သခင့်ခြေတော်ရင်း [Completed]

Galing kay Ennia_Yawn

141K 5.4K 1.5K

Title - သခင့်ခြေတော်ရင်း (သခင့္ေျခေတာ္ရင္း) Type - Own Creation, Myanmar BL, Mpreg မင်းရဲ့ခန္ဓာကိုယ... Higit pa

Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Final
Extra (2)

Extra (1)

3.9K 137 13
Galing kay Ennia_Yawn

ပုဂံဆောင်းမနက်ခင်းများက နှောင်ကြိုးရိပ်အား အိပ်ရာထဲက မထွက်ချင်အောင် အပြည့်အဝ ဆွဲဆောင်လျက်ရှိ၏။ ဒီရှစ်နှစ်လုံးတွင် သူ ခုံမင်သည့် အရာဟူ၍ သုံးမျိုးသာ ရှိ၏။ ကိုကိုနှင့်သားလေးတွေ၊ ထို့နောက် အိပ်နေရခြင်း။

ဒီမနက်လည်း ရိပ် နှစ်နှစ်ခြိုက်ခြိုက်ပင် စောင်ပုံ‌အောက်ထဲ၌ ကွေးကွေး‌လေး အိပ်နေသည်။

ထိုစဉ် အငယ်ဆုံး‌လေးဖြစ်သည့် နှလုံးသွေးရိပ် သူ့ပါးပါးရှိရာ အိပ်ခန်းထဲသို့ ရှိုက်ကြီးတငင် ငိုရှိုက်ကာ ပြေးလာ၏။ အိပ်ပျော်နေသည့် သူ့ပါးပါးကုတင်ပေါ်သို့ တွယ်တက်လာကာ ပါးပါးအား အတင်းလှုပ်နှိုးလိုက်သည်။

သား၏ငိုသံကြောင့် ရိပ် လန့်နိုးသွား၏။ လှဲနေရာမှ အမြန်စောင်းထလိုက်ရကာ သားကို ပေါင်ပေါ်တင်၍ ရင်ခွင်ထဲ ခေါ်လိုက်ရပြီး ကျောပုတ်ပေးရင်း ချော့ရသည်။

"သား ဘာဖြစ်လို့ ငိုနေတာလဲ၊ အိပ်မက်ဆိုး မက်လို့လား၊ နေလို့မကောင်းလို့လား"

နှလုံးသွေးရိပ် သူ့ပါးပါးကို ကိုအာလာဝက်ဝံလေးလို ကုပ်တွယ်ထားကာ ပါးပါးပခုံးပေါ် မေးတင်ပြီး ရှိုက်ကြီးတငင်ငိုနေသည်။

"ဖေဖေက ကိုကိုနှစ်ယောက်နဲ့ အပြင်ထွက်သွားပြန်ပြီ၊ ကျွန်တော့်ကို တစ်ယောက်ထဲ ထားခဲ့ပြန်ပြီ၊ ဖေဖေ ကျွန်တော့်ကိုပဲ ထားထားခဲ့တယ်၊ ဖေဖေက ကိုကိုတွေကိုပဲ ပိုချစ်တာ၊ ဖေဖေ့ကို မုန်းတယ်"

ရိပ် အခြေအနေကို နားလည်သွားတာမို့ သားကို ချော့နေရင်း ခပ်ယောင်ယောင်လေး ပြုံးလိုက်မိသည်။

"ဖေဖေ ဘယ်သွားလဲလို့ အိမ်ထိန်းဦးလေးကို မမေးခဲ့ဘူးလား"

"ကိုကိုတို့နဲ့ မနက်စာ သွားဝယ်တယ်၊ ကျွန်တော်လည်း ဖေဖေ့နောက်ကို ကိုကိုတို့လို လိုက်ချင်တယ်"

အငယ်လေးက သူ့လက်ထဲ၌ တဖြည်းဖြည်း အငိုရပ်လာသည်။ ကိုကို သားအကြီးနှစ်ယောက်နဲ့ မနက်စာဝယ်ဖို့ ထွက်သွားတာ ဖြစ်မည့်ပုံပင်။ သားသုံးယောက်ထဲ၌ အငယ်လေးက အအိပ်မက်သူမို့ မနက်ဆို တော်တော်နဲ့ မထနိုင်။ ဒီအငယ်လေးက သူနဲ့အကျင့်စရိုက် တူနေတာကို သား တဖြည်းဖြည်းကြီးလာလေလေ ရိပ် သတိထားမိလေ။ သူ့ကဲ့သို့ပင် အစ်ကိုတွေနဲ့ အဖေတွေအပေါ် ပိုင်စိုးလိုစိတ်ကြီးသည်။ သူလုပ်ခဲ့ဖူးသည့် ထိုအကျင့်မျိုးကို မဖြစ်စေချင်တာမို့ ရိပ်တစ်ယောက် သားကို ဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲနေဆဲပါပင်။

"တိတ်တော့နော်၊ သား အိပ်မောကျနေလို့ ဖေဖေက သားကို မနှိုးတာနေမှာပါ၊ ပါးပါး အိပ်ပျော်နေလို့ ဖေဖေက ပါးပါးကိုလည်း ထားခဲ့တယ်လေ"

"ဟင့်၊ ဖေဖေက သွားမယ်လို့ ပြောထားရင် စောစောထမှာကို၊ ဖေဖေက သားကို မချစ်ဘူး"

တအင့်အင့်နှင့် ရှိုက်သံသဲ့သဲ့ထွက်နေသေးသော ညအိပ်ဝတ်စုံဝမ်းဆက်လေးနဲ့ အငယ်လေးက ပေါက်စလေးတုန်းကလိုပင် သူ့လက်ပေါ်ရောက်လျှင် သိပ်မငိုရှာတော့။

"ဟုတ်ပြီ၊ ဒါဆို ပါးပါးနဲ့ သားနဲ့ပဲ မနက်စာ နှစ်ယောက်ထဲ ထွက်စားကြမလား၊ ဖေဖေ့ကို ပြန်ထားခဲ့လိုက်ကြမယ်"

အငယ်လေး သူ့အား နီရဲနေသည့် မျက်လုံးလေးတွေနဲ့ မော့ကြည့်လာပြီး ခေါင်းညိတ်ပြသည်။ ထို့နောက် အချိန်မဆိုင်းဘဲ သူ့ပေါင်ပေါ်က ဆင်းသွားကာ ကုတင်အောက် လျှောဆင်းသွားပြီး သူ့အတွက် အိမ်စီးအဝတ်ဖိနပ်ကို သားက ညီညီလေး ချပေးလာသည်။

ပါးပါးလက်ကို ထိန်းကိုင်ထားပြီး ဖြည်းဖြည်းဆင်းဖို့ နှလုံးသွေးရိပ် စိတ်ပူစွာ ပြောလိုက်ပြီး ပါးပါးဗိုက်ကို ခပ်ဖွဖွ ကိုင်လိုက်ကာ-

"ပါးပါးဗိုက်ထဲက ညီမလေး ပါးပါးကို ညကရော ကန်သေးလား"

"အင်း၊ ဟော. .အခုလည်း ကန်နေတယ် တွေ့လား"

နှလုံးသွေးရိပ် ပါးပါးဗိုက်ထဲက တစ်ချက်တစ်ချက် ခပ်ပြင်းပြင်းလှုပ်နေတာကို သူ့လက်ကတဆင့် ခံစားလိုက်မိသွားတာမို့ ပါးပါးဗိုက်နား ကပ်ပြောလိုက်သည်။

"မောနင်း ညီမလေး"

အာရုံပြောင်းသွားပြီဖြစ်သည့် အငယ်လေးက သူ့ဗိုက်ကို ပွတ်နေကာ မထွက်လာသေးသည့် ကလေးနှင့် ဆော့‌နေတာမို့ ရိပ် ကုတင်ပေါ် လက်နောက်ပြန်ထောက်ထားပြီး သား ခေါင်းကိုပွတ်လျက် ပြုံးကြည့်မိသည်။

သူ့ဗိုက်ထဲ၌ နောက်ထပ် ရင်သွေးလေး ထပ်ရှိနေပြန်ပြီမို့ ရိပ် အရင်လိုပဲ ကိုယ်ဝန်ဆောင်ရတိုင်း ဖြစ်တတ်သည့် နွမ်းနယ်မှုများနှင့် ကလေး အပြင်မ‌ရောက်မချင်း ကလေးအတွက် စိုးထိတ်မှုများက ပြန်ဖြစ်နေသည်။ ထို့အပြင် အခုတစ်ပတ်၌ သမီးလေးက တအားကိုမှ ကန်နေတာမို့ ရိပ် ညဖက်တွေပင် အိပ်လို့မရသည့်အထိ ဖြစ်လာသည်။ ထို့ကြောင့် သူ အခုထိ မထနိုင်သေးခြင်းပင်။

