အပိုင်း- 19
Be My Bride 🌿🌤 ချိုချိုချဉ်ချဉ် ကိုကို့ရင်ခွင်
ခွန်းစစ်တို့အိမ်၏ မနက်ခင်းထမင်းဝိုင်းလေးတွင် ညီညီနှင့်ခွန်းစစ်သာထိုင်နေကြသည်။
"ညီညီ ဒီနေ့ကိုကိုကျောင်းလိုက်ပို့မယ်နော်"
"ကိုကိုတဂယ်လား"
"တဂယ်ပေါ့ညီညီရ ကိုကိုအလုပ်သွားရင်းနဲ့တစ်ခါထဲဝင်ပို့ပေးမယ် "
"ဟုတ်"
ကျောင်းဝတ်စုံလေးနှင့် ညီညီကပျော်သွားကာ ပြုံးပြလေတော့သည်။ ညီညီက ခွန်းစစ်ကိုခင်တွယ်ပေမယ့်လဲ ခွန်းစစ်ကသာ ညီညီ့ကိုပြစ်ထားမိသလို ဖြစ်နေရသည်မို့ အားနာရသည်။ ကျောင်းသွားတတ်တော့ရော ယခုပြန်ရောက်တော့ ပူတင်းလေးနဲ့လျှောက်လည်တာတွေရောကိုပြန်ကြည့်ရလျှင် ညီညီကိုလုံးလုံးလျားလျားမေ့နေခဲ့သည်မဟုတ်လား။ တွေးကြည့်မှ သနားစိတ်ဝင်လာရသည့်ညီညီ့ကို နောက်ရက်တွေတော့ အချိန်ပေးအုံးမှပါလေ။
"ဟ... ဒယ်ဒီ့သားတွေရောက်နေကြပြီပဲ"
"ဒယ်ဒီကနောက်ကျနေတာ သားတောင်ကျောင်းသွားဖို့ပြင်ပြီးပြီကြည့်"
"ဟုတ်ပါ့ကွာ ဒယ်ဒီညကအိပ်ယာဝင်တာနောက်ကျသွားလို့သားငယ်ရာ"
ထမင်းစားဝိုင်းတွင်ဝင်ထိုင်သည့်ဒယ်ဒီ့က မျက်နှာကသိပ်မလန်းပေ။
"ဒယ်ဒီနေကောင်းရဲ့လား"
"ညကသားဒယ်ဒီ သွေးတိုးစာစားလိုက်တယ်လေ ပြီးတော့အလုပ်လဲအခန်းယူလုပ်သေးတာ အဲ့တာပိပြီးသွေးတိုးတယ်ထင်တယ်သား"
မေမေက ဒယ်ဒီ့ဘေးသို့ဆေးနှင့်ရေခွက်ကိုချပေး၍ ပြောလာလေသည်။
"ကိုကြီးထမင်းစားပြီးဆေးသောက်ရမယ်နော်"
"အွန်းအွန်းငယ်.."
မေမေနှင့်ဒယ်ဒီက ယနေ့ထိချစ်ကြမြဲ တစ်ဦးကိုတစ်ဦးလေးစားကြမြဲကို ခွန်းစစ်နှင့်ညီညီမျက်ဝါးထင်ထင်ပင်ဖြစ်လေသည်။ မိန်းမနှင့်သားတွေအပေါ် အချစ်တွေရော လိုအင်တွေရောဖြည့်ဆည်းပေးတတ်သည့်ဒယ်ဒီနှင့် မေမေ့လိုအိမ်ထောင်ရှင်မကောင်းပီသသည့်မေမေ့ကို ပိုင်ဆိုင်ရ၍ ကံကောင်းသည်ထက်ကို ပိုပါသည်။
"သားဒီနေ့ Center ကိုတစ်ယောက်ထဲသွားလို့ရလား"
"ဟုတ် ရတယ်ဒယ်ဒီ "
"အေးကွာ ဒယ်ဒီအခြေနေမကောင်းလောက်ဘူး ဒါပြီးဒယ်ဒီနားချင်သေးလို့သားရာ "
"ရပါတယ်ဒယ်ဒီရဲ့ Center ကိစ္စပူမနေနဲ့ အကုန်သားကြည့်ကျပ်လုပ်လိုက်မယ် တံခွန်လဲဒီနေ့စဆင်းမှာဆိုတော့ သားအဆင်ပြေပါတယ် "6
"သားဒယ်ဒီကလေ အခုတလောကျန်းမာရေးကသိပ်မကောင်းဘူးသားရဲ့ မေမေတော့ဖြစ်နိုင်ရင်သားကိုပဲဦးစီးစေချင်နေပြီ ဒါမှသားဒယ်ဒီနားလို့ရမှာ"
"စိတ်ချပါမေမေရဲ့ အခုတစ်လကသားအတွက်အစမ်းဆိုပေမယ့် နောက်လဆိုသားတရားဝင်လွှဲပြောင်းယူမှာပါ အခုကစပြီး ဒယ်ဒီအေးဆေးနားလို့ရပြီမေမေမပူနဲ့တော့"
သားလေးက လိမ္မာလိုက်တာဟုထုတ်မပြောပေမယ့် သားကိုဂုဏ်ယူသည့်အကြည့်နှင့် ဖြူငယ်ပြုံးပြလိုက်သည်။ သားကလဲသဘောပေါက်သွားသည့်အလားပင် ခေါင်းလေးငြိမ့်ပြလေသည်။ သားက ဖြူငယ်နှင့်ကိုကြီး၏လက်ထဲ၌ ကြီးပြင်းခဲ့သည့်သားလေးမို့လားမသိ လိမ္မာလိုက်တာလေ။
"ဖေဖေ့..."
