၏အကြည့်များဟာ လေးလေးနက်နက်ရှိလှသည့်အပြင် မည်းနက်မှုများပါရောထွေးနေလေပြီး သူ့လည်စလုတ်မှာမူ သိသိသာသာကို အထက်မှအောက်သို့တစ်ချက်လှုပ်ရှားသွားခဲ့၏။ ထို့အပြင် သူ့မျက်ဝန်းများကလည်း သူမ၏နှုတ်ခမ်းပါးနေရာကိုသာ နှစ်စက္ကန့်နီးနီးစိုက်ကြည့်နေပြီးမှ အပေါ်သို့တက်လာခဲ့သည်။
ရှင်းပြရခက်စွာ ဝိန်းရိဖန်၏နှုတ်ခမ်းများ ခြောက်ကပ်လာပါတော့သည်။
"ဘာလဲ"
စန်းရန်က သြရှရှအသံများဖြင့် ရုတ်တရက်စကားဆိုလာခဲ့၏။
"ဒီတစ်ခါ လုပ်ရဲပြီလား"
အနှီစကားလုံးများက ဝိန်းရိဖန်၏အသိစိတ်ကိုလှုပ်နှိုးလိုက်သည့်အလား ချက်ချင်းနောက်ပြန်ဆုတ်ပြီး ခပ်မတ်မတ်ပြန်ထိုင်လိုက်သည်။ ကသိကအောက်နိုင်လှသည့်အခြေအနေကြီးထဲတွင် သူမဟာ စန်းရန်ဆိုလိုချင်သည့်အဓိပ္ပါယ်ကိုပင် ကောင်းကောင်းသဘောမပေါက်လိုက်ပါဘဲ ကတုန်ကယင်ဖြင့်ငြင်းလိုက်မိ၏။
"မလုပ်ရဲဘူး"
စန်းရန်က မျက်နှာတစ်ချက် မပျက်ယွင်းသွားဘဲ မျက်ခုံးပင့်ပြလိုက်သည်။
ဝိန်းရိဖန်က ဝေဝေဝါးဝါးဖြင့် စကားဆိုလိုက်၏။
"နောက်တစ်ခါကျမှ"
"...."
အချိန်သိပ်မရတော့သဖြင့် ဝိန်းရိဖန်က ဧည့်ခန်းထဲ၌ ကြာကြာမနေတော့ဘဲ အိပ်ခန်းထဲဝင်လာခဲ့သည်။ ရေချိုးခန်းထဲဝင်ပြီး သွားတိုက်တံပေါ်၌ သွားတိုက်ဆေးကိုညှစ်တင်လိုက်ကာ လှုပ်ရှားမှုများက တဖန်ရပ်သွားပြန်ရင်း အသက်ဖြေးဖြေးရှူသွင်းလိုက်သည်။
နောက်ကျမှခံစားမိလိုက်ရသည့် ကံကောင်းမှုလေးအချို့.....
ကံကောင်းထောက်မစွာဖြင့် ထိန်းထားနိုင်ခဲ့သည့်ခံစားချက်များ.....
အသိစိတ်ကပ်၍ကြည်လင်နေသည့်အခြေအနေကြီးမျက်မှောက်တွင် အမည်မတပ် ၊ အကြောင်းပြချက်မရှိဘဲနှင့် စန်းရန်ကို ယခုလိုမျိုးပြုမူခဲ့ခြင်း။
ဒါကြီးက သူ့ကို မလေးစားရာရောက်လွန်းသွားတယ်မလား......
ဒါပေမယ့် စန်းရန်က ဘာလို့ ရုတ်တရက်ကြီးစောင်ကို ဆွဲလိုက်ရတာလဲ.....
အစတည်းက ကြမ်းပြင်ပေါ်မှာ ပြုတ်ကျနေတဲ့အချိန်တုန်းကကျတော့ ဂရုစိုက်ဘဲနဲ့....သူမ လှမ်းထိလိုက်တဲ့အချိန်ကျမှ ချက်ချင်းလှုပ်လိုက်တယ်ဆိုတော့.....ဒါဆို သူက သူ့အခန်းကို လုယူခံထားရတဲ့အပြင် လက်ထဲမှာကျန်နေခဲ့တဲ့ တစ်ထည်တည်းသောစောင်ကိုပါ ထပ်အလုခံရမှာကြောက်လို့များလား.....
သူမရဲ့ပုံရိပ်က အခုလိုမျိုးတောင်ဖြစ်နေပြီလား......
ဝိန်းရိဖန်က ခံစားချက်များကိုခွဲခြားစစ်ဆေးပြီး အခုလေးတင် စန်းရန်ပြောလိုက်သည့်စကားအား တဖန်စဥ်းစားကြည့်လိုက်သည်။ သွားတိုက်နေရင်းဖြင့် အနှီစကားဟာ မည်သည့်အဓိပ္ပါယ်မျိုးကိုဆိုလိုကြောင်းတွေးတောကြည့်နေမိရင်း သိပ်မကြာခင်တုန်းက စန်းရန်ပြောသွားခဲ့သည့်စကားတစ်ခွန်းကိုအမှတ်ရလိုက်သည်။
---'မင်းက ကိုယ့်ကို အတင်းအကြပ်အကြမ်းဖက်ချင်တာပေါ့'
---'လုပ်ရဲရင် လာခဲ့လေ'
ဝိန်းရိဖန် ကြောင်အမ်းမိသွားကာ တစ်ချိန်တည်းဆိုသလို စန်းရန်၏အနီးကပ်မျက်နှာအား မျက်လုံးထဲမြင်ယောင်လာမိတော့၏။ ပါးစပ်ထဲမှ အမြှုပ်များကိုထွေး ၊ ပါးလုတ်ကျင်းကာ သူမဘက်မှ စန်းရန်၏စကားကို ဘယ်လိုဘယ်ပုံတုံ့ပြန်လိုက်ကြောင်းကိုပါ ပြန်တွေးကြည့်မိပါတော့သည်။
"...."
