α€Ÿα€™α€Ία€Έα€…α€α€¬α€Έα€œα€±α€Έ α€α€°α€šα€­ (α€˜α€¬α€žα€¬α€•α€Όα€”α€Ί)

By _ImFoodie

83.4K 11.9K 135

TRANSLATION NOVEL HAMSTER More

Description 🐹
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5🐹
Chapter 6 🐹
Chapter 7🐹
Chapter 8🐹
Chapter 9🐹
Chapter 10🐹
Chapter 11🐹
Chapter 12🐹
Chapter 13🐹
Chapter 14🐹
Chapter 15🐹
Chapter 16 🐹
Chapter 17🐹
Chapter 18 🐹
Chapter 19🐹
Chapter 20🐹
Chapter 21🐹
Chapter 22🐹
Chapter 23🐹
Chapter 24🐹
Chapter 25🐹
Chapter 26🐹
Chapter 27🐹
Chapter 28🐹
Chapter 29🐹
Chapter 30🐹
Chapter 31🐹
Chapter 32🐹
Chapter 33🐹
Chapter 34 🐹
Chapter 35 🐹
Chapter 36🐹
Chapter 37🐹
Chapter 38 🐹
Chapter 39 🐹
Chapter 40 🐹
Chapter 41 🐹
Chapter 42 🐹
Chapter 43🐹
Chapter 43 🐹
Chapter 44 🐹
Chapter 45 🐹
Chapter 46 🐹
Chapter 47 🐹
Chapter 48 🐹
Chapter 49 🐹
Chapter 50 🐹
Chapter 52🐹
Chapter 53🐹
Chapter 54🐹
Chapter 55🐹
Promotion πŸ’₯
Chapter 56🐹
Chapter 57🐹
Chapter 58🐹
Chapter 59🐹
Chapter 60🐹
Chapter 61🐹
Chapter 62🐹
Chapter 63🐹
Chapter 64🐹
Chapter 65🐹
Chapter 66🐹
Chapter 67🐹
Chapter 68🐹
Chapter 69🐹
Chapter 70🐹
Chapter 71🐹
Chapter 72🐹
Chapter 73🐹
Chapter 74🐹
Chapter 75🐹
Chapter 76🐹
Chapter 77🐹
Chapter 78🐹
Chapter 79🐹
Chapter 80🐹
Chapter 81🐹
Chapter 82🐹
Chapter 83🐹
Chapter 84🐹

Chapter 51🐹

638 120 2
By _ImFoodie


🐹 အခန်း ၅၁
ဝူယိလေး၏ မိသားစုနှင့်သူငယ်ချင်းများ

ညအချိန် ရောက်လာပြန်သည့်တိုင် ဟိုင်ချန်သို့ ဦးတည်ကာ သွားနေကြဆဲ ဖြစ်သည်။

နျဲ့ရှောင်၏ အဖွဲ့သည် အနားယူရန် ဗီလာအတွင်းသို့ ဝင်သွားကြသည်။ ပိုဆီယာ၏ မိတ်လိုက်ကာလမှာ ပြီးဆုံးသွားပြီ ဖြစ်သဖြင့် ဧည့်ခန်းအတွင်းရှိ အနက်ရောင်သေတ္တာထဲ၌ မအိပ်လိုတော့ချေ။ ထို့ကြောင့် ကျန်းချိုး၏ အခန်းအတွင်းသို့ အတင်းတွန်းတိုက် ဝင်သွားလေသည်။ မည်သည့်နည်းလမ်းများ သုံးလိုက်သည်ကို မသိသော်လည်း မမျှော်လင့်ဘဲနှင့် ကျန်းချိုးသည် ပိုဆီယာအား အခန်းတွင်းမှ မောင်းထုတ်ခြင်း မရှိချေ။

ဤကိစ္စနှင့် စပ်လျဉ်း၍ လူတိုင်းသည် တိတ်တဆိတ်သာ ဖရဲစေ့ကိုက်ရင်း ထိုမြင်ကွင်းအား မမြင်ဟန် ဆောင်လိုက်ကြသည်။

သို့တည်းမဟုတ်လျှင် ကျန်းချိုး ရှက်ဒေါသထွက်လာမည် ဆိုပါက ဖရဲစေ့ကိုက်ရတော့မည် မဟုတ်ချေ။ ကမ္ဘာပျက်ကပ် ကာလအတွင်း လမ်းမထက် သွားနေစဉ်တွင် လူတိုင်း၏ဘဝ ဟန်ချက်ညီစေရန်အတွက် ဤကဲ့သို့သော ဖရဲစေ့များ ပါးစပ်အပြည့် ရှိနေရန် လိုအပ်ပေသည်။

