ဝါကျတစ်ကြောင်းစာ စကားလုံးများကြားလိုက်ရပြီးသည့်အခါတွင်တော့ ဝိန်းရိဖန်တစ်ယောက် မလှုပ်မယှက်ဖြင့်မှင်သေသွားမိခဲ့သည်။ မနေ့ညကပို့ထားသည့်အသံမက်ဆေ့ကိုလည်း မတော်တဆနှိပ်ကြည့်မိလိုက်သေးကာ မျက်တောင်များ လှုပ်လှုပ်ရှားရှားဖြစ်လာရင်း လက်ချောင်းထိပ်များက တဖန်အောက်သို့ပွတ်ဆွဲလာခဲ့သည်။
ဝိန်းရိဖန်၏အိပ်ချင်စိတ်တို့ ကြည်လင်လာခဲ့ကာ နောက်ဆုံးပို့လာသည့်အသံမက်ဆေ့အား နောက်တစ်ကြိမ်ဖွင့်ကြည့်လိုက်သည်။
တူညီသည့်လုပ်ရပ်တစ်ခုတည်းအား ထပ်ကာထပ်ကာပြုလုပ်နေရင်း.....
ခန့်မှန်းချက်တစ်ခု ပေါ်လာလေတော့သည်။ ဝိန်းရိဖန် မျက်မှောင်ကျုံ့မိထားပြီး အပေါ်သို့ ပြန်ပွတ်ဆွဲသွားကာ အပေါ်ဘက်မှအသံမက်ဆေ့တစ်ချို့ကို ဆက်တိုက်ပြန်နားထောင်လာသည်မှာ 'နောက်ထပ် ၆၉ရက် လိုသေးတယ် ' အထိ။
၆၈ , ၆၉
အို့။
နံပါတ်များ မတူညီတော့ပေ။
ဝိန်းရိဖန်က 'ကောင်းပြီ' ဆိုသည့်စကားတစ်ခွန်း ပြန်စာပို့တော့မည့်ဆဲဆဲ ၊ စာရိုက်နေသည့်အခိုက်အတန့်တွင် အသိစိတ်ပြန်ဝင်လာခဲ့ကာ မျက်တောင်များပုတ်ခတ်ပုတ်ခတ်လုပ်မိရင်း ဖုန်းမျက်နှာပြင်ကြီးအား စူးစိုက်ကြည့်မိနေတော့သည်။
အရှေ့တွင်မြင်နေရသည့် ဝါကျစာကြောင်းမှာကား သူမ ပို့ထားခဲ့သည့် 'နင် ငါ့ကို နေ့တိုင်း ရက်တွက်ပေးလို့ရမလား' ဟူသောတစ်ခု။
ထိုအချိန်တုန်းက သူမသည် အူကြောင်ကြားဖြစ်နေရင်းက စကားပြော၍ရမည့်ခေါင်းစဥ်တစ်ခု ရလိုရငြားရှာဖွေမိခြင်းသာဖြစ်ပြီး ထို့မှသာပင် စန်းရန်ဘက်မှ သူမထံသို့ နေ့တိုင်းမက်ဆေ့ပို့နေမည်မဟုတ်လား။ သို့သော် လက်ရှိအချိန် ထိုတောင်းဆိုမှုကြီးကို ပြန်မြင်လိုက်ရသည့်အခါတွင်တော့ သူမပြောမိထားသည့်စကားက အတော်လေးအရှက်မရှိသည့်အပြင် အဓိပ္ပါယ်မရှိမျက်နှာပြောင်တိုက်နေသလိုပင် ခံစားမိရတော့၏။
ထို့အပြင် တစ်ဖက်လူကိုပါ အတူတူ မျက်နှာလိုက်ပြောင်ခိုင်းသည့်အလား။
သို့သည်တိုင် စန်းရန်ဘက်မှ ငြင်းထားပြီးပြီမဟုတ်လား။ သူမကိုပါ မျက်နှာရေထူပြီးပြောင်နေသည့်အကြောင်း မကျေမနပ်ပြောထားပါသေးသည်။
ဝိန်းရိဖန် နှုတ်ခမ်းကိုကိုက်ရင်း စောင်ကို ထွေးပိုက်ကာ ချိတုံချတုံဖြင့် ;
[ နင်ပဲ ငါ့ကို ကိုယ့်ဘာသာကိုယ်မှတ်ထားခိုင်းတာ မဟုတ်ဘူးလား ]
အပြင်ဘက်၌ရောက်နေသောကြောင့် ဖုန်းမကြည့်အားပုံရကာ စန်းရန်က ပြန်စာ ချက်ချင်းမပို့လာ။
တစ်ခဏကြာပြီးနောက် ဝိန်းရိဖန် မှေးခနဲဖြစ်သွားသည့်အချိန်တွင်မှ အသံမက်ဆေ့များ ထပ်ပြီးပို့လာခဲ့၏။ နေရာပြောင်းသွားပုံရကာ စန်းရန်ဘက်မှ နောက်ခံအသံများက သိသ်သာသာတိုးပြီး ဆိတ်ငြိမ်သွားခဲ့သည်။
သူ စကားပြောသည့်အသံနေအသံထားမှာ မည်သူကများ အထူးတလည်သင်ပေးထားမှန်းမသိ ၊ စကားပြောနှုန်းက မနှေးလွန်း မမြန်လွန်း ၊ မသိမ်မွေ့လွန်း မကြမ်းတမ်းလွန်းသည့်အပြင် စကားသံအဆုံးနားရောက်သည့်အခါ အနည်းငယ်အထက်စီးဆန်သွားတတ်ပြီး မထီမဲ့မြင်ပြုတတ်သောအငွေ့အသက်များ ကိန်းအောင်းလေ့ရှိသည်။
စန်းရန် ; "အမ်....ဟုတ်တယ်လေ ၊ ဒါပေမယ့် မင်းဆိုတဲ့တစ်ယောက်က ရေထဲရောက်နေရင်တောင် ပြဿနာရှာတဲ့ငါး"
( ရေထဲရောက်နေရင်တောင် ပြဿနာရှာတဲ့ငါး = ဒုက္ခရောက်နေရင်တောင် အခွင့်အရေးတအားယူတဲ့သူ)
စန်းရန် ; "အရင်တစ်ခေါက်က ပြောထားတဲ့ထမင်းတစ်နပ်ကိုလည်း အခုထိ ပြန်မဆပ်သေးဘူး ၊ မင်းကိုသာ သတိမပေးနေဘူးဆိုရင် အရင်တစ်ခေါက်လိုပဲ မင်းပြောထားတဲ့စကားကို လေလိုသတ်မှတ်သွားတော့မှာ ၊ အဲ့လိုဆိုရင် အရှုံးပေါ်သွားမှာက ဘယ်သူလဲ?"
စန်းရန် ; "တော်ပြီ....ချက်ချင်းအိပ်တော့"
ဝိန်းရိဖန်က အမှန်တကယ်အိပ်ချင်နေပြီဖြစ်ပြီး ဤကာလများအတွင်း၌လည်း သူမ၏အိပ်ချင်စိတ်က သိသိသာသာတိုးလာခဲ့ကာ အရင်လို အိပ်ပျော်ရန်ခက်ခဲမနေတော့ချေ။ မျက်ခွံကို အတင်းကာရောဖွင့်ထားပြီး စာပြန်ပို့လိုက်၏။
[ ငါ နင့်ကို အကြိမ်ရေတော်တော်များများချက်ကျွေးဖူးပါတယ် ]
ဝိန်းရိဖန် ; [ ပြန်ဆပ်ပြီးပြီလို့ သတ်မှတ်လို့မရဘူးလား ]
စန်းရန် ; [ ? ]
ဝိန်းရိိဖန်က တစ်ချက်သန်းဝေလိုက်၍ ; [ ကောင်းပါပြီ ]
ဝိန်းရိဖန် ; [ ဒါဆို နင် ဘာစားချင်လဲ စဥ်းစားထား ]
ဝိန်းရိဖန် ; [ ဘာပဲဖြစ်ဖြစ် ငါ ပြန်ဆပ်ပါ့မယ် ]
သေချာစဥ်းစားပြီးနောက်တွင် ဝိန်းရိဖန်က တလေးတနက်ဖြင့် ထပ်ပေါင်း စကားဆိုလိုက်၏။
[ ငါ နင့်ကို အရှုံးပေါ်အောင်မလုပ်ပါဘူး ]
တစ်ခဏကြာသွားသည်အထိ ပြန်စာ မရောက်လာခဲ့ကာ မသိလိုက်ပါဘဲ ဝိန်းရိဖန် အိပ်ပျော်သွားခဲ့တော့၏။
နောက်တစ်နေ့ အိပ်ရာနိုးသည့်အချိန်တွင် ဝိန်းရိဖန် ပထမဆုံးလုပ်သည့်အရာမှာ ဘေးနားမှ ဖုန်းကိုကောက်ယူပြီး မဖတ်ရသေးသောမက်ဆေ့ ရှိမရှိစစ်ခြင်းပေ။ သူမ အိပ်ပျော်သွားပြီးသိပ်မကြာလိုက်ခင် စန်းရန်က ပြန်စာပို့ထားခဲ့သည်။ အသံမက်ဆေ့ပင်။
"မင်းရဲ့ဒီစကားကတော့ အသစ်အဆန်းနော် ၊ မသိရင် မြွေပါက နှစ်သစ်ကူးမှာ ကြက်ကိုလာကန်တော့နေသလိုပဲ"
( မြွေပါက နှစ်သစ်ကူးမှာ ကြက်ကိုလာကန်တော့ = မကောင်းသည့်အကြံအစည်ရှိနေတာကို မသိသာအောင်ကာကွယ် )
ယောက်ျားလေး၏အသံတို့ဟာ အိပ်ချင်နေသည့်အတိုင်း ;
"ကိုယ့်ဆီကနေ အခွင့်အရေးယူလို့ရသမျှအရာအားလုံးကို မင်း ယူပြီးသွားပြီပဲဟာ ၊ အရှုံးပေါ်စရာနေရာရော ရှိသေးလို့လား?"
ဝိန်းရိဖန် ; "...."
ဤစကားကြားလိုက်ရသည့်အခါ ပြောင်းပြန်အနေဖြင့် အခွင့်အရေးယူခံရပြီး အရှုံးပေါ်နေသည့်သူက သူမလိုလိုပင် ခံစားလာမိတော့သည်။
ဘယ်လိုပင်ဖြစ်စေ စန်းရန် ပြောပြသမျှကိစ္စရပ်တိုင်းကို သူမအနေဖြင့် ဘာဆို ဘာမှမမှတ်မိ ၊ ဥပမာ- နမ်းလိုက် ဖက်လိုက် ကိစ္စအထိုထို။ သို့သော် ဤကိစ္စရပ်များက စန်းရန်ဘက်မှကြည့်လျှင်တော့ စိတ်ခံစားချက်အတက်အကျကို ဖြစ်စေမည်မှာတော့ အမှန်ပင်။
တရားမျှတအောင်ဆိုရလျှင် အခြားတစ်ယောက်ဖြစ်သည့်'သူမ'က ထိုကိစ္စများကို စန်းရန်နှင့်ပြုလုပ်ခဲ့ခြင်းပေ။
လူကို လိုက်မပိုးပမ်းနိုင်ခင် ဝိန်းရိဖန် စတင်ပြီး အခြေအမြစ်မရှိစိုးရိမ်စပြုလာခဲ့သည်။ အကယ်၍ သူမသာ ကံကောင်းစွာဖြင့် နောက်ဆုံး၌ စန်းရန်ကို အမှန်တကယ်ပိုးပမ်းလိုက်နိုင်ပြီး သူမတို့နှစ်ဦး အနှီကိစ္စမျိုးများပြုလုပ်ကြသည့်အခါ စန်းရန်က အသစ်အဆန်းမဟုတ်တော့သလိုခံစားရလေမလား။
အစပိုင်းတွင် ဝိန်းရိဖန်အနေဖြင့် သူမဟာ ထိုကိစ္စမျိုးများကို အိပ်နေရင်းလမ်းထလျှောက်သည့်အခါ၌လုပ်မည်မဟုတ်ကြောင်း ယုံကြည်ထားခဲ့သေးသည်။ သို့သော် ဤအချိန်များအတွင်း သူမ နောက်ဆုံးအနေနှင့်သိလိုက်ရသည်မှာ သူမထံ၌ စန်းရန်အပေါ် ထိုအတွေးမျိုးများ အမှန်တကယ်ရှိနေခဲ့ခြင်းပါပေ။
ထို့ကြောင့် သူမ အမှန်တကယ်ကို ထိုကိစ္စမျိုးများလုပ်ထားခဲ့နိုင်ကြောင်းကို တွေးလာမိတော့သည်။ မသိစိတ်ကလုပ်ချင်မိနေသည့်အရာများကို လက်တွေ့အကောင်အထည်ဖော်ခြင်းများလား။
ဤအကြောင်းကိုတွေးမိသည့်အခါ သူမကိုယ်တိုင်က အတော်လေးကြောက်စရာနေမှန်း ဝိန်းရိဖန် ခံစားမိလိုက်သည်။
စန်းရန်ဘက်မှကြည့်မည်ဆိုလျှင်.....
