Safety Zone
Part-B
Thomasသည် တုတ်တုတ်မျှ မလှုပ်ရဲဘဲ ရှိနေရသည်။
သူ့တွင် Daddyနှင့် အကိုသုံးယောက်ရှိသော်ငြား အစ်ကိုငယ်၏ တည်ရှိမှုက တခြားသူတို့နှင့်မတူညီပေ။
ဂိုဏ်းဆီ ခေါ်လာချိန်တွင် Thomasပေါက်စ က ထိုအနေတည်သည့် အစ်ကိုငယ်ကိုသာ မျက်စိကျခဲ့သည်တဲ့လေ။
ကျန်သူများ လိုက်လျောညီထွေရှိအောင် ဘယ်လောက် နွေးထွေးစွာ ဆက်ဆံပါစေ Thomasတို့က အစ်ကိုNathanအနားသာ အမြဲ ကုတ်တွယ် နေတတ်သည်တဲ့။
ဤသို့ဤနှယ် ငယ်ဘဝ Thomasကောင်၏ အနေအထိုင်မတတ်မှုကြောင့် သူ၏ ကိစ္စအဝဝကို အစ်ကိုNathanကသာ တိုက်ရိုက် အုပ်ထိန်းခွင့်ဆိုတာကြီး ဖြစ်လာပေတော့သည်။
ထိုအုပ်ထိန်းခွင့်သည် မိသားစုအတွင်း အလိုလိုကို အတည်တကျ ဖြစ်လာခဲ့သည်မို့ ဘယ်သူမှ ဘာမှ မပြောကြပေ။ ကန့်ကွက်ဖို့ဆိုတာဝေးစွ။
ငယ်စဉ်က Daddyနှင့် အကိုကြီးနှစ်ယောက်၏ အလိုလိုက်မှုတွေကို အဆမတန်လက်ခံခဲ့ပြီးနောက် Thomasက အဆိုးလေးဖြစ်လာသည်။ ထို့အပြင် အပြစ်တစ်ခုခု လုပ်လို့ အကြီးတွေက ဆူတိုင်း သူက လက်သီးလေးနှစ်ဖက်ကို တင်းတင်းဆုပ်ကာ သူ၏ ဂန္ထဝင်မြောက် စကားကို စတင်ပြောဆိုခဲ့သည်။
*Daddyရော အခြားဘယ်သူရောမှ Thomasကို မရိုက်ရဘူး မဆူရဘူး ကိုကိုငယ် တစ်ယောက်လုံး ရှိတယ်! ကိုကိုငယ်ပဲ Thomasကို ရိုက်လိမ့်မယ်!ဆူရင်လည်း ကိုကိုငယ်ပဲ ဆူလိမ့်မယ်! *ဟူ၍။
ထိုကဲ့သို့သော ဂန္ထဝင်မြောက်စကားကို ပြောခဲ့သည့် ငယ်ဘဝကောင်ကို အခုချိန်တွင် Thomas နားအုံတွေကို ဖုန်ထအောင် ရိုက်ပစ်ချင်သည်။
ဘယ်လိုတောင်မှ မီးတောင်ကြီးထဲ ကိုယ့်ကိုယ်ကိုယ် လောင်ကျွမ်းခံရဲရတာလဲ။
အခုတော့ သင်း အနေအထိုင် မတတ်မှုကြောင့် Thomasသည် Nathanဆိုသော မီးတောင်ကြီးရှေ့ ချွေးပြိုက်ပြိုက်ကျနေရပြီ။
Spanking paddle အပြားကြီးကြီးတစ်ခုကို ခပ်ဆဆ လွှဲကြည့်နေသည့် သူ၏ အစ်ကိုငယ်ကို Thomas တံတွေးမျိုချရင်း ကြည့်နေရသည်။
ထို paddleသည် သူ၏ အစ်ကိုလတ် Matty မွေးနေ့လက်ဆောင် ပေးခဲ့တာဖြစ်သည်။ သေချာပေါက် သူ့အတွက်ဟုပေးခဲ့ပေမယ့် တကယ်တမ်းတော့ Nathanအတွက်သာ။ ဘာလို့ သူအထိနာစေမည့်ပစ္စည်းပေးရသလဲဆို ပုံမှန်ဆိုအေးဆေးစွာနေတတ်သည့် အစ်ကိုလတ်ကို စိတ်ဆိုးအောင် Thomas မွှေနောက်မိ၍ ဖြစ်သည်။
Matty၏ တယောလေးကို ချိုးခဲ့မိရုံက ဘာမှ ကြီးကြီးမားမားလည်း မဟုတ်ခဲ့ဘဲကို။
ဟုတ်တာပေါ့။ ထိုတယောက Matty အချစ်ဦးပေးခဲ့သည့် လက်ဆောင်ဆိုတာကိုတော့ ခဏ ဖယ်ထားလိုက်ကြတာပေါ့။
တောင်တောင်အီအီအတွေးများသည် တဖြည်းဖြည်း တိုးကပ်လာသည့် Nathanကြောင့် လက်ရှိသို့ ပြန်အာရုံကပ်ရပြီ။
