ဗီလိန်Alphaကြီးမှာကိုယ်ဝန်ရှိ...
By yyuzanawin
113K 12K 236
စစ်ဟွိုင်ရှီး သည် နောက်ဆုံးသောနေ့ရက်များတွင် ဖုတ်ကောင်များကို တိုက်ခိုက်ရန် ငြီးငွေ့နေသောကြောင့် သူဖတ်ရန် ဝတ္... More
Description
1🍷
2🍷
3🍷
4🍷
5🍷
6🍷
7🍷
8🍷
9🍷
10🍷
11🍷
12🍷
13🍷
14🍷
15🍷
16🍷
17🍷
18🍷
19🍷
20🍷
21🍷
22🍷
23🍷
24🍷
25🍷
26🍷
27🍷
28🍷
Hello
29🍷
30🍷
31🍷
အဖြေမှန် 😍
32🍷
33🍷
34🍷
35🍷
36🍷
37🍷
38🍷
39🍷
40🍷
41🍷
42🍷
43🍷
44🍷
45🍷
46🍷
47
48
50
51
52
53
54
55
56
57
58
59
49..
1.1K 110 10
By yyuzanawin
စစ်ဟွိုင်ရှီး စိတ်ထဲမှာ ထိတ်လန့်တုန်လှုပ်သွားပြီး..
"Ah..မဟုတ်ပါဘူး.. ဒါက.. အရမ်း စိုးရိမ်စရာမဟုတ်ဘူးလား.. ကိုယ်ကသူလျှိုလို့ ထင်နေသေးတာမလား.. မင်းကို ထိခိုက်သွားမှာကို မကြောက်ဘူးလား"
ဖေးကျောက်ကျိုး ၏ လေသံမှာ တည်ငြိမ်နေပြီး ယိမ်းယိုင်နေသော စစ်ဟွိုင်ရှီးကို တင်းတင်းကြပ်ကြပ် စိုက်ကြည့်ကာ..
"ငါ့ကို လက်ထပ်ပါ.. တရားဝင် လုပ်ဖော်ကိုင်ဖက်ဖြစ်အောင်..  မင်းလိုချင်တာမှန်သမျှ ငါပေးမယ်..မင်းလုပ်ချင်တာနေရင်တောင်မှ ဒီမစ်ရှင်ပြီးရင် မင်းအင်ပါယာမှာရှိနေပြီး နောက်ဆုံးမှာ ငါ့ခင်ပွန်းဖြစ်နေသရွေ့ မင်းလိုချင်တာကို ငါပေးမယ်"
ဘာမစ်ရှင်လဲ။ ဘာခင်ပွန်းလဲ...
စစ်ဟွိုင်ရှီး တဖြည်းဖြည်း မူးလာလေသည်။ ဘာတွေမှန်း သူနားမလည်တော့ဘူး။ ငြိမ်းချမ်းရေးခေတ်မှာ လူတွေက အရမ်းစိတ်ကြီးပြီး စိတ်မြန်တာ ဖြစ်နိုင်လား။
ဆုံတာ ဘယ်လောက်ကြာပြီးလို့လဲ၊ တစ်လကျော်၊ နှစ်လလောက်သာ ရှိသေးသည်။ ဒါက လျှပ်တစ်ပြက်လက်ထပ်ခြင်းပဲ။
သူဘယ်လိုရှင်းပြနေပါစေ ဖေးကျောက်ကျိုး က သူ့ကို သူလျှိုတစ်ယောက်လို့ပဲထင်နေတယ်။ ကောင်းပြီ၊ E-Class Beta တွင် မရှိသင့်သည့် စွမ်းရည်များကို သူ မောက်မာစွာ ပြသခဲ့မိတာကို ဝန်ခံပါတယ်။ ဤခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာကတည်းက သူ၏ စိတ်စွမ်းအားက ကမောက်ကမာ ဖြစ်ခဲ့ပြီး ဒီခန္ဓာကိုယ်နှင့် ရင်းနှီးဖို့ အချိန်လိုခဲ့တာပဲရှိတယ်။  ဖေးကျောက်ကျိုးက S- level Alpha ဖြစ်ပေမယ့် သူ့ခွန့်အားက စစ်ဟွိုင်ရှီးထက် အားနည်းရတာက အရင်က ဖုတ်ကောင်တွေနဲ့တိုက်ခိုက်နေရကြောင့် ဖြစ်နိုင်ပါတယ်။ မေးစရာက ဖေးကျောက်ကျိုးက ဘာတွေတွေးနေတာလဲ။ သူလျှိုတစ်ယောက်လို့ အခိုင်အမာ ယုံကြည်နေတာတောင် သူ့ကို လက်ထပ်ချင်သေးတာလား။ ?
