The Challenge of Love (OC)

By Eaint_Shin_Sitt

360K 14.2K 722

ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှ... More

Introduction
Part (1) Uni/Zawgyi
Part (2) Uni/Zawgyi
Part (3) Uni/Zawgyi
Part (4) Uni/Zawgyi
Part (5) Uni/Zawgyi
Character Introduction
Part (6) Uni/Zawgyi
Part (7) Uni/Zawgyi
Part (8) Uni/Zawgyi
Part (9) Uni/Zawgyi
Part (10) Uni/Zawgyi
Part (11) Uni/Zawgyi
Part (12) Uni/Zawgyi
Part (13) Uni/Zawgyi
Part (14) Uni/Zawgyi
Part (15)Uni/Zawgyi
Part (16) Uni/Zawgyi
Part (17) Uni/Zawgyi
Part (18) Uni/Zawgyi
Part (19) Uni/Zawgyi
Part (20) Uni/Zawgyi
Part (21) Uni/Zawgyi
Part (22) Uni/Zawgyi
Part (23) Uni/Zawgyi
Part (24) Uni/Zawgyi
Part (25) Uni/Zawgyi
Part (26) Uni/Zawgyi
Part (28) Uni/Zawgyi
Part (29) Uni/Zawgyi
Part (30) Uni/Zawgyi
Part (31) Uni/Zawgyi
Part (32) Uni/Zawgyi
Part (33) Uni/Zawgyi
Part (34) Uni/Zawgyi
Part (35) Uni/Zawgyi
Part (36) Uni/Zawgyi
Part (37) Uni/Zawgyi
Part (38) Uni/Zawgyi
Part (39) Uni/Zawgyi
Part (40) Uni/Zawgyi

Part (27) Uni/Zawgyi

7.2K 317 16
By Eaint_Shin_Sitt

The Challenge of Love
Part (27)

"ကိုကြီး ညနေမှသွားမှာလား နေ့ခင်းသွားရအောင်ပါ "

"ငါက နေ့ခင်းအားမှမအားတာ ရုံးသွားရမယ့်ကိစ္စကို "

"သမီးလည်းညနေအားမှမအားတာ Gym သွားရမယ့်ကိစ္စကို "

တွယ်တာသည် ခိုင်မြဲအခန်းထဲလိုက်လာပြီး ဒီနေ့အဘွားတို့အိမ်သွားလည်ဖို့ကိစ္စကိုနေ့ရွှေ့ညရွှေ့လုပ်နေသည်။

ခိုင်မြဲလည်းဆံပင်ကိုဂျယ်နဲ့သပ်နေရင်းသူ့အိပ်ယာပေါ်ထိုင်ပြီး သူပြောတာကိုလိုက်ရွဲ့နေတဲ့ညီမအားလှည့်ကြည့်လိုက်သည်။

"နင့် Gym က တစ်ရက်ပျက်လို့ဘာမှမဖြစ်ဘူး ငါ့ရုံးကပိုအရေးကြီးတယ်"

"အဲ့တာဆိုလည်းရုံးပိတ်ရက်မှနေ့လည်သွားကြမလား"

"တွယ်တာ နင်ဘယ်လိုဖြစ်နေတာလဲ မာမားကဒီနေ့သွားလို့ပြောထားတာ အဘွားအိမ်ကိုမလိုက်ချင်ဘူးလား Gym ကို ဘာလို့အဲ့ဒီလောက်အသည်းအသန်သွားချင်နေရတာလဲ "

"ရက်မပျက်ချင်လို့ပေါ့ ပြီးတာပဲ ဒီနေ့ပဲသွားမယ်ဆိုလည်း ရုံးကစောစောပြန်ခဲ့!"

တွယ်တာလည်း ခိုင်မြဲကိုပိတ်ရက်မှသွားဖို့ညှိလို့မရတာနဲ့ခြေစောင့်ပြီးခိုင်မြဲအခန်းထဲကနေထွက်သွားလေသည်။

ခိုင်မြဲနှင့်ပါပါးရုံးသွားတော့ အရင်လိုပဲတွယ်တာနဲ့မာမားပဲကျန်ရစ်သည်။ တွယ်တာလည်းဒီနေ့ထမင်းစားဖို့ကလွဲပြီးအောက်ဆင်းဖို့ဆန္ဒမရှိပါ။ဘာ့ကြောင့်ဆို မနေ့ကအိမ်ပြန်နောက်ကျတဲ့ကိစ္စနဲ့ပတ်သတ်ပြီး မာမားကသူနဲ့အကြည့်ချင်းဆုံတာနဲ့သေချာပေါက်ဆုံးမသြဝါဒခြွေဦးမည်ဖြစ်ပါသည်။

ခိုင်မြဲအားဒီညနေအဘွားဆီမသွားလိုတဲ့အဓိကအကြောင်းအရင်းဟာ ရန်ကြီးဟာဒီညနေGym မှာရှိနေမည်အတိအကျဖြစ်သောကြောင့်ဖြစ်သည်။

တွယ်တာ ကိုရန်ကြီးကိုတွေ့မှဖြစ်မည်။ တွယ်တာ့ဆီမလာရတဲ့အကြောင်းအရင်းကိုမျက်နှာချင်းဆိုင်တွေ့ပြီးမေးလိုက်ချင်သည်။

ဘယ်လိုအကြောင်းကြောင့်များတွယ်တာစောင့်နေမှာသိရဲ့သားနဲ့မလာခဲ့ရသလဲ။

ဒါဟာ ပထမဆုံးအကြိမ်ကိုရန်ကြီးကတွယ်တာ့ကိုဝမ်းနည်းအောင်လုပ်တာဖြစ်သည်။

ဒီလိုမလာရုံလောက်နဲ့တွယ်တာ့ကိုရှောင်ပြေးလို့မရ။ တွယ်တာ ကိုရန်ကြီးကိုသေချာပေါက်ရအောင်ကြိုးစားဖို့ဆုံးဖြတ်ပြီးပြီ။ ပြီးတော့အဲ့ဒီဆုံးဖြတ်ချက်ဟာလွန်ခဲ့သော ၅နှစ်လောက်ကတည်းကချထားခဲ့သည့်ဆုံးဖြတ်ချက်ဖြစ်သောကြောင့်ဘယ်တော့ပြုပြင်မည်မဟုတ်။

မနေ့ညက ငိုလို့အားရတော့ လဝန်းနှင့်ပန်းနုရှိတဲ့Group Chat ထဲ Voice Message ပို့ပြီးအ​ကြောင်းစုံကိုပြောပြသည်။

လဝန်းကတော့ ကိုရန်ကြီးကိုအမှတ်လျော့လိုက်တော့ဟုဆိုကာတွယ်တာ့ဘက်ကနေဒေါသဖြစ်ပေးနေသည်။

ပန်းနုကတော့ မနေ့ကတွယ်တာ့ကိုဖုန်းဆက်ပြီးပြီးချင်း ကိုရန်ကြီးဆီသို့Messengerကနေတစ်ဆင့် တွယ်တာ့အကြောင်းသွားပြောတယ်ဟုသိရသည်။

Group Chat ထဲ Screenshot ပါ လာပြတဲ့ပန်းနုပင်ဖြစ်သည်။

•• ကိုရန်ကြီး ဒီနေ့တွယ်တာနဲ့ချိန်းထားတာမသွားဘူးဆို? ••

•• မင်းက ဘယ်လိုသိတာလဲ ••

•• ညီမကို တွယ်တာပြန်မရောက်သေးလို့ဆိုပြီး ကိုတရုတ်ကြီးကဖုန်းဆက်တာ အဲ့တာတွယ်တာ့ကိုဆက်တော့ငိုနေတယ် ကိုရန်ကြီးမလာလို့တဲ့ ••

•• အခုထိမပြန်သေးတာလား အခု Bar မှာလား ••

•• ပြန်ပြီလို့ပြောတယ် ညီမဖုန်းဆက်တော့ ကားပေါ်မှာတဲ့ ••
•• အိမ်ရောက်ရင်ဖုန်းပြန်ဆက်မယ်တော့ပြောတယ် ••

•• တွယ်တာအိမ်ပြန်ရောက်မရောက် ငါ့ကိုတစ်ချက်ပြန်ပြောပေး ••

•• ကိုရန်ကြီး စိတ်ပူနေရင် ကိုယ်တိုင်ဖုန်းဆက်ပေါ့ ••

•• အိမ်ပြန်ရောက်မရောက်ပဲ လာပြောပေးပါ ပန်းနုရာ ••

တွယ်တာ့မှာ ပန်းနုပြတဲ့ Screenshot ကိုဖတ်ပြီးတော့ သြော်...ကိုရန်ကြီးက တွယ်တာ့ကိုတော့စိတ်ပူနေသေးတာပဲဟုတွေးမိကာ ဝမ်းနည်းနေရင်းကနေပြုံးလာမိသည်။

