ကျတော့်ရဲ့ နဂါးကောင်လေး(MM tr...
By mizzle69
218K 39.2K 1.1K
ကျတော့ရဲ့ gongက အမြီးအကြီးကြီးနဲ့ နဂါးကြီး More
ဇာတ်လမ်း အကျဥ်း
chapter 1
chapter 2
chapter 3
chapter 4
chapter 5
chapter 6
chapter 7
chapter 8
chapter 9
chapter 10
chapter 11
chapter 12
chapter 13
chapter 14
chapter 15
chapter 16
chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28 ( Uni)
Chapter 28 (Zawgyi)
Chapter 29 (part 1)
Chapter 29 (Part 2)
Chapter 30 (Part 1)
Chapter 30 ( Part 2)
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 41
Chapter 42
Chapter 43
Chapter 44
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Request !! Please..🫶
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 72
Chapter 71
951 200 7
By mizzle69
ရေချိုးခန်းထဲကကိစ္စ တစ်ခန်းရပ်သွားပြီးနောက် ဖေ့ချန်က သူ့ကို ကုတင်ပေါ်ဆွဲခေါ်လာပြီး လူကို သူ့လက်မောင်းတွေကြားထည့်ကာ ပခုံးပြင်နှင့်လည်ပင်သားနေရာတစ်ဝိုက်ကို ညင်သာစွာ နမ်းရှိုက်နေတော့သည်။ ထို့နောက် ပလုံးပထွေးအသံနဲ့ မေးလာသည်။ " ထပ်လိုချင်သေးလား? "
နန်ဟွိုင်လင် တိုးလျသောအသံဖြင့်သာ " အမ် "ဟု မသဲမကွဲဆိုနိုင်တော့သည်။
တကယ်တော့ ပထမဆုံးနဂါးဥတွေကိုယ်ဝန်ဆောင်တုန်းကလည်း ဒီလို လိုချင်တဲ့ဆန္ဒတွေ သူ့ကို နှိပ်စက်နေပေမယ့် အဲ့တုန်းက ကံကောင်းချင်တော့ ရုပ်ရှင်နှစ်ကားကို ဆက်တိုက်ရိုက်ကူးလိုက်ရတာဆိုတော့ သူ့ရဲ့အားအင် တော်တော်များများက ကုန်ဆုံးသွားတာကြောင့် အရမ်းတော့ အခြေအနေမဆိုးခဲ့ပေ။
အခု ဒုတိယအကြိမ်ကိုယ်ဝန်ရှိလာပြန်တော့ သူ့ဘေးမှာ အခြားတစ်ယောက်ရှိနေတဲ့အတွက် ဆန္ဒတွေက ပိုပြီးတော့တောင် ပြင်းထန်လာပုံရ၏။ အစားကြီးတဲ့မြွေတစ်ကောင်လို ဘယ်တော့မှ မတင်းတိမ်နိုင်ဘဲ ထပ်ပြီးတော့သာ တောင်းဆိုနေမိသည်။
ဖေ့ချန်က ညင်သာစွာဝင်ရောက်လာပြီး ခေါင်းငုံ့ရင်း သူ့ရဲ့သေးငယ်တဲ့နို့တစ်ဖက်ကို ဆွဲစုပ်ကာ ဖြေးဖြေးချင်းလှုပ်ရှားနေသည်။ အခုနောက်ပိုင်း ဖေ့ချန်က အရမ်းတွက်ချက်ပြီး ပြင်းထန်တဲ့လှုပ်ရှားမှုတွေအသုံးမပြုဘဲ ​နှေးနှေးနဲ့ ချော့မြှူ၍သာ လုပ်လေ့ရှိသည်။ အစကတော့ ဒီလိုလုပ်တာ သူ့ကိုတော်တော်လေး နေရခက်စေပေမယ့် နောက်ပိုင်းမှာ တဖြေးဖြေးနဲ့ အဲ့ဒီအရသာကိုကြိုက်သွားပြီး မရပ်တန့်နိုင်တော့ပေ။