သူ့ဘေးနားကလူက ရန်သူတိုင်းပြည်ရဲ့ သူလျှိုဖြစ်ပြီး သူ့ကိုနစ်နာအောင် လုပ်မှာကို မကြောက်ဘူးလား။ စစ်ဟွိုင်ရှီး က သူ့ခေါင်းကို ဖိနှိမ့်ရင်း ဘာမှ ရှင်းမပြနိုင်...အစ်ကိုဖေးက ဘာကို အဖြေရှာဖို့ ကြိုးစားနေတာလဲ။
ဝတ္ထုထဲက လူတွေအားလုံးက ချစ်ဖို့ကောင်းကြတာ ဖြစ်နိုင်သလား။ စစ်ဟွိုင်ရှီး သည် "Interstellar Heartthrob" ဝတ္ထုကို သတိရမိသည်။ စာအုပ်ထဲက ဇာတ်ကောင်တွေက ဘယ်လောက်ပဲ အစွမ်းထက်ပြီး ချောမောနေပါစေ အချစ်ဇာတ်ကောင်ကို တွေ့တာနဲ့ မဆိုင်းမတွဘဲ၊ ဇာတ်ကောင်အတွက် အရာရာကို လုပ်ဆောင်တော့တယ်။  ဒါဆို...အစ်ကိုဖေး ဝတ္ထုထဲက အချစ်လိုမျိုး ကူးစက်ခဲ့တာလား။
သူနဲ့ ပြင်းပြင်းထန်ထန် ချစ်ဖို့ချင်ခဲ့တယ်။ သည်းမခံနိုင်သော Alpha ဥက္ကဌနှင့် Beta  ဇာတ်ညွှန်းလိုမျိုးများလား.. သူက ရာထူးတွေပြောင်းဖို့တောင် စိတ်ပိုင်းဖြတ်ထားတယ်၊ သူ့ကို ချစ်ရမယ်၊ ရန်သူတိုင်းပြည် ရဲ့ သူလျှိုဖြစ်နေရင်တောင် အချစ်ကြောင့် သူ့ကို လက်ထပ်ဖို့ ပြောခဲ့တယ်။ ဟုတယ် ဒါဇာတ်ညွှန်းပဲဖြစ်ရမယ်။
စစ်ဟွိုင်ရှီးသည် မျက်နှာနီရဲကာ နှလုံးခုန်လာသည်။ပဟေဠိဆန်တဲ့ အမှတ်တရတွေအကြောင်း မပြောနဲ့အုံး..အခုတော့ ဖေးကျောက်ကျိုး ရဲ့ အဆိုပြုချက်နဲ့ ပတ်သက်ပြီး သူ့အမှတ်တရတွေကို ဖျောက်ပစ်ချင်နေပြီလေ
စစ်ဟွိုင်ရှီး သည် သူ့မျက်နှာကို တစ်ဝက်တစ်ပျက်ဖုံးကာ သူ့ကိုစိုက်ကြည့်နေ သော ဖေးကျောက်ကျိုး အား ငြင်းဆိုလိုက်ပြီး...
"တောင်းပန်ပါတယ် အစ်ကိုဖေး မင်း ဘာလို့ ဒီလိုလုပ်ရတာလဲဆိုတာ ငါတကယ်နားမလည်ဘူး..အိမ်ထောင်ရေးဆိုတာ လူနှစ်ယောက်အတွက် တစ်သက်လုံးပဲ မဟုတ်လား..ဒီလိုမျိုး လုပ်တာတော့မဟုတ်သေးဘူးလေ.."