"ကိုယ့် သောက်ပြစ် ကိုယ်သိရင် ဘယ်လိုနေရမလဲ ငါ ထပ်သင်ပေးစရာမလိုဘူး"
ဘောက်ဆတ်ဆတ်နှင့် ခပ်ပြတ်ပြတ်စကားကြောင့် Thomas မျက်နှာလေး ရှုံ့မဲ့သွားရသည်။ ထို့နောက်တော့ ဝတ်ထားသည့် ဘောင်းဘီလေးကို ပေါင်တစ်ဝက်အထိ လျှောချပေးရင်း လိမ္မာစွာပင် တစ်ဖက်သို့ လှည့်ပေးလိုက်ရသည်။
တင်ပါးပေါ် ဝေ့ဝဲကျနေသည့် အင်္ကျီစလေးကိုလည်း ရှေ့သို့ဆွဲယူကာ လက်ကို ပိုက်ထားဖို့လည်း သူ မမေ့ရဲပေ။
တင်ပါးပေါ် အေးစက်စက် လာတင်သည့် အထိအတွေ့က ကျောရိုးထဲထိ စိမ့်ခနဲ။
တင်ပါးက အသားကို တတိတိနှင့် ခပ်ဆတ်ဆတ် အစပျိုးဟန် အရှိန်ယူနေသည့်paddle ကြောင့်လည်း ကြက်သီးမွှေးတို့ ထလာရသည်။
"ဖြောင်း!!"
ပထမတစ်ချက်က ပြင်းလွန်းသည်ကြောင့် Thomas မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားရတော့သည်။
"O.One Sir! "
"ဖြောင်း!!"
"T. t wo Sir..!"
"ဖြောင်း!!"
"Thr..ee Sir!"
Nathan လက်ဆက လုံးဝကို သွားမစမ်းသင့်သည့်အထဲ ပါသည်။ paddleကလည်း အပြားကြီးသည်ကြောင့် တစ်ချက် တစ်ချက်စီတိုင်းသည် Thomasတင်ပါးလေးကို အပြည့် နာကျင်စေသည်။
"အ! Twenty Sir!"
"ကျစ်! သောက်သံ ထွက်မလာနဲ့ အချက်ရေသံပဲ မင်း ပါးစပ်က ထွက်လာပါစေ!!"
"ဖြောင်း!!!!"
"Twen...Twenty One ..Sir!"
အံကို တင်းတင်းကြိတ်ရင်း ညည်းညူသံပင်မထွက်ဖို့ လုံးပမ်းရတာ မလွယ်ကူလှပေ။
သူ့တင်ပါးလေးတွေအခုဆို စုတ်ပြတ်သတ်နေလောက်တာ သေချာသည်။
နာကျင်မှုကြောင့် ထုံကျဉ်နေကာ ပူပူထူထူ ခံစားချက်က Thomasကို မျက်ရည်ပါ ဝဲလာစေသည်။
ရပ်ထားသည့် ခြေထောက်ကလေးတွေကို မတုန်အောင် မနည်းထိန်းထားရကာ တင်ပါးပေါ် ကွယ်ကာ ထားချင်စိတ်ဖြစ်လာသည့် လက်ကလေးတွေကိုလည်း ခပ်တင်းတင်း ပိုက်ထားရသေးသည်။
"ဖြောင်း!!!"
"Twenty ...Two Sir"
နဖူးထက်က ချွေးစလေးတွေသည် တဖြည်းဖြည်းတွဲခိုလာကာ ယားကျိကျိဖြစ်လာပေမယ့် သူ ပွတ်မသုတ်ရဲပေ။ position ပျက်သည့် အမှုနှင့် အချက်ရေတိုးကာ အတွယ်ခံရမည်ကို သူ ကြောက်ပါသည်။
ဝေ့သီလာသည့် မျက်ရည်တို့ကို ကျမလာအောင်ထိန်းရသည်ကလည်း ဒုက္ခတစ်မျိုးပင်။
အသံတွင် ရှိုက်သံ ပါမလာဖို့လည်း သူသတိထားရသေးသည်။
Thomasသည် တင်ပါးတစ်ခုလုံး နာကျင်ပူထူနေသည့်ကြားမှ ထိုကဲ့သို့သော လိုက်နာရမည့်၊ အမှားမခံသည့်ကိစ္စလေးတွေနှင့်လည်း အလုပ်များလျက်ရှိနေသည်။
ထို့အပြင် အမှတ်စဉ် မှား မရေမိဖို့ကိုလည်း သတိအကြီးကြီး ထားနေရပြန်သည်။
"ဖြောင်း!!!"