တွယ်တာဟာ ဤကဲ့သို့ကောင်မလေးမျိုးဖြစ်သည်။ ချစ်ရတဲ့ကိုရန်ကြီးအား ဘယ်အရာကိုမှအပြစ်မမြင်ဘဲနည်းနည်းလောက်တွယ်တာ့အပေါ်ကောင်းရင်ပဲကျေနပ်နေတဲ့ကောင်မလေးဖြစ်သည်။

*
*
*

ညနေခိုင်မြဲရုံးဆင်းတော့ရေမိုးချိုးပြီး တွယ်တာနဲ့အတူအဘွားတို့အိမ်သို့လာခဲ့ကြသည်။

ခရီးကပြန်ရောက်လာတဲ့မာမားရဲ့အဖေနဲ့အမေ၊တွယ်တာတို့ရဲ့အဘိုးနဲ့အဘွားကမြေးလေး၂ယောက်ကိုတွေ့ချင်တယ်ဆိုတာနဲ့ အိမ်ကမာမားထည့်ပေးလိုက်သောဝက်သားနဲ့သရက်သီးခြောက်ချက်လာပို့ရင်းအိမ်မှာခဏလောက်နေပေးလိုက်ရသည်။

တွယ်တာ့ကိုကျောင်းပိတ်တုန်းဘာမှမလုပ်ဘူးလားဆိုလို့တွယ်တာလည်းပါပါးတို့ကိုမတိုင်ပင်ရသေးတာနဲ့မပြောပြခဲ့ရ။

ကိုကြီးကိုမေးတာကတော့ရည်းစားမထားသေးဘူးလား၊မိန်းမမယူသေးဘူးလားပဲဆိုပါတော့။

ကိုကြီးကလည်းဟုတ်ပါရဲ့အခုတထိရည်းစားရှိတယ်လို့ပင်တစ်ကြိမ်တစ်ခါမှမကြားခဲ့ဖူးပါ။
ကိုငထူးကထားပါတော့ရည်းစား​ဟောင်းကြောင့်အချစ်ကိုစိတ်နာနေတယ်လို့တွေးပေးလို့ရသေးတယ်။

ကိုရန်ကြီးသာရည်းစားရှိခဲ့ဖူးမယ်ဆိုရင်တော့တွယ်တာသေချာပေါက်ထိုင်ငိုလိုက်မှာဖြစ်ပေမဲ့ကိုကြီးရည်းစားမထားခဲ့ဖူးတာကျတော့လည်းတွယ်တာ့အစ်ကိုဖြစ်ပြီးအဖြစ်ကိုမရှိဘူးဟုတွေးမိပြန်သည်။

"ကိုကြီး ဘယ်ဝင်ဦးမလို့လဲ "

အပြန်ကျအိမ်တန်းမပြန်ဘဲဘယ်သွားနေမှန်းမသိတဲ့ ခိုင်မြဲကြောင့်တွယ်တာဘေးနေမေးလိုက်ပါသည်။

"ငထူးအိမ်ခဏ "

"ဘာလုပ်မလို့လဲ! "

ကိုရန်ကြီးအိမ်ဆိုရင်လည်းပျော်ပျော်ကြီးလိုက်ဦးမယ်။ ကိုငထူးအိမ်တော့အချိန်ကုန်ခံပြီးမလိုက်ချင်။

"ဟိုမှာ သူ့ Airpods ကားထဲကျန်ခဲ့လို့ နေ့လည်ကတည်းကဇွတ်ဖုန်းဆက်တောင်းနေတာ "

ကိုကြီးက ကားဒက်ရှ်ဘုတ်ပေါ်တင်ထားတဲ့ Airpods ကိုမေးငေါ့ပြရင်းပြောသည်။

"ဒါနဲ့ ကိုကြီးအခုထိစော်လေးဘာလေးမရှိဘူးလား"

တွယ်တာက ခိုင်မြဲဘက်သို့ခန္ဓာကိုယ်စောင်းလှည့်ပြီးမေးလိုက်၏။

"ဘာတွေလာမေးနေတာလဲ"

"ဒီအသက်အရွယ်ရောက်နေပြီ အခုထိရည်းစားရှိတယ်လို့မကြားဖူးလို့​လေ"

"ငါတစ်ယောက်တည်းလား ရန်ကြီးလည်းတူတူပဲလေ "

ဘယ်တူမလဲ ကိုရန်ကြီးကတွယ်တာ့အတွက်လေ။

"ကိုကြီးကဘာလို့မရှိတာလဲ"

"ငါ့အကြိုက်မတွေ့သေးလို့ပေါ့ "

"ပန်းနုအစ်မနဲ့ပြန်ဆက်ပါ့လား ဟိုတစ်ခါတောင်ပြောသေးတယ်လေ မဆုယွန်းက ကိုကြီးကိုမေးသေးတယ်ဆိုတာ"

"တော်ပါပြီ "

"ဘာလို့လဲ ရည်းစားစာတောင်ပေးဖူးသေးတာပဲ မကြိုက်တော့ဘူးလားခုကျ"

"အဲ့ဒီတုန်းက ငယ်သေးလို့စိတ်ကစားတာနေမှာပေါ့ ခုကမကြိုက်ပါဘူး"

"ဟုတ်လို့လား ကိုကြီးရုပ်ကြီးက မဆုယွန်းလို့ပြောတာနဲ့ဝင်းသွားတာပဲ"

"ဘာဖြစ်နေတာလဲနင်က ငါ့ကိုအောင်သွယ်လာလုပ်နေတာလား ဆုယွန်းယွန်းထက်က အခုမှငါ့ကိုကြိုက်လို့တဲ့လား"

"အောင်မယ် ဖြစ်ရချည်သေး ကိုကြီးကကြိုက်သေးရင်သမီးကအောင်သွယ်လုပ်ပေးမလို့ပါနော် မဆုယွန်းကအရမ်းလှလာတာ ရိုးရိုးယဥ်ယဥ်လေးနဲ့ စမက်ကျတာ ကိုကြီးကငယ်ငယ်ကတည်းကလူရွေးတတ်သားပဲ"

"ငါ့လောက်ချောလာလို့လား"

ကိုကြီးက သူ့နှဖူးပေါ်ကဆံပင်တွေကိုသပ်တင်ပြရင်းပြောလာတော့တွယ်တာလည်း စိတ်ပျက်ဟန်နဲ့တစ်ဖက်လှည့်သွားလေသည်။

"တော်ပြီ တော်ပြီ မပြောတော့ဘူး ဘာမှအောင်သွယ်မပေးတော့ဘူး "

ခိုင်မြဲက တွယ်တာ့ကိုပြန်မပြောတော့ဘဲ ထူးမြတ်လင်းရဲ့ခြံထဲသို့ကားဝင်ထိုးလိုက်လေသည်။

"သူတောင်းစားကလည်း Airpods လာပေးမယ်ပြောထားတာကိုထွက်မယူဗျ အိမ်ထဲထိဝင်ပေးရဦးမယ်"

ကိုကြီးကဆဲရေးဆိုရင်းခါးပတ်ကြိုးဖြုတ်နေတော့တွယ်တာပါကားထဲကနေထွက်လာဖို့လုပ်သည်။ အကြောင်းအရင်းကတော့ ထူးမြတ်လင်းရဲ့ခြံထဲမှာကိုရန်ကြီးရဲ့ကားရှိနေသော​ကြောင့်ဖြစ်၏။

တွယ်တာက ခိုင်မြဲနဲ့အတူထူးမြတ်လင်းအိမ်ထဲသို့လိုက်လာတော့ ရန်ကြီးနဲ့ထူးမြတ်လင်းက TV ရှေ့မှာ ဘောလုံးပွဲလောင်းဖို့ဖုန်းတစ်လုံးနဲ့အသင်းရွေးနေကြပုံပေါ်သည်။

"သူတောင်းစား ရော့မင်း Airpods ဟိုကောင်ကဘာလို့ဒီရောက်နေတာလဲ"

ခိုင်မြဲသည် ထူးမြတ်လင်းဆီသို့Airpods ပေးပြီး ထူးမြတ်လင်းဘေးမှာ ဆိုဖာကြီးအိကျသွားအောင်ဝင်ထိုင်လိုက်သည်။