ဒါပေမယ့်လည်း သုံးလိုက်တဲ့စကားလုံးတွေက သိပ်မဆိုးဘူးလို့ ခံစားမိလိုက်သေး။
စန်းရန်နှင့်အနေကြာလာသည်နှင့်အမျှ ဝိန်းရိဖန်ထံ၌ တရင်းတနှီးနှင့်ရောရောထွေးထွေးနေ၍ရသောခံစားချက်မျိုး ဖြစ်တည်လာခဲ့သည်မှာ အမှန်ပင်။ မျက်နှာသစ်ပြီးနောက် တဘက်ဖြင့် ရေစင်အောင်သုတ်လိုက်ရင်း အလွန်ကိုမှမသင့်လျော်သည့်အတွေးတစ်ခုက ခေါင်းထဲဖြတ်ခနဲပေါ်လာခဲ့၏။
'အနာဂတ်တွင် လုပ်ရဲမည့်အခွင့်အရေးမျိုးရှိလာနိုင်မည်လားမသိ' ဟူသောအတွေးပင်။
-------
တစ်ဖက်သားကိုလိုက်ပိုးပမ်းနေသည့်နည်းလမ်းဟာ တော်တော်လေးလိမ်ဖယ်လိမ်ကောက်နိုင်နေမှန်း ဝိန်းရိဖန် ရုတ်တရက်ခံစားမိလိုက်ရသည့်အပြင် ပါးစပ်ဖြင့်သာပြောနေရသည့်နည်းလမ်းများမှာ အသုံးဝင်ပုံလည်းမရ။
လက်ရှိအခြေအနေအရ သူမနှင့်စန်းရန်ကြားရှိ ဆက်ဆံရေးကိုသုံးသပ်ပြရလျှင် -- စန်းရန်က အမြဲတမ်းလိုလို 'သူကသာ လောကကြီး၏ထိပ်ဆုံး၌ရှိနေသော သောက်ကျိုးနည်းအံ့သြဖွယ်သတ္တဝါလိုပြုမူနေသည့်အချိန် ၊ သူမဘက်မှ သူ့ထက်ပိုသာသည့် သောက်ကျိုးနည်းအံ့သြဖွယ်အပြုအမူမျိုးများကိုလုပ်ပြလိုက်သည့်အခါ သူ့ဘက်က သူ အားနည်းသွားကြောင်းလက်မခံလိုခြင်းပေ။
ထို့ကြောင့် သူမကို ရန်လိုလာသည်မှာသဘာဝပင်။
စန်းရန်ဆိုသည့် ဤလူက လုံးဝအရှုံးခံမည့်သူမဟုတ်သလို ခြိမ်းခြောက်ခံရမည်ကိုလည်း မကြောက်သည့်သူ။
'ငါ' မှ 'ငါ' ဆိုသည့်အမျိုးအစား။
အကယ်၍ သည်အတိုင်းသာ ဆက်သွားနေလျှင် သူတို့နှစ်ဦးမှာ အမှန်တကယ်ကို ရန်သူတွေများ ဖြစ်သွားကြလေမလား။
ဌာနသို့ရောက်လာသည့်အခါ ဝိန်းရိဖန် နေရာ၌ထိုင်လိုက်ပြီး စားပွဲပေါ်မှအချက်အလက်ဖိုင်များကို လှန်လှောကြည့်လိုက်သည်။ ဘေးခုံမှ စုထျန်းသည် ထုံးစံအတိုင်း အတင်းပြောရန်အနားသို့ကပ်လာပြီး သူမ၏အခြေအနေတိုးတက်မှုရှိမရှိကို စပ်စုမေးမြန်းလာခဲ့သည်။
ဝိန်းရိဖန် ;
"ငါ အရှိန်တင်ဖို့တော့ စဥ်းစားထားတယ်"
နေ့တိုင်းနီးပါး 'ကြိုးစားနေတုန်းပါပဲ' ဟု ကြားလာခဲ့ရသမျှ ဤတစ်ကြိမ်တွင် စကားလုံးအသုံးအနှုန်းပြောင်းသွားခဲ့ရာ နားထောင်နေသည့် စုထျန်းက အားတက်သရောရှိလာခဲ့သည်။
"ဘယ်လိုအရှိန်တင်မှာလဲ"
"ငါ သူ့ကို ထမင်းစားဖိတ်မလို့ ၊ သူ လက်ခံမခံတော့ မသိသေးဘူးပေါ့"
စကားပြောနေရင်း ဝိန်းရိဖန်က စကားလမ်းကြောင်းလွှဲလိုက်၍ ;
"ဒါပေမယ့် အဲ့ဒါမတိုင်ခင် ငါ မဖြစ်မနေလုပ်ရမှာတစ်ခုရှိသေးတယ်"
"ဘာကြီးလဲ"
ဝိန်းရိဖန်၏ပုံစံမှာ တလေးတနက်ဖြင့် ;
"ကိုယ့်ကိုကိုယ် တိုးတက်အောင်လုပ်ဖို့"
စုထျန်းတစ်ယောက် သေချာနားမလည်လိုက်သည့်ဟန်မျိုးဖြစ်သွားခဲ့၍ ;
"အမ်....."
"လူတစ်ယောက်ကို လိုက်ပိုးပမ်းချင်တယ်ဆိုရင် တစ်ဖက်လူကိုပဲကြည့်နေလို့မရဘူး"
ရက်ပေါင်းများစွာ စဥ်းစားတွေးတောပြီးနောက်တွင် ဝိန်းရိဖန်အတွက် အဖြေတစ်ခုထွက်လာခဲ့သည်။
"ကိုယ့်ကိုကိုယ်လည်း တိုးတက်အောင်လုပ်ရမယ် ၊ ကိုယ့်ကိုကိုယ် ပိုကောင်းအောင်လည်းပြောင်းလဲပစ်ရမယ်"
စုထျန်းက တစ်ခဏမျှငြိမ်နေခဲ့ပြီး ပြောသွားသည့်စကားများက အမှန်တကယ်လည်းကျိုးကြောင်းသင့်လှသည့်အတွက် ;
"အဲ့တော့ နင်က အခုဘာဆက်လုပ်မှာလဲ"
ဝိန်းရိဖန်က မျက်ခုံးများပင့်မြှောက်ပြကာ လွန်စွာမှအားတက်တရောရှိလှသည့်ဟန်ဖြင့် စကားဆက်ဆိုလာခဲ့သည်။
"ငါ သတင်းအသစ်တွေပိုရေးမယ် ၊ သုံးနှစ်အတွင်း အလုပ်ကြိုးစားပြီး ဌာနရဲ့ထိပ်ဆုံး၁၀ယောက်စာရင်းဝင် သတင်းထောက်ဖြစ်နိုင်မလားဆိုတာကြည့်ကြည့်ချင်တယ်"
"....."
စုထျန်း ;
"သုံးနှစ်....."
"အင်း"
"သုံးနှစ်အတွင်း တစ်ဖက်လူက နောက်တစ်ယောက်ရှာမတွေ့သွားနိုင်ဘူးဆိုတာ နင် သေချာလို့လား?"
ဝိန်းရိဖန်က တစ်ဖက်သို့လှည့်လာပြီး ခပ်တိုးတိုးလေးရှင်းပြလိုက်၏။
"ငါက ဒီကိစ္စနှစ်ခုလုံးကို တစ်ချိန်တည်းအကောင်အထည်ဖော်မှာလေ"
"အာ"
"ငါ့ဘက်ကလည်း သူ့ကို ခံစားမိစေချင်တာ....."
ဝိန်းရိဖန်က သူမတွေးထားသည့် အတွေးများကို ပြောပြလာခဲ့၏။
"ငါက အရမ်းကြိုးစားတဲ့သူဆိုတာကိုပေါ့"
ယခုလက်ရှိအချိန်၌ လုံလုံလောက်လောက်မကောင်းနိုင်သေးလျှင်တောင် ကြိုးစားအားထုတ်လိုက်ပါက တဖြည်းဖြည်းနှင့်ပိုမိုကောင်းမွန်လာမည်သာ။
အကြိမ်ကြိမ်ရွေးချယ်စိစစ်ပြီးနောက်တွင် ဝိန်းရိဖန်က ဒီဇင်ဘာလအစပိုင်းတွင် စန်းရန်နှင့်ထမင်းထွက်စားရန် ဆုံးဖြတ်ချက်ချလိုက်သည်။ သူမကိုယ်တိုင်က အချိန်လုံလုံလောက်လောက်ပေးနိုင်မည့်သူဖြစ်နေရေးအတွက် သူမ၏ပိတ်ရက်ကိုသာ ရွေးချယ်ထားလိုက်၏။
ထိုနေ့က သောကြာနေ့ပင်။
အလုပ်လုပ်ရမည့်ရက်ဖြစ်သဖြင့် စန်းရန်က အလုပ်သွားမည်မှာ အသေအချာ။ ထို့အပြင် အချိန်ပိုဆင်းစရာ လိုမလိုလည်း သေချာမသိသေးပေ။ ဝိန်းရိဖန်က အသေအချာတွေးကြည့်လိုက်ပြီးနောက်တွင် သူနှင့် ကြိုတင်ချိန်းဆိုရန်သာ အစီအစဥ်ဆွဲလိုက်သည်။ အကယ်၍ သူ့ဘက်ကသာ မအားကြောင်းပြောပြလာလျှင် သူမအနေဖြင့် အချိန်အပြောင်းအလဲပြုလုပ်နိုင်မည်လည်းဖြစ်၏။
ဝိန်းရိဖန် အိပ်ခန်းထဲမှထွက်လာလိုက်သည်။
လက်ရှိအချိန်တွင် စန်းရန်က ရေချိုးပြီးခါစဖြစ်ပြီး ဆိုဖာပေါ်၌ထိုင်ကာ ဖုန်းကစားနေ၏။
ဝိန်းရိဖန်က ဆိုဖာ၏အခြားအစွန်းတစ်ဖက်၌ဝင်ထိုင်လိုက်ကာ ရေသောက်ရန်အလို့ငှာ အပြင်ထွက်လာယောင်ဆောင်ပြီး ရေတစ်ခွက်ငှဲ့လိုက်ရင်း စန်းရန်ရှိသည့်ဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်၏။
တိုက်တိုက်ဆိုင်ဆိုင် သူ့အကြည့်များနှင့် တည့်တည့်တိုးအဖမ်းခံလိုက်ရသည်။
ဝိန်းရိဖန်က အောက်နှုတ်ခမ်းအားဖွဖွလေးဖိမိထားရင်း ဖုန်းမျက်နှာပြင်ပေါ်မှဂိမ်းအား လှမ်းကြည့်၍စကားစလိုက်၏။
"ငါလည်း အခုတလော အဲ့ဂိမ်းကစားနေတာ"
စန်းရန်က သူမအား လှမ်းကြည့်လာခဲ့သည်။
"ဘယ်ချိန်တုန်းကလဲ"
ဝိန်းရိဖန်မှ ကသိကအောက်နိုင်နိုင်ဖြင့် ;
"အခုတလောလေးတင်ပဲ ၊ တော်တော်လေးကစားလို့ကောင်းတယ်"
ဤစကားကို ကြားလိုက်ရသည့်အခါ စန်းရန်က လက်ထဲ၌ကိုင်ထားသည့်ဖုန်းအားမြှောက်ပြ၍ ;
"ဒါဆို တစ်ပွဲလောက်ကစားကြမလား"
"....."
