"ကဲ အားလုံးပြင်ပြီးပါပြီ...."
သူတို့တွေ ဒီတောထဲမှာ တစ်ပတ်လောက်အနားယူပြီးပြီးမို့ ဒီနေ့အိမ်ပြန်ဖို့စီစဉ်နေကြတာ...ခုနောက်ပိုင်း အိမ်ရဲ့စီးပွားရေးက အရမ်းထောင်တက်လာသလို တစ်ဖက်မှာလဲ အလုပ်ကနှစ်ဆဖြစ်လာတယ်။ ဒီတစ်ပတ်လုံးနားနေနိုင်တာကလည်း ဦးနဲ့နေသစ်က အလုပ်အားလုံးကိုအပြတ်ဖြတ်ခဲ့ရတာ.....
"ကဲအားလုံးအဆင်သင့်ဖြစ်ရင် သွားရအောင်..."
"ဟုတ်ကဲ့ ဦး"
"ဒယ်ဒီ....ကျွန်တော်မောင်းမယ်...Rue...အထုတ်တွေ မောင့်ကိုပေးနော်...."
အရမ်းတွေ တည်ငြိမ်ပြနေတဲ့ နေသစ်ကြောင့် သုတ ဦးကို မျက်ခုံးပင့်ပြီးအချက်ပြလိုက်တယ်...ဦးကတော့ ခေါင်းအသာခါပြပြီး ဘာမှ မပြောဖို့ သတိပေးတယ်....ကြည့်ရတာ
ဘိုဘို ယနေ့မှစ လိမ္မာတော့မည်နေရာမှာ
နေသစ်ယနေ့မှစ လိမ္မာတော့မည် လို့ပြောင်းရတော့မှာပဲ....
Rue ပြုံးမိတယ်။ မောင်က တကယ်ပဲ သူ့ပုံစံကိုပြင်နေတာပဲ။ သူအရမ်းဝမ်းသာတာပဲ....
"ဖေဖေ....."
သုတ နေသစ်တို့အတွဲကို ကြည့်ပြီးပြုံးစိစိလုပ်နေတုန်း သူ့ရဲ့ဘောင်းဘီကိုဆွဲပြီး တိုးတိုးလေး သူ့နာမည်လာခေါ်နေတဲ့ ရှိန်းကြောင့် သူဘာဖြစ်တာလဲ မေးရဦးမယ်....
"ဘာဖြစ်လို့လဲ သား....."
"ကျားကျားကို တောထဲရိုက်ပို့ပါရား....ကျားကျား နတ်ဆိုးကို နှုတ်ချက် ချင်ရို့ပါ....."
"တော်တော့နော်သားလေး....ဒယ်ဒီသိသွားရင် အရိုက်ခံရမှာ ဖေဖေ့သားက လိမ္မာပါတယ်...ပြီးတော့ နတ်သားဆိုတာလဲ တောထဲမှာမရှိဘူးနော်"
"တကယ်ရှိတာ............"
"တော်တော့ ဆက်မပြောနဲ့တော့....ဖေဖေ့ကိုစိတ်ဆိုးအောင်မလုပ်နဲ့နော်..."
"ဟုတ်ကဲ့...."
"သုတ လာလေ...ထိပ်ထိပ်နဲ့ရှိုင်း တို့တောင် ကားထဲရောက်နေပြီ....."
"အေးအေး လာပြီ...ထပ်မပြောနဲ့တော့နော်..."
"ဟုတ်ကဲ့...."
ထို့နောက်မှာတော့ ကားလေးဟာ တရွေ့ရွေ့ မောင်းနှင်လာခဲ့တယ်..........
__________________
"ကဲရောက်ပါပြီ....."
သူတို့အိမ်တော်ကြီးဆီကိုပြန်ရောက်ပြီမို့လို့ ခြံထဲကားထိုးဖို့အလုပ် ခြံထဲမှာ ကလေးလေး တစ်ယောက်ကို တွေ့လိုက်တယ်........
"ဟယ် ဝေဟင်လေးပါလား....သားတို့ ဝေဟင်လေးရောက်နေတယ်...."
"ညီလေး ကိုကိုတို့နဲ့လာဆော့တာလား....."
"ဟုတ်တယ် တိုတို ဒီမှာ ကျားကျားယူလာတာ..တို့တို့အတွက်...."