ကိစ္စတွေပြီးဆုံးသွားချိန်မှာ မနက်ခင်းတောင် ရောက်လုနီးပါး ရှိနေပြီဖြစ်သည်။
ဖေ့ချန်အရာက သူ့ထဲကနေ ထွက်ခွါမသွားပေ။ သူက နဂါးအနှစ်တွေအားလုံးကို သူ့အထဲမှာ ချန်ထားခဲ့ချင်တာကြောင့် ထွက်သွားမဲ့လမ်းကို ပိတ်ဆို့ထားချင်တာဖြစ်သည်။ ဖေ့ချန်က သူ့ကို နောက်ကနေဖက်ထားပြီး ချွေးအနဲငယ်နဲ့စိုစွတ်နေတဲ့ လည်ပင်းသားလေးကို နမ်းရှိုက်လာရင်း နူးညံ့စွာမေးလာသည်။ " ဘေဘီ ရေသောက်ချင်လား? "
သူ ခပ်ဖွဖွသာ ခေါင်းညိမ့်ပြလိုက်သည်။
ဖေ့ချန် ကုတင်ဘေးက ရေခွက်ကို လှမ်းယူကာ နှစ်ငုံသောက်လိုက်ပြီးနောက် တစ်ငုံကိုပါးစပ်ဖြင့်သယ်ကာ ဘေးနားက ပေါက်စကို တိုက်လိုက်၏။ ထိုကဲ့သို့ နှစ်ခါလောက်ပြုလုပ်ပြီးသည့်နောက်တွင် ရေခွက်ကိုပြန်ထားကာ မီးပိတ်လိုက်ပြီး ထိုလူသားလေးကို သူ့လက်တွေကြားမှာ ကျေနပ်အားရစွာ ထွေးပွေ့ထားရင်း ခပ်တိုးတိုးအသံပြုလိုက်သည်။ " အိပ်တော့...ဂွတ်နိုက် "
နန်ဟွိုင်လင်က အနည်းငယ် အိပ်ပျော်နေပြီဖြစ်ကာ " ဂွတ်နိုက်..."ဟု ဝိုးတဝါးတုန့်ပြန်လာပြီး ခေါင်းအုံးပေါ်က လက်ချောင်းလေးတွေ အနည်းငယ် လှုပ်ရှားသွား၏။
နောက်နေ့မနက်စောစောတွင် သူ ဖေ့ချန်ထက်ပိုစောစွာ နိုးလာခဲ့သည်။
နဂါးအနှစ်တွေကြောင့်လားတော့မပြောတက်ဘူး...ပင်ပန်းမှုတွေ မရှိတဲ့အပြင် အားတွေပါပြည့်နေသလို ခံစားရ၏။ ထဖို့ အနည်းငယ်လှုပ်ရှားလိုက်ရာ မနေ့ညက မအိပ်ခင်ဆက်သွယ်ထားတဲ့အရာက အရင်အတိုင်း ရှိနေဆဲဖြစ်ပြီး ရုတ်တရက်ကြီး တောင့်တင်းလာတာကို ခံစားလိုက်ရသည်။ ထိုအရာကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံးကလည်း စတင်ပြီး ပူလောင်လာသည်။
နန်ဟွိုင်လင် သွားကိုက်လိုက်မိပြီး ကြိုးစားကာအရှေ့ကိုအနည်းငယ်ရွေ့ကြည့်လိုက်တော့ ခါးမှာဖက်တွယ်းတဲ့ ဖေ့ချန်လက်တွေက ရုတ်တရက် တင်းကြပ်သွားတာကြောင့် နန္ဓာကိုယ်နှစ်ခုက ပို၍နီးကပ်စွာ ဆက်နွယ်သွားကြသည်။
ဖေ့ချန်က သူ့ခါးကို ပင့်မြောက်လိုက်တာကြောင့် နန်ဟွိုင်လင် ညီးလိုက်မိပြီး ထို့လူ့လက်မောင်းကိုဆွဲကာ ကွဲအက်နေတဲ့အသံနဲ့ အော်ရတော့သည်။ " မ...မလှုပ်နဲ့! "
ဖေ့ချန်က လှုပ်ရှားနေတာကို ရပ်တန့်လိုက်ပြီး သူ့မျက်နှာနဲ့ နန်ဟွိုင်လင်ရဲ့ လည်ပင်းကြားထဲထိ ပွတ်သတ်ရင်း အနည်းအက်ရှရှဖြစ်နေသောအသံဖြင့် ဆိုလာသည်။ " ကောင်းကောင်းအိပ်ပျော်လား? "
" အရမ်းကောင်းတယ်...အိပ်မက်တောင်မမက်ဘူး "
" ကိုယ်က မက်တယ်...အိပ်မက်ထဲမှာ....."