သူမ၏ခြေသုံးချောင်းထောက်ကြောင်ကွန်ဖူးစကေးနှင့် စန်းရန်၏အညှာအတာမဲ့စကားပြောစွမ်းရည်အကြောင်း တွေးကြည့်မိလိုက်အခါတွင်တော့ ဝိန်းရိဖန် ခေါင်းခါပြလိုက်မိ၏။
"နောက်တစ်ခါကျမှပဲ....ငါ့ဖုန်းက အခန်းထဲမှာမလို့"
စန်းရန်ကလည်း ထပ်၍ မဆိုတော့၏။
ဝိန်းရိဖန်က ရေတစ်ငုံသောက်ပြီး စကားလမ်းကြောင်းကို စတင်လိုက်သည်။
"နင် ဒီတစ်ပတ်သောကြာနေ့ကျရင် အားလား"
စန်းရန်က ခေါင်းစောင်းကြည့်လာသည်။
"ဘာလို့လဲ"
"ငါ့သူငယ်ချင်းတစ်ယောက်ဆီက ကြားထားတာ ၊ နင်တို့ကုမ္ပဏီနားက ငါးကင်ဆိုင်စားလို့ကောင်းတယ်တဲ့ ၊ တကယ်လို့ နင် အားတယ်ဆိုရင် ငါတို့ အတူတူသွားစားကြည့်မယ်လေ"
စန်းရန်က လက်ထဲမှဖုန်းကိုချထားလိုက်ပြီး သူမအား စက္ကန့်ပိုင်းကြာအောင် စိုက်ကြည့်လာခဲ့၏။ နောက်တွင် အဓိပ္ပါယ်ပါပါပါဖြင့် ;
"နောက်ဆုံးတော့ ထမင်းတစ်နပ်အကြွေးတင်နေတာကို ပြန်ဆပ်တော့မယ်ပေါ့"
ဝိန်းရိဖန်က ကြောင်အမ်းသွားရသော်လည်း ဤသို့ဤပုံ နားလည်သွားခဲ့လည်း ဘာမှမမှားနေသည့်အတွက် ခေါင်းငြိမ့်ပြလိုက်သည်။
စန်းရန်က အကြည့်များကို ပြန်ရုတ်သိမ်းသွားပြီး ;
"အို့"
ဝိန်းရိဖန်က နောက်တစ်ကြိမ်ထပ်မေးလိုက်၏။
"ဒါဆို နင် အားလား"
သုံးလေးစက္ကန့်တိတ်ဆိတ်နေပြီးနောက် စန်းရန်က ပေါ့ပေါ့ပါးပါးဖြင့် 'အင်း' ဟု ပြန်ဖြေလာခဲ့သည်။
"ဒါဆို အဲ့နေ့ကျရင် ငါ နင့်ကုမ္ပဏီအောက်မှာ နင့်ကိုလာစောင့်ရမလား"
စန်းရန်က သဘောတူမတူကိုမသိသေးသည့်အတွက် ဝိန်းရိဖန်က ရှင်းပြ၍ ;
"ငါက သောကြာနေ့ကျရင် ပိတ်ရက်ရထားတာ ၊ အဲ့ဒါကြောင့်မလို့ နင့်ကို လာစောင့်နေဖို့အဆင်ပြေတယ် ၊ ဒါမှမဟုတ် ငါတို့ ဆိုင်မှာပဲ ဆုံကြလည်းရတယ်"
စန်းရန်က ဖုန်းကိုကြည့်နေရင်း ;
"မလိုဘူး"
ဝိန်းရိဖန် နှုတ်ခမ်းပါးလှုပ်ရုံမျှရှိသေး။
စကားမပြောလိုက်ရခင် စန်းရန်၏စကားသံကို ထပ်ကြားလိုက်ရ၏။
"ကိုယ် အလုပ်ဆင်းပြီးရင် အိမ်ကိုတစ်ခေါက်ပြန်လာခဲ့မယ်"
ဝိန်းရိဖန် ; "အမ်"
"ပြီးမှ တူတူသွားမယ်"
"...."
ဝိန်းရိဖန်က ခေါင်းငုံ့ထားရင်း ရေတစ်ငုံ ထပ်သောက်လိုက်သည်။
"ကောင်းပြီ"
ပြောချင်သည့်စကား ပြောပြီးသည်နှင့် ဝိန်းရိဖန်က ဧည့်ခန်းထဲ၌ဆက်မနေတော့ဘဲ မတ်တပ်ထရပ်ကာ လျှောက်ထွက်လာလိုက်၏။ ခြေလှမ်းသုံးလေးလှမ်း,လှမ်းပြီးနောက်တွင် တဖန်ပြန်လှည့်သွားခဲ့၍ ;
"သောကြာနေ့ကျရင် ငါ နင့်ကို တစ်ခေါက်လောက်ထပ်ပြီးသတိပေးရမလား"
စန်းရန် လှမ်းကြည့်လာရင်း ဖြည်းဖြည်းချင်းဖြင့် ;
"အင်း"
အဖြေရပြီးသည့်အခါ ဝိန်းရိဖန်၏စိတ်ထဲ တည်ငြိမ်သွားခဲ့ကာ အိပ်ခန်းဆီသို့ ပြန်လျှောက်လာခဲ့တော့သည်။
အခြားတစ်ဖက်တွင်။
တစ်ချိန်တည်း တပြိုင်တည်း ဧည့်ခန်းထဲ၌။
စန်းရန်က ဂိမ်းဆက်ကစားနေရင်း တစ်ခဏအကြာတွင် နှုတ်ခမ်းထောင့်စွန်းများဟာ ရှင်းပြမရလောက်အောင် ကွေးတက်လာခဲ့ပါတော့သည်။
*********************
~~Zawgyi~~
မနက္ခင္းအိပ္ရာနိုးလာသည့္အခါတြင္ေတာ့ ဝိန္းရိဖန္တစ္ေယာက္ အခန္းပတ္ပတ္လည္ကို အိပ္မႈန္စုံမႊားၾကည့္ေနမိၿပီးေနာက္ မေန႕ညက ညသန္းေခါင္အိပ္ေနရင္းလမ္းထေလွ်ာက္ကာ စန္းရန္၏အိပ္ခန္းထဲသို႔ထပ္ေရာက္ေနေၾကာင္း သိလိုက္ေတာ့သည္။ အခုတေလာ အိပ္ေရးဝဝလင္လင္,မအိပ္ထားရသျဖင့္ အိပ္ေရးပ်က္၍ေခါင္းကိုက္လ်က္ရွိၿပီး ေဘးတစ္ဖက္သို႔လွည့္ၾကည့္လိုက္လွ်င္ေတာ့ စန္းရန္၏အရိပ္အေယာင္ကိုမေတြ႕။
ထိုအခါမွ ဝိန္းရိဖန္ သက္ျပင္းတစ္ခ်က္ခ်လိဳက္မိေတာ့သည္။
သို႔ေသာ္လည္း ဤတစ္ခါအေျခအေနက ယခင္တစ္ခါႏွင့္ တူေနနိုင္ျခင္းရွိမရွိကိုမသိရေသး။
အိပ္ေနရင္းလမ္းထေလွ်ာက္မိသည့္အခိုက္တြင္လည္း စန္းရန္ ျပန္မေရာက္လာေသးျခင္းလား သို႔မွမဟုတ္ သူ႕အခန္းထဲဝင္လာအိပ္ျခင္းေၾကာင့္ ညသန္းေခါင္အႏွောက္အယွက္ျဖစ္၍နိုးသြားကာ ဧည့္ခန္းထဲေျပာင္းအိပ္လိုက္ရျခင္းလား။
ဝိန္းရိဖန္အေနျဖင့္ အရင္တစ္ခါလိုျဖစ္ေနေစရန္သာဆုေတာင္းမိသည္။ သူမဟာ အမွန္တကယ္ပင္လွ်င္ အသိစိတ္မကပ္ေနသည့္အခ်ိန္မ်ိဳး၌ စန္းရန္အား အခြင့္အေရးမယူခ်င္ပါေပ။ ထိုအခါ ေခါင္းကုတ္ရင္းျဖင့္ အိပ္ရာထက္မွဆင္းကာ အသာအယာေလွ်ာက္ထြက္လာလိုက္၏။
အိပ္ခန္းထဲမွ ထြက္လာလာခ်င္းပင္ ဧည့္ခန္းထဲမွ ဆိုဖာေပၚ၌ေရာက္ေနသည့္ စန္းရန္အား လွမ္းျမင္လိုက္ရေတာ့၏။ ခပ္ပါးပါးေစာင္တစ္ထည္ကိုၿခဳံထားၿပီး ေခါင္းအုံးေပၚမွီအိပ္ေနကာ သူ႕ပုံစံဟာလည္း နိုးေနသည္မွာသိပ္မၾကာေသးသည့္ပုံ။ လက္ရွိအခိုက္အတန့္တြင္ေတာ့ သူက စကားတစ္ခြန္းမဆိုဘဲ သူမကိုသာ တည့္တည့္စိုက္ၾကည့္ေနေလသည္။
"...."