ရန်ကြီးကတော့ အိမ်ထဲထိပါလာတဲ့တွယ်တာကိုတစ်ချက်ကြည့်ပြီး မျက်လုံးတွေအရောင်တောက်သွားသည်။

"ဒီကောင်လား မန္တလေးကအပြန်တုန်းကအိမ်မှာကျန်ခဲ့တဲ့ပစ္စည်းတွေပြန်လာယူတာလေ ....တွယ်တာထိုင်လေ "

ကိုငထူးက ကိုကြီးအားကိုရန်ကြီးရောက်နေရတဲ့အကြောင်းအရင်းကိုဖြေရင်းတွယ်တာ့အားထိုင်ခိုင်းသည်။

"ဟုတ်...တွယ်တာ Toliet သွားဦးမယ် "

ဆိုတာတွယ်တာကအိမ်နောက်ဖေးသို့ဝင်သွားလေ၏။

"တရုတ်ကြီးဒီနေ့လီပါပူးပွဲရှိတာသိလား"

ရန်ကြီးက ခိုင်မြဲကိုလီပါပူးပွဲရှိကြောင်းသတိပေးသည်။

"အေးသိတယ်လေ အိမ်ရောက်မှလောင်းမလို့လုပ်နေတာ ဒီမှာတစ်ခါတည်းထည့်လိုက်တော့မယ် "

ခိုင်မြဲက ထူးမြတ်လင်းရဲ့ဖုန်းထဲကနေ သူ့အတွက်ပါထည့်လောင်းခိုင်းရင်းဒီနေ့ညရှိတဲ့ဘောလုံးပွဲတွေကိုခန့်မှန်းနေသည်။

ရန်ကြီးက ခိုင်မြဲတို့နဲ့စကားပြောနေရင်းသူ့ဖုန်းက Message Noti တက်လာတာနဲ့ဝင်ကြည့်တော့တွယ်တာဆီကနေဖြစ်နေသည်။

•• နောက်ဖေးကခြံထဲကိုလာခဲ့ ••

ရန်ကြီး ထို Message ကိုဖတ်ပြီး ရင်တွေပါခုန်သွားသည်။ အခုက ဒီကလေးမကသူ့အစ်ကိုနဲ့တစ်အိမ်တည်းရှိနေတာတောင်သူ့ကိုနောက်သို့လာခဲ့ဖို့ချိန်းနေတာလား?

ရန်ကြီး ခိုင်မြဲနဲ့ထူးမြတ်လင်းကိုတစ်ချက်ကြည့်ပြီး နောက်ဖေးသို့သွားရန်ဆင်​ေခြတစ်ခုရှာရသည်။

အခုလိုခေါ်တာတောင်ရန်ကြီးမသွားဘူးဆိုရင် ရန်ကြီးလွန်တာထက်လွန်ပြီဖြစ်သည်။

ဒါပေမဲ့ ဟို၂ကောင်ကဘောပွဲအကြောင်းပြောနေရမယ်ဆိုအိမ်မီးလောင်နေတောင်ထကြည့်မယ့်ကောင်တွေမဟုတ်တာမို့ ရန်ကြီးလည်းဘာမှမပြောတော့ဘဲအသာလေးလစ်ထွက်လာလိုက်၏။

ထူးမြတ်လင်းရဲ့အိမ်ကလုံးချင်းတစ်ထပ်တိုက်အပုလေးဖြစ်တာမို့ Toliet က တိုက်ထဲမှာဆိုပေမဲ့ ရေချိုးခန်းနဲ့Toliet ကနေရှေ့ဆက်သွားရင် နောက်ဖေးသို့ထွက်တဲ့တံခါးပေါက်ရှိတာမို့ အခုတွယ်တာဟာတိုက်ရဲ့အပြင်နောက်ဖေးကခြံထဲမှာဖြစ်သည်။

ရန်ကြီးကခိုင်မြဲတို့အရိပ်အခြေကြည့်ပြီးနောက်ဖေးသို့လိုက်လာတော့ ကလေးမက ဂျင်းဘောင်းဘီနဲ့ခရော့တော့လက်ဖောင်း အဖြူလေးဝတ်ထားပြီးလက်ပိုက်လျှက်စောင့်နေသည်။

"ဘာလို့ခေါ်တာလဲ မင်းအစ်ကိုသိသွားရင်ဘယ်လိုလုပ်မလဲ "

" တွယ်တာမေးတာအရင်ဖြေ ဘာလို့မလာတာလဲမနေ့က! "

တွယ်တာကရုပ်တည်လေးနဲ့မေးတာမို့ ရန်ကြီးရဲ့မျက်နှာကညှိုးနွမ်းနေပုံရသည်။

" ဖြေလေ ဘာလို့လဲ! "

"......."

"ပြောတော့ ကျောင်းမှာ ဖိုက်တာဆို ချိန်းထိုးတဲ့ပွဲတိုင်း ကိုရန်ကြီးပါတယ်တဲ့ ဘယ်ကောင်ချိန်းချိန်း သွားထိုးတယ်တဲ့  တွယ်တာချိန်းတာကျဘာလို့မလာတာလဲ အလကား သတ္တိမရှိတဲ့ ဘဲကြီး! "

တွယ်တာက ရန်ကြီးကို မျက်မှောင်ကုပ်ကြည့်ထားလျှက် ရန်တွေ့နေသည်။

"ဟုတ်တယ် ငါမင်းနဲ့ပတ်သတ်ရင် သတ္တိမရှိဘူး"

တွယ်တာသည် မျှော်လင့်မထားတဲ့စကားကို ကိုရန်ကြီးဆီကကြားလိုက်ရတာမို့ မျက်မှောင်ကုပ်ထားရာကနေပြေလျော့သွားကာ နှုတ်ခမ်းကလေးကိုတင်းတင်းစေ့ပိတ်ထားသည်။

"ငါမလာနိုင်ခဲ့ဘူး ငါမင်းကိုညီမလေးတစ်ယောက်လိုပဲစောင့်ရှောက်ချင်တယ် တွယ်တာ"

"တွယ်တာမှ ကိုရန်ကြီးရဲ့ညီမလေးမဖြစ်ချင်တာ"

တွယ်တာဟာ ရန်ကြီးရှေ့သို့ တစ်လမ်းပိုတိုးကပ်သွားပြီး ရန်ကြီးရဲ့ရင်ဘက်​ကအင်္ကျီစကိုစောင့်ဆွဲလိုက်သည်။

ဒါပေမဲ့ သူမအားလေးနဲ့ဒီလူကောင်ကြီးဟာယိုင်နဲ့လို့တောင်ပါမလာ။

"မင်းကိုမွေးကာစပေါက်ကတည်းက မြင်တွေ့လာရတာ ငါ့ရဲ့ညီမလေးတစ်ယောက်လိုပဲသဘောထားပြီး တစ်သက်လုံးစောင့်ရှောက်ဖို့ရည်ရွယ်ခဲ့တာ အဲ့တာကိုအခုလိုကြီးမပြောင်းလဲပစ်ချင်ဘူး တွယ်တာ ငါပြောတာနားလည်လား! "

"အဲ့တာဆို ကိုရန်ကြီးဘက်ကတွယ်တာ့အပေါ်ခံစားချက်မရှိဘူးပေါ့ ဟုတ်လား တွယ်တာတစ်ယောက်တည်းကပဲ ကိုရန်ကြီးကိုမရိုးမသားတွေးနေမိတာပေါ့ "

တွယ်တာဟာ သူမကိုနားလည်အောင်ရှင်းပြနေတဲ့ရန်ကြီးအား မော့ကြည့်ပြီး ပြန်ဖြေဖို့တိုက်တွန်းနေသည်။

"ကိုရန်ကြီး ဖြေလေ တွယ်တာ့အပေါ်ညီမတစ်ယောက်ထက်ပိုတဲ့ခံစားချက်မရှိဘူးလားလို့ "

ရန်ကြီးသည် သူ့ကိုမော့ကြည့်ပြီး သူလိုချင်တဲ့အဖြေမရမချင်းမေးနေမယ့်ကလေးမကိုမျက်လုံးလွှဲလိုက်ကာ သူ့ရင်ဘက်ကအင်္ကျီစကိုဆွဲထားတဲ့သူမလက်ကလေးတွေကိုအုပ်ကိုင်ကာဆွဲဖြုတ်ရင်းဖြေလိုက်သည်။

"ငါမဖြေချင်ဘူး တွယ်တာ! "

"ဘာမဖြေချင်တာလဲ အဲ့လိုရှောင်ပြေးလို့မရဘူး အဖြေက Yes or No ၂မျိုးပဲရှိတယ် !"