" မပြောနဲ့ " နန်ဟွိုင်လင် ကြားဖြတ်ပြောလိုက်ပြီး " မနက်ခင်းစောစော အိပ်မက်အကြောင်းပြန်ပြောရင် ကံဆိုးတက်တယ် "
" ဟုတ်လား " ဖေ့ချန်က တခစ်ခစ်ရယ်နေပြီး " ကိုယ် အဲ့အကြောင်း မကြားဖူးပါလား "
" ကျတော် ငယ်ငယ်က မေမေပြောပြတာ။ အဲ့တည်းက မှတ်မိနေတာ "
" ကိုယ်တို့အမေအကြောင်းပြောမှ နှစ်ဖက်မိဘတွေ ညစာအတူတူ စားသင့်တယ်လို့ မင်းပြောခဲ့တယ်မလား? ကိုယ့်အကိုကို ပြောပြတော့ သူက ဘယ်ချိန်ချိန်ဖြစ်ဖြစ် ရတယ်တဲ့။ အဲ့တော့ မင်း USသွားပြီး ရုပ်ရှင်မရိုက်ခင် ပြီးအောင်လုပ်ခဲ့လိုက် "
" ခင်ဗျားမပြောခင်ထိ ကျတော်အဲ့အကြောင်းကို မေ့နေတာ...မေမေ့ကို ဒီနေ့ပဲ ဖုန်းခေါ်ပြီး ပေကျင်းကိုဘယ်တော့လာမလဲ မေးလိုက်မယ် "
" ဘာလို့ ပါးနဲ့မားကို ပေကျင်းမှာ မနေခိုင်းတာလဲ။ တုံဖန်းအိမ်ယာက ဘယ်လိုပဲဆိုဆို လွတ်နေတာပဲဟာ..ပါးနဲ့မားကို အဲ့မှာဟနေခိုင်းလိုက်လေ "
နန်ဟွိုင်လင် ထိုအကြောင်းကိုတွေးကြည့်လိုက်သည်။ " အဲ့လိုမရလောက်ဘူး။ သူတို့ နေသားကျမှာ မဟုတ်ဘူး။ ပြီးတော့ နဂါးပေါက်လေးတွေရဲ့ဖြစ်တည်မှုကို သိသွားရင် အခုချိန်မှာ ကောင်းမယ်မထင်ဘူး။ နောက်ထပ် မီးဖွားချိန်ကလည်း နီးလာပြီဆိုတော့ ကျတော်တို့ ရေအောက်မြို့တော်မှာ သွားနေရင် သူတို့ပဲ ကျန်နေခဲ့မှာ "
ဖေ့ချန်က ခေါင်းညိမ့်ကာ ချိုသာစွာဆိုလာသည်။ " မိန်းမက တွေးတက်လိုက်တာကွာ "
နန်ဟွိုင်လင် ကုတင်ပေါ်က လျှပ်စစ်နာရီကို မော့ကြည့်လိုက်သည်။ " ၇နာရီထိုးတော့မှာပဲ။ နဂါးပေါက်လေးတွေ နိုးတော့မှာ။ ကျတော်တို့လည်း ထရအောင် "
ဖေ့ချန်လက်တွေက သူ့ကိုသိုင်းဖက်ကာ အနည်းငယ်ထပ်၍ တိုးဝင်လာသည်။ " နဲနဲလောက် မနက်ခင်းလေ့ကျင့်ခန်း အရင်လုပ်ရအောင် "