ကျစ်ဟွေ့ကွမ်မှာ ပိုဆီယာကဲ့သို့ ဇီဇာကြောင်ခြင်း မရှိချေ။ ဧည့်ခန်းအတွင်းရှိ ဆိုဖာပေါ်တွင်သာ လဲလျောင်းရင်း စိတ်ချမ်းသာစွာ အိပ်ဖို့ပြင်သည်။ ပျင်းရိစွာ သမ်းဝေပြီးနောက် လျင်လျင်မြန်မြန်ဘဲ အိပ်ပျော်သွားလေသည်။

ထိုအချိန်တွင် အပေါ်ထပ်ရှိ အိပ်ခန်းကျယ်အတွင်းမှ အိပ်စက်လိုစိတ် မရှိသေးသဖြင့် ပုန်ကန်နေသူ ဟမ်းစတားလေးမှာ ဒယ်ဒီဖြစ်သူ၏ နားရွက်အနီး လှဲကာ ‘တချိချိ’ အသံလေးများဖြင့် ခပ်တိုးတိုး ပြောနေလေသည်။

နျဲ့ရှောင်သည် ပက်လက်လှဲကာ မျက်လုံးအသာမှိတ်ထားရင်း အိပ်တစ်ဝက် နိုးတစ်ဝက်ဖြင့် ချိုမြိန်ပြီး ချစ်ဖို့ကောင်းသော ‘ချိ ချိ’ အသံလေးအား နားထောင်နေသည်။ သို့သော်လည်း ဆန်မုန့်လုံးလေး၏ နောက်ထပ်ပြောလာသည့် စကားမှာ သူ့အား လုံးလုံးလျားလျား လှုပ်နှိုးလိုက်သလိုပင်။

“ချိ..” ဒါနဲ့လေ ဒယ်ဒီသိလား.. ပေါင်ပေါင်း မထင်မှတ်ဘဲ သိလိုက်တာပေါ့နော်.. ကျစ်ဟွေ့ကွမ်ကလည်း ဇွန်ဘီအမြုတေတွေကို စုပ်ယူစရာ မလိုဘူးရယ်..

ထိုစကားများအား ကြားသည့်အခါ နျဲ့ရှောင် ချက်ချင်းပင် အာရုံစိုက်လာမိပြီး မျက်လုံးများဖွင့်လိုက်သည်။ ခေါင်းအုံးပေါ်တွင် လှဲနေသည့် ဆန်မုန့်လုံးလေးအားကြည့်ကာ လေးလေးနက်နက် မေးလေသည်။

“ပေါင်ပေါင်း ဘယ်လိုသိတာလဲ..”

နျဲ့ရှောင်၏ အလေးအနက်ထားသည့် အကြည့်များအား မြင်သည့်အခါ ဟမ်းစတားလေးသည် လူအသွင်သို့ ပြောင်းလဲပြီးနောက် နံဘေးတွင်လှဲကာ စောင်ပုံထဲ ဝင်သွားလေသည်။ သူ၏ ပါးစပ်သေးသေးလေးအား ဖွင့်ကာ အမှန်အတိုင်း ဆိုလေသည်။

“လူတိုင်းရဲ့ ဇွန်ဘီအမြုတေတွေက ပေါင်ပေါင်းရဲ့ နေရာလွတ်လေးထဲမှာလေ.. လာလာလာ~”

“ဒါပေမဲ့ ကျစ်ဟွေ့ကွမ် ကပဲ ဘယ်တော့မှ လာမတောင်းဘူးလေ..”

ထိုစကားအား ကြားသည့်အခါ နျဲ့ရှောင် အံ့အားသင့်သွားမိသည်။ ဟမ်းစတားလေးနှင့် ကျစ်ဟွေ့ကွမ်မှာ မကြာခဏဆိုသလို အတူတူ ရှိနေတတ်ကြသဖြင့် နေ့စဉ်နေ့တိုင်း အမြုတေများအား စုပ်ယူနေတတ်သည်ဟု ထင်နေခဲ့ကြခြင်းပင်။

နျဲ့ရှောင်သည် ကူကယ်ရာမဲ့စွာဖြင့် နားထင်အား လက်ဖြင့်ပွတ်လိုက်သည်။ ကောင်ငယ်လေး၏ နဖူးအား လက်ဖြင့် ခပ်ဖွဖွတောက်လိုက်ပြီးနောက် စိတ်ပျက်လက်ပျက်နှင့် ဆိုလေသည်။

“ဒီလောက် ကိစ္စကြီးကို ဘာလို့များ ဒယ်ဒီ့ကို စောစောမပြောရတာလဲကွာ..”

