"ပစ္စည်းတွေသိမ်းနေတာဗျ"
"ဒါကျွန်တော့်ပစ္စည်းတွေလေ"
"ဒီအိမ်ကိုဝယ်တဲ့ပိုင်ရှင်လာတော့မှာဗျ"
"အာ...ဟုတ်သားပဲ ဒီနေ့၂၅လား?"
"ဟုတ်တယ်ဗျ"
"သေရော ငါဘယ်လိုမေ့နေတာလဲ?"
"ဒါနဲ့လေ အကိုရယ်မသနားဘူးလားဗျ?"
"ဘာကိုလဲဟင်?"
"ကျွန်တော့်ကိုလေ" လို့ချွဲပြစ်နေတဲ့မျက်ဝန်းငယ်ဖြင့် ချွဲပြစ်နေတဲ့အသံနဲ့သနားစရာကောင်းအောင်ပြောတာပေါ့။
"အဲ့ဒါတော့..အိမ်ပိုင်ရှင်အသစ်နဲ့ပဲစကားပြောလိုက်ပါတော့ဗျ" လို့ပြောပြီးပစ္စည်းတွေသယ်ကာ အိမ်ပြင်မှာပစ်ချထားလေရဲ့။
သနားစရာကောင်းတဲ့ဂျယ်ယွန်းလည်း အကူအညီမရတဲ့အဆုံးသူ့အချစ်ဆုံးသူငယ်ချင်းဆီကိုပဲဖုန်းလှမ်းဆက်ကာအကူအညီလှမ်းတောင်းရတာပေါ့။
"ကယ်ပါဦး"
"ဘာဖြစ်တာတုန်း?"
"အိမ်ရောင်းထားတာကိုငါမေ့ပြီး အိပ်နေတာကွာအခုမနက်လည်းရောက်ကော ငါ့ပစ္စည်းတွေကိုဖယ်နေတယ် ငါနေစရာနေရာလည်းမရှိဘူး"
"ဟော ဂျယ်ယွန်းရယ်ဖြစ်မှဖြစ်ရလ အခုအဲ့ဒါမင်းဘယ်သွားနေမတုန်း?"
"မသိဘူး လမ်းဘေးမှာပဲနေရတော့မှာလားမသိ?"
"ဟော ဒုက္ခပါပဲနေဦးနေဦး ငါ့သူငယ်ချင်းကိုလှမ်းဖုန်းဆက်လိုက်မယ်ခနပဲ" လို့ပြောပြီးဖုန်းချသွား တော့ ဂျယ်ယွန်းလည်းသက်ပြင်းချလိုက်လေတယ်။ခနလည်းကြာကော သူ့သူငယ်ချင်းဆီကဖုန်းပြန်ဝင်လာကာ
"ပြောသူငယ်ချင်း"
"မင်းကိုငါ့သူငယ်ချင်းလာခေါ်လိမ့်မယ် ပစ္စည်းတင်လို့ရမယ့်ကားမျိုးနဲ့ ၅မိနစ်နေရင်ရောက်လာလိမ့်မယ်လိုက်သွားလိုက်နော်
ငါအခုဒီမှာအလုပ်ရှုပ်နေလို့"
"အော်ဟုတ်ပြီ ကျေးဇူးပါကွာ"
"ပြောစရာကိုမလိုတာ စောစောကြိုပြောရင်ငါ့အိမ်မှာလာနေခိုင်းမို့ အေးအေးဒါဆိုဒါပဲနော်" လို့ပြောပြီးဖုန်းကိုချသွားလေရဲ့။
ဂျယ်ယွန်းလည်းသူတတ်နိုင်သလောက်ပစ္စည်းတွေကိုသယ်ပြီး အပြင်ကိုချကာ အိမ်ကအရမ်းကြီးပေမဲ့ပစ္စည်းတွေနည်းတာကြောင့် ဂျယ်ယွန်းတစ်ယောက်အဆင်နည်းနည်းပြေသွားတာပေါ့။
