-HOW TO DATE WITH SINGLE FATH...

By ChristianCherry5

28.8K 2.4K 1.1K

"Brother ffin ယူကို ဒယ်ဒီကို ပြန်ကြိုက်ဖို့ ငွေဘယ်လောက်ပေးရမလဲ?" More

Intro ✓
Episode 1 ✓
Episode 2 ✓
Episode 3 ✓
Episode 4 ✓
Episode 5 ✓
Episode 6.5 ✓ [Adult Sense]
Episode 6 ✓
Episode 7 ✓
Episode 8 ✓
Episode 9 ✓
Episode 10 ✓
Episode 11 ✓
Episode 12 ✓
Episode 13 ✓
Episode 15 ✓

Episode 14 ✓

484 63 40
By ChristianCherry5

Unicode ✅

-HOW TO DATE WITH SINGLE FATHER-

“အဲ့ဒီတော့ အစ်ကိုက CEO Griffin ကိုဖွင့်ပြောလိုက်ပေမဲ့ သူကဘာမှ အဖြေပြန်မပေးဘဲ နောက်ရက်ကျတော့ အလုပ်ကိစ္စနဲ့ ပြင်သစ်ကို ပြန်သွားတယ်ပေါ့”

“အွန်း!”

“ပြင်သစ်ကို ပြန်ရောက်ပြီးကတည်းကလည်း အစ်ကို့ဆီ  ဖုန်းဆက်ရုံကလွဲပြီး လူချင်းလာမတွေ့တာ တစ်ပတ်လောက်ရှိပြီပေါ့”

“အေးကွာ ဖုန်းပြောတာကလည်း ငါ့ဘက်က စဆက်လို့ ပြန်ပြောတာ ငါမဆက်တဲ့နေ့ဆို သူလုံးဝ မဆက်ဘူး ကြည့်ရတာ ငါဖွင့်ပြောလိုက်တာ မှားသွားပြီ ထင်ပါတယ် အဒေးရာ”

အခု‌အခြေနေမှာ ဘာမှလုပ်လို့မရသည့် ကိုးလ်ဟာ အဒေးဆီ ဆက်သွယ်ပြီး လူချင်းတွေ့ကာ အကြောင်းဆုံး ပြောပြနေခြင်းပင်။ ကိုးလ်ဆီမှာ သူငယ်ချင်း အပေါင်းအသင်းတွေ ရှိပေမဲ့လည်း လူရင်းတွေကို ပြောပြရမှာ မျက်နှာပူသည်မို့ အဒေးဆီဆက်သွယ်ပြီး ရင်ဖွင့်လာခြင်းဖြစ်လေ၏။

အဒေးမှာလည်း ကိုးလ် ဖြစ်နေပုံကိုကြည့်ပြီး ဘယ်ကနေစပြီး အကြံပေးရမလဲ မသိချေ။ သူသည်လည်း လူရင်းမဟုတ်သည်မို့ ကိုးလ်နှင့်ဖင်လ်တို့ ဆက်ဆံရေး ဘယ်လိုမျိုးရှိသလဲ အဒေးအလုံးစုံ မသိတာကြောင့် အကြံပေးရခက်နေလေရဲ့။

“အရမ်းကြီးလည်း စိတ်မညစ်ပါနဲ့ အစ်ကို ကျွန်တော် သိရ‌သလောက်တော့ ကိုကိုက Straight ဆိုတော့ CEO Griffin လည်း အတူတူပဲနေလိမ့်မယ်”

“ငါလည်း ဂေးမှမဟုတ်တာကွာ”

“ကျွန်တော်လည်း ဂေးမဟုတ်ပါဘူး အစ်ကို ဒါပေမဲ့ ကျွန်တော်တို့က ‌သူတို့နဲ့တွဲဖို့ အဆင်ပြေပေမဲ့ သူတို့အတွက်ကျတော့ ယောင်္ကျားလေးတစ်ယောက်နဲ့တွဲဖို့ ခက်ခဲလိမ့်မယ်ထင်တယ်”

အဒေးစကားကြောင့် ကိုးလ်ဟာ ခေါင်းငိုက်စိုက်ကျသွားပြီး ဘာစကားမှလည်း ထပ်မထွက်လာတော့ပေ။ အဒေးမှာလည်း ကိုးလ်အား ဘယ်လိုအကြံဉာဏ်ပေးရမလဲ တွေးရင် တိတ်ဆိတ်နေခဲ့လေ၏။

ခဏကြာတော့ ဟက်ခနဲ ရယ်ချတဲ့ အဒေးကြောင့် ကိုးလ်ဟာ နားမလည်သလို အဒေးအား မော့ကြည့်လေတော့ ။

“ကျွန်တော်တို့နှစ်‌ယောက် အဖြစ်ကတူတယ် မဟုတ်လား အစ်ကို”

ခပ်ယေးယေးပြုံးရင်း မေးလာသည့် အဒေးအားကြည့်ရင်း ကိုးလ်လည်း ပြန်တွေးမိသည်မှာ အဒေးပြောတာ အမှန်ပင်။ ‌အဒေးသည်လည်း ဒန်တီကို သဘောကျနေပေမဲ့ ဒန်တီကတော့ အဒေးအပေါ် ဘာစိတ်မှမရှိမှန်း သူဘေးကနေကြည့်ရင်တောင် မြင်နိုင်လေသည်။ ဒီလိုဆိုတော့ သူတို့နှစ်ဦးအဖြစ်မှာ တူသလိုပါပင်။

“အစ်ကို ဘာဆက်လုပ်ဖို့ တွေးထားလဲ”

“ဘာလုပ်ရမလဲ ငါမသိဘူး ငါသိတာ ငါဖင်လ်ကို အဆုံးရှုံးမခံနိုင်တာပဲ ဒီရက်တွေထဲမှာ ငါဘယ်လောက်တောင် ပင်ပန်းခဲ့ရလဲ မင်းမသိဘူး ငါလေ...ငါသူ့ဆီ ဖုန်းဆက်မိတိုင်း အရင်လို မဟုတ်တော့တဲ့ သူ့ဆက်ဆံပုံတွေကြောင့် ငါဒေါသထွက်နေသလား ဝမ်းနည်းနေသလားတောင် ငါကိုယ်ငါ မသိတော့တဲ့အထိ ငါသူ့ကိုဆက်ပြောမဲ့ စကားတွေအကုန် လည်ချောင်းထဲကနေ ထွက်မလာတော့ဘူး ငါပင်ပန်းတယ် အဒေးရာ”

အဒေးမှာ ကိုးလ် ပြောပြသည်ကို နားထောင်ရင်း မျက်ရည်တွေဝဲနေသည့် ကိုးလ်ကိုမြင်ရသည်မှာ ရင်ထဲမကောင်းပေ။ အခုကိုးလ်ဖြစ်နေသည့် အခြေအနေဟာ သူနှင့်သိပ်မခြားမနားပါပင်။ သူသည်လည်း ကိုကို့ကို စချစ်မိကတည်းက ဘယ်လောက်တောင် စိတ်ပင်ပန်း နာကျင်ခဲ့ရသလဲ သူကိုးလ်ကို ကိုယ်ချင်းစားပါသည်။

မေတ္တာပေးရင် မေတ္တာပြန်ရမည် ဆိုသည့် စကားဟာ သူတို့နှစ်ဦးအတွက်တော့ လွဲမှားနေပုံပါပင်။  သူတို့မှာတော့ ပေးလိုက်ရသည့် မေတ္တာသည်မှာ ပင်လယ်ရေလို သောက်မကုန်ပေမဲ့ တစ်ဖက်က တန်ဖိုးမထားချိန်မှာတော့ သူတို့မေတ္တာတွေဟာ အပေါစာဆန်မှန်းမသိဆန်လာခဲ့လေ၏။

“အစ်ကို ငိုင်မနေနဲ့တော့ ကျွန်တော်ကိုကြည့်”

အဒေးစကားကြောင့် ကိုးလ်ဟာ အဒေးမျက်နှာကို မျှော်လင့်သလိုလေး ကြည့်လာလေသည်။ အဒေးကလည်း ကိုးလ်အား အသာပြုံးပြကာ ခုံပေါ်က ကိုးလ်လက်တွေအား ယူလိုက်ပြီး ခပ်ဖွဖွဆုပ်ကိုင်လိုက်လေရဲ့။

