Bad Guy (แ€œแ€ฐแ€†แ€ญแ€ฏแ€ธ)

By Alex3j3

395K 1.3K 84

๐Ÿ”ž๐Ÿ”ž๐Ÿ”ž warning sex!! you can cancel if you don't like it.This is only for the guys who have sensitive desire... More

Intro
Beginning(1)
first step(2)
Next counter(1)
finished(2)
Threesome(1)
Daddies(2)
Bi (1/2)
Trip
part(2)
Last gift
Pool(1)
*****Pool(2)*****
*****2 in 1*****
2 in 1 ( 2)
Unique teacher(1)
Unique teacher(2)
Satisfaction(3)
Dahlia(แ€’แ€ฑแ€œแ€ฎแ€šแ€ฌ)
Gym trainer
Life as a student
First Experience(1)
First experience(2)
Sex partner?? (1)
Sex partner??(2)
Sex partner??(3)
Divorce
Screaming baby
Baby's Mission(1)
Baby's mission(2)
Mission Completed
Destiny
Disappointment
episode-34
episode-35
episode36
episode-37
episode-38
episode-39
episode-40
episode-41
episode-42
โคepisode-43โค
episode-44
episode-45
episode-46

Abroad

4.5K 16 1
By Alex3j3

''  **********  ''ဒီလို starလေးတွေပြထားတဲ့ နောက်ပိုင်း စကားပြောတာတွေက English လိုတွေဘဲ ပြော တာလို့ မှတ်ယူပြီး ဖတ်ပေးကြပါ ဗျာ။

........................................................................

တေဇာ အိမ်ပြန်ရောက်တော့ ဆု က ရောက် နှင့် နေပြီဖြစ်ကာ sofaပေါ် တွင် ထိုင်နေ ​သည်။

တေဇာ အိမ်ထဲ ဝင် လာတော့ သူ မက လည်း ထိုင်ရာ ကနေ ချက်ချင်း ထလာကာ

"အကို ဟို ဟာ လေ.."

"ဘာပြော စရာရှိလို့လည်း ဆု ပြောပါ"

"ဟို ... အကို့ ဝင်ခွင့် စာ မေးပွဲ result တွေ ထွက်ပြီလား"

"ဒီအ ပတ်ထဲမှာ တော့ ထွက်မှာ ေပါ့ ဆုရဲ့
ဘာ ဖြစ်လို့လဲ"

"ဘာမှ မဖြစ်ပါဘူး၊ အကိုရယ် ဒီ အတိုင်း သိချင်လို့ပါ"

ဆု တစ်ယောက် သူ မ ပြော ချင် တာ က တစ်ခြား ပြောထွက်သွား တာက တစ်ခြား ပင်ဖြစ်သည်။ သို့သော် နောက်မှ ပြော တော့ မည် စိတ်ကူးလိုက်တော့သည်။နောက်တော့

''ဒါဆို အကို အပေါ်ထပ်တက်ပြီး ရေချိုးလိုက်ဦး ၊ ပြီးရင် ဆု ညနေစာ ချက်ထားတာတွေ ဆင်းစားလိုက် ၊ ဟုတ်ပြီလား" လို့ ဆုက ပြောလိုက်သည်။

"ဟုတ်ပါပြီ"

တေဇာ လည်းသူမ ပြောတဲ့ အတိုင်း ရေချိုးကာ ညနေစာ ဆင်းစားလိုက်သည်။ ဆုကို ကြည့်ရတာ သူ့ကို တစ်ခုခု ပြော ပြ ချင်နေတဲ့ပုံ ပေါ်သည်။ သို့သော် သူမ ပြော ဖို့ကို ချင့်ချိန်နေပုံ ရကာ မေးလိုက်တော့ လည်း မပြောပါ။ တေဇာလည်း သူ များ မပြော ချင်တာကို အတင်း မ မေးပါ။ သူမ ပြောပြ ချင်တဲ့ အချိန်ပြောလာမှာပေါ့။

နောက်တော့ ကိုယ့် အခန်းကိုယ် အသီးသီး ဝင်လိုက်ကြ ကာ အနားယူလိုက်ကြတော့သည်။

...........................