တွယ်တာက သူ့လက်တွေကိုဆွဲဖြုတ်လိုက်တော့ ကိုရန်ကြီးရဲ့ရင်ဘက်ကြီးကိုလက်ဖဝါး၂ဖက်နဲ့ရိုက်ပုတ်လိုက်သည်။

ရန်ကြီး ကလေးမကိုမျက်မှောင်ကုပ်ပြီးငုံ့ကြည့်နေရင်း အတော်အခက်တွေ့နေပြီဖြစ်သည်။

"တိုးတိုးနေ မင်းအစ်ကိုကြားသွားလိမ့်မယ်"

"အဲ့တာဆိုဖြေလေ ကိုရန်ကြီးအဲ့ဒီလို မဖြေဘဲ​ငြိမ်နေလို့ပြီးမှာမှမဟုတ်တာ! "

"ငါအခုဖြစ်နေတဲ့ခံစားချက်ကိုပြောပြရင် မင်းနားထောင်ရဲတာသေချာလား! "

ကိုရန်ကြီးပုံစံက ရုတ်တရက်စူးစူးစိုက်စိုက်ဖြစ်သွားတာမို့ တွယ်တာရင်ထဲမြင်းတစ်ကောင်အပြင်းနှင်သကဲ့သို့ဒုန်းစိုင်းသွားရပြန်သည်။

"ပြောလေ မင်းနားထောင်ရဲတာသေချာလား!"

"ဖြေ နားထောင်ရဲတယ် ကိုရန်ကြီးတွယ်တာ့ကိုငြင်းရင်တောင်တွယ်တာကကိုရန်ကြီးတွယ်တာ့ကိုလက်ခံတဲ့အထိကြိုးစားဖို့စိတ်ကိုပြင်ဆင်ပြီးသား! "

"သေချာလား?"

"သေချာတယ်လို့ !"

ရန်ကြီးဟာ တွယ်တာ့ကိုကြည့်နေရင်း တံတွေးမြိုချလိုက်တာကိုတွယ်တာရန်ကြီးရဲ့လည်စေ့လေးလှုပ်ခက်သွားတာကိုကြည့်ပြီးသိလိုက်ရသည်။

ပြီးတော့ကိုရန်ကြီးကိုကြည့်ရတာလည်းအသက်ရှူပြင်းနေပြီး ပူအိုက်နေသလိုပဲ။

"ငါမလုပ်နိုင်ဘူး.... ပြောမထွက်ဘူး ပြီးတော့ ငါ့သူငယ်ချင်းတစ်ယောက်လုံးအိမ်ထဲမှာရှိနေတာကိုမင်းနဲ့ဒီအကြောင်းတွေမပြောချင်ဘူး "

ရန်ကြီးဟာ လှည့်ထွက်သွားဖို့ပြင်တော့ တွယ်တာက ရန်ကြီးရဲ့လက်မောင်းကိုလှမ်းဖက်လိုက်၏။

Shitt....!

ရန်ကြီးငုံ့မကြည့်ပေမဲ့ သူ့လက်မောင်းနဲ့ထိနေတာတွယ်တာရဲ့ဘယ်အစိတ်အပိုင်းလဲဆိုတာ အသေအချာသိနေသည်။

အိစက်ညက်ညောမှုအချို့နဲ့လက်မောင်းကိုထိနေအောင်ဖမ်းဆွဲထားလေသောကလေးမကတော့ ဒါကိုသိမှာမဟုတ်။

ဒါတွေကိုတောင်မသိဘဲသူ့ကိုမေးတာက သူမတစ်ယောက်တည်းကပဲမရိုးမသားခံစားနေရတာလားတဲ့။

"မနက်ဖြန်ကျရင် Gym ကိုလာခဲ့မယ် ပြောပြရမယ်နော် "

"မင်းအစ်ကိုမရိပ်မိခင်ဒီဘက်ကနေပတ်ပြီးကားပေါ်ကသွားစောင့် ငါတို့အတူတူအထဲပြန်ဝင်လို့မဖြစ်ဘူး"

"တွယ်တာပြောတာကြားလား!"

တွယ်တာဟာ ရန်ကြီးလက်မောင်းကိုကနွဲ့ကလျနဲ့ဖက်ထားပြီးလက်မောင်းပေါ်မှာပဲမေးလေးတင်ကာမော့ပြီးမေးနေသည်။

ဒီလောက်ချစ်စရာကောင်းအောင်လုပ်တတ်တဲ့ကလေးမကို ဘယ်သူကများငြင်းနိုင်မှာလဲ။

"ကြားတယ် ဒီလက်ကိုလွှတ်တော့!"

"ကတိပေးလား မနက်ဖြန် Gym လာရင်ပြောပြမယ်လို့ "

"တွယ်တာ! "

"ပြောလေ "

"အင်း Gym မှာတွေ့မယ် လွှတ်တော့"

တွယ်တာကလွှတ်ပေးလိုက်တာနဲ့ ရန်ကြီးကခပ်မြန်မြန်အိမ်ထဲဝင်သွားပြီး တွယ်တာကတော့ခြံထဲကနေပဲပတ်ပြီးကားပေါ်ကနေသွားစောင့်သည်။

"ဘာသွားလုပ်နေတာလဲ "

ရန်ကြီးနောက်ကနေထွက်လာတော့ ခိုင်မြဲကမေးသည်။ ကြည့်ရတာဒီ၂ကောင် ဘောပွဲအတွင်လောင်းကြေးထည့်ပြီးပြီထင်တယ်။

"ဟိုကောင့်အခန်းထဲငါ့ခါးပတ်သွားရှာတာပါကွာမတွေ့ခဲ့ပါဘူး မင်းတို့၂ကောင်ကပြီးပြီလား"

"အေး ခုလေးတင်ပဲ "

"တွယ်တာ နင် Toilet သွားတာလား ဗိုက်မဝသေးလို့တစ်ခါတည်းစားနေတာလားကြာတာ"

ခိုင်မြဲကToilet ဘက်သို့လှမ်းအော်ပြောလိုက်တော့ ရန်ကြီးကမရယ်နိုင်ပေမဲ့ထူးမြတ်လင်းကရယ်သည်။

"တွယ်တာ့ကိုToiletဘက်မှာမတွေ့ခဲ့ဘူး ငါခုမှအဲ့ဘက်ကလာတာလေ "

"ဟင်ဘယ်ရောက်သွားတာလဲအဲ့ဒီအရှုပ်မက"

ခိုင်မြဲလည်းနေရာကထပြီး အိမ်ရှေ့ထွက်ကြည့်တော့ ကားထဲမှာဖုန်းကြည့်ရင်းထိုင်နေတာကိုရှေ့တည့်တည့်ကားမှန်ကနေမြင်လိုက်သည်။

"ဟ.. ဘယ်တုန်းကဒီရောက်သွားတာလဲ"

ခိုင်မြဲသည် ကားနားရောက်လာပြီးမေးတော့ တွယ်တာက မှန်ချပြီးပြန်ဖြေသည်။

" နောက်ဖေးကနေ ခြံထဲပတ်ကြည့်ရင်းဒီကနေစောင့်နေတာလေ ကြာလှပြီဘာလုပ်နေကြတာလဲ မပြီးသေးဘူးလား "

"ပြီးပြီ...ဟျောင့်တွေနောက်ရက်မှတွေ့မယ် "

"အေးအေး ဘောပွဲနိုင်ရင်တစ်ဝိုင်းနော် တရုတ်ကြီး "

"ကိုရန်ကြီး Gym မှာတွေ့မယ်နော် "

တွယ်တာက ရန်ကြီးကိုလက်လှမ်းပြရင်းနဲ့ ကားမှန်ပြန်တင်လိုက်၏။




********************************
အမှားပါရင်ခွင့်လွှတ်ပါ
Part (28) ဆက်ရန်


Zawgyi Version

The Challenge of Love
Part (27)

"ကိုႀကီး ညေနမွသြားမွာလား ေန႕ခင္းသြားရေအာင္ပါ "

"ငါက ေန႕ခင္းအားမွမအားတာ ႐ုံးသြားရမယ့္ကိစၥကို "

"သမီးလည္းညေနအားမွမအားတာ Gym သြားရမယ့္ကိစၥကို "

တြယ္တာသည္ ခိုင္ၿမဲအခန္းထဲလိုက္လာၿပီး ဒီေန႕အဘြားတို႔အိမ္သြားလည္ဖို႔ကိစၥကိုေန႕ေ႐ႊ႕ညေ႐ႊ႕လုပ္ေနသည္။

ခိုင္ၿမဲလည္းဆံပင္ကိုဂ်ယ္နဲ႕သပ္ေနရင္းသူ႕အိပ္ယာေပၚထိုင္ၿပီး သူေျပာတာကိုလိုက္႐ြဲ႕ေနတဲ့ညီမအားလွည့္ၾကည့္လိုက္သည္။

"နင့္ Gym က တစ္ရက္ပ်က္လို႔ဘာမွမျဖစ္ဘူး ငါ့႐ုံးကပိုအေရးႀကီးတယ္"

"အဲ့တာဆိုလည္း႐ုံးပိတ္ရက္မွေန႕လည္သြားၾကမလား"

"တြယ္တာ နင္ဘယ္လိုျဖစ္ေနတာလဲ မာမားကဒီေန႕သြားလို႔ေျပာထားတာ အဘြားအိမ္ကိုမလိုက္ခ်င္ဘူးလား Gym ကို ဘာလို႔အဲ့ဒီေလာက္အသည္းအသန္သြားခ်င္ေနရတာလဲ "

"ရက္မပ်က္ခ်င္လို႔ေပါ့ ၿပီးတာပဲ ဒီေန႕ပဲသြားမယ္ဆိုလည္း ႐ုံးကေစာေစာျပန္ခဲ့!"