"ဝေ့ "
"မီးမီးကိုဒီနေ့လိုက်ပို့"
"သမီးကိုကိုလိုက်မပို့တော့ဘူးလား"
အရင်နေ့တွေက ဖအေကိုလိုက်ပို့ဖို့တစ်ခွန်းမှလာမပြောသည့်သမီးကို ဥဿာတမင်မေးလိုက်သည်။ သမီးက ဒီရက်တွေသူ့ကိုနဲနဲမေ့နေခဲ့တယ်မလား။
"အွန်း ကိုကိုကဒီနေ့အလုပ်စဝင်မှာတဲ့ အဲ့တာနောက်နေ့မှလိုက်ပို့မလို့တဲ့"
"ဟုတ်လား"
ဖေဖေက ခမ်းလေးကိုမကြည့်ပဲ စာရွက်တွေပဲလှမ်ကာပြောလာလေသည်ကြောင့် စားပွဲတစ်ဖက်တွင်ရပ်နေရာမှ ဖေဖေ့အနားသို့သွားရပ်လိုက်တော့သည်။
"ဖေဖေက မီးမီးကိုလိုက်မပို့ချင်ဘူးလား"
"ဖေဖေမအားသေးလို့သမီးရ"
"ဖေဖေတဂယ်ကြီးလား"
"မီးမီးကိုအားလုံးက ပစ်ထားကြတယ် ဖေဖေရော ဦးဦးလေးရော ဦးဦးရော .."
သမီးအပြောကြောင့် ဥဿာမကြည့်မိပေမယ့်လဲ သမီးငိုတော့မယ်မှန်းသိလိုက်သည်။ သမီးကတော့လေ စလို့တောင်မရတော့ပါလားကွ။
"သမီး"
"ဦးဦးလေးတို့က ဒီကိုတစ်ခါလေးတောင်လာမလည်ကြဘူး မီးမီးရောက်တာတစ်လပြည့်တော့မယ် မီးမီးကလွမ်းနေတာကို ဖေဖေကလဲ မီးမီးကိုဂရုမစိုက်တော့ဘူး "
"ဖေဖေကစလိုက်တာသမီးရ"
ဥဿာဘေးရပ်ကာ ငိုမဲ့မဲ့ဖြစ်နေသည့်သမီးကို ဥဿာထိုင်ခုံပေါ်ထိုင်ခိုင်း၍ ဥဿာမှာချော့ဖို့ဟန်ပြင်နေရတော့သည်။
"မီးမီးကအထီးကျန်နေရတာ ဒီမှာက ကိုကို့ဆီကလွဲပြီးသွားစရာနေရာလဲမရှိဘူး ပျော်စရာနေရာလဲမရှိဘူး ဖေဖေကလဲဂရုမစိုက်တော့ဘူး"
"ဖေဖေကသမီးကိုဂရုစိုက်တာပေါ့ကွ ဖေဖေကစတာလေ ဖေဖေ့သမီးလေးကဒီရက်တွေသားခွန်းစစ်နဲ့သွားနေတော့ ဖေဖေကစတာလေ""
"အွန်း ဖေဖေကစတာဆိုရပါတယ် အခုကဦးဦးလေးတို့ကမီးမီးကိုပစ်ထားကြတယ် ဟင့်.. ဦးဦးလေးတို့ကမိန်းမရသွားတော့မီးမီးကိုမချစ်တော့ဘူး အီး.. ဖေဖေ ဦးဦးတို့က မချစ်တော့ဘူး"
ဟော စလိုက်သူကိုကျေအေးပေးပြီး နေပြည်တော်တွင်ကျန်ခဲ့သည့်ဦးလေးနှစ်ယောက်ကိုစိတ်ကောက်ကာ ငိုနေသည့်သမီးကိုဥဿာချော့ရသည်။ ဘာလို့ငိုတာလဲမေးတော့ မီးမီးကဦးဦးတွေကို လွမ်းလို့ငိုတာဟုဖြေလေသည်။ သမီးကယခုထိ တဂယ်ကလေးလေးပဲရှိသေးတာပါကွာ။