"Twenty...Four Sir!"
အောက်သို့ ကိုင်းညွှတ်ချင်သွားသည့် ဒူးတွေကို သူ အားတင်းကာ ပြန်မတ်လိုက်ပေမယ့် Nathanက သတိထားမိခဲ့သည်။
"တစ်စက်မှ မလှုပ်ရဘူးဆိုတာကို မေ့ပြန်တာလား! Thomas!!"
"ဖြောင်း!!!"
"TWENTY FIVEEE!!! မမေ့ မမေ့ရဲပါဘူး Sir!!"
သိသိသာသာ အားပြင်းသွားသည့်အချက်ကြောင့် Thomas ထိန်းထားသည့် မျက်ရည်တို့က လှိမ့်ခနဲ ပြုတ်ကျလာတော့သည်။
နာလွန်းသည် မဟုတ်လား။ သူ နောက်ဆို စာမေးပွဲကို အလွတ်မခံဘဲ နေပါတော့မည်။
မဟုတ်သေး။ အတန်းချိန်တွေပါ သေချာတတ်တော့မည်။
အခု ခံစားနေရသည့် နာကျင်မှုက သူ့အသိစိတ်ကို များစွာ လှုံ့ဆော်နေချေပြီ။
"ဖြောင်း!!!"
"Twenty Eight Sir!!"
မျက်နှာတစ်ခုလုံး ချွေးတွေ မျက်ရည်တွေနှင့် ညစ်ပတ်နေလောက်ပြီဖြစ်ပေမယ့် သူ မသုတ်ဖယ်ရဲပေ။
တင်ပါးဆီက သွေးပင် စို့နေလောက်ပြီဟု သူ ခံစားနေရသည်။
လက်ကလေးနှစ်ဖက်နှင့် သူ၏ သနားစရာ တင်ပါးလေးကို သူ အုပ်ကွယ်ကာ နာကျင်မှုလျော့ပါးစေဖို့ ပွတ်သပ်ချင်လှပြီ။
ပြေလျော့ချင်သည့် လက်ပိုက်ကို ခပ်တင်းတင်း ပြန်ဖြစ်စေရင်း စိတ်ကိုလည်း တင်းထားရပြန်သည်။
"ဖြောင်း!!!!"
"TWENTY NINE! SIR!!"
အများကြီးနာသွားရကာ သူ့ခြေထောက်လေးတွင်ပင် တုန်လာရသည်။
လှိမ့်ဆင်းလာသည့် မျက်ရည်တို့က ပါးပြင်ကနေ အင်္ကျီပေါ်အထိ စီးကျလာတော့သည်။
"ဖြောင်း!!!!!"
"အ!! THIRTY!!! SIR!!"
ထိုအချက်အပြီးတွင် Paddle သည် နံဘေးက Sofaပေါ် ပစ်တင်ခြင်း ခံလိုက်ရသည်ကြောင့် အပြစ်ဒဏ်ပြီးသွားပြီဟု Thomasထင်သွားသည်။
လက်ကလေးတွေသည် အချိန်မဆိုင်းဘဲ နာကျင်ရဲစက်နေမည့် တင်ပါးလေးတွေပေါ် ရောက်သွားတော့သည်။
ထိတွေ့ရုံနှင့်ပင် စပ်ဖျဉ်းဖျဉ်းဖြစ်နေသည်ကြောင့် Thomas မျက်ရည်တို့က ပို၍ ဝေ့တက်လာတော့သည်။ နာလိုက်တာ ဆိုတာ ပြောမပြတတ်အောင်ပင်။
"မင်းကို ဘယ်သူက ပွတ်ခိုင်းလို့လဲ!!"
ကျယ်လောင်စွာ ဟိန်းထွက်လာသည့် အသံကြောင့် Thomasကိုယ်လုံးလေး တုန်ခနဲဖြစ်သွားရကာ တင်ပါးပေါ်ကို ပွတ်သပ်နေသည့် လက်ကလေးတွင်ပင် ငြိမ်ခနဲ။
ထိုအချိန်တွင် အားကြီး၍ ကျယ်ပြန့်သော လက်တစ်ဖက်က Thomasလက်ကလေး နှစ်ဖက်ကို တစ်ပြိုင်တည်း ဆုပ်ကိုင်ကာ ခါးနားထိ ပင့်ကိုင်ပစ်သည်။
"ဖြန်း!! ဖြန်း!! ဖြန်း!!"