ရှောင်ဝူယိသည် အပြစ်ရှိစိတ်ဖြင့် ခေါင်းကလေးငုံ့ကာ သူ၏ လက်ချောင်းလေးများအား ဆိတ်နေရင်း ပါးစပ်မှ တတွတ်တွတ် ပြောလေသည်။

“ပေါင်ပေါင်းမှ အရင်က သတိမထားမိတာကိုလို့.. ပြီးတော့ ကျစ်ဟွေ့ကွမ်ကလည်း ပေါင်ပေါင်းကို ထိခိုက်အောင် လုပ်မှာမှ မဟုတ်တာ.. သူက ပေါင်ပေါင်းလိုမျိုး အမြုတေ မစုပ်ယူနိုင်ရုံလေးကို.. အဲဒါက မကောင်းတာ မဟုတ်ဘူးလေ..”

နျဲ့ရှောင်သည် မှားယွင်းစွပ်စွဲခံနေရပါသည် ဟူသော အမူအရာလေးနှင့် ရှောင်ဝူယိအား မြင်သည့်အခါ ဖြူဖြူဖောင်းဖောင်း ပါးကလေးအား ခပ်ဖွဖွကိုက်လိုက်သည်။ သံကို အပူပေးရုံနှင့် သံမဏိ ဖြစ်မလာနိုင်သည်ကိုလည်း မုန်းမိသည်။

“အရူးလေးပါကွာ..”

စွမ်းအင်ဖြည့်တင်းရန် ဇွန်ဘီအမြုတေများအား စုပ်ယူအသုံးပြုရန် လိုအပ်သည့် အခြေအနေတွင် ဝူယိနှင့် ကျစ်ဟွေ့ကွမ်မှာ ချွင်းချက်တစ်ခု ဖြစ်လေသည်။ ကိစ္စများမှာလည်း မြင်နေရသလို မရိုးရှင်းလှချေ။

“ကျစ်ဟွေ့ကွမ်နဲ့ ဘယ်လိုမျိုး တွေ့ခဲ့တာလဲ ဆိုတာကို ဒယ်ဒီ့ကို သေချာလေး ထပ်ပြောပြပါဦး ပေါင်ပေါင်းရ..”

ရှောင်ဝူယိသည် ဒယ်ဒီလူဆိုးကြီး၏ အကိုက်ခံထားရသော ပါးဖောင်းဖောင်းလေးအား စိတ်ဆိုးမာန်ဆိုး ပွတ်နေလေသည်။ အနည်းငယ် ရှုပ်ထွေးနေသည့်တိုင် နျဲ့ရှောင်၏ အလေးအနက် ရှိနေဟန်ကို မြင်သဖြင့် ကျစ်ဟွေ့ကွမ်နှင့် တွေ့ဆုံခဲ့ပုံအား ဂရုတစိုက်ဖြင့် ရှင်းပြလေသည်။

ရှောင်ဝူယိ ရှင်းပြသည်ကို နားထောင်ပြီးနောက် နျဲ့ရှောင် ပိုမိုထူးဆန်းသည်ဟု ခံစားမိလာသည်။

“ပေါင်ပေါင်း ပြောသလိုဆိုရင် ကျစ်ဟွေ့ကွမ်က အရင်ဆုံးစပြီး ပေါင်ပေါင်းကို သူ့ဂူထဲ ခေါ်သွားတာပေါ့ ဟုတ်လား.. ပေါင်ပေါင်းက သူ့အပေါ်ကနေ ရိုက်နှက်ပြီး ခုန်ပေါက်နေတာတောင် သူက ပေါင်ပေါင်းနောက်ကို လိုက်ချင်နေသေးတယ်တဲ့လား..”

“ပေါင်ပေါင်းက အများကြီး ကြိုးစားပြီးမှ ကျစ်ဟွေ့ကွမ်ကို အနိုင်ယူခဲ့တာပါနော်.. ကျစ်ဟွေ့ကွမ်က ပေါင်ပေါင်းကို လုံးဝကြီး အလျော့မပေးခဲ့ဘူးလို့..”

နျဲ့ရှောင်၏ ပေါ့တန်တန် ဖော်ညွှန်းမှုကြောင့် ရှောင်ဝူယိ ဒေါသတကြီး ပြန်ပြောလေသည်။

“ပန်းမျိုးစေ့တွေနဲ့ နွယ်စေ့တွေကိုလည်း ကျစ်ဟွေ့ကွမ်ရဲ့ ဂူထဲကနေ ရလာခဲ့တာ..”

“အင်းပါ ပေါင်ပေါင်းပြောသလိုပဲ သူက အလျော့မပေးခဲ့ဘူးနော်..”