၅မိနစ်လည်းကြာကော ပစ္စည်းလေးတွေရှေ့ချပြီး ငုတ်တုတ်လေးထိုင်ပြီးခေါင်းလေး
ငုံနေတဲ့သနားစရာဂျယ်ယွန်းဆီ ကားကရောက်လာပြီး
"ဂျယ်ယွန်းဆိုတာမင်းလား?" လို့မေးတော့ဂျယ်ယွန်းလည်းမော့ကြည့်လိုက်၍
"ဟုတ်တယ်ဗျ"
"လာလာတက်တက်" လို့ပြောတော့ဂျယ်ယွန်းလည်းပစ္စည်းတွေကိုကောက်သယ်ဖို့လုပ်လေတယ်။
"ရတယ်ရတယ် မသယ်နဲ့မင်းပဲတက်ခဲ့ အနောက်မှာရှိတဲ့ငါ့ဝန်ထမ်းတွေသယ်ပေးလိမ့်မယ်အဲ့ပစ္စည်းတွေက"
"အာ ဟုတ်ကဲ့" လို့ပြောပြီးကားပေါ်တက်လိုက်ကာ ပစ္စည်းတွေကခနပဲအချိန်ယူ၍ သယ်လိုက်ပြီးကြတာနဲ့ကားစထွက်လိုက်လေရဲ့။
"ဒါနဲ့ကျွန်တော်ကအကိုနဲ့အတူတူနေရမှာလားဗျ?"
"အယ်အယ်မဟုတ်ဘူး အကို့သူငယ်ချင်းတစ်ယောက်အိမ်မှာ အကိုကကျမိဘတွေနဲ့မို့အဆင်မပြေလို့လေ မိဘတွေကလည်းနေမကောင်းကြတော့"
"အော်..."
"ရမယ်မလား?သူကအနေတော့အေးပါတယ် စကားလုံးဝမပြောဘူးပေါင်းသင်းဆက်ဆံရတော့ခက်မယ် သိလားတော့မသိပေမဲ့သူကအရမ်းနာမည်ကြီးတာ သီချင်းဆိုလည်းကောင်းပြီးချောတော့လေ"
"ဟုတ်ကဲ့"
"ဘာမှတော့စိတ်ပူစရာမလိုပါဘူးသူကတစ်ယောက်တည်းနေတယ်ဆိုပေမဲ့ ကောင်မလေးရှုပ်တာတို့ဘာတို့မရှိဘူး"
"ဟုတ်ကဲ့ပါဗျ"
"မင်းကကံကောင်းပါတယ် ငါ့သူငယ်ချင်းအချစ်ခံရတာသူကတော်ရုံတန်ရုံလူဆိုခင်တာမဟုတ်ဘူး သူအလုပ်အရမ်းရှုပ်နေတာတောင် ချက်ချင်းဖုန်းခေါ်ပြီးငါ့အကူအညီတောင်းတာ"
"ဟုတ်ကဲ့ပါဗျ"
"ယဉ်ယဉ်ကျေးကျေးပြောစရာမလိုပါဘူး ရွယ်တူပဲဟာ"
"ဟုတ်ကဲ့ပါ" လို့ပြောပြီးခနအကြာကျ
ဂျယ်ယွန်းနေရမယ့်အိမ်ကိုရောက်သွားကာ အရမ်းကိုကြီးမားတာကြောင့်ဂျယ်ယွန်းလည်းပါးစပ်အဟောင်းသားနဲ့ကြည့်နေတာပေါ့။
"အဆင်ပြေပါ့မလား?"