ဖေးကျောက်ကျိုး တစ်ချက် တွန့်သွားသည်။ သူမျက်မှောင်ကြုတ်ကာ ပယင်းရွှေ၏မျက်လုံးများက စိတ်ပျက်လက်ပျက်ဖြင့် နှလုံးသားကပူဆွေးသွားကာ လေးနက်သောအသနားခံသော လေသံဖြင့်ပြောခဲ့သည်-
"ငါအများကြီးစဉ်းစားပြီးမှ ဆုံးဖြတ်လိုက်တာပါ.. မင်းဟာ အရမ်းကောင်းတဲ့တရားဝင် အိမ်ထောင်ဖတ် ဖြစ်လာလိမ့်မယ်..ငါဖြစ်တယ်ဆိုရင် ဖြစ်တယ်ပဲ.. နောက်နေ့ လက်စွပ်တစ်ကွင်းဝယ်ပြီး မင်းနဲ့ စာရင်းသွင်းဖို့ Imperial Civil Affairs Bureau ကိုသွားကြမယ်.."
ဖေးကျောက်ကျိုး က စစ်ဟွိုင်ရှီး နဲ့ လက်တွဲလုပ်ရင် ကောင်းမယ်လို့ ထင်ခဲ့ပေမယ့် စစ်ဟွိုင်ရှီး ရဲ့ ငြင်းဆန်မှုက သူ့ကို ပိုတင်းမာစေတယ်။ သူလုံးဝအလျှော့မပေးနိုင်ဘူး။
ဒီလို ဖေးကျောက်ကျိုးက တစ်ဆင့်ပြီးတစ်ဆင့် တိုးလာတာကြောင့် စစ်ဟွိုင်ရှီး ထိတ်လန့်သွားသည်။ သူ၏ မမြင်နိုင်သော စိတ်စွမ်းအားက သူ၏သခင်ကဲ့သို့ ပင်လယ်ရေမှော်များလို တုန်လှုပ်သွားပြီး ဖေးကျောက်ကျိုး ထံသို့ သတိကြီးကြီးထားပြီး အစမ်းသဘောဖြင့်
"အစ်ကိုဖေး..နောက်နေတာမဟုတ်လား.."
မြန်မြန်ပြော၊ မင်းလိမ်နေတာလို့...
စစ်ဟွိုင်ရှီးသည် အခုတော့ ဖေးကျောက်ကျိုး ၏ မှတ်ဉာဏ်ကို မဖျတ်ချင်တော့ပါဘူး။ ဖေးကျောက်ကျိုး က သူ့အား ရိုးသားမှုရှိမရှိ သိချင်ရုံသာဖြစ်သည်။ သူလျှိုအတုအဖြစ် ဖမ်းယူဖို့အတွက် အတုနဲ့လက်ထပ်ခဲ့မယ်ဆိုရင် ဖေးကျောက်ကျိုး ဟာ တကယ့်ကို နားမလည်နိုင်စရာပါပဲ...
စစ်ဟွိုင်ရှီး ၏ ပင်လယ်ပြာ မျက်လုံးများသည် ပင်လယ်ပြင်တွင် မည်းမှောင်ပြီး အန္တရာယ်ရှိသော ရေစီကြောင်းကဲ့သို့ နက်ရှိုင်းပြီး ပျောက်ဆုံးသွားသော သင်္ဘောသားများကို ရေတွင်းထဲသို့ ဆွဲသွင်းကာ ပင်လယ်အောက်ခြေတွင် အချိန်မရွေး မြှုပ်နှံထားနိုင်သည်။
စစ်ဟွိုင်ရှီး ၏ နက်မှောင်သော မျက်လုံးများသည် ဖေးကျောက်ကျိုးကို ညို့ငင်နေရင်း..
"မင်း ငါ့ကို တကယ်လက်ထပ်ချင်တာလား?"
ဖေးကျောက်ကျိုး သည် တခဏတာ မှိန်းသွားသလို ခံစားလိုက်ရပြီး သူ့စိတ်နှလုံးအရ..
"အင်း...."