“ကျွန်တော် အစ်ကို့ကို အပြည့်အဝ ကူညီပေးမယ် ဒါပေမဲ့ တစ်ခုတော့ သိထားစေချင်တယ် အစ်ကို ဒီပွဲက လောင်းကြေးထပ်ရတဲ့ ပွဲမို့ ‌အဆုံးသ/တ်မှာ အစ်ကို သူ့ကိုပိုင်ဆိုင်ရသည် ဖြစ်စေ မပိုင်ဆိုင်ရသည် ဖြစ်စေ အစ်ကို လက်ခံရမယ် ဒီကတိကို ကျွန်တော်ကိုပေးနိုင်မလား”

အဒေး‌ အမေးကို ကိုးလ်ဟာ ခပ်ဖွဖွသာပြုံးကာ ။

“ငါကျေကျေနပ်နပ်ကြီး လက်ခံပါတယ် အကယ်၍ သူ့ကိုငါမပိုင်ဆိုင်ရရင်တောင် သူကငါ့အတွက် အမြဲတမ်း တည်ရှိနေမဲ့ ဖြစ်တည်မှုပါပဲ”

“ဟား! အစ်ကိုကလေ ကျွန်တော်နဲ့ ခံယူချက်ခြင်း သိပ်တူတာပဲ”

“အဒေး”

“‌ဗျာ”

“ငါလည်း မင်းကို ပြန်ကူညီပေးမယ်”

အဒေး မျက်ဝန်းဝိုင်းသွားကာ အံ့ဩသွားပေမဲ့ ခေါင်းညိတ်ကာ လက်ခံပေးသည်။ ဒီလိုနှင့် နှစ်ယောက်သာ ထိုအကြောင်းအရာတွေအား မေ့ထားရင်း တခြားသော ကိစ္စရပ်တွေအားဆိုကာ ‌ရယ်မောရင်း အတူတူအချိန်ကုန်ဆုံးစေ၏။

.
.
.

အပြန်ခရီး၌ အိမ်ထိ လိုက်ပို့သွားတဲ့ ကိုးလ်ကြောင့် အဒေးလည်း ကိုးလ်အား နှုတ်ဆက်ကာ  သူ့တိုက်ခန်းလေးဆီ ပြန်လာလိုက်သည်။ တိုက်ခန်းဆီရောက်တော့ အပြင်ဘက်၌ ပွင့်နေသည့် အခန်းတံခါးကြောင့် အခန်းထဲ၌ Aryan မဟုတ် ဒန်တီရောက်နေမှန်း ‌အဒေးရိပ်မိလိုက်လေ၏။

ဒါကြောင့် အခန်းထဲဝင်လာလိုက်တော့ ဧည့်ခန်းထဲ၌ ထိုင်နေသည့် ဒန်တီအား တွေ့လိုက်ရလေသည်။ ဒီရက်ပိုင်း ဒန်တီနှင့် အဒေးဆက်ဆံရေးမှာ ထွေထွေထူးထူးမရှိပါဘဲ ပုံမှန်အတိုင်း ဒန်တီက အဒေးဆီ မကြာခဏလာပြီး စကားအနည်းငယ်သာပြောကာ ပြန်ပြန်သွားလေသည်။

အခုလည်း ‌သူပြောစရာရှိတာပြောပြီး ပြန်မည်ဟု အဒေးထင်ထားပေမဲ့ ဒန်တီကတော့ အဒေးအား ဘာစကားမှပြောမလာဘဲ ဧည့်ခန်းထက်သာ ‌ဆေးလိပ်သောက်ရင်း ထိုင်နေလေ၏။

“မပြန်သေးဘူးမဟုတ်လား ကျွန်တော် ရေချိုးပြီး ပြန်ထွက်လာခဲ့မယ်”

သူ့စကားကို ခေါင်းတစ်ချက်သာညိတ်ပြတဲ့ ဒန်တီကြောင့် အဒေးလည်း ‌သူ့အခန်းထဲဝင်သွားကာ လုပ်စရာရှိတာ လုပ်နေတော့၏။ အပြင်မှာကျန်ခဲ့သည့် ဒန်တီကတော့ ဆေးလိပ်အား အရသာခံသောက်ရင်း အတွေးတွေမှာ တောင်ရောက်မြောက်ရောက်ပင်။

ဒီရက်ပိုင်း အဒေး သူ့အားဆက်ဆံပုံမှာ သူသည်ပဲ စိတ်ထဲထင်လို့လားမသိ။ အဒေးပုံစံမှာ သူမြင်နေကြပုံစံမျိုးမဟုတ်ဘဲ ပြောင်းလဲနေသလိုပါပင်။ အရင်က သူ့အားလိုက်ကပ်တတ်သည့် ကောင်လေးဟာ အခုတော့ တမင် ခပ်ကင်းကင်း နေနေသလို သူ့စိတ်ထဲခံစားမိလေ၏။

သူ့မှာလည်း ဘာမဟုတ်တဲ့ကိစ္စနဲ့ အတွေးများနေလိုက်ပုံများ ဆေးလိပ်တွေ တစ်လိပ်ပြီး တစ်လိပ် ကုန်သွားတဲ့အထိ။ ပြန်တွေးကြည့်တော့လည်း ဘာမှ စောက်အရေးမပါတာကြီး။

“ကိုကို စောင့်ရတာ ကြာသွာလား”

ခေါင်းအား ရေသုတ်ရင်း သူ့အနားလျှောက်လာသည့် အဒေးအား ဒန်တီ ခပ်တည်တည်သာ ငေးကြည့်နေသည်။ အဒေးကတော့ ဒန်တီဘေး၌ ကပ်ထိုင်ကာ ရေစိုနေသည့် သူ့ဆံပင်အား သူသုတ်ရင်း အလုပ်ရှုပ်နေလေ၏။

ထိုအချိန်မှာပဲ သူ့ပေါင်ထက် ခေါင်းတင်ကာ အိပ်ချလာသည့် ဒန်တီ။

“ဟင် အိပ်ချင်လို့လား ကိုကို”

“ဒီတိုင်းပဲ”

ခပ်တိုးတိုးပြန်ဖြေသံမှာ တစ်ခုခုကို စိတ်အလိုမကျ ဖြစ်နေသည်ပဲလား။ တစ်ခုခုကို ‌အတွေးများနေသည်ပဲလား။ အဒေးမခွဲခြားတတ်ပါပင်။

“စောနက ကိုးလ်ဆိုတဲ့ကောင်လေး လိုက်ပို့တာလား”

ဒန်တီက ဘယ်လိုလုပ်ပြီးများ သိသွားသလဲ ဆိုသည့်ဟန်နှင့် အဒေးဟာ ဒန်တီအား ငုံ့ကြည့်လေသည်။ ဒန်တီကတော့ မျက်ဝန်းတွေအား မှိတ်ထားရင်း ငြိမ်နေလေ၏။

“ဒီနေ့ အစ်ကိုကိုးလ်နဲ့ တွေ့ပြီးတော့ ပြန်လာတာ”

“ဪ”

ဪဆိုကာ ဘာမှဆက်မပြောတော့သည့် ဒန်တီကြောင့် အဒေးလည်း ဘာဆက်ပြောရမလဲ မသိချေ။ ဒါကြောင့် သူ့ဆံပင်အား သူဆက်သုတ်နေကာ ဘာစကားမှမဆိုတော့ပေ။

တော်တော်ကြာသည်အထိ သူ့ပေါင်ထက် ငြိမ်နေသည့် ဒန်တီကြောင့် အဒေးလည်း သူ့ပေါင်ပေါ်က ဒန်တီအား မသိမသာ ငုံ့ကြည့်လေသည်။ ထိုအချိန်မှာပဲ အသက်ရှုသံ ခပ်ပြင်းပြင်း‌နှင့်အတူ အိပ်မောကျနေသည့် ဒန်တီကြောင့် အဒေးဟာ ခပ်ယေးယေးပြုံးတော့၏။

“အိပ်နေတော့လည်း ကလေးလေးလိုပဲ”

အဒေးတစ်ယောက် ခပ်ပြုံးပြုံးနှင့် သူ့ကိုကို၏ မျက်နှာအား လက်ဖြင့်အသာလေးထိတွေ့ကာ မျက်တောင်မခတ်တန်း စိုက်ကြည့်နေတော့သည်။