အငယ်လေး သူ့အား ရေချိုးခန်းထဲ သွားဖို့ တွဲကူ၏။ သူ့ကို မျက်နှာသစ် သွားတိုက်ဖို့ ပြင်ပေးသည်။

နှလုံးသွေးရိပ် သူ့ဘာသာသူ မျက်နှာသစ် သွားတိုက်နေရင်း ပါးပါးကိုလည်း မော့‌မော့ကြည့်နေသည်။ ဖေဖေ ပါးပါး၏ ဝေယျာဝစ္စအကုန်နီးပါးကို ကိုယ်တိုင်ကူလုပ်ပေးတတ်တာကို သူတို့ညီအစ်ကိုသုံးယောက် မြင်နေကျမို့ ပါးပါးကို အခုလို လုပ်ပေးမည့် ဖေဖေ မရှိလျှင် ဖေဖေ့ကိုယ်စား ထိုသို့လုပ်ပေးဖို့အား သူတို့တွေ သင်စရာမလိုဘဲ တတ်လာသည့် ပညာတွေ။

ရိပ် ကားသော့ကို ယူလိုက်ပြီး သားလက်ကိုဆွဲလို့ စံအိမ်‌ထဲရှိ သီးသန့်အိမ်ဝင်းလေးထဲက ထွက်လာသည်။ ပုဂံဆောင်းမနက်ခင်းများက အတော်လေး အေးနေတာမို့ ရိပ် သားကို အနွေးထည်ကြယ်သီး သေချာတပ်ပေးလိုက်ပြီး ကားပေါ်တင်လိုက်သည်။ သူတို့သားအဖနှစ်ယောက်သာပါသည့် ကားကလေး စံအိမ်ဝင်းထဲက မောင်းထွက်လာခဲ့လေသည်။

စံအိမ်နှင့်သိပ်မဝေးသည့် ဆိုင်လေးထဲ၌ ရိပ် မီနူးစာအုပ်ကို သားရှေ့တိုးပေးလိုက်ပြီး-

"သား ဘာစားမှာလဲ"

"နန်းကြီးသုတ်"

ရိပ် နန်းကြီးသုတ်နှစ်ပွဲမှာလိုက်၏။ ထို့နောက် ဖုန်းကို ဖွင့်လိုက်ပြီး ကိုကိုနဲ့သားနှစ်ယောက်ကို အငယ်လေး မသိအောင် လှမ်းခေါ်ဖို့ ထလိုက်၏။

"ပါးပါး ဖုန်းခဏပြောလိုက်ဦးမယ်၊ ခုံမှာပဲ ထိုင်နေနော်"

"ဟုတ်"

သူ့ကို အိမ်ထောင်သက် ရှစ်နှစ်ကြာတာတောင် မျက်စိအောက်က အပျောက်မခံဖြစ်နေဆဲဖြစ်သည့် ကိုကို့ကို ဖုန်းလှမ်းဆက်လိုက်သည်။ အခုလို ရင်သွေးလေး လွယ်ထားရပြန်ချိန်၌ ကိုကိုက သူ့အား အရင်ချိန်တွေထက်ပင် ပိုဂရုစိုက်တတ်၊ စိတ်ပူတတ်သည်။

သူ ဖုန်းပြောပြီး ပြန်လာထိုင်ချိန်၌ မှာထားသည့် နန်းကြီးသုတ်နှစ်ပွဲ ရောက်လာသည်။ သားက သူ့ရှေ့က ပန်းကန်ကို ထိုးမွှေနေပြီ။ ရှစ်နှစ်သားလေးက စားပွဲကို သေချာမမီ။ မတ်တပ်ထရပ်ပြီး မွှေနှောက်နေတာမို့ ရိပ် သားပန်းကန်ကို လှမ်းယူလိုက်သည်။

"ပါးပါးလုပ်ပေးမယ်၊ ဗိုက်ဆာပြီလား"

"ဟုတ်ဘူး၊ ဒါ ပါးပါးအတွက်၊ ဖေဖေ မရှိရင် သားလုပ်ပေးမယ်၊ ရော့၊ ပါးပါး စားလို့ရပြီ"

သားက သွက်လက်စွာ သူ့ရှေ့က ပန်းကန်နှင့် လဲသွားသည်။ သူ အိမ်ထောင်ကျပြီးကတည်းက ထမင်းစားဖို့ဆိုရင် ပါးစပ်လေး ဟဖို့သာ လိုသည့်အထိ ကိုကိုက သူ့အား သားတွေကို ထိန်းရသည့်ကြားက လုပ်ပေးနေတတ်သူ ဖြစ်သည်။ မျက်စိရှေ့မှာ မြင်သမျှကို သင်ယူနေတတ်သည့် သားတွေက အခုဆို ကိုကို မရှိတာနဲ့ ကိုကိုကဲ့သို့ လုပ်ပေးနေတတ်ကြသည်။

ရိပ် မွှေထားသော်လည်း မနှံ့သေးသည့် နန်းကြီးသုတ်ပန်းကန်ကို အပြုံးဖြင့် ငုံ့ကြည့်လိုက်သည်။ သူ့အသက်နှင့် လဲရလုနီးနီး အခြေအနေတွေကြား မွေးခဲ့ရကျိုး နပ်ပါ၏။

သားတွေက ဆိုးနေတယ်ဆိုရင်တောင်မှပင် ရိပ် ကျေနပ်သည်။ သူ ကိုကို့အတွက် အခုလို ကလေးလေးတွေ မွေးပေးရတာ တကယ် ပျော်ပါသည်။

သူ့ပါးစပ်ထဲသို့ နှစ်လုတ်လောက်သာ ဝင်သေးသည့် အငယ်လေးကို ရိပ် ခွံ့ပေးနေချိန်၌ သူတို့ဆိုင်ရှေ့သို့ ကိုကို့ကား ထိုးရပ်လာသည်။ ကိုကို သားနှစ်ယောက်နှင့်အတူ ဆိုင်ထဲ အပြေးဝင်လာသည်။

တေဇဓိရာဇ် ဆိုင်ထဲက သားအဖကို မြင်လိုက်ရချိန်၌ မျက်မှောင်ကြုတ်လိုက်မိ၏။ ရိပ်က တစ်ညလုံး သုံးလေးနာရီတောင် ပြည့်အောင် အိပ်ထားသူ မဟုတ်။ အခု ကိုယ်တိုင် ကားပါ မောင်းလာတာမို့ သူ စိတ်မပူဘဲ မနေနိုင်။

အနွေးထည်လည်း ထပ်ဝတ်မလာသည့် ရိပ်နားကို လျှောက်လာရင်းနှင့်ပင် တေဇ သူ့ကိုယ်ပေါ်က အနွေးထည်ကို ချွတ်လိုက်သည်။ ရိပ်နားရောက်ချိန်၌ တစ်ခါတည်း ထပ်ခြုံပေးလိုက်ရင်း သူ့ကို မော့မကြည့်သည့် အငယ်လေး၏ ဆံနွယ်များကို လှမ်းဖွလိုက်တော့ သားက သူ့လက်ကို ချက်ချင်းရှောင်သွား၏။

"အဆိုးလေး၊ ဖေဖေ သားအတွက် မနက်စာ ထွက်ဝယ်ပေးတာကို"

သားက သူ့ကို စိတ်ကောက်နေသည်။ နန်းကြီးသုတ်ကိုသာ ငုံ့စားနေပြီး မျက်ရည်ဝဲတဲတဲဖြစ်နေသည်။ အငယ်လေးနားသို့ အကြီးလေးနှစ်ယောက် ရောက်သွားကာ သူတို့ မသွားခင် နှိုးသေးကြောင်းနှင့် အငယ်လေးက မထလို့ ချန်ခဲ့ရကြောင်း တစ်ယောက်တစ်ပေါက် ကပ်ပြောနေ၏။ ထို့နောက် သုံးယောက်သား တိုးတိုးတိုးတိုးနှင့် ရန်စောင်နေကြတော့သည်။

