ကွန်ပျူတာရှေ့မှာကြောင်တောင်တောင်နဲ့ပဲ ထိုင်နေနိုင်ခဲ့ပြီး ဖြစ်ရပ်တစ်ခုချင်းကိုပြန်စဉ်းစားကြည့်တော့ သူအဲ့နေ့ညကဆုတောင်းခဲ့တဲ့ထိုဆုတောင်းက
"ကျွန်တော်ဖန်တီးထားတဲ့ဇာတ်ကောင်ဘန်ဂျမင်နဲ့တစ်ခါလောက်ဆုံဖူးချင်ပါတယ် ကျေးဇူးပြုပြီးဆုတောင်းဖြည့်ဆည်းပေးပါ" ဆိုပြီးဖြစ်နေခဲ့တယ်။
ဂျယ်ယွန်းလည်းကွန်ပျူတာကိုပိတ်ချပလိုက်ကာ ကျောင်းသွားဖို့ကိုပဲအာရုံစိုက်လိုက်ပြီး ပုံမှန်အတိုင်းပဲနေ၍မနက်စာလည်းစားပြီးကြကော ကျောင်းကိုအတူတူသွားကြလေရဲ့။
ကျောင်းလည်းရောက်ကော
"အခန်းထဲအရင်ဝင်နှင့်" လို့ပြောပြီးဆောင်းဟွန်းတစ်ယောက်တစ်နေရာကိုထွက်သွားကာ ဂျယ်ယွန်းလည်းစာသင်ခန်းထဲကိုစိတ်ပျက်လက်ပျက်သွားပြီး ဂျယ်ယွန်းရဲ့အချစ်ဆုံးသူငယ်ချင်းကအခန်းထဲထိုင်နေတာပေါ့။
"ဟယ်လို nice to meet you" လို့နှုတ်ဆက်စကားပြောတော့ဂျယ်ယွန်းလည်းပျော်သွားပြီး
"သူငယ်ချင်း" လို့အော်ကာပြေးဖက်၍
"ဘယ်လိုရောက်လာတာလဲ?"
"ကျောင်းဖျက်ပြီးငါ့ဂျယ်ယွန်းလေးကိုလွမ်းလို့လာတွေ့တာ" လို့ပြောတော့ဂျယ်ယွန်းကကျောကုန်းကိုထုကာ
"အစောကတည်းကလာရမှာကို" လို့ပြောပြီးဂျယ်ယွန်းလည်းဖက်တာကိုရပ်လိုက်တော့တာပေါ့။
"ငါတကယ်အလုပ်မအားလို့ပါ"
"အိမ်ကိစ္စအတွက်ကျေးဇူးတင်ပါတယ်"
"အဆင်ပြေတယ်မလား?နေရတာ"
"ပြေပေမဲ့..."
"ဘာဖြစ်လို့လဲ သူ့သူငယ်ချင်းတစ်ခုခုလုပ်လို့လား?"
"ငါမင်းကိုပြောပြစရာရှိတယ် ဘန်ဂျမင်နဲ့တူတဲ့ဆိုတဲ့တစ်ယောက်ကလေ... မင်းသူငယ်ချင်းရဲ့သူငယ်ချင်းဆောင်းဟွန်းဆိုတာပဲ"
"အမ်????ဟုတ်လား?"
"အော် ငါအခုလည်းထူးဆန်းတာတွေကြုံနေရတယ် မင်းကိုအကုန်ပြောပြမယ်ကွာ" လို့ပြောပြီးသူကြုံခဲ့ရတာတွေကိုလည်းပြောပြ၊ဆောင်းဟွန်းအပြုအမူတွေကရုတ်တရက် ဘန်ဂျမင်နဲ့တူလာဆိုတယ်ဆိုတာကိုလည်းပြောပြလိုက်လေရဲ့။
"ဟမ်???"
"ဘာတွေတကယ်ပဲဖြစ်ကုန်တာလဲ"
"နေဦးမင်းအဲ့နေ့ညကဘယ်လိုဆုတောင်းခဲ့တာလဲ?"
"ကျွန်တော်ဖန်တီးထားတဲ့ဇာတ်ကောင်
ဘန်ဂျမင်နဲ့တစ်ခါလောက်တွေ့ဖူးချင်တယ်လို့လေ"
"အဲ့ဒါကြောင့်ဖြစ်မယ်"
"ဟမ်?" လို့ပြောနေချိန်ပဲ ဆောင်းဟွန်းကအခန်းထဲရောက်လာပြီး တံခါးကိုဝုန်းခနဲဖွင့်လိုက်လေတယ်။ဂျယ်ယွန်းနဲ့သူ့သူငယ်ချင်းလည်းလန့်သွားပြီး
"ဆရာလာတော့မယ် ငါ့နေရာဖယ်ပေးလို့ရမလား?"