စစ်ဟွိုင်ရှီး က အလေးအနက်ထားပြီး..
"မင်းငါ့ကိုကြိုက်လား?"
ဖေးကျောက်ကျိုး က မျက်မှောင်ကြုတ်လိုက်သည်။ သူသည် သဘောကျဖို့ မစဉ်းစားခဲ့ဖူးဘူး၊ စစ်ဟွိုင်ရှီး နဲ့နေရတာ ပျော်စရာကောင်းလိမ့်မယ်လို့ သူဘယ်တုန်းကမှ မတွေးခဲ့မိဘူး။ သူခံစားရသည့်က စစ်ဟွိုင်ရှီး သည် သူ့အတွက် အထူး ဖြစ်တည်မှုတစ်ခုဖြစ်သည်။
သူသည် အခြားသူများနှင့် စစ်ဟွိုင်ရှီး လောက် မရင်းနှီးခဲ့ဖူးပေမယ့်  သဘောကျခြင်းနှင့် တွေ့ဆုံခြင်းကြား ခြားနားချက်ကို သူ မပြောနိုင်ပေ။ ဘယ်လောက်အတိုင်းအတာအထိလဲဆိုတာ တိကျစွာ မဆုံးဖြတ်နိုင်တာကြောင့် ပြတ်ပြတ်သား သား ပြောလိုက်သည်။
"ကြိုက်လား မကြိုက်လား မသိပေမယ့် မင်းကို လိုချင်နေတာ.."
စစ်ဟွိုင်ရှီး ၏ မျက်နှာသည် တဖြည်းဖြည်း နီရဲလာပြီး သူ့ ဦးနှောက် ရုတ်တရက် ဗလာဖြစ်သွားကာ သူ့ခြေထောက်တွေ  လှုပ်ရှားလာတာနဲ့ သူ ချက်ချင်း ပြေးထွက်သွားတော့လေသည်။
အိမ်အပြင်သို့ အပြေးအလွှားထွက်လာရင်း နှလုံးခုန်သံများ မရပ်မနား ခုန်လာကာ စစ်ဟွိုင်ရှီးသည် သူရဲ့ ပူထူလာပြီး နီမြန်းနေသော မျက်နှာကို ဖုံးကာ အေးစက်သောလေကို မှုတ်ထုတ်ရင်း လမ်းပေါ်တွင် ရှက်ကိုးရှက်ကန်း ထိုင်ချလိုက်တော့လေသည်။
အိမ်မပြန်ရဲဘူး။
ဘာလို့လဲဆိုတော့ အစ်ကိုဖေး က သူ့အိမ်အပေါ်ထပ်မှာ စောင့်နေတယ်။ ဒါက..အရမ်း..အရမ်းဆိုးတာပဲ။
~gp မှာ complete မို့ ၇ထောင်ကို  ၃ထောင်နဲ့ဝင် ဒီတစ်ခါကတော့ မင်အကူအညီလိုလို့ပါ...
Zawgyi
စစ္ဟြိုင္ရွီး စိတ္ထဲမွာ ထိတ္လန့္တုန္လႈပ္သြားၿပီး..
ဘာမစ်ရှင်လဲ။ ဘာခင်ပွန်းလဲ...
"အင်း...."
"မင်းငါ့ကိုကြိုက်လား?"
အိမ်မပြန်ရဲဘူး။
~gp မှာ complete မို့ ၇ထောငျကို  ၃ထောင်နဲ့ဝင် ဒီတစ်ခါကတော့ မင်အကူအညီလိုလို့ပါ...
Continue Reading
You'll Also Like
1.7M 95.1K 87
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
131K 15.6K 70
ဟိုဘက် acc log ကျသွားလို့ဒီမှာပြန်တင်ပေးပါမယ်ရှင့်
424K 23.7K 17
𝐒𝐡𝐢𝐯𝐚𝐧𝐲𝐚 𝐑𝐚𝐣𝐩𝐮𝐭 𝐱 𝐑𝐮𝐝𝐫𝐚𝐤𝐬𝐡 𝐑𝐚𝐣𝐩𝐮𝐭 ~By 𝐊𝐚𝐣𝐮ꨄ︎...