တေဇ ရိပ်ဘေး၌ ခုံဆွဲဝင်ထိုင်လိုက်ကာ-

"နောက်ဆို တစ်ယောက်ထဲ ကားမမောင်းရဘူး၊ အေးနေတာကို အနွေးထည်လည်း ဝတ်မလာဘူး၊ သားကို ကိုယ်ချော့လိုက်ပါ့မယ်၊ ရိပ် အိမ်ရောက်ရင် ပြန်အိပ်ဦး"

တေဇ ရိပ်၏ နွမ်းဖျော့ဖျော့ မျက်နှာလေးပေါ်က ဆံနွယ်များကို သပ်တင်ပေးလိုက်ရင်း ဖြည်းဖြည်းစားဖို့ ပြောလိုက်သည်။ ထို့နောက် ပွစိပွစိလုပ်နေသည့် သားတွေကို ဆိုင်ထဲ၌ ရန်မဖြစ်ဖို့ ပြောရသည်။ သူ့အား စိတ်ကောက်နေသည့် အငယ်ဆုံးလေးအတွက် သူ့ဘောင်းဘီထဲ၌ ထည့်ထားသည့် ‌သကြားလုံးကို ထုတ်ပေးလိုက်ကာ-

"သားအတွက် သကြားလုံးတောင် ဝယ်လာသေးတယ်၊ စိတ်မဆိုးနဲ့တော့၊ ဖေဖေ နောက်ဆို သုံးယောက်လုံး မပါဘဲ ဘယ်မှ မသွားဘူး၊ ကတိ"

သားက သူ့အား လှည့်မကြည့်၊ သူ့လက်ထဲက သကြားလုံးကိုလည်း မယူ။

"ဖေဖေတို့ အကုန်သွားနေတုန်း သားပါ မကျန်ခဲ့ရင် အိမ်ထဲမှာ ပါးပါးတစ်ယောက်ထဲ ဖြစ်နေမှာစိုးလို့လေ၊ ပါးပါးကို သားက တစ်ယောက်ထဲ ထားခဲ့ချင်တာလား"

တေဇ ခုံပေါ်မေးထောက်ပြီး သကြားလုံးကို မြှောက်ကစားနေကာ အငယ်လေးအား သွေးတိုးစမ်း မေးလိုက်၏။ ထိုအခါမှသာ သူ့လက်ထဲက သကြားလုံးကို လှမ်းယူလာကာ ခေါင်းခါပြရင်း ဝါးခနဲ ငိုသည်။ တေဇ အမြန်ထချီလိုက်ရင်း သူ့ကိုယ်ပေါ်တင်ကာ ချော့နေသည်။

အကြီးနှစ်ယောက် ပါးပါးအား တစ်ဖက်စီမှ ကပ်နေရင်း ပါးပါး လှမ်းခွံ့သည့် နန်းကြီးသုတ်အား လုစားနေသည်။ အငယ်လေး ဝမ်းနည်းသွားတာ မြင်ရချိန်၌ သူတို့ညီအစ်ကိုနှစ်ယောက် နောက်ဆို အငယ်လေးအား ထပ်မထားခဲ့တော့ဖို့လည်း တီးတိုးတိုင်ပင်လျက်ရှိသည်။

ကိုကို သားအား လမ်းလျှောက်ရင်း ချီချော့နေတာအား ရိပ်တစ်ယောက် အကြီးနှစ်ယောက်ကို ခွံ့နေရင်း ကြည့်နေရ၏။

"သားကို ကျွန်တော့်ဆီပေး"

တေဇ ရိပ်နားသို့ သားကို ပြန်ချပေးလိုက်စဉ် အငယ်လေးက ဖြည်းဖြည်းချင်း တိတ်သွားသည်။

ရိပ် သားမျက်နှာပေါ်မှ မျက်ရည်များကို တစ်ရှူးဖြင့် သုတ်ပေးနေရင်း သူပါ နည်းနည်းထပ်ချော့လိုက်ချိန် သားက လုံးဝ အငိုတိတ်သွားပြီဖြစ်သည်။ စိတ်ပြောင်းမြန်သည့် ကလေးသဘာဝအတိုင်း ခဏအကြာ၌ အငယ်လေးက သူ့အစ်ကို‌တွေကြား၌ ထပ်မှာထားသည့် မနက်စာများကို ပျော်ရွှင်စွာ စားသောက်နေတော့သည်။

သားတွေကို စိတ်ရှည်လက်ရှည် မနက်စာကျွေးနေသည့် ကိုကို့အား ရိပ် ဇွန်းကို ကိုင်ရင်း ငေးနေမိ၏။ သူနဲ့အကျင့်တူသည့် အငယ်လေးကိုလည်း ကြည့်လိုက်၏။ သူနဲ့တူသော်ငြား သူ့လိုအခြေအနေတော့ မဟုတ်တာအား ရိပ် ကြည်နူးရပါ၏။ သူ ငယ်ငယ်က အဖေ့အား ထိုကဲ့သို့ ဂျီကျတတ်၏။ ထိုအချိန်တွေ၌ သူ ပြန်ရလိုက်သည်က အချစ်တွေ ယုယမှုတွေ မဟုတ်ဘဲ ကြိမ်လုံးနှင့် အမုန်းတရားများသာ ဖြစ်သည်။ သူ့အတွက် ကိုကိုနောင်ရိုးရိပ်သာ အားကိုးစရာ ကမ္ဘာကြီးတစ်ခုလို ဖြစ်ခဲ့သည်။

ထိုကမ္ဘာကြီး မရှိတော့သည်မှာလည်း နှစ်တွေကြာသွားပါပြီ။ နှလုံးခုန်သံတွေသာ သူ့နား ကျန်ရစ်လို့‌နေ၏။ ရိပ် သူ့မျက်လုံးများကို ချက်ချင်း မှိတ်ချလိုက်မိသည်။ မဟုတ်ရင် သူ ငိုမိသွားတော့မည်ဖြစ်၏။

သားတွေကြား ဗျာများနေရသည့် တေဇ ချက်ချင်းလိုလို ရိပ်ကို သတိထားလိုက်မိတာမို့-

"ရိပ် နေလို့ကောင်းရဲ့လား"

သူ့လက်ပေါ် ကိုကို့လက်တွေ ရောက်လာတာမို့ ရိပ် လန့်သွားကာ သူ့အတွေးများကို ချက်ချင်း ပြောင်းလိုက်ရသည်။

"ကောင်းတယ်၊ လေအရမ်းတိုက်လိုက်လို့ မျက်လုံးထဲ ဖုန်ဝင်သွားတယ်ထင်တယ်"

ကိုကို သူ့နား ချက်ချင်းထလာပြီး မျက်လုံးရှေ့ လေမှုတ်ပေးလာသည်။

မျက်ရည်စတွေနဲ့ ရိပ်ကြောင့် တေဇ စိတ်ပူသွားမိတာမို့ ဂရုတစိုက် ဖုန်ထုတ်ပေးနေမိသည်။

"ရိပ် အသားတွေ အေးနေပြီ၊ သားတွေလည်း စားလို့ပြီးပြီ၊ ကိုယ် ပိုက်ဆံသွားရှင်းလိုက်မယ်၊ ပြန်ရအောင်"

တေဇ စားပွဲထိုးအလာကိုပင် စောင့်မနေတော့ဘဲ ရိပ်အား သားတွေနဲ့ ထားခဲ့ကာ ငွေအမြန်သွားရှင်းသည်။ သူ့ကားနဲ့ပဲ စံအိမ်ဆီသို့ ပြန်လာကြသည်။

စံအိမ်ထဲ ဝင်လာချိန်၌ တုတ်ကောက်နှင့် လမ်းလျှောက်နေသော သူ့အဖိုးကို တေဇ တွေ့လိုက်ရသည်။

ဦးမဟာ ကားပေါ်မှ ဆင်းလာကြသော မြေးတွေနှင့် မြစ်တွေနား လျှောက်လာသည်။

"ဒီကလေးတွေ စောစောစီးစီး ဘယ်သွားနေကြတာလဲ၊ အဖိုး မင်းတို့နဲ့ မနက်စာ စားဖို့ စောင့်နေတာကို"

ရစ်နဲ့ခက် သူ့အဖိုးနား ပြေးသွားကြကာ သူတို့ မနက်စာ သွားစားကြောင်းနှင့် ဖိုးဖိုးအတွက် မနက်စာ ဝယ်လာကြောင်း အလုအယက် ပြောနေသည်။