"မင်းလား?ငါ့သူငယ်ချင်းရဲ့သူငယ်ချင်းဆိုတာ"
"အော် ဟုတ်တယ်" လို့ပြောတော့
ဂျယ်ယွန်းရဲ့သူငယ်ချင်းကဂျယ်ယွန်းအနားကိုတိုးကာ သွားကြီးစိပြီး
"ဘန်ဂျမင်နဲ့တော်တော်တူတာပဲ ချွတ်စွတ်ပဲနော်"
"အဲ့ဒါပြောတာ"
"ငါထပေးမယ်နော်" လို့ပြောပြီး
ဆောင်းဟွန်းနေရာကထလိုက်ကာ
"ဒါဆိုသွားပြီ ညနေကျမှလာခဲ့တော့မယ်"
"အော် တာ့တာ" လို့ပြောချိန်ပဲ
ဆောင်းဟွန်းကဂျယ်ယွန်းအနားကိုဝင်ထိုင်လိုက်တာပေါ့။ဂျယ်ယွန်းရဲ့သူငယ်ချင်းလည်းထွက်သွားပြီး ဆောင်းဟွန်းက
"သဘောမကျဘူးသူ့ကို" လို့တိုးတိုးလေးပြောတော့ဂျယ်ယွန်းက
"အော်?"
"ဘာမှမဟုတ်ဘူး" လို့ပြောပြီးစာအုပ်ထုတ်ပြီးစာလုပ်လေတယ်။ဂျယ်ယွန်းကတော့ထုံးစံအတိုင်းစာရေးခုံပေါ်လှဲအိပ်လိုက်ချိန်ပဲ ဆောင်းဟွန်းမျက်လုံးထဲကသွေးမျက်ရည်များစီးကျလာကာ
"လီရှင်းအိန်း ငါမင်းကိုသတ်ပစ်မယ်" လို့ခါးခါးသီးသီးရေရွတ်နေပြီး လေကြမ်းတွေကလည်းတိုက်လာခဲ့လေရဲ့။ဒီလိုနဲ့ညနေကျောင်းဆင်းချိန်လည်းရောက်ကော ဆောင်းဟွန်းကသန့်စင်ခန်းခနသွားကာ လက်ဆေးနေချိန် ဂျယ်ယွန်းကိုအမြင်ကပ်တဲ့အဖွဲ့က သန့်စင်ခန်းထဲဝင်လာတာပေါ့။
"မင်းတို့ဘာ-" လို့ပြောနေချိန်ပဲ မေ့ဆေးအုပ်လိုက်ကာဆောင်းဟွန်းကိုခေါ်ထုတ်သွားလေတယ်။တစ်ဖက်မှာ ဂျယ်ယွန်းကတော့စာသင်ခန်းထဲမှာဆောင်းဟွန်းကိုထိုင်စောင့်နေပြီး သူ့သူငယ်ချင်းကရောက်လာခဲ့လေရဲ့။
"ဂျယ်ယွန်း"
"အော် ရောက်လာပြီလား?"
"ဆောင်းဟွန်းကော?"
"အော် သူသန့်စင်ခန်းခနသွားတယ်"
"အော် ဟုတ်လား?" လို့ပြောပြီးဂျယ်ယွန်းအနားကိုထိုင်လိုက်ကာ လက်ကိုကိုင်လိုက်တော့ အေးစက်မှုကြီးကိုခံစားလိုက်ရပြီး စိမ်းသက်သက်နိုင်နေတဲ့သူ့သူငယ်ချင်းမျက်လုံးကိုကြောင်တောင်တောင်နဲ့ကြည့်နေမိ၍ စိတ်ထဲတစ်ခုခုကိုခံစားမိလာလေတယ်။
"မင်း?အဆင်ပြေရဲ့လား?"
"ပြေပါတယ် ဒါနဲ့ငါတို့အိမ်အတူတူပြန်ရအောင်"
"ဒါပေမဲ့?ဆောင်းဟွန်း?"