သူမ၏ပုံစံမှာ ညသန်းခေါင် အိပ်နေရင်းလမ်းထလျှောက်သည့် နှာဘူးမတစ်ယောက်က ဖက်လား နမ်းလား ပြုသွားပြီး မနက်နိုးသည့်အခါ သူ့ကို အင်္ကျီကောင်းကောင်းဝတ်ထားရန် မဟုတ်လျှင် ပြစ်မှုကျူးလွန်ပစ်မည့်အကြောင်း ခြိမ်းခြောက်သွားလေသည့်အဖြစ်မျိုး။
ဝိန်းရိဖန်တစ်ယောက် လူကိုလိုက်ပိုးပမ်းရသည့်ကိစ္စက အတော်လေးခက်သလို ခံစားလာမိကာ မစတင်ခင်ကတည်းကကို လမ်းပျောက်နေပြီပင်။ ဤအခိုက်အတန့်မှာမူ လက်ရည်ထက်သည့်ပြိုင်ဘက်တစ်ယောက်ကို သူမဘက်က လုံးဝအနိုင်မယူသည့်အလားသဏ္ဍာန်မျိုးဖြစ်နေရတော့၏။
------
ဝိန်းရိဖန်၏စကားကြောင့် အခုတလောတွင် စုထျန်းက သူမ၏အခြေအနေ တိုးတက်မှုရှိမရှိကို မကြာခဏမေးမြန်းတတ်၏။ သူမ၏အဖြေမှာမူ အကြိမ်တိုင်း စကားလုံး ခြောက်လုံးတည်း။
"ကြိုးစားနေတုန်းပါပဲ"
ကြိမ်ဖန်များစွာရှိလာသည့်အခါ စုထျန်းက ဘေးလူတစ်ယောက်အနေနှင့် အားမလိုအားမရဖြစ်လာတော့သည်။
"တစ်ဖက်လူက နင့်ကို ကြိုးရှည်ရှည်လှန်ထားတာလား"
"မဟုတ်ဘူး....သူကဖြင့် ငါ သူ့ကို လိုက်နေမှန်းတောင် မသိလောက်ဘူးထင်တယ်"
ပြောနေရင်းဖြင့် ဝိန်းရိဖန်က မသေချာ မရေရာဖြစ်လာရသေး၏။
"ဒီကိစ္စကိုရော အရင်ဆုံး ထုတ်ပြောလိုက်ဖို့လိုသေးလား"
"သေချာပေါက် မပြောရဘူးပေါ့ဟ! ၊ နင် သူ့အပေါ် စိတ်ဝင်စားနေတဲ့အမူအရာမျိုးလေးတွေ ထုတ်ပြလို့ရတယ်ကွာ ၊ ဒါပေမယ့် တာထွက်ထွက်ချင်း နင့်ကိုယ်နင်တော့ စိတ်ခံစားချက်အားနည်းလွန်းတဲ့ပုံစံမျိုးဖြစ်အောင်လုပ်ပြလို့မဖြစ်ဘူး ၊ နင် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစမ်းပါ ၊ သူ အားတဲ့အချိန်တွေကျရင် သူနဲ့စကားပြောကြည့်ကြည့် ၊ လူအရမ်းကပ်တဲ့ပုံစံမျိုးလည်း မလုပ်ပြနဲ့နော် ၊ ဒါမှမဟုတ် သူ ဝါသနာပါတဲ့ဟာတစ်ခုခုလိုက်လုပ်တာတို့ ၊ သူ့ကို အပြင်ထွက်လာအောင်ခေါ်ပြီး တစ်ခုခုသွားစားတာဘာညာပေါ့"
"အဲ့လိုလား....ငါ သဘောပေါက်ပြီ"
"အဲ့တော့ နင် လိုက်တာ ဘယ်အခြေအနေရောက်ပြီလဲ"
စုထျန်းက အချိန်အား တစ်ချက်ပြန်တွက်ကြည့်လိုက်၍ ;
"နင် ငါ့ကို ပထမဆုံး လိုက်ပိုးပမ်းမယ်လို့ပြောပြတဲ့အချိန်နဲ့ဆို အခုတစ်လရှိသွားပြီ ၊ ခံစားချက်တွေ နည်းနည်းပါးပါး နွေးနွေးထွေးထွေးရှိလာပြီလား"
ဝိန်းရိဖန် တွေးကြည့်လိုက်ရင်း ;
"ငါလည်း သိပ်သေချာမသိဘူး"
"ဒါဆို နင် ဘယ်အချိန်လောက်မှလိုက်နိုင်မယ်လို့တွက်ထားလဲ"
"မလောပါဘူး"
ဝိန်းရိဖန်က အတွေးများကိုပြန်ရုတ်သိမ်းပြီး စာရိုက်နေရင်းဖြင့် ;
"ငါ ထပ်စဥ်းစားနေတုန်း"
စုထျန်း ;
"ဘာကို စဥ်းစားဦးမှာတုန်း?"
"ဘယ်လို လိုက်ရမလဲဆိုတာလေ"
"...."
ဤအချိန်များအတွင်း ဝိန်းရိဖန်က တစ်ဖက်တွင် အလေးအနက်ကိုတွေးတောအကြံထုတ်နေပြီး တစ်ဖက်ကလည်း မျက်နှာမပျက်ဆက်ဆံနေဆဲဖြစ်ကာ စန်းရန်၏အရှေ့၌ သူမ၏တည်ရှိနေမှုကို သိသာစေရန် ကြိုးစားနေခဲ့သည်။
'စုထုန်းပေါ်'ကို တိတ်တဆိတ်ပေးပို့ထားသည့် မေးခွန်းက အရင်တစ်ခေါက်လောက် နာမည်မကြီးလိုက်သဖြင့် ဤတစ်ကြိမ်၌ ဝိန်းရိဖန် အကြံအိုက်နေခဲ့သည်။ သူမ၏ ပိုးပမ်းနည်းပေါင်းစုံမှာ ကိုယ်ပိုင်အသိ ၊ စန်းရန်အပေါ် နားလည်ထားသည့်အချက်များသာဖြစ်ပြီး အလုပ်ဖြစ်မဖြစ်လည်း မသေချာချေ။
သို့သော် စုထျန်းပြောပြထားသည့် ဝါသနာနောက်လိုက်သည့်အချက်တော့ မပါသေးပေ။
ထို့ကြောင့် သူမ၏အမြင်တွင် ဤအကြံဥာဏ်က အတော်လေးမဆိုးလှ၏။
ဝိန်းရိဖန်၏အမြင်အရ စန်းရန်၏ဝါသနာမှာ တစ်ချိန်လုံး ဂိမ်းကစားနေသည်ကိုသာတွေ့ပြီး ကျွမ်းကျွမ်းကျင်ကျင်လည်း ကစားတတ်ပုံရသည်။ အိမ်ထဲ၌ကစားနေသည့်အချိန်မျိုးတွင် တစ်ခါတစ်ရံ သူ့အသင်းဖော်များကို ဝေဖန်နေသည့်အသံများပါ ကြားနေရသေးသည်။
"ငါ-ူး..မင်း အမှိုက်လိုလုပ်မနေနဲ့"
ဝိန်းရိဖန်က ဂိမ်းကစားရသည်ကို စိတ်ဝင်စားခြင်းမရှိ။ တက္ကသိုလ်တက်ခါစအချိန်တုန်းက အခန်းဖော်သူငယ်ချင်းများနှင့် တစ်ခါတစ်လေ ကစားလေ့ရှိသော်လည်း နောက်ပိုင်းတွင်တော့ တော်တော်ကြာမှတစ်ခါ အွန်လိုင်းပေါ်တက်ဖြစ်တော့သည်။
အလုပ်လုပ်သည့်နောက်ပိုင်းကာလများတွင်တော့ ဂိမ်းကစားရန် အချိန်မရှိတော့။
ထို့ကြောင့် ဝိန်းရိဖန် ဂိမ်းမကစားတော့သည်မှာ ကြာလှပြီဖြစ်ပြီး ကွန်ပြူတာထဲမှ ဂိမ်းများပင်ဖျက်ပြီးဖြစ်၏။
သို့သော်လည်း တစ်စုံတစ်ယောက်ကို လိုက်ပိုးပမ်းတော့မည်ဖြစ်သည့်အတွက် တစ်ဖက်လူ စိတ်ဝင်စားသည့်အရာများကို သူမ စိတ်မဝင်စားလည်း လုပ်ရတော့မည်ပင်။ ထိုနေ့ည၌ပင် အိမ်ပြန်ရောက်ပြီးသည်နှင့် ဖုန်းထဲမှ ဂိမ်းများအား download ဆွဲလိုက်တော့သည်။
အွန်လိုင်းဂိမ်းကစားနည်းစနစ်များကို စနည်းနာပြီးနောက် ရက်သတ္တပတ်ကြာကြာလေ့ကျင့်ပြီးနောက်တွင် ဂိမ်းကစားသည့်အခြေအနေက တဖြည်းဖြည်းတိုးတက်လာခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ အလုပ်ရောက်လာတိုင်း အိပ်ငိုက်နေတတ်သည့် ဝိန်းရိဖန်ကို စုထျန်းက သတိထားမိလာရင်း စကားအဖြစ်မေးလာခဲ့သည်။
"နင် ဘာဖြစ်နေတာလဲ?"
"ဟမ်?"
ဝိန်းရိဖန်က အမှန်တိုင်းပြောပြလာခဲ့၏။
"နင် ပြောပြတဲ့အကြံဥာဏ်အတိုင်း ငါ အခုတလော ဝါသနာပါတဲ့အရာကနေ ချဥ်းကပ်ဖို့ကြိုးစားနေတာ ၊ ငါ သဘောကျတဲ့လူ ကစားတဲ့ဂိမ်းကို လိုက်ကစားနေလို့"
"ဘယ်လိုလဲ အခြေအနေ"
"ကစားလို့ကောင်းတယ် ၊ အချိန်အရမ်းယူတာလေး တစ်ခုပဲ ၊ ဒီရက်ပိုင်း ငါကောင်းကောင်းမအိပ်ရသေးဘူး"
စုထျန်း ;
"နင့်ဘာသာနင် တစ်ယောက်တည်းကစားတာလား"
"တစ်ယောက်တည်းကစားတာလေ"
"...."
စုထျန်းက တအံ့တသြဖြစ်သွားခဲ့၍ ;
"မဟုတ်သေးဘူးလေ....နင် သူနဲ့အတူတူကစားရမှာ! ၊ နင့်ဘာသာနင် တစ်ယောက်တည်းကစားနေတော့ ဘာအသုံးဝင်တော့မှာလဲ"
"ငါ ကစားတာ အရမ်းညံ့တယ်ဟ ၊ သူနဲ့ အတူတူ မကစားရဲဘူး"
စန်းရန်၏ တစ်ဖက်လူကိုဆဲရေးနေသည့်ပုံစံအား ပြန်မြင်ယောင်လာမိကာ ဝိန်းရိဖန် စိုးရိမ်ပူပန်သွားခဲ့၏။
"အဆဲခံရမှာ ကြောက်တယ်"
"...."
စုထျန်းခမျာ ရယ်ချင်သလိုလိုပင် ဖြစ်လာရ၍ ;
"စိတ်ချ....နင်သာ ယောက်ျားလေးနဲ့ အတူတူကစားရင် သူတို့စိတ်ထဲမှာ ကောင်မလေးကိုခေါ်ကစားနိုင်တာနဲ့တင် ဂုဏ်ယူနေပြီးသား ၊ နင် ကစားတာ အရမ်းဆိုးနေရင်တောင် ဘာမှပြောမှာမဟုတ်ဘူး ၊ ကောင်မလေးကိုပဲ အားပေးပြီး ဂရုစိုက်နေမှာ"
ဝိန်းရိဖန်က ခေါင်းရမ်းပြရင်း ;
"သူကတော့ အဲ့လိုလုပ်လောက်မှာမဟုတ်ဘူး"
"...."
"ပြီးတော့ အတူတူ မကစားတာလည်း တစ်မျိုးကောင်းပါတယ်"
ဝိန်းရိဖန်က စုထျန်း၏အကြံပြုချက်ကို လက်ခံသည်လည်းမဟုတ် လက်မခံသည်လည်းမဟုတ် ၊ သူမဘာသာ အကြောင်းပြချက်တစ်ခုရှာဖွေပြီး ;
"အဲ့ကနေပြီး စကားပြောစရာခေါင်းစဥ်တစ်ခု ရှာလို့ရတာပေါ့"
စုထျန်းက သုံးလေးစက္ကန့်မျှတိတ်နေပြီးမှ
"ဒီလိုလည်း ကောင်းတာပါပဲ"
"ခက်တာတစ်ခုက..."