" ရပ် " သူ ဖေ့ချန်ခါးကို လက်နဲ့နောက်ပြန်တွန်းထားရသည်။ " ခင်ဗျား တစ်နာရီလောက် တွန်းလိုက်လှန်လိုက်လုပ်တာတောင် မလုံလောက်တဲ့ဟာ...ပြီးရင် နဂါးပေါက်နှစ်က နိုးတာနဲ့ တန်းပြီးနို့လာတောင်းတော့မဲ့ဟာကို "
" တံခါးပိတ်ထားတယ်။ သူ မဝင်နိုင်ဘူး " ဖေ့ချန်က သူ့လက်ကိုဆွဲယူကာ လက်ချောင်းချင်းသွယ်ယှက်လိုက်သည်။ " မနက်ခင်းဆို ပိုပြီးအထိမခံဘူး...ကိုယ် မြန်မြန်ပြီးမှာ "
နန်ဟွိုင်လင် လျှပ်စစ်နာရီကို ပြန်ကြည့်လိုက်သည်။ " အဲ့တာဆိုလည်း...မြန်မြန်လုပ် "
ဖေ့ချန် နှစ်ခါလောက် ရယ်မောမိလိုက်ကာ ညင်သာလွန်းသော မနက်ခင်းလေ့ကျင့်ခန်းလေးကို စတင်လိုက်တော့သည်။
မိနစ်အနည်းကြာပြီးနောက် တံခါးဆီမှ " ဘန်း" ဆိုတဲ့မြည်သံလေး ရုတ်တရက် ထွက်ပေါ်လာ၏။
တံခါးခေါက်နေတာ မဟုတ်ဘဲ ဘန်းဆိုပြီး တစ်ခါချင်းတစ်ခါ မတိုးမကျယ် ထုနေတာဖြစ်သည်။
" ဟမ်နီ " နန်ဟွိုင်လင်ကိုယ်က တောင့်တင်းသွား၏။ " နဂါးပေါက်နှစ်က တံခါးကို ထုနေတာလား "
ဖေ့ချန်က ညီးသံတိုးတိုးသာပေးလာပြီး ပုံစံတောင် ပြတ်မသွားပေ။
" သွား..တံခါးဖွင့်ချေ " သူ အနည်းငယ် စိုးရိမ်နေပြီဖြစ်သည်။ " ထပ်မတိုက်စေတော့နဲ့ "
ဖေ့ချန် သူ့အရာကို ထုတ်ဖို့အားပေးရုံသာ တက်နိုင်ပြီး ဘောင်းဘီကောက်ဝတ်ကာ တံခါးသွားဖွင့်ရတော့သည်။
တံခါးဖွင့်လိုက်ချင်းမှာပဲ အပြင်ကထုနေတဲ့ နဂါးပေါက်နှစ်က ဖေ့ချန်ရင်ဘက်ဆီ ပြေးတိုက်သွားတော့သည်။ ဖေ့ချန်က သူ့သားကိုဆွဲဖမ်းကာ တံခါးကို ကန်ပိတ်ရင်း ကုတင်ဆီ သယ်ဆောင်လာ၏။
နန်ဟွိုင်လင် ထထိုင်ကာ စောင်ကို ခါးထိဆွဲလိုက်ပြီး အရသာရှိတဲ့အရင်းအမြစ်ကို စိတ်အားထိက်သန်စွာ ရှာဖွေနေတဲ့ နဂါးပေါက်နှစ်ကို လှမ်းယူ၍ ပွေ့ထားလိုက်သည်။
ဖေ့ချန် ဘေးနားမှာ ဝင်ထိုင်ကာ သူ့သားရဲ့အမြှီးကိုဆွဲရင်း စိတ်ပျက်လက်ပျက်နဲ့ ကြည့်နေမိသည်။ ဒီကောင့်ကို တစ်ချက်လောက် ရိုက်ပစ်ချင်လိုက်တာ...