"သူ သူ့ဘာသာသူပြန်လိမ့်မယ်" လို့ပြောပြီးလွယ်အိတ်ကိုအတင်းဆွဲယူကာ လက်ကိုအတင်းဆွဲ၍ကျောင်းထဲကခေါ်ထုတ်သွားတာပေါ့။တစ်ဖက်မှာလည်း ဆောင်းဟွန်းတစ်ယောက်သတိရလာပြီး
"နိုးလာပြီလား?ပတ်ဆောင်း-အာအာ မှားလို့ဘန်ဂျမင်" လို့သူ့အရှေ့ကခုံမှာထိုင်နေပြီးပြောနေကာ သူ့ကိုတော့ကြိုးတုပ်ထားလေတယ်။အတင်းရုန်းပြီးလွတ်ထွက်အောင်ကြိုးစားနေတဲ့ဆောင်းဟွန်း
"လွတ်ပေးနော် လွတ်ပေးလို့ပြောနေတယ်လေ"
"ငါတို့ခေါင်းဆောင်ပြောထားလို့လွတ်ပေးလို့မရဘူး"
"ဘယ်မှာလဲဂျယ်ယွန်း?ဂျယ်ယွန်းကောလို့???ဂျယ်ယွန်းဘယ်မှာလဲ?ဂျယ်ယွန်း?" လို့တောက်လျှောက်မေးနေတော့ အဲ့အုပ်စုထဲကတစ်ယောက်က ခုံကနေထလိုက်ကာ
ပရောဂျက်တာကြီးကကျလာပြီး ဂျယ်ယွန်းနဲ့သူ့သူငယ်ချင်းတို့က အမှောင်ထဲမှာလမ်းလျှောက်နေကြတဲ့မြင်ကွင်းကပေါ်လာလေရဲ့။
"ရားးးးးးးး ငါ့အိခုကိုမထိနဲ့လို့ မထိနဲ့" လို့အော်လိုက်တဲ့အသံကအရမ်းနက်တာကြောင့် ဂျယ်ယွန်းပါကြားသွားတာပေါ့။လေတွေကလည်းတိုက်လာပြီး ဂျယ်ယွန်းကအနောက်ကိုလှည့်ကြည့်ကာ
"အဲ့ဒါ?ဘာအသံလဲ?" လို့ပြောတော့ သူ့သူငယ်ချင်းကပခုံးကိုကိုင်လိုက်ကာ
"ငါတော့ဘာအသံမှမကြားဘူး မင်းအထင်မှားတာဖြစ်မယ်" လို့ပြောပြီး ကြမ်းကြမ်းတမ်းတမ်းကြီးပခုံးကိုညှစ်ကိုင်လိုက်ကာ လမ်းဆက်လျှောက်ကြလေရဲ့။တစ်ဖက်မှာဆောင်းဟွန်းကလည်း
"အိခုရဲ့ဆံပင်တစ်မွှေးကိုတောင်မထိနဲ့!!!" လို့ပြောပြီးဆောင်းဟွန်းရဲ့မျက်လုံးကနီရဲလာ၍ ကြိုးတွေအကုန်လုံးဖြည်ကျသွားတော့ သူတို့တွေလည်းလန့်သွားပြီး အနောက်ကိုဆုတ်သွားကြကာ
"ဟေ့ရောင်ဘယ်လိုဖြစ်တာလဲ?"