ဝိန်းရိဖန် သက်ပြင်းချလိုက်၏။
"ငါ့မှာ သူနဲ့စကားပြောဖို့ကို အချိန်မရှိတာပဲ"
"...."
စုထျန်းတစ်ယောက် ထပ်ဆင့် အံ့သြသွားရပြန်ကာ ဝိန်းရိဖန်၏လိုက်ပိုးပမ်းသည့်နည်းများကို ထူးဆန်းသလိုလိုပင်ခံစားလာရ၏။
"မဟုတ်သေးပါဘူးဟာ ၊ ရိဖန်.....နင် အရင်ကလိုက်မပိုးပမ်းဖူးရင်တောင် နင်ကတော့ပိုးပမ်းခံရဖူးတယ်မလား"
ဝိန်းရိဖန်က 'အင်း' ဟုအသံတစ်ချက်ပြုလိုက်၏။
"ဒါဆို နင် သူများတွေသုံးသွားတဲ့နည်းကို ဥပမာယူလို့ရတယ်လေ"
"အာ.....ဒါပေမယ့် တခြားသူတွေရဲ့နည်းလမ်းက ဥပမာယူစရာမကောင်းသလားလို့"
ဝိန်းရိဖန်က ပြောင်ကျကျဖြင့်သာ တွေးကြည့်ပြီး စကားဆိုလိုက်တော့၏။
"အားလုံးက ရှုံးနိမ့်သွားတဲ့နည်းတွေချည်းပဲလေ"
"...."
------
အခြားတစ်ဖက်တွင်။
အချိန်ပိုဆင်းပြီးနောက် စန်းရန်က အိမ်သို့တန်းပြန်လာချင်ပါသော်လည်း စုဟောက်အန်း၏ နားပူနားဆာလုပ်နေခြင်းကြောင့် 'Overtime'ဆီသို့ ရောက်လာခဲ့ရသည်။ ဒုတိယအလွှာဆီသို့ တန်းတက်လာပြီး အတွင်းအကျဆုံးနေရာသို့ တိုက်ရိုက်လာခဲ့လိုက်သည်။
အတွင်းထဲတွင် လူ ခုနှစ်ယောက်၊ရှစ်ယောက်ခန့်ရှိပြီး အားလုံးက ရင်းနှီးပြီးသားသူများပင်။
တံခါးဖွင့်ပြီး ဝင်လိုက်သည်နှင့်တပြိုင်နက် စုဟောက်အန်း၏အသံကြီးက အသံချဲ့စက်ကိုဖွင့်လိုက်သည့်အတိုင်း ကျယ်ကျယ်လောင်လောင်လှမ်းအော်လာတော့၏။
"ယို့..ဒါက ဘယ်ကလူကြီးမင်းပါလိမ့် ၊ ရှားပါးဧည့်သည်တော်ကြီးပါလား ၊ ကျွန်တော်တို့လို ညီအစ်ကိုတွေရှိသေးကြောင်းကို အခုမှသတိရတော့တာလား?"
စန်းရန်က တစ်ချက်လှမ်းကြည့်လိုက်ပြီး ;
"မင်း စကားကို မိန်းမလိုမိန်းမရ မပြောလို့ရမလား"
"...."
တစ်ဖက်တွင်ရှိနေသည့် ချန်ဖေးက ခေါင်းရမ်းရင်း ;
"စုဟောက်အန်း....မင်း မတော်နိုင်သေးဘူးလား..ပါးစိပါးစပ်များတဲ့မိန်းမကြီးကျနေတာပဲ ၊ စန်းရန်ဒီကောင့်ရဲ့သောက်ကျင့်ကြီးကို မင်းမို့လို့ အမှတ်မရှိ ၊ မင်း သူ့မျက်နှာကြီးကိုသာကြည့်လိုက်စမ်းပါ ၊ ငါဆို ဆက်ပြီးတောင်မကြည့်နိုင်တော့ဘူး"
စန်းရန်က တစ်နေရာရှာ၍ ဝင်ထိုင်လိုက်ကာ နှုတ်ခမ်းပါးကို လှစ်ခနဲကွေးလိုက်၏။
"သူဌေးချန်....မင်းက ငါ့အပေါ်ဆို အရမ်းအထင်ကြီးနေတော့တာပါပဲ"
ချန်ဖေး ;
"မင်း အခုတလော ဘာတွေလုပ်နေတာလဲ ၊ နားထောင်ရအောင် ပြောပြကြည့်စမ်းပါ"
"အာ....ပြောပြလို့မကောင်းဘူးထင်တယ်"
စန်းရန်က ဘီယာတစ်ဘူးလှမ်းယူပြီး လက်တစ်ဖက်တည်းဖြင့် ဆွဲဖွင့်လိုက်ကာ သိပ်အလေးအနက်မရှိသည့်အမူအရာဖြင့် ;
"ငါပြောတာကို နားထောင်ပြီးသွားရင် မင်းတို့ယောက်တိုင်းစေ့ရဲ့ ရင်ထဲမှာ မမျှတလိုက်တာ.....ထင်ထားတာထက်ကိုပိုနေလို့ဆိုပြီး မနာလိုဖြစ်နေမှာကိုစိုးရိမ်တယ်"
ချန်ဖေး ; "?"
"ငါတော့ အရှုံးပေးပါတယ်"
စုဟောက်အန်းက မျက်ဖြူလှန်ပြရင်း ချန်ဖေး၏ဘေး၌ ဝင်ထိုင်လိုက်၍ ;
"အဲ့ကောင်ပြောတာ အခုတလော သူ့ကိုလိုက်နေတဲ့ကောင်မလေးရှိတယ်တဲ့ ၊ ငါတို့နဲ့ တွေ့ဖို့ အချိန်မရှိဘူးတဲ့....နားလည်လား"
ချန်ဖေးက စန်းရန်၏ခပ်တည်တည်အမူအရာကြီးအား စူးစိုက်ကြည့်ကာ ;
"မင်း ကြောင်နေတာလား ၊ ပထမဆုံးအကြိမ် အလိုက်ခံရတာလည်းမဟုတ်ဘဲနဲ့ ၊ အရင်တုန်းကဆို မင်း ဒီလောက်ကြီးထိလိုက်ကြွားမနေပါဘူးကွာ ၊ ဘာလဲ.....မင်းလည်း အဲ့တစ်ယောက်ကိုစိတ်ဝင်စားနေတာလား"
စန်းရန်က မျက်ခုံးတစ်ချက်ပင့်ပြလိုက်၏။
"ဆိုပါတော့"
အဖြေမှာ အခန်းတစ်ခုလုံးကို မိုးချိန်းသံသဖွယ် တုန်လှုပ်သွားစေတော့၏။
"ငါ-ူး!..တကယ်ကြီးလား"
"ဘယ်သူလဲဟ!"
"သံမဏိသစ်ပင်ကြီး ပန်းပွင့်ပြီလား"
"မဟုတ်သေးပါဘူး....အဲ့တော့ မင်းကလည်း တစ်ဖက်လူကို စိတ်ဝင်စားနေရဲ့သားနဲ့ကို သူများလိုက်ပိုးပမ်းမှာစောင့်နေတာလား ၊ မင်း အဲ့လောက်ထိ ခွေးမဆန်လို့ မရဘူးလားကွာ ၊ မင်း သူများကို ကြိုးရှည်ရှည်နဲ့လှန်နေတာလား"
ချန်ဖေးက စိတ်မရှည်လက်မရှည်ဖြင့် ;
"မင်း ဘာတွေတွေးနေတာလဲကွာ ၊ ယောက်ျားရင့်မာကြီးဖြစ်ပြီး ဘာတွေများထိန်းထိန်းသိမ်းသိမ်းလုပ်နေတာလဲ"
ဤစကားကိုကြားလိုက်ရသည့်အခါ စန်းရန်၏မျက်ခွံများ လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့ပြီး ချန်ဖေးအား အပြုံးမမြည်သောအပြုံးမျိုးဖြင့် လှမ်းပြုံးပြလိုက်၏။
"ချန်ဖေး"
ချန်ဖေး ;
"ဘာလဲ....ပြောစရာရှိတာ ပြောလိုက်"
"ငါ များများစားစားတော့မပြောပါဘူး ၊ မင်းပြောကြည့်ကြည့်....မင်းမှာသာ ငါ့လိုအသိဥာဏ်မျိုး တစ်ထောင်ပုံလို့တစ်ပုံရှိမယ်ဆိုရင်...."
စန်းရန်က အေးအေးလူလူဖြင့် ;
"အခုလိုမျိုး ရာစုနှစ်တစ်ဝက်စာလောက်အထိ မင်းရဲ့ ဟိုနတ်သမီးဆိုတဲ့တစ်ယောက်ရဲ့လိုသုံးလေးအဖြစ်နေနေရမှာလား?"
သုံးစက္ကန့်မျှတိတ်ဆိတ်သွားပြီးနောက်တွင် စားပွဲဝိုင်းရှိလူများက တဟားဟား အော်ရယ်ပစ်ကုန်ကြပါတော့သည်။
"မင်းမေ!.."
ချန်ဖေးက သည်းညည်းခံမည်ပြုသော်ငြား အမှန်တကယ်ကို အောင့်အည်းမနေနိုင်တော့ကာ မတ်တပ်ထရပ်ပြီး အင်္ကျီလက်များကို ပင့်တင့်၍ စန်းရန်ရှိသည့်ဘက်သို့ လျှောက်လာခဲ့သည်။
"လာ...ငါနဲ့ မင်းနဲ့ အတူတူသေကြတာပေါ့"
ဘေးနားမှ အသောမသတ်နိုင်အောင်ရယ်နေသည့်တစ်ယောက်က ချန်ဖေးကိုဆွဲထားရင်း ;
"ထားလိုက်ပါတော့ ထားလိုက်ပါတော့....ငါတို့ကောင်တွေ ခွေးနဲ့ပြိုင်မငြင်းစမ်းနဲ့"
သိပ်မကြာခင်ဘဲ အခြားတစ်ယောက်က ဟာသအဖြစ် မေးမြန်းလာခဲ့၏။
"အဲ့တော့ ဆိုစမ်းပါဦး ၊ ဘယ်အမတနတ်ဘုရားမလေးကများ ငါတို့ရဲ့အမြင့်ကိုပဲကြည့်လွန်းတဲ့ အကြီးဆုံးသခင်လေးစန်း သဘောကျတာကိုခံလိုက်ရတာလဲ"
စုဟောက်အန်း ;
"အို့..မင်းတို့ကုမ္ပဏီကို အသစ်ဝင်လာတဲ့ဟိုအလုပ်သင်လား ၊ တက္ကသိုလ်တတိယနှစ်လား စတုတ္ထနှစ်လား ၊ တော်တော်လေး လှတဲ့တစ်ယောက်လေ"
"ဟုတ်လှချည်လား စန်းရန် ၊ နွားအိုမြက်နုကြိုက်လား ၊ အခုမှတက္ကသိုလ်ကျောင်းသူလေးပေါ့"
ထောင့်နားတွင်ထိုင်နေသည့်တစ်ယောက်က တဟားဟားအော်ရယ်ရင်း ;
"အေ့....ငါ အခုမှသတိရတယ် ၊ မင်း ညီမလေးနဲ့တောင် အသက်က မတိမ်းမယိမ်းမလား"
"အဲ့ဒီတော့ မင်းက မင်းထက်အသက်တွေအများကြီးငယ်မှသဘောကျတယ်ဆိုပါတော့"
စန်းရန်က စားပွဲပေါ်မှ စီးကရက်ဘူးအားလှမ်းယူလိုက်ကာ ပြန်ပစ်တင်လိုက်၏။
"စကားကို ကြည့်ပြောစမ်း"
ချန်ဖေးက သူ့သုံးသပ်ပြချက်ကြီးကြောင့် အချိန်ကြာကြာပြောစရာစကားမဲ့အောင် ဆွံ့အနေခဲ့ပြီးမှ ;
"အဲ့လိုဆိုရင်တောင် ဘာမှားနေလို့လဲ ၊ အချစ်မှာ အသက်အရွယ်မခွဲခြားဘူး ၊ အသက်လေး ငါး ခြောက် ခုနှစ် ရှစ်နှစ်လောက်ငယ်တော့ရော ဘာဖြစ်လဲ! ၊ နှစ်ဖက်လုံး အသက်ပြည့်နေရင်ရပြီ ၊ ငါ့အမေရဲ့သူငယ်ချင်းတစ်ယောက်ဆို သူ့ထက် ဆယ့်သုံးနှစ်လောက်ငယ်တဲ့တစ်ယောက်ကို ရှာယူထားတာ!"