"ပြေပါတယ်ဗျ"
"ကဲကဲ မင်းတို့တွေပစ္စည်းချဖို့လုပ်"
"မင်းကငါနဲ့လိုက်ခဲ့သူနဲ့မိတ်ဆက်ပေးမို့"
"ဟုတ်ကဲ့ပါ" လို့ပြောပြီးကားပေါ်ကအတူတူဆင်းကြကာ အိမ်တံခါးကိုဖွင့်လိုက်၍
"ဆောင်းဟွန်း ဆောင်ဟွန်းရေ" လို့လှမ်းအော်ခေါ်ကာ ဆောင်းဟွန်းကအိမ်ပေါ်ထပ်ကနေ ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်၍
စတိုင်မိုက်မိုက်ဆင်းလာလေရဲ့။
ထိုအချိန်ဂျယ်ယွန်းက ပျားကသူ့ဒုက္ခပေးနေလို့ဖယ်ထုတ်ပစ်နေကာ ပျားနဲ့တိုက်ပွဲဖြစ်နေလေတယ်။ဆောင်းဟွန်းကအနားကိုရောက်လာပြီး ပျားကိုသူ့လက်နဲ့ဇွက်ခနဲဖမ်းပေးလိုက်ကာ သတ်ပစ်လိုက်တာပေါ့။
ဂျယ်ယွန်းလည်းလန့်သွားပြီး ဆောင်းဟွန်းမျက်နှာကိုကြည့်လိုက်ကာ
"အော် ဘန်ဂျမင်?" လို့ပြောပြီးစိတ်လွတ်ထွက်သွားပြီး ဖက်လိုက်လေတယ်။
ဆောင်းဟွန်းလည်း ကြောင်သွားပြီး ဆောင်းဟွန်းရဲ့သူငယ်ချင်းက
"အမ်?သိကြတာလား?" လို့မေးတော့ဆောင်းဟွန်းကခေါင်းခါပြကာ ဂျယ်ယွန်းကိုတွန်းထုတ်လိုက်၍ အင်္ကျီကိုဖုန်ခါလိုက်လေရဲ့။ဆောင်းဟွန်းရဲ့သူငယ်ချင်းကဂျယ်ယွန်း
"ဒါဆို?ဂျယ်ယွန်းကသိနေတာလား?" လို့ကြောင်တောင်တောင်နဲ့မေးမှ ဂျယ်ယွန်းလည်းအသိစိတ်ဝင်သွားပြီး
"လူ-လူမှားသွားလို့ပါတောင်းပန်ပါတယ်" လို့ပြောလိုက်တော့
"အော် အဲ့ဆိုလည်းမိတ်ဆက်ပေးမယ် ဒါကရှင်းမ်ဂျယ်ယွန်းတဲ့ ငါ့သူငယ်ချင်းရဲ့သူငယ်ချင်း၊ဒီဘက်ကကျပတ်ဆောင်းဟွန်းတဲ့" လို့ပြောနေချိန် ဂျယ်ယွန်းက
ဆောင်းဟွန်းမျက်နှာကိုလုံးဝမကြည့်ဘဲစိတ်ကိုမနည်းထိန်းထားရတာပေါ့။
"အဲ့ဆို ဆောင်းဟွန်းသူ့ကိုအိမ်လိုက်ပြပေးလိုက်ဦး" လို့ပြောတော့ဆောင်းဟွန်းကခေါင်းငြိတ်လိုက်ကာ အရှေ့ကနေကော့တော့ကော့တော့နဲ့သွားလေရဲ့။ဂျယ်ယွန်းကအနောက်ကနေပြေးလိုက်ရပြီး
"ဖြေးဖြေးသွားလေ" လို့ပြောတော့ဆောင်းဟွန်းကအနောက်ကိုဒေါသတကြီးပြန်လှည့်လာ၍ မျက်နှာနားကြီးတိုးလာတော့
ဂျယ်ယွန်းလည်းခေါင်းကိုငုံလိုက်လေတယ်။