တုတ်ကောက်မလိုဘဲ မြစ်တွေ၏လက်ကို ဘယ်ကတစ်ဖက် ညာကတစ်ဖက် အခုလို တွဲလျှောက်ရချိန်က ဦးမဟာအတွက် အပျော်ဆုံးအချိန်တွေပင်။ အငယ်ဆုံးလေးက သူ့တုတ်ကောက်ကို ကိုင်လာကာ သူ့ကို မနက်က ကိုကိုတို့ထားခဲ့ကြောင်းနှင့် အခု တည့်သွားပြီဖြစ်ကြောင်း ပြောနေတာအား ဦးမဟာ သဘောကျစွာ နားထောင်ရင်း စားဖိုဆောင်ဖက် လျှောက်လာသည်။

"ကိုကို ကျွန်တော် စားဖ်ိုဆောင်ထဲ မလိုက်တော့ဘူးနော်၊ ကျွန်တော် အခန်းထဲ ခဏ ပြန်အိပ်လိုက်ဦးမယ်၊ ကိုကို လိုက်မပို့နဲ့တော့၊ သားတွေနဲ့ လိုက်သွားဦး"

တေဇ ရိပ်အား လှေကားအတက်အဆင်းတွေကို စိတ်မချစွာ နောက်ကနေ အတန်ကြာ ရပ်ကြည့်နေမိသည်။

စားဖိုဆောင်ထဲရှိ ထမင်းစားခန်းထဲ၌ ဦးရာဇတို့ လင်မယား မနက်စာ စားနေကြသည်။ အပြင်ဖက်ရှိ မြေးအဖိုးတစ်အုပ်စုရဲ့ ဆူညံသံတွေက သူတို့စံအိမ်ရဲ့ မနက်ခင်း ဆည်းလည်းသံတွေပင်။

ထမင်းစားခန်းထဲသို့ သူ့သားဝင်လာတာပဲ တွေ့လိုက်သည်။ ဒေါ်ဇာဇာ ကလေးတွေအတွက် ခုံထုတ်ပေးနေရင်း-

"ရိပ်ရော သား"

"သူ အခန်းပြန်အိပ်နေပြီ၊ ရိပ် ညညတွေ အိပ်မပျော််ဘူး၊ ကလေးက တအားကန်နေတယ်၊ စောမွေးချင်နေတာများလား မသိဘူး"

သတင်းစာကြည့်ရင်း ကော်ဖီသောက်နေသည့် ဦးရာဇ သူ့သားအား တစ်ချက်မော့ကြည့်လိုက်သည်။ တေဇ မျက်နှာထက်၌ ရိပ်အပေါ် စိုးရိမ်ခြင်းများစွာက သိသိသာသာ လျှံကျနေသယောင်။

သူ ရိပ်နဲ့ တစ်အိမ်ထဲ ရှစ်နှစ်လောက် တူတူနေဖြစ်နေသော်လည်း၊ သူ့ကတိအတိုင်း ရိပ်အပေါ် သားအရင်းတစ်ယောက်သဖွယ် ဆက်ဆံပေးနေသော်လည်း သူတို့သားအဖနဲ့ ရိပ်ကြား၌ စည်းတစ်ခုခြားနေသလိုပင်။ ရိပ်က သူတို့မိသားစုကြား သိပ်မဝင်လာတတ်ပါပေ။

ဒေါ်ဇာဇာ သူ့သားအား-

"တအားကြီး စိတ်မပူပါနဲ့၊ ဒီလိုမျိုးက ဖြစ်တတ်ပါတယ်၊ ရိပ်ကို မေမေ သွားကြည့်လိုက်ဦးမယ်"

ဦးရာဇ သတင်းစာကို ပိတ်လိုက်ကာ ထရပ်လိုက်သည်။

"စားလို့ပြီးပြီ၊ ငါ ဝင်ကြည့်ခဲ့လိုက်မယ်၊ မင်း ကလေးတွေကိုပဲ သေချာကြည့်ပေးလိုက်ဦး"

သူ့သားပခုံးကို တစ်ချက်ပုတ်လိုက်ကာ ဦးရာဇ စားဖိုဆောင်အပြင်ဖက်သို့ ထွက်လာသည်။

သူ့သား၏ သီးသန့်စံအိမ်ထဲသို့ ဝင်လာခဲ့ကာ အိမ်တော်ထိန်းကို ရိပ် အိပ်ခန်းထဲမှာလား မေးလိုက်ပြီး အတည်ပြုပြီးနောက် အခန်းထဲသို့ ဝင်လာသည်။

စောင်ပုံအောက်ထဲ မျက်နှာလေးပဲ ဖော်ထားကာ ဘေးတစောင်းအိပ်နေသည့် ရိပ်၏ ကုတင်ဘေးက ထိုင်ခုံပေါ် ဝင်ထိုင်လိုက်ရင်း ရိပ်၏နဖူးပေါ် လက်တင်စမ်းလိုက်မိသည်။ သူ့သား စိတ်ပူချင်လည်း စိတ်ပူလောက်အောင် ရိပ်၏မျက်နှာလေးက ဖြူဖျော့နွမ်းဖတ်နေသည်။

ရိပ် မှိန်းနေရုံသာ ရှိသေးတာကြောင့် သူ့နဖူးပေါ် လက်တင်ခံလိုက်ရချိန်၌ စောင်အောက်ထဲ ခေါင်းတိုးဝင်လိုက်မိပြီး-

"ကိုကို ကျွန်တော် နေကောင်းတယ်၊ အိပ်ချင်လို့"

ကိုကိုဟု ထင်လိုက်သော်ငြား ချောင်းဟန့်သံ ကြားလိုက်ချိန်၌ ကိုကို မဟုတ်မှန်း သိလိုက်တာမို့ ရိပ် အမြန်ခေါင်းပြန်ဖော်လိုက်ချိန် သူ့ယောက္ခထီးကို တွေ့လိုက်ရသည်။

ရိပ် အမြန်ထဖို့ကြိုးစားလိုက်ချိန် ဦးရာဇ သူ့အား ပြန်လှဲနေဖို့ တားလာသည်။

"လှဲနေ သား၊ အဖေ သား နေကောင်းရဲ့လား ဝင်ကြည့်တာ"

ရိပ် ပြန်လှဲချလိုက်ရရင်း သူပဲ စိတ်ထင်နေသလား မသိ၊ ဒီအခန်းထဲ၌ နွေးထွေးသည့် အငွေ့အသက်တွေ လွှမ်းခြုံခံထားရသလို ခံစားလိုက်ရလေသည်။

________________________

27.2.2024

[Zawgyi]

ပုဂံေဆာင္းမနက္ခင္းမ်ားက ေႏွာင္ႀကိဳးရိပ္အား အိပ္ရာထဲက မထြက္ခ်င္ေအာင္ အျပည့္အဝ ဆြဲေဆာင္လ်က္ရွိ၏။ ဒီရွစ္ႏွစ္လုံးတြင္ သူ ခုံမင္သည့္ အရာဟူ၍ သုံးမ်ိဳးသာ ရွိ၏။ ကိုကိုႏွင့္သားေလးေတြ၊ ထို႔ေနာက္ အိပ္ေနရျခင္း။

ဒီမနက္လည္း ရိပ္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ပင္ ေစာင္ပုံ‌ေအာက္ထဲ၌ ေကြးေကြး‌ေလး အိပ္ေနသည္။

ထိုစဥ္ အငယ္ဆုံး‌ေလးျဖစ္သည့္ ႏွလုံးေသြးရိပ္ သူ႕ပါးပါးရွိရာ အိပ္ခန္းထဲသို႔ ရွိုက္ႀကီးတငင္ ငိုရွိုက္ကာ ေျပးလာ၏။ အိပ္ေပ်ာ္ေနသည့္ သူ႕ပါးပါးကုတင္ေပၚသို႔ တြယ္တက္လာကာ ပါးပါးအား အတင္းလႈပ္ႏွိုးလိုက္သည္။

သား၏ငိုသံေၾကာင့္ ရိပ္ လန႔္နိုးသြား၏။ လွဲေနရာမွ အျမန္ေစာင္းထလိုက္ရကာ သားကို ေပါင္ေပၚတင္၍ ရင္ခြင္ထဲ ေခၚလိုက္ရၿပီး ေက်ာပုတ္ေပးရင္း ေခ်ာ့ရသည္။

"သား ဘာျဖစ္လို႔ ငိုေနတာလဲ၊ အိပ္မက္ဆိုး မက္လို႔လား၊ ေနလို႔မေကာင္းလို႔လား"