ရက် အနည်းငယ်ကြာသောအခါ

ခန့်မှန်း ထားသည့် အတိုင်း တေဇာဝင်ခွင့် ေအာင်၍ သွားရမည် ဆိုတာကို မနေ့က တုန်း ကသိရသည်။ သွားဖို့ အကုန်လုံး ပြင် ဆင်ထားပြီး ဖြစ်ကာ မနက်ဖြန်ညနေ ထွက်မည့် လေယာဥ်ဖြင့် ထွက်ခွာ တော့ မည် ဖြစ်သည်။

ဝေလင်းနှင့် တေဇာ နဲ့ သိတဲ့ အသိတွေ ကလည်း ဂုဏ်ပြု ကြ ကာ နှုတ်ဆက် ပြီးကြပြီဖြစ်သည်။ အားလုံးပြီးစီးသွားသည့် တေဇာ ကတော့ တစ်ခုခု လိုအပ်နေသလိုခံစားရ ပေမဲ့ ထိုလို အပ်တဲ့ အရာက ဘာမှန်းသူ သေသေချာချာ မသိပါ။

နေမည့် အိမ် ကလည်း သူ့ကို လက်ခံ လိုက်ပြီ ဖြစ်ကာ ထိုအိမ်ကလည်း သူတို့လို အာရှသားတွေ ဖြစ်သည်။ koreanလား /chineseလားတော့ သေသေချာချာ မသိသေးပေမဲ့ Asianမှန်းတော့ တေဇာ သိထားရသည်။ အာရှသား အချင်းချင်း အကူ အညီ ပြန်ပေးချင်း ဖြစ်သည်။

ဒီလိုနဲ့ တေဇာ ပြည်ပထွက်ရမည့် နေ့ကို ရောက်မှန်းမသိ ရောက်လာခဲ့သည်။
လေဆိပ်ဝင်လို့ရတဲ့ အထိ ဆု လိုက်ပို့ကာ သူမကလည်း ဟိုနေ့ကတည်းက တေဇာကိုတွေ့ရင် တစ်ခုခုကို ပြောချင်နေသည်။ သူမ ဘက်က ဘာမှပြောမလာတော့လည်း တေဇာအတင်းလိုက်မ မေးပါ။

နောက်တော့ သူမကို လည်း ဂရုစိုက် နေထိုင်ဖို့ မှာကာ တေဇာ လေယာဥ်ပေါ်တက်ဖို့ immigrationတွေ ဖြတ်ရတော့သည်။
လေယာဥ်ပေါ် ရောက်တော့ ညနေ4နာရီ ပင် ထိုးနေပြီဖြစ်သည်။

တေဇာ သွားရ မှာက transit filght ဖြစ်တာကြောင့် ဖြတ်သွားရမည့် လေ ဆိပ်တွေ ရှိသလို၊ သွား ရမည့် အချိန်ကလည်း တစ်ရက် တည်း နဲ့ မပြီးပါ။ ထို့ကြောင့် လေ ယာဥ် စထွက်သည် ဆို တာနှင့် အနားယူကာအိပ်စက်လိုက်သည်။

နောက်တော့ singaporeလေ ဆိပ်ကို လေယာဥ် ဆိုက်ကာ ထိုမှ တစ်ဆင့် USAဘက်ကိုသွားမည့်လေယာဥ် ပြောင်းစီးရသည်။

************************************
************************************

အချိန်တွေလည်း တော်တော်ကြာပြီ ရက်အားဖြင့် နှစ်ရက် နီးပါး လောက် ရှိနေပြီဖြစ်ကာ
လူက ​ လေယာဥ်ပေါ်တွင် အိပ်လိုက်၊နိုးလိုက်၊ ပြောင်းစီးရတဲ့ လေဆိပ်တွေမှာ လည်း နည်းနည်းပါပါး ခြေ ဆန့်လက်ဆန့် လျှောက်သွားလိုက်နဲ့ အချိန်တွေကုန်လွန်လာသည်။