ဝိန္းရိဖန္၏ေျခလွမ္းမ်ား တုံ႕ခနဲရပ္သြားေတာ့၏။ ပတ္ဝန္းက်င္တစ္ခြင္ လႊမ္းမိုးေနသည့္အေငြ႕အသက္မ်ားမွာ ခ်ိဳးငွက္၏အသိုက္ကို ခိုငွက္ကေလးတစ္ေကာင္ကခိုးထားသလိုလို။ ခ်ိတုံခ်တဳံျဖစ္ေနရင္း ဝိန္းရိဖန္က စန္းရန္နားသို႔ ေလွ်ာက္လာခဲ့လိုက္၏။
"မေန႕ညက ငါ အိပ္ေနရင္းလမ္းထေလွ်ာက္တဲ့အခ်ိန္ နင္ ျပန္ေရာက္ေနၿပီလား"
စန္းရန္၏ 'အင္း'ဆိုသည့္အသံတစ္ခု။
"...."
ဝိန္းရိဖန္က ဆက္၍ ;
"အဲ့ဒါဆို နင္ တေရးနိုးၿပီး အျပင္ထြက္လာအိပ္လိုက္ရတာလား"
စန္းရန္က တစ္ခ်က္သန္းလိုက္ၿပီး ထပ္၍ 'အင္း'ဆိုသည့္စကားတစ္ခြန္း။
ဝိန္းရိဖန္က ေဘးနားမွ အေပၚဝတ္အကၤ်ီကိုလွမ္းယူၿပီး စန္းရန္ႏွင့္ ေကာင္းေကာင္းမြန္မြန္စကားေျပာဆိုမည္ဟု ဆုံးျဖတ္လိုက္ကာ ;
"ဒါမွမဟုတ္ ဒီလိုလုပ္ပါလား ၊ ေနာက္ဆိုရင္ နင္ မအိပ္ခင္ အခန္းတံခါးကိုေသာ့ခတ္လိုက္ေလ....ရတယ္မလား ၊ အဲ့လိုဆိုရင္ ငါ ေသခ်ာေပါက္ နင့္အခန္းထဲ ဝင္လို႔ရမွာမဟုတ္ေတာ့ဘူး ၊ အဲ့ဒါမွပဲ နင္အိပ္ေနတာကိုမႏွောက္ယွက္မိေတာ့မွာ"
စန္းရန္က ဂ႐ုမစိုက္သည့္ဟန္ျဖင့္ ;
"မင္း ေသာ့ဖ်က္ၿပီးဝင္လာရင္ေရာ"
ဝိန္းရိဖန္က စိတ္ရွည္လက္ရွည္ျဖင့္ ရွင္းျပလိုက္၏။
"ငါ့မွာ ဘယ္လိုလုပ္ၿပီး အဲ့လိုအစြမ္းအစမ်ိဳးရွိမွာလဲ"
"ကိုယ့္ကို အခြင့္အေရးယူၿပီး အၾကမ္းဖက္ဖို႔အတြက္....."
စန္းရန္က မ်က္ခုံးကို ေျဖးေျဖးခ်င္းပင့္ျပကာ ေအးေအးေဆးေဆးျဖင့္ ;
"မင္း မလုပ္နိုင္တာမ်ိဳးမရွိရင္ေရာ"
ဝိန္းရိဖန္၏မ်က္ေတာင္မ်ားမွာ ပုတ္ခတ္ပုတ္ခတ္။
နည္းနည္းလည္း မိုးႀကိဳးပစ္ခ်ခံလိုက္ရသလိုလို။
အဲ့ဒါဆို သူမ အိပ္ေနရင္းလမ္းထေလွ်ာက္တဲ့အခ်ိန္ တကယ္ပဲ သူ႕ကို အၾကမ္းဖက္တာလား.....
သူမ တကယ္ပဲ အဲ့လိုလုပ္ရပ္မ်ိဳးေတြ လုပ္မိထားတာလား.....
ဝိန္းရိဖန္သည္ တစ္စစႏွင့္ စန္းရန္အား နားမလည္နိုင္ပါေတာ့ေခ်။
တကယ္ပင္ ထိုကဲ့သို႔ကိစၥမ်ားရွိေနပါရက္ျဖင့္ အဘယ္ေၾကာင့္ တံခါးကိုေသာ့မခတ္ထားရပါသနည္း။
ကိစၥေတြက အဆိုးဆုံးအေျခအေနေရာက္သြားမွ သူ႕ဘက္က သင္ခန္းစာယူတတ္မွာမ်ားလား။
ႏွစ္စကၠန့္မွ်တိတ္ဆိတ္ေနခဲ့ၿပီးေနာက္တြင္။
ယခုလိုကိစၥမ်ိဳး ေနာက္ထပ္မျဖစ္ေစေရးအတြက္ ႀကိဳတက္ကာကြယ္မည့္အႀကံအစည္တစ္ခု ဝိန္းရိဖန္၏ေခါင္းထဲေပၚလာခဲ့ကာ တေလးတနက္ျဖင့္ သူ႕အား စိုက္ၾကည့္လိုက္သည္။
"တကယ္လို႔ ငါက တကယ္ပဲ နင့္ကိုအၾကမ္းဖက္ခ်င္ေနတယ္ဆိုရင္ေရာ နင္ အခန္းတံခါးကို ေသာ့ခတ္ထားဦးမွာလား"
ဤစကားကိုၾကားလိုက္ရသည့္အခါ စန္းရန္၏မ်က္ခုံးမ်ား ပင့္ျမႇောက္သြားခဲ့ေတာ့သည္။
ေနာက္တစ္စကၠန့္တြင္ ဝိန္းရိဖန္က အေပၚဝတ္အကၤ်ီကို ခြၽတ္ပစ္လိုက္၍ ;
"ဒါဆိုလည္း လာခဲ့ေလ"
စန္းရန္ ; "...."