ႏွလုံးေသြးရိပ္ သူ႕ပါးပါးကို ကိုအာလာဝက္ဝံေလးလို ကုပ္တြယ္ထားကာ ပါးပါးပခုံးေပၚ ေမးတင္ၿပီး ရွိုက္ႀကီးတငင္ငိုေနသည္။

"ေဖေဖက ကိုကိုႏွစ္ေယာက္နဲ႕ အျပင္ထြက္သြားျပန္ၿပီ၊ ကြၽန္ေတာ့္ကို တစ္ေယာက္ထဲ ထားခဲ့ျပန္ၿပီ၊ ေဖေဖ ကြၽန္ေတာ့္ကိုပဲ ထားထားခဲ့တယ္၊ ေဖေဖက ကိုကိုေတြကိုပဲ ပိုခ်စ္တာ၊ ေဖေဖ့ကို မုန္းတယ္"

ရိပ္ အေျခအေနကို နားလည္သြားတာမို႔ သားကို ေခ်ာ့ေနရင္း ခပ္ေယာင္ေယာင္ေလး ၿပဳံးလိုက္မိသည္။

"ေဖေဖ ဘယ္သြားလဲလို႔ အိမ္ထိန္းဦးေလးကို မေမးခဲ့ဘူးလား"

"ကိုကိုတို႔နဲ႕ မနက္စာ သြားဝယ္တယ္၊ ကြၽန္ေတာ္လည္း ေဖေဖ့ေနာက္ကို ကိုကိုတို႔လို လိုက္ခ်င္တယ္"

အငယ္ေလးက သူ႕လက္ထဲ၌ တျဖည္းျဖည္း အငိုရပ္လာသည္။ ကိုကို သားအႀကီးႏွစ္ေယာက္နဲ႕ မနက္စာဝယ္ဖို႔ ထြက္သြားတာ ျဖစ္မည့္ပုံပင္။ သားသုံးေယာက္ထဲ၌ အငယ္ေလးက အအိပ္မက္သူမို႔ မနက္ဆို ေတာ္ေတာ္နဲ႕ မထနိုင္။ ဒီအငယ္ေလးက သူနဲ႕အက်င့္စရိုက္ တူေနတာကို သား တျဖည္းျဖည္းႀကီးလာေလေလ ရိပ္ သတိထားမိေလ။ သူ႕ကဲ့သို႔ပင္ အစ္ကိုေတြနဲ႕ အေဖေတြအေပၚ ပိုင္စိုးလိုစိတ္ႀကီးသည္။ သူလုပ္ခဲ့ဖူးသည့္ ထိုအက်င့္မ်ိဳးကို မျဖစ္ေစခ်င္တာမို႔ ရိပ္တစ္ေယာက္ သားကို ျဖည္းျဖည္းခ်င္း ျပဳျပင္ေျပာင္းလဲေနဆဲပါပင္။

"တိတ္ေတာ့ေနာ္၊ သား အိပ္ေမာက်ေနလို႔ ေဖေဖက သားကို မႏွိုးတာေနမွာပါ၊ ပါးပါး အိပ္ေပ်ာ္ေနလို႔ ေဖေဖက ပါးပါးကိုလည္း ထားခဲ့တယ္ေလ"

"ဟင့္၊ ေဖေဖက သြားမယ္လို႔ ေျပာထားရင္ ေစာေစာထမွာကို၊ ေဖေဖက သားကို မခ်စ္ဘူး"

တအင့္အင့္ႏွင့္ ရွိုက္သံသဲ့သဲ့ထြက္ေနေသးေသာ ညအိပ္ဝတ္စုံဝမ္းဆက္ေလးနဲ႕ အငယ္ေလးက ေပါက္စေလးတုန္းကလိုပင္ သူ႕လက္ေပၚေရာက္လွ်င္ သိပ္မငိုရွာေတာ့။

"ဟုတ္ၿပီ၊ ဒါဆို ပါးပါးနဲ႕ သားနဲ႕ပဲ မနက္စာ ႏွစ္ေယာက္ထဲ ထြက္စားၾကမလား၊ ေဖေဖ့ကို ျပန္ထားခဲ့လိုက္ၾကမယ္"

အငယ္ေလး သူ႕အား နီရဲေနသည့္ မ်က္လုံးေလးေတြနဲ႕ ေမာ့ၾကည့္လာၿပီး ေခါင္းညိတ္ျပသည္။ ထို႔ေနာက္ အခ်ိန္မဆိုင္းဘဲ သူ႕ေပါင္ေပၚက ဆင္းသြားကာ ကုတင္ေအာက္ ေလွ်ာဆင္းသြားၿပီး သူ႕အတြက္ အိမ္စီးအဝတ္ဖိနပ္ကို သားက ညီညီေလး ခ်ေပးလာသည္။

ပါးပါးလက္ကို ထိန္းကိုင္ထားၿပီး ျဖည္းျဖည္းဆင္းဖို႔ ႏွလုံးေသြးရိပ္ စိတ္ပူစြာ ေျပာလိုက္ၿပီး ပါးပါးဗိုက္ကို ခပ္ဖြဖြ ကိုင္လိုက္ကာ-

"ပါးပါးဗိုက္ထဲက ညီမေလး ပါးပါးကို ညကေရာ ကန္ေသးလား"

"အင္း၊ ေဟာ. .အခုလည္း ကန္ေနတယ္ ေတြ႕လား"

ႏွလုံးေသြးရိပ္ ပါးပါးဗိုက္ထဲက တစ္ခ်က္တစ္ခ်က္ ခပ္ျပင္းျပင္းလႈပ္ေနတာကို သူ႕လက္ကတဆင့္ ခံစားလိုက္မိသြားတာမို႔ ပါးပါးဗိုက္နား ကပ္ေျပာလိုက္သည္။

"ေမာနင္း ညီမေလး"

အာ႐ုံေျပာင္းသြားၿပီျဖစ္သည့္ အငယ္ေလးက သူ႕ဗိုက္ကို ပြတ္ေနကာ မထြက္လာေသးသည့္ ကေလးႏွင့္ ေဆာ့‌ေနတာမို႔ ရိပ္ ကုတင္ေပၚ လက္ေနာက္ျပန္ေထာက္ထားၿပီး သား ေခါင္းကိုပြတ္လ်က္ ၿပဳံးၾကည့္မိသည္။

သူ႕ဗိုက္ထဲ၌ ေနာက္ထပ္ ရင္ေသြးေလး ထပ္ရွိေနျပန္ၿပီမို႔ ရိပ္ အရင္လိုပဲ ကိုယ္ဝန္ေဆာင္ရတိုင္း ျဖစ္တတ္သည့္ ႏြမ္းနယ္မႈမ်ားႏွင့္ ကေလး အျပင္မ‌ေရာက္မခ်င္း ကေလးအတြက္ စိုးထိတ္မႈမ်ားက ျပန္ျဖစ္ေနသည္။ ထို႔အျပင္ အခုတစ္ပတ္၌ သမီးေလးက တအားကိုမွ ကန္ေနတာမို႔ ရိပ္ ညဖက္ေတြပင္ အိပ္လို႔မရသည့္အထိ ျဖစ္လာသည္။ ထို႔ေၾကာင့္ သူ အခုထိ မထနိုင္ေသးျခင္းပင္။

အငယ္ေလး သူ႕အား ေရခ်ိဳးခန္းထဲ သြားဖို႔ တြဲကူ၏။ သူ႕ကို မ်က္ႏွာသစ္ သြားတိုက္ဖို႔ ျပင္ေပးသည္။

ႏွလုံးေသြးရိပ္ သူ႕ဘာသာသူ မ်က္ႏွာသစ္ သြားတိုက္ေနရင္း ပါးပါးကိုလည္း ေမာ့‌ေမာ့ၾကည့္ေနသည္။ ေဖေဖ ပါးပါး၏ ေဝယ်ာဝစၥအကုန္နီးပါးကို ကိုယ္တိုင္ကူလုပ္ေပးတတ္တာကို သူတို႔ညီအစ္ကိုသုံးေယာက္ ျမင္ေနက်မိဳ႕ ပါးပါးကို အခုလို လုပ္ေပးမည့္ ေဖေဖ မရွိလွ်င္ ေဖေဖ့ကိုယ္စား ထိုသို႔လုပ္ေပးဖို႔အား သူတို႔ေတြ သင္စရာမလိုဘဲ တတ္လာသည့္ ပညာေတြ။