နောက်ဆုံး တေဇာ အိပ်စက်နေရင်း လေယာဥ်က ငြိမ့်ခနဲ ဖြစ်သွားတော့ နိုးလာကာ Americaမြေကို ခြေချလိုက်ပြီဆိုတာ သိလိုက်ရသည်။

လေယာဥ်ပေါ်က ဆင်း၊ airportထဲက လို အပ်တာတွေ လုပ်ကာ ​ လေယာဥ်ကွင်းထဲမှ ထွက်လာတော့သည်။

သူ့ကို ခေါ်မည့် အိမ်က လာခေါ်မှာ ဖြစ်တာကြောင့် ထွက်ထွက်ချင်းသူလူရှာတော့သည်။ လာ ကြို တဲ့ လူတွေထဲကို တေဇာလိုက် ကြည့်လိုက်သည် ။ ထိုအချိန်

"Hey!bro "

ခေါ်ရာ ကို ကြည့် လိုက်တော့ koreanအမျိုးသားတစ်ယောက်

တေဇာသူ့နားသွားလိုက်ပြီး

"မင်းက..''

"ငါက မင်း နေ မဲ့ အိမ်က ပါ။ ငါ့ နာမည်က
William Minjunပါ"

"TayZarပါ"

ပြီးနောက်သူနဲ့ အတူ တေဇာ လည်း ကားရှိရာကို ထွက်လာ လိုက်သည်။

နောက်တော့ သူ့ ကားထဲ ဝင်ကာ သူတို့နေထိုင်ရာ ကို မောင်းလာလိုက်သည်။

Minjun "ဆိုတော့ကာ broက ဆရာဝန်လောင်းပေါ့။ အသက် ကရော ဘယ်လောက်ရှီပြီလည်း"

Tayzar "ကျွန်တော်25ပါ။ broက ရော"

Minjun " ကျွန်တော်လည်း အတူတူပဲဗျ"

Tayzar လည်းသူ့ကို အကဲ ခတ်မိသည်။
သူ့ခန္ဓာ ကိုယ် ကလည်း ကိုယ်နဲ့ မတိမ်းမ ယိမ်း ပဲရှိကာ အသားကတော့ တေဇာ ထက် ပိုဖြူသည်။ မျက်နှာပေါက် ကတော့ koreaနဲ့တူပြီး မျက်ရစ် သိပ်မပေါ်ပါ။ ဆံပင်တွေ ကတော့ တခြားoppaတွေလို မဟုတ်ပဲ တိုတိုညှပ်ကာ မျက်ခုံးကနေ ဆံပင် ကို ရှိတ်ထိုးထားသည်။ ကြည့်ရတာ သူလည်း စားဘဲ စတိုင်ပါပဲ။  မြွေမြွေချင်း ခြေမြင်တယ်ဆိုတာဒါမျိုးပင်ဖြစ်သည်။

Minjun "bro မိသားစု ကရော"

Tayzar "ကျွန်တော် က မိဘမဲ့ဗျ"

သူက စိတ်မကောင်းကြောင်း ပြန်ပြော ​သည်။
တေဇာ လည်း သူ့ဘဝ ဇာတ်ကြောင်းတွေကို အကုန်ပြော ပြလိုက်သည်။

Tayzar "ဒါဆို broကရော"

Minjun " ကျွန်တော် က အမေ မရှိတော့ဘူး။
အဖေ နဲ့နေတာ၊ အဖေက Lawyerတစ်ယောက် ပါ။ ပြီးတော့ အဖေက နှစ်ပတ်မှတစ်ခါလောက်အိမ်ပြန်လာတာ သူ့ တရားရုံးနဲ့ နီးတဲ့နေရာမှာ သူ့ဘာသာ တိုက်ခန်းငှားပြီးနေတာ၊ အိမ်မှက ကျွန်တော် တစ်ယောက်တည်း အခု တော့bro နဲ့ ပေါ့''

Tayzar''broက ရော တက္ကသိုလ် တက်နေတုန်းလား"

Minjun" အင်း၊ အဖေက ကျွန်တော့်ကို သူ့လို ရှေ့နေဖြစ်စေချင်တော့ Lawအထူးပြု Second yearပြီးထားပါပြီ"

Tayzar "Lawဆိုတော့လည်း ကောင်းပါတယ်"