သူအနေနှင့် ဘယ်လောက်ပဲ ကိုကိုနှင့် ခပ်ကင်းကင်းနေနိုင်အောင် ကြိုးစားနေပါစေဦး။ နောက်ဆုံးတော့လည်း ကိုကိုအနားကနေ ထွက်မသွားနိုင်သူမှာ သူကိုယ်တိုင်ပါပင်။ ကိုကို့မျက်နှာလေး မြင်လိုက်ရရုံပင် ရင်ဘက်ထဲက ဒဏ်‌ယာတွေ ပျောက်သလို။ ကိုကိုနှင့် စကားလေးများ ပြောခွင့်ရရင် အမှတ်မရှိသည့်သူလို ရင်ခွင်ထဲ တိုးဝင်ချင်လာသလို။

သူဟာ တကယ်ကိုပင် အမှတ်မရှိသည့် သူမျိုးပင်။

“ဆိုးတယ်နော် ဒီကောင် ဒီလောက်ချစ်တာ နည်းနည်းကလေးတောင် မြင်အောင် မကြည့်တတ်ပါလား ကိုကို”

ပါးပြင်တွေအား ခပ်ဖွဖွပွတ်သတ်ရင် အဒေးမှာ သူ့ကိုကိုမျက်နှာအား ကြည့်မဝပါပင်။

“ကိုကိုလည်း ပင်ပန်းမှာပဲ ကိုယ်မချစ်တဲ့သူက ကိုယ့်အနား ဖက်တွယ်နေတာကိုလေ ကျွန်တော်လည်း ဒီလိုကြီး မနေချင်တော့ဘူး ကိုကို နေ့ရက်တိုင်းက လူရော စိတ်ရော သိပ်ပင်ပန်းတာပဲ”

ထိုစကားတွေအားဆိုရင်း သက်ပြင်းအားချကာ ဆိုဖာထက် ခေါင်းမော့ချပြီး မျက်နှာကျက်တွေအား အကြောင်းမဲ့သက်သက် စိုက်ကြည့်နေမိပြန်ပါသည်။

အချစ်က လူတွေကို နာကျင်စေတယ်တဲ့။ ချစ်ပေးတော့လည်း နာကျင်ရ။ အချစ်ခံရတော့လည်း နာကျင်ရ။ ဟုတ်တော့ ဟုတ်နေတာပါပဲ။

.
.
.

“တစ်မျိုးပဲရမယ်နော် ယူကို”

“ဒယ်ဒီကလည်း”

“ဘာကို ဒယ်ဒီကလည်းလဲ ဒီလောက်ချောင်းဆိုးနေတာကို စတော်ဘယ်ရီကိတ် စားချင်ရတာနဲ့ ချောကလက်ကိတ် စားချင်ရတာနဲ့ မင်းကိစ္စကြီးပဲ”

“ဒယ်ဒီ ယူကို့ကို မဆူပါနဲ့ ဟွန့်!”

စိတ်ကောက်သွားဟန်။ ဆိုင်ထဲ ကော့ပတ်ကော့ပတ်နှင့် ပြေးဝင်သွားတဲ့ သားလုပ်သူကိုကြည့်ရင်း သူရယ်မိပါရဲ့။ ဒီကလေး သူ့ဆို သိပ်အနိုင်ကျင့်တာ။ တစ်ခါတလေ တွေးမိတာ။ သူ့အဖေဖြစ်ပြီး ကိုယ့်သားများဖြစ်နေသလားလို့။

“ဒယ်ဒီ ရှင်းလိုက်ဦး”

“ယူကို! ဒယ်ဒီမင်းကို ပြောတယ်လေ တစ်ခုပဲ ရမယ်လို့ ဘာလို့ နှစ်ခုတောင် ယူထားတာလဲ!”

“ယူကိုစားချင်လို့ကို”

သူ့အပြစ်သူသိတော့ မျက်နှာငယ်လေးနှင့် ခေါင်းငုံ့သွားတာမို့ ကိုးလ်လည်း ဆက်မပြောဖြစ်တော့။ ဒီတော့ ကျသင့်သလောက် ပိုက်ဆံအားရှင်းကာ ပြန်ဖို့ပြင်တော့၏။

ထိုအချိန်မှာပဲ အနောက်ကနေ ကြားလိုက်ရသည့် အသံကြောင့် ကိုးလ်ကိုယ်လေးမှာ မတ်ခနဲ။

“ဘေဘီလေး!”

“Brother ffin Brother ffin!”

ဖင်လ်အားမြင်တော့ သူ့ဘေးကနေ လုံးကနဲ ပြေးသွားသည့် ယူကိုပါပင်။ သူ့မှာတော့ ဖင်လ်အနား မသွားရဲတာမို့ ကောင်တာနား၌သာ ရပ်နေမိလေသည်။ ဖင်လ်သည်လည်း သူ့အား အရေးတယူ လှမ်းမခေါ်ပါဘဲ ယူကို့ကိုသာ ပေါင်ပေါ် ချီထားရင် သူ့ဘေး၌ ထိုင်နေသည့် မိန်းကလေးအား ယူကိုနှင့် မိတ်ဆက်ပေးနေလေ၏။

ဒါဟာ ဘယ်လို စိတ်ခံစားချက်မျိုးလဲ သူမသိ။ ရင်ဘက်ထဲ အောင့်သက်သက်နှင့် မနာလိုဘဲ ‌ဖြစ်နေသည်လား ဘာကြောင့်မှန်းမသိ သူ့သားအား ထိုမိန်းကလေးနှင့် မိတ်ဆက်ပေနေသည်ကို သူနည်းနည်းကလေးမှ သဘောမကျပါပေ။

သို့သော်လည်း တစ်ဖက်ကကြည့်ရင် ဒီလိုအနေအထား ဒီလိုမြင်ကွင်းဟာ မိသားစုတစ်စုပမာ ဒါဟာ ဖင်လ်လိုချင်သလို မိသားစုပုံစံမျိုးများ ဖြစ်နေမလားဟု သူတွေးမိလေတော့ ရပ်ထားသည့် ခြေထောက်တွေမှာပင် မခိုင်ချင်တော့။ သူထိုနေရာမှာတင် ပြစ်ချပြီး ပြိုလဲပြစ်လိုက်ချင်သည်။

ဒါပေမဲ့ အကျောတင်းသူပီပီ ရှိသမျှအားထုတ်သုံးကာ သူဆိုင်ထဲကနေ ထွက်လာလိုက်သည်။ အပြင်ဘက်ရောက်တော့လည်း ဆိုင်၏နံရံတွေအားမှီရင်း သူထိုင်ချကာ ဘာကြောင့်မှန်းမသိ သူ့စိတ်‌ဟာ ဆောက်တည်ရာမရအောင်ပင် ငိုချင်စိတ်မှာ မနည်းထိန်းထားရလေသည်။

သူဟာတကယ်ပဲ ဖင်လ်ကို မရ‌နိုင်တော့ဘူးလား။ သူဟာတကယ်ပဲ ဖင်လ်ကို လက်လွတ်ပေးလိုက်ရတော့မှာလား။ မဟုတ်သေးပါဘူး။ သူကဘာလို့ ဒီလိုမြင်ကွင်းလေး မြင်ရရုံနဲ့ ဒီလောက်ထိ ပြိုလဲပြစ်လိုက်ရတာလဲ။ သူအတော် ပျော့ညံ့‌တာပဲ။

“ကိုးလ်”

သူတစ်ယောက်တည်း ကမ္ဘာပျက်နေတုန်း သူ့ရှေ့ရောက်လာသည့် ဖင်လ်ကြောင့် သူ့မှာ ပြိုလဲနေသည့်ကြားက ဟန်ဆောင်ရဦးမည်။

“အာ ဖင်လ်”

သူထိုင်ရာကနေ ထလိုက်ပြီး ဖင်လ်ရှေ့ရပ်လိုက်လိုက်တော့ ဖင်လ်ဟာ သူ့အား ခပ်အေးအေးစိုက်ကြည့်နေသည်။ အရင်က ဒီမျက်ဝန်းတွေဟာ သူ့အတွက် ရင်ခုန်ချင်စရာ ကောင်းပေမဲ့ အခုတော့ သူ့အတွက်နာကျင်စေသည်။

သူမပိုင်သည့်အရာ။ သူမပိုင်သည့် မျက်ဝန်း။

“အစားလည်း သေချာမစားဘူး အမြဲတမ်း အပြင်မှာဘဲ သောက်စားပြီး အချိန်ကုန်နေတယ်ဆို”