တြယ္တာလည္း ခိုင္ၿမဲကိုပိတ္ရက္မွသြားဖို႔ညွိလို႔မရတာနဲ႕ေျခေစာင့္ၿပီးခိုင္ၿမဲအခန္းထဲကေနထြက္သြားေလသည္။

ခိုင္ၿမဲႏွင့္ပါပါး႐ုံးသြားေတာ့ အရင္လိုပဲတြယ္တာနဲ႕မာမားပဲက်န္ရစ္သည္။ တြယ္တာလည္းဒီေန႕ထမင္းစားဖို႔ကလြဲၿပီးေအာက္ဆင္းဖို႔ဆႏၵမရွိပါ။ဘာ့ေၾကာင့္ဆို မေန႕ကအိမ္ျပန္ေနာက္က်တဲ့ကိစၥနဲ႕ပတ္သတ္ၿပီး မာမားကသူနဲ႕အၾကည့္ခ်င္းဆုံတာနဲ႕ေသခ်ာေပါက္ဆုံးမၾသဝါဒေႁခြဦးမည္ျဖစ္ပါသည္။

ခိုင္ၿမဲအားဒီညေနအဘြားဆီမသြားလိုတဲ့အဓိကအေၾကာင္းအရင္းဟာ ရန္ႀကီးဟာဒီညေနGym မွာရွိေနမည္အတိအက်ျဖစ္ေသာေၾကာင့္ျဖစ္သည္။

တြယ္တာ ကိုရန္ႀကီးကိုေတြ႕မွျဖစ္မည္။ တြယ္တာ့ဆီမလာရတဲ့အေၾကာင္းအရင္းကိုမ်က္ႏွာခ်င္းဆိုင္ေတြ႕ၿပီးေမးလိုက္ခ်င္သည္။

ဘယ္လိုအေၾကာင္းေၾကာင့္မ်ားတြယ္တာေစာင့္ေနမွာသိရဲ႕သားနဲ႕မလာခဲ့ရသလဲ။

ဒါဟာ ပထမဆုံးအႀကိမ္ကိုရန္ႀကီးကတြယ္တာ့ကိုဝမ္းနည္းေအာင္လုပ္တာျဖစ္သည္။

ဒီလိုမလာ႐ုံေလာက္နဲ႕တြယ္တာ့ကိုေရွာင္ေျပးလို႔မရ။ တြယ္တာ ကိုရန္ႀကီးကိုေသခ်ာေပါက္ရေအာင္ႀကိဳးစားဖို႔ဆုံးျဖတ္ၿပီးၿပီ။ ၿပီးေတာ့အဲ့ဒီဆုံးျဖတ္ခ်က္ဟာလြန္ခဲ့ေသာ ၅ႏွစ္ေလာက္ကတည္းကခ်ထားခဲ့သည့္ဆုံးျဖတ္ခ်က္ျဖစ္ေသာေၾကာင့္ဘယ္ေတာ့ျပဳျပင္မည္မဟုတ္။

မေန႕ညက ငိုလို႔အားရေတာ့ လဝန္းႏွင့္ပန္းႏုရွိတဲ့Group Chat ထဲ Voice Message ပို႔ၿပီးအေၾကာင္းစုံကိုေျပာျပသည္။

လဝန္းကေတာ့ ကိုရန္ႀကီးကိုအမွတ္ေလ်ာ့လိုက္ေတာ့ဟုဆိုကာတြယ္တာ့ဘက္ကေနေဒါသျဖစ္ေပးေနသည္။

ပန္းႏုကေတာ့ မေန႕ကတြယ္တာ့ကိုဖုန္းဆက္ၿပီးၿပီးခ်င္း ကိုရန္ႀကီးဆီသို႔Messengerကေနတစ္ဆင့္ တြယ္တာ့အေၾကာင္းသြားေျပာတယ္ဟုသိရသည္။

Group Chat ထဲ Screenshot ပါ လာျပတဲ့ပန္းႏုပင္ျဖစ္သည္။

ကိုရန္ႀကီး ဒီေန႕တြယ္တာနဲ႕ခ်ိန္းထားတာမသြားဘူးဆို?

မင္းက ဘယ္လိုသိတာလဲ

ညီမကို တြယ္တာျပန္မေရာက္ေသးလို႔ဆိုၿပီး ကိုတ႐ုတ္ႀကီးကဖုန္းဆက္တာ အဲ့တာတြယ္တာ့ကိုဆက္ေတာ့ငိုေနတယ္ ကိုရန္ႀကီးမလာလို႔တဲ့

အခုထိမျပန္ေသးတာလား အခု Bar မွာလား

ျပန္ၿပီလို႔ေျပာတယ္ ညီမဖုန္းဆက္ေတာ့ ကားေပၚမွာတဲ့
အိမ္ေရာက္ရင္ဖုန္းျပန္ဆက္မယ္ေတာ့ေျပာတယ္

တြယ္တာအိမ္ျပန္ေရာက္မေရာက္ ငါ့ကိုတစ္ခ်က္ျပန္ေျပာေပး

ကိုရန္ႀကီး စိတ္ပူေနရင္ ကိုယ္တိုင္ဖုန္းဆက္ေပါ့

အိမ္ျပန္ေရာက္မေရာက္ပဲ လာေျပာေပးပါ ပန္းႏုရာ

တြယ္တာ့မွာ ပန္းႏုျပတဲ့ Screenshot ကိုဖတ္ၿပီးေတာ့ ေၾသာ္...ကိုရန္ႀကီးက တြယ္တာ့ကိုေတာ့စိတ္ပူေနေသးတာပဲဟုေတြးမိကာ ဝမ္းနည္းေနရင္းကေနၿပဳံးလာမိသည္။

တြယ္တာဟာ ဤကဲ့သို႔ေကာင္မေလးမ်ိဳးျဖစ္သည္။ ခ်စ္ရတဲ့ကိုရန္ႀကီးအား ဘယ္အရာကိုမွအျပစ္မျမင္ဘဲနည္းနည္းေလာက္တြယ္တာ့အေပၚေကာင္းရင္ပဲေက်နပ္ေနတဲ့ေကာင္မေလးျဖစ္သည္။

*
*
*

ညေနခိုင္ၿမဲ႐ုံးဆင္းေတာ့ေရမိုးခ်ိဳးၿပီး တြယ္တာနဲ႕အတူအဘြားတို႔အိမ္သို႔လာခဲ့ၾကသည္။

ခရီးကျပန္ေရာက္လာတဲ့မာမားရဲ႕အေဖနဲ႕အေမ၊တြယ္တာတို႔ရဲ႕အဘိုးနဲ႕အဘြားကေျမးေလး၂ေယာက္ကိုေတြ႕ခ်င္တယ္ဆိုတာနဲ႕ အိမ္ကမာမားထည့္ေပးလိုက္ေသာဝက္သားနဲ႕သရက္သီးေျခာက္ခ်က္လာပို႔ရင္းအိမ္မွာခဏေလာက္ေနေပးလိုက္ရသည္။

တြယ္တာ့ကိုေက်ာင္းပိတ္တုန္းဘာမွမလုပ္ဘူးလားဆိုလို႔တြယ္တာလည္းပါပါးတို႔ကိုမတိုင္ပင္ရေသးတာနဲ႕မေျပာျပခဲ့ရ။