စန်းရန်က ခနဲ့တဲ့တဲ့ရယ်လိုက်၍ ;
"အဲ့လို အမျိုးအစားကလည်းရှိသေးတာလား"
"...."
သူ့ ဤတုံပြန်မှုမှာ စုဟောက်အန်း ခန့်မှန်းပြသည့်သူ မမှန်ခြင်းကြောင့်။
စားပွဲဝိုင်းထက်မှလူတစ်ချို့က နာမည်များကို တစ်ယောက်ပြီးတစ်ယောက် ခန့်မှန်းပြကြည့်ကြသည်။ သို့သော် စန်းရန်က အင်းမလုပ်အဲမလုပ်ဖြင့် အနည်းငယ်လေးမျှပင် အရိပ်အမြွက်မပေးချေ။ နောက်ဆုံးတွင် သူကိုယ်တိုင်ကသာ အမေးခံရလွန်း၍ အနှောင့်အယှက်ဖြစ်လာပြီး စိတ်မရှည်တော့ဘဲ ;
"မင်းတို့ကောင်တွေ ယောက်ျားကြီးတွေဖြစ်ပြီး တအားအတင်းပြောတာပဲကွာ"
မည်သူကမှ သူ့စကားကို အဖတ်လုပ်ပြီးစိတ်ကွက်နေခြင်းမရှိ။
စုဟောက်အန်းက ဆက်၍ ခန့်မှန်းနေဆဲပင်။
"ကြည့်ရတာ သူတို့ Blind Date မှာတွေ့ကြတာထင်တယ်"
ချန်ဖေး ;
"ဒီအကြောင်းပြောမှပဲ ငါလည်း ရုတ်တရက် သတိရတော့တယ် ၊ အခုတလော သွမ့်ကျားရွှီလည်း Blind Date လုပ်နေတာမလား ၊ သူ့ သူဌေးက မိတ်ဆက်ပေးတာဆိုလား ၊ လောလောဆယ် ဆေးရုံမှာ အူအတက် ခွဲနေတယ်ဆို ၊ မင်းတို့ပြောကြည့်ကြပါဦး ၊ ငါတို့နန်းဝူတက္ကသိုလ်ကြီးရဲ့ King နှစ်ကောင်က ဘယ်လိုဖြစ်လို့များ အခုလိုအခြေအနေမျိုးတွေ ဖြစ်ကုန်ရတာလဲ"
စန်းရန်က ဘီယာတစ်ငုံသောက်လိုက်၍ ;
"ငါ့ကို ဆွဲမထည့်နဲ့ ၊ ကျေးဇူး"
စကားခေါင်းစဥ်က တဖြည်းဖြည်းနှင့် ဝေးသထက်ဝေးလာခဲ့ကြသည်။
နောက်ဆုံး၌ စန်းရန် ထပြန်ခါနီး အချိန်တွင်တော့ တစ်ယောက်ယောက်မှ ရုတ်တရက်မေးလာခဲ့သည်။
"အဲ့တော့ မင်း အဲ့ဒီကောင်မလေးကို ဘယ်လိုဆက်လုပ်မယ်လို့စိတ်ကူးထားလဲ"
စန်းရန်က တစ်ချက်လှမ်းကြည့်လိုက်၏။
"ဘာကို ဘယ်လိုလုပ်ဖို့ စိတ်ကူးရဦးမှာလဲ ၊ ကောင်မလေးက ငါ့ကို လိုက်ချင်နေတာလေ"
စန်းရန်က ခပ်ရေးရေးပြုံးလိုက်ကာ စားပွဲခုံအား ဘီယာဘူးခွံဖြင့် ခေါက်နေရင်း အမူအရာမှာလည်း သာမန်ပျင်းတိပျင်းရွဲဟန်ဖြင့် ;
"ငါက ဘာလုပ်နိုင်ဦးမှာမလို့လဲ"
"...."
"သူ လိုက်မှာကိုစောင့်ရုံပေါ့"
----------
အိမ်ပြန်ရောက်သည့်အချိန်တွင် စန်းရန်က ဗလာကျင်းနေသည့်ဧည့်ခန်းကို လှမ်းကြည့်ပြီးနောက် အိပ်ခန်းကြီးဆီသို့ တစ်ချက်လှမ်းကြည့်ကာ လှုပ်ရှားမှုများအားလုံးကို အသံတိတ်ငြင်သာထားလိုက်သည်။ ကုတ်အင်္ကျီကိုချွတ်ကာ သူ့အိပ်ခန်းထဲဝင်လာလိုက်၏။ အိပ်ခန်းတံခါးဖွင့်လိုက်ချင်းပင် အိပ်ရာပေါ်မှ တစ်စုံတစ်ရာအား ချက်ချင်းသတိထားမိလိုက်တော့သည်။
စန်းရန်၏လှုပ်ရှားမှုများရပ်တန့်သွားသည်မှာ တုံ့ခနဲ။
အပြင်ဘက်မှ ခပ်ရိပ်ရိပ်ဝင်လာသည့်အလင်းရောင်ကြောင့် အိပ်ရာထက်မှ ခြုံစောင်ကဖောင်းနေကြောင်း မြင်နေရသည့်အပြင် ခပ်ကွေးကွေးဆံပင်ရှည်တို့က ခေါင်းအုံးထက်၌ ပြန့်ကျဲလျက်။ ဝိန်းရိဖန်က အမြဲတမ်းငြိမ်ငြိမ်သက်သက်သာ အိပ်လေ့ရှိသည့်အတွက် သူမ၏အသက်ရှူငွေ့များဟာ လျစ်လျူရှု၍ရသည်အထိ တိုးဖျလွန်းသည်။ ဘောလုံးလေးတစ်လုံးလို ကွေးနေရသည်ကိုလည်း သဘောကျသည့်သူလေးပင်။
စန်းရန်က အနားသို့လျှောက်သွားကာ အိပ်ရာဘေး၌ ထိုင်ချလိုက်ပြီး ခြုံစောင်ဖြင့်တစ်ဝက်ကာထားသည့် မျက်နှာလေးအား ငေးကြည့်နေလိုက်၏။
ရယ်စရာကောင်းသည်ဟု တွေးလိုက်မိ၍လားမသိ ၊ ဖွဖွလေးပြုံးလိုက်ကာ
"မင်းက ဘယ်ကနေ အနိုင်ကျင့်ဖို့ရောက်လာတဲ့ လူဆိုးမလေးလဲ....အခန်းနှစ်ခုလုံးကို အပိုင်စီးထားတယ်ပေါ့"
ဝိန်းရိဖန်ကို နှိုးလိုက်ဖို့ရာလည်း အစီအစဥ်မရှိသည့်အတွက် စန်းရန်က မတ်တပ်ထရပ်ပြီး အဝတ်အစားများယူကာ ရေချိုးခန်းဆီသို့ ထွက်လာတော့မည့်အခိုက်တွင် ရုတ်တရက်ဆိုသလို ချန်ဖေးပြောခဲ့သည့်စကားများကို ပြန်အမှတ်ရလိုက်၏။ မျက်လွှာကိုချလိုက်ပြီး သူ့အိပ်ရာပေါ်၌ အပူအပင်ကင်းကင်းအိပ်ပျော်နေသည့် ဝိန်းရိဖန်အား လှမ်းကြည့်လိုက်၏။
"ဝေ့....ဝိန်းရွှမ်းကျန့်"
အထူးတလည်ကို တိတ်ဆိတ်နေခဲ့သည့်အခန်းလေးထဲတွင် သာမန်စကားသံလေးကပင် ပဲ့တင်ထပ်နေသည့်အလား။
"မင်း ထပ်ပြီးတော့ နည်းနည်းလေးဖြစ်ဖြစ် သိသာအောင်လုပ်ပြပေးလို့ရမလား"
အိပ်ရာနိုးသွားမည်ကိုစိုးရိမ်သောကြောင့်လည်း စန်းရန်၏စကားသံများက လေတိုးသံများသဖွယ် တိုးဖျငြင်သာသွားခဲ့ကာ ;
"မဟုတ်ရင် ကိုယ် ဘာလုပ်လို့လုပ်ရမှန်း သိလောက်မှာမဟုတ်တော့ဘူး"
မည်သို့ပင်ဖြစ်ပါစေ ဟိုးအရင်ကတည်းက သူ တွေးမိခံစားကြည့်ခဲ့သည်မှာ - အကယ်၍ များများစားစားမတည်ရှိလျှင်တောင် သူမဘက်မှာလည်း သူ့အပေါ်ထားရှိမည့်ခံစားချက်လေးက နည်းနည်းပါးပါး ရှိကောင်းရှိနေပါလိမ့်မည်ဟူ၍ပင်။
သို့သော် နောက်ပိုင်းတွင်တော့ သူ နားလည်မိခဲ့သည်မှာ ခံစားချက်ဆိုသည့်အရာက ခန့်မှန်းရအခက်ဆုံးအရာဟူ၍ပါပေ။
သူ ထင်ထားသည့်အရာတိုင်းဟာလည်း လက်တွေ့တွင်ဖြစ်လာလိမ့်မည်ဟူ၍မသေချာ။
သူ့ဘက်မှ စိတ်အားထက်သန်စွာဖြင့် သူမထံ ပေးအပ်ချင်သည့်အရာတိုင်းဟာလည်း အကယ်၍များ တစ်ဖက်သတ်ချည်းဖြစ်နေခဲ့တောင် သူမဘက်မှ လက်ခံပေးနိုင်မည်ဆိုသည်မှာ မသေချာခဲ့ပေ။
ထို့ကြောင့် ဤတစ်ကြိမ်တွင် သူ မဖြစ်မနေကို စောင့်နေမှ ဖြစ်ပါလိမ့်မည်။
သူမဘက်မှ သူ့ဆီသို့ လိုလိုလားလားနှင့် လက်ကမ်းပေးလာမည့်ဆန္ဒရှိသည့်အချိန်ထိ စောင့်နေခဲ့ပြီးလျှင်.....
သူ့ဘက်မှသည်.....
သူ ပိုင်ဆိုင်သမျှအရာအားလုံးအား နောက်တစ်ကြိမ်ထပ်၍ သူမလက်ထဲ ပြန်အပ်နှင်းပါဦးမည်။
*********************
~~Zawgyi~~
ဝါက်တစ္ေၾကာင္းစာ စကားလုံးမ်ားၾကားလိုက္ရၿပီးသည့္အခါတြင္ေတာ့ ဝိန္းရိဖန္တစ္ေယာက္ မလႈပ္မယွက္ျဖင့္မွင္ေသသြားမိခဲ့သည္။ မေန႕ညကပို႔ထားသည့္အသံမက္ေဆ့ကိုလည္း မေတာ္တဆႏွိပ္ၾကည့္မိလိုက္ေသးကာ မ်က္ေတာင္မ်ား လႈပ္လႈပ္ရွားရွားျဖစ္လာရင္း လက္ေခ်ာင္းထိပ္မ်ားက တဖန္ေအာက္သို႔ပြတ္ဆြဲလာခဲ့သည္။
ဝိန္းရိဖန္၏အိပ္ခ်င္စိတ္တို႔ ၾကည္လင္လာခဲ့ကာ ေနာက္ဆုံးပို႔လာသည့္အသံမက္ေဆ့အား ေနာက္တစ္ႀကိမ္ဖြင့္ၾကည့္လိုက္သည္။
တူညီသည့္လုပ္ရပ္တစ္ခုတည္းအား ထပ္ကာထပ္ကာျပဳလုပ္ေနရင္း.....