Minjun "ကျွန်တော် ကတော့ ဝါသနာ မ ပါ ပါဘူး၊ ကျွန်တော်က car showroom တွေ၊ car workshopလုပ်ချင်တာ၊ အခုတောင် workshop မှာ part time သဘောမျိုးလုပ်နေတယ်"

ဒီလို နဲ့ စကား တပြောပြောဖြင့် ပြောဆို နေလိုက်ကြကာ သူ နေထိုင်ရာ အိမ်ကို ရောက်တော့မှ စကားရပ်တော့သည်။

ခြံနှင့်တွဲလျက်သားအိမ် ဖြစ်ပြီး ရေကူးကန် သေးသေးလေးတစ်ခုလည်းရှိသည်။ နှစ်ထပ် အိမ်ထြစ်ကာ သူတို့ နှစ်ယောက် တည်း နေမယ် ဆိုရင် တော့ အတော်လေးကျယ်သည်။
သူ့ အဖေက သူတစ်ယောက်တည်း နေဖို့ ပေးထားခြင်း ဖြစ်ပေသည်။

သူ အိမ် တံခါး ဖွင့် ကာ တေဇာကို ခေါ်လာတာကြောင့် တေဇာ လည်း ဝင်လိုက်သည်။
အိမ် က အတော်ကျယ်သည်။ ယောက်ျားလေးတစ်ယောက်တည်းနေတာကြောင့် အိမ်က အပိုပစ္စည်းတွေမရှိဘဲ လိုအပ်တာတွေ လောက်ပဲရှိသည်။ ပြီးတော့ အောက်ထပ်မှာgymကစားဖို့ အခန်း ငယ်ရှိကာ ကစားဖို့ ပစ္စည်းတွေလည်းရှိသည်။ gymအသေးစားလေးဖြစ်သည်။ သူ့အိပ်ခန်းက အပေါ်ထပ်မှာဖြစ်သလို၊ တေဇာ အတွက် အခန်း ကလည်း
သူ့ ဘေး အခန်းဖြစ်သည်။

သူက လို အပ်တာတွေ တေဇာကို လိုက်ပြောပြပြီး လိုအပ်တာရှိရင် ပြောဖို့မှာသွားသည်။ ထို့နောက် တေဇာ ကို နေရမည့် အခန်း ပို့၍
ခရီးပန်းလာတာကြောင့် နားဖို့ပြောကာ အောက်ထပ်ပြန်ဆင်းသွားတော့သည်။
တေဇာ အခန်းက တစ်ယောက်တည်းနေဖို့ အတော် လေးကျယ်ပါသည်။ ကုတင်၊ ဗီရို၊
စားပွဲစသည့်အရာ​တွေနှင့် အခြား ဟာတွေ တောင်ရှိသေးသည်။

ပြီးနောက်တေဇာလည်း  ရောက်ပြီဖြစ်ကြောင်း ဆုကို onlineကနေ စာရိုက်ကာ ၊ မွေ့ယာ အိအိကြီး အပေါ် နစ်ဝင်သွားအောင်လဲချရင်း ပြန်အိပ်လိုက်တော့သည်။

........................................................................

''Taye ဒီနေ့ ဟင်းစား နည်းနည်းပါးပါးသွားဝယ်မလို့ ၊ မင်းလိုက်ဦးမလား"
ခြံထဲ ရေ လောင်းနေသည့် တေဇာကို minjunအော်မေးလိုက်သည်။

"မလိုက်တော့ဘူးကွာ ငါ ခြံ သန့်ရှင်းရေးလုပ်လိုက်ဦးမယ်၊ မင်းဘာသာပဲ သွားလိုက်တော့william"

"Ok''

ပြောပြီး ထွက်သွားတဲ့ william(minjun)ကို တေဇာ ကြည့်လိုက်သည်။

တေဇာ ဒီကို ရောက်တာ 5ရက်လောက်ရှိပြီဖြစ်ကာ ဒီနေ့ကfridayဖြစ်သည်။
နောက်အပါတ် Mondayဆို သူ့ တက္ကသိုလ် စတက်ရတော့ပေမည်။