ဒီလူ။ ဒီလူ အရင်အတိုင်းပါပဲလား။

“ဟား! ယူကိုတို့ တိုင်လိုက်ပြန်ပြီထင်တယ်”

“ကိုယ်မေးတာကိုပဲဖြေပါ ကိုးလ်”

“ဟုတ်တယ်လေ ယူကိုပြောတာ အမှန်တွေကြီးပဲ”

သူခပ်ပေါ့ပေါ့သာ ပုခုံးတွန့်ပြီး ဆိုလိုက်တော့ ဖင်လ်ဟာ သူ့အား အကြည့်စူးစူးနှင့် စိုက်ကြည့်နေလေ၏။ အခုချိန်မှာ ဒီအကြည့်တွေအား သူလန့်ရကောင်းမှန်းမသိ။ သူ့မှာ စိတ်ညစ်စရာတွေများလို့ ဘယ်တစ်ခုကို ဆွဲထုတ်ပြီး ညစ်ရမှန်းမသိအောင် ဖြစ်နေတာမဟုတ်လား။

“ငါမင်းကို ဒီလိုမြင်ချင်တာ မဟုတ်ဘူး”

ရုတ်တရက်‌ ဆိုလာတဲ့ ဖင်လ်စကားကြောင့် သူ့မှာကြောင်ခနဲ။ ဖင်လ်မျက်နှာကို ကြည့်မိတော့လည်း ဒေါသထွက်နေသယောင်။ သူ့အား စိုက်ကြည့်နေသည့် အကြည့်စူးစူးတွေမှာ ကျောချမ်းစရာအတိပင်။

“ယူကို့ကိုခေါ်ပေး ပြန်တော့မယ်”

“Hah! မင်းက ကလေးအဖေ တစ်ယောက်ဆိုတာရော သတိကပ်သေးရဲ့လား”

“ဖင်လ် ဘာကိုဆိုလိုချင်တာလဲ”

“ငါဘာကိုဆိုလိုသလဲ မင်းတကယ် မသိတာလား  မင်းအခု လုပ်နေတာတွေ ဖြစ်ချင်တိုင်းဖြစ်နေတာတွေ ရပ်လိုက်တော့ ကိုးလ် မင်းဘာတွေ ခံစားနေရလဲ မသိပေမဲ့ ဘဝအတွက် ဘာမှ အရေးမပါတဲ့ အဲ့ဒီ ကလေးဆန်ဆန် စိတ်ခံစားချက်တွေကြောင့် မင်းကိုယ်မင်း မဖျက်စီးနဲ့”

“ခင်ဗျားအတွက် အဲ့ဒီခံစားချက်တွေက စောက်အရေးမပါပေမဲ့ ဒီကောင် ဘယ်လောက်တောင် ပြိုလဲနေရလဲ ခင်ဗျားသိလား! ခင်ဗျား မခံစားဖူးဘဲနဲ့ လာမပြောနဲ့!”

“ငါမင်းအတွက် အဖြေတစ်ခု ပေးပြီးပြီထင်တယ် ကိုးလ်”

ဖင်လ်စကားက ဘာကိုဆိုလိုတာလဲ။ ဖင်လ်ပြောတဲ့ အဖြေဆိုတာကလည်း ဘာလဲ။ မဟုတ်မှလွဲရော။ ဖင်လ်သူ့ကို ရှောင်နေတာက သူဖွင့်ပြောတာကို ငြင်းလိုက်တယ်ဆိုတဲ့ သဘောလား။

ဟား! သူကစော/က်ရူးပဲ။ ဒီလောက် သိသာ ထင်ရှားနေတဲ့အဖြေကို သူဘာလို့ မျက်နှာလွဲခဲပြစ် လုပ်ထားနိုင်ရတာလဲ။

အရှက်မရှိလိုက်ပုံများ။

“ကိုးလ်”

“ကောင်းပြီ ဖင်လ်ဘက်က အဖြေကို ကျွန်တော် သေချာသိပြီမို့ အရာအားလုံးအတွက် တောင်းပန်တယ် အခုကစပြီးလည်း ကိုယ့်ဘဝနဲ့ကိုယ် နေရအောင် CEO Griffin”

ကိုးလ် နှုတ်ကထွက်လာသည့် CEO Griffin ဆိုသည့် အခေါ်အဝေါကြောင့် ဖင်လ်မျက်နှာမှာ ပျက်ခနဲ။ ကိုးလ်နဲ့စသိကတည်းက ကိုးလ်သူ့အား ဒီလို နာမည်အပြည့်အစုံ တစ်ကြိမ်မှ မခေါ်ဖူးသည်မို့ ဒီတစ်ခါ သူတို့နှစ်ဦး အတည်ဝေးပြီထင်ပါ၏။

“နှုတ်ဆက်ခဲ့ပါတယ်”

ကိုးလ်ထွက်သွားဖို့လုပ်တော့ သူ့လက်အား လှမ်းဆွဲကာ တားလိုက်သည့် ဖင်လ်။

“ကိုးလ်! ကိုယ်တို့အရင်လို မိတ်ဆွေကောင်းတွေအနေနဲ့ ပြန်နေလို့တော့ ရသေးတယ် မဟုတ်လား    ဒါတွေ မဖြစ်ခဲ့သလို မေ့ထားပြီးတော့လေ!”

သူ့အပြောအား ဘာမှမတုံ့ပြန်ဘဲ ငြိမ်နေသည့် ကိုးလ်ကြောင့် ဖင်လ်ဆက်ပြောမည့်ကြံကာမှာ သူ့ဘက်လှည့်လာသည့် ကိုးလ်မျက်နှာမှာ မျက်ရည်တွေပြည့်လို့။

“ကျွန်တော်ကို ခင်ဗျားမျက်စိရှေ့မှာထားပြီး အကြိမ်ကြိမ်သ/တ်ချင်နေတာလား ဖင်လ် အရှုံးပေးပါတယ် ‌ဒီကောင်ကပဲ အရှုံးပေးတာမို့ ထပ်မပတ်သတ်ရအောင်လား”

ငိုရင်းဆိုနေသည့် ကိုးလ်ကြောင့် ဖင်လ်ဟာ ကိုးလ်လက်တွေအား ဆက်မဆွဲထားရက်တော့ဘဲ ခပ်ဖြေးဖြေးချင်း ဖြည်ချကာလွှတ်ပေးလေသည်။ ‌ထို့နောက် ကိုးလ်ဟာ ဆိုင်ရှေ့၌ ရပ်စောင့်နေသည့် ယူကိုအားပွေ့ချီပြီး သူ့ရှေ့ကနေ ပြေးထွက်သွားတော့၏။

သူ့အမှားကြောင့် ဒီလိုတွေဖြစ်လာတာလား။ ဒါဟာ သူ့အမှားလား။ ဒါမှမဟုတ် ကိုးလ်အမှားလား။ ဒါမှမဟုတ် သူတို့ကို ဆုံစည်းခွင့်ပေးခဲ့တဲ့ ကံကြမ္မာရဲ့အမှားလား။

အင်း။ တကယ်တော့ အရာအားလုံးက အစကတည်းက မှားနေခဲ့တာ။

TBC✓

______________________________________________________

Zawgyi ✅

-HOW TO DATE WITH SINGLE FATHER-

“အဲ့ဒီေတာ့ အစ္ကိုက CEO Griffin ကိုဖြင့္ေျပာလိုက္ေပမဲ့ သူကဘာမွ အေျဖျပန္မေပးဘဲ ေနာက္ရက္က်ေတာ့ အလုပ္ကိစၥနဲ႔ ျပင္သစ္ကို ျပန္သြားတယ္ေပါ့”

“အြန္း!”