ကိုႀကီးကိုေမးတာကေတာ့ရည္းစားမထားေသးဘူးလား၊မိန္းမမယူေသးဘူးလားပဲဆိုပါေတာ့။

ကိုႀကီးကလည္းဟုတ္ပါရဲ႕အခုတထိရည္းစားရွိတယ္လို႔ပင္တစ္ႀကိမ္တစ္ခါမွမၾကားခဲ့ဖူးပါ။
ကိုငထူးကထားပါေတာ့ရည္းစားေဟာင္းေၾကာင့္အခ်စ္ကိုစိတ္နာေနတယ္လို႔ေတြးေပးလို႔ရေသးတယ္။

ကိုရန္ႀကီးသာရည္းစားရွိခဲ့ဖူးမယ္ဆိုရင္ေတာ့တြယ္တာေသခ်ာေပါက္ထိုင္ငိုလိုက္မွာျဖစ္ေပမဲ့ကိုႀကီးရည္းစားမထားခဲ့ဖူးတာက်ေတာ့လည္းတြယ္တာ့အစ္ကိုျဖစ္ၿပီးအျဖစ္ကိုမရွိဘူးဟုေတြးမိျပန္သည္။

"ကိုႀကီး ဘယ္ဝင္ဦးမလို႔လဲ "

အျပန္က်အိမ္တန္းမျပန္ဘဲဘယ္သြားေနမွန္းမသိတဲ့ ခိုင္ၿမဲေၾကာင့္တြယ္တာေဘးေနေမးလိုက္ပါသည္။

"ငထူးအိမ္ခဏ "

"ဘာလုပ္မလို႔လဲ! "

ကိုရန္ႀကီးအိမ္ဆိုရင္လည္းေပ်ာ္ေပ်ာ္ႀကီးလိုက္ဦးမယ္။ ကိုငထူးအိမ္ေတာ့အခ်ိန္ကုန္ခံၿပီးမလိုက္ခ်င္။

"ဟိုမွာ သူ႕ Airpods ကားထဲက်န္ခဲ့လို႔ ေန႕လည္ကတည္းကဇြတ္ဖုန္းဆက္ေတာင္းေနတာ "

ကိုႀကီးက ကားဒက္ရွ္ဘုတ္ေပၚတင္ထားတဲ့ Airpods ကိုေမးေငါ့ျပရင္းေျပာသည္။

"ဒါနဲ႕ ကိုႀကီးအခုထိေစာ္ေလးဘာေလးမရွိဘူးလား"

တြယ္တာက ခိုင္ၿမဲဘက္သို႔ခႏၶာကိုယ္ေစာင္းလွည့္ၿပီးေမးလိုက္၏။

"ဘာေတြလာေမးေနတာလဲ"

"ဒီအသက္အ႐ြယ္ေရာက္ေနၿပီ အခုထိရည္းစားရွိတယ္လို႔မၾကားဖူးလို႔ေလ"

"ငါတစ္ေယာက္တည္းလား ရန္ႀကီးလည္းတူတူပဲေလ "

ဘယ္တူမလဲ ကိုရန္ႀကီးကတြယ္တာ့အတြက္ေလ။

"ကိုႀကီးကဘာလို႔မရွိတာလဲ"

"ငါ့အႀကိဳက္မေတြ႕ေသးလို႔ေပါ့ "

"ပန္းႏုအစ္မနဲ႕ျပန္ဆက္ပါ့လား ဟိုတစ္ခါေတာင္ေျပာေသးတယ္ေလ မဆုယြန္းက ကိုႀကီးကိုေမးေသးတယ္ဆိုတာ"

"ေတာ္ပါၿပီ "

"ဘာလို႔လဲ ရည္းစားစာေတာင္ေပးဖူးေသးတာပဲ မႀကိဳက္ေတာ့ဘူးလားခုက်"

"အဲ့ဒီတုန္းက ငယ္ေသးလို႔စိတ္ကစားတာေနမွာေပါ့ ခုကမႀကိဳက္ပါဘူး"

"ဟုတ္လို႔လား ကိုႀကီး႐ုပ္ႀကီးက မဆုယြန္းလို႔ေျပာတာနဲ႕ဝင္းသြားတာပဲ"

"ဘာျဖစ္ေနတာလဲနင္က ငါ့ကိုေအာင္သြယ္လာလုပ္ေနတာလား ဆုယြန္းယြန္းထက္က အခုမွငါ့ကိုႀကိဳက္လို႔တဲ့လား"

"ေအာင္မယ္ ျဖစ္ရခ်ည္ေသး ကိုႀကီးကႀကိဳက္ေသးရင္သမီးကေအာင္သြယ္လုပ္ေပးမလို႔ပါေနာ္ မဆုယြန္းကအရမ္းလွလာတာ ရိုးရိုးယဥ္ယဥ္ေလးနဲ႕ စမက္က်တာ ကိုႀကီးကငယ္ငယ္ကတည္းကလူေ႐ြးတတ္သားပဲ"

"ငါ့ေလာက္ေခ်ာလာလို႔လား"

ကိုႀကီးက သူ႕ႏွဖူးေပၚကဆံပင္ေတြကိုသပ္တင္ျပရင္းေျပာလာေတာ့တြယ္တာလည္း စိတ္ပ်က္ဟန္နဲ႕တစ္ဖက္လွည့္သြားေလသည္။

"ေတာ္ၿပီ ေတာ္ၿပီ မေျပာေတာ့ဘူး ဘာမွေအာင္သြယ္မေပးေတာ့ဘူး "

ခိုင္ၿမဲက တြယ္တာ့ကိုျပန္မေျပာေတာ့ဘဲ ထူးျမတ္လင္းရဲ႕ၿခံထဲသို႔ကားဝင္ထိုးလိုက္ေလသည္။

"သူေတာင္းစားကလည္း Airpods လာေပးမယ္ေျပာထားတာကိုထြက္မယူဗ် အိမ္ထဲထိဝင္ေပးရဦးမယ္"

ကိုႀကီးကဆဲေရးဆိုရင္းခါးပတ္ႀကိဳးျဖဳတ္ေနေတာ့တြယ္တာပါကားထဲကေနထြက္လာဖို႔လုပ္သည္။ အေၾကာင္းအရင္းကေတာ့ ထူးျမတ္လင္းရဲ႕ၿခံထဲမွာကိုရန္ႀကီးရဲ႕ကားရွိေနေသာေၾကာင့္ျဖစ္၏။

တြယ္တာက ခိုင္ၿမဲနဲ႕အတူထူးျမတ္လင္းအိမ္ထဲသို႔လိုက္လာေတာ့ ရန္ႀကီးနဲ႕ထူးျမတ္လင္းက TV ေရွ႕မွာ ေဘာလုံးပြဲေလာင္းဖို႔ဖုန္းတစ္လုံးနဲ႕အသင္းေ႐ြးေနၾကပုံေပၚသည္။

"သူေတာင္းစား ေရာ့မင္း Airpods ဟိုေကာင္ကဘာလို႔ဒီေရာက္ေနတာလဲ"

ခိုင္ၿမဲသည္ ထူးျမတ္လင္းဆီသို႔Airpods ေပးၿပီး ထူးျမတ္လင္းေဘးမွာ ဆိုဖာႀကီးအိက်သြားေအာင္ဝင္ထိုင္လိုက္သည္။

ရန္ႀကီးကေတာ့ အိမ္ထဲထိပါလာတဲ့တြယ္တာကိုတစ္ခ်က္ၾကည့္ၿပီး မ်က္လုံးေတြအေရာင္ေတာက္သြားသည္။

"ဒီေကာင္လား မႏၱေလးကအျပန္တုန္းကအိမ္မွာက်န္ခဲ့တဲ့ပစၥည္းေတြျပန္လာယူတာေလ ....တြယ္တာထိုင္ေလ "

ကိုငထူးက ကိုႀကီးအားကိုရန္ႀကီးေရာက္ေနရတဲ့အေၾကာင္းအရင္းကိုေျဖရင္းတြယ္တာ့အားထိုင္ခိုင္းသည္။

"ဟုတ္...တြယ္တာ Toliet သြားဦးမယ္ "

ဆိုတာတြယ္တာကအိမ္ေနာက္ေဖးသို႔ဝင္သြားေလ၏။

"တ႐ုတ္ႀကီးဒီေန႕လီပါပူးပြဲရွိတာသိလား"

ရန္ႀကီးက ခိုင္ၿမဲကိုလီပါပူးပြဲရွိေၾကာင္းသတိေပးသည္။

"ေအးသိတယ္ေလ အိမ္ေရာက္မွေလာင္းမလို႔လုပ္ေနတာ ဒီမွာတစ္ခါတည္းထည့္လိုက္ေတာ့မယ္ "

ခိုင္ၿမဲက ထူးျမတ္လင္းရဲ႕ဖုန္းထဲကေန သူ႕အတြက္ပါထည့္ေလာင္းခိုင္းရင္းဒီေန႕ညရွိတဲ့ေဘာလုံးပြဲေတြကိုခန့္မွန္းေနသည္။

ရန္ႀကီးက ခိုင္ၿမဲတို႔နဲ႕စကားေျပာေနရင္းသူ႕ဖုန္းက Message Noti တက္လာတာနဲ႕ဝင္ၾကည့္ေတာ့တြယ္တာဆီကေနျဖစ္ေနသည္။

ေနာက္ေဖးကၿခံထဲကိုလာခဲ့

ရန္ႀကီး ထို Message ကိုဖတ္ၿပီး ရင္ေတြပါခုန္သြားသည္။ အခုက ဒီကေလးမကသူ႕အစ္ကိုနဲ႕တစ္အိမ္တည္းရွိေနတာေတာင္သူ႕ကိုေနာက္သို႔လာခဲ့ဖို႔ခ်ိန္းေနတာလား?