နန်ဟွိုင်လင် သူ့ရဲ့ အားနေတဲ့လက်တစ်ဖက်ကို ဖွင့်ထားလိုက်ရင်း " နဂါးပေါက်နှစ်ကိုပဲ နို့တိုက်နေတာ မကောင်းဘူးမလား...ဒါပေမယ့် နို့ထွက်တာကလည်း အရမ်းနည်းတော့ နှစ်ယောက်လောက်ဆိုရင် ရသေးပေမယ့် လေးယောက်လုံးတော့ မဖြစ်နိုင်ဘူး...အဲ့တာ ဘယ်လိုလုပ်ရမလဲ "
" သူတို့က မင်းနို့စို့ရင် သေချာပေါက် နို့မှုန့်သောက်မှာမဟုတ်တော့ဘူး...အဲ့တာကြောင့် အခုလောလောဆယ်တော့ နဂါးပေါက်နှစ်ကိုပဲ တိုက်လိုက်။ ပြီးမှ နဂါးပေါက်ငါး ဥပေါက်လာရင် သူ့ကို တိုက်မယ် "
" ကျတော် နဂါးပေါက်တစ် သုံး လေးအတွက် နည်းနည်းစိတ်မကောင်းဖြစ်မိတယ် "
" ဘာဆိုင်လို့လဲ မင်းက ငတုံးလေးလား " ဖေ့ချန်က ပြုံးရင်းဆိုလာ၏။ " သူတို့ နို့မှုန့်သောက်ရတယ်လေ။ မင်း နို့မစို့ပေမယ့် အသက်ရှင်နေတုန်းပဲကို "
" သွား...တခြားနဂါးပေါက်တွေ ဘာလုပ်နေလဲ သွားကြည့်ချေ "
" အင်း " ဖေ့ချန်က ပြန်ဖြေပြီး အဝတ်ဝတ်ကာ ထွက်သွားတော့သည်။
နဂါးပေါက်နှစ်က ဆယ်မိနစ်လောက် နို့သောက်ပြီးနောက် ရပ်သွားကာ အပြင်သွားမဆော့ပဲ သူ့နားသာ တွယ်ကပ်နေသည်။
သူက နန်ဟွိုင်လင် အဝတ်ဝတ်တာကိုလည်း လိုက်ကြည့်နေ၏။ မျက်နှာသွားသစ်တော့လည်း သူ့ပခုံးပေါ် ခိုင်မြဲစွာရပ်ရင်း ကြည့်နေပြန်သည်။
သူ သွားတိုက်ရင်း မှန်ထဲကနေတဆင့် နဂါးပေါက်နှစ်ကို ကြည့်လိုက်တော့ ဒီရက်ပိုင်းအတွင်းမှာ နည်းနည်းပိုဝလာကို ခံစားလိုက်ရသည်။
ထို့နောက် နဂါးပေါက်နှစ်က မှန်ထဲက သူ့ပုံသူပြန်ကြည့်နေပြန်သည်။
သူ ခေါင်းစောင်းလိုက်တော့ မှန်ထဲကနဂါးလေးကလည်း လိုက်စောင်းလာသည်။
အတောင်ခက်ကြည့်တော့လည်း မှန်ထဲက နဂါးလေးက လိုက်ခက်ပြန်သည်။ အမြှီးလှုပ်ကြည့်တော့လည်း မှန်ထဲက နဂါးလေးက လှုပ်လာပြန်သည်။ မလှုပ်ဘဲ ငြိမ်နေတော့လည်း မှန်ထဲကနဂါးလေးကပါ လှုပ်ရှားမလာတော့ပေ။
နန်ဟွိုင်လင် နဲနဲရယ်စရာကောင်းတယ်လို့ တွေးလိုက်မိရင်း သူ့ရဲ့ပြေပစ်တဲ့မျက်ခုံးတစ်စုံနဲ့ ဒီတိုင်းလေး ကြည့်နေလိုက်သည်။