“ျပင္သစ္ကို ျပန္ေရာက္ၿပီးကတည္းကလည္း အစ္ကို႔ဆီ  ဖုန္းဆက္႐ုံကလြဲၿပီး လူခ်င္းလာမေတြ႕တာ တစ္ပတ္ေလာက္ရွိၿပီေပါ့”

“ေအးကြာ ဖုန္းေျပာတာကလည္း ငါ့ဘက္က စဆက္လို႔ ျပန္ေျပာတာ ငါမဆက္တဲ့ေန႔ဆို သူလုံးဝ မဆက္ဘူး ၾကည့္ရတာ ငါဖြင့္ေျပာလိုက္တာ မွားသြားၿပီ ထင္ပါတယ္ အေဒးရာ”

အခု‌အေျခေနမွာ ဘာမွလုပ္လို႔မရသည့္ ကိုးလ္ဟာ အေဒးဆီ ဆက္သြယ္ၿပီး လူခ်င္းေတြ႕ကာ အေၾကာင္းဆုံး ေျပာျပေနျခင္းပင္။ ကိုးလ္ဆီမွာ သူငယ္ခ်င္း အေပါင္းအသင္းေတြ ရွိေပမဲ့လည္း လူရင္းေတြကို ေျပာျပရမွာ မ်က္ႏွာပူသည္မို႔ အေဒးဆီဆက္သြယ္ၿပီး ရင္ဖြင့္လာျခင္းျဖစ္ေလ၏။

အေဒးမွာလည္း ကိုးလ္ ျဖစ္ေနပုံကိုၾကည့္ၿပီး ဘယ္ကေနစၿပီး အႀကံေပးရမလဲ မသိေခ်။ သူသည္လည္း လူရင္းမဟုတ္သည္မို႔ ကိုးလ္ႏွင့္ဖင္လ္တို႔ ဆက္ဆံေရး ဘယ္လိုမ်ိဳးရွိသလဲ အေဒးအလုံးစုံ မသိတာေၾကာင့္ အႀကံေပးရခက္ေနေလရဲ႕။

“အရမ္းႀကီးလည္း စိတ္မညစ္ပါနဲ႔ အစ္ကို ကြၽန္ေတာ္ သိရ‌သေလာက္ေတာ့ ကိုကိုက Straight ဆိုေတာ့ CEO Griffin လည္း အတူတူပဲေနလိမ့္မယ္”

“ငါလည္း ေဂးမွမဟုတ္တာကြာ”

“ကြၽန္ေတာ္လည္း ေဂးမဟုတ္ပါဘူး အစ္ကို ဒါေပမဲ့ ကြၽန္ေတာ္တို႔က ‌သူတို႔နဲ႔တြဲဖို႔ အဆင္ေျပေပမဲ့ သူတို႔အတြက္က်ေတာ့ ေယာက်ၤားေလးတစ္ေယာက္နဲ႔တြဲဖို႔ ခက္ခဲလိမ့္မယ္ထင္တယ္”

အေဒးစကားေၾကာင့္ ကိုးလ္ဟာ ေခါင္းငိုက္စိုက္က်သြားၿပီး ဘာစကားမွလည္း ထပ္မထြက္လာေတာ့ေပ။ အေဒးမွာလည္း ကိုးလ္အား ဘယ္လိုအႀကံဉာဏ္ေပးရမလဲ ေတြးရင္ တိတ္ဆိတ္ေနခဲ့ေလ၏။

ခဏၾကာေတာ့ ဟက္ခနဲ ရယ္ခ်တဲ့ အေဒးေၾကာင့္ ကိုးလ္ဟာ နားမလည္သလို အေဒးအား ေမာ့ၾကည့္ေလေတာ့ ။

“ကြၽန္ေတာ္တို႔ႏွစ္‌ေယာက္ အျဖစ္ကတူတယ္ မဟုတ္လား အစ္ကို”

ခပ္ေယးေယးၿပဳံးရင္း ေမးလာသည့္ အေဒးအားၾကည့္ရင္း ကိုးလ္လည္း ျပန္ေတြးမိသည္မွာ အေဒးေျပာတာ အမွန္ပင္။ ‌အေဒးသည္လည္း ဒန္တီကို သေဘာက်ေနေပမဲ့ ဒန္တီကေတာ့ အေဒးအေပၚ ဘာစိတ္မွမရွိမွန္း သူေဘးကေနၾကည့္ရင္ေတာင္ ျမင္ႏိုင္ေလသည္။ ဒီလိုဆိုေတာ့ သူတို႔ႏွစ္ဦးအျဖစ္မွာ တူသလိုပါပင္။

“အစ္ကို ဘာဆက္လုပ္ဖို႔ ေတြးထားလဲ”

“ဘာလုပ္ရမလဲ ငါမသိဘူး ငါသိတာ ငါဖင္လ္ကို အဆုံးရႈံးမခံႏိုင္တာပဲ ဒီရက္ေတြထဲမွာ ငါဘယ္ေလာက္ေတာင္ ပင္ပန္းခဲ့ရလဲ မင္းမသိဘူး ငါေလ...ငါသူ႔ဆီ ဖုန္းဆက္မိတိုင္း အရင္လို မဟုတ္ေတာ့တဲ့ သူ႔ဆက္ဆံပုံေတြေၾကာင့္ ငါေဒါသထြက္ေနသလား ဝမ္းနည္းေနသလားေတာင္ ငါကိုယ္ငါ မသိေတာ့တဲ့အထိ ငါသူ႔ကိုဆက္ေျပာမဲ့ စကားေတြအကုန္ လည္ေခ်ာင္းထဲကေန ထြက္မလာေတာ့ဘူး ငါပင္ပန္းတယ္ အေဒးရာ”

အေဒးမွာ ကိုးလ္ ေျပာျပသည္ကို နားေထာင္ရင္း မ်က္ရည္ေတြဝဲေနသည့္ ကိုးလ္ကိုျမင္ရသည္မွာ ရင္ထဲမေကာင္းေပ။ အခုကိုးလ္ျဖစ္ေနသည့္ အေျခအေနဟာ သူႏွင့္သိပ္မျခားမနားပါပင္။ သူသည္လည္း ကိုကို႔ကို စခ်စ္မိကတည္းက ဘယ္ေလာက္ေတာင္ စိတ္ပင္ပန္း နာက်င္ခဲ့ရသလဲ သူကိုးလ္ကို ကိုယ္ခ်င္းစားပါသည္။

ေမတၱာေပးရင္ ေမတၱာျပန္ရမည္ ဆိုသည့္ စကားဟာ သူတို႔ႏွစ္ဦးအတြက္ေတာ့ လြဲမွားေနပုံပါပင္။  သူတို႔မွာေတာ့ ေပးလိုက္ရသည့္ ေမတၱာသည္မွာ ပင္လယ္ေရလို ေသာက္မကုန္ေပမဲ့ တစ္ဖက္က တန္ဖိုးမထားခ်ိန္မွာေတာ့ သူတို႔ေမတၱာေတြဟာ အေပါစာဆန္မွန္းမသိဆန္လာခဲ့ေလ၏။

“အစ္ကို ငိုင္မေနနဲ႔ေတာ့ ကြၽန္ေတာ္ကိုၾကည့္”

အေဒးစကားေၾကာင့္ ကိုးလ္ဟာ အေဒးမ်က္ႏွာကို ေမွ်ာ္လင့္သလိုေလး ၾကည့္လာေလသည္။ အေဒးကလည္း ကိုးလ္အား အသာၿပဳံးျပကာ ခုံေပၚက ကိုးလ္လက္ေတြအား ယူလိုက္ၿပီး ခပ္ဖြဖြဆုပ္ကိုင္လိုက္ေလရဲ႕။

“ကြၽန္ေတာ္ အစ္ကို႔ကို အျပည့္အဝ ကူညီေပးမယ္ ဒါေပမဲ့ တစ္ခုေတာ့ သိထားေစခ်င္တယ္ အစ္ကို ဒီပြဲက ေလာင္းေၾကးထပ္ရတဲ့ ပြဲမို႔ ‌အဆုံးသ/တ္မွာ အစ္ကို သူ႔ကိုပိုင္ဆိုင္ရသည္ ျဖစ္ေစ မပိုင္ဆိုင္ရသည္ ျဖစ္ေစ အစ္ကို လက္ခံရမယ္ ဒီကတိကို ကြၽန္ေတာ္ကိုေပးႏိုင္မလား”

အေဒး‌ အေမးကို ကိုးလ္ဟာ ခပ္ဖြဖြသာၿပဳံးကာ ။

“ငါေက်ေက်နပ္နပ္ႀကီး လက္ခံပါတယ္ အကယ္၍ သူ႔ကိုငါမပိုင္ဆိုင္ရရင္ေတာင္ သူကငါ့အတြက္ အၿမဲတမ္း တည္ရွိေနမဲ့ ျဖစ္တည္မႈပါပဲ”

“ဟား! အစ္ကိုကေလ ကြၽန္ေတာ္နဲ႔ ခံယူခ်က္ျခင္း သိပ္တူတာပဲ”

“အေဒး”

“‌ဗ်ာ”

“ငါလည္း မင္းကို ျပန္ကူညီေပးမယ္”

အေဒး မ်က္ဝန္းဝိုင္းသြားကာ အံ့ဩသြားေပမဲ့ ေခါင္းညိတ္ကာ လက္ခံေပးသည္။ ဒီလိုႏွင့္ ႏွစ္ေယာက္သာ ထိုအေၾကာင္းအရာေတြအား ေမ့ထားရင္း တျခားေသာ ကိစၥရပ္ေတြအားဆိုကာ ‌ရယ္ေမာရင္း အတူတူအခ်ိန္ကုန္ဆုံးေစ၏။

.
.
.