ခန့္မွန္းခ်က္တစ္ခု ေပၚလာေလေတာ့သည္။ ဝိန္းရိဖန္ မ်က္ေမွာင္က်ဳံ႕မိထားၿပီး အေပၚသို႔ ျပန္ပြတ္ဆြဲသြားကာ အေပၚဘက္မွအသံမက္ေဆ့တစ္ခ်ိဳ႕ကို ဆက္တိုက္ျပန္နားေထာင္လာသည္မွာ 'ေနာက္ထပ္ ၆၉ရက္ လိုေသးတယ္ ' အထိ။
၆၈ , ၆၉
အို႔။
နံပါတ္မ်ား မတူညီေတာ့ေပ။
ဝိန္းရိဖန္က 'ေကာင္းၿပီ' ဆိုသည့္စကားတစ္ခြန္း ျပန္စာပို႔ေတာ့မည့္ဆဲဆဲ ၊ စာရိုက္ေနသည့္အခိုက္အတန့္တြင္ အသိစိတ္ျပန္ဝင္လာခဲ့ကာ မ်က္ေတာင္မ်ားပုတ္ခတ္ပုတ္ခတ္လုပ္မိရင္း ဖုန္းမ်က္ႏွာျပင္ႀကီးအား စူးစိုက္ၾကည့္မိေနေတာ့သည္။
အေရွ႕တြင္ျမင္ေနရသည့္ ဝါက်စာေၾကာင္းမွာကား သူမ ပို႔ထားခဲ့သည့္ 'နင္ ငါ့ကို ေန႕တိုင္း ရက္တြက္ေပးလို႔ရမလား' ဟူေသာတစ္ခု။
ထိုအခ်ိန္တုန္းက သူမသည္ အူေၾကာင္ၾကားျဖစ္ေနရင္းက စကားေျပာ၍ရမည့္ေခါင္းစဥ္တစ္ခု ရလိုရျငားရွာေဖြမိျခင္းသာျဖစ္ၿပီး ထို႔မွသာပင္ စန္းရန္ဘက္မွ သူမထံသို႔ ေန႕တိုင္းမက္ေဆ့ပို႔ေနမည္မဟုတ္လား။ သို႔ေသာ္ လက္ရွိအခ်ိန္ ထိုေတာင္းဆိုမႈႀကီးကို ျပန္ျမင္လိုက္ရသည့္အခါတြင္ေတာ့ သူမေျပာမိထားသည့္စကားက အေတာ္ေလးအရွက္မရွိသည့္အျပင္ အဓိပ္ပါယ်မရှိမျက်နှာေျပာင္တိုက္ေနသလိုပင္ ခံစားမိရေတာ့၏။
ထို႔အျပင္ တစ္ဖက္လူကိုပါ အတူတူ မ်က္ႏွာလိုက္ေျပာင္ခိုင္းသည့္အလား။
သို႔သည္တိုင္ စန္းရန္ဘက္မွ ျငင္းထားၿပီးၿပီမဟုတ္လား။ သူမကိုပါ မ်က္ႏွာေရထူၿပီးေျပာင္ေနသည့္အေၾကာင္း မေက်မနပ္ေျပာထားပါေသးသည္။
ဝိန္းရိဖန္ ႏႈတ္ခမ္းကိုကိုက္ရင္း ေစာင္ကို ေထြးပိုက္ကာ ခ်ိတုံခ်တဳံျဖင့္ ;
[ နင္ပဲ ငါ့ကို ကိုယ့္ဘာသာကိုယ္မွတ္ထားခိုင္းတာ မဟုတ္ဘူးလား ]
အျပင္ဘက္၌ေရာက္ေနေသာေၾကာင့္ ဖုန္းမၾကည့္အားပုံရကာ စန္းရန္က ျပန္စာ ခ်က္ခ်င္းမပို႔လာ။
တစ္ခဏၾကာၿပီးေနာက္ ဝိန္းရိဖန္ ေမွးခနဲျဖစ္သြားသည့္အခ်ိန္တြင္မွ အသံမက္ေဆ့မ်ား ထပ္ၿပီးပို႔လာခဲ့၏။ ေနရာေျပာင္းသြားပုံရကာ စန္းရန္ဘက္မွ ေနာက္ခံအသံမ်ားက သိသ္သာသာတိုးၿပီး ဆိတ္ၿငိမ္သြားခဲ့သည္။
သူ စကားေျပာသည့္အသံေနအသံထားမွာ မည္သူကမ်ား အထူးတလည္သင္ေပးထားမွန္းမသိ ၊ စကားေျပာႏႈန္းက မႏွေးလြန္း မျမန္လြန္း ၊ မသိမ္ေမြ႕လြန္း မၾကမ္းတမ္းလြန္းသည့္အျပင္ စကားသံအဆုံးနားေရာက္သည့္အခါ အနည္းငယ္အထက္စီးဆန္သြားတတ္ၿပီး မထီမဲ့ျမင္ျပဳတတ္ေသာအေငြ႕အသက္မ်ား ကိန္းေအာင္းေလ့ရွိသည္။
စန္းရန္ ; "အမ္....ဟုတ္တယ္ေလ ၊ ဒါေပမယ့္ မင္းဆိုတဲ့တစ္ေယာက္က ေရထဲေရာက္ေနရင္ေတာင္ ျပႆနာရွာတဲ့ငါး"
( ေရထဲေရာက္ေနရင္ေတာင္ ျပႆနာရွာတဲ့ငါး = ဒုကၡေရာက္ေနရင္ေတာင္ အခြင့္အေရးတအားယူတဲ့သူ)
စန္းရန္ ; "အရင္တစ္ေခါက္က ေျပာထားတဲ့ထမင္းတစ္နပ္ကိုလည္း အခုထိ ျပန္မဆပ္ေသးဘူး ၊ မင္းကိုသာ သတိမေပးေနဘူးဆိုရင္ အရင္တစ္ေခါက္လိုပဲ မင္းေျပာထားတဲ့စကားကို ေလလိုသတ္မွတ္သြားေတာ့မွာ ၊ အဲ့လိုဆိုရင္ အရႈံးေပၚသြားမွာက ဘယ္သူလဲ?"
စန္းရန္ ; "ေတာ္ၿပီ....ခ်က္ခ်င္းအိပ္ေတာ့"
ဝိန္းရိဖန္က အမွန္တကယ္အိပ္ခ်င္ေနၿပီျဖစ္ၿပီး ဤကာလမ်ားအတြင္း၌လည္း သူမ၏အိပ္ခ်င္စိတ္က သိသိသာသာတိုးလာခဲ့ကာ အရင္လို အိပ္ေပ်ာ္ရန္ခက္ခဲမေနေတာ့ေခ်။ မ်က္ခြံကို အတင္းကာေရာဖြင့္ထားၿပီး စာျပန္ပို႔လိုက္၏။
[ ငါ နင့္ကို အႀကိမ္ေရေတာ္ေတာ္မ်ားမ်ားခ်က္ေကြၽးဖူးပါတယ္ ]
ဝိန္းရိဖန္ ; [ ျပန္ဆပ္ၿပီးၿပီလို႔ သတ္မွတ္လို႔မရဘူးလား ]
စန္းရန္ ; [ ? ]
ဝိန္းရိိဖန္က တစ္ခ်က္သန္းေဝလိုက္၍ ; [ ေကာင္းပါၿပီ ]
ဝိန္းရိဖန္ ; [ ဒါဆို နင္ ဘာစားခ်င္လဲ စဥ္းစားထား ]
ဝိန္းရိဖန္ ; [ ဘာပဲျဖစ္ျဖစ္ ငါ ျပန္ဆပ္ပါ့မယ္ ]
ေသခ်ာစဥ္းစားၿပီးေနာက္တြင္ ဝိန္းရိဖန္က တေလးတနက္ျဖင့္ ထပ္ေပါင္း စကားဆိုလိုက္၏။
[ ငါ နင့္ကို အရႈံးေပၚေအာင္မလုပ္ပါဘူး ]
တစ္ခဏၾကာသြားသည္အထိ ျပန္စာ မေရာက္လာခဲ့ကာ မသိလိုက္ပါဘဲ ဝိန္းရိဖန္ အိပ္ေပ်ာ္သြားခဲ့ေတာ့၏။
ေနာက္တစ္ေန႕ အိပ္ရာနိုးသည့္အခ်ိန္တြင္ ဝိန္းရိဖန္ ပထမဆုံးလုပ္သည့္အရာမွာ ေဘးနားမွ ဖုန္းကိုေကာက္ယူၿပီး မဖတ္ရေသးေသာမက္ေဆ့ ရွိမရွိစစ္ျခင္းေပ။ သူမ အိပ္ေပ်ာ္သြားၿပီးသိပ္မၾကာလိုက္ခင္ စန္းရန္က ျပန္စာပို႔ထားခဲ့သည္။ အသံမက္ေဆ့ပင္။
"မင္းရဲ႕ဒီစကားကေတာ့ အသစ္အဆန္းေနာ္ ၊ မသိရင္ ေႁမြပါက ႏွစ္သစ္ကူးမွာ ၾကက္ကိုလာကန္ေတာ့ေနသလိုပဲ"
( ေႁမြပါက ႏွစ္သစ္ကူးမွာ ၾကက္ကိုလာကန္ေတာ့ = မေကာင္းသည့္အႀကံအစည္ရွိေနတာကို မသိသာေအာင္ကာကြယ္ )
ေယာက္်ားေလး၏အသံတို႔ဟာ အိပ္ခ်င္ေနသည့္အတိုင္း ;
"ကိုယ့္ဆီကေန အခြင့္အေရးယူလို႔ရသမွ်အရာအားလုံးကို မင္း ယူၿပီးသြားၿပီပဲဟာ ၊ အရႈံးေပၚစရာေနရာေရာ ရွိေသးလို႔လား?"
ဝိန္းရိဖန္ ; "...."
ဤစကားၾကားလိုက္ရသည့္အခါ ေျပာင္းျပန္အေနျဖင့္ အခြင့္အေရးယူခံရၿပီး အရႈံးေပၚေနသည့္သူက သူမလိုလိုပင္ ခံစားလာမိေတာ့သည္။
ဘယ္လိုပင္ျဖစ္ေစ စန္းရန္ ေျပာျပသမွ်ကိစၥရပ္တိုင္းကို သူမအေနျဖင့္ ဘာဆို ဘာမွမမွတ္မိ ၊ ဥပမာ- နမ္းလိုက္ ဖက္လိုက္ ကိစၥအထိုထို။ သို႔ေသာ္ ဤကိစၥရပ္မ်ားက စန္းရန္ဘက္မွၾကည့္လွ်င္ေတာ့ စိတ္ခံစားခ်က္အတက္အက်ကိဳ ျဖစ္ေစမည္မွာေတာ့ အမွန္ပင္။
တရားမွ်တေအာင္ဆိုရလွ်င္ အျခားတစ္ေယာက္ျဖစ္သည့္'သူမ'က ထိုကိစၥမ်ားကို စန္းရန္ႏွင့္ျပဳလုပ္ခဲ့ျခင္းေပ။
လူကို လိုက္မပိုးပမ္းနိုင္ခင္ ဝိန္းရိဖန္ စတင္ၿပီး အေျခအျမစ္မရွိစိုးရိမ္စျပဳလာခဲ့သည္။ အကယ္၍ သူမသာ ကံေကာင္းစြာျဖင့္ ေနာက္ဆုံး၌ စန္းရန္ကို အမွန္တကယ္ပိုးပမ္းလိုက္နိုင္ၿပီး သူမတို႔ႏွစ္ဦး အႏွီကိစၥမ်ိဳးမ်ားျပဳလုပ္ၾကသည့္အခါ စန္းရန္က အသစ္အဆန္းမဟုတ္ေတာ့သလိုခံစားရေလမလား။
အစပိုင္းတြင္ ဝိန္းရိဖန္အေနျဖင့္ သူမဟာ ထိုကိစၥမ်ိဳးမ်ားကို အိပ္ေနရင္းလမ္းထေလွ်ာက္သည့္အခါ၌လုပ္မည္မဟုတ္ေၾကာင္း ယုံၾကည္ထားခဲ့ေသးသည္။ သို႔ေသာ္ ဤအခ်ိန္မ်ားအတြင္း သူမ ေနာက္ဆုံးအေနႏွင့္သိလိုက္ရသည္မွာ သူမထံ၌ စန္းရန္အေပၚ ထိုအေတြးမ်ိဳးမ်ား အမွန္တကယ္ရွိေနခဲ့ျခင္းပါေပ။
ထို႔ေၾကာင့္ သူမ အမွန္တကယ္ကို ထိုကိစၥမ်ိဳးမ်ားလုပ္ထားခဲ့နိုင္ေၾကာင္းကို ေတြးလာမိေတာ့သည္။ မသိစိတ္ကလုပ္ခ်င္မိေနသည့္အရာမ်ားကို လက္ေတြ႕အေကာင္အထည္ေဖာ္ျခင္းမ်ားလား။
ဤအေၾကာင္းကိုေတြးမိသည့္အခါ သူမကိုယ္တိုင္က အေတာ္ေလးေၾကာက္စရာေနမွန္း ဝိန္းရိဖန္ ခံစားမိလိုက္သည္။
စန္းရန္ဘက္မွၾကည့္မည္ဆိုလွ်င္.....
