...

By _ImFoodie

159K 21.4K 237

More

Description ๐Ÿน
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5๐Ÿน
Chapter 6 ๐Ÿน
Chapter 7๐Ÿน
Chapter 8๐Ÿน
Chapter 9๐Ÿน
Chapter 10๐Ÿน
Chapter 11๐Ÿน
Chapter 12๐Ÿน
Chapter 13๐Ÿน
Chapter 14๐Ÿน
Chapter 15๐Ÿน
Chapter 16 ๐Ÿน
Chapter 17๐Ÿน
Chapter 18 ๐Ÿน
Chapter 19๐Ÿน
Chapter 20๐Ÿน
Chapter 21๐Ÿน
Chapter 22๐Ÿน
Chapter 23๐Ÿน
Chapter 24๐Ÿน
Chapter 25๐Ÿน
Chapter 26๐Ÿน
Chapter 27๐Ÿน
Chapter 28๐Ÿน
Chapter 29๐Ÿน
Chapter 30๐Ÿน
Chapter 31๐Ÿน
Chapter 32๐Ÿน
Chapter 33๐Ÿน
Chapter 34 ๐Ÿน
Chapter 35 ๐Ÿน
Chapter 36๐Ÿน
Chapter 37๐Ÿน
Chapter 38 ๐Ÿน
Chapter 39 ๐Ÿน
Chapter 40 ๐Ÿน
Chapter 41 ๐Ÿน
Chapter 42 ๐Ÿน
Chapter 43๐Ÿน
Chapter 43 ๐Ÿน
Chapter 44 ๐Ÿน
Chapter 45 ๐Ÿน
Chapter 46 ๐Ÿน
Chapter 48 ๐Ÿน
Chapter 49 ๐Ÿน
Chapter 50 ๐Ÿน
Chapter 51๐Ÿน
Chapter 52๐Ÿน
Chapter 53๐Ÿน
Chapter 54๐Ÿน
Chapter 55๐Ÿน
Promotion ๐Ÿ’ฅ
Chapter 56๐Ÿน
Chapter 57๐Ÿน
Chapter 58๐Ÿน
Chapter 59๐Ÿน
Chapter 60๐Ÿน
Chapter 61๐Ÿน
Chapter 62๐Ÿน
Chapter 63๐Ÿน
Chapter 64๐Ÿน
Chapter 65๐Ÿน
Chapter 66๐Ÿน
Chapter 67๐Ÿน
Chapter 68๐Ÿน
Chapter 69๐Ÿน
Chapter 70๐Ÿน
Chapter 71๐Ÿน
Chapter 72๐Ÿน
Chapter 73๐Ÿน
Chapter 74๐Ÿน
Chapter 75๐Ÿน
Chapter 76๐Ÿน
Chapter 77๐Ÿน
Chapter 78๐Ÿน
Chapter 79๐Ÿน
Chapter 80๐Ÿน
Chapter 81๐Ÿน
Chapter 82๐Ÿน
Chapter 83๐Ÿน
Chapter 84๐Ÿน
Chapter 85๐Ÿน
Chapter 86๐Ÿน
Chapter 87๐Ÿน
Chapter 88๐Ÿน
Chapter 89๐Ÿน
Chapter 90๐Ÿน
Chapter 91๐Ÿน
Chapter 92๐Ÿน
Chapter 93๐Ÿน
Chapter 94๐Ÿน
Chapter 95๐Ÿน
Chapter 96๐Ÿน
Chapter 97๐Ÿน
Chapter 98๐Ÿน
Chapter 99๐Ÿน
Chapter 100๐Ÿน
Chapter 101๐Ÿน
Chapter 102๐Ÿน
Chapter 103๐Ÿน
ENDING -1๐Ÿน
ENDING-2๐Ÿน
Extra 1๐Ÿน
Extra 2๐Ÿน
Extra 3๐Ÿน
End Of Story ๐Ÿน

Chapter 47 ๐Ÿน

1.4K 238 2
By _ImFoodie


🐹 အခန်း ၄၇
ဝူယိလေးက ရေသူထီးတစ်ကောင်နဲ့ တွေ့တယ်

[*အနက်ရောင်သေတ္တာကို အခေါင်းပုံစံ ထောင့်မှန်စတုဂံ သေတ္တာတစ်ခုအဖြစ် မြင်ယောင်ကြည့်ပေးပါ။]

ကျန်းချိုး ကြက်သေသေနေမိသည်။ 

လူတိုင်းလည်း ဆွံ့အသွားကြသည်။

အေး ပါးစပ်ဖွင့်လိုက်တာနဲ့ အခုလိုမျိုး စကားတွေ ပြောဖို့ လိုသလားကွ..