ရုတ်တရက် နဂါးပေါက်နှစ်က အတောင်ခက်ကာ ရှေ့ကမှန်ဆီသို့ တန်းပြီးပျံသန်းသွားတော့သည်။
" ဟေး! " နန်ဟွိုင်လင် ထိတ်လန့်သွားပြီး အမြန်လှမ်းဆွဲလိုက်ပေမယ့် မမှီတော့ဘဲ နဂါးပေါက်နှစ်ရဲ့ မှန်နဲ့တိုက်မိသံကိုကြားလိုက်ရကာ တစ်ဆက်တည်းမှာပဲ သူ့သားက ဘေစင်ထဲကို လျှောကျသွားတော့သည်။
နဂါးပေါက်နှစ်ကို သူ့လက်နှစ်ဖက်ဖြင့် အမြန်လှမ်းပွေ့လိုက်ရင်း ရီလည်းရီချင်နေပြီး စိတ်လည်းမကောင်းပေ။ သူ သေချာစစ်ကြည့်လိုက်တော့ သူ့သားရဲ့ ဘယ်ဘက်ဦးချိုက အနည်းငယ် စောင်းလို့နေ၏။
နန်ဟွိုင်လင် ရှော့ရသွားပြီး သူ့လက်ထဲမှာ အော်ငိုနေတဲ့ နဂါးပေါက်နှစ်နဲ့အတူ ဖေ့ချန်ဆီ ပြေးရတော့သည်။
ဖေ့ချန်က အိပ်ခန်းထဲမှာ စောင်ခေါက်နေပြီး နဂါးပေါက်နှစ်ကို ခနကြည့်ပေးလာ၏။ " အဆင်ပြေတယ်...နှစ်ရက်လောက်နေရင် ပျောက်သွားမှာ " ဖေ့ချန်က နဂါးပေါက်နှစ်ရဲ့ ညာဖက်ဦးချိုကို မေးငေါ့ပြရင်း ပြုံးကာဆိုလာသည်။ " အသေးလေး...မင်းက တကယ်ကို မျက်နှာနှစ်ဖက်ရှိတာပဲ...နဂါးနှစ်လို့ခေါ်ခံရတာ အံ့သြစရာတော့ မရှိပါဘူး "
နန်ဟွိုင်လင် သူ့သားဖက်ကနေ၍ တိုက်ခိုက်လိုက်သည်။ " ခင်ဗျားငယ်ငယ်က သူ့ထက်တောင် ပိုဆိုးဦးမဲ့ဟာကို "
ဖေ့ချန် မျက်ရည်ကျချင်သွားရ၏။ " မင်းယောက်ျားကို ဘယ်လိုတောင်ပြောရဲနေတာလဲ? "
သူ ရယ်ရင်း ဖေ့ချန်ကို ခြေဖျားထောက်ကာ နမ်းလိုက်မိသည်။ " ကလေးတွေနဲ့ဆော့လိုက်ဦး...ကျတော်က လန်(လန်စီလော့) မနက်စာလုပ်တာ သွားကူပေးလိုက်ဦးမယ် "
သူ အောက်ထပ်ကို ဆင်းသွားပြီးနောက် အရင်ဆုံး လန်စီလော့အခန်းထဲဝင်ကာ နဂါးဥလေးကို သွားကြည့်လိုက်သည်။ ဥလေးက သေးငယ်နေဆဲဖြစ်ပြီး ချောမွေ့လုံးဝန်းနေကာ အက်ကွဲမဲ့ အရိပ်အယောင်မရှိပေ။ သူ မတက်သာတော့ပဲ ဖေ့ကျန်းခေါ်ကို ခေါ်ကာ တစ်ချက်လောက် လာကြည့်စေချင်သည်။
နန်ဟွိုင်လင် ဧည့်ခန်းကို ဖြတ်သွားတဲ့အချိန်မှာ နဂါးပေါက်တစ်က သူ့ညီအကိုတွေကို ထပ်ပြီး အနိုင်ကျင့်နေပြန်၏။ သူ ထိုရန်ပွဲကို ပြေလည်အောင် ဖြေရှင်းပေးလိုက်ရင်း မီးဖိုခန်းထဲကို ဝင်လာလိုက်သည်။