ရိပ္ ကားေသာ့ကို ယူလိုက္ၿပီး သားလက္ကိုဆြဲလို႔ စံအိမ္‌ေလးထဲရွိ သီးသန႔္အိမ္ဝင္းေလးထဲက ထြက္လာသည္။ ပုဂံေဆာင္းမနက္ခင္းမ်ားက အေတာ္ေလး ေအးေနတာမို႔ ရိပ္ သားကို အေႏြးထည္ၾကယ္သီး ေသခ်ာတပ္ေပးလိုက္ၿပီး ကားေပၚတင္လိုက္သည္။ သူတို႔သားအဖႏွစ္ေယာက္သာပါသည့္ ကားကေလး စံအိမ္ဝင္းထဲက ေမာင္းထြက္လာခဲ့ေလသည္။

စံအိမ္ႏွင့္သိပ္မေဝးသည့္ ဆိုင္ေလးထဲ၌ ရိပ္ မီႏူးစာအုပ္ကို သားေရွ႕တိုးေပးလိုက္ၿပီး-

"သား ဘာစားမွာလဲ"

"နန္းႀကီးသုတ္"

ရိပ္ နန္းႀကီးသုတ္ႏွစ္ပြဲမွာလိုက္၏။ ထို႔ေနာက္ ဖုန္းကို ဖြင့္လိုက္ၿပီး ကိုကိုနဲ႕သားႏွစ္ေယာက္ကို အငယ္ေလး မသိေအာင္ လွမ္းေခၚဖို႔ ထလိုက္၏။

"ပါးပါး ဖုန္းခဏေျပာလိုက္ဦးမယ္၊ ခုံမွာပဲ ထိုင္ေနေနာ္"

"ဟုတ္"

သူ႕ကို အိမ္ေထာင္သက္ ရွစ္ႏွစ္ၾကာတာေတာင္ မ်က္စိေအာက္က အေပ်ာက္မခံျဖစ္ေနဆဲျဖစ္သည့္ ကိုကို႔ကို ဖုန္းလွမ္းဆက္လိုက္သည္။ အခုလို ရင္ေသြးေလး လြယ္ထားရျပန္ခ်ိန္၌ ကိုကိုက သူ႕အား အရင္ခ်ိန္ေတြထက္ပင္ ပိုဂ႐ုစိုက္တတ္၊ စိတ္ပူတတ္သည္။

သူ ဖုန္းေျပာၿပီး ျပန္လာထိုင္ခ်ိန္၌ မွာထားသည့္ နန္းႀကီးသုတ္ႏွစ္ပြဲ ေရာက္လာသည္။ သားက သူ႕ေရွ႕က ပန္းကန္ကို ထိုးေမႊေနၿပီ။ ရွစ္ႏွစ္သားေလးက စားပြဲကို ေသခ်ာမမီ။ မတ္တပ္ထရပ္ၿပီး ေမႊေႏွာက္ေနတာမို႔ ရိပ္ သားပန္းကန္ကို လွမ္းယူလိုက္သည္။

"ပါးပါးလုပ္ေပးမယ္၊ ဗိုက္ဆာၿပီလား"

"ဟုတ္ဘူး၊ ဒါ ပါးပါးအတြက္၊ ေဖေဖ မရွိရင္ သားလုပ္ေပးမယ္၊ ေရာ့၊ ပါးပါး စားလို႔ရၿပီ"

သားက သြက္လက္စြာ သူ႕ေရွ႕က ပန္းကန္ႏွင့္ လဲသြားသည္။ သူ အိမ္ေထာင္က်ၿပီးကတည္းက ထမင္းစားဖို႔ဆိုရင္ ပါးစပ္ေလး ဟဖို႔သာ လိုသည့္အထိ ကိုကိုက သူ႕အား သားေတြကို ထိန္းရသည့္ၾကားက လုပ္ေပးေနတတ္သူ ျဖစ္သည္။ မ်က္စိေရွ႕မွာ ျမင္သမွ်ကို သင္ယူေနတတ္သည့္ သားေတြက အခုဆို ကိုကို မရွိတာနဲ႕ ကိုကိုကဲ့သို႔ လုပ္ေပးေနတတ္ၾကသည္။

ရိပ္ ေမႊထားေသာ္လည္း မႏွံ႕ေသးသည့္ နန္းႀကီးသုတ္ပန္းကန္ကို အၿပဳံးျဖင့္ ငုံ႕ၾကည့္လိုက္သည္။ သူ႕အသက္ႏွင့္ လဲရလုနီးနီး အေျခအေနေတြၾကား ေမြးခဲ့ရက်ိဳး နပ္ပါ၏။

သားေတြက ဆိုးေနတယ္ဆိုရင္ေတာင္မွပင္ ရိပ္ ေက်နပ္သည္။ သူ ကိုကို႔အတြက္ အခုလို ကေလးေလးေတြ ေမြးေပးရတာ တကယ္ ေပ်ာ္ပါသည္။

သူ႕ပါးစပ္ထဲသို႔ ႏွစ္လုတ္ေလာက္သာ ဝင္ေသးသည့္ အငယ္ေလးကို ရိပ္ ခြံ႕ေပးေနခ်ိန္၌ သူတို႔ဆိုင္ေရွ႕သို႔ ကိုကို႔ကား ထိုးရပ္လာသည္။ ကိုကို သားႏွစ္ေယာက္ႏွင့္အတူ ဆိုင္ထဲ အေျပးဝင္လာသည္။

ေတဇဓိရာဇ္ ဆိုင္ထဲက သားအဖကို ျမင္လိုက္ရခ်ိန္၌ မ်က္ေမွာင္ၾကဳတ္လိုက္မိ၏။ ရိပ္က တစ္ညလုံး သုံးေလးနာရီေတာင္ ျပည့္ေအာင္ အိပ္ထားသူ မဟုတ္။ အခု ကိုယ္တိုင္ ကားပါ ေမာင္းလာတာမို႔ သူ စိတ္မပူဘဲ မေနနိုင္။

အေႏြးထည္လည္း ထပ္ဝတ္မလာသည့္ ရိပ္နားကို ေလွ်ာက္လာရင္းႏွင့္ပင္ ေတဇ သူ႕ကိုယ္ေပၚက အေႏြးထည္ကို ခြၽတ္လိုက္သည္။ ရိပ္နားေရာက္ခ်ိန္၌ တစ္ခါတည္း ထပ္ၿခဳံေပးလိုက္ရင္း သူ႕ကို ေမာ့မၾကည့္သည့္ အငယ္ေလး၏ ဆံႏြယ္မ်ားကို လွမ္းဖြလိုက္ေတာ့ သားက သူ႕လက္ကို ခ်က္ခ်င္းေရွာင္သြား၏။

"အဆိုးေလး၊ ေဖေဖ သားအတြက္ မနက္စာ ထြက္ဝယ္ေပးတာကို"

သားက သူ႕ကို စိတ္ေကာက္ေနသည္။ နန္းႀကီးသုတ္ကိုသာ ငုံ႕စားေနၿပီး မ်က္ရည္ဝဲတဲတဲျဖစ္ေနသည္။ အငယ္ေလးနားသို႔ အႀကီးေလးႏွစ္ေယာက္ ေရာက္သြားကာ သူတို႔ မသြားခင္ ႏွိုးေသးေၾကာင္းႏွင့္ အငယ္ေလးက မထလို႔ ခ်န္ခဲ့ရေၾကာင္း တစ္ေယာက္တစ္ေပါက္ ကပ္ေျပာေန၏။ ထို႔ေနာက္ သုံးေယာက္သား တိုးတိုးတိုးတိုးႏွင့္ ရန္ေစာင္ေနၾကေတာ့သည္။

ေတဇ ရိပ္ေဘး၌ ခုံဆြဲဝင္ထိုင္လိုက္ကာ-

"ေနာက္ဆို တစ္ေယာက္ထဲ ကားမေမာင္းရဘူး၊ ေအးေနတာကို အေႏြးထည္လည္း ဝတ္မလာဘူး၊ သားကို ကိုယ္ေခ်ာ့လိုက္ပါ့မယ္၊ ရိပ္ အိမ္ေရာက္ရင္ ျပန္အိပ္ဦး"