ဟမ်းစတားလေး၏ နားရွက်များအား နျဲ့ရှောင် အလျင်အမြန် လက်ဖြင့်အုပ်လိုက်သည့်တိုင် ဟမ်းစတားလေး အကုန်ကြားလိုက်ရသေးသည်။

ဤအချိန်တွင် ကျန်းချိုးမှာ ချွေးဒီးဒီး ကျဆင်းလျက်ရှိသည်။ အထဲသို့ ဆွဲသွင်းမခံရစေရန် လက်နှစ်ဖက်ဖြင့် အနက်ရောင်သေတ္တာ၏ အစွန်းကို အင်နှင့်အားနှင့် ဆွဲလိုက်သည်။ မွေးဖွားလာသည်မှာ အသက် ၂၇ နှစ် အထိ ရှိနေပြီ ဖြစ်သော်လည်း ဤသည်မှာ သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ အခက်အခဲ ကြုံတွေ့ရခြင်းဖြစ်သည်ကြောင့် ထိတ်ထိတ်လန့်လန့် ဖြစ်နေမိသည်။

နျဲ့ရှောင်အား လှောင်ရယ်ခြင်း မပြုခဲ့သင့်ပေ။ တစ်ချိန်ချိန် သူ၏အလှည့် ရောက်လာမည်မှာ သေချာပေါက်ပင်။

သေတ္တာအတွင်းရှိအရာမှာ လှုပ်ရှားခြင်းမရှိသည့် ကျန်းချိုးအား အထဲသို့ ဆွဲမသွင်းနိုင်ပေ။ ခန္ဓာကိုယ်မှာ အလွန်အမင်း မသက်မသာ ဖြစ်လာသဖြင့် ထိန်းချုပ်မရနိုင်ဘဲ ရုန်းကန်လာသည်ကြောင့် ပုလဲများအကြားမှ ခေါင်းပြူထွက်လာလေသည်။

အနီးဆုံးဖြစ်သည့် ကျန်းချိုးမှာ တစ်ဘက်၏ မျက်နှာကို မြင်လိုက်သည့်အခါတွင် ချက်ချင်းပင် တုန်လှုပ်ထိတ်လန့်စွာဖြင့် မျက်လုံးများ ပြူးကျယ်လာပြီး ကြက်သေသေလျက်နှင့် ဗလာမျက်လုံးများဖြင့် စိုက်ကြည့်နေမိသည်။

ထို့နောက်တွင် ထိုအရာ၏ နမ်းခြင်းခံလိုက်ရသည်။

“အားးးးးးးးး!!!!”

ရှောင်ယန်သည် ရင်းနှီးနေသည့် မြင်ကွင်းကြောင့် သူမ၏ နုနုနယ်နယ် နှလုံးသားလေး ပေါက်ကွဲသွားပြန်သည်။ နီမြန်းနေသည့် ပါးနှစ်ဖက်အား လက်ဖြင့်အုပ်ကာ ရှက်ရွံ့စွာဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“အိုး ခိုင် မော့.. နမ်းကြပြန်ပြီဟ.. အားးးးးးး”

နျဲ့ရှောင်မှာ ဟမ်းစတားလေး၏ မျက်လုံးများအား လက်ဖြင့်အုပ်လိုက်သည့်တိုင် အကောင်ငယ်လေးမှာ သူမြင်သင့်သည့်အရာအား မြင်တွေ့သွားလေသည်။

ဆန်မုန့်လုံးလေးက တလက်လက်တောက်ပနေသည့် မျက်လုံးနက်နက်လေးများအား တဖျက်ဖျက် ခတ်လိုက်သည်။ မထင်မှတ်ဘဲ သူ၏ဒယ်ဒီအား အနမ်းပေးနည်းအသစ်ကို သင်ယူလိုက်မိလေသည်။

ထိုအရာက စိုစိုစွတ်စွတ် ပြင်သစ်အနမ်းပြီးနောက်တွင် ကျန်းချိုး၏ အင်္ကျီကော်လံအား လွှတ်ပေးလိုက်ပြီးနောက် သူ မြေပြင်ပေါ်သို့ ထိုင်လျက်သား ပြုတ်ကျသွားလေသည်။ ဂျုံရောင်သန်းနေသည့် မျက်နှာမှာ လွန်ခဲ့သည့် အချိန်ကပင် ဟုန်းဟုန်းတောက်နေပြီး ဖြစ်ကာ နားသန်သီးလေးများမှာ ရဲရဲနီနေလေသည်။ တစ်ဖက်သူ၏ နွေးထွေးနူးညံ့သည့် နှုတ်ခမ်းပါးအထိအတွေ့မှာ သူ၏နှုတ်ခမ်းထက်တွင် ယခုထိအောင် ကျန်ရစ်နေဆဲ ဖြစ်ပုံပင်။

သေတ္တာအတွင်းမှ ပြိုင်ဘက်ကင်းလှပသည့် ရေသူမတစ်ကောင် ထွက်ပေါ်လာပြီး လှပကာ ပင်လယ်ကဲ့သို့ နက်ရှိုင်းသည့် ကျောက်မျက်နှင့်တူသော မျက်လုံးများဖြင့် လူတိုင်းအား ကြည့်နေလေသည်။

အနမ်းတစ်ခုပြီးနောက်တွင် သူ အတော်လေး သက်သာသွားသည်ဟု ဆိုနိုင်သော်လည်း ဖြူဖွေးသည့် အသားအရည်မှာ သဘာဝမကျစွာ နီမြန်းနေဆဲဖြစ်သည်။ လေထုထဲရှိ ချိုမြိန်သည့် ရနံ့မှာလည်း ယခင်ကထက်ပင် ပိုမိုသင်းပျံ့စူးရှလာသည်။

“ဘာလာကြည့်နေတာလဲ.. မိတ်လိုက်ကာလရောက်နေတဲ့ ရေသူထီးတစ်ကောင်ကို တစ်ခါမှ မမြင်ဖူးကြဘူးလားကွ..”