ဆောင်းဟွန်းကဆက်လျှောက်သွားပြီး အခန်းကိုလက်ညိုးထိုးပြကာ
"ကျေးဇူးပါ" လို့ပြောနေချိန်ပဲဆောင်းဟွန်းကအရှေ့ကနေ ကော့တော့ကော့တော့နဲ့ထွက်သွားပြန်၍
"ကိုယ်နဲ့ရုပ်ပဲတူတာပဲ..." လို့အနောက်ကနေကြည့်ပြီးပြောပြီးဂျယ်ယွန်းလည်းသက်ပြင်းချလိုက်ကာအနောက်ကနေလိုက်ရပြန်တာပေါ့။
ဆောင်းဟွန်းမျက်နှာကိုလည်းခနခနကြည့်ကြည့်မိနေပေမဲ့ ဆောင်းဟွန်းကလုံးဝတခြားသူတစ်ယောက်ပဲလို့သာသတ်မှတ်ထားပြီး ဂျယ်ယွန်းလည်းစိတ်ကိုအတင်းထိန်းထားတော့လေရဲ့။
ဒီလိုနဲ့အိမ်တစ်အိမ်လုံးလည်းပြပြီးကော
ဂျယ်ယွန်းလည်းသူ့အခန်းမှာသူအနားယူလိုက်လေတယ်။
နေ့လည်လောက်လည်းရောက်ကော ဆောင်းဟွန်းကတံခါးကိုခေါက်တော့ ဂျယ်ယွန်းကအိပ်ပျော်နေတာကြောင့်မကြားဘဲ ဆောင်းဟွန်းလည်းဝင်လာခဲ့တာပေါ့။
နေ့လည်စာကိုခုံပေါ်ချလိုက်ချိန်ပဲ ဂျယ်ယွန်းကထအော်ကာ အိပ်မက်ဆိုးတွေမက်နေတော့ ဆောင်းဟွန်းလည်းအနားကိုသွားပြီး စောင်ကိုသေချာခြုံပေးပြီးပါးလေးကိုပုတ်ပေးလေရဲ့။ဂျယ်ယွန်းကဆောင်းဟွန်းလက်ကိုဆွဲလိုက်တော့ နှုတ်ခမ်းလေးကိုနမ်းမိသွားပြီး
"ကိုယ့်ကိုချစ်တယ်" လို့တိုးတိုးလေးပြောပြီး ဟိုဘက်ကိုလှည့်သွားလေတော့တယ်။ဆောင်းဟွန်းလည်းကြောင်သွားပြီးသူ့ပထမဦးဆုံးအနမ်းမို့ ပါးစပ်ကိုကိုင်ကာ
ရှက်သွား၍အခန်းထဲကပြေးထွက်သွားတော့တာပေါ့။
ဂျယ်ယွန်းကခနလောက်လည်းကြာကောနိုးလာပြီး ခုံပေါ်ကနေ့လည်စာကိုမြင်သွား၍
"စိတ်သဘောထားတော့ကောင်းရှာပါတယ် စကားသာမပြောတာပါ" လို့ပြောပြီးထမင်းထစားလေရဲ့။တစ်ဖက်မှာလည်း ထမင်းစားပွဲခုံမှာထမင်းစားနေကာ ဂျယ်ယွန်းနမ်းလိုက်တဲ့ဟာကိုပြန်ပြန်တွေးရင်းရှက်နေလေတယ်။
ဂျယ်ယွန်းကတော့ထမင်းစားပြီးတာနဲ့ ကွန်ပျူတာကိုဖွင့်ပြီး တံခါးတွေကိုအကုန်ပိတ်ကာ အေးအေးဆေးဆေးဝတ္ထုရေးတော့လေတယ်။ဂျယ်ယွန်းကအရင်ကတည်းကလည်း အခန်းထဲမှာပဲဝတ္ထုရေးတာများတော့ သိပ်အပြင်မထွက်ဘူးပေါ့။