ေတဇ ရိပ္၏ ႏြမ္းေဖ်ာ့ေဖ်ာ့ မ်က္ႏွာေလးေပၚက ဆံႏြယ္မ်ားကို သပ္တင္ေပးလိုက္ရင္း ျဖည္းျဖည္းစားဖို႔ ေျပာလိုက္သည္။ ထို႔ေနာက္ ပြစိပြစိလုပ္ေနသည့္ သားေတြကို ဆိုင္ထဲ၌ ရန္မျဖစ္ဖို႔ ေျပာရသည္။ သူ႕အား စိတ္ေကာက္ေနသည့္ အငယ္ဆုံးေလးအတြက္ သူ႕ေဘာင္းဘီထဲ၌ ထည့္ထားသည့္ ‌သၾကားလုံးကို ထုတ္ေပးလိုက္ကာ-

"သားအတြက္ သၾကားလုံးေတာင္ ဝယ္လာေသးတယ္၊ စိတ္မဆိုးနဲ႕ေတာ့၊ ေဖေဖ ေနာက္ဆို သုံးေယာက္လုံး မပါဘဲ ဘယ္မွ မသြားဘူး၊ ကတိ"

သားက သူ႕အား လွည့္မၾကည့္၊ သူ႕လက္ထဲက သၾကားလုံးကိုလည္း မယူ။

"ေဖေဖတို႔ အကုန္သြားေနတုန္း သားပါ မက်န္ခဲ့ရင္ အိမ္ထဲမွာ ပါးပါးတစ္ေယာက္ထဲ ျဖစ္ေနမွာစိုးလို႔ေလ၊ ပါးပါးကို သားက တစ္ေယာက္ထဲ ထားခဲ့ခ်င္တာလား"

ေတဇ ခုံေပၚေမးေထာက္ၿပီး သၾကားလုံးကို ျမႇောက္ကစားေနကာ အငယ္ေလးအား ေသြးတိုးစမ္း ေမးလိုက္၏။ ထိုအခါမွသာ သူ႕လက္ထဲက သၾကားလုံးကို လွမ္းယူလာကာ ေခါင္းခါျပရင္း ဝါးခနဲ ငိုသည္။ ေတဇ အျမန္ထခ်ီလိုက္ရင္း သူ႕ကိုယ္ေပၚတင္ကာ ေခ်ာ့ေနသည္။

အႀကီးႏွစ္ေယာက္ ပါးပါးအား တစ္ဖက္စီမွ ကပ္ေနရင္း ပါးပါး လွမ္းခြံ႕သည့္ နန္းႀကီးသုတ္အား လုစားေနသည္။ အငယ္ေလး ဝမ္းနည္းသြားတာ ျမင္ရခ်ိန္၌ သူတို႔ညီအစ္ကိုႏွစ္ေယာက္ ေနာက္ဆို အငယ္ေလးအား ထပ္မထားခဲ့ေတာ့ဖို႔လည္း တီးတိုးတိုင္ပင္လ်က္ရွိသည္။

ကိုကို သားအား လမ္းေလွ်ာက္ရင္း ခ်ီေခ်ာ့ေနတာအား ရိပ္တစ္ေယာက္ အႀကီးႏွစ္ေယာက္ကို ခြံ႕ေနရင္း ၾကည့္ေနရ၏။

"သားကို ကြၽန္ေတာ့္ဆီေပး"

ေတဇ ရိပ္နားသို႔ သားကို ျပန္ခ်ေပးလိုက္စဥ္ အငယ္ေလးက ျဖည္းျဖည္းခ်င္း တိတ္သြားသည္။

ရိပ္ သားမ်က္ႏွာေပၚမွ မ်က္ရည္မ်ားကို တစ္ရႉးျဖင့္ သုတ္ေပးေနရင္း သူပါ နည္းနည္းထပ္ေခ်ာ့လိုက္ခ်ိန္ သားက လုံးဝ အငိုတိတ္သြားၿပီျဖစ္သည္။ စိတ္ေျပာင္းျမန္သည့္ ကေလးသဘာဝအတိုင္း ခဏအၾကာ၌ အငယ္ေလးက သူ႕အစ္ကို‌ေတြၾကား၌ ထပ္မွာထားသည့္ မနက္စာမ်ားကို ေပ်ာ္႐ႊင္စြာ စားေသာက္ေနေတာ့သည္။

သားေတြကို စိတ္ရွည္လက္ရွည္ မနက္စာေကြၽးေနသည့္ ကိုကို႔အား ရိပ္ ဇြန္းကို ကိုင္ရင္း ေငးေနမိ၏။ သူနဲ႕အက်င့္တူသည့္ အငယ္ေလးကိုလည္း ၾကည့္လိုက္၏။ သူနဲ႕တူေသာ္ျငား သူ႕လိုအေျခအေနေတာ့ မဟုတ္တာအား ရိပ္ ၾကည္ႏူးရပါ၏။ သူ ငယ္ငယ္က အေဖ့အား ထိုကဲ့သို႔ ဂ်ီက်တတ္၏။ ထိုအခ်ိန္ေတြ၌ သူ ျပန္ရလိုက္သည္က အခ်စ္ေတြ ယုယမႈေတြ မဟုတ္ဘဲ ႀကိမ္လုံးႏွင့္ အမုန္းတရားမ်ားသာ ျဖစ္သည္။ သူ႕အတြက္ ကိုကိုေနာင္ရိုးရိပ္သာ အားကိုးစရာ ကမာၻႀကီးတစ္ခုလို ျဖစ္ခဲ့သည္။

ထိုကမာၻႀကီး မရွိေတာ့သည္မွာလည္း ႏွစ္ေတြၾကာသြားပါၿပီ။ ႏွလုံးခုန္သံေတြသာ သူ႕နား က်န္ရစ္လို႔‌ေန၏။ ရိပ္ သူ႕မ်က္လုံးမ်ားကို ခ်က္ခ်င္း မွိတ္ခ်လိဳက္မိသည္။ မဟုတ္ရင္ သူ ငိုမိသြားေတာ့မည္ျဖစ္၏။

သားေတြၾကား ဗ်ာမ်ားေနရသည့္ ေတဇ ခ်က္ခ်င္းလိုလို ရိပ္ကို သတိထားလိုက္မိတာမို႔-

"ရိပ္ ေနလို႔ေကာင္းရဲ႕လား"

သူ႕လက္ေပၚ ကိုကို႔လက္ေတြ ေရာက္လာတာမို႔ ရိပ္ လန႔္သြားကာ သူ႕အေတြးမ်ားကို ခ်က္ခ်င္း ေျပာင္းလိုက္ရသည္။

"ေကာင္းတယ္၊ ေလအရမ္းတိုက္လိုက္လို႔ မ်က္လုံးထဲ ဖုန္ဝင္သြားတယ္ထင္တယ္"

ကိုကို သူ႕နား ခ်က္ခ်င္းထလာၿပီး မ်က္လုံးေရွ႕ ေလမႈတ္ေပးလာသည္။

မ်က္ရည္စေတြနဲ႕ ရိပ္ေၾကာင့္ ေတဇ စိတ္ပူသြားမိတာမို႔ ဂ႐ုတစိုက္ ဖုန္ထုတ္ေပးေနမိသည္။

"ရိပ္ အသားေတြ ေအးေနၿပီ၊ သားေတြလည္း စားလို႔ၿပီးၿပီ၊ ကိုယ္ ပိုက္ဆံသြားရွင္းလိုက္မယ္၊ ျပန္ရေအာင္"

ေတဇ စားပြဲထိုးအလာကိုပင္ ေစာင့္မေနေတာ့ဘဲ ရိပ္အား သားေတြနဲ႕ ထားခဲ့ကာ ေငြအျမန္သြားရွင္းသည္။ သူ႕ကားနဲ႕ပဲ စံအိမ္ဆီသို႔ ျပန္လာၾကသည္။

စံအိမ္ထဲ ဝင္လာခ်ိန္၌ တုတ္ေကာက္ႏွင့္ လမ္းေလွ်ာက္ေနေသာ သူ႕အဖိုးကို ေတဇ ေတြ႕လိုက္ရသည္။

ဦးမဟာ ကားေပၚမွ ဆင္းလာၾကေသာ ေျမးေတြႏွင့္ ျမစ္ေတြနား ေလွ်ာက္လာသည္။

"ဒီကေလးေတြ ေစာေစာစီးစီး ဘယ္သြားေနၾကတာလဲ၊ အဖိုး မင္းတို႔နဲ႕ မနက္စာ စားဖို႔ ေစာင့္ေနတာကို"