စန္းရန္ ; " ? "
အျပင္ဘက္တြင္ လင္းလင္းခ်င္းခ်င္းရွိေနၿပီျဖစ္သည့္အခ်ိန္ ၊ သို႔ေသာ္ ခန္းဆီးလိုက္ကာစမ်ားက အျပည့္ပိတ္ထားသျဖင့္ ဧည့္ခန္းအတြင္းတြင္ေတာ့ အုံ႕မွိုင္းမွိုင္း။ ဒီဇင္ဘာလဆီသို႔ ခ်ဥ္းကပ္လာသည္ႏွင့္အမွ် နန္းဝူၿမိဳ႕၏ရာသီဥတုမွာ အပူခ်ိန္သိသိသာသာက်ဆင္းလာၿပီး မနက္ခင္းပိုင္းႏွင့္ေန႕လည္ခင္းအပူခ်ိန္မွာပင္ လြန္စြာကြာျခားလွသည္။
ဝိန္းရိဖန္က စန္းရန္၏နံေဘး ဆိုဖာထက္၌ ထိုင္ႏွင့္ေနၿပီးၿပီ။ သူမက အိပ္ရာနိုးနိုးခ်င္းျဖစ္၍ အကၤ်ီလက္ရွည္အပါးတစ္ထည္ႏွင့္ ေဘာင္းဘီတစ္ထည္ကိုဝတ္ထားကာ အေပၚထပ္အကၤ်ီကိုခြၽတ္ပစ္လိုက္သည့္အခါတြင္ေတာ့ မသိမသာေလးေအးစိမ့္ၿပီးတုန္ယင္သြားခဲ့သည္။
စန္းရန္၏မ်က္ႏွာထက္မွ အမူအရာမ်ားမွာ တျဖည္းျဖည္းႏွင့္ေဝဝါးကြယ္ေပ်ာက္သြားၿပီး မည္သည့္လႈပ္ရွားမႈမွလည္း မရွိေတာ့ေပ။
သူ ရွိေနသည့္ေနရာနားသို႔ေရာက္လာေလေလ ဝိန္းရိဖန္၏လႈပ္ရွားမႈမ်ားႏွေးေကြးလာေလေလျဖစ္ရာ တစ္ဖက္မွ စန္းရန္ လွမ္းတားလာမည့္အသံကိုေစာင့္ေနရင္း တစ္ဖက္ကလည္း တစ္စတစ္စခ်င္းေလးသာခ်ဥ္းကပ္သြားလိုက္၏။ သို႔ေသာ္ စန္းရန္ႏွင့္ မီတာတစ္ဝက္စာ အကြာအေဝးမွ်သာလိုေတာ့သည့္အခ်ိန္အထိ သူဟာ ဆိတ္ဆိတ္ၿငိမ္လ်က္သားႏွင့္ သူမကိုသာ စိတ္ဝင္တစားစူးစိုက္ၾကည့္ေနသည္။
ဝိန္းရိဖန္အေနျဖင့္ ရပ္လိုက္႐ုံသာတတ္နိုင္ေတာ့ၿပီး တစ္ခဏၾကာၾကာၿငိမ္ေနလိုက္၏။
ဂိမ္းကစားပြဲတစ္ခုကိုၾကည့္ေနသည့္အလား စန္းရန္ကလည္း တုတ္တုတ္မွ်မလႈပ္လာေသး။
သူ႕ဘက္မွ မတားျမစ္သည့္တိုင္ ဝိန္းရိဖန္အေနျဖင့္ အနားသို႔ ထပ္မကပ္သြားေတာ့ဘဲ ကိုယ့္ဘာသာကိုယ္ ေျခတစ္လွမ္းေနာက္ဆုတ္လိုက္သည့္သေဘာျဖင့္ ;
"အခု နင္ နားလည္ၿပီမလား ၊ တကယ္လို႔ နင္ အခန္းတံခါးကိုေသာ့မခတ္ရင္ ဒီလိုအေျခအေနမ်ိဳးျဖစ္လာလိမ့္မယ္"
စန္းရန္က ၿပဳံးလိုက္၏။
"ဘယ္လို အေျခအေနမ်ိဳးလဲ"
အကြာအေဝးမွာ သိပ္ကိုနီးကပ္လြန္းေနသျဖင့္ သူ႕တည္ရွိေနမႈက အားျပင္းသထက္ျပင္းေနခဲ့ကာ ဝိန္းရိဖန္တစ္ေယာက္ စကားဆက္ေျပာေနဖို႔ရာ သတၱိမ်ား ေပ်ာက္ဆုံးသြားေလေတာ့သည္။ ထို႔ေၾကာင့္ နာရီကိုတစ္ခ်က္လွမ္းၾကည့္လိုက္ၿပီး စကားလမ္းေၾကာင္းလႊဲလိုက္၏။
"ငါ အလုပ္သြားဖို႔ သြားျပင္ဆင္လိုက္ဦးမယ္"
စန္းရန္က တစ္ဖက္သို႔ေခါင္းလွည့္ပစ္လိုက္ကာ ပ်င္းတိပ်င္း႐ြဲျဖင့္ ;
"ဒါက ဘာမွလည္း ျဖစ္သြားတာလဲမဟုတ္ဘဲနဲ႕"
"...."
ဝိန္းရိဖန္ သူ႕အား လွမ္းၾကည့္လိုက္၏။
စန္းရန္၏ခႏၶာကိုယ္ထက္မွ ၿခဳံေစာင္တစ္ဝက္နီးပါးသည္ ၾကမ္းျပင္ေပၚသို႔ေလွ်ာက်ေနသည့္တိုင္ သူဟာ ေကာက္ယူမည့္ပုံမရ ၊ သူ႕မ်က္ခုံးမ်ားမွာလည္မထီမဲ့ျမင္ျပဳေနၿပီး အမူအရာတို႔ကပိုင္စိုးပိုင္နင္းဆန္ကာ အေၾကာက္အလန့္လည္းမရွိ ၊ သူမ၏စကားလုံးတို႔ကို လုံးဝမ်က္လုံးထဲမထည့္သည့္ဟန္ေပ။
ဝိန္းရိဖန္က သူ႕စကားကို အာ႐ုံထဲမထည့္ေတာ့ဘဲ ခႏၶာကိုယ္ကိုကိုင္းကာ ၿခဳံေစာင္အား သူ႕အစားေကာက္ယူေပးလိုက္၏။ ၿခဳံေစာင္၏ေထာင့္ကိုကိုင္ထားရင္း တစ္ခုခုေျပာဆိုေတာ့မည့္အခိုက္အတန့္တြင္ေတာ့ ႐ုတ္တရက္ဆိုသလို ၿခဳံေစာင္၏အျခားတစ္ဖက္ေထာင့္မွေန၍ ခပ္ျပင္းျပင္းေဆာင့္ဆြဲလိုက္ေလေတာ့သည္။
သူမမွာ လက္မလႊတ္ရေသးခင္ သတိလက္လြတ္ျဖင့္ ဆြဲပါသြားခဲ့ေတာ့၏။
ခႏၶာကိုယ္က အေရွ႕သို႔ ယိုင္က်သြားကာ လူတစ္ေယာက္လုံးက စန္းရန္၏ခႏၶာကိုယ္ေပၚသို႔ ပစ္လွဲက်သြားခဲ့သည္။
လုံၿခဳံေရးအကြာအေဝးေလးမွာလည္း က်ိဳးပ်က္သြားလ်က္သား။
ဝိန္းရိဖန္ အသက္ေအာင့္ထားမိရင္း သူ႕ေဘးနားမွ ကူရွင္ထံလွမ္းအားျပဳလိုက္ပါေသာ္ျငား ဟန္ခ်က္မထိန္းနိုင္ေတာ့ေလသျဖင့္ သူမ၏ႏွာေခါင္းထိပ္ဖ်ားေလးႏွင့္ စန္းရန္၏ေမးဖ်ားတို႔ဟာ ခပ္ဖြဖြေလး ပြတ္သပ္သြားေလေရာ့၏။ သူမ အလိုလိုေခါင္းေမာ့ၾကည့္လိုက္မိသည့္အခါ ခ်က္ခ်င္းေတြ႕လိုက္ရသည္က စန္းရန္၏မ်က္ဝန္းနက္နက္တစ္စုံ။
သူဟာ အသက္ရႉေငြ႕မ်ားအျပင္ ခႏၶာကိုယ္တစ္ခုလုံးကပါ ပူျပင္းေတာက္ေလာင္ေနေလသည္။
အခ်ိန္တစ္ခုစာအတြင္း ဝိန္းရိဖန္ တစ္ခုခုတုံ႕ျပန္လိုက္ဖို႔ကိုပင္ ေမ့ေလ်ာ့သြားခဲ့ေတာ့၏။
စန္းရန္၏အၾကည့္မ်ားဟာ ေလးေလးနက္နက္ရွိလွသည့္အျပင္ မည္းနက္မႈမ်ားပါေရာေထြးေနေလၿပီး သူ႕လည္စလုတ္မွာမူ သိသိသာသာကို အထက္မွေအာက္သို႔တစ္ခ်က္လႈပ္ရွားသြားခဲ့၏။ ထို႔အျပင္ သူ႕မ်က္ဝန္းမ်ားကလည္း သူမ၏ႏႈတ္ခမ္းပါးေနရာကိုသာ ႏွစ္စကၠန့္နီးနီးစိုက္ၾကည့္ေနၿပီးမွ အေပၚသို႔တက္လာခဲ့သည္။
ရွင္းျပရခက္စြာ ဝိန္းရိဖန္၏ႏႈတ္ခမ္းမ်ား ေျခာက္ကပ္လာပါေတာ့သည္။
"ဘာလဲ"
စန္းရန္က ၾသရွရွအသံမ်ားျဖင့္ ႐ုတ္တရက္စကားဆိုလာခဲ့၏။
"ဒီတစ္ခါ လုပ္ရဲၿပီလား"
အႏွီစကားလုံးမ်ားက ဝိန္းရိဖန္၏အသိစိတ္ကိုလႈပ္ႏွိုးလိုက္သည့္အလား ခ်က္ခ်င္းေနာက္ျပန္ဆုတ္ၿပီး ခပ္မတ္မတ္ျပန္ထိုင္လိုက္သည္။ ကသိကေအာက္နိုင္လွသည့္အေျခအေနႀကီးထဲတြင္ သူမဟာ စန်းရန်ဆိုလိုချင်သည့်အဓိပ္ပါယ်ကိုပင် ေကာင္းေကာင္းသေဘာမေပါက္လိုက္ပါဘဲ ကတုန္ကယင္ျဖင့္ျငင္းလိုက္မိ၏။
"မလုပ္ရဲဘူး"
စန္းရန္က မ်က္ႏွာတစ္ခ်က္ မပ်က္ယြင္းသြားဘဲ မ်က္ခုံးပင့္ျပလိုက္သည္။
ဝိန္းရိဖန္က ေဝေဝဝါးဝါးျဖင့္ စကားဆိုလိုက္၏။
"ေနာက္တစ္ခါက်မွ"
"...."