တစ်ညီတစ်ညာတည်း ခေါင်းခါလိုက်ကြသူများ : “…”

ငါတို့တကယ်ကြီး တစ်ခါမှတောင် မမြင်ဖူးဘူးရော်..

လူတိုင်း သူတို့ရှေ့ရှိ ရေသူထီးအား ကြောင်အစွာ စိုက်ကြည့်နေကြလေသည်။ ကမ္ဘာမြေပေါ်တွင် နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာရှိပြီ ဖြစ်သော်လည်း နတ်သမီးပုံပြင်များနှင့် ဒဏ္ဍာရီများထဲရှိ ရေသူမအား ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ဖူးကြခြင်းပင်။

နတ်သားလေးဖြစ်လာသည့် ဟမ်းစတားလေးပြီး‌နောက် သူတို့၏ ကမ္ဘာကြီးအပေါ် အမြင်မှာ နောက်တစ်ဖန် ဆန်းသစ်သွားရပြန်သည်။

ဤကမ္ဘာပျက်ကပ်တွင် မှော်ဝင်မျိုးစိတ်များအားလုံး ထွက်ပေါ်လာပုံရသည်။

ထိုသို့ပြောရမည်ပင်။

လူတိုင်း ခေါင်းငုံ့ကာ ဟမ်းစတားလေးအား ကြည့်လိုက်ကြသည်။ ထိုမျိုးစိတ်များ၏ ချဉ်းကပ်ပုံ နည်းလမ်းမှာ အတိအကျ တူညီပေသည်။

မင်းတို့ လူသားမဟုတ်တဲ့ မျိုးနွယ်တွေအားလုံးက ဒီလိုမျိုး စိတ်အားထက်သန်ပြီး တည့်တိုးဆန်ကြတာလားကွ..

ဟမ်းစတားလေးသည် လူတိုင်း၏ အဓိပ္ပါယ်ပါပါ အကြည့်များအား လုံးလုံး ဂရုမထားချေ။ သူ့ဒယ်ဒီ၏ အိတ်ကပ်ထဲတွင်သာ ရှိနေရင်း ရွှန်းရွှန်းစိုနေသည့် မျက်လုံးနက်နက်လေးများဖြင့် အနက်ရောင်သေတ္တာထဲရှိ ရေသူထီးကြီးအား ကြည့်နေလေသည်။

ကြည့်လေလေ ရင်းနှီးသည့်ခံစားချက် တိုးလာလေ ဖြစ်သည်ကြောင့် သူ၏ခေါင်းကလေးအား စောင်းငဲ့လိုက်သည်။

ကျားကြီးကလည်း နှာခေါင်းရှုံ့ကာဖြင့် လေထုထဲရှိ ရင်းနှီးလှသော ငါးညှီနံ့အား ရှူလိုက်ပြီးနောက် တံတွေးမျိုချမိသည်။ ထို့နောက် ဝဝဖြိုးဖြိုး ငါးကြီးအား စိမ်းတောက်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

အနံ့လေးက အရမ်းကောင်းတာပဲ.. ငါးစားချင်တယ်..

ပိုဆီယာသည် သားကောင်အားချောင်းနေသည့် ကျား၏အကြည့်ကို ခံစားမိလိုက်သဖြင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်တရက် မသက်မသာဖြစ်လာသည်။ ထို့ကြောင့် ပုလဲများအောက်သို့ တိုးဝင်သွားလေသည်။

သို့သော်လည်း သူ၏ခန္ဓာကိုယ်အတွင်းရှိ ခြောက်သွေ့မှုမှာ ပြင်းထန်နေဆဲ ဖြစ်သဖြင့် ခန္ဓာကိုယ်တစ်ခုလုံးမှာ အလွန်အမင်း အားနည်းဖျော့တော့ကာ နူးညံ့သိမ်မွေ့လျက်ရှိသည်။

“မင်းတို့မှာ ရေရှိကြလား.. မြန်မြန်‌လေး ငါ့သေတ္တာထဲကို ရေထည့်ပေးကြစမ်းပါ.. လောင်ဇီက လုံးဝ သည်းမခံနိုင်တော့ဘူး.. ရေမရှိဘူးဆိုရင် တစ်ယောက်ယောက်ကို လုပ်မိတော့မယ်ကွ..”

ပိုဆီယာ မျက်နှာတစ်ခုလုံး နီမြန်းလျက်နှင့် စိတ်မရှည်စွာ အော်ဟစ်လိုက်သည်။

ပိုဆီယာ၏စကားအား ကြားသည့်အခါ ကျန်းချိုးသည် ချက်ချင်းပင် သူ၏အင်္ကျီကော်လံအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ကြောက်လန့်တကြား ဝေးဝေးသို့ ဆုတ်ခွာသွားလေသည်။ ဤအချိန်တွင် သူ၏ ကြမ်းကြမ်းတမ်းတမ်း ပုံရိပ်မှာ လုံးလုံးလျားလျား ပျောက်ကွယ်သွားလေပြီ။

နျဲ့ရှောင် ဟမ်းစတားလေး၏ နားရွက်များအား လက်ဖြင့်အုပ်လိုက်ပြန်သည်။ သူတို့အရှေ့မှ ရမ္မက်ထန်နေသည့် ငါးအားကြည့်ပြီး သူ၏ပေါင်ပေါင်းမှာ အဆပေါင်းများစွာ ချစ်စဖွယ်ကောင်းသည်ဟု ရုတ်တရက် ခံစားမိလိုက်သည်။