နျဲ့ရှောင်သည် အရူးပေါင်ပေါင်း၏ ဦးခေါင်းလေးအား ပြေရာပြေကြောင်း အသာပွတ်လိုက်ပြီး အခြေစိုက်စခန်းတွင် ရှိသော ထူးဆန်းသည့် အပင်များအကြောင်း တွေးမိလေသည်။ ထိုခဏမှာပင် သူ၏ ပေါင်ပေါင်းနှင့် အောက်ထပ်တွင်ရှိသော ကျားကြီး၏ ပတ်သက်ဆက်နွယ်မှုမှာ မရိုးရှင်းကြောင်း ခံစားမိသည်။

ရှောင်ဝူယိအား ထိုအပင် နှစ်ပင် ပထမဆုံး မြင်တွေ့ချိန်ကို သူမှတ်မိနေဆဲ ဖြစ်သည်။ ယင်းတို့သည် ပျောက်ဆုံးသွားခဲ့သော ဆွေမျိုးများအား ပြန်လည်ဆုံတွေ့ရသကဲ့သို့ ‌ပျော်ရွှင်ကာ စိတ်လှုပ်ရှားနေခဲ့ကြသည်။

ယခုအခါ ကျစ်ဟွေ့ကွမ်မှာ ရှောင်ဝူယိကဲ့သို့ အမြုတေ စုပ်ယူဖို့ရန် မလိုအပ်သူဖြစ်ကြောင်း သိလိုက်ရသည်။ လူသားအသွင် ပြောင်းလဲခြင်း မရှိသေးသည်မှလွဲ၍ ဝူယိနောက်သို့ နာခံမှုရှိရှိ လိုက်ပါနေခြင်းမှာ “ရှုံးနိမ့်ခြင်းအား မျိုသိပ်ကာ” လိုက်ပါနေခြင်း မဟုတ်တန်ရာ။

“ဒယ်ဒီထင်တာတော့ ကျစ်ဟွေ့ကွမ်နဲ့ စခန်းမှာ ကျန်ခဲ့တဲ့ အပင်နှစ်ပင်က ပေါင်ပေါင်းကို အရင်ကတည်းက သိနေတာမျိုး ဖြစ်နိုင်လောက်တယ်..”

နျဲ့ရှောင် ခေတ္တမျှ စဉ်းစားပြီးနောက် ရဲရင့်စွာ ကောက်ချက်ချလိုက်သည်။ ဤမှန်းဆချက်သည်သာလျှင် ယုတ္တိမတန်သည့် အခြေအနေများအတွက် ဖြေရှင်းချက် ဖြစ်လေသည်။

ကျစ်ဟွေ့ကွမ်၏ ပြုမူပုံကို ကြည့်မည်ဆိုပါက ဟမ်းစတားလေး၏ အုပ်ထိန်းသူပမာ ဖြစ်လေသည်။

နျဲ့ရှောင်သည် သူ၏အရှေ့မှ ကောင်ငယ်လေးအားကြည့်ကာ ထူးခြားသည့် ဂုဏ်ပုဒ်နှင့် နတ်သားလေးအား ကောက်ရလိုက်သလို ခံစားမိလေသည်။

“ဒါပေမဲ့ ပေါင်ပေါင်းက ဘာကိုမှ မမှတ်မိဘူးရော်..”

ရှောင်ဝူယိသည် သူ၏ခေါင်းကလေးအားထိကာ နျဲ့ရှောင်အား နားမလည်နိုင်စွာဖြင့် ကြည့်လိုက်သည်။ မမျှော်လင့်ဘဲနှင့် အရေးပါသည့် တစ်စုံတစ်ခုအား မေ့လျော့နေသကဲ့သို့ မသက်မသာ ခံစားရပြီး ခေါင်းထဲ၌ ဗလာဖြစ်နေသည်။

နျဲ့ရှောင်သည် ရုတ်တရက် ဝမ်းနည်းသွားသော ကောင်ငယ်လေးအားကြည့်ကာ အနည်းငယ် စိတ်မကောင်း ဖြစ်သွားမိသဖြင့် ခေါင်းကလေးအား ပွတ်ကာ နှစ်သိမ့်ချော့မြှူလိုက်သည်။

“ပေါင်ပေါင်း မမှတ်မိရင်တောင် ကိစ္စမရှိပါဘူးကွာ.. ဒယ်ဒီ ပေါင်ပေါင်းကို ခေါ်လာတုန်းက မင်းလေးက အရမ်းကိုမှ သေးသေးလေးပဲ ရှိသေးတာလေ..”