ခမ်းလေးတို့ရန်ကုန်သို့ရောက်တာ တစ်လပြည့်တော့မည်ဖြစ်သည်။ ခမ်းလေးသင်တန်းကြောင့်ဖေဖေရောမေမေရော ရန်ကုန်ကိုလိုက်လာပေးကြပေမယ့် ဦးဦးလေးရောဦးဦးရောက တစ်ခါမှတောင်မလာလည်ကြပေ။ ဖုန်းလဲမပြောတာတစ်ပတ်တောင်ရှိပြီမလို့ လွမ်းလာသလို ဦးဦးလေးတို့က ခမ်းလေးကိုအချစ်လျှော့သွားပြီဆိုသည့်စိတ်လဲဝင်လာရသည်။ ယခုတော့ဖေဖေကစသည်နှင့် အမှတ်ရလာရကာ ဝမ်းနည်းသွား၍ခမ်းလေးငိုချမိတော့သည်။
သမီးကိုသင်တန်းဆီလိုက်ပို့ပေးကာ ဥဿာပြန်ရောက်သည်နှင့် ဟိုနှစ်ကောင်ဆီဖုန်းဆက်လိုက်တော့သည်။
"Hello ပြော ဥသျှစ်"
"ဟိုကောင်ရော"
"ဘေးမှာရှိတယ်"
"spiker ဖွင့်ကွာငါပြောစရာရှိလို့"
ခေါင်လွင်ဖုန်းကို spiker ဖွင့်၍ ရှေ့ကစားပွဲပေါ်တင်လိုက်တော့သည်။
"Ok ရပြီ"
"မင်းတို့ဘာလုပ်နေတာလဲ"
"ဘာမှတော့မလုပ်သေးဘူးကွ အခုကငါတို့ ကျောင်းမှာ"
"အွန်း... မင်းတို့ဒီလာဖို့အစဉ်စီမရှိတော့ဘူးလား"
"ဘာဖြစ်လို့လဲ"
"သမီးကဒီမနက်ငိုနေလို့"
"သမီးဘာဖြစ်လို့လဲ"
"သမီးဘာဖြစ်လို့လဲ"
အော်တော့မည်ကိုသိ၍ ဥဿာဖုန်းနှင့်နားကို အနည်းငယ်ခွာလိုက်ပေမယ့်လဲ ဖုန်းထဲမှအသံကြီးဟာ ဟိန်းခနဲထွက်လာသေးသည်။
"အေး ငါဆက်ပြောလို့ရပြီလား"
"ရပြီပြောတော့"
ခေါင်လွင်နှင်ဇေလင်းဟာ အစောကလန့်ပြီးဖုန်းအနားကပ်နေရာမှ နောက်သို့အနည်းငယ်ပြန်ဆုတ်လိုက်ကြတော့သည်။
"သမီးကမင်းတို့ကိုလွမ်းလို့တဲ့ မင်းတို့ကမလာတော့အချစ်လျှော့နေပြီ မချစ်တော့ဘူးလို့ထင်နေတာ"
"ဟားကွာ.. ငါတို့ကသမီးကိုအချစ်လျှော့စရာလားကွ"
"အေး သမီးကပြောသေးတယ် မင်းတို့ကမိန်းမရတော့ သမီးကိုမေ့နေတာတဲ့ တစ်မနက်လုံးသမီးကငိုနေတာ အခုတောင်သင်တန်းသွားလို့နော် မဟုတ်ရင်ငါ့သမီးကတစ်နေ့လုံးငိုနေလောက်တယ် "
"သမီးလေးကလဲကွာ ဒီဦးတွေက သမီးကိုအချစ်ဆုံးကိုသိတယ်စမ်းနဲ့ကွာ"
"မင်းတို့ကတဂယ်လဲသမီးကိုမေ့နေတာကိုးကွ အဲ့တော့သမီးကစိတ်မကောင်းဖြစ်ပြီးပေါ့ "
"ဥသျှစ်ရာ ငါတို့ကမေ့တာမဟုတ်ပါဘူးကွ "
"အေးလေကွာ ငါတို့က အမြဲသမီးကပထမပဲကို"