သွမ့်ဝမ်ယွီ တဖြည်းဖြည်း အရောင်ပြယ်လွင့်လျက်ရှိသော အဖြူရောင်ပုလဲများပြည့်နေသည့် သေတ္တာအား ကြည့်လိုက်သည်။ ထိုအခိုက်အတံ့တွင် တစ်စုံတစ်ခုအား နားလည်သွားပုံရပြီး ချက်ချင်းဆိုသလို သူ၏စွမ်းရည်အား အသုံးပြု၍ ပိုဆီယာ၏ သေတ္တာအား ရေဖြည့်ပေးလိုက်သည်။

အဖြူရောင်ပုလဲများက ရေကိုစုပ်ယူပြီးနောက် ထိန်းချုပ်ဆေးများ ထုတ်လွှတ်လိုက်သဖြင့် ပိုဆီယာအား အတော်လေး သက်သာသွားစေသည်။ လေထုထဲရှိ အရသာရှိလှသော ရနံ့ချိုချိုလေးမှာလည်း အနည်းငယ် လွင့်ပြယ်သွားသည်။

ပိုဆီယာ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်ပြီးနောက် စိတ်ကျေနပ်မှုအပြည့်ဖြင့် ခေါင်းညိတ်ကာ သွမ့်ဝမ်ယွီအား သဘောကျမှုအပြည့်ဖြင့် ကြည့်လိုက်သည်။

“မင်းဆီမှာ အတော်လေးကောင်းတဲ့ ရေနည်းစနစ် ရှိနေတာပဲ.. မင်းကို လက်ထပ်ဖို့ ငါစဉ်းစားမယ်..”

သွမ့်ဝမ်ယွီ : “…”

……ငါ ငြင်းတယ်..

ကျန်းချိုး : “…”

ငါ့ရဲ့ ပထမဆုံးအနမ်းကို ဒီမနက်သုံးကြိမ် ညနေလေးကြိမ်ဆိုတဲ့ မကောင်းဆိုးဝါး ကြက်အစပ်ငါးဆီမှာ ဆုံးရှုံးလိုက်ရတယ်ပေါ့လေ..

ပိုဆီယာ၏စကားကြောင့် နင်ဖုန်း၏ လက်ထဲတွင် မီးတောက်တစ်ခု ဖြစ်ပေါ်လာပြီး သူ၏နံဘေးရှိ ကျစ်ဟွေ့ကွမ်အား အသက်မဲ့စွာ ကြည့်လိုက်သည်။

“ကျစ်ဟွေ့ကွမ်ရေ.. ဒီနေ့တော့ ရေသူထီးကင် စားကြမယ်ဟေ့..”

ကျစ်ဟွေ့ကွမ်သည် အလုံးစုံ သဘောတူကြောင်း ပြသည့်အနေဖြင့် နှာတစ်ချက်မှုတ်လိုက်သည်။

ပိုဆီယာ ထိုစကားအား ကြားသည့်အခါ သူ၏ ငါးခန္ဓာကိုယ်တစ်ခုလုံး ကြောက်ရွံ့တုန်လှုပ်လာသည်။ သူ့ကိုယ်သူ ပုလဲများအကြား မြှုပ်နှံလိုက်ပြီး ရေထဲတွင် ပူစီဖောင်းလေးများ တပွက်ပွက် မှုတ်ထုတ်လျက်ရှိပြီး ဆိုလိုရင်းမှာ “ငါလေးက စလိုက်တာကို.. မင်းတို့ ကမ္ဘာသား‌တွေက အရမ်းစေးကုပ်တာပဲ..”

လူတိုင်း : “…”

နျဲ့ရှောင် ကူကယ်ရာမဲ့စွာဖြင့် နားထင်အား လက်ဖြင့် ပွတ်လိုက်သည်။ ကားအတွင်းရှိ ချိုမြိန်သည့် ရနံ့မှာ ပြဿနာများစွာ ဖြစ်စေနိုင်သည်ဟု တွေးမိလေသည်။ ဤရေသူထီး၏ ရနံ့သည် ထိုဇွန်ဘီများအား ဆွဲဆောင်နေသည်မှာ သိသိသာသာပင်။

“မင်းရဲ့ အနံ့ကို ထိန်းချုပ်နိုင်လား..”

နျဲ့ရှောင်၏ စကားအား ကြားသည့်အခါ ပိုဆီယာ ရေထဲမှ ခေါင်းပြူထွက်လာပြန်သည်။ တစ်ချိန်တည်းမှာပင် ရွှေနီရောင်အဆင်းရှိ လှပသည့် ငါးအမြီး၏ တစ်စိတ်တစ်ပိုင်းလည်း ထွက်ပေါ်လာသည်။ အလွန်ဂုဏ်ယူနေဟန်ဖြင့် ပြောလေသည်။

“အဲဒီအနံ့က ငါ့ရဲ့ ဖယ်ရိုမုန်းလေ.. ငါ့ မိတ်လိုက်ကာလ ပြီးသွားမှ အနံ့ပျောက်မှာ.. လက်ရှိ စကြဝဠာတစ်ခုလုံးမှာ ရေသူမျိုးနွယ်ရဲ့ ဖယ်ရိုမုန်းရနံ့က အချိုမြိန်ဆုံးနဲ့ အလှပဆုံးပဲ.. အရမ်း‌ကောင်းတယ် ဟုတ်.. ငါ့ ဖယ်ရိုမုန်းအနံ့ကို ရှူခွင့်နေရတာကိုက မင်းတို့အတွက် လက်ဆောင်တစ်ခုပဲ..”