ရစ္နဲ႕ခက္ သူ႕အဖိုးနား ေျပးသြားၾကကာ သူတို႔ မနက္စာ သြားစားေၾကာင္းႏွင့္ ဖိုးဖိုးအတြက္ မနက္စာ ဝယ္လာေၾကာင္း အလုအယက္ ေျပာေနသည္။

တုတ္ေကာက္မလိုဘဲ ျမစ္ေတြ၏လက္ကို ဘယ္ကတစ္ဖက္ ညာကတစ္ဖက္ အခုလို တြဲေလွ်ာက္ရခ်ိန္က ဦးမဟာအတြက္ အေပ်ာ္ဆုံးအခ်ိန္ေတြပင္။ အငယ္ဆုံးေလးက သူ႕တုတ္ေကာက္ကို ကိုင္လာကာ သူ႕ကို မနက္က ကိုကိုတို႔ထားခဲ့ေၾကာင္းႏွင့္ အခု တည့္သြားၿပီျဖစ္ေၾကာင္း ေျပာေနတာအား ဦးမဟာ သေဘာက်စြာ နားေထာင္ရင္း စားဖိုေဆာင္ဖက္ ေလွ်ာက္လာသည္။

"ကိုကို ကြၽန္ေတာ္ စားဖ္ိုေဆာင္ထဲ မလိုက္ေတာ့ဘူးေနာ္၊ ကြၽန္ေတာ္ အခန္းထဲ ခဏ ျပန္အိပ္လိုက္ဦးမယ္၊ ကိုကို လိုက္မပို႔နဲ႕ေတာ့၊ သားေတြနဲ႕ လိုက္သြားဦး"

ေတဇ ရိပ္အား ေလွကားအတက္အဆင္းေတြကို စိတ္မခ်စြာ ေနာက္ကေန အတန္ၾကာ ရပ္ၾကည့္ေနမိသည္။

စားဖိုေဆာင္ထဲရွိ ထမင္းစားခန္းထဲ၌ ဦးရာဇတို႔ လင္မယား မနက္စာ စားေနၾကသည္။ အျပင္ဖက္ရွိ ေျမးအဖိုးတစ္အုပ္စုရဲ႕ ဆူညံသံေတြက သူတို႔စံအိမ္ရဲ႕ မနက္ခင္း ဆည္းလည္းသံေတြပင္။

ထမင္းစားခန္းထဲသို႔ သူ႕သားဝင္လာတာပဲ ေတြ႕လိုက္သည္။ ေဒၚဇာဇာ ကေလးေတြအတြက္ ခုံထုတ္ေပးေနရင္း-

"ရိပ္ေရာ သား"

"သူ အခန္းျပန္အိပ္ေနၿပီ၊ ရိပ္ ညညေတြ အိပ္မေပ်ာ္္ဘူး၊ ကေလးက တအားကန္ေနတယ္၊ ေစာေမြးခ်င္ေနတာမ်ားလား မသိဘူး"

သတင္းစာၾကည့္ရင္း ေကာ္ဖီေသာက္ေနသည့္ ဦးရာဇ သူ႕သားအား တစ္ခ်က္ေမာ့ၾကည့္လိုက္သည္။ ေတဇ မ်က္ႏွာထက္၌ ရိပ္အေပၚ စိုးရိမ္ျခင္းမ်ားစြာက သိသိသာသာ လွ်ံက်ေနသေယာင္။

သူ ရိပ္နဲ႕ တစ္အိမ္ထဲ ရွစ္ႏွစ္ေလာက္ တူတူေနျဖစ္ေနေသာ္လည္း၊ သူ႕ကတိအတိုင္း ရိပ္အေပၚ သားအရင္းတစ္ေယာက္သဖြယ္ ဆက္ဆံေပးေနေသာ္လည္း သူတို႔သားအဖနဲ႕ ရိပ္ၾကား၌ စည္းတစ္ခုျခားေနသလိုပင္။ ရိပ္က သူတို႔မိသားစုၾကား သိပ္မဝင္လာတတ္ပါေပ။

ေဒၚဇာဇာ သူ႕သားအား-

"တအားႀကီး စိတ္မပူပါနဲ႕၊ ဒီလိုမ်ိဳးက ျဖစ္တတ္ပါတယ္၊ ရိပ္ကို ေမေမ သြားၾကည့္လိုက္ဦးမယ္"

ဦးရာဇ သတင္းစာကို ပိတ္လိုက္ကာ ထရပ္လိုက္သည္။

"စားလို႔ၿပီးၿပီ၊ ငါ ဝင္ၾကည့္ခဲ့လိုက္မယ္၊ မင္း ကေလးေတြကိုပဲ ေသခ်ာၾကည့္ေပးလိုက္ဦး"

သူ႕သားပခုံးကို တစ္ခ်က္ပုတ္လိုက္ကာ ဦးရာဇ စားဖိုေဆာင္အျပင္ဖက္သို႔ ထြက္လာသည္။

သူ႕သား၏ သီးသန႔္စံအိမ္ထဲသို႔ ဝင္လာခဲ့ကာ အိမ္ေတာ္ထိန္းကို ရိပ္ အိပ္ခန္းထဲမွာလား ေမးလိုက္ကာ အတည္ျပဳၿပီးေနာက္ အခန္းထဲသို႔ ဝင္လာသည္။

ေစာင္ပုံေအာက္ထဲ မ်က္ႏွာေလးပဲ ေဖာ္ထားကာ ေဘးတေစာင္းအိပ္ေနသည့္ ရိပ္၏ ကုတင္ေဘးက ထိုင္ခုံေပၚ ဝင္ထိုင္လိုက္ရင္း ရိပ္၏နဖူးေပၚ လက္တင္စမ္းလိုက္မိသည္။ သူ႕သား စိတ္ပူခ်င္လည္း စိတ္ပူေလာက္ေအာင္ ရိပ္၏မ်က္ႏွာေလးက ျဖဴေဖ်ာ့ႏြမ္းဖတ္ေနသည္။

ရိပ္ မွိန္းေန႐ုံသာ ရွိေသးတာေၾကာင့္ သူ႕နဖူးေပၚ လက္တင္ခံလိုက္ရခ်ိန္၌ ေစာင္ေအာက္ထဲ ေခါင္းတိုးဝင္လိုက္မိၿပီး-

"ကိုကို ကြၽန္ေတာ္ ေနေကာင္းတယ္၊ အိပ္ခ်င္လို႔"

ကိုကိုဟု ထင္လိုက္ေသာ္ျငား ေခ်ာင္းဟန႔္သံ ၾကားလိုက္ခ်ိန္၌ ကိုကို မဟုတ္မွန္း သိလိုက္တာမို႔ ရိပ္ အျမန္ေခါင္းျပန္ေဖာ္လိုက္ခ်ိန္ သူ႕ေယာကၡထီးကို ေတြ႕လိုက္ရသည္။

ရိပ္ အျမန္ထဖို႔ႀကိဳးစားလိုက္ခ်ိန္ ဦးရာဇ သူ႕အား ျပန္လွဲေနဖို႔ တားလာသည္။

"လွဲေန သား၊ အေဖ သား ေနေကာင္းရဲ႕လား ဝင္ၾကည့္တာ"

ရိပ္ ျပန္လွဲခ်လိဳက္ရရင္း သူပဲ စိတ္ထင္ေနသလား မသိ၊ ဒီအခန္းထဲ၌ ေႏြးေထြးသည့္ အေငြ႕အသက္ေတြ လႊမ္းၿခဳံခံထားရသလို ခံစားလိုက္ရေလသည္။

________________________

27.2.2024

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

45.2K 2.1K 92
ကောင်လေးနှစ်ယောက်၊သူငယ်ချင်းနှစ်ယောက် ကြားက အချစ်အကြောင်းလေးပါပဲ ။ သူတို့တွေမှာ ရှိ‌ခဲ့တဲ့ပျော်ရွှင်မှုတွေ ၊ နာကျင်စရာအချိန်တွေကို သူတို့ဘယ်လိုကျော်ဖ...
845 75 5
The Unearthly Community, a place we hope you call a safe haven. As the title says out community is hiring so feel free to pop in and take a look/ Hi...
2.7K 132 20
"I'm a wizard?" I gasp. My father shook his head in front of me. Yet I wondered why he waited until I was 18 to tell me. After all, it explained all...
159K 9.9K 45
Elizabeth has been ruling her kingdom for 3 years now. She's gone through countless advisors in those 3 years. When she's finally ready to give up on...