သူမ၏ပုံစံမွာ ညသန္းေခါင္ အိပ္ေနရင္းလမ္းထေလွ်ာက္သည့္ ႏွာဘူးမတစ္ေယာက္က ဖက္လား နမ္းလား ျပဳသြားၿပီး မနက္နိုးသည့္အခါ သူ႕ကို အကၤ်ီေကာင္းေကာင္းဝတ္ထားရန္ မဟုတ္လွ်င္ ျပစ္မႈက်ဴးလြန္ပစ္မည့္အေၾကာင္း ၿခိမ္းေျခာက္သြားေလသည့္အျဖစ္မ်ိဳး။
ဝိန္းရိဖန္တစ္ေယာက္ လူကိုလိုက္ပိုးပမ္းရသည့္ကိစၥက အေတာ္ေလးခက္သလို ခံစားလာမိကာ မစတင္ခင္ကတည္းကကို လမ္းေပ်ာက္ေနၿပီပင္။ ဤအခိုက္အတန့္မွာမူ လက္ရည္ထက္သည့္ၿပိဳင္ဘက္တစ္ေယာက္ကို သူမဘက္က လုံးဝအနိုင္မယူသည့္အလားသ႑ာန္မ်ိဳးျဖစ္ေနရေတာ့၏။
------
ဝိန္းရိဖန္၏စကားေၾကာင့္ အခုတေလာတြင္ စုထ်န္းက သူမ၏အေျခအေန တိုးတက္မႈရွိမရွိကို မၾကာခဏေမးျမန္းတတ္၏။ သူမ၏အေျဖမွာမူ အႀကိမ္တိုင္း စကားလုံး ေျခာက္လုံးတည္း။
"ႀကိဳးစားေနတုန္းပါပဲ"
ႀကိမ္ဖန္မ်ားစြာရွိလာသည့္အခါ စုထ်န္းက ေဘးလူတစ္ေယာက္အေနႏွင့္ အားမလိုအားမရျဖစ္လာေတာ့သည္။
"တစ္ဖက္လူက နင့္ကို ႀကိဳးရွည္ရွည္လွန္ထားတာလား"
"မဟုတ္ဘူး....သူကျဖင့္ ငါ သူ႕ကို လိုက္ေနမွန္းေတာင္ မသိေလာက္ဘူးထင္တယ္"
ေျပာေနရင္းျဖင့္ ဝိန္းရိဖန္က မေသခ်ာ မေရရာျဖစ္လာရေသး၏။
"ဒီကိစၥကိုေရာ အရင္ဆုံး ထုတ္ေျပာလိုက္ဖို႔လိုေသးလား"
"ေသခ်ာေပါက္ မေျပာရဘူးေပါ့ဟ! ၊ နင္ သူ႕အေပၚ စိတ္ဝင္စားေနတဲ့အမူအရာမ်ိဳးေလးေတြ ထုတ္ျပလို႔ရတယ္ကြာ ၊ ဒါေပမယ့္ တာထြက္ထြက္ခ်င္း နင့္ကိုယ္နင္ေတာ့ စိတ္ခံစားခ်က္အားနည္းလြန္းတဲ့ပုံစံမ်ိဳးျဖစ္ေအာင္လုပ္ျပလို႔မျဖစ္ဘူး ၊ နင္ ကိုယ့္ကိုကိုယ္ ယုံၾကည္မႈရွိစမ္းပါ ၊ သူ အားတဲ့အခ်ိန္ေတြက်ရင္ သူနဲ႕စကားေျပာၾကည့္ၾကည့္ ၊ လူအရမ္းကပ္တဲ့ပုံစံမ်ိဳးလည္း မလုပ္ျပနဲ႕ေနာ္ ၊ ဒါမွမဟုတ္ သူ ဝါသနာပါတဲ့ဟာတစ္ခုခုလိုက္လုပ္တာတို႔ ၊ သူ႕ကို အျပင္ထြက္လာေအာင္ေခၚၿပီး တစ္ခုခုသြားစားတာဘာညာေပါ့"
"အဲ့လိုလား....ငါ သေဘာေပါက္ၿပီ"
"အဲ့ေတာ့ နင္ လိုက္တာ ဘယ္အေျခအေနေရာက္ၿပီလဲ"
စုထ်န္းက အခ်ိန္အား တစ္ခ်က္ျပန္တြက္ၾကည့္လိုက္၍ ;
"နင္ ငါ့ကို ပထမဆုံး လိုက္ပိုးပမ္းမယ္လို႔ေျပာျပတဲ့အခ်ိန္နဲ႕ဆို အခုတစ္လရွိသြားၿပီ ၊ ခံစားခ်က္ေတြ နည္းနည္းပါးပါး ႏြေးႏြေးေထြးေထြးရွိလာၿပီလား"
ဝိန္းရိဖန္ ေတြးၾကည့္လိုက္ရင္း ;
"ငါလည္း သိပ္ေသခ်ာမသိဘူး"
"ဒါဆို နင္ ဘယ္အခ်ိန္ေလာက္မွလိုက္နိုင္မယ္လို႔တြက္ထားလဲ"
"မေလာပါဘူး"
ဝိန္းရိဖန္က အေတြးမ်ားကိုျပန္႐ုတ္သိမ္းၿပီး စာရိုက္ေနရင္းျဖင့္ ;
"ငါ ထပ္စဥ္းစားေနတုန္း"
စုထ်န္း ;
"ဘာကို စဥ္းစားဦးမွာတုန္း?"
"ဘယ္လို လိုက္ရမလဲဆိုတာေလ"
"...."
ဤအခ်ိန္မ်ားအတြင္း ဝိန္းရိဖန္က တစ္ဖက္တြင္ အေလးအနက္ကိုေတြးေတာအႀကံထုတ္ေနၿပီး တစ္ဖက္ကလည္း မ်က္ႏွာမပ်က္ဆက္ဆံေနဆဲျဖစ္ကာ စန္းရန္၏အေရွ႕၌ သူမ၏တည္ရွိေနမႈကို သိသာေစရန္ ႀကိဳးစားေနခဲ့သည္။
'စုထုန္းေပၚ'ကို တိတ္တဆိတ္ေပးပို႔ထားသည့္ ေမးခြန္းက အရင္တစ္ေခါက္ေလာက္ နာမည္မႀကီးလိုက္သျဖင့္ ဤတစ္ႀကိမ္၌ ဝိန္းရိဖန္ အႀကံအိုက္ေနခဲ့သည္။ သူမ၏ ပိုးပမ္းနည္းေပါင္းစုံမွာ ကိုယ္ပိုင္အသိ ၊ စန္းရန္အေပၚ နားလည္ထားသည့္အခ်က္မ်ားသာျဖစ္ၿပီး အလုပ္ျဖစ္မျဖစ္လည္း မေသခ်ာေခ်။
သို႔ေသာ္ စုထ်န္းေျပာျပထားသည့္ ဝါသနာေနာက္လိုက္သည့္အခ်က္ေတာ့ မပါေသးေပ။
ထို႔ေၾကာင့္ သူမ၏အျမင္တြင္ ဤအႀကံဥာဏ္က အေတာ္ေလးမဆိုးလွ၏။
ဝိန္းရိဖန္၏အျမင္အရ စန္းရန္၏ဝါသနာမွာ တစ္ခ်ိန္လုံး ဂိမ္းကစားေနသည္ကိုသာေတြ႕ၿပီး ကြၽမ္းကြၽမ္းက်င္က်င္လည္း ကစားတတ္ပုံရသည္။ အိမ္ထဲ၌ကစားေနသည့္အခ်ိန္မ်ိဳးတြင္ တစ္ခါတစ္ရံ သူ႕အသင္းေဖာ္မ်ားကို ေဝဖန္ေနသည့္အသံမ်ားပါ ၾကားေနရေသးသည္။
"ငါ-ူး..မင္း အမွိုက္လိုလုပ္မေနနဲ႕"
ဝိန္းရိဖန္က ဂိမ္းကစားရသည္ကို စိတ္ဝင္စားျခင္းမရွိ။ တကၠသိုလ္တက္ခါစအခ်ိန္တုန္းက အခန္းေဖာ္သူငယ္ခ်င္းမ်ားႏွင့္ တစ္ခါတစ္ေလ ကစားေလ့ရွိေသာ္လည္း ေနာက္ပိုင္းတြင္ေတာ့ ေတာ္ေတာ္ၾကာမွတစ္ခါ အြန္လိုင္းေပၚတက္ျဖစ္ေတာ့သည္။
အလုပ္လုပ္သည့္ေနာက္ပိုင္းကာလမ်ားတြင္ေတာ့ ဂိမ္းကစားရန္ အခ်ိန္မရွိေတာ့။
ထို႔ေၾကာင့္ ဝိန္းရိဖန္ ဂိမ္းမကစားေတာ့သည္မွာ ၾကာလွၿပီျဖစ္ၿပီး ကြန္ျပဴတာထဲမွ ဂိမ္းမ်ားပင္ဖ်က္ၿပီးျဖစ္၏။
သို႔ေသာ္လည္း တစ္စုံတစ္ေယာက္ကို လိုက္ပိုးပမ္းေတာ့မည္ျဖစ္သည့္အတြက္ တစ္ဖက္လူ စိတ္ဝင္စားသည့္အရာမ်ားကို သူမ စိတ္မဝင္စားလည္း လုပ္ရေတာ့မည္ပင္။ ထိုေန႕ည၌ပင္ အိမ္ျပန္ေရာက္ၿပီးသည္ႏွင့္ ဖုန္းထဲမွ ဂိမ္းမ်ားအား download ဆြဲလိုက္ေတာ့သည္။
အြန္လိုင္းဂိမ္းကစားနည္းစနစ္မ်ားကို စနည္းနာၿပီးေနာက္ ရက္သတၱပတ္ၾကာၾကာေလ့က်င့္ၿပီးေနာက္တြင္ ဂိမ္းကစားသည့္အေျခအေနက တျဖည္းျဖည္းတိုးတက္လာခဲ့သည္။
အခ်ိန္ၾကာလာသည္ႏွင့္အမွ် အလုပ္ေရာက္လာတိုင္း အိပ္ငိုက္ေနတတ္သည့္ ဝိန္းရိဖန္ကို စုထ်န္းက သတိထားမိလာရင္း စကားအျဖစ္ေမးလာခဲ့သည္။
"နင္ ဘာျဖစ္ေနတာလဲ?"
"ဟမ္?"
ဝိန္းရိဖန္က အမွန္တိုင္းေျပာျပလာခဲ့၏။
"နင္ ေျပာျပတဲ့အႀကံဥာဏ္အတိုင္း ငါ အခုတေလာ ဝါသနာပါတဲ့အရာကေန ခ်ဥ္းကပ္ဖို႔ႀကိဳးစားေနတာ ၊ ငါ သေဘာက်တဲ့လူ ကစားတဲ့ဂိမ္းကို လိုက္ကစားေနလို႔"
"ဘယ္လိုလဲ အေျခအေန"
"ကစားလို႔ေကာင္းတယ္ ၊ အခ်ိန္အရမ္းယူတာေလး တစ္ခုပဲ ၊ ဒီရက္ပိုင္း ငါေကာင္းေကာင္းမအိပ္ရေသးဘူး"
စုထ်န္း ;
"နင့္ဘာသာနင္ တစ္ေယာက္တည္းကစားတာလား"
"တစ္ေယာက္တည္းကစားတာေလ"
"...."
စုထ်န္းက တအံ့တၾသျဖစ္သြားခဲ့၍ ;
"မဟုတ္ေသးဘူးေလ....နင္ သူနဲ႕အတူတူကစားရမွာ! ၊ နင့္ဘာသာနင္ တစ္ေယာက္တည္းကစားေနေတာ့ ဘာအသုံးဝင္ေတာ့မွာလဲ"
"ငါ ကစားတာ အရမ္းညံ့တယ္ဟ ၊ သူနဲ႕ အတူတူ မကစားရဲဘူး"
စန္းရန္၏ တစ္ဖက္လူကိုဆဲေရးေနသည့္ပုံစံအား ျပန္ျမင္ေယာင္လာမိကာ ဝိန္းရိဖန္ စိုးရိမ္ပူပန္သြားခဲ့၏။
"အဆဲခံရမွာ ေၾကာက္တယ္"
"...."
စုထ်န္းခမ်ာ ရယ္ခ်င္သလိုလိုပင္ ျဖစ္လာရ၍ ;
"စိတ္ခ်....နင္သာ ေယာက္်ားေလးနဲ႕ အတူတူကစားရင္ သူတို႔စိတ္ထဲမွာ ေကာင္မေလးကိုေခၚကစားနိုင္တာနဲ႕တင္ ဂုဏ္ယူေနၿပီးသား ၊ နင္ ကစားတာ အရမ္းဆိုးေနရင္ေတာင္ ဘာမွေျပာမွာမဟုတ္ဘူး ၊ ေကာင္မေလးကိုပဲ အားေပးၿပီး ဂ႐ုစိုက္ေနမွာ"
ဝိန္းရိဖန္က ေခါင္းရမ္းျပရင္း ;
"သူကေတာ့ အဲ့လိုလုပ္ေလာက္မွာမဟုတ္ဘူး"
"...."