နျဲ့ရှောင်သည် ထိုစဉ်က ဆန်မုန့်လုံးလေး၏ အရွယ်အစားကို ပြန်တွေးမိလိုက်သည်။

ထိုစကားအား ကြားသည့်အခါ ကောင်ငယ်လေး ပြန်လည်တွက်ကြွလာပြီး လက်ဖဝါးတစ်ဖက်အား လက်သီးဆုပ်ကလေးဖြင့် ထုလိုက်သည်။

“ဟုတ်တယ်.. ပေါင်ပေါင်းက အဲတုန်းက ငယ်ငယ်လေးရယ်.. မမှတ်မိတာ ပုံမှန်ပဲနော်.. မနက်ဖြန်ကျ ကျစ်ဟွေ့ကွမ်ကိုတွေ့ရင် ပေါင်ပေါင်းရဲ့ မိသားစုတွေ သူငယ်ချင်းတွေကို သိလားလို့ မေးကြည့်လိုက်မယ်..”

“သူတို့ကလည်း အရမ်းကို ကြင်နာတတ်တဲ့သူတွေ ဖြစ်မယ်လို့ ပေါင်ပေါင်းတော့ ထင်တာပဲ..”

နျဲ့ရှောင်သည် နောက်တစ်ဖန် စိတ်ဓာတ်တက်ကြွလာသည့် ကောင်ငယ်လေးအား ကြည့်ရင်း မပြုံးဘဲ မနေနိုင်ချေ။

“ဟုတ်ပြီကွာ.. မနက်ဖြန်ကျ မေးကြည့်.. အခုတော့ အိပ်ကြစို့..”

"ဟုတ်"

ရှောင်ဝူယိသည် နာခံစွာဖြင့် နျဲ့ရှောင်၏ လက်မောင်းပေါ်သို့လှဲကာ သက်သောင့်သက်သာ ဖြစ်စေမည့် အနေအထားကို ရွေးချယ်ပြီးနောက် အိပ်ရာဝင်အနမ်းလေး တောင်းလိုက်သည်။

နျဲ့ရှောင်လည်း ပူးပေါင်းမှုပြုလေသည်။

အခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြီးနောက် မိနစ်အနည်းငယ်ခန့် အကြာတွင် ကောင်ငယ်လေးမှာ စတင်လူးလွန့်လာသည်။ မျက်လုံးဖွင့်ကာ နျဲ့ရှောင်အား မျက်ဝန်းနက်နက်လေးများဖြင့် ကြည့်လေသည်။

“ဒါနဲ့လေ ဒယ်ဒီရေ.. ကျစ်ဟွေ့ကွမ်က ပေါင်ပေါင်းရဲ့ မိသားစု ဒါမှမဟုတ် သူငယ်ချင်း ဆိုရင်လေ ပေါင်ပေါင်းရဲ့ မွေးမိဘတွေကို သိမှာပေါ့နော်.. အဲဒီလိုဆိုရင် ပေါင်ပေါင်းက ကျောက်တုံးထဲက ထွက်လာတဲ့ ဟမ်းစတားလေး မဟုတ်တော့ဘူးပေါ့နော်..”

နျဲ့ရှောင် : "..."

ထိုအချိန်တွင် နျဲ့ရှောင်မှာ ယနေ့ည အိပ်ရေးပျက်တော့မည်ဟု ခံစားမိတော့သည်။

***

အခြားတစ်ဖက်တွင် ဝူချင်ဖုန်းနှင့် လောယွင်ဟိုင်တို့ အဖွဲ့သည်လည်း စောစီးစွာ အနားယူသွားကြသည်။ ညကင်းစောင့်ရမည့် သူများမှလွဲ၍ ကျန်လူများမှာ အိပ်စက်ကြလေသည်။

မော့ယဲ့သည် သူ၏ အိပ်ရာထဲတွင် လဲလျောင်းလျက်ရှိသည်။ ရှောင်ယန်နှင့် အခြားသူများကို မကြာမီ ဟိုင်ချန်ရေလက်ကြား၌ တွေ့ရတော့မည့်အကြောင်း စဉ်းစားမိသည့်အခါ အနည်းငယ် စိတ်လှုပ်ရှားလာသည်။ ခေတ္တမျှ စိတ်ငြိမ်အောင် ပြုလုပ်ပြီးသည့်နောက်တွင် သူ၏ ဓားမြှောင်လေးအားပိုက်ကာ နာခံမှုရှိရှိ မျက်လုံးများမှိတ်လိုက်တော့သည်။

မှောင်မိုက်နေသည့် ညအချိန်တွင် အနက်ရောင် အရိပ်ကလေးတစ်ခုသည် ထရပ်ကားရှိရာသို့ တိတ်တဆိတ် ပျံသန်းလာသည်။