" ဂွတ်မောနင်း " နန်ဟွိုင်လင် ပြုံးကာ နှုတ်ဆက်လိုက်သည်။
" မောနင်းပါ "
" ဘာတွေ ချက်နေတာလဲ "
" ရေညှိနဲ့ခုံးကောင်စွပ်ပြုတ်ရယ် မွှေကြော်နှစ်မျိုးလောက်ရယ် လုပ်ရင်ရော? ဝက်သားမွှေကြော်နဲ့ ဂေါ်ဖီထုပ်တောက်တောက်ကြော် စားချင်လား "
" မင်းချက်တာမှန်သမျှ အရမ်းစားကောင်းတယ် " နန်ဟွိုင်လင် ခုံးကောင်ကို ဆေးကြောသန့်စင်ရင်း ဝင်ကူညီလိုက်သည်။
လန်စီလော့က အသီးအရွက်တွေကို ဓားနဲ့ဖြတ်တောက်နေကာ သာမန်ခေါင်းစဥ်တစ်ခုကိုပြောနေသလို မေးမြန်းလာသည်။ " လောရန့်ရော ဘယ်လိုလဲ "
" မင်းလည်း လောရန့်ကို သိတာပဲလား " နန်ဟွိုင်လင် မော့ကြည့်လိုက်မိသည်။
လန်စီလော့က ပြုံးကာ " ငါ သူ့နဲ့နေခဲ့ကာ တစ်နှစ်တော့မပြည့်ပေမယ့် လမ်းခွဲပြီးနောက်ပိုင်း သူ့အကြောင်း မကြားမိလို့ "
နန်ဟွိုင်လင် ခေါင်းညိမ့်လိုက်မိကာ ခနအကြာမှ " သူ အဆင်ပြေတဲ့ပုံပါပဲ "
လန်စီလော့ဆီမှ စကားသံ ခနတော့ တိတ်ဆိတ်သွား၏။ "...ကောင်းပါတယ် "
နံနက်စာစားပြီးနောက် ဖေ့ချန်က ဝတ်စုံအပြည့်နဲ့ အလုပ်သွားဖို့ ထွက်လာသည်။
ဖေ့ချန်ကို တံခါးဝထိ လမ်းလျှောက်ရင်း လိုက်ပို့တော့ သူကို သတိပေးလာ၏။ " ဟိုလေ...ညနေကြရင် 'မင်းရှိ'ရဲ့ ဆယ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားရှိတယ်နော်။ နာမည်ကြီး ဒါတာရိုက်တာတွေ စာရေးဆရာတွေ သရုပ်ဆောင်တွေ အများကြီးလာမှာ "
နန်ဟွိုင်လင် တကယ်တော့ ထိုသို့သော ကော့တေးပါတီတွေ စားသောက်ပွဲတွေကို မတက်ချင်ပေ။ သူက လူတွေနဲ့ သိပ်မရောတက်ဘဲ သူစိမ်းတွေနဲ့ဆို စကားပြောလည်း အတော်နည်းတာကြောင့် အဲ့လိုပွဲတွေက သူ့နဲ့ သိပ်မကိုက်ကြောင်း ကြိုခံစားမိနေ၏။
ဖေ့ချန်က ထပ်ပြောလာသည်။ " ဘာပဲဖြစ်ဖြစ် အိမ်နေလည်း ဒီတိုင်းအချိန်ကုန်နေတာဆိုတော့ ကိုယ်ရှိတဲ့ကုမ္ပဏီကို လိုက်ခဲ့နော် "
" ဘယ်မှာလုပ်မှာလဲ...ဘယ်ချိန်စမှာလဲ "
" ရှစ်ခွဲ အရှေ့တိုင်းဂရန်းဟိုက်ဟိုတယ်...ကိုယ်တို့ အိမ်နားလေးတင်ပဲ "