"အဲ့တာကိုယ်တိုင်လာပြောလှည့်မင်းတို့ ဖုန်းနဲ့ပြောရုံနဲ့သမီးကောက်တာပြေမှာမဟုတ်တာသိတယ်နော် နောက်နေ့ထပ်ပြီးသမီးစိတ်မကောင်းဖြစ်ရင် ငါဒုံးကျည်အဲ့ကိုလွှတ်လိုက်မှာ"
"မင်းမပြောလဲငါတို့ကိုယ်တိုင်လာချော့မှာပါကွ ငါ့သမီးမျက်ရည်ကျတာမျိုးနောက်မဖြစ်စေရဘူး ဒီညထွက်ခဲ့မယ်စိတ်ချနေ"
"ပြီးတာပဲ ဒါပဲ"
"အေး.."
ဒုံးတိတွေစကားဖျက်ချလိုက်ပြီးနောက် ဥဿာအလုပ်ဆက်လုပ်နေလိုက်တော့သည်။
ခွန်းစစ်အလုပ်တွင် တစ်မနက်လုံးလက်မှတ်ထိုးသည့်ကိစ္စနှင့်အချိန်ကုန်သွားလေတော့သည်။
"တံခွန် မင်းနေ့လည်စာစားပြီးပြီလား"
"ငါထမင်းထုတ်ပါတယ်စစ် "
"ငါကမယူခဲ့တာ မင်းနဲ့အတူအပြင်ထွက်စားမလို့လေကွာ သွားမယ်ကွာလာ အပြင်မှာပဲစားရအောင်လို့"
ကားသော့ကို တံခွန့်လက်ထဲသို့ပစ်ပေးကာ စစ်ကရှေ့မှထွက်သွားလေသည်ကြောင့်...
"ဟေ့ကောင် ငါထမင်းထုတ်ပါတယ်လို့ကွ"
"လာစမ်းပါကွာ"
ထမင်းလေးတစ်နပ်ကို Center ကဆိုင်တွင်လဲမစားပဲ ဟိုးအဝေးကြီးထိမောင်းကာလာစားသည့်ငစစ်ကြောင့် အံဩရပါသည်။ ဘာလို့ဒီကိုလာစားတာလဲမေးတော့ ညီမယူရီသင်တန်းနှင့် နီး၍ဟု မဟုတ်တရုတ်ထပြောလေတော့သည်။
ခမ်းလေးသင်တန်းပြီးသော် အပြင်ထွက်လာသည်နှင့် ကားလမ်းတစ်ဖက်၏ ကားဘေးတွင်မျက်မှန်အနက်နှင့်ရပ်နေသည့်ဦးသော်ကိုတွေ့လိုက်ရတော့သည်။
"ဦးသော်.."
ဦးသော်ကိုအော်ခေါ်၍ ခမ်းလေးလက်လှမ်းပြလိုက်တော့သည်။ ထို့နောက်ကားအသွားအလာကို ကြည့်ကာ ခမ်းလေးကားလမ်းကူးလိုက်တော့သည်။
"ဦးသော်မီးမီးကိုလာကြိုတာလား"
"ဒါပေါ့ကွ လာတတ်"
"ဟုတ်.."
"ဦးသော်ဒီနေ့ hotel မလာတာလား နောက်ကျတာလား"
"မဟုတ်ဘူးရီလေး ဒီနေ့ပွဲလေးရှိတယ်လေ အဲ့တာအခုမှသွားမလို့ ရီလေးသင်တန်းရှိတာသတိရတာနဲ့ ကိုဥဿာကိုပြောပြီး တစ်ခါထဲဝင်ကြိုတာ"
"အော် မီးမီးကဝင်စရာရှိသေးတယ် ဦးသော်အချိန်ရသေးလား"
"အွန်းရပါတယ် ရီလေးဘယ်ဝင်မလို့လဲ"
"ကိုကို့ဆီဝင်မလို့ ကိုကိုကဒီနေ့အလုပ်စဆင်းတာလေ အဲ့တာအဆင်ပြေလားဝင်မေးပြီးကိုကို့ကိုဝင်ကြည့်ချင်လို့"
"Ok လေ "
ခမ်းလေးကိုကို့ရုံးခန်းရှေ့ရောက်သည်နှင့်...