"နာ့အတွက်ရော...."
"မင်းတွက် ပါဘူး...တို့တို့တစ်ယောက်ထဲကိုပဲ ကျွေးတာ!"
"ဟွန့်!မင်းကလည်း....."
"တိုတို စားနော်...."
"အွန်းပါ ကိုကိုစားမယ်နော် ဒါပေမယ့် အားလုံးတူတူစားကြနော်....."
အိမ်ကကလေးတွေကားထဲကဆင်းသွားတာနဲ့
ထိပ်ထိပ်တစ်ယောက်ထဲကို သကြားလုံးတွေကွက်ပြီး ပေးတဲ့ ဝေဟင်လေးက တကယ့်ကို အလည်လေး.... ရှိန်းကိုတောင် မကျွေးဘူးတဲ့...ဝေဟင်လေးက တော်တော်ချစ်ဖို့ကောင်းတာ အသားအရေလေးကလည်း ဖြူလွန်းလို့ရဲတောင်ရဲနေပြီ ဖောင်းကားနေတဲ့ပါးလေးနှစ်ဖက်ဆို ရဲတောက်နေတာပဲ......ကြီးလာရင်တော့ သေချာပေါက် လူတိုင်းငေးကြည့်ရလောက်တဲ့ထိ လှမှာ အသေအချာပဲ....
ကိုယ့်ဘေးက ရှိုင်းကိုကြည့်လိုက်တော့ ဝေဟင်လေးကို စူးစူးရဲရဲကြည့်နေလို့ အမြန်ပဲ
တစ်ခုခုလုပ်လိုက်မှာဆိုးလို့ ကြိုတားရတယ်။
"ရှိုင်း...အရင်ရေချိုးမလား...နောက်မှ ဆော့လေ...."
သူတို့ကိုသီးသန့်ခွဲထားတာက အကောင်းဆုံးပဲ...နမို့ဆိုမလွယ်ဘူး...
"ကျားကျား ရှော့မှာ...."
"ရှိုင်း.... ဆော့မယ်ဆိုလည်း...သူငယ်ချင်းကို အနိုင်မကျင့်ရဘူးနော်...ဖေဖေပြောတာကြားလား....ဟဲ့..."
ကိုယ့်လက်ထဲကနေ ပြေးထွက်သွားတဲ့သားကို ကြည့်ပြီး တကယ်မနိုင်ပါလားဆိုပြီး နောင်တရချင်သွားတယ်....
"ထိပ်ထိပ် ညီလေးတွေကို ရန်မဖြစ်စေနဲ့နော်...."
"ဟုတ်ကဲ့ ဖေဖေ.....လာ....သွားဆော့ကြမယ်..."
ကလေးတွေ ခြံနောက်ထဲ သွားတော့မှ သူလည်းစိတ်အေးလက်အေး အိမ်ပေါ်တက်နိုင်တော့တယ်.....
"ကလေးတွေ သွားဆော့ပြီလား သုတ..."
"အေးသွားဆော့ပြီ....ငါလည်းခနနားပြီးရေမိုးချိုးတော့မယ်....ဦးနဲ့နေသစ်ရော..."
"ခုနကပဲ အလုပ်ကအရေးကြီးကိစ္စရှိတယ်ဆိုပြီး ရေသွားချိုးကြတယ်...ပြီးရင်တန်းသွားမှာတဲ့...."
"အော်....နားတောင်မနားရပါလား...."
"ဟုတ်တယ်...မောင်တို့ သနားပါတယ်...."
"အဲ့တော့ အရမ်းတွေပျော်ရွှင်ပြီး ပြန်လာကြမှာပေါ့......"
ရွဲ့သလိုလို စောင်းသလိုလိုပြောပြီး ဝင်လာတဲ့ သူကတော့ နှစ်ယောက်မရှိတဲ့ ဦးဝဏ္ဏမင်းပါပဲ........
"ဒယ်ဒီ......"
"ငါ့ကိုတောင်ဘာမှ မပြောပဲသွားပုံထောက်ရင် ကမ်းမမြင်လမ်းမမြင် အရမ်းတွေပျော်ခဲ့ပုံပဲ...."
"အဲ့လိုမဟုတ်ပါဘူး ဒယ်ဒီရယ်...."
"ထားလိုက်ပါတော့ ငါ့အတွက် ဘာပါလဲ...."