အျပန္ခရီး၌ အိမ္ထိ လိုက္ပို႔သြားတဲ့ ကိုးလ္ေၾကာင့္ အေဒးလည္း ကိုးလ္အား ႏႈတ္ဆက္ကာ  သူ႔တိုက္ခန္းေလးဆီ ျပန္လာလိုက္သည္။ တိုက္ခန္းဆီေရာက္ေတာ့ အျပင္ဘက္၌ ပြင့္ေနသည့္ အခန္းတံခါးေၾကာင့္ အခန္းထဲ၌ Aryan မဟုတ္ ဒန္တီေရာက္ေနမွန္း ‌အေဒးရိပ္မိလိုက္ေလ၏။

ဒါေၾကာင့္ အခန္းထဲဝင္လာလိုက္ေတာ့ ဧည့္ခန္းထဲ၌ ထိုင္ေနသည့္ ဒန္တီအား ေတြ႕လိုက္ရေလသည္။ ဒီရက္ပိုင္း ဒန္တီႏွင့္ အေဒးဆက္ဆံေရးမွာ ေထြေထြထူးထူးမရွိပါဘဲ ပုံမွန္အတိုင္း ဒန္တီက အေဒးဆီ မၾကာခဏလာၿပီး စကားအနည္းငယ္သာေျပာကာ ျပန္ျပန္သြားေလသည္။

အခုလည္း ‌သူေျပာစရာရွိတာေျပာၿပီး ျပန္မည္ဟု အေဒးထင္ထားေပမဲ့ ဒန္တီကေတာ့ အေဒးအား ဘာစကားမွေျပာမလာဘဲ ဧည့္ခန္းထက္သာ ‌ေဆးလိပ္ေသာက္ရင္း ထိုင္ေနေလ၏။

“မျပန္ေသးဘူးမဟုတ္လား ကြၽန္ေတာ္ ေရခ်ိဳးၿပီး ျပန္ထြက္လာခဲ့မယ္”

သူ႔စကားကို ေခါင္းတစ္ခ်က္သာညိတ္ျပတဲ့ ဒန္တီေၾကာင့္ အေဒးလည္း ‌သူ႔အခန္းထဲဝင္သြားကာ လုပ္စရာရွိတာ လုပ္ေနေတာ့၏။ အျပင္မွာက်န္ခဲ့သည့္ ဒန္တီကေတာ့ ေဆးလိပ္အား အရသာခံေသာက္ရင္း အေတြးေတြမွာ ေတာင္ေရာက္ေျမာက္ေရာက္ပင္။

ဒီရက္ပိုင္း အေဒး သူ႔အားဆက္ဆံပုံမွာ သူသည္ပဲ စိတ္ထဲထင္လို႔လားမသိ။ အေဒးပုံစံမွာ သူျမင္ေနၾကပုံစံမ်ိဳးမဟုတ္ဘဲ ေျပာင္းလဲေနသလိုပါပင္။ အရင္က သူ႔အားလိုက္ကပ္တတ္သည့္ ေကာင္ေလးဟာ အခုေတာ့ တမင္ ခပ္ကင္းကင္း ေနေနသလို သူ႔စိတ္ထဲခံစားမိေလ၏။

သူ႔မွာလည္း ဘာမဟုတ္တဲ့ကိစၥနဲ႔ အေတြးမ်ားေနလိုက္ပုံမ်ား ေဆးလိပ္ေတြ တစ္လိပ္ၿပီး တစ္လိပ္ ကုန္သြားတဲ့အထိ။ ျပန္ေတြးၾကည့္ေတာ့လည္း ဘာမွ ေစာက္အေရးမပါတာႀကီး။

“ကိုကို ေစာင့္ရတာ ၾကာသြာလား”

ေခါင္းအား ေရသုတ္ရင္း သူ႔အနားေလွ်ာက္လာသည့္ အေဒးအား ဒန္တီ ခပ္တည္တည္သာ ေငးၾကည့္ေနသည္။ အေဒးကေတာ့ ဒန္တီေဘး၌ ကပ္ထိုင္ကာ ေရစိုေနသည့္ သူ႔ဆံပင္အား သူသုတ္ရင္း အလုပ္ရႈပ္ေနေလ၏။

ထိုအခ်ိန္မွာပဲ သူ႔ေပါင္ထက္ ေခါင္းတင္ကာ အိပ္ခ်လာသည့္ ဒန္တီ။

“ဟင္ အိပ္ခ်င္လို႔လား ကိုကို”

“ဒီတိုင္းပဲ”

ခပ္တိုးတိုးျပန္ေျဖသံမွာ တစ္ခုခုကို စိတ္အလိုမက် ျဖစ္ေနသည္ပဲလား။ တစ္ခုခုကို ‌အေတြးမ်ားေနသည္ပဲလား။ အေဒးမခြဲျခားတတ္ပါပင္။

“ေစာနက ကိုးလ္ဆိုတဲ့ေကာင္ေလး လိုက္ပို႔တာလား”

ဒန္တီက ဘယ္လိုလုပ္ၿပီးမ်ား သိသြားသလဲ ဆိုသည့္ဟန္ႏွင့္ အေဒးဟာ ဒန္တီအား ငုံ႔ၾကည့္ေလသည္။ ဒန္တီကေတာ့ မ်က္ဝန္းေတြအား မွိတ္ထားရင္း ၿငိမ္ေနေလ၏။

“ဒီေန႔ အစ္ကိုကိုးလ္နဲ႔ ေတြ႕ၿပီးေတာ့ ျပန္လာတာ”

“ဪ”

ဪဆိုကာ ဘာမွဆက္မေျပာေတာ့သည့္ ဒန္တီေၾကာင့္ အေဒးလည္း ဘာဆက္ေျပာရမလဲ မသိေခ်။ ဒါေၾကာင့္ သူ႔ဆံပင္အား သူဆက္သုတ္ေနကာ ဘာစကားမွမဆိုေတာ့ေပ။

ေတာ္ေတာ္ၾကာသည္အထိ သူ႔ေပါင္ထက္ ၿငိမ္ေနသည့္ ဒန္တီေၾကာင့္ အေဒးလည္း သူ႔ေပါင္ေပၚက ဒန္တီအား မသိမသာ ငုံ႔ၾကည့္ေလသည္။ ထိုအခ်ိန္မွာပဲ အသက္ရႈသံ ခပ္ျပင္းျပင္း‌ႏွင့္အတူ အိပ္ေမာက်ေနသည့္ ဒန္တီေၾကာင့္ အေဒးဟာ ခပ္ေယးေယးၿပဳံးေတာ့၏။

“အိပ္ေနေတာ့လည္း ကေလးေလးလိုပဲ”

အေဒးတစ္ေယာက္ ခပ္ၿပဳံးၿပဳံးႏွင့္ သူ႔ကိုကို၏ မ်က္ႏွာအား လက္ျဖင့္အသာေလးထိေတြ႕ကာ မ်က္ေတာင္မခတ္တန္း စိုက္ၾကည့္ေနေတာ့သည္။

သူအေနႏွင့္ ဘယ္ေလာက္ပဲ ကိုကိုႏွင့္ ခပ္ကင္းကင္းေနႏိုင္ေအာင္ ႀကိဳးစားေနပါေစဦး။ ေနာက္ဆုံးေတာ့လည္း ကိုကိုအနားကေန ထြက္မသြားႏိုင္သူမွာ သူကိုယ္တိုင္ပါပင္။ ကိုကို႔မ်က္ႏွာေလး ျမင္လိုက္ရ႐ုံပင္ ရင္ဘက္ထဲက ဒဏ္‌ယာေတြ ေပ်ာက္သလို။ ကိုကိုႏွင့္ စကားေလးမ်ား ေျပာခြင့္ရရင္ အမွတ္မရွိသည့္သူလို ရင္ခြင္ထဲ တိုးဝင္ခ်င္လာသလို။