အခ်ိန္သိပ္မရေတာ့သျဖင့္ ဝိန္းရိဖန္က ဧည့္ခန္းထဲ၌ ၾကာၾကာမေနေတာ့ဘဲ အိပ္ခန္းထဲဝင္လာခဲ့သည္။ ေရခ်ိဳးခန္းထဲဝင္ၿပီး သြားတိုက္တံေပၚ၌ သြားတိုက္ေဆးကိုညွစ္တင္လိုက္ကာ လႈပ္ရွားမႈမ်ားက တဖန္ရပ္သြားျပန္ရင္း အသက္ေျဖးေျဖးရႉသြင္းလိုက္သည္။
ေနာက္က်မွခံစားမိလိုက္ရသည့္ ကံေကာင္းမႈေလးအခ်ိဳ႕.....
ကံေကာင္းေထာက္မစြာျဖင့္ ထိန္းထားနိုင္ခဲ့သည့္ခံစားခ်က္မ်ား.....
အသိစိတ္ကပ္၍ၾကည္လင္ေနသည့္အေျခအေနႀကီးမ်က္ေမွာက္တြင္ အမည္မတပ္ ၊ အေၾကာင္းျပခ်က္မရွိဘဲႏွင့္ စန္းရန္ကို ယခုလိုမ်ိဳးျပဳမူခဲ့ျခင္း။
ဒါႀကီးက သူ႕ကို မေလးစားရာေရာက္လြန္းသြားတယ္မလား......
ဒါေပမယ့္ စန္းရန္က ဘာလို႔ ႐ုတ္တရက္ႀကီးေစာင္ကို ဆြဲလိုက္ရတာလဲ.....
အစတည္းက ၾကမ္းျပင္ေပၚမွာ ျပဳတ္က်ေနတဲ့အခ်ိန္တုန္းကက်ေတာ့ ဂ႐ုစိုက္ဘဲနဲ႕....သူမ လွမ္းထိလိုက္တဲ့အခ်ိန္က်မွ ခ်က္ခ်င္းလႈပ္လိုက္တယ္ဆိုေတာ့.....ဒါဆို သူက သူ႕အခန္းကို လုယူခံထားရတဲ့အျပင္ လက္ထဲမွာက်န္ေနခဲ့တဲ့ တစ္ထည္တည္းေသာေစာင္ကိုပါ ထပ္အလုခံရမွာေၾကာက္လို႔မ်ားလား.....
သူမရဲ႕ပုံရိပ္က အခုလိုမ်ိဳးေတာင္ျဖစ္ေနၿပီလား......
ဝိန္းရိဖန္က ခံစားခ်က္မ်ားကိုခြဲျခားစစ္ေဆးၿပီး အခုေလးတင္ စန္းရန္ေျပာလိုက္သည့္စကားအား တဖန္စဥ္းစားၾကည့္လိုက္သည္။ သြားတိုက္ေနရင္းျဖင့္ အႏွီစကားဟာ မည်သည့်အဓိပ္ပါယ်မျိုးကိုဆိုလိုေၾကာင္းေတြးေတာၾကည့္ေနမိရင္း သိပ္မၾကာခင္တုန္းက စန္းရန္ေျပာသြားခဲ့သည့္စကားတစ္ခြန္းကိုအမွတ္ရလိုက္သည္။
---'မင္းက ကိုယ့္ကို အတင္းအၾကပ္အၾကမ္းဖက္ခ်င္တာေပါ့'
---'လုပ္ရဲရင္ လာခဲ့ေလ'
ဝိန္းရိဖန္ ေၾကာင္အမ္းမိသြားကာ တစ္ခ်ိန္တည္းဆိုသလို စန္းရန္၏အနီးကပ္မ်က္ႏွာအား မ်က္လုံးထဲျမင္ေယာင္လာမိေတာ့၏။ ပါးစပ္ထဲမွ အျမႇုပ္မ်ားကိုေထြး ၊ ပါးလုတ္က်င္းကာ သူမဘက္မွ စန္းရန္၏စကားကို ဘယ္လိုဘယ္ပုံတုံ႕ျပန္လိုက္ေၾကာင္းကိုပါ ျပန္ေတြးၾကည့္မိပါေတာ့သည္။
"...."