"သေပြီ" လို့ပြောနေချိန်ပဲ အားလုံးကိုဆောင်းဟွန်းကလည်ပင်းကနေညှစ်ပြီး နံရံမှာကပ်ထားလိုက်တာပေါ့။သူတို့လည်းနံရံမှာကပ်နေရင်း
"ငါတို့ကိုအသက်ချမ်းသာပေးပါ" လို့ဝိုင်းပြောကြတော့ ဆောင်းဟွန်းကမျက်ထောက်နီနီနဲ့
"ငါသတ်မယ့်သူကလီရှင်းအိန်းကိုပဲ" လို့ပြောပြီးထွက်သွားတော့လေတယ်။တစ်ဖက်မှာလည်းဂျယ်ယွန်းကကြောက်နေပြီး သူ့သူငယ်ချင်းကအရမ်းကိုမှအေးတိအေးစက်နဲ့ ကြောက်စရာကြီးဖြစ်နေလေရဲ့။
ခနလည်းကြာကော ဆောင်းဟွန်းကဂျယ်ယွန်းတို့ အရှေ့ကိုခုန်ဆင်းလာတော့
ဂျယ်ယွန်းလည်းလန့်သွားကာ ဂျယ်ယွန်းရဲ့သူငယ်ချင်းကဂျယ်ယွန်းလက်ကိုတင်းတင်းဆုပ်ထားပြီး
"မင်းဖယ် ငါမင်းကိုဘာမှမလုပ်ချင်ဘူး"
"မဖယ်နိုင်ဘူး"
"ငါဖယ်လို့ပြောနေတယ်နော်!!!" လို့အသံနက်ကြီးနဲ့ထပ်အော်လိုက်ပြီး
"ငါ့ရန်သူက မင်းကိုခိုင်းစေနေတဲ့
လီရှင်းအိန်းဆိုတဲ့တစ်ယောက်ပဲ မင်းကိုမဟုတ်ဘူး"
"ငါ့ခေါင်းဆောင်ပေါ်မှာသစ္စာရှိတယ်ဘန်ဂျမင်" လို့ဆက်တိုက်ပြောနေတော့
ဆောင်းဟွန်းကသူ့မျက်လုံးနဲ့စိုက်ကြည့်လိုက်ကာ
"ဖယ်မှာလား မဖယ်ဘူးလား?" လို့မေးတာပေါ့။
ဂျယ်ယွန်းသူငယ်ချင်းလည်းဆောင်းဟွန်းအကြည့်ကိုမခံနိုင်တော့ပဲ
"ငါကိုယ်တိုင်မင်းကိုလာတွေ့မယ်" လို့ကြိမ်းဝါးသွားပြီးထိုနေရာမှပျောက်ကွယ်သွားကာ ဂျယ်ယွန်းနဲ့ဆောင်းဟွန်းတို့ပဲ မှောင်မဲနေတဲ့နေရာမှာကျန်ရစ်နေခဲ့လေရဲ့။
ဆောင်းဟွန်းက ဂျယ်ယွန်းပါးလေးကိုဖြည်းဖြည်းချင်းအနားတိုးလာ၍ ကိုင်လိုက်ကာဂျယ်ယွန်းကလန့်သွားပြီး အရမ်းလည်းကြောက်နေခဲ့၍
"တောင်းပန်ပါတယ် ကိုယ်တောင်းပန်ပါတယ်အိခု" လို့ပြောမှ ဂျယ်ယွန်းတစ်ယောက်တင်းတင်းကြပ်ကြပ်ဖက်လိုက်တော့လေတယ်။နှစ်ယောက်သားမျက်လုံးထဲက ဝမ်းနည်းမျက်ရည်များစီးကျလာကြပြီး
"ကိုယ့်ကိုခွင့်လွှတ်ပေးပါ" လို့ပြောလိုက်ကာ ဂျယ်ယွန်းနှုတ်ခမ်းလေးကိုနူးညံ့စွာနမ်းလိုက်တော့တာပေါ့။ဂျယ်ယွန်းလည်းခြေဖျားလေးထောက်ကာငြိမ်ခံနေပြီး ထိုမှောင်မဲနေတဲ့နေရာကချက်ချင်းဆိုသလိုပြန်လင်းလာပြီး နူးညံ့မှုပြည့်နှက်နေတဲ့ညတစ်ညလေးတစ်ခုဖြစ်ခဲ့လေတယ်။
အလွမ်းသယ်လို့လည်းပြီးကော နှစ်ယောက်သားခုံပေါ်မှာထိုင်ကြပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြရင်း
"ဘာတွေဖြစ်ခဲ့တာလဲ?" လို့မေးတော့ဆောင်းဟွန်းလည်းခေါင်းလေးကိုငုံလိုက်ကာ
"ဘယ်ချိန်ကတည်းကလဲ?"