"ၿပီးေတာ့ အတူတူ မကစားတာလည္း တစ္မ်ိဳးေကာင္းပါတယ္"
ဝိန္းရိဖန္က စုထ်န္း၏အႀကံျပဳခ်က္ကို လက္ခံသည္လည္းမဟုတ္ လက္မခံသည္လည္းမဟုတ္ ၊ သူမဘာသာ အေၾကာင္းျပခ်က္တစ္ခုရွာေဖြၿပီး ;
"အဲ့ကေနၿပီး စကားေျပာစရာေခါင္းစဥ္တစ္ခု ရွာလို႔ရတာေပါ့"
စုထ်န္းက သုံးေလးစကၠန့္မွ်တိတ္ေနၿပီးမွ
"ဒီလိုလည္း ေကာင္းတာပါပဲ"
"ခက္တာတစ္ခုက..."
ဝိန္းရိဖန္ သက္ျပင္းခ်လိဳက္၏။
"ငါ့မွာ သူနဲ႕စကားေျပာဖို႔ကို အခ်ိန္မရွိတာပဲ"
"...."
စုထ်န္းတစ္ေယာက္ ထပ္ဆင့္ အံ့ၾသသြားရျပန္ကာ ဝိန္းရိဖန္၏လိုက္ပိုးပမ္းသည့္နည္းမ်ားကို ထူးဆန္းသလိုလိုပင္ခံစားလာရ၏။
"မဟုတ္ေသးပါဘူးဟာ ၊ ရိဖန္.....နင္ အရင္ကလိုက္မပိုးပမ္းဖူးရင္ေတာင္ နင္ကေတာ့ပိုးပမ္းခံရဖူးတယ္မလား"
ဝိန္းရိဖန္က 'အင္း' ဟုအသံတစ္ခ်က္ျပဳလိုက္၏။
"ဒါဆို နင္ သူမ်ားေတြသုံးသြားတဲ့နည္းကို ဥပမာယူလို႔ရတယ္ေလ"
"အာ.....ဒါေပမယ့္ တျခားသူေတြရဲ႕နည္းလမ္းက ဥပမာယူစရာမေကာင္းသလားလို႔"
ဝိန္းရိဖန္က ေျပာင္က်က်ျဖင့္သာ ေတြးၾကည့္ၿပီး စကားဆိုလိုက္ေတာ့၏။
"အားလုံးက ရႈံးနိမ့္သြားတဲ့နည္းေတြခ်ည္းပဲေလ"
"...."
------
အျခားတစ္ဖက္တြင္။
အခ်ိန္ပိုဆင္းၿပီးေနာက္ စန္းရန္က အိမ္သို႔တန္းျပန္လာခ်င္ပါေသာ္လည္း စုေဟာက္အန္း၏ နားပူနားဆာလုပ္ေနျခင္းေၾကာင့္ 'Overtime'ဆီသို႔ ေရာက္လာခဲ့ရသည္။ ဒုတိယအလႊာဆီသို႔ တန္းတက္လာၿပီး အတြင္းအက်ဆဳံးေနရာသို႔ တိုက္ရိုက္လာခဲ့လိုက္သည္။
အတြင္းထဲတြင္ လူ ခုႏွစ္ေယာက္၊ရွစ္ေယာက္ခန့္ရွိၿပီး အားလုံးက ရင္းႏွီးၿပီးသားသူမ်ားပင္။
တံခါးဖြင့္ၿပီး ဝင္လိုက္သည္ႏွင့္တၿပိဳင္နက္ စုေဟာက္အန္း၏အသံႀကီးက အသံခ်ဲ့စက္ကိုဖြင့္လိုက္သည့္အတိုင္း က်ယ္က်ယ္ေလာင္ေလာင္လွမ္းေအာ္လာေတာ့၏။
"ယို႔..ဒါက ဘယ္ကလူႀကီးမင္းပါလိမ့္ ၊ ရွားပါးဧည့္သည္ေတာ္ႀကီးပါလား ၊ ကြၽန္ေတာ္တို႔လို ညီအစ္ကိုေတြရွိေသးေၾကာင္းကို အခုမွသတိရေတာ့တာလား?"
စန္းရန္က တစ္ခ်က္လွမ္းၾကည့္လိုက္ၿပီး ;
"မင္း စကားကို မိန္းမလိုမိန္းမရ မေျပာလို႔ရမလား"
"...."
တစ္ဖက္တြင္ရွိေနသည့္ ခ်န္ေဖးက ေခါင္းရမ္းရင္း ;
"စုေဟာက္အန္း....မင္း မေတာ္နိုင္ေသးဘူးလား..ပါးစိပါးစပ္မ်ားတဲ့မိန္းမႀကီးက်ေနတာပဲ ၊ စန္းရန္ဒီေကာင့္ရဲ႕ေသာက္က်င့္ႀကီးကို မင္းမို႔လို႔ အမွတ္မရွိ ၊ မင္း သူ႕မ်က္ႏွာႀကီးကိုသာၾကည့္လိုက္စမ္းပါ ၊ ငါဆို ဆက္ၿပီးေတာင္မၾကည့္နိုင္ေတာ့ဘူး"
စန္းရန္က တစ္ေနရာရွာ၍ ဝင္ထိုင္လိုက္ကာ ႏႈတ္ခမ္းပါးကို လွစ္ခနဲေကြးလိုက္၏။
"သူေဌးခ်န္....မင္းက ငါ့အေပၚဆို အရမ္းအထင္ႀကီးေနေတာ့တာပါပဲ"
ခ်န္ေဖး ;
"မင္း အခုတေလာ ဘာေတြလုပ္ေနတာလဲ ၊ နားေထာင္ရေအာင္ ေျပာျပၾကည့္စမ္းပါ"
"အာ....ေျပာျပလို႔မေကာင္းဘူးထင္တယ္"
စန္းရန္က ဘီယာတစ္ဘူးလွမ္းယူၿပီး လက္တစ္ဖက္တည္းျဖင့္ ဆြဲဖြင့္လိုက္ကာ သိပ္အေလးအနက္မရွိသည့္အမူအရာျဖင့္ ;
"ငါေျပာတာကို နားေထာင္ၿပီးသြားရင္ မင္းတို႔ေယာက္တိုင္းေစ့ရဲ႕ ရင္ထဲမွာ မမွ်တလိုက္တာ.....ထင္ထားတာထက္ကိုပိုေနလို႔ဆိုၿပီး မနာလိုျဖစ္ေနမွာကိုစိုးရိမ္တယ္"
ခ်န္ေဖး ; "?"
"ငါေတာ့ အရႈံးေပးပါတယ္"
စုေဟာက္အန္းက မ်က္ျဖဴလွန္ျပရင္း ခ်န္ေဖး၏ေဘး၌ ဝင္ထိုင္လိုက္၍ ;
"အဲ့ေကာင္ေျပာတာ အခုတေလာ သူ႕ကိုလိုက္ေနတဲ့ေကာင္မေလးရွိတယ္တဲ့ ၊ ငါတို႔နဲ႕ ေတြ႕ဖို႔ အခ်ိန္မရွိဘူးတဲ့....နားလည္လား"
ခ်န္ေဖးက စန္းရန္၏ခပ္တည္တည္အမူအရာႀကီးအား စူးစိုက္ၾကည့္ကာ ;
"မင္း ေၾကာင္ေနတာလား ၊ ပထမဆုံးအႀကိမ္ အလိုက္ခံရတာလည္းမဟုတ္ဘဲနဲ႕ ၊ အရင္တုန္းကဆို မင္း ဒီေလာက္ႀကီးထိလိုက္ႂကြားမေနပါဘူးကြာ ၊ ဘာလဲ.....မင္းလည္း အဲ့တစ္ေယာက္ကိုစိတ္ဝင္စားေနတာလား"
စန္းရန္က မ်က္ခုံးတစ္ခ်က္ပင့္ျပလိုက္၏။
"ဆိုပါေတာ့"
အေျဖမွာ အခန္းတစ္ခုလုံးကို မိုးခ်ိန္းသံသဖြယ္ တုန္လႈပ္သြားေစေတာ့၏။
"ငါ-ူး!..တကယ္ႀကီးလား"
"ဘယ္သူလဲဟ!"
"သံမဏိသစ္ပင္ႀကီး ပန္းပြင့္ၿပီလား"
"မဟုတ္ေသးပါဘူး....အဲ့ေတာ့ မင္းကလည္း တစ္ဖက္လူကို စိတ္ဝင္စားေနရဲ႕သားနဲ႕ကို သူမ်ားလိုက္ပိုးပမ္းမွာေစာင့္ေနတာလား ၊ မင္း အဲ့ေလာက္ထိ ေခြးမဆန္လို႔ မရဘူးလားကြာ ၊ မင္း သူမ်ားကို ႀကိဳးရွည္ရွည္နဲ႕လွန္ေနတာလား"
ခ်န္ေဖးက စိတ္မရွည္လက္မရွည္ျဖင့္ ;
"မင္း ဘာေတြေတြးေနတာလဲကြာ ၊ ေယာက္်ားရင့္မာႀကီးျဖစ္ၿပီး ဘာေတြမ်ားထိန္းထိန္းသိမ္းသိမ္းလုပ္ေနတာလဲ"
ဤစကားကိုၾကားလိုက္ရသည့္အခါ စန္းရန္၏မ်က္ခြံမ်ား လႈပ္လႈပ္ရွားရွားျဖစ္သြားခဲ့ၿပီး ခ်န္ေဖးအား အၿပဳံးမျမည္ေသာအၿပဳံးမ်ိဳးျဖင့္ လွမ္းၿပဳံးျပလိုက္၏။
"ခ်န္ေဖး"
ခ်န္ေဖး ;
"ဘာလဲ....ေျပာစရာရွိတာ ေျပာလိုက္"
"ငါ မ်ားမ်ားစားစားေတာ့မေျပာပါဘူး ၊ မင္းေျပာၾကည့္ၾကည့္....မင္းမွာသာ ငါ့လိုအသိဥာဏ္မ်ိဳး တစ္ေထာင္ပုံလို႔တစ္ပုံရွိမယ္ဆိုရင္...."
စန္းရန္က ေအးေအးလူလူျဖင့္ ;
"အခုလိုမ်ိဳး ရာစုႏွစ္တစ္ဝက္စာေလာက္အထိ မင္းရဲ႕ ဟိုနတ္သမီးဆိုတဲ့တစ္ေယာက္ရဲ႕လိုသုံးေလးအျဖစ္ေနေနရမွာလား?"
သုံးစကၠန့္မွ်တိတ္ဆိတ္သြားၿပီးေနာက္တြင္ စားပြဲဝိုင္းရွိလူမ်ားက တဟားဟား ေအာ္ရယ္ပစ္ကုန္ၾကပါေတာ့သည္။
"မင္းေမ!.."
ခ်န္ေဖးက သည္းညည္းခံမည္ျပဳေသာ္ျငား အမွန္တကယ္ကို ေအာင့္အည္းမေနနိုင္ေတာ့ကာ မတ္တပ္ထရပ္ၿပီး အကၤ်ီလက္မ်ားကို ပင့္တင့္၍ စန္းရန္ရွိသည့္ဘက္သို႔ ေလွ်ာက္လာခဲ့သည္။
"လာ...ငါနဲ႕ မင္းနဲ႕ အတူတူေသၾကတာေပါ့"
ေဘးနားမွ အေသာမသတ္နိုင္ေအာင္ရယ္ေနသည့္တစ္ေယာက္က ခ်န္ေဖးကိုဆြဲထားရင္း ;
"ထားလိုက္ပါေတာ့ ထားလိုက္ပါေတာ့....ငါတို႔ေကာင္ေတြ ေခြးနဲ႕ၿပိဳင္မျငင္းစမ္းနဲ႕"
သိပ္မၾကာခင္ဘဲ အျခားတစ္ေယာက္က ဟာသအျဖစ္ ေမးျမန္းလာခဲ့၏။
"အဲ့ေတာ့ ဆိုစမ္းပါဦး ၊ ဘယ္အမတနတ္ဘုရားမေလးကမ်ား ငါတို႔ရဲ႕အျမင့္ကိုပဲၾကည့္လြန္းတဲ့ အႀကီးဆုံးသခင္ေလးစန္း သေဘာက်တာကိုခံလိုက္ရတာလဲ"
စုေဟာက္အန္း ;
"အို႔..မင္းတို႔ကုမၸဏီကို အသစ္ဝင္လာတဲ့ဟိုအလုပ္သင္လား ၊ တကၠသိုလ္တတိယႏွစ္လား စတုတၳႏွစ္လား ၊ ေတာ္ေတာ္ေလး လွတဲ့တစ္ေယာက္ေလ"
"ဟုတ္လွခ်ည္လား စန္းရန္ ၊ ႏြားအိုျမက္ႏုႀကိဳက္လား ၊ အခုမွတကၠသိုလ္ေက်ာင္းသူေလးေပါ့"
ေထာင့္နားတြင္ထိုင္ေနသည့္တစ္ေယာက္က တဟားဟားေအာ္ရယ္ရင္း ;
"ေအ့....ငါ အခုမွသတိရတယ္ ၊ မင္း ညီမေလးနဲ႕ေတာင္ အသက္က မတိမ္းမယိမ္းမလား"
"အဲ့ဒီေတာ့ မင္းက မင္းထက္အသက္ေတြအမ်ားႀကီးငယ္မွသေဘာက်တယ္ဆိုပါေတာ့"
စန္းရန္က စားပြဲေပၚမွ စီးကရက္ဘူးအားလွမ္းယူလိုက္ကာ ျပန္ပစ္တင္လိုက္၏။
"စကားကို ၾကည့္ေျပာစမ္း"
ခ်န္ေဖးက သူ႕သုံးသပ္ျပခ်က္ႀကီးေၾကာင့္ အခ်ိန္ၾကာၾကာေျပာစရာစကားမဲ့ေအာင္ ဆြံ႕အေနခဲ့ၿပီးမွ ;
"အဲ့လိုဆိုရင္ေတာင္ ဘာမွားေနလို႔လဲ ၊ အခ်စ္မွာ အသက္အ႐ြယ္မခြဲျခားဘူး ၊ အသက္ေလး ငါး ေျခာက္ ခုႏွစ္ ရွစ္ႏွစ္ေလာက္ငယ္ေတာ့ေရာ ဘာျဖစ္လဲ! ၊ ႏွစ္ဖက္လုံး အသက္ျပည့္ေနရင္ရၿပီ ၊ ငါ့အေမရဲ႕သူငယ္ခ်င္းတစ္ေယာက္ဆို သူ႕ထက္ ဆယ့္သုံးႏွစ္ေလာက္ငယ္တဲ့တစ္ေယာက္ကို ရွာယူထားတာ!"