"ဦးသော် ခဏနော် ၁၀ မိနစ်လောက်ပဲ"
သော်ဇင်ခေါင်းငြိမ့်ပြလိုက်ကာ ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည့်အခါ ရီလေးက ရှေ့ကအခန်းထဲဝင်သွားလေတော့သည်။
"ကိုကိုရေ .."
ခွန်းစစ်အသံလာရာကြည့်မိတော့ ပူတင်းလေးဖြစ်နေလေသည်။
"ပူတင်းလေး.."
ခွန်းစစ်ပူတင်းလေးဟုခေါ်လိုက်မှ လမ်းလျှောက်လာနေသည့်ပူတင်းလေးက ရပ်သွားကာ နောက်ကိုလှမ်းကြည့်နေလေတော့သည်။
ခမ်းလေးရှာပေမယ့်လဲ မည်သူ့မှမတွေ့ပေ။
"ကိုကိုဘယ်မှာလဲပူတင်းလေးက "
"ဟင် .."
ခေါ်လိုက်သည့်လူတောင်ခပ်ကြောင်ကြောင်ဖြစ်သွားရတော့သည်။ ပူတင်းလေးက အခန်းကိုတစ်ပတ်ပြည့်အောင်လှည့်၍ ထပ်ရှာလေတော့သည်။
"ကိုကိုခေါ်တဲ့ပူတင်းလေးကဘယ်မှာလဲလို့ ပြော .."
"မဟုတ်ဘူးလေ"
"ဘာမဟုတ်တာလဲ မနေ့ထဲကလူကိုစာလွဲပို့ထဲကသိချင်နေတာနော် ဘယ်မှာလဲအဲ့ပူတင်းလေး ပြ ..တွေ့မှစားကိုပြစ်အုံးမယ် ပြ.."
ခွန်းစစ် ပူတင်းလေးရှေ့ပြေးကာ သွားရပ်လိုက်တော့ ခါးကိုထောက်၍ ခွန်းစစ်ကိုမော့ကြည့်လာလေတော့သည်။
"ဘယ်မှာလဲလို့ ပြစားပစ်မလို့"
ညထဲက လူကိုလွဲခေါ်ထဲက စိတ်ကသိပ်မကြည်ပါဘူးဆို အခုလဲလူလာမှ ပူတင်းလေးတဲ့လေ။
"ပူတင်းလေးဆိုတာလူကိုပြောတာကိုကိုက"
"သိသားပဲ တမင်စားပစ်မယ်လို့ပြောတာ ပြ အဲ့ပူတင်းလေးဆိုတဲ့လူကိုကြည့်မလို့ "
"ကြည့်ပြီးဘာလုပ်မလို့လဲ"
"ကိုကိုပြောသလို ပူပူတင်းတင်းကြီးလားပေါ့"
"ဟားဟား.. ပူပူတင်းတင်းတော့မဟုတ်ပါဘူးကွ ဖောင်းဖောင်းအိအိလေး"
"ဟမ့်.. ပြပါဆိုမပြဘူး လာပြီးကြွားနေတယ်"
ခမ်းလေး ကိုကို့ကိုမော့ကြည်ံ၍ မျက်စောင်းရွယ်လိုက်တော့သည်။ ဒါကို တဟားဟားရယ်နေသည့်ကိုကို အလုပ်စားပွဲဆီပြန်သွားကာ ဖုန်းကိုယူခဲ့လေတော့သည်။
"ဟားဟား ..ကိုကိုပြောတဲ့ပူတင်းလေးကိုကြည့် ချစ်စရာလေးကွ ကြည့်.."
"ပေး မဟုတ်လို့ကတော့တွေ့မယ် ဆွဲစား စား စား ..."