"အဲ့တာကလေ...ဟို..."
Rue ဘာပြောရမှန်းတောင်မသိတော့ပါ။ သူဒယ်ဒီ့အတွက် ဘာမှမပါလာဘူးလေ.....
သုတ ပြောရခက်နေတဲ့ Rue ကြောင့် သူပဲဝင်ပြောပေးဖို့ လုပ်လိုက်တယ်...
"တောထဲသွားပါတယ်ဆို ဘယ်လိုလုပ်လက်ဆောင်ပါမှာလဲ...."
"မင်းကိုမေးလို့လား ငါ့သားငါမေးတာ..."
"ငါ့သားငါမေးတာ...ဘလာ..ဘလာ.."
ကိုယ့်နောက်ကနေ ကိုယ်ပြောတဲ့ အတိုင်းရွဲ့သလိုလို စောင်းသလိုလိုလိုက် ပြောနေတဲ့
သုတဆိုတဲ့ကောင်ကြောင့် ဒေါသကထွက်လာရော......
"ဟဲ့ရောင် ငါ့နောက်က လိုက်မပြောနဲ့"
"ဟဲ့ရောင် ငါ့နောက်က လိုက်မပြောနဲ့...ဘလာဘလာ...."
"သုတ!!!!!"
"သုတ.........ဘလာဘလာ...."
"ငါလုပ်လိုက်ရင်သေတော့မယ်!"
"ငါလုပ်လိုက်ရင်သေတော့မယ်...ဘလာဘလာ"
"ငါလုပ်လိုက်ရ...."
"ဒယ်ဒီရယ် မလုပ်ပါနဲ့..."
"ငါလည်းမလုပ်ပါဘူး...စောက်ချိုးမပြေလို့သတိပေးရုံပဲ...သူ့လုပ်ရင် ဟိုမကောင်းဆိုးဝါးကောင်က ငါ့ကို ပြဿနာရှာမှာပေါ့...."
"သူများ ဦး ကို.....ဘာမကောင်းဆိုးဝါးလည်း....ခန့်ညားတဲ့နတ်သားလေး"
"မင်းအဲ့ကောင်နဲ့ရပြီးတည်းက တော်တော်အရှက်မရှိတော့တာ..."
"အဲ့တာ မင်းကိစ္စလား..."
နောက်က ထွက်ပေါ်လာတဲ့ အသံကြောင့် ဟိုမကောင်းဆိုးဝါးကောင် လာပြီဆိုတာ သိလိုက်တယ်......
"အပိုတွေပြောမနေပါနဲ့ ကုမ္ပဏီသွားမှာမလား....ငါလည်းလိုက်မလို့..."
"ကိုမိုက်ကယ်ကရော ဒယ်ဒီ....သူလိုက်မပို့ဘူးလား...."
"အော်...မိုက်ကယ်အိပ်နေတယ်...."
"မင်းအိမ်က အလုပ်သမားတွေက အဲ့လိုပဲ စည်းမရှိကမ်းမရှိအိပ်တာလား...."
"ညကပင်ပန်းနေလို့လေ...."
"ဟမ်...ကိုမိုက်ကယ်က ဘာလို့ပင်ပန်း....."
"ထားလိုက်စမ်းပါ....နေသစ်မဟာရော...မလာသေးဘူးလား...နောက်ကျနေပြီ..."
"လာပြီ....Rue...မောင်သွားတော့မယ်နော်..."
"ဟုတ်ကဲ့မောင်...."
"သုတ ဦး သွားပြီ...."
"ဟုတ်ကဲ့ ဦး...."
မျက်စိရှေ့လာပိုပြနေတဲ့ကောင်တွေက စောက်မြင်ကပ်ဖို့ကိုကောင်းတယ်....ဒါပေမယ့်ဘာဖြစ်လဲ...ငါကကြိုတောင်ပြောခဲ့ပြီးပြီ....
"ဟဲ့ရောင်နေသစ်မဟာ ငါမင်းတို့နဲ့လိုက်မှာ..."
"ဟုတ်ကဲ့..."
ဦးဝဏ္ဏမင်း ပါးစပ်အဟောင်းသားဖြစ်သွားတယ်...နေသစ်မဟာက သူ့ကို ဟုတ်ကဲ့တဲ့....
"ဝဏ္ဏမင်း လာလေ..."