နဂါးပေါက်လေးတွေက ၇နာရီအိပ်ကြမှာဆိုတော့ သူသွားလို့ဖြစ်တာကြောင့် ဖေ့ချန်ကို ခေါင်းညိမ့်ပြလိုက်သည်။ " သိပြီ...လာခဲ့မယ် "
ဖေ့ချန်က သူ့ကို ငုံ့ကြည့်ကာ အနမ်းပေးလာသည်။ " ယောက်ျား အလုပ်သွားပြီ "
နန်ဟွိုင်လင် ပြုံးလိုက်မိသည်။ " ဖြေးဖြေးမောင်းသွား "
ထို့နောက် သူ အိမ်ထဲပြန်ဝင်လာပြီး မေမေ့ဆီ ဖုန်းခေါ်လိုက်သည်။
" မေ...ဖေနှင့်မေ နောက်နှစ်ရက်လောက်နေရင် ပေကျင်းကို လာခဲ့ပါလား...ဖေ့ချန်အကိုနဲ့တွေ့ပြီး ညစာစားရအောင်လေ...ပြီးရင် ကျတော်လည်း အခုရက်ပိုင်း အားနေတာဆိုတော့ ရက်နည်းနည်းလောက် မေတို့ကို ဟိုနားဒီနားလိုက်ပို့မယ် "
" အိုကေ...ဘဘက်ခါပေါ့ ငါ မင်းအဖေနဲ့အတူ အဆင်သင့် ပြင်ဆင်ထားလိုက်မယ် "
" ဘာပြင်ဆင်စရာရှိသေးလို့လဲ? ဒီတိုင်းသာ လာခဲ့...ကျတော် အမြန်ရထားလက်မှတ် ဝယ်ပေးထားမယ် "
" မင်း ဘာသိလို့လဲ " ကန်းရှောင်ရုံက ဆိုလာသည်။ " အကိုတွေဆိုတာ အဖေတွေလိုပဲ။ သူတို့ကလည်း ခမည်းခမက်တွေပဲ။ ပထမဆုံးတွေ့တဲ့အချိန်မှာတော့ လက်ဗလာနဲ့ မတွေ့နိုင်ဘူး"
" မေတို့ ပေကျင်းရောက်တဲ့အချိန်ကြရင် ကြိုက်တာဝယ်ဖို့ အကုန်လိုက်ပို့မယ်လေ...အဲ့တာမှ မေတို့ လမ်းမှာ အလေးတွေ မသယ်ခဲ့ရမှာ "
" အဲ့တာကြောင့်နဲ့ စိုးရိမ်မနေနဲ့...မင်းအဖေနဲ့ငါ ကြည့်လုပ်နိုင်တယ် "
ထို့သို့ဖြင့် ဖုန်းချလိုက်ရပြီးနောက် ဒီနေ့ လေ့ကျင့်ခန်းအချို့ လုပ်ဖို့လိုတယ်လို့ နန်ဟွိုင်လင် ခံစားလိုက်၏။
သို့နှင့် သူ နဂါးပေါက်တွေအကုန်လုံးကို ဆွဲယူလာလိုက်သည်။
" လာကြ...နဂါးပေါက် တစ်နှစ်သုံးလေးရေ...ပါးက မင်းတို့ကို ရေကန်ထဲ ကစားရအောင် ခေါ်သွားမယ် "
___________
9. 3. 2024 (Sat)
TN/ ဒီနေ့ အားနေလို့ အမြန်ရေးပေးလိုက်ပါတယ်....upတွေ အရမ်းကြာနေတဲ့အတွက်လည်း readerတွေအပေါ် တကယ်အားနားမိပါတယ်...Mizzle အလုပ်တွေနဲ့ သိပ်မအားလို့ပါ...upတွေ မြန်ဖို့ တက်နိုင်သလောက်ကြိုးစားနေပါ့မယ်
Btw, ဒီအပိုင်းကို Warningပေးသင့်လားတော့ မသိပေမယ့် မပေးတော့ပါဘူးနော်...သိပ်မဆိုးဘူးထင်လို့ hehe
🦊🦊🦊🦊🦊
Zawgyi