သူဟာ တကယ္ကိုပင္ အမွတ္မရွိသည့္ သူမ်ိဳးပင္။

“ဆိုးတယ္ေနာ္ ဒီေကာင္ ဒီေလာက္ခ်စ္တာ နည္းနည္းကေလးေတာင္ ျမင္ေအာင္ မၾကည့္တတ္ပါလား ကိုကို”

ပါးျပင္ေတြအား ခပ္ဖြဖြပြတ္သတ္ရင္ အေဒးမွာ သူ႔ကိုကိုမ်က္ႏွာအား ၾကည့္မဝပါပင္။

“ကိုကိုလည္း ပင္ပန္းမွာပဲ ကိုယ္မခ်စ္တဲ့သူက ကိုယ့္အနား ဖက္တြယ္ေနတာကိုေလ ကြၽန္ေတာ္လည္း ဒီလိုႀကီး မေနခ်င္ေတာ့ဘူး ကိုကို ေန႔ရက္တိုင္းက လူေရာ စိတ္ေရာ သိပ္ပင္ပန္းတာပဲ”

ထိုစကားေတြအားဆိုရင္း သက္ျပင္းအားခ်ကာ ဆိုဖာထက္ ေခါင္းေမာ့ခ်ၿပီး မ်က္ႏွာက်က္ေတြအား အေၾကာင္းမဲ့သက္သက္ စိုက္ၾကည့္ေနမိျပန္ပါသည္။

အခ်စ္က လူေတြကို နာက်င္ေစတယ္တဲ့။ ခ်စ္ေပးေတာ့လည္း နာက်င္ရ။ အခ်စ္ခံရေတာ့လည္း နာက်င္ရ။ ဟုတ္ေတာ့ ဟုတ္ေနတာပါပဲ။

.
.
.

“တစ္မ်ိဳးပဲရမယ္ေနာ္ ယူကို”

“ဒယ္ဒီကလည္း”

“ဘာကို ဒယ္ဒီကလည္းလဲ ဒီေလာက္ေခ်ာင္းဆိုးေနတာကို စေတာ္ဘယ္ရီကိတ္ စားခ်င္ရတာနဲ႔ ေခ်ာကလက္ကိတ္ စားခ်င္ရတာနဲ႔ မင္းကိစၥႀကီးပဲ”

“ဒယ္ဒီ ယူကို႔ကို မဆူပါနဲ႔ ဟြန႔္!”

စိတ္ေကာက္သြားဟန္။ ဆိုင္ထဲ ေကာ့ပတ္ေကာ့ပတ္ႏွင့္ ေျပးဝင္သြားတဲ့ သားလုပ္သူကိုၾကည့္ရင္း သူရယ္မိပါရဲ႕။ ဒီကေလး သူ႔ဆို သိပ္အႏိုင္က်င့္တာ။ တစ္ခါတေလ ေတြးမိတာ။ သူ႔အေဖျဖစ္ၿပီး ကိုယ့္သားမ်ားျဖစ္ေနသလားလို႔။

“ဒယ္ဒီ ရွင္းလိုက္ဦး”

“ယူကို! ဒယ္ဒီမင္းကို ေျပာတယ္ေလ တစ္ခုပဲ ရမယ္လို႔ ဘာလို႔ ႏွစ္ခုေတာင္ ယူထားတာလဲ!”

“ယူကိုစားခ်င္လို႔ကို”

သူ႔အျပစ္သူသိေတာ့ မ်က္ႏွာငယ္ေလးႏွင့္ ေခါင္းငုံ႔သြားတာမို႔ ကိုးလ္လည္း ဆက္မေျပာျဖစ္ေတာ့။ ဒီေတာ့ က်သင့္သေလာက္ ပိုက္ဆံအားရွင္းကာ ျပန္ဖို႔ျပင္ေတာ့၏။

ထိုအခ်ိန္မွာပဲ အေနာက္ကေန ၾကားလိုက္ရသည့္ အသံေၾကာင့္ ကိုးလ္ကိုယ္ေလးမွာ မတ္ခနဲ။

“ေဘဘီေလး!”

“Brother ffin Brother ffin!”

ဖင္လ္အားျမင္ေတာ့ သူ႔ေဘးကေန လုံးကနဲ ေျပးသြားသည့္ ယူကိုပါပင္။ သူ႔မွာေတာ့ ဖင္လ္အနား မသြားရဲတာမို႔ ေကာင္တာနား၌သာ ရပ္ေနမိေလသည္။ ဖင္လ္သည္လည္း သူ႔အား အေရးတယူ လွမ္းမေခၚပါဘဲ ယူကို႔ကိုသာ ေပါင္ေပၚ ခ်ီထားရင္ သူ႔ေဘး၌ ထိုင္ေနသည့္ မိန္းကေလးအား ယူကိုႏွင့္ မိတ္ဆက္ေပးေနေလ၏။

ဒါဟာ ဘယ္လို စိတ္ခံစားခ်က္မ်ိဳးလဲ သူမသိ။ ရင္ဘက္ထဲ ေအာင့္သက္သက္ႏွင့္ မနာလိုဘဲ ‌ျဖစ္ေနသည္လား ဘာေၾကာင့္မွန္းမသိ သူ႔သားအား ထိုမိန္းကေလးႏွင့္ မိတ္ဆက္ေပေနသည္ကို သူနည္းနည္းကေလးမွ သေဘာမက်ပါေပ။

သို႔ေသာ္လည္း တစ္ဖက္ကၾကည့္ရင္ ဒီလိုအေနအထား ဒီလိုျမင္ကြင္းဟာ မိသားစုတစ္စုပမာ ဒါဟာ ဖင္လ္လိုခ်င္သလို မိသားစုပုံစံမ်ိဳးမ်ား ျဖစ္ေနမလားဟု သူေတြးမိေလေတာ့ ရပ္ထားသည့္ ေျခေထာက္ေတြမွာပင္ မခိုင္ခ်င္ေတာ့။ သူထိုေနရာမွာတင္ ျပစ္ခ်ၿပီး ၿပိဳလဲျပစ္လိုက္ခ်င္သည္။

ဒါေပမဲ့ အေက်ာတင္းသူပီပီ ရွိသမွ်အားထုတ္သုံးကာ သူဆိုင္ထဲကေန ထြက္လာလိုက္သည္။ အျပင္ဘက္ေရာက္ေတာ့လည္း ဆိုင္၏နံရံေတြအားမွီရင္း သူထိုင္ခ်ကာ ဘာေၾကာင့္မွန္းမသိ သူ႔စိတ္‌ဟာ ေဆာက္တည္ရာမရေအာင္ပင္ ငိုခ်င္စိတ္မွာ မနည္းထိန္းထားရေလသည္။

သူဟာတကယ္ပဲ ဖင္လ္ကို မရ‌ႏိုင္ေတာ့ဘူးလား။ သူဟာတကယ္ပဲ ဖင္လ္ကို လက္လြတ္ေပးလိုက္ရေတာ့မွာလား။ မဟုတ္ေသးပါဘူး။ သူကဘာလို႔ ဒီလိုျမင္ကြင္းေလး ျမင္ရ႐ုံနဲ႔ ဒီေလာက္ထိ ၿပိဳလဲျပစ္လိုက္ရတာလဲ။ သူအေတာ္ ေပ်ာ့ညံ့‌တာပဲ။

“ကိုးလ္”

သူတစ္ေယာက္တည္း ကမာၻပ်က္ေနတုန္း သူ႔ေရွ႕ေရာက္လာသည့္ ဖင္လ္ေၾကာင့္ သူ႔မွာ ၿပိဳလဲေနသည့္ၾကားက ဟန္ေဆာင္ရဦးမည္။

“အာ ဖင္လ္”

သူထိုင္ရာကေန ထလိုက္ၿပီး ဖင္လ္ေရွ႕ရပ္လိုက္လိုက္ေတာ့ ဖင္လ္ဟာ သူ႔အား ခပ္ေအးေအးစိုက္ၾကည့္ေနသည္။ အရင္က ဒီမ်က္ဝန္းေတြဟာ သူ႔အတြက္ ရင္ခုန္ခ်င္စရာ ေကာင္းေပမဲ့ အခုေတာ့ သူ႔အတြက္နာက်င္ေစသည္။