"ဟဲ့ရောင်...မင်းရဲ့သား အခြေအနေကောင်းရဲ့လား....."
"သူလိမ္မာသွားတာပါ..."
လိမ္မာသွားတာတဲ့လား......ကမ္ဘာကြီးပြားတော့မှာပဲ.......
_________________
"စုံ.စွမ်.စိ. ဆော့ကြမယ်..ပထမဆုံး ရှုံးတဲ့သူက နောက်ဆုံးနိုင်တဲ့သူ ခိုင်းတာလုပ်ရမယ်..."
{ဟုတ်ကဲ့...တိုတို!!!!!}
"နှစ်ဖွဲ့ခွဲမယ်...."
"တိုတို! ကျားကျား တိုတို့ဘက်မှာ နေမယ်...."
"အဲ့တာဆို ဝေဟင်လေးက ကိုကို့ဘက်က...ရှိန်းနဲ့ရှိုင်းက တစ်ဖွဲ့ ...ကဲ ဆော့ကြမယ်..."
{စုံ!စွမ်!စိ!!!!}
"ဟာ ရှိန်းထွက်သွားပြီ..."
"ဟာ......ရှိုင်း! ဖိုက်တင်း!!!!"
{စုံ!စွမ်!စိ!!!!}
"တိုတို....ထွက်သွားပြီ..."
ထိပ်ထိပ်လေးလဲ ရှုံးသွားပြီမို့....ရှိုင်းနဲ့ဝေဟင်လေးပဲ ကျန်ခဲ့တော့တယ်.....
{စုံ!စွမ်!စိ!!!!}
"ရေးးးးးးးးး ဝေဟင်လေးနိုင်ပြီ....."
"တိုတို သာသားတော်တယ်မလား...."
"တော်တယ်...အဲ့တော့ ဝေဟင် ရှိန်းကို ဘာခိုင်းမလဲ...."
"မင်း....သုံးခါပြေးရမယ်...."
"ဟာ.....ကျားကျား ပြေးချင်ဘူး....."
"မင်းရှုံးတယ်လေ...နာပြောတာ ရုပ်ရမှာ..."
"ဟွန့်!!!!ပြေးမယ်....."
ရှိန်း....ဝေဟင်ရဲ့ စကားအတိုင်း သူတို့ဆော့တဲ့ နေရာလေးတွေ မှာတင် ပတ်ပြေးနေလိုက်တယ်.....
"ကလေးတို့ရေ ...."
"ဟာ တိုတို Rue...."
"ရှိန်းဘာလို့ပြေးနေတာလဲ....လာကြ လက်ဆေးပေးမယ်...မုန့်အရင်လာစားနော်....ဝေဟင်လေးရေ...စတော်ဘယ်ရီလေးစားမယ်မလား...."
"ဟုတ်ကဲ့ ရှားမယ်...."
"ကဲ လာကြပါ..."
Rue....ကလေးတွေ အားလုံးကို ခေါ်ပြီး လက်သေချာဆေးပေးလိုက်တယ်...ပြီးတာနဲ့
ကိတ်မုန့်နဲ့ နွားနို့လေးတွေချပေးလိုက်တယ်...
"လိမ်လိမ်မာမာ စားကြနော်....ရန်မဖြစ်ကြနဲ့...."
{ဟုတ်ကဲ့.....!!!!}
ဝေဟင်လေး သူ့ရှေ့က စတော်ဘယ်ရီကိတ်ကို မြင်တာနဲ့ ပါးစပ်ထဲ ပလုပ်ပလောင်းထိုးထည့်ပြီး စားလိုက်တယ်.....သူက စတော်ဘယ်ရီ ကိတ်မုန့်ဆိုအရမ်းကြိုက်တာ...သူကိတ်မုန့်ပေါ်က စတော်ဘယ်ရီသီး အကြီးကြီးကို လက်နဲ့ ကိုင်ပြီးကိုက်စားလိုက်တယ်...
စတော်ဘယ်ရီသီးက ကြီးလွန်းလို့ သူ့ပါးစပ်နဲ့တောင်မဆံ့ပဲ သူ့ပါးလေးနှစ်ဖက်လုံးကအရင်ထက်ကို ပိုဖောင်းကားနေတယ်.....