စန္းရန္က ခနဲ႕တဲ့တဲ့ရယ္လိုက္၍ ;
"အဲ့လို အမ်ိဳးအစားကလည္းရွိေသးတာလား"
"...."
သူ႕ ဤတုံျပန္မႈမွာ စုေဟာက္အန္း ခန့္မွန္းျပသည့္သူ မမွန္ျခင္းေၾကာင့္။
စားပြဲဝိုင္းထက္မွလူတစ္ခ်ိဳ႕က နာမည္မ်ားကို တစ္ေယာက္ၿပီးတစ္ေယာက္ ခန့္မွန္းျပၾကည့္ၾကသည္။ သို႔ေသာ္ စန္းရန္က အင္းမလုပ္အဲမလုပ္ျဖင့္ အနည္းငယ္ေလးမွ်ပင္ အရိပ္အႁမြက္မေပးေခ်။ ေနာက္ဆုံးတြင္ သူကိုယ္တိုင္ကသာ အေမးခံရလြန္း၍ အႏွောင့္အယွက္ျဖစ္လာၿပီး စိတ္မရွည္ေတာ့ဘဲ ;
"မင္းတို႔ေကာင္ေတြ ေယာက္်ားႀကီးေတြျဖစ္ၿပီး တအားအတင္းေျပာတာပဲကြာ"
မည္သူကမွ သူ႕စကားကို အဖတ္လုပ္ၿပီးစိတ္ကြက္ေနျခင္းမရွိ။
စုေဟာက္အန္းက ဆက္၍ ခန့္မွန္းေနဆဲပင္။
"ၾကည့္ရတာ သူတို႔ Blind Date မွာေတြ႕ၾကတာထင္တယ္"
ခ်န္ေဖး ;
"ဒီအေၾကာင္းေျပာမွပဲ ငါလည္း ႐ုတ္တရက္ သတိရေတာ့တယ္ ၊ အခုတေလာ သြမ့္က်ား႐ႊီလည္း Blind Date လုပ္ေနတာမလား ၊ သူ႕ သူေဌးက မိတ္ဆက္ေပးတာဆိုလား ၊ ေလာေလာဆယ္ ေဆး႐ုံမွာ အူအတက္ ခြဲေနတယ္ဆို ၊ မင္းတို႔ေျပာၾကည့္ၾကပါဦး ၊ ငါတို႔နန္းဝူတကၠသိုလ္ႀကီးရဲ႕ King ႏွစ္ေကာင္က ဘယ္လိုျဖစ္လို႔မ်ား အခုလိုအေျခအေနမ်ိဳးေတြ ျဖစ္ကုန္ရတာလဲ"
စန္းရန္က ဘီယာတစ္ငုံေသာက္လိုက္၍ ;
"ငါ့ကို ဆြဲမထည့္နဲ႕ ၊ ေက်းဇူး"
စကားေခါင္းစဥ္က တျဖည္းျဖည္းႏွင့္ ေဝးသထက္ေဝးလာခဲ့ၾကသည္။
ေနာက္ဆုံး၌ စန္းရန္ ထျပန္ခါနီး အခ်ိန္တြင္ေတာ့ တစ္ေယာက္ေယာက္မွ ႐ုတ္တရက္ေမးလာခဲ့သည္။
"အဲ့ေတာ့ မင္း အဲ့ဒီေကာင္မေလးကို ဘယ္လိုဆက္လုပ္မယ္လို႔စိတ္ကူးထားလဲ"
စန္းရန္က တစ္ခ်က္လွမ္းၾကည့္လိုက္၏။
"ဘာကို ဘယ္လိုလုပ္ဖို႔ စိတ္ကူးရဦးမွာလဲ ၊ ေကာင္မေလးက ငါ့ကို လိုက္ခ်င္ေနတာေလ"
စန္းရန္က ခပ္ေရးေရးၿပဳံးလိုက္ကာ စားပြဲခုံအား ဘီယာဘူးခြံျဖင့္ ေခါက္ေနရင္း အမူအရာမွာလည္း သာမန္ပ်င္းတိပ်င္း႐ြဲဟန္ျဖင့္ ;
"ငါက ဘာလုပ္နိုင္ဦးမွာမလို႔လဲ"
"...."
"သူ လိုက္မွာကိုေစာင့္႐ုံေပါ့"
----------
အိမ္ျပန္ေရာက္သည့္အခ်ိန္တြင္ စန္းရန္က ဗလာက်င္းေနသည့္ဧည့္ခန္းကို လွမ္းၾကည့္ၿပီးေနာက္ အိပ္ခန္းႀကီးဆီသို႔ တစ္ခ်က္လွမ္းၾကည့္ကာ လႈပ္ရွားမႈမ်ားအားလုံးကို အသံတိတ္ျငင္သာထားလိုက္သည္။ ကုတ္အကၤ်ီကိုခြၽတ္ကာ သူ႕အိပ္ခန္းထဲဝင္လာလိုက္၏။ အိပ္ခန္းတံခါးဖြင့္လိုက္ခ်င္းပင္ အိပ္ရာေပၚမွ တစ္စုံတစ္ရာအား ခ်က္ခ်င္းသတိထားမိလိုက္ေတာ့သည္။
စန္းရန္၏လႈပ္ရွားမႈမ်ားရပ္တန့္သြားသည္မွာ တုံ႕ခနဲ။
အျပင္ဘက္မွ ခပ္ရိပ္ရိပ္ဝင္လာသည့္အလင္းေရာင္ေၾကာင့္ အိပ္ရာထက္မွ ၿခဳံေစာင္ကေဖာင္းေနေၾကာင္း ျမင္ေနရသည့္အျပင္ ခပ္ေကြးေကြးဆံပင္ရွည္တို႔က ေခါင္းအုံးထက္၌ ျပန့္က်ဲလ်က္။ ဝိန္းရိဖန္က အၿမဲတမ္းၿငိမ္ၿငိမ္သက္သက္သာ အိပ္ေလ့ရွိသည့္အတြက္ သူမ၏အသက္ရႉေငြ႕မ်ားဟာ လ်စ္လ်ဴရႈ၍ရသည္အထိ တိုးဖ်လြန္းသည္။ ေဘာလုံးေလးတစ္လုံးလို ေကြးေနရသည္ကိုလည္း သေဘာက်သည့္သူေလးပင္။
စန္းရန္က အနားသို႔ေလွ်ာက္သြားကာ အိပ္ရာေဘး၌ ထိုင္ခ်လိဳက္ၿပီး ၿခဳံေစာင္ျဖင့္တစ္ဝက္ကာထားသည့္ မ်က္ႏွာေလးအား ေငးၾကည့္ေနလိုက္၏။
ရယ္စရာေကာင္းသည္ဟု ေတြးလိုက္မိ၍လားမသိ ၊ ဖြဖြေလးၿပဳံးလိုက္ကာ
"မင္းက ဘယ္ကေန အနိုင္က်င့္ဖို႔ေရာက္လာတဲ့ လူဆိုးမေလးလဲ....အခန္းႏွစ္ခုလုံးကို အပိုင္စီးထားတယ္ေပါ့"
ဝိန္းရိဖန္ကို ႏွိုးလိုက္ဖို႔ရာလည္း အစီအစဥ္မရွိသည့္အတြက္ စန္းရန္က မတ္တပ္ထရပ္ၿပီး အဝတ္အစားမ်ားယူကာ ေရခ်ိဳးခန္းဆီသို႔ ထြက္လာေတာ့မည့္အခိုက္တြင္ ႐ုတ္တရက္ဆိုသလို ခ်န္ေဖးေျပာခဲ့သည့္စကားမ်ားကို ျပန္အမွတ္ရလိုက္၏။ မ်က္လႊာကိုခ်လိဳက္ၿပီး သူ႕အိပ္ရာေပၚ၌ အပူအပင္ကင္းကင္းအိပ္ေပ်ာ္ေနသည့္ ဝိန္းရိဖန္အား လွမ္းၾကည့္လိုက္၏။
"ေဝ့....ဝိန္း႐ႊမ္းက်န့္"
အထူးတလည္ကို တိတ္ဆိတ္ေနခဲ့သည့္အခန္းေလးထဲတြင္ သာမန္စကားသံေလးကပင္ ပဲ့တင္ထပ္ေနသည့္အလား။
"မင္း ထပ္ၿပီးေတာ့ နည္းနည္းေလးျဖစ္ျဖစ္ သိသာေအာင္လုပ္ျပေပးလို႔ရမလား"
အိပ္ရာနိုးသြားမည္ကိုစိုးရိမ္ေသာေၾကာင့္လည္း စန္းရန္၏စကားသံမ်ားက ေလတိုးသံမ်ားသဖြယ္ တိုးဖ်ျငင္သာသြားခဲ့ကာ ;
"မဟုတ္ရင္ ကိုယ္ ဘာလုပ္လို႔လုပ္ရမွန္း သိေလာက္မွာမဟုတ္ေတာ့ဘူး"
မည္သို႔ပင္ျဖစ္ပါေစ ဟိုးအရင္ကတည္းက သူ ေတြးမိခံစားၾကည့္ခဲ့သည္မွာ - အကယ္၍ မ်ားမ်ားစားစားမတည္ရွိလွ်င္ေတာင္ သူမဘက္မွာလည္း သူ႕အေပၚထားရွိမည့္ခံစားခ်က္ေလးက နည္းနည္းပါးပါး ရွိေကာင္းရွိေနပါလိမ့္မည္ဟူ၍ပင္။
သို႔ေသာ္ ေနာက္ပိုင္းတြင္ေတာ့ သူ နားလည္မိခဲ့သည္မွာ ခံစားခ်က္ဆိုသည့္အရာက ခန့္မွန္းရအခက္ဆုံးအရာဟူ၍ပါေပ။
သူ ထင္ထားသည့္အရာတိုင္းဟာလည္း လက္ေတြ႕တြင္ျဖစ္လာလိမ့္မည္ဟူ၍မေသခ်ာ။
သူ႕ဘက္မွ စိတ္အားထက္သန္စြာျဖင့္ သူမထံ ေပးအပ္ခ်င္သည့္အရာတိုင္းဟာလည္း အကယ္၍မ်ား တစ္ဖက္သတ္ခ်ည္းျဖစ္ေနခဲ့ေတာင္ သူမဘက္မွ လက္ခံေပးနိုင္မည္ဆိုသည္မွာ မေသခ်ာခဲ့ေပ။
ထို႔ေၾကာင့္ ဤတစ္ႀကိမ္တြင္ သူ မျဖစ္မေနကို ေစာင့္ေနမွ ျဖစ္ပါလိမ့္မည္။
သူမဘက္မွ သူ႕ဆီသို႔ လိုလိုလားလားႏွင့္ လက္ကမ္းေပးလာမည့္ဆႏၵရွိသည့္အခ်ိန္ထိ ေစာင့္ေနခဲ့ၿပီးလွ်င္.....
သူ႕ဘက္မွသည္.....
သူ ပိုင္ဆိုင္သမွ်အရာအားလုံးအား ေနာက္တစ္ႀကိမ္ထပ္၍ သူမလက္ထဲ ျပန္အပ္ႏွင္းပါဦးမည္။
********************