နျဲ့ရှောင်မှာ အမူအရာကင်းမဲ့စွာဖြင့် ရှိနေလေသည်။ ထိုရေသူထီးအား အနည်းငယ်မျှပင် မျက်နှာသာပေးလိုစိတ် မရှိဘဲ ပြောလေသည်။

“အဲဒါဆိုရင် မင်းရဲ့ အထူးကာလက ဘယ်လောက်ကြာမှ ပြီးမှာလဲ.. အဲဒီအနံ့က ဇွန်ဘီတွေကို ဆွဲဆောင်နေလို့ တကယ့်ပြဿနာ..”

နျဲ့ရှောင်၏ စကားကြောင့် ပိုဆီယာ၏ မျက်နှာ ရုတ်တရက် တောင့်တင်းသွားလေသည်။ စကြဝဠာကြီး၏ အတ္တပေမဝါဒ အရှိဆုံးသော မျိုးနွယ်စုမှ အတ္တပေမဝါဒ အလွန်ကဲဆုံးသောပုဂ္ဂိုလ်သည် ဤကဲ့သို့သော ငြင်းပယ်ခံရခြင်းမျိုးအား လက်မခံနိုင်ပေ။

သို့သော်လည်း အခြားသူများသည်လည်း သဘောတူသည့်အနေဖြင့် တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လာကြသည်။

ပိုဆီယာ ဆွံ့အသွားမိသည်။ စိတ်ပိုင်းဆိုင်ရာ အပြည့်အဝ တိုက်ခိုက်ခံလိုက်ရပြီးနောက် လက်သုံးချောင်းထောင်ကာ ရှက်သွေးဖြာနေသည့် မျက်နှာဖြင့် ဒေါသတကြီး ပြောလေသည်။

“အနည်းဆုံး ၃ ရက်ကြာမယ်.. ငါးပါးစပ်နဲ့တူတဲ့ မင်းတို့လူတွေက အသိအမှတ်ပြုပေးရမယ် ဆိုတာမျိုးကို မသိကြဘူးဘဲ..”

လူတိုင်း : ကျွတ်.. တကယ့် ပြဿနာပဲ..

မိမိကိုယ်ကိုယ် ရေထဲတွင် နှစ်ထားသော ပိုဆီယာ : …မင်းတို့အားလုံးကို မုန်းတယ်.. QAQ

သွမ့်ဝမ်ယွီ.. ပိုဆီယာအား ကြည့်လိုက်ပြီးနောက် ရေထဲရှိ ပုံမှန်မဟုတ်သော ပြောင်းလဲမှုများအား မြင်တွေ့ခဲ့ရသည်ကို အမှတ်ရမိလိုက်သည်။ ထို့ကြောင့် ချက်ချင်း မေးလိုက်သည်။

“မင်းက အရင်ကတည်းက ယန်ဇီမြစ်ထဲမှာ နေတာလား.. ရေထဲက ငါးတွေက ဘယ်အချိန်ကစပြီးတော့ ဇွန်ဘီဖြစ်သွားကြတာလဲ..”

နျဲ့ရှောင်နှင့် အခြားသူများသည် သွမ့်ဝမ်ယွီ၏ မေးခွန်းအား ကြားသည့်အခါ ချက်ချင်းဆိုသလို ခန္ဓာကိုယ်တောင့်သွားပြီးနောက် ပိုဆီယာအား ကြည့်လိုက်ကြသည်။

ထိုအခြင်းအရာနှင့် စပ်လျဉ်း၍ ပိုဆီယာ နားမလည်ချေ။ သူသည်လည်း အလွန်ဒေါသထွက်မိသဖြင့် လှပသည့် ဆူးတောင်သဏ္ဌာန် နားရွက်များမှ မီးခိုးတအူအူ ထွက်လာသည်။

“ငါက ယန်ဇီမြစ်ထဲမှာ နေတာမဟုတ်ဘူး.. လောင်ဇီက ပင်လယ်ထဲကနေ ညတွင်းချင်း ထွက်ပြေးလာတာ.. အရင်ကတော့ မင်းတို့ ကုန်းမြေပေါ်မှာပဲ ပြဿနာက ရှိနေပြီး ပင်လယ်အောက်မှာ အားလုံးပုံမှန်ပဲ.. ဒါပေမဲ့ တစ်ညတည်းနဲ့ ရေနေငါးတွေအားလုံး ငါးမဟုတ် သရဲမဟုတ်အဖြစ် ပြောင်းသွားကြတယ်..”

“နောက်ဆုံးတော့ ငါ ရေကူးပြီး ထွက်ပြေးနိုင်ခဲ့တယ်.. ဒါပေမဲ့ နေ့တစ်ဝက်တောင် မကုန်သေးဘူး ငါးတွေအကုန်လုံး ဇွန်ဘီအဖြစ် ပြောင်းသွားကြပြီ. ငါ့ရဲ့ မိတ်လိုက်ကာလကလည်း ရောက်လာတယ်လေ.. စောက်ကျိုးနည်းပါကွာ..”