ရှိုင်းသူ့ရှေ့က ပလုပ်ပလောင်းစားနေတဲ့ ကောင်ကိုကြည့်လို့မရပါ။ သူများအိမ်က ဟာကို သူ့အိမ်မှာစားသလိုစားနေပုံက တကယ်စိတ်ရှုပ်ဖို့ကောင်းတယ်.....အဲ့ကောင်ရဲ့ပါးတွေဆို ပေါက်ထွက်တော့မလိုပဲ ရုပ်ဆိုးကောင်....
ဝေဟင် စတော်ဘယ်ရီသီးလေးစားနေတုန်း သူ့ဘေးရောက်လာတဲ့ ရှိုင်းဆိုတဲ့ကောင်ကြောင့် မျက်ခုံးသေးသေးလေးတွေ တွန့်ချိုးသွားတယ်....
"ဘာရာရုပ်တာလဲ...နာ့ရဲ့နားကိုလာနဲ့ မင်းက ငါ့ကိုရုပ်မှာ......အားးးးးးးးအီးဟီး နာရယ်......"
"ရှိုင်းမလုပ်ရဘူးလေ လွှတ်လိုက်"
ထိပ်ထိပ် ရှိုင်းကို ဝေဟင်လေးရဲ့ပါးကိုမကိုက်တော့ဖို့ပြောပေမယ့် မလွှတ်တာကြောင့် ဖေဖေတို့ကိုပဲ အော်ခေါ်ဖို့ လုပ်လိုက်တယ်....
"ဖေဖေ!!!!!!!!ပါးပါး!!!!!!"
"ဟယ် ဘာဖြစ်တာလဲ.......ရှိုင်း ဝေဟင့်ကို လွှတ်လိုက်စမ်း....ဖေဖေပြောနေတယ်နော်"
သုတအော်လိုက်မှ ရှိုင်းက လွှတ်ပေးလိုက်တာကြောင့် သုတ ဝေဟင်လေးကို အမြန်ချီပြီး ကြည့်လိုက်တယ်...
"ဟယ်...ဝေဟင်လေးရယ်...."
"ဦးဦး....ကျားကျား နာတယ် အဟင့်....အီးဟီး....."
"ဘာဖြစ်တာလဲ သုတ...ဟယ် ဝေဟင်လေး ပါးမှာ သွားရာကြီး မငိုနဲ့တော့နော်...."
"ရှိုင်း ငါပြန်လာတာနဲ့မင်းနာမယ်မှတ်"
"Rue သူတို့ကို ကြည့်ထားလိုက်စမ်းပါ...ငါကလေးကို ဆေးခန်းသွားပြပြီး အိမ်ပြန်ပို့ပေးလိုက်မယ်...."
"အေးအေး...ငါကြည့်ထားလိုက်မယ်...."
______________
"ကျွန်တော်တကယ်တောင်းပန်ပါတယ်..."
"ရပါတယ် သုတရယ်..ကလေးချင်းဖြစ်တက်ပါတယ်..."
"မဟုတ်ပါဘူးအန်တီရယ်...ရှိုင်းက သက်သက်မဲ့ကို ရန်ရှာနေတာ..."
"မဟုတ်တာ ဟိုတစ်ခေါက်ကဆို ဝေဟင်က ရှိုင်းကို ဆံပင်ဆောင့်ဆွဲတာလေ...စိတ်ထဲထားမနေနဲ့...အန်တီလဲ စိတ်မဆိုးဘူး ဟုတ်ပြီလား..."
"ကျေးဇူးပါ အန်တီရယ်...ဒါနဲ့ ညီလေးလပြည့်ကိုမတွေ့ဘူးနော်..."
"အော်...မိစု ကလေးကိုခေါ်သွား ကလေးက အိပ်နေပြီနော် မနှိုးနဲ့..."
"ဟုတ်ကဲ့ သခင်မကြီး....."
"အနားမှာ လူရှိနေရင်ပြောလို့မကောင်းလို့ ပထုတ်လိုက်တာ..."
"ဗျာ....."
"လပြည့်လေးသနားပါတယ်...."
"ဘာဖြစ်လို့လဲ...."