ညနေစောင်းလည်းရောက်ကော ဂျယ်ယွန်းကအခန်းထဲကထွက်လာကာ ဆောင်းဟွန်းကအိမ်သန့်ရှင်းရေးလုပ်နေပြီး
"ဘာကူပေးရဦးမလဲဗျ?" လို့မေးတော့ဆောင်းဟွန်းကခေါင်းခါပြကာ သူ့အလုပ်သူဆက်လုပ်ပြီး
"မဟုတ်တာတစ်ခုခုတော့ခိုင်းပါ သူများအိမ်မှာအလကားနေနေတာကျ မကောင်းလို့ပါဗျာ" လို့ထပ်ပြောတော့ ဆောင်းဟွန်းကခေါင်းထပ်ခါပြလေရဲ့။
ဂျယ်ယွန်းက ကျောင်းကလည်းပိတ်၊ဝတ္ထုကလည်းရေးပြီးတော့ ဘာမှလုပ်စရာ
မရှိပျင်းနေလေတယ်။ဆောင်းဟွန်းကသတိမူမိသွားပြီး မှန်သုတ်ဖို့အဝတ်ကိုပေးလိုက်ကာ
"ဘာလုပ်ဖို့လဲ?ဒါက?" လို့မေးတော့မှန်ကိုလက်ညိုးထိုးပြကာ မှန်သုတ်ဆေးရည်ကိုဘေးနားချပေးသွားတာပေါ့။
"ရေးးး ငါလုပ်စရာရပြီ" လို့ပြောကာစိတ်ထဲပေါ့သွားပြီး မှန်ကိုသေချာသုတ်ပေးလေရဲ့။သီချင်းတညီးညီးလေးနဲ့မှန်ကိုသုတ်နေကာ သိပ်ချစ်ဖို့ကောင်းတဲ့ဂျယ်ယွန်းလေးပေါ့။
ဆောင်းဟွန်းကတခြားလုပ်စရာရှိတာလုပ်နေချိန် ဂျယ်ယွန်းခုံကကျိုးနေတာကြောင့်
ဂျယ်ယွန်းတစ်ယောက်နောက်ပြန်လှန်ကျတော့လေတယ်။
ဆောင်းဟွန်းလည်း သူ့အလုပ်ကိုပစ်ချကာဂျယ်ယွန်းကိုမြန်မြန်လှမ်းဖမ်းလိုက်ပြီး သူ့ရဲ့ပန်းနုရောင်နှုတ်ခမ်းလေးကလှုပ်ကာ
"ဂရုစိုက်လေ" လို့စိတ်ပူတဲ့အသံဖြင့်ပြောလိုက်ပြီး ဘန်ဂျမင်အသံနဲ့ချွတ်စွတ်သွားတူနေပြန်ရောပေါ့။ဂျယ်ယွန်းစိတ်ကလွတ်ထွက်သွားပြန်ပြီး ပါးလေးကိုကိုင်လိုက်ကာ
"ကိုယ်" လို့နူးညံ့တဲ့အသံဖြင့်ခေါ်လိုက်ပြီးမေ့လဲသွားလေရဲ့။တကယ်တော့ဂျယ်ယွန်းက ဘန်ဂျမင်သေပြီးကတည်းက လွမ်းနာကျနေပြီးတစ်ခါတစ်လေ စိတ်ကရူးသလိုလိုမျိုးလွတ်လွတ်ထွက်သွားလေတယ်။
ဆောင်းဟွန်းကထိုကိစ္စကိုမသိတာကြောင့်
ဘန်ဂျမင်ကဘယ်သူလဲဆိုတာအရမ်းသိချင်နေခဲ့တာပေါ့။ဂျယ်ယွန်းတစ်ယောက် ခနလည်းကြာကောဖျတ်ခနဲမျက်လုံးပွင့်လာကာ ဆောင်းဟွန်းကုတင်ပေါ်ရောက်နေတော့ လန့်သွား၍ထထိုင်လိုက်ကာ
"ဘယ်ရောက်နေတာလဲ?ငါ့ကိုလွှတ်ပေးပါ" လို့အော်ပြီးတောင်းဆိုနေလေရဲ့။ဆောင်းဟွန်းကရေချိုးခန်းထဲက သဘက်စိုတစ်ထည်နဲ့ဇလုံတစ်ခုယူပြီးထွက်လာ၍