ပိုဆီယာ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ အနာဂတ်တွင် သူ့အနေဖြင့် ပင်လယ်ရေထဲ သို့တည်းမဟုတ် ရေချိုထဲသို့ ဆင်းနိုင်တော့မည် မဟုတ်ပေ။

နျဲ့ရှောင်နှင့် အခြားသူများသည် နားထောင်နေရင်း တစ်ဦးနှင့်တစ်ဦး ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။ သူတို့မျက်နှာအမူအရာများမှာလည်း မကောင်းလှချေ။ ကမ္ဘာပျက်ကပ်မှာ တဖြည်းဖြည်း ပိုမိုဆိုးဝါးပြင်းထန်လာသည်ကို သက်သေပြနေလေသည်။

နင်ဖုန်းသည် တဖြည်းဖြည်း ပူနွေးလာသည့် ရာသီဥတုအားကြည့်ကာ အအေးဒဏ်ကြောင့် မဟုတ်ဘဲ တစ်ကိုယ်လုံး တုန်ယင်လာသဖြင့် သူ့ကိုယ်သူ လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ထားလိုက်သည်။

“တိရစ္ဆာန်တွေက ဇွန်ဘီတွေ ဖြစ်လာနေပြီဆိုတော့ အချိန်တစ်ခုကြာရင် ခြင်တွေက ဗိုင်းရပ်သယ်ဆောင်သူတွေ ဖြစ်သွားနိုင်တာပေါ့.. အဲဒီအချိန်ရောက်ရင် အခြေစိုက်စခန်း တည်ထောင်ထားတယ် ဆိုရင်တောင် ခုခံကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး..”

“သိပ္ပံပညာရှင်တွေကို ကယ်တင်ဖို့ ဟိုင်ချန်ကို မြန်မြန်ရောက်အောင် သွားမှဖြစ်မယ်..”

နျဲ့ရှောင် ထိုသို့ပြောပြီး သူ၏အမူအရာမှာ မကောင်းလှချေ။ ဤသို့သာ ဆက်ဖြစ်နေမည်ဆိုလျှင် ထိုအခြေအနေသို့ အမှန်တကယ် ရောက်ရှိလာသည့်အခါ ကမ္ဘာပေါ်ရှိ သက်ရှိအားလုံး မျိုးသုန်းပျောက်ကွယ်သွားမည်ကို ရိုးရိုးရှင်းရှင်း စောင့်ဆိုင်းဖို့သာ ရှိတော့သည်။

ပိုဆီယာသည်လည်း ခေါင်းငုံ့ထားပြီး အနည်းငယ် စိတ်ဓာတ်ကျနေမိသည်။ ခိုးကြောင်ခိုးဝှက် ထွက်လာရသည့် ခရီးစဉ်မှာ ကံမကောင်းလှချေ။ ဤသို့ဖြစ်မည်ကို သိရှိထားမည် ဆိုပါလျှင် ဤကပ်ဆိုးနှင့် ရင်ဆိုင်ရမည့်အစား ကြင်ဖက်တွေ့ဖို့ရန်သာ သွားပစ်လိုက်မည် ဖြစ်သည်။

ပိုဆီယာသည် သူ၏လက်ချောင်းတွင် ဝတ်ဆင်ထားသည့် နီလာလက်စွပ်အား အသာပွတ်လိုက်သည်။ အချက်ပြ ပို့လွှတ်လိုက်သည်မှာ လဝက်ခန့်ရှိပြီ ဖြစ်‌သော်လည်း သူ၏မိသားစုမှာ အနည်းငယ်မျှပင် တုံ့ပြန်မှု မပြုသေးချေ။

ကြယ်အစုအဝေးထဲသို့ ဝင်ရောက်ရခြင်းပင် မရှိသေးသည့် ကမ္ဘာသားများအားကြည့်ကာ ပိုဆီယာသည် တစ်ကြိမ်တွင် ခြေတစ်လှမ်းသာ လှမ်းနိုင်ပေမည်။

သိုသိုသိပ်သိပ်နေပြီး ကမ္ဘာခြားမှ လာရောက်လည်ပတ်သူဖြစ်သည် ဟူသည့်အချက်ကို ထုတ်ဖော်ခြင်း မပြုသမျှ ကာလပတ်လုံး မဟာမိတ်ဥပဒေသည် သူ့အား မည်သို့မျှ အပြစ်‌ပေးနိုင်မည် မဟုတ်ပေ။

ပိုဆီယာသည် ရေသူမျိုးနွယ်၏ တည်ရှိမှုကို နားလည်လက်ခံပေးကြများအား မြင်သည့်အခါ ကမ္ဘာမြေသို့ လျှို့ဝှက်စွာ လာရောက်ခဲ့ဖူးကြသည့် ဘိုးဘေးများအား ကျေးဇူးတင်မိလေသည်။

ကမ္ဘာပေါ်ရှိ လူသားများမှာ ဂြိုလ်သားများ အမှန်တကယ် ရှိ၊ မရှိ ခန့်မှန်းနေကြချိန်တွင် ကမ္ဘာမြေသည် ဂြိုလ်သားများစွာ၏ အပျော်ခရီးသွားရန် ဦးတည်ရာတစ်ခုအဖြစ် တိတ်တဆိတ် သတ်မှတ်ထားခြင်း ခံရလိမ့်မည်ဟု မည်သည့်အခါတွင်မျှ စဉ်းစားမိကြလိမ့်မည် မဟုတ်ချေ။