အနက်ရောင်ဝတ်ရုံအောက်မှ ကောင်ကလေးမှာ နှင်းကဲ့သော ဖြူဖွေးသော အသားအရေ၊ ကြက်သွေးရောင် နှုတ်ခမ်းပါးနှင့် နှုတ်ခမ်းအပြင်သို့ ထွက်နေသော အဖြူရောင် ကျားသွားစွယ်တစ်စုံ ရှိလေသည်။

ယာဉ်၏ ဘေးဘက်ထိပ်သို့ကပ်ကာ အနီရောင်နှုတ်ခမ်းများကို ဖွင့်၍ အသံလှိုင်း ထုတ်လွှင့်လိုက်သည်။

များမကြာမီတွင် ထရပ်ကားအတွင်းရှိ ကင်းစောင့်တပ်သားများ အိပ်ငိုက်လာကြသည်။

ကောင်ကလေးသည် အခွင့်အရေးကို အမိအရ ဖမ်းဆုပ်လိုက်သည်။ ကားပေါ်သို့ တွယ်တက်ပြီးနောက် အလွန်ဆာလောင်နေပုံရသဖြင့် အစာရှာပြီးနောက် အငမ်းမရ စတင်စားသောက်လေသည်။

ဗိုက်ပြည့်သွားပြီးသည့်နောက်တွင် ထွက်ခွာရန် ပြင်သော်လည်း မော့ယဲ့၏ လက်ထဲရှိ ဓားမြှောင်မှာ သူ၏အကြည့်ကို ဖမ်းစားသွားလေသည်။ စူးစမ်းမှုအပြည့်ဖြင့် ထိချင်စိတ် ပေါ်လာသည်။

သို့သော်လည်း မော့ယဲ့အား အနှောင့်အယှက် မပြုလိုပေ။

မော့ယဲ့ မျက်လုံးအနည်းငယ် ဖွင့်ကြည့်သည့်အခါ သူ၏နံဘေးတွင် ဆောင့်ကြောင့်ထိုင်ရင်း ရင်ဘတ်ပေါ်ရှိ ဓားမြှောင်အား ခိုးကြောင်ခိုးဝှက် ထိတွေ့နေသော ကောင်ကလေးအား တွေ့လိုက်ရသည်။

မော့ယဲ့မှာ အခွင့်အရေးယူခံလိုက်ရသလို ခံစားရလေသည်။ ကောင်ကလေး၏ ခြေကျင်းဝတ်အား လက်ဖြင့်ဆုပ်ကိုင်ပြီး မေးလိုက်သည်။

"မင်းဘယ်သူလဲ.."

ရုတ်တရက် အဖမ်းခံလိုက်ရသဖြင့် ကောင်ကလေးမှာ ထိတ်လန့်သွားပြီး မော့ယဲ့ကိုပါ ဆွဲယူပြီး အပြင်သို့ ပျံသန်းသွားလေသည်။

"အားးးးး ပျံနေတာကို ရပ်လိုက်စမ်း အား.."

မြေပြင်မှ တဖြည်းဖြည်း ဝေးကွာလာသည်ကိုကြည့်ကာ မော့ယဲ့မှာ ချက်ချင်းပင် သေရမည်ကို ကြောက်လန့်လာသည်။

ကောင်လေးနှစ်ယောက်၏ အသံများကြောင့် ထရပ်ကားထဲရှိ ဝူချင်ဖုန်း၊ လောယွင်ဟိုင်နှင့် ကျန်လူများ နိုးလာကြသည်။ အဝေးသို့ ဆွဲခေါ်သွားခံရသည့် မော့ယဲ့အား မြင်သည့်အခါ မည်သည်အရာကိုမျှ မတွေးနိုင်တော့ဘဲနှင့် အနောက်မှ ပြေးလိုက်ကြလေသည်။

အဆုံးတွင် ကလေးနှစ်ယောက်အား ပိုက်ကွန်တစ်ခုဖြင့် ဖမ်းဆီးနိုင်ခဲ့သည်။

ဓာတ်မီးဖြင့် ထိုးကြည့်လိုက်သည့်အခါ ကောင်ကလေး၏ အသွင်အပြင်အား ရှင်းလင်းစွာ မြင်လိုက်ရပြီးနောက် လူတိုင်း အံ့အားသင့်သွားမိကြသည်။

"နိုင်ငံခြားသားလေးလား.."