"တကယ်တော့..." လို့ပြောပြီးနောက်ကြောင်းပြန်လိုက်ကာ
တကယ့်ဖြစ်ရပ်မှန်ကတော့:
ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိ၊ကိုယ့်ဖြစ်တည်မှုကိုမသိတဲ့ဘန်ဂျမင်ဆိုတဲ့ ဇာတ်ကောင်ဟာဘန်ဂျမင်ရဲ့အငြိုးထားမှုကကြီးမားတာကြောင့် ရှင်သန်လာပြီး
ဘန်ဂျမင်ရဲ့ကလဲ့စားကိုပြန်လာချေပေးရတဲ့သဘောမျိုးပါ။သူကဂျယ်ယွန်းကိုလည်းသိနေခဲ့ပြီး ဂျယ်ယွန်းဘာတွေလုပ်နေလဲအမြဲစောင့်ကြည့်နေခဲ့ပေမဲ့ သူလုံးဝသွားတွေ့လို့
မရပါဘူး။
ဒါကြောင့်လည်းပတ်ဆောင်းဟွန်းနာမည်နဲ့နာမည်ကိုရအောင်ယူခဲ့ပြီး လူအသစ်အဖြစ်ရှင်သန်နေခဲ့ပါတယ်။သို့သော်ကြယ်ကြွေတဲ့ညကဆုတောင်းခဲ့တဲ့ထိုဆုတောင်းကြောင့်သာ ဂျယ်ယွန်းနဲ့အဲ့နေ့ညကကလပ်မှာတွေ့ရတာဖြစ်ပြီး ဂျယ်ယွန်းနဲ့တွေ့တော့လည်း ဆောင်းဟွန်းကအရမ်းကိုပျော်သွားခဲ့တာပေါ့။
ဒါပေမဲ့လည်း သူ့စိတ်ထဲမှာသူဂျယ်ယွန်းကိုမသိချင်ယောင်ဆောင်လိုက်မှသာ
ဂျယ်ယွန်းအတွက်အန္တရာယ်မရှိနိုင်ဘူးလို့သိနေခဲ့ပြီး တမင်မသိချင်ယောင်ဆောင်နေခဲ့တာပါ။ပြီးတော့ဂျယ်ယွန်းကလည်းသူ့ကိုအရမ်းမချစ်ဘူးလို့ပဲ ထင်နေခဲ့ပေမဲ့ဂျယ်ယွန်းကဘန်ဂျမင်ဆိုတဲ့နာမည်ကိုပဲပြောနေတာကြောင့် ကြိတ်ပျော်နေခဲ့တာပေါ့။
သူဟာ သူ့ကောင်လေးကသူ့မျက်လုံးရှေ့မှာ ဘာမှအသုံးပြုစရာမလိုဘဲ စွမ်းအာတစ်ခုနဲ့တင်ဗိုက်ကနေသွေးတွေစီးကျပြီး သေသွားရကတည်းက လွမ်းနာကျရောဂါကိုအလွန်အကျူးခံစားနေရပြီး ၅လအကြာမှာ သူ့ကောင်လေးဖြစ်တဲ့ဘန်ဂျမင်နဲ့တူတဲ့ဇာတ်ကောင်တစ်ခုကို ပုံဖော်ရေးဆွဲခဲ့လေတယ်။
ထိုဇာတ်ကောင်က သူ့ကိုသတ်ခဲ့တဲ့သူကစွမ်းအားရှင်ဖြစ်တဲ့အတွက် သူကလည်းကလဲ့စားပြန်ချေဖို့စွမ်းအာရှင်ဖြစ်နေခဲ့လေရဲ့။သို့သော်လည်း ဘန်ဂျမင်ကိုသတ်ခဲ့တဲ့ လီရှင်းအိန်းဆိုတဲ့လူကစွမ်းအားအကြီးမားဆုံးသူဖြစ်ပြီး ဘန်ဂျမင်ကိုဘာလို့ဒီလိုလုပ်ခဲ့ရတာလဲကိုတော့ ဘယ်သူမှမသိကြပါဘူး။
နောက်ကြောင်းပြန်ပြီး:
"တွေ့လို့မရခဲ့ဘူး?"
"အော် အဲ့ဒါကြောင့်ပါပြီးတော့အိခုလေးအခုလိုတွေဖြစ်မှာသိလို့မသိချင်ယောင်ဆောင်ခဲ့တာပါ"
"ဒါပေမဲ့...အိခုသူငယ်ချင်းကဘယ်လိုပတ်သက်နေတာလဲ?ခုနကလည်း..."
"လီရှင်းအိန်း ကိုယ့်ကိုသတ်ခဲ့တဲ့သူခိုင်းစေထားတာလူကြုံပါးတဲ့သဘောမျိုး"
"ဒါဆို?အိခုကသူငယ်ချင်းကိုပြောလိုက်မိလို့အဲ့လိုတွေဖြစ်သွားတာလား?"
"အော်...မင်းယုံကြည်တဲ့သူငယ်ချင်းဆီကနေသတင်းယူလိုက်တာ"
"အားးးးရူးချင်လာပြီ"
"အိခု" လို့ပြောပြီးလက်ကိုကိုင်လိုက်ကာ
"ကိုယ်မင်းကိုတော့ မစွန့်လွှတ်နိုင်ဘူး..."