ဒါေပမယ့္လည္း သုံးလိုက္တဲ့စကားလုံးေတြက သိပ္မဆိုးဘူးလို႔ ခံစားမိလိုက္ေသး။
စန္းရန္ႏွင့္အေနၾကာလာသည္ႏွင့္အမွ် ဝိန္းရိဖန္ထံ၌ တရင္းတႏွီးႏွင့္ေရာေရာေထြးေထြးေန၍ရေသာခံစားခ်က္မ်ိဳး ျဖစ္တည္လာခဲ့သည္မွာ အမွန္ပင္။ မ်က္ႏွာသစ္ၿပီးေနာက္ တဘက္ျဖင့္ ေရစင္ေအာင္သုတ္လိုက္ရင္း အလြန္ကိုမွမသင့္ေလ်ာ္သည့္အေတြးတစ္ခုက ေခါင္းထဲျဖတ္ခနဲေပၚလာခဲ့၏။
'အနာဂတ္တြင္ လုပ္ရဲမည့္အခြင့္အေရးမ်ိဳးရွိလာနိုင္မည္လားမသိ' ဟူေသာအေတြးပင္။
-------
တစ္ဖက္သားကိုလိုက္ပိုးပမ္းေနသည့္နည္းလမ္းဟာ ေတာ္ေတာ္ေလးလိမ္ဖယ္လိမ္ေကာက္နိုင္ေနမွန္း ဝိန္းရိဖန္ ႐ုတ္တရက္ခံစားမိလိုက္ရသည့္အျပင္ ပါးစပ္ျဖင့္သာေျပာေနရသည့္နည္းလမ္းမ်ားမွာ အသုံးဝင္ပုံလည္းမရ။
လက္ရွိအေျခအေနအရ သူမႏွင့္စန္းရန္ၾကားရွိ ဆက္ဆံေရးကိုသုံးသပ္ျပရလွ်င္ -- စန္းရန္က အၿမဲတမ္းလိုလို 'သူကသာ ေလာကႀကီး၏ထိပ္ဆုံး၌ရွိေနေသာ ေသာက္က်ိဳးနည္းအံ့ၾသဖြယ္သတၱဝါလိုျပဳမူေနသည့္အခ်ိန္ ၊ သူမဘက္မွ သူ႕ထက္ပိုသာသည့္ ေသာက္က်ိဳးနည္းအံ့ၾသဖြယ္အျပဳအမူမ်ိဳးမ်ားကိုလုပ္ျပလိုက္သည့္အခါ သူ႕ဘက္က သူ အားနည္းသြားေၾကာင္းလက္မခံလိုျခင္းေပ။
ထို႔ေၾကာင့္ သူမကို ရန္လိုလာသည္မွာသဘာဝပင္။
စန္းရန္ဆိုသည့္ ဤလူက လုံးဝအရႈံးခံမည့္သူမဟုတ္သလို ၿခိမ္းေျခာက္ခံရမည္ကိုလည္း မေၾကာက္သည့္သူ။
'ငါ' မွ 'ငါ' ဆိုသည့္အမ်ိဳးအစား။
အကယ္၍ သည္အတိုင္းသာ ဆက္သြားေနလွ်င္ သူတို႔ႏွစ္ဦးမွာ အမွန္တကယ္ကို ရန္သူေတြမ်ား ျဖစ္သြားၾကေလမလား။
ဌာနသို႔ေရာက္လာသည့္အခါ ဝိန္းရိဖန္ ေနရာ၌ထိုင္လိုက္ၿပီး စားပြဲေပၚမွအခ်က္အလက္ဖိုင္မ်ားကို လွန္ေလွာၾကည့္လိုက္သည္။ ေဘးခုံမွ စုထ်န္းသည္ ထုံးစံအတိုင္း အတင္းေျပာရန္အနားသို႔ကပ္လာၿပီး သူမ၏အေျခအေနတိုးတက္မႈရွိမရွိကို စပ္စုေမးျမန္းလာခဲ့သည္။
ဝိန္းရိဖန္ ;
"ငါ အရွိန္တင္ဖို႔ေတာ့ စဥ္းစားထားတယ္"
ေန႕တိုင္းနီးပါး 'ႀကိဳးစားေနတုန္းပါပဲ' ဟု ၾကားလာခဲ့ရသမွ် ဤတစ္ႀကိမ္တြင္ စကားလုံးအသုံးအႏႈန္းေျပာင္းသြားခဲ့ရာ နားေထာင္ေနသည့္ စုထ်န္းက အားတက္သေရာရွိလာခဲ့သည္။
"ဘယ္လိုအရွိန္တင္မွာလဲ"
"ငါ သူ႕ကို ထမင္းစားဖိတ္မလို႔ ၊ သူ လက္ခံမခံေတာ့ မသိေသးဘူးေပါ့"
စကားေျပာေနရင္း ဝိန္းရိဖန္က စကားလမ္းေၾကာင္းလႊဲလိုက္၍ ;
"ဒါေပမယ့္ အဲ့ဒါမတိုင္ခင္ ငါ မျဖစ္မေနလုပ္ရမွာတစ္ခုရွိေသးတယ္"
"ဘာႀကီးလဲ"
ဝိန္းရိဖန္၏ပုံစံမွာ တေလးတနက္ျဖင့္ ;
"ကိုယ့္ကိုကိုယ္ တိုးတက္ေအာင္လုပ္ဖို႔"
စုထ်န္းတစ္ေယာက္ ေသခ်ာနားမလည္လိုက္သည့္ဟန္မ်ိဳးျဖစ္သြားခဲ့၍ ;
"အမ္....."
"လူတစ္ေယာက္ကို လိုက္ပိုးပမ္းခ်င္တယ္ဆိုရင္ တစ္ဖက္လူကိုပဲၾကည့္ေနလို႔မရဘူး"
ရက္ေပါင္းမ်ားစြာ စဥ္းစားေတြးေတာၿပီးေနာက္တြင္ ဝိန္းရိဖန္အတြက္ အေျဖတစ္ခုထြက္လာခဲ့သည္။
"ကိုယ့္ကိုကိုယ္လည္း တိုးတက္ေအာင္လုပ္ရမယ္ ၊ ကိုယ့္ကိုကိုယ္ ပိုေကာင္းေအာင္လည္းေျပာင္းလဲပစ္ရမယ္"
စုထ်န္းက တစ္ခဏမွ်ၿငိမ္ေနခဲ့ၿပီး ေျပာသြားသည့္စကားမ်ားက အမွန္တကယ္လည္းက်ိဳးေၾကာင္းသင့္လွသည့္အတြက္ ;
"အဲ့ေတာ့ နင္က အခုဘာဆက္လုပ္မွာလဲ"
ဝိန္းရိဖန္က မ်က္ခုံးမ်ားပင့္ျမႇောက္ျပကာ လြန္စြာမွအားတက္တေရာရွိလွသည့္ဟန္ျဖင့္ စကားဆက္ဆိုလာခဲ့သည္။
"ငါ သတင္းအသစ္ေတြပိုေရးမယ္ ၊ သုံးႏွစ္အတြင္း အလုပ္ႀကိဳးစားၿပီး ဌာနရဲ႕ထိပ္ဆုံး၁၀ေယာက္စာရင္းဝင္ သတင္းေထာက္ျဖစ္နိုင္မလားဆိုတာၾကည့္ၾကည့္ခ်င္တယ္"
"....."
စုထ်န္း ;
"သုံးႏွစ္....."
"အင္း"
"သုံးႏွစ္အတြင္း တစ္ဖက္လူက ေနာက္တစ္ေယာက္ရွာမေတြ႕သြားနိုင္ဘူးဆိုတာ နင္ ေသခ်ာလို႔လား?"
ဝိန္းရိဖန္က တစ္ဖက္သို႔လွည့္လာၿပီး ခပ္တိုးတိုးေလးရွင္းျပလိုက္၏။
"ငါက ဒီကိစၥႏွစ္ခုလုံးကို တစ္ခ်ိန္တည္းအေကာင္အထည္ေဖာ္မွာေလ"
"အာ"
"ငါ့ဘက္ကလည္း သူ႕ကို ခံစားမိေစခ်င္တာ....."
ဝိန္းရိဖန္က သူမေတြးထားသည့္ အေတြးမ်ားကို ေျပာျပလာခဲ့၏။
"ငါက အရမ္းႀကိဳးစားတဲ့သူဆိုတာကိုေပါ့"
ယခုလက္ရွိအခ်ိန္၌ လုံလုံေလာက္ေလာက္မေကာင္းနိုင္ေသးလွ်င္ေတာင္ ႀကိဳးစားအားထုတ္လိုက္ပါက တျဖည္းျဖည္းႏွင့္ပိုမိုေကာင္းမြန္လာမည္သာ။
အႀကိမ္ႀကိမ္ေ႐ြးခ်ယ္စိစစ္ၿပီးေနာက္တြင္ ဝိန္းရိဖန္က ဒီဇင္ဘာလအစပိုင္းတြင္ စန္းရန္ႏွင့္ထမင္းထြက္စားရန္ ဆုံးျဖတ္ခ်က္ခ်လိဳက္သည္။ သူမကိုယ္တိုင္က အခ်ိန္လုံလုံေလာက္ေလာက္ေပးနိုင္မည့္သူျဖစ္ေနေရးအတြက္ သူမ၏ပိတ္ရက္ကိုသာ ေ႐ြးခ်ယ္ထားလိုက္၏။
ထိုေန႕က ေသာၾကာေန႕ပင္။
အလုပ္လုပ္ရမည့္ရက္ျဖစ္သျဖင့္ စန္းရန္က အလုပ္သြားမည္မွာ အေသအခ်ာ။ ထို႔အျပင္ အခ်ိန္ပိုဆင္းစရာ လိုမလိုလည္း ေသခ်ာမသိေသးေပ။ ဝိန္းရိဖန္က အေသအခ်ာေတြးၾကည့္လိုက္ၿပီးေနာက္တြင္ သူႏွင့္ ႀကိဳတင္ခ်ိန္းဆိုရန္သာ အစီအစဥ္ဆြဲလိုက္သည္။ အကယ္၍ သူ႕ဘက္ကသာ မအားေၾကာင္းေျပာျပလာလွ်င္ သူမအေနျဖင့္ အခ်ိန္အေျပာင္းအလဲျပဳလုပ္နိုင္မည္လည္းျဖစ္၏။
ဝိန္းရိဖန္ အိပ္ခန္းထဲမွထြက္လာလိုက္သည္။
လက္ရွိအခ်ိန္တြင္ စန္းရန္က ေရခ်ိဳးၿပီးခါစျဖစ္ၿပီး ဆိုဖာေပၚ၌ထိုင္ကာ ဖုန္းကစားေန၏။
ဝိန္းရိဖန္က ဆိုဖာ၏အျခားအစြန္းတစ္ဖက္၌ဝင္ထိုင္လိုက္ကာ ေရေသာက္ရန္အလို႔ငွာ အျပင္ထြက္လာေယာင္ေဆာင္ၿပီး ေရတစ္ခြက္ငွဲ႕လိုက္ရင္း စန္းရန္ရွိသည့္ဘက္သို႔ တစ္ခ်က္လွမ္းၾကည့္လိုက္၏။
တိုက္တိုက္ဆိုင္ဆိုင္ သူ႕အၾကည့္မ်ားႏွင့္ တည့္တည့္တိုးအဖမ္းခံလိုက္ရသည္။
ဝိန္းရိဖန္က ေအာက္ႏႈတ္ခမ္းအားဖြဖြေလးဖိမိထားရင္း ဖုန္းမ်က္ႏွာျပင္ေပၚမွဂိမ္းအား လွမ္းၾကည့္၍စကားစလိုက္၏။
"ငါလည္း အခုတေလာ အဲ့ဂိမ္းကစားေနတာ"
စန္းရန္က သူမအား လွမ္းၾကည့္လာခဲ့သည္။
"ဘယ္ခ်ိန္တုန္းကလဲ"
ဝိန္းရိဖန္မွ ကသိကေအာက္နိုင္နိုင္ျဖင့္ ;
"အခုတေလာေလးတင္ပဲ ၊ ေတာ္ေတာ္ေလးကစားလို႔ေကာင္းတယ္"
ဤစကားကို ၾကားလိုက္ရသည့္အခါ စန္းရန္က လက္ထဲ၌ကိုင္ထားသည့္ဖုန္းအားျမႇောက္ျပ၍ ;
"ဒါဆို တစ္ပြဲေလာက္ကစားၾကမလား"
"....."