"အ! ဟင့် အီး!"
လွတ်ကင်းသွားသည့် တင်ပါးပေါ် ချက်ချင်းရောက်လာသည့် လက်ဖဝါးတစ်ဖက်သည် အညှာအတာမရှိ သုံးချက်ဆင့် ရိုက်လိုက်သည်တွင် ထိန်းထားသမျှသည် အကုန် ကမောက်ကမ ဖြစ်ကုန်တော့သည်။
မျှော်လင့်မထားသည်ကြောင့်လည်း သတိလက်လွတ်ဖြင့် ငိုသံလေးတွေပါ Thomas လွှတ်ခနဲ ထွက်မိသွားတော့သည်။
ခါးနားတွင် လက်နှစ်ဖက်ကို နောက်ပြန် နေရာချပေးလာသူသည် နံရံရှေ့ကိုပင် Thomasကို အနည်းငယ်တိုးကပ်စေသည်။
"တစ်စက်မှ မလှုပ်ဘဲ ရပ်နေ!!"
"ဟုတ် ..ဟင့်"
ပူထူနေသည့် တင်ပါးလေးတွေကို ပွတ်သပ်ချင်စိတ်က တမြေ့မြေ့တက်လာနေပေသည်။
သို့သော် သူ ထပ်မလှုပ်ရဲတော့ပေ။
ပေါင်လယ်လောက်ထိ သူ ဆွဲချထားပေးသည့် ဘောင်းဘီလေးသည်လည်း အခုတွင် ဒူးနားအထိ ရောက်နေချေပြီ။
ဘာမှ မရှိသည့် နံရံကြီးကို မျက်ရည်ကြားမှ ဝေဝေဝါးဝါး စိုက်ကြည့်နေရင်း Thomas ထပ်ငိုမိပြန်သည်။
နောက်ကို တကယ်ကိုပင် ကြိုးကြိုးစားစားနှင့် စာလေ့လာသည့်ဘက် လှည့်တော့မည်။
နာရီဝက်အကြာတွင် သူ၏ အစ်ကိုငယ်သည် အခန်းထဲ ပြန်ဝင်လာကာ Sofaပေါ် ဝင်ထိုင်လိုက်သည်။
သူ့ကို ခေါ်ဖို့ မျှော်လင့်မိကာ နားနှစ်ဖက်ကို စွင့်ထားမိသည်။
"ဒီကို လာမှောက် Baby"
Babyဆိုသော အခေါ်အဝေါ် ထွက်လာသည်တွင်တော့ ငိုနေသည့်ကြားမှ Thomas နှုတ်ခမ်းလေးတွေ ကော့တက်သွားရတော့သည်။
အချိန်မဆွဲဘဲ ဟင့်ခနဲပင် သူ၏ အစ်ကိုငယ်ဆီ လာကာ ပေါင်ပေါ် မှောက်ပေးလိုက်သည်။
"အေး..အေးတယ် ဟင့်"
"အေးလည်း အောင့်ခံ!"
အကြင်နာမဲ့သည့် ခပ်ပြတ်ပြတ်စကားကြောင့် Thomasစိတ်ထဲကနေ မျက်စောင်းထိုးကာ အပြင်တွင်တော့ ငြိမ်နေလိုက်ရသည်။
တင်ပါးပေါ် တင်ထားသည့် ရေခဲအိတ်ကြောင့် Thomas ထွက်ပြေးချင်ပေမယ့် ကပ်ပေးနေသူက သူကြောက်ရသည့် သူ၏ အစ်ကိုNathanဖြစ်နေသည်မို့ မျက်စိလေး မှိတ်ကာ လုပ်ပေးနေသမျှ ငြိမ်ခံနေရုံပင်။
"မင်း ကိုယ့်ဆီ ပြောင်းလာခဲ့တော့ Baby"
"ဟင်! မဟုတ်..ဟုတ်ကဲ့"
နောက်ပြန်လှည့်ကာ ငြင်းဆိုမည့် စကားတို့သည် စိုက်ကြည့်လာသော သတိပေးသည့်အကြည့်တို့တွင် ပျောက်ရှသွားရသည်။
သူတော့ ဒုက္ခများပါပြီ။
Thomas မင်း အကြီးကြီး ပြဿနာတက်တာပဲ။
အစတည်းက လိမ်လိမ်မာမာလေး စာသင်နေခဲ့သင့်ဝာာ။
နောင်တတွေသည် အလုအယက် Thomasခေါင်းထဲ တိုးဝင်လာတော့သည်။
အခုအချိန် Thomas တစ်ယောက်တည်းသာ ရှိနေပါက သေချာပေါက်ကို အကျယ်လောင်ဆုံး အော်ငိုမိလောက်သည်။
~*~