စိတ်တူကိုယ်တူရှိ တဲ့ williamနဲ့လည်း အဆင်ပြေကာ အတော်လေးလည်းရင်းနှီးနေပြီဖြစ်သည်။ williamအဖေနဲ့ လည်း တွေ့ဖူးပြီးသွားပြီဖြစ်ကာ အားလုံး အဆင်ပြေပြေရှိလှသည်။ williamက အလုပ်ရှိတဲ့ရက်ဆို workshopသွားပြီး ထို အချိန်ဆို တေဇာက အိမ်မှာ စာလုပ်ရင်လုပ် ၊ မလုပ်ရင် အိမ်အလုပ်လုပ်၊ အဒါမှ မဟုတ်လဲ gymဆော့ တာ တစ်ခုခုလုပ်သည်။ siblingမရှိတဲ့ william ကလည်းသူ့ကို ခင်တွယ်သည်။
တေဇာ အတွက်လိုအပ်တဲ့ တစ်ကိုယ်ရည်သုံး ပစ္စည်းတွေ ဝယ်ထားပြီးပြီ ဖြစ်ကာ တက်ရမည့် တက္ကသိုလ် ကို လည်း သွား showပြီးပြီ ဖြစ်သည်။ အိမ်နဲ့ တက္ကသိုလ်က လမ်းလျှောက်သွားရင်တောင် မိနစ်20လောက်သာကြာ၍ သွားဖို့ လာဖို့ အတွက်ကလည်း အေးဆေးပင်ဖြစ်သည်။

နောက်တစ်ခု တေဇာသိလိုက်ရတာက williamသည် ညဘက်တွေဆို night outထွက်သည်။ ညတိုင်းတော့ မဟုတ်ပေမဲ့
နှစ်ရက်ခြားတစ်ခါလောက်ပေါ့။ တေဇာ ကိုလည်း သူသွားတိုင်း အဖော်ခေါ်သည်။ သို့သော် ကိုယ့်နိုင်ငံလည်းမဟုတ်၊ ရောက်ခါစလည်း ဖြစ်တာကြောင့် လူ လိမ္မာ လေး လုပ်နေတော့သည်။ william က သူnight out ထွက်တဲ့ ည တွေမှာ တစ်ချို့ရက်တွေ အိမ်ပြန်လာပေမဲ့ ၊ တစ်ချို့ရက်တွေဆို မိုးလင်းမှပြန်လာသည်။ ယောက်ျား ချင်းဖြစ်တာကြောင့် ထွေထွေ ထူးထူး ရှင်းပြ နေစရာ မလို ဒီလိုဒီလို ဆို ဘာဖြစ်လဲဆိုတာ တန်းသဘောပေါက်ပါသည်။ တေဇာ ကတော့ အိမ်စောင့် လိုပင်ဖြစ်နေတော့သည်။

တွေး နေတာတွေ ရပ်လိုက်ကာ လက်ရှိ လုပ်နေတာကို ပဲ အာရုံ စိုက်လိုက်သည်။
.................................................

ဒီလိုနဲ့ Monday ရောက်ဖို့ ရက်တွေ က ကုန်ဆုံးလာခဲ့ တော့သည်။

ဒါတွေက တော့ တေဇာ ပြည်ပ လာတဲ့ အချိန်မှာ တွေ့ကြုံ ရတာတွေ ပဲ ဖြစ်ပါသည်။

















































တေဇာ ကတော့ နောက် အပိုင်းတွေ မှာ ဆို ပြည်ပမှာ ခြေဆန့်တော့မှာ ဖြစ်ပါတယ် ခင်ဗျာ။

Continue Reading

You'll Also Like

35.1K 1.1K 8
Sakura is exceptional at healing physical wounds. However, Sasuke comes home with wounds one cannot see and baggage to match. Can she manage to heal...
259K 600 21
TOM KAULITZ SMUT
752K 21.1K 70
"I didn't mean to hurt you. I could never hurt you." He whispers into my neck. I stroke the back of his head with careful fingers, chin resting light...
72.1K 3.5K 69
Well, this is my first attempt of trying short stories. It is the collection of love stories.