သူမ၏ေျခသုံးေခ်ာင္းေထာက္ေၾကာင္ကြန္ဖူးစေကးႏွင့္ စန္းရန္၏အညွာအတာမဲ့စကားေျပာစြမ္းရည္အေၾကာင္း ေတြးၾကည့္မိလိုက္အခါတြင္ေတာ့ ဝိန္းရိဖန္ ေခါင္းခါျပလိုက္မိ၏။
"ေနာက္တစ္ခါက်မွပဲ....ငါ့ဖုန္းက အခန္းထဲမွာမလို႔"
စန္းရန္ကလည္း ထပ္၍ မဆိုေတာ့၏။
ဝိန္းရိဖန္က ေရတစ္ငုံေသာက္ၿပီး စကားလမ္းေၾကာင္းကို စတင္လိုက္သည္။
"နင္ ဒီတစ္ပတ္ေသာၾကာေန႕က်ရင္ အားလား"
စန္းရန္က ေခါင္းေစာင္းၾကည့္လာသည္။
"ဘာလို႔လဲ"
"ငါ့သူငယ္ခ်င္းတစ္ေယာက္ဆီက ၾကားထားတာ ၊ နင္တို႔ကုမၸဏီနားက ငါးကင္ဆိုင္စားလို႔ေကာင္းတယ္တဲ့ ၊ တကယ္လို႔ နင္ အားတယ္ဆိုရင္ ငါတို႔ အတူတူသြားစားၾကည့္မယ္ေလ"
စန္းရန္က လက္ထဲမွဖုန္းကိုခ်ထားလိုက္ၿပီး သူမအား စကၠန့္ပိုင္းၾကာေအာင္ စိုက္ၾကည့္လာခဲ့၏။ ေနာက္တြင္ အဓိပ္ပါယ်ပါပါပါဖြင့် ;
"ေနာက္ဆုံးေတာ့ ထမင္းတစ္နပ္အေႂကြးတင္ေနတာကို ျပန္ဆပ္ေတာ့မယ္ေပါ့"
ဝိန္းရိဖန္က ေၾကာင္အမ္းသြားရေသာ္လည္း ဤသို႔ဤပုံ နားလည္သြားခဲ့လည္း ဘာမွမမွားေနသည့္အတြက္ ေခါင္းၿငိမ့္ျပလိုက္သည္။
စန္းရန္က အၾကည့္မ်ားကို ျပန္႐ုတ္သိမ္းသြားၿပီး ;
"အို႔"
ဝိန္းရိဖန္က ေနာက္တစ္ႀကိမ္ထပ္ေမးလိုက္၏။
"ဒါဆို နင္ အားလား"
သုံးေလးစကၠန့္တိတ္ဆိတ္ေနၿပီးေနာက္ စန္းရန္က ေပါ့ေပါ့ပါးပါးျဖင့္ 'အင္း' ဟု ျပန္ေျဖလာခဲ့သည္။
"ဒါဆို အဲ့ေန႕က်ရင္ ငါ နင့္ကုမၸဏီေအာက္မွာ နင့္ကိုလာေစာင့္ရမလား"
စန္းရန္က သေဘာတူမတူကိုမသိေသးသည့္အတြက္ ဝိန္းရိဖန္က ရွင္းျပ၍ ;
"ငါက ေသာၾကာေန႕က်ရင္ ပိတ္ရက္ရထားတာ ၊ အဲ့ဒါေၾကာင့္မလို႔ နင့္ကို လာေစာင့္ေနဖို႔အဆင္ေျပတယ္ ၊ ဒါမွမဟုတ္ ငါတို႔ ဆိုင္မွာပဲ ဆုံၾကလည္းရတယ္"
စန္းရန္က ဖုန္းကိုၾကည့္ေနရင္း ;
"မလိုဘူး"
ဝိန္းရိဖန္ ႏႈတ္ခမ္းပါးလႈပ္႐ုံမွ်ရွိေသး။
စကားမေျပာလိုက္ရခင္ စန္းရန္၏စကားသံကို ထပ္ၾကားလိုက္ရ၏။
"ကိုယ္ အလုပ္ဆင္းၿပီးရင္ အိမ္ကိုတစ္ေခါက္ျပန္လာခဲ့မယ္"
ဝိန္းရိဖန္ ; "အမ္"
"ၿပီးမွ တူတူသြားမယ္"
"...."
ဝိန္းရိဖန္က ေခါင္းငုံ႕ထားရင္း ေရတစ္ငုံ ထပ္ေသာက္လိုက္သည္။
"ေကာင္းၿပီ"
ေျပာခ်င္သည့္စကား ေျပာၿပီးသည္ႏွင့္ ဝိန္းရိဖန္က ဧည့္ခန္းထဲ၌ဆက္မေနေတာ့ဘဲ မတ္တပ္ထရပ္ကာ ေလွ်ာက္ထြက္လာလိုက္၏။ ေျခလွမ္းသုံးေလးလွမ္း,လွမ္းၿပီးေနာက္တြင္ တဖန္ျပန္လွည့္သြားခဲ့၍ ;
"ေသာၾကာေန႕က်ရင္ ငါ နင့္ကို တစ္ေခါက္ေလာက္ထပ္ၿပီးသတိေပးရမလား"
စန္းရန္ လွမ္းၾကည့္လာရင္း ျဖည္းျဖည္းခ်င္းျဖင့္ ;
"အင္း"
အေျဖရၿပီးသည့္အခါ ဝိန္းရိဖန္၏စိတ္ထဲ တည္ၿငိမ္သြားခဲ့ကာ အိပ္ခန္းဆီသို႔ ျပန္ေလွ်ာက္လာခဲ့ေတာ့သည္။
အျခားတစ္ဖက္တြင္။
တစ္ခ်ိန္တည္း တၿပိဳင္တည္း ဧည့္ခန္းထဲ၌။
စန္းရန္က ဂိမ္းဆက္ကစားေနရင္း တစ္ခဏအၾကာတြင္ ႏႈတ္ခမ္းေထာင့္စြန္းမ်ားဟာ ရွင္းျပမရေလာက္ေအာင္ ေကြးတက္လာခဲ့ပါေတာ့သည္။
*********************