ရန္ႀကီး ခိုင္ၿမဲနဲ႕ထူးျမတ္လင္းကိုတစ္ခ်က္ၾကည့္ၿပီး ေနာက္ေဖးသို႔သြားရန္ဆင္ေခြတစ်ခုရှာရသည်။

အခုလိုေခၚတာေတာင္ရန္ႀကီးမသြားဘူးဆိုရင္ ရန္ႀကီးလြန္တာထက္လြန္ၿပီျဖစ္သည္။

ဒါေပမဲ့ ဟို၂ေကာင္ကေဘာပြဲအေၾကာင္းေျပာေနရမယ္ဆိုအိမ္မီးေလာင္ေနေတာင္ထၾကည့္မယ့္ေကာင္ေတြမဟုတ္တာမို႔ ရန္ႀကီးလည္းဘာမွမေျပာေတာ့ဘဲအသာေလးလစ္ထြက္လာလိုက္၏။

ထူးျမတ္လင္းရဲ႕အိမ္ကလုံးခ်င္းတစ္ထပ္တိုက္အပုေလးျဖစ္တာမို႔ Toliet က တိုက္ထဲမွာဆိုေပမဲ့ ေရခ်ိဳးခန္းနဲ႕Toliet ကေနေရွ႕ဆက္သြားရင္ ေနာက္ေဖးသို႔ထြက္တဲ့တံခါးေပါက္ရွိတာမို႔ အခုတြယ္တာဟာတိုက္ရဲ႕အျပင္ေနာက္ေဖးကၿခံထဲမွာျဖစ္သည္။

ရန္ႀကီးကခိုင္ၿမဲတို႔အရိပ္အေျခၾကည့္ၿပီးေနာက္ေဖးသို႔လိုက္လာေတာ့ ကေလးမက ဂ်င္းေဘာင္းဘီနဲ႕ခေရာ့ေတာ့လက္ေဖာင္း အျဖဴေလးဝတ္ထားၿပီးလက္ပိုက္လွ်က္ေစာင့္ေနသည္။

"ဘာလို႔ေခၚတာလဲ မင္းအစ္ကိုသိသြားရင္ဘယ္လိုလုပ္မလဲ "

" တြယ္တာေမးတာအရင္ေျဖ ဘာလို႔မလာတာလဲမေန႕က! "

တြယ္တာက႐ုပ္တည္ေလးနဲ႕ေမးတာမို႔ ရန္ႀကီးရဲ႕မ်က္ႏွာကညွိုးႏြမ္းေနပုံရသည္။

" ေျဖေလ ဘာလို႔လဲ! "

"......."

"ေျပာေတာ့ ေက်ာင္းမွာ ဖိုက္တာဆို ခ်ိန္းထိုးတဲ့ပြဲတိုင္း ကိုရန္ႀကီးပါတယ္တဲ့ ဘယ္ေကာင္ခ်ိန္းခ်ိန္း သြားထိုးတယ္တဲ့  တြယ္တာခ်ိန္းတာက်ဘာလို႔မလာတာလဲ အလကား သတၱိမရွိတဲ့ ဘဲႀကီး! "

တြယ္တာက ရန္ႀကီးကို မ်က္ေမွာင္ကုပ္ၾကည့္ထားလွ်က္ ရန္ေတြ႕ေနသည္။

"ဟုတ္တယ္ ငါမင္းနဲ႕ပတ္သတ္ရင္ သတၱိမရွိဘူး"

တြယ္တာသည္ ေမွ်ာ္လင့္မထားတဲ့စကားကို ကိုရန္ႀကီးဆီကၾကားလိုက္ရတာမို႔ မ်က္ေမွာင္ကုပ္ထားရာကေနေျပေလ်ာ့သြားကာ ႏႈတ္ခမ္းကေလးကိုတင္းတင္းေစ့ပိတ္ထားသည္။

"ငါမလာနိုင္ခဲ့ဘူး ငါမင္းကိုညီမေလးတစ္ေယာက္လိုပဲေစာင့္ေရွာက္ခ်င္တယ္ တြယ္တာ"

"တြယ္တာမွ ကိုရန္ႀကီးရဲ႕ညီမေလးမျဖစ္ခ်င္တာ"

တြယ္တာဟာ ရန္ႀကီးေရွ႕သို႔ တစ္လမ္းပိုတိုးကပ္သြားၿပီး ရန္ႀကီးရဲ႕ရင္ဘက္ကအကၤ်ီစကိုေစာင့္ဆြဲလိုက္သည္။

ဒါေပမဲ့ သူမအားေလးနဲ႕ဒီလူေကာင္ႀကီးဟာယိုင္နဲ႕လို႔ေတာင္ပါမလာ။

"မင္းကိုေမြးကာစေပါက္ကတည္းက ျမင္ေတြ႕လာရတာ ငါ့ရဲ႕ညီမေလးတစ္ေယာက္လိုပဲသေဘာထားၿပီး တစ္သက္လုံးေစာင့္ေရွာက္ဖို႔ရည္႐ြယ္ခဲ့တာ အဲ့တာကိုအခုလိုႀကီးမေျပာင္းလဲပစ္ခ်င္ဘူး တြယ္တာ ငါေျပာတာနားလည္လား! "

"အဲ့တာဆို ကိုရန္ႀကီးဘက္ကတြယ္တာ့အေပၚခံစားခ်က္မရွိဘူးေပါ့ ဟုတ္လား တြယ္တာတစ္ေယာက္တည္းကပဲ ကိုရန္ႀကီးကိုမရိုးမသားေတြးေနမိတာေပါ့ "

တြယ္တာဟာ သူမကိုနားလည္ေအာင္ရွင္းျပေနတဲ့ရန္ႀကီးအား ေမာ့ၾကည့္ၿပီး ျပန္ေျဖဖို႔တိုက္တြန္းေနသည္။

"ကိုရန္ႀကီး ေျဖေလ တြယ္တာ့အေပၚညီမတစ္ေယာက္ထက္ပိုတဲ့ခံစားခ်က္မရွိဘူးလားလို႔ "

ရန္ႀကီးသည္ သူ႕ကိုေမာ့ၾကည့္ၿပီး သူလိုခ်င္တဲ့အေျဖမရမခ်င္းေမးေနမယ့္ကေလးမကိုမ်က္လုံးလႊဲလိုက္ကာ သူ႕ရင္ဘက္ကအကၤ်ီစကိုဆြဲထားတဲ့သူမလက္ကေလးေတြကိုအုပ္ကိုင္ကာဆြဲျဖဳတ္ရင္းေျဖလိုက္သည္။

"ငါမေျဖခ်င္ဘူး တြယ္တာ! "

"ဘာမေျဖခ်င္တာလဲ အဲ့လိုေရွာင္ေျပးလို႔မရဘူး အေျဖက Yes or No ၂မ်ိဳးပဲရွိတယ္ !"