ဆစ်စလိုသည် စူးရှသည့် အလင်းရောင်ကြောင့် ကြောက်ရွံ့ကာ တုန်ယင်စွာဖြင့် ချောင်သို့ကပ်သွားသည်။ အလွန်ကြောက်ရွံ့ထိတ်လန့်နေသည့်အတွက် မျက်ရည်များ စီးကျလုမတတ်ပင်။ ခက်ခက်ခဲခဲဖြင့် စကားပြောလာပြီးနောက် တရုတ်စကားအား ကျွမ်းကျင်ပိုင်နိုင်စွာ ပြောလေသည်။

“အူးဝူးဝူးးးး ငါ့ကို မဖမ်းပါနဲ့.. ဗိုက်ဆာလို့ အစာလေး နည်းနည်းပဲ ယူတာပါ.. ပြီးတော့ အလျော်လည်း ပေးခဲ့ပါသေးတယ်..” (╥﹏╥)

မော့ယဲ့သည် ဆစ်စလို၏ အဝတ်အစားနှင့် သွားစွယ်များအားကြည့်ကာ အတော်လေး ဝတ္ထုဆန်ပြီး ထူးဆန်းသည်ဟု ခံစားမိလေသည်။

“မင်းက သွေးစုပ်ဖုတ်ကောင်လုပ်တမ်း ကစားနေတာလား..”

ဆစ်စလိုသည် သူ၏ခေါင်းအား လက်ဖြင့်ပွေ့ဖက်ပြီး ပို၍ ကြောက်ရွံ့ထိတ်လန့်လာသည်။

QAQ အူးဟူးးး ငါ့ကို သိသွားကြပြီ...

ဝူချင်ဖုန်း၊ လောယွင်ဟိုင်နှင့် အခြားသူများသည် ထရပ်ကားပေါ်ရှိ ရိက္ခာများအား စစ်ဆေးကြည့်ရာ အမှန်တကယ်ပင် အနည်းငယ် ပျောက်ဆုံးနေကြောင်း တွေ့ရှိရသည်။ ဤရက်များအတွင်း သူတို့၏ ရိက္ခာများအား ခိုးယူနေသည့် ကြွက်ကလေးမှာ မည်သူဖြစ်ကြောင်း သိလိုက်ရလေပြီ။

“မင်းနာမည်ကဘာလဲ.. ဘာဖြစ်လို့ ငါတို့နောက်ကို လိုက်လာတာလဲ.. ပြီးတော့ မင်းပြောတဲ့ အလျော်ပေးတယ် ဆိုတာက ဘာကိုဆိုလိုတာလဲ..”

ဝူချင်ဖုန်းသည် စစ်သားတစ်ဦး၏ နိုးကြားမှုအပြည့်ဖြင့် သူ၏အရှေ့ရှိ ကောင်ကလေးအား တည်ကြည်လေးနက်သည့် အမူအရာနှင့် မေးလိုက်သည်။

ဆစ်စလိုမှာ ရုတ်တရက် ပိုမိုထိတ်လန့်လာပြီး မည်သည့်စကားမျှ မဆိုရဲတော့ချေ။

မော့ယဲ သည်းမခံနိုင်တော့ချေ။ ဆစ်စလိုရှိရာသို့ လျှောက်သွားကာ ခေါင်းကလေးအား လက်ဖြင့်ပုတ်လိုက်သည်။ ၇ နှစ်၊ ၈ နှစ်အရွယ် ညီငယ်လေးအား မြင်သည့်အခါ သူ၏ စိတ်ထဲရှိ အစ်ကိုကြီးတစ်ဦး ဖြစ်လာစိတ်တို့ နိုးထလာသည်။

“လိမ္မာနော်.. မကြောက်နဲ့.. ကိုကိုတို့က မင်းကို ထိခိုက်အောင် မလုပ်ဘူးနော်..”

“ဒီလူကြီးတွေက ကလေးတွေကို ရုပ်တည်နဲ့ စ တတ်ကြတယ်လေ..”

ဝူချင်ဖုန်း၊ လောယွင်ဟိုင်နှင့် အခြားသူများ : "..."

မော့ယဲ့အားကြည့်ကာ ဆစ်စလို အနည်းငယ် စိတ်သက်သာရာ ရသွားမိသည်။ မျက်ရည်များ သုတ်ပြီး နှာခေါင်းလေးရှုံ့ကာဖြင့် ပြောလေသည်။

“ငါ့နာမည်က ဆစ်စလိုပါ.. ဟိုင်ချန်ကိုသွားပြီး ငါ့ ကိုကိုတွေကို ရှာချင်လို့ နောက်ကနေ လိုက်လာခဲ့တာပါ..”