"ဘာတွေအော်နေတာလဲ?" လို့စိတ်ပျက်တဲ့အသံဖြင့်ပြောပြီး ကုတင်နားကခုံမှာထိုင်လိုက်လေတယ်။သဘက်ကိုလည်းဇလုံထဲသေချာရေညှစ်ပြီး ဂျယ်ယွန်းပခုံးကိုကိုင်ပြီးအိပ်ရာပေါ်ပြန်လှဲခိုင်းလိုက်ကာ သဘက်ကိုဂျယ်ယွန်းရဲ့နဖူးပေါ်တင်ပေးလိုက်ပြီး သေချာပြုစုပေးတာပေါ့။
"ဘာလို့?ကိုယ့်လိုမျိုးလုပ်နေရတာလဲ?ဘာလို့လဲ?" လို့ဆက်တိုက်မေးနေကာ
"တိုးတိုးနေ" လို့ပြောလိုက်တော့
"မတူပါဘူး လုံးဝပဲကိုယ်ကအဲ့လိုမျိုးဘယ်တုန်းကမှပြောတာမဟုတ်ဘူး" လို့ပါးစပ်ကြီးဆူ၍ပြောလေရဲ့။ဆောင်းဟွန်းကဂျယ်ယွန်းနှုတ်ခမ်းဆူဆူလေးကိုကြည့်ပြီး နေ့လည်ကနမ်းထားတဲ့ကိစ္စကိုစဉ်းစားမိသွားကာ မနည်းစိတ်ထိန်းထားရလေတယ်။
ဂျယ်ယွန်းလည်းအသိစိတ်ဝင်သွားပြီး
"အာ..ကျေးဇူးပါလုပ်ပေးစရာမလိုပါဘူးဗျ"
"ခုနကကျပြောနေပြီးတော့"
"ဗျာ?"
"ဘာမှမဟုတ်ဘူး မင်းကိုယ်ပူနေလို့ရေဘက်တိုက်ပေးနေတာ"
"အော် ကျေးဇူးပါဗျ"
"အွန်း" လို့ပြောနေချိန်ပဲဂျယ်ယွန်းတစ်ယောက်စိတ်ထပ်ပေါက်လာကာ
"အဲ့မျက်နှာလေးနဲ့ကိုယ်သာဆိုကောင်းမှာပဲ...အရမ်းလွမ်းတယ်" လို့ပြောနေတော့ ဆောင်းဟွန်းကဒီတစ်ခေါက်တော့ဘာမှ
မပြောတော့ပဲ ဘေးနားမှာဆေးထားပေးကာ အခန်းထဲကထွက်သွားတော့တာပေါ့။
ဒီလိုနဲ့ညသန်းခေါင်လည်းရောက်ကော ခွေးတွေကတောက်လျှောက်အူနေကာဂျယ်ယွန်းကခွေးအူရင်အရမ်းကြောက်တတ်ပြီး ခွေးတွေအရမ်းအူတဲ့ညကဘန်ဂျမင်ကသေသွားတာကြောင့်သူ့အတွက်အိပ်မက်ဆိုးတစ်ခုဖြစ်နေလေတယ်။
အသံနက်ကြီးနဲ့ထအော်ကာ ဆောင်းဟွန်းလည်းလန့်နိုးသွားပြီး အခန်းထဲကပြေးထွက်လာ၍ ဂျယ်ယွန်းအခန်းထဲပြေးဝင်လာလေရဲ့။ဂျယ်ယွန်းကဆောင်းဟွန်းကိုလည်းမြင်ကော ထဖက်ကာ
"ဆုံးရှုံးရမှာကြောက်တယ်ဆုံးရှုံးရမှာကိုအရမ်းကြောက်တယ်" လို့ပြောတော့ဆောင်းဟွန်းလည်းကျောကုန်းလေးကိုပုတ်ပေးကာ ဂျယ်ယွန်းကဖက်တာကိုရပ်လိုက်ပြန်ပြီး လက်ကိုဆွဲကာ အိပ်ရာပေါ်လှဲပလိုက်တော့ ဆောင်းဟွန်းလည်းအိပ်ရာပေါ်လှဲလျက်သားဖြစ်သွားတော့တာပေါ့။