"သူ့ကောင်လေးက သူ့ကို လိမ်သွားတာလေ...သူ့ကို လက်ထပ်မယ်ဆိုပြီး အတူနေပြီး ယာယီအမှတ်သားပေးတယ်လေ....နောက်ရက်လဲ ကြရော အခြားomega တစ်ယောက်ကို တစ်သက်တာ အမှတ်အသားပေးလိုက်တယ်တဲ့...ခုဆို လူကနလန်တောင်မထူနိုင်ဘူး....အိပ်ရာထဲပဲ တစ်နေကုန်လှဲနေတာ...."
"သနားပါတယ်နော်....အဲ့လိုကိစ္စတွေက ဖြစ်တက်တယ်...ဘာပဲဖြစ်ဖြစ် အကျင့်မကောင်းတဲ့ကောင်နဲ့ တစ်သက်လုံးမပေါင်းရတာပဲ ကံကောင်းတယ် မှတ်ရမှာပဲ..."
"အေးပေါ့လေ...အဲ့လိုပဲ တွေးရမှာပေါ့..."
အချို့သော Alpha တွေက Omega တွေအပေါ်ကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ချင်ကြတယ်.....လပြည့်ကအဲ့လို ကံမကောင်းတဲ့ Omega လေးတွေထဲက တစ်ယောက်ဖြစ်သွားတာပဲ...ဟွန်း ...စိတ်ဒဏ်ရာတော့ရသွားမှာပဲ.....
ကဲ Part 58 upလိုက်ပါပြီနော်။ ဖတ်ရှုပေးကြတဲ့ ဒါဒါတစ်ယောက်ချင်းဆီကို အထူးကျေးဇူးတင်ပါတယ်ရှင်။ ဒါဒါတို့ရဲ့ like နဲ့ comment တစ်ခုစီက သာသာ့အတွက်အားဆေးပါ။
______________________________________
Zawgyi
"ဟုတ်ကဲ့ ဦး"
"ဖေဖေ....."
"ဘာဖြစ်လို့လဲ သား....."
"တကယ်ရှိတာ............"
"ဟုတ်ကဲ့...."
"ဟုတ်ကဲ့...."
__________________
"ကဲရောက်ပါပြီ....."
"နာ့အတွက်ရော...."
"ဟွန့်!မင်းကလည်း....."
"တိုတို စားနော်...."
"ကျားကျား ရှော့မှာ...."
"ဒယ်ဒီ......"
"အဲ့တာကလေ...ဟို..."
"ငါ့သားငါမေးတာ...ဘလာ..ဘလာ.."
"သုတ!!!!!"
"သုတ.........ဘလာဘလာ...."
"ငါလုပ်လိုက်ရ...."
"ဒယ်ဒီရယ် မလုပ်ပါနဲ့..."
"အဲ့တာ မင်းကိစ္စလား..."
"ညကပင်ပန်းနေလို့လေ...."
"ဟုတ်ကဲ့မောင်...."
"သုတ ဦး သွားပြီ...."
"ဟုတ်ကဲ့ ဦး...."
"ဟုတ်ကဲ့..."
"ဝဏ္ဏမင်း လာလေ..."
"သူလိမ္မာသွားတာပါ..."
_________________
{ဟုတ်ကဲ့...တိုတို!!!!!}
"နှစ်ဖွဲ့ခွဲမယ်...."
{စုံ!စွမ်!စိ!!!!}
"ဟာ ရှိန်းထွက်သွားပြီ..."
"ဟာ......ရှိုင်း! ဖိုက်တင်း!!!!"
{စုံ!စွမ်!စိ!!!!}
"တိုတို....ထွက်သွားပြီ..."
{စုံ!စွမ်!စိ!!!!}
"မင်း....သုံးခါပြေးရမယ်...."
"ဟွန့်!!!!ပြေးမယ်....."
"ကလေးတို့ရေ ...."
"ဟာ တိုတို Rue...."
"ဟုတ်ကဲ့ ရှားမယ်...."
"ကဲ လာကြပါ..."
{ဟုတ်ကဲ့.....!!!!}
"ဖေဖေ!!!!!!!!ပါးပါး!!!!!!"
"ဟယ်...ဝေဟင်လေးရယ်...."
______________
"မဟုတ်ပါဘူးအမရယ်...ရှိုင်းက သက်သက်မဲ့ကို ရန်ရှာနေတာ..."
"ဟုတ်ကဲ့ သခင်မကြီး....."
"ဗျာ....."
"လပြည့်လေးသနားပါတယ်...."
"ဘာဖြစ်လို့လဲ...."