“လျော်ကြေးအနေနဲ့ ဇွန်ဘီအင်းဆက်တွေကို သတ်ပေးခဲ့တယ်လေ.. မဟုတ်ရင် ခင်ဗျားတို့တွေ အကိုက်ခံရတာ ကြာ‌ရောပေါ့..”

ဆစ်စလိုမှာ အလွန်အမင်း စိတ်ထိခိုက်ဝမ်းနည်းနေသဖြင့် သူ၏ ခန္ဓာကိုယ်လေးအား ဝတ်ရုံဖြင့် ထုပ်ပိုးရစ်ပတ်ပြီးနောက် ထရပ်ကား၏ ထောင့်ထဲသို့ သနားစဖွယ်ကောင်းစွာ တိုးဝင်သွားလေသည်။

ထိုစကားအား ကြားသည့်အခါ ဝူချင်ဖုန်း၊ လောယွင်ဟိုင်နှင့် အခြားသူများသည် တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ ခရီးစဉ် အလွန်တရာ ချောမွေ့နေခြင်းမှာ အံ့ဩဖွယ်ရာ မဟုတ်တော့ချေ။

“ဒီတော့ မင်းက ဇွန်ဘီအင်းဆက်တွေကို ဘယ်လိုသတ်တာတုန်းကွ..”

ဆစ်စလိုသည် မော့ယဲ့အား မော့ကြည့်လိုက်ပြန်သည်။ ထို့နောက် ခါးသီးစွာ ပြောလေသည်။

“ငါက သွေးစုပ်ဖုတ်ကောင်ဆိုတာ မင်းတို့အားလုံး သိပြီးသားလေ.. ဒါတောင်မှ ဘာကြောင့်လဲဆိုတာ မေးနေရသေးလား.. သေချာပေါက်ကို ငါ့ရဲ့ မွေးရာပါစွမ်းအားဖြစ်တဲ့ အသံလှိုင်းစွမ်းရည်ကိုသုံးပြီး တိုက်ခိုက်ရတာပေါ့..”

"!!!"

မော့ယဲ့ ထိတ်လန့်သွားမိသည်။ ထို့နောက် ဆောင့်ကြောင့်ထိုင်ပြီး ဆစ်စလို၏ သွားစွယ်လေးများအား ကြည့်လိုက်သည်။

“မင်းက ရုပ်ရှင်ဇာတ်ကောင်လို သရုပ်ဆောင်နေတာ(cosplay) မဟုတ်ဘူးပေါ့..”

“ဘုရားရေ.. သူ့ရဲ့သွားတွေက အစစ်တွေ ဦးဦးချင်ဖုန်းရေ.. အားးးး အားးးးးးး အားးးးးးးးး ကမ္ဘာပေါ်မှာ သွေးစုပ်ဖုတ်ကောင်တွေ တကယ်ရှိနေတာတဲ့..”

ဆစ်စလိုသည် အံ့ဩထိတ်လန့်နေသူများအားကြည့်ကာ သူ၏ မျက်နှာလေးမှာ တဖြည်းဖြည်း အစိမ်းရောင်ပြောင်းလာသည်။ မျက်ရည်မကျဘဲနှင့် ပါးစပ်လေးအားအုပ်ကာ ငိုကြွေးတော့သည်။

ကမ္ဘာသားတွေက အရမ်းကို ကောက်ကျစ်လွန်းတယ်..

အိမ်ပြန်ချင်တယ်လို့!!!

Continue Reading

You'll Also Like

132K 3.7K 25
Warning: 18+ ABO worldα€€α€­α€― α€‘α€α€Όα€±α€α€Άα€›α€±α€Έα€žα€¬α€Έα€‘α€¬α€Έα€•α€«α€žα€Šα€Ία‹ α€…α€­α€α€Ία€€α€°α€Έα€šα€‰α€Ί ficα€œα€±α€Έα€™α€­α€―α€· α€‘α€•α€Όα€„α€Ία€œα€±α€¬α€€α€”α€Ύα€„α€Ία€· များစွာ α€€α€½α€¬α€α€Όα€¬α€Έα€”α€­α€―α€„α€Ία€•α€«α€žα€Šα€Ία‹
110K 408 30
Smut 18+ ONLY! ⚠️WARNING⚠️ ⚠️CONTAINS MUTURE CONTENT⚠️ ⚠️VERY SEXUAL 18+⚠️ 22 year old Raven Johnson is just going to her yearly doctors appointment...
238K 5.8K 22
Poppy flew from being held hostage. She ran through the woods, trying to survive somehow. Because of the cold and the exhaustion she was weak. Bullet...
9.7K 945 32
Neil and Aarohi met in their siblings' wedding.Read the story to know how they fell for each other and realised their love.