"နေပေး အတူတူ" လို့ပြောပြီးရင်ခွင်ထဲအတင်းတိုးဝင်ကာ ဆောင်းဟွန်းရဲ့လက်ကိုယူပြီးသူ့ခေါင်းလေးကိုပုတ်ပေးခိုင်းလေတယ်။ဆောင်းဟွန်းလည်းရုန်းမထွက်နိုင်တော့ပဲ ဂျယ်ယွန်းရဲ့ချွဲမှုအောက်မှာအရှုံးပေးလိုက်တော့လေရဲ့။
သာယာတဲ့မနက်ခင်းလေးလည်းရောက်ကောဆောင်းဟွန်းကမျက်လုံးဖွင့်လိုက်ပြီး ဂျယ်ယွန်းကိုအရင်ဆုံးမြင်ရတာပေါ့။ဘာလို့မှန်းမသိ သူရဲ့ထောင်ချောက်မှာယစ်မူးနေတဲ့ ဆောင်းဟွန်းကအတွေးများစွာဖြင့်
"တောင်းပန်ပါတယ်" လို့အကြောင်းပြချက်မရှိပြောလိုက်မိချိန် ဂျယ်ယွန်းလည်းနိုးလာလေတယ်။
လေတွေကလည်းတဖြူးဖြူးနဲ့တိုက်လာပြီး အကြည့်ချင်းဆုံသွားတဲ့သူတို့နှစ်ယောက်ရဲ့ အကြင်နာမျက်ဝန်းငယ်လေးနဲ့အတူ နီးကပ်နေတဲ့သူတို့ရဲ့နှုတ်ခမ်းများ...
အသိစိတ်ဝင်လာကြပြီး ဂျယ်ယွန်းကဆောင်းဟွန်းကိုတွန်းလိုက်ကာ
"ဘာလို့ကျွန်တော့်ကုတင်ပေါ်ရောက်နေတာလဲ?" လို့ပြောပြီးသူ့ခန္ဓာကိုယ်ကိုလက်နဲ့ကာထား၍
"မင်းပဲအသံနက်ကြီးနဲ့အော်တာလေ"
"ဟုတ်လား?"
"အော် မနေ့ညက...ပြီးတော့ကုတင်ပေါ်အတင်းအိပ်ခိုင်းတာလေ" လို့ပြန်ပြောလိုက်လေရဲ့။ဂျယ်ယွန်းလည်းအရမ်းအားနာသွားကာ
"တောင်းပန်ပါတယ်...ကျွန်တော်ကသူများတွေပြောသလို ရူးနေတာမို့သည်းခံပေးပါ" လို့ခေါင်းလေးငုတ်ကာချွဲသံဖြင့်ပြောတော့ ဆောင်းဟွန်းလည်းမဆူရက်တော့ပဲ
"ထားပါ မင်းမှနေမကောင်းတာ" လို့ပြောပြီးကုတင်ပေါ်ကဆင်းလိုက်၍ အခန်းထဲကထွက်သွားမို့တုန်း
"တကယ်တော့လေ ကျွန်တော့်ကောင်လေးဘန်ဂျမင်က ခွေးတွေအရမ်းအူတဲ့ညမှာသေသွားခဲ့တာ... အသတ်ခံလိုက်ရတာလေ ကျွန်တော့်မျက်စိရှေ့မှာပဲ အဲ့ကြောင့်ကြိုတောင်းပန်ပါတယ် အနှောင့်အယှက်ဖြစ်စေမိရင်" လို့ပြောတော့ဆောင်းဟွန်းရဲ့ခြေလှမ်းတွေကရပ်တန့်သွားပြီး မသိချင်ယောင်ဆောင်ကာအခန်းထဲကထွက်သွားတော့တာပေါ့။