တြယ္တာက သူ႕လက္ေတြကိုဆြဲျဖဳတ္လိုက္ေတာ့ ကိုရန္ႀကီးရဲ႕ရင္ဘက္ႀကီးကိုလက္ဖဝါး၂ဖက္နဲ႕ရိုက္ပုတ္လိုက္သည္။

ရန္ႀကီး ကေလးမကိုမ်က္ေမွာင္ကုပ္ၿပီးငုံ႕ၾကည့္ေနရင္း အေတာ္အခက္ေတြ႕ေနၿပီျဖစ္သည္။

"တိုးတိုးေန မင္းအစ္ကိုၾကားသြားလိမ့္မယ္"

"အဲ့တာဆိုေျဖေလ ကိုရန္ႀကီးအဲ့ဒီလို မေျဖဘဲၿငိမ္ေနလို႔ၿပီးမွာမွမဟုတ္တာ! "

"ငါအခုျဖစ္ေနတဲ့ခံစားခ်က္ကိုေျပာျပရင္ မင္းနားေထာင္ရဲတာေသခ်ာလား! "

ကိုရန္ႀကီးပုံစံက ႐ုတ္တရက္စူးစူးစိုက္စိုက္ျဖစ္သြားတာမို႔ တြယ္တာရင္ထဲျမင္းတစ္ေကာင္အျပင္းႏွင္သကဲ့သို႔ဒုန္းစိုင္းသြားရျပန္သည္။

"ေျပာေလ မင္းနားေထာင္ရဲတာေသခ်ာလား!"

"ေျဖ နားေထာင္ရဲတယ္ ကိုရန္ႀကီးတြယ္တာ့ကိုျငင္းရင္ေတာင္တြယ္တာကကိုရန္ႀကီးတြယ္တာ့ကိုလက္ခံတဲ့အထိႀကိဳးစားဖို႔စိတ္ကိုျပင္ဆင္ၿပီးသား! "

"ေသခ်ာလား?"

"ေသခ်ာတယ္လို႔ !"

ရန္ႀကီးဟာ တြယ္တာ့ကိုၾကည့္ေနရင္း တံေတြးၿမိဳခ်လိဳက္တာကိုတြယ္တာရန္ႀကီးရဲ႕လည္ေစ့ေလးလႈပ္ခက္သြားတာကိုၾကည့္ၿပီးသိလိုက္ရသည္။

ၿပီးေတာ့ကိုရန္ႀကီးကိုၾကည့္ရတာလည္းအသက္ရႉျပင္းေနၿပီး ပူအိုက္ေနသလိုပဲ။

"ငါမလုပ္နိုင္ဘူး.... ေျပာမထြက္ဘူး ၿပီးေတာ့ ငါ့သူငယ္ခ်င္းတစ္ေယာက္လုံးအိမ္ထဲမွာရွိေနတာကိုမင္းနဲ႕ဒီအေၾကာင္းေတြမေျပာခ်င္ဘူး "

ရန္ႀကီးဟာ လွည့္ထြက္သြားဖို႔ျပင္ေတာ့ တြယ္တာက ရန္ႀကီးရဲ႕လက္ေမာင္းကိုလွမ္းဖက္လိုက္၏။

Shitt....!

ရန္ႀကီးငုံ႕မၾကည့္ေပမဲ့ သူ႕လက္ေမာင္းနဲ႕ထိေနတာတြယ္တာရဲ႕ဘယ္အစိတ္အပိုင္းလဲဆိုတာ အေသအခ်ာသိေနသည္။

အိစက္ညက္ေညာမႈအခ်ိဳ႕နဲ႕လက္ေမာင္းကိုထိေနေအာင္ဖမ္းဆြဲထားေလေသာကေလးမကေတာ့ ဒါကိုသိမွာမဟုတ္။

ဒါေတြကိုေတာင္မသိဘဲသူ႕ကိုေမးတာက သူမတစ္ေယာက္တည္းကပဲမရိုးမသားခံစားေနရတာလားတဲ့။

"မနက္ျဖန္က်ရင္ Gym ကိုလာခဲ့မယ္ ေျပာျပရမယ္ေနာ္ "

"မင္းအစ္ကိုမရိပ္မိခင္ဒီဘက္ကေနပတ္ၿပီးကားေပၚကသြားေစာင့္ ငါတို႔အတူတူအထဲျပန္ဝင္လို႔မျဖစ္ဘူး"

"တြယ္တာေျပာတာၾကားလား!"

တြယ္တာဟာ ရန္ႀကီးလက္ေမာင္းကိုကႏြဲ႕ကလ်နဲ႕ဖက္ထားၿပီးလက္ေမာင္းေပၚမွာပဲေမးေလးတင္ကာေမာ့ၿပီးေမးေနသည္။

ဒီေလာက္ခ်စ္စရာေကာင္းေအာင္လုပ္တတ္တဲ့ကေလးမကို ဘယ္သူကမ်ားျငင္းနိုင္မွာလဲ။

"ၾကားတယ္ ဒီလက္ကိုလႊတ္ေတာ့!"

"ကတိေပးလား မနက္ျဖန္ Gym လာရင္ေျပာျပမယ္လို႔ "

"တြယ္တာ! "

"ေျပာေလ "

"အင္း Gym မွာေတြ႕မယ္ လႊတ္ေတာ့"

တြယ္တာကလႊတ္ေပးလိုက္တာနဲ႕ ရန္ႀကီးကခပ္ျမန္ျမန္အိမ္ထဲဝင္သြားၿပီး တြယ္တာကေတာ့ၿခံထဲကေနပဲပတ္ၿပီးကားေပၚကေနသြားေစာင့္သည္။

"ဘာသြားလုပ္ေနတာလဲ "

ရန္ႀကီးေနာက္ကေနထြက္လာေတာ့ ခိုင္ၿမဲကေမးသည္။ ၾကည့္ရတာဒီ၂ေကာင္ ေဘာပြဲအတြင္ေလာင္းေၾကးထည့္ၿပီးၿပီထင္တယ္။

"ဟိုေကာင့္အခန္းထဲငါ့ခါးပတ္သြားရွာတာပါကြာမေတြ႕ခဲ့ပါဘူး မင္းတို႔၂ေကာင္ကၿပီးၿပီလား"

"ေအး ခုေလးတင္ပဲ "

"တြယ္တာ နင္ Toilet သြားတာလား ဗိုက္မဝေသးလို႔တစ္ခါတည္းစားေနတာလားၾကာတာ"

ခိုင္ၿမဲကToilet ဘက္သို႔လွမ္းေအာ္ေျပာလိုက္ေတာ့ ရန္ႀကီးကမရယ္နိုင္ေပမဲ့ထူးျမတ္လင္းကရယ္သည္။

"တြယ္တာ့ကိုToiletဘက္မွာမေတြ႕ခဲ့ဘူး ငါခုမွအဲ့ဘက္ကလာတာေလ "

"ဟင္ဘယ္ေရာက္သြားတာလဲအဲ့ဒီအရႈပ္မက"

ခိုင္ၿမဲလည္းေနရာကထၿပီး အိမ္ေရွ႕ထြက္ၾကည့္ေတာ့ ကားထဲမွာဖုန္းၾကည့္ရင္းထိုင္ေနတာကိုေရွ႕တည့္တည့္ကားမွန္ကေနျမင္လိုက္သည္။

"ဟ.. ဘယ္တုန္းကဒီေရာက္သြားတာလဲ"

ခိုင္ၿမဲသည္ ကားနားေရာက္လာၿပီးေမးေတာ့ တြယ္တာက မွန္ခ်ၿပီးျပန္ေျဖသည္။

" ေနာက္ေဖးကေန ၿခံထဲပတ္ၾကည့္ရင္းဒီကေနေစာင့္ေနတာေလ ၾကာလွၿပီဘာလုပ္ေနၾကတာလဲ မၿပီးေသးဘူးလား "

"ၿပီးၿပီ...ေဟ်ာင့္ေတြေနာက္ရက္မွေတြ႕မယ္ "

"ေအးေအး ေဘာပြဲနိုင္ရင္တစ္ဝိုင္းေနာ္ တ႐ုတ္ႀကီး "

"ကိုရန္ႀကီး Gym မွာေတြ႕မယ္ေနာ္ "

တြယ္တာက ရန္ႀကီးကိုလက္လွမ္းျပရင္းနဲ႕ ကားမွန္ျပန္တင္လိုက္၏။




********************************
အမွားပါရင္ခြင့္လႊတ္ပါ
Part (28) ဆက္ရန္

Continue Reading

You'll Also Like

241K 26.4K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
144K 4.2K 48
ငါ့ဇနီး နေရာကို အစားဝင်လာတဲ့ မင်း က ဘယ်သူလဲ
61.7K 1.2K 18
"ဖွဲ့နွှဲ့မမှီဆိုတဲ့မင်းကို ငါပဲထိမယ် ငါပဲကိုင်မယ် ငါပဲရိုက်မယ် ငါပဲနှိပ်စက်မယ် ငါပဲချစ်မယ်" "အောက်တန်းစားလူယုတ်မာ" "အဲ့အောက်တန်းစားကောင်က မင်းလင်လေ"
2.8M 143K 58
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...