မွန်းလွဲချိန် ရောက်နှင့်ပြီးဖြစ်သည်။ အချိန်နှောင့်နှေးခဲ့ရသဖြင့် ယခင်နေ့များမှ သွားနှုန်းအား ထိန်းထားနိုင်စွမ်း မရှိသဖြင့် အရှိန်တင်ဖို့ရန်သာ ရှိတော့သည်။

သို့သော်လည်း မည်မျှပင် အလောတကြီး နိုင်နေစေကာမူ ဆာလောင်မှုအား မည်သူမျှ တောင့်မခံနိုင်ချေ။ ထို့ကြောင့် လမ်းတစ်ဝက်တွင် ခေတ္တမျှ ရပ်နားပြီး ကားနောက်ခန်းတွင် စားသောက်ကြသည်။

ဒယ်ဒီဖြစ်သူ၏ အိတ်ကပ်ထဲတွင် တိတ်ဆိတ်စွာ ရှိနေခဲ့သည့် ဟမ်းစတားလေးမှာ နားလည်ရခက်လောက်အောင် ရင်းနှီးနေသည့် ပိုဆီယာ၏ ရနံ့အကြောင်း စဉ်းစားနေလေသည်။ ထိုသို့ပြောရင်း ကျစ်ဟွေ့ကွမ်နှင့် ဆိုလျှင်လည်း ဤကဲ့သို့သော ရင်းနှီးမှုမျိုး ခံစားမိလေသည်။

သို့သော်လည်း မည်သည်ဖြစ်မှန်း မဝေခွဲတတ်ချေ။

ဟမ်းစတားလေး စိတ်သောကရောက်စွာဖြင့် သူ၏ အမွေးဖွားဖွား ဦးခေါင်းလေးအား လက်ကလေးဖြင့် ပွတ်လိုက်သည်။

နျဲ့ရှောင် ထိုအရာအား သတိပြုမိသည့်အခါ ဆန်မုန့်လုံးလေးအား အိတ်ကပ်အတွင်းမှ ထုတ်လိုက်သည်။ စား‌သောက်ဖို့ရန် ပြင်ဆင်နေသည့် နင်ဖုန်းအား တစ်ချက်ကြည့်လိုက်ပြီးနောက် ဆန်မုန့်လုံးလေးအား မေးလိုက်သည်။

“ဘာဖြစ်လို့လဲ ပေါင်ပေါင်း.. စားဖို့အတွက် လူပုံပြောင်းချင်လို့လား.. ဟင်..”

“ချိ..” ပေါင်ပေါင်း ဒီနေ့ ပြောင်းချင်ဘူး ဒယ်ဒီ..

နျဲ့ရှောင် ဖိအားမပေးချေ။ ဆန့်မုန့်လုံးလေးအား ခေါင်းအသာပွတ်လိုက်ပြီးနောက် ပြောလေသည်။

“အဲဒါဆို ပြီးတော့မှ ဒယ်ဒီ ခေါက်ဆွဲ ခွံ့မယ်နော်..”

ဟမ်းစတားလေး နာခံမှုရှိရှိ ခေါင်းညိတ်လိုက်သည်။

အနက်ရောင်သေတ္တာထဲတွင် ရေစိမ်နေသည့် ပိုစီယာသည် မထင်မရှား ရှိနေခဲ့သည့် ဆန်မုန့်လုံးလေးအား သတိပြုမိသွားပြီးနောက် သူ၏ မျက်လုံးများ ပြူးကျယ်လာလေသည်။

နျဲ့ရှောင်၏လက်ပေါ်ရှိ ဟမ်းစတားလေးအား စိတ်ရှုပ်ထွေးစွာဖြင့် သံသယများနှင့် စိုက်ကြည့်နေမိသည်။

“အဲဒါက မင်းရဲ့ အိမ်မွေးအကောင်လေးလား..”

နျဲ့ရှောင်နှင့် ဆန်မုန့်လုံးလေး၏ စကားများအား ကြားလိုက်ရသည့် ပိုဆီယာသည် တံတွေးမျိုချလိုက်ပြီးနောက် မဝံ့မရဲ မေးလာသည်။

ဟမ်းစတားလေးသည် ရုတ်တရက် ခေါင်းမော့ကာဖြင့် ထိုမေးခွန်းအား ဖြေလေသည်။ သူ၏ မျက်လုံးနက်နက်လေးများဖြင့် ပိုဆီယာအား တည့်တည့်စိုက်ကြည့်လိုက်ပြီး နှစ်ဦးသား အကြည့်ချင်းဆုံနေကြသည်။

“ချိ..!” ပေါင်ပေါင်းက ဒယ်ဒီ့ ချစ်သူလေးပါနော်..

ဟမ်းစတားလေး ဦးစွာ ဖြေလိုက်သည်။ သူ၏အသံလေးမှာ နူးနူးညံ့ညံ့နှင့် ချစ်စဖွယ်ကောင်းသလို ခပ်ချွဲချွဲလေး ဖြစ်နေလေသည်။ အခြားလူများ နားလည်ခြင်း ရှိ၊ မရှိမှာ အရေးမပါချေ။

အကောင်ပေါက်လေး၏ စစ်မှန်သည့် အမူအရာကို ကြည့်ပြီး ဘာသာစကား ကျွမ်းကျင်သည့် ရေသူထီး ပိုဆီယာသည် နျဲ့ရှောင်အား အမေးသင်္ကေတများဖြင့် ကြည့်လိုက်သည်။

……မင်းတို ပတ်သက်မှုက တကယ်ကို ရှုပ်ထွေးတာပဲ..