ကိုကိုပြသည့်ပုံက ခမ်းလေးငယ်ငယ်တုန်းကပုံမှန်း တစ်ချက်ကြည့်ရုံနှင့်သိလိုက်သည်။
"ဟွန် တွေ့လားကွ"
ကားပေါ်တွင် သိုးမွှေးခေါင်စွပ်အဖြူလေးဆောင်းကာ နှုတ်ခမ်းလေးဆူနေသည့် ခမ်းလေးငယ်ငယ်တုန်းက ပုံလေးကို ကိုကိုကမေးငေါ့ပြလေတော့သည်။
"ကြည့်ကိုကိုပေးထားတဲ့နာမည်နဲ့တူတယ်မလားကွ ပူတင်းလေးလေ ချစ်စရာလေး"
ကိုကိုက ခပ်ချောချောပုံစံရယ်၍ ခမ်းလေးကိုပြောလာလေသည်။
"ဟွန်း ...မဆိုးပါဘူး ချစ်စရာလေး ပူတင်းလေးဆိုတဲ့နာမည်ကိုမကြိုက်ပေမယ့် ချစ်စရာလေးမို့လက်ခံပေးမယ် အင့်"
ကိုကို့လက်ထဲဖိုးထိုးပေးပြီးနောက် ခမ်းလေးကျိတ်ပြုံးနေမိတော့သည်။ ကိုကိုက ဘာမှန်းလဲမသိ လူကိုပူတင်းလေးတဲ့။
"ဟေ့ သဘောတွေကျနေပြီမလား"
"မကျပါဘူးနော် နာမည်ကြီးကလှလဲမလှပဲနဲ့"
ထိုသို့သာပြောပြီး ရယ်ချင်နေသည့်ပူတင်းလေးကို ခွန်းစစ်လိုက်စလိုက်သည်။
"ရယ်ချင်နေတာကိုရယ်လိုက်ပါကွာ ကိုကိုပေးထားတဲ့နာမည်လေးသဘောကျတယ်မလားကွ ပူတင်းလေးဟမ်.."
"မကျပါဘူးဆို ကိုကိုကဘာတွေပေးမှန်းလဲမသိဘူး "
"ဟော ရယ်ချင်ရင်ရယ်ချင်တယ်ပေါ့ သဘောကျလို့ပြုံးချင်ရင်လဲပြုံးချင်တယ်ပေါ့ပူတင်းလေးရ ဘာလို့ထိန်းနေတာလဲ"
"ကိုကိုအလိုက်ကိုမသိဘူး ကိုကို့ရှေ့မှာပြုံးတော့ အနေရခက်တာပေါ့လို့ အလိုက်ကိုမသိဘူးဒီကိုကိုက"
"ဟာ ဟေ့.. မရိုက်ရဘူးလေ ကိုကိုကအမှန်ပြောတာလေ"
"ဟားဟား.. ပူတင်းလေးကရှက်နေတာကိုးကွ ဟားဟား .."
ကိုကိုကရှေ့မှပြေးနေသည့်အခါ ခမ်းလေးလိုက်၍ရိုက်နေမိသည်။ ရှက်နေမှန်းလဲ ကိုကိုသိတာကို လူကိုတမင်လာစနေတာကြောင့် အမြင်ကပ်၍ ရိုက်ကိုရိုက်ပစ်အုံးမည်။
"ကိုကိုနာတယ်နော် ဟေ့.. ပူတင်းလေးကရှက်နေတာပဲကွ မျက်နှာတွေတောင်ရဲလာပြီကွ"
"ကိုကိုနော် "
ကိုကို့ကိုရိုက်ဖို့ပြင်တုန်းပင် ကိုကိုက ခမ်းလေးလက်ကိုဆွဲကိုင်၍တားထားလေတော့သည်။
"ကိုကိုလွှတ် .."
"ကြည့်ပါအုံး ပါးတွေတောင်ရဲနေပြီကွ"
"ရီလေး .."
ကိုကိုကရယ်၍ ခမ်းလေးပါးကိုလာထိခါနီး ဦးသော်ကာဝင်လာလေတော့သည်။
"ဦးသော်"
"ရီလေး ပြန်ရအောင်လို့ဦးသော်အလုပ်ရှိသေးတယ်"
"ဟုတ် ကိုကိုပြန်ပြီနော် ပြီးမှဖုန်းဆက်တော့ လာဦးသော်သွားရအောင်"
ခွန်းစစ်လက်ကိုဖြုတ်ချ၍ ခမ်းလေးက ထိုလူ့နောက်ကောက်ကောက်ပါအောင်လိုက်သွားသည်ကို ခွန်းစစ်ဘဝင်မကျပေ။ ဘာလဲဒီဘဲကြီးက။
Words 2728
18.2.2023 8:15pm
ဆက်လက်ကြိုးစားသွားပါမည်။