သူမပိုင္သည့္အရာ။ သူမပိုင္သည့္ မ်က္ဝန္း။

“အစားလည္း ေသခ်ာမစားဘူး အၿမဲတမ္း အျပင္မွာဘဲ ေသာက္စားၿပီး အခ်ိန္ကုန္ေနတယ္ဆို”

ဒီလူ။ ဒီလူ အရင္အတိုင္းပါပဲလား။

“ဟား! ယူကိုတို႔ တိုင္လိုက္ျပန္ၿပီထင္တယ္”

“ကိုယ္ေမးတာကိုပဲေျဖပါ ကိုးလ္”

“ဟုတ္တယ္ေလ ယူကိုေျပာတာ အမွန္ေတြႀကီးပဲ”

သူခပ္ေပါ့ေပါ့သာ ပုခုံးတြန႔္ၿပီး ဆိုလိုက္ေတာ့ ဖင္လ္ဟာ သူ႔အား အၾကည့္စူးစူးႏွင့္ စိုက္ၾကည့္ေနေလ၏။ အခုခ်ိန္မွာ ဒီအၾကည့္ေတြအား သူလန႔္ရေကာင္းမွန္းမသိ။ သူ႔မွာ စိတ္ညစ္စရာေတြမ်ားလို႔ ဘယ္တစ္ခုကို ဆြဲထုတ္ၿပီး ညစ္ရမွန္းမသိေအာင္ ျဖစ္ေနတာမဟုတ္လား။

“ငါမင္းကို ဒီလိုျမင္ခ်င္တာ မဟုတ္ဘူး”

႐ုတ္တရက္‌ ဆိုလာတဲ့ ဖင္လ္စကားေၾကာင့္ သူ႔မွာေၾကာင္ခနဲ။ ဖင္လ္မ်က္ႏွာကို ၾကည့္မိေတာ့လည္း ေဒါသထြက္ေနသေယာင္။ သူ႔အား စိုက္ၾကည့္ေနသည့္ အၾကည့္စူးစူးေတြမွာ ေက်ာခ်မ္းစရာအတိပင္။

“ယူကို႔ကိုေခၚေပး ျပန္ေတာ့မယ္”

“Hah! မင္းက ကေလးအေဖ တစ္ေယာက္ဆိုတာေရာ သတိကပ္ေသးရဲ႕လား”

“ဖင္လ္ ဘာကိုဆိုလိုခ်င္တာလဲ”

“ငါဘာကိုဆိုလိုသလဲ မင္းတကယ္ မသိတာလား  မင္းအခု လုပ္ေနတာေတြ ျဖစ္ခ်င္တိုင္းျဖစ္ေနတာေတြ ရပ္လိုက္ေတာ့ ကိုးလ္ မင္းဘာေတြ ခံစားေနရလဲ မသိေပမဲ့ ဘဝအတြက္ ဘာမွ အေရးမပါတဲ့ အဲ့ဒီ ကေလးဆန္ဆန္ စိတ္ခံစားခ်က္ေတြေၾကာင့္ မင္းကိုယ္မင္း မဖ်က္စီးနဲ႔”

“ခင္ဗ်ားအတြက္ အဲ့ဒီခံစားခ်က္ေတြက ေစာက္အေရးမပါေပမဲ့ ဒီေကာင္ ဘယ္ေလာက္ေတာင္ ၿပိဳလဲေနရလဲ ခင္ဗ်ားသိလား! ခင္ဗ်ား မခံစားဖူးဘဲနဲ႔ လာမေျပာနဲ႔!”

“ငါမင္းအတြက္ အေျဖတစ္ခု ေပးၿပီးၿပီထင္တယ္ ကိုးလ္”

ဖင္လ္စကားက ဘာကိုဆိုလိုတာလဲ။ ဖင္လ္ေျပာတဲ့ အေျဖဆိုတာကလည္း ဘာလဲ။ မဟုတ္မွလြဲေရာ။ ဖင္လ္သူ႔ကို ေရွာင္ေနတာက သူဖြင့္ေျပာတာကို ျငင္းလိုက္တယ္ဆိုတဲ့ သေဘာလား။

ဟား! သူကေစာ/က္႐ူးပဲ။ ဒီေလာက္ သိသာ ထင္ရွားေနတဲ့အေျဖကို သူဘာလို႔ မ်က္ႏွာလြဲခဲျပစ္ လုပ္ထားႏိုင္ရတာလဲ။

အရွက္မရွိလိုက္ပုံမ်ား။

“ကိုးလ္”

“ေကာင္းၿပီ ဖင္လ္ဘက္က အေျဖကို ကြၽန္ေတာ္ ေသခ်ာသိၿပီမို႔ အရာအားလုံးအတြက္ ေတာင္းပန္တယ္ အခုကစၿပီးလည္း ကိုယ့္ဘဝနဲ႔ကိုယ္ ေနရေအာင္ CEO Griffin”

ကိုးလ္ ႏႈတ္ကထြက္လာသည့္ CEO Griffin ဆိုသည့္ အေခၚအေဝါေၾကာင့္ ဖင္လ္မ်က္ႏွာမွာ ပ်က္ခနဲ။ ကိုးလ္နဲ႔စသိကတည္းက ကိုးလ္သူ႔အား ဒီလို နာမည္အျပည့္အစုံ တစ္ႀကိမ္မွ မေခၚဖူးသည္မို႔ ဒီတစ္ခါ သူတို႔ႏွစ္ဦး အတည္ေဝးၿပီထင္ပါ၏။

“ႏႈတ္ဆက္ခဲ့ပါတယ္”

ကိုးလ္ထြက္သြားဖို႔လုပ္ေတာ့ သူ႔လက္အား လွမ္းဆြဲကာ တားလိုက္သည့္ ဖင္လ္။

“ကိုးလ္! ကိုယ္တို႔အရင္လို မိတ္ေဆြေကာင္းေတြအေနနဲ႔ ျပန္ေနလို႔ေတာ့ ရေသးတယ္ မဟုတ္လား    ဒါေတြ မျဖစ္ခဲ့သလို ေမ့ထားၿပီးေတာ့ေလ!”

သူ႔အေျပာအား ဘာမွမတုံ႔ျပန္ဘဲ ၿငိမ္ေနသည့္ ကိုးလ္ေၾကာင့္ ဖင္လ္ဆက္ေျပာမည့္ႀကံကာမွာ သူ႔ဘက္လွည့္လာသည့္ ကိုးလ္မ်က္ႏွာမွာ မ်က္ရည္ေတြျပည့္လို႔။

“ကြၽန္ေတာ္ကို ခင္ဗ်ားမ်က္စိေရွ႕မွာထားၿပီး အႀကိမ္ႀကိမ္သ/တ္ခ်င္ေနတာလား ဖင္လ္ အရႈံးေပးပါတယ္ ‌ဒီေကာင္ကပဲ အရႈံးေပးတာမို႔ ထပ္မပတ္သတ္ရေအာင္လား”

ငိုရင္းဆိုေနသည့္ ကိုးလ္ေၾကာင့္ ဖင္လ္ဟာ ကိုးလ္လက္ေတြအား ဆက္မဆြဲထားရက္ေတာ့ဘဲ ခပ္ေျဖးေျဖးခ်င္း ျဖည္ခ်ကာလႊတ္ေပးေလသည္။ ‌ထို႔ေနာက္ ကိုးလ္ဟာ ဆိုင္ေရွ႕၌ ရပ္ေစာင့္ေနသည့္ ယူကိုအားေပြ႕ခ်ီၿပီး သူ႔ေရွ႕ကေန ေျပးထြက္သြားေတာ့၏။

သူ႔အမွားေၾကာင့္ ဒီလိုေတြျဖစ္လာတာလား။ ဒါဟာ သူ႔အမွားလား။ ဒါမွမဟုတ္ ကိုးလ္အမွားလား။ ဒါမွမဟုတ္ သူတို႔ကို ဆုံစည္းခြင့္ေပးခဲ့တဲ့ ကံၾကမၼာရဲ႕အမွားလား။

အင္း။ တကယ္ေတာ့ အရာအားလုံးက အစကတည္းက မွားေနခဲ့တာ။

TBC✓















Continue Reading

You'll Also Like

623K 59.9K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
561K 36.8K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary
284K 7.5K 74
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
90.6K 11.5K 74
English title - The Green Tea's Crushing Victories in the '70s [ လက်ဖက်စိမ်းမလေး၏ ၇၀ပြည့်နှစ်များဆီက အောင်ပွဲများ ] translation novel