"ကိုယ့်ကိုလည်းမစွန့်လွှတ်နိုင်ဘူးထပ်ပြီး ၁နှစ်တောင်ကြာခဲ့ပြီ ရူးသွားလိမ့်မယ်"
"ကိုယ့်ကိုအဲ့လောက်တောင်ချစ်တာလား?"
"ချစ်တာပေါ့ ငယ်ငယ်လေးကတည်းကဟာ...ပြီးတော့အိခုတို့စေ့စပ်ဖို့လက်ထက်လက်စွပ်သွားဝယ်ချိန်မှာလေ တကယ်ပဲစဉ်းစားလို့မရဘူးတစ်ခါမှမမြင်ဖူးတဲ့သူကဘာလို့ကိုယ့်ကို?ဘာရန်ငြိုးရှိနေခဲ့တာလဲ?"
"အိခု?"
"အော်?"
"ကိုယ် လက်စွပ်သိမ်းထားသေးတယ်" လို့ပြောပြီးသူတို့စေ့စပ်လက်စွပ်ဘူးကိုထုတ်လိုက်ကာ
"သိမ်းထားတာလား?"
"ကိုယ်အိတ်ကပ်ထဲမှာပါလာတာ" လို့ပြောတော့ ဂျယ်ယွန်းကပြုံးလိုက်ပြီး လက်စွပ်ဘူးကိုယူလိုက်လေတယ်။
"တောင်းပန်ပါတယ်...ကိုယ်လျစ်လျူရှုခဲ့တုန်းကဘယ်လောက်တောင်နာကျင်နေရမလဲ?"
"နာကျင်ရပေမဲ့...မျက်နှာလေးမြင်ရရင်ကိုပျော်တယ်" လို့ပြောလိုက်ပြီး ဆောင်းဟွန်းလက်ကိုလက်စွပ်စွပ်ပေးကာသူကိုယ်တိုင်လည်းဝတ်လိုက်တာပေါ့။
"အိခု ဘာကိုမှစိတ်မပူနဲ့နော်ကိုယ်ကအနားမှာအမြဲစောင့်ရှောက်ပေးမှာမို့"
"ဒါနဲ့...ဆုတောင်းကဘယ်ချိန်ပျောက်ကွယ်သွားမှာလဲ?အိခုနဲ့ထာဝရရှိနေပေးမှာမလား?အွန်း?" လို့မေးတော့ ဆောင်းဟွန်းကဘာမှပြန်မဖြေတော့ပဲ
"တစ်ခုခုကိုသိနေခဲ့တာလား?"
"အိခု?ကိုယ်တို့အဲ့ကိစ္စမပြောကြရအောင်" လို့ပြောပြီးထလိုက်ကာ
"ပြန်ရအောင်" လို့ပြောတော့ဂျယ်ယွန်းလည်းထလိုက်ပြီးအတူတူအိမ်ပြန်ကြလေရဲ့။အိမ်လည်းပြန်ရောက်ကော ဂျယ်ယွန်းတို့နှစ်ယောက်အတူတူပက်လက်လှဲအိပ်လိုက်ကြပြီး လက်လေးတွေကိုဆန့်ထုတ်ထားပြီး
"ကိုယ်?"
"ဗျာ?"
"ကိုယ် အိခုအနားကမထွက်သွားပါနဲ့နော်" လို့ပြောပြီးဆောင်းဟွန်းလက်ကိုလှည့်လိုက်ကာ
"ကတိပေး"
"ပေးပါတယ်ဗျာ" လို့ပြောပြီးကတိပေးလိုက်ချိန်
"အိပ်ပြီစိတ်ချသွားပြီ" လို့ပြောကာ
ဂျယ်ယွန်းတစ်ယောက် ဆောင်းဟွန်းရင်ခွင်ထဲတိုးဝင်ပြီးအိပ်ပျော်သွားလေတယ်။ဆောင်းဟွန်းလည်းစောင်လေးကိုဂျယ်ယွန်းအပေါ်မှာသေချာခြုံပေးလိုက်ပြီး
"အိပ်တာကလည်းမြန်လိုက်တာ" လို့နူးနူးညံ့ညံ့မျက်လုံးဖြင့်ပြောကာ ဆံပင်လေးကိုသပ်ပေးပြီးသူလည်းအိပ်ပျော်သွားတာပေါ့။