နျဲ့ရှောင် : “…”

အခြားတစ်ဘက်ရှိ လှုပ်ရှားမှုများအား ကြားသည့်အခါ နင်ဖုန်း မည်သည့်အရာများ ဖြစ်နေသည်ကို သိလိုစိတ်ဖြင့် လှည့်ကြည့်လိုက်သည်။ ထိုနောက်တွင် အကြည့်ချင်းဆုံနေကြသော မျက်လုံးကြီးကြီးနှင့် သေးသေးတစ်စုံအား မြင်တွေ့လိုက်ရသည်။ ချက်ချင်းပင် တက်ကြွလာပြီးနောက် အလျင်စလို ပြောလေသည်။

“ပိုဆီယာရေ.. သူ့နာမည်က ဝူယိတဲ့.. ငါတို ဘော့စ် ကျွေးမွေးစောင့်ရှောက်ထားတဲ့ ဟမ်းစတား နတ်သားလေးလေ.. သူက လူပုံစံ ပြောင်းနိုင်တယ်.. မင်းလိုပဲ လူစင်စစ် မဟုတ်ဘူး.. ဟားဟားဟား..”

“အဲဒီလိုလား..”

ပိုဆီယာ ခြောက်ကပ်ကပ်နိုင်စွာ ပြုံးလိုက်ပြီးနောက် ဟမ်းစတားလေးနှင့် လက်ဆွဲနှုတ်ဆက်ရန် ရည်ရွယ်ချက်ဖြင့် လက်ချောင်းတစ်ချောင်း ဆန့်ထုတ်လိုက်သည်။

“တွေ့ရတာ ဝမ်းသာပါတယ်‌နော်..”

ဟမ်းစတားလေးမှာ မည်သည်ကြောင့် ဤရင်းနှီးသည့် ခံစားချက်အား ရရှိနေသည်ကို နားမလည်သေးသဖြင့် ထိုအကြောင်းအား မစဉ်းစားတော့ချေ။ သူ၏အရှေ့ရှိ ရေသူထီး၏ လက်ချောင်းများအားကြည့်ကာ အနည်းငယ် ရှက်ရွံစွာဖြင့် သူ၏ လက်ကလေးနှင့် ဆုပ်ကိုင်လိုက်သည်။

“ချိ..!” ဟရို..

ပိုဆီယာသည် ချစ်စဖွယ်ကောင်းပြီး ရင်းနှီးနေသည့် အပြုအမူလေးအား ကြောင်အစွာ ကြည့်နေမိပြီး သူ၏ နှလုံးသားထဲတွင် အော်ဟစ်နေလေသည်။

အားးးးးးးးး မင်းတို ကမ္ဘာသားတွေရဲ့ တွေးခေါ်ပုံက အရမ်းရိုးရှင်းလွန်းတယ်..

ဒီရိုးရိုးအအ ဖြူဖြူစင်စင် ပုံစံလေးက ငါသိထားတဲ့ ခပ်တုံးတုံးလေးနဲ့ ချစ်ဖိုကောင်းတဲ့ တော်ဝင်မျိုးနွယ်စုက တိရစ္ဆာန်လေးတွေရဲ့ အပြုအမူနဲ့ တစ်ထပ်တည်းပဲကွ..

ပိုဆီယာသည် သူ၏အနီးရှိ ရင်းနှီးကျွမ်းဝင်သည့် အော်ရာနှင့် ကျားကြီးအား ကြည့်လိုက်ပြီးနောက် ရုတ်တရက်ဆိုသလို စိတ်ထဲတွင် ရဲရင့်သည့် မှန်းဆချက်တစ်ခု ပြုလုပ်လိုက်သည်။

……သူတိုက “စိတ်တူကိုယ်တူတွေ” ဖြစ်ရမယ်..
*

Continue Reading

You'll Also Like

1M 22.5K 58
A 'slut' of a 21 year old Nidhi is married to the disabled thakur, who is paralysed below his waist. What will happen when her sexual frustration wil...
193K 1.8K 175
ไฝœ่€…๏ผšๆ‘้‡Œ็š„ๅฐๅ‚ฒๅจ‡ Chen Xiaolin accidentally bleeds on the bracelet her grandmother left her, and she discovers a space inside. She then fills the space with...
19.3K 1.8K 33
แ€แ€„แ€บแ€นแ€”แ€œแ€ฌแ€”แ€ฑแ€ทแ€แ€ญแ€ฏแ€„แ€บแ€ธ update แ€›แ€พแ€ญแ€•แ€ซแ€žแ€Šแ€บแ‹ แ€€แ€ผแ€ฌแ€•แ€”แ€บแ€ธแ€–แ€ผแ€ฐแ€œแ€ฑแ€ธแ€™แ€ปแ€ฌแ€ธแ€™แ€พ แ€˜แ€ฌแ€žแ€ฌแ€•แ€ผแ€”แ€บแ€•แ€ซแ€žแ€Šแ€บ
16.1K 114 7
Beauty Climb High Branch in 70's (ไธƒ้›ถ็พŽไบบๆ”€้ซ˜ๆžๅ„ฟ) Author: Xiliangmiao Type: time travel and rebirth Zhang Hui woke up and returned to the scene of forced m...