ပြန်လည်မွေးဖွားပြီးနောက် ငါ့က...

By maung0611

10.8K 866 24

After Rebirth, I Just Want To Concentrate on Raising My Baby အပိုင်း-60။ Author : 糖不停 Paid gp - completed. More

Ch-1.1
Ch-1.2
Ch-2.1
Ch-2.2
Ch-2.3
Ch-2.4
Ch-2.5
Ch-3.1
Ch-3.2
Ch-3.3
Ch-3.4

Ch-1.3

233 18 1
By maung0611



Ch-1.3

ရှန်းရန်၏အသံသည် အနောက်မှ ထွက်ပေါ်လာသောကြောင့် ကျန်းချာ ရပ်တန့်သွားသည်။

"ဥက္ကဌရှန်း" ပိုင်ဖေး အနည်းငယ် ဦးညွှတ်၍ "နေ့ခင်းဘက်မှာ ဒုဥက္ကဌရဲ့ အစည်းအဝေးရှိပါတယ်.. ပိုအရေးကြီးတာရှိလို့ ရွှေ့ခိုင်းပါတယမ။ ဒါက..."

ရှန်းရန် မှ 'အင်း' ဟု တုန့်ပြန်ကာ ကျန်းချာ ဆီသို့ လျှောက်လာသည်။ "ဘာကိစ္စရှိလို့လဲ"

ကျန်းချာ သည် သူ့ကိုကြည့်၍ ထူးဆန်းပြီး ရင်းနှီးနေသလို ခံစားလိုက်ရသည်။

"ကျွန်မ ..."

"ဘာဖြစ်တာလဲ?" ရှန်းရန် မသိမသာ မျက်မှောင်ကြုံ့သွားသည်။ ကျန်းချာ သည် ထိုကဲ့သို့သော အမူအရာမျိုး မပြသူမှန်း သူသိသည်။

ကျန်းချာ က အသက်ပြင်းပြင်းရှူ၍ သူ့လက်တွေကိုဆုပ်ကိုင်ကာ ပြောလိုက်သည်။ "အိမ်ပြန်ချင်တယ်"

"အိမ်ပြန်မယ်?" ရှန်းရန် သည် အိမ်တွင် သားဖြစ်သူနှင့်ကလေးထိန်းရှိသည်ကို အမှတ်ရမိသည်။ "အိမ်မှာ ဘာဖြစ်လို့များလဲ?"

"သိပ်များများစားစားမဟုတ်ပါဘူး။" ကျန်းချာ ရှန်းရန် ကို တွန်းလိုက်ပြီး ဆေးရုံကုတင်ရှေ့ထိုင်၍ သားဖြစ်သူအကြောင်းပြောပြနေသည့် ရှန်းရန် ကို သတိရသွားကာ သူမ၏လေသံကို မတင်းမာအောင်ကြိုးစား၍ ရှင်းပြလိုက်သည်။ "ရုတ်တရက် လန့်သွားလို့ အိမ်ပြန်ပြီး တချက်ကြည့်ချင်မိသွားလို့ပါ .."

"ဒုဥက္ကဌ။" ပိုင်ဖေး ၌ ပြောစရာရှိသေးသည်။

ရှန်းရန် က သူ့လက်ကို ဝှေ့ယမ်းပြီး "သွားရအောင် ကိုယ် မင်းကို ပြန်ခေါ်သွားမယ်။"

ကျန်းချာ က ရှန်းရန် ကို စက္ကန့်အနည်းငယ်လောက် ကြည့်၍ ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပြီ"

နှစ်ယောက်သား ကုမ္မဏီမှ လျင်မြန်စွာ ထွက်ခွာသွားကြသည်။

"ရှန်း... ကျန်း..." ပိုင်ဖေး ခြေထောက်ဆောင့်၍"ဘာဖြစ်သွားကြတာလဲဟ!"

"လက်ထောက်ပိုင် ဥက္ကဌရှန်း ကို တွေ့လိုက်သလား?"

ပိုင်ဖေး လှည့်ကြည့်၍ "လက်ထောက်ရှင်း၊ဥက္ကဌရှန်းနဲ့ဒုဥက္ကဌကျန်းတို့ အတူထွက်သွားကြတယ်.."

ရှင်းရင် သည် ရှန်းရန်၏လက်ထောက်ဖြစ်ပြီး ရှန်းရန် နှင့် ကျန်းချာ တို့၏ဆက်ဆံရေးအကြောင်းကို သိသော အတွင်းလူအနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။ "အတူတူထွက်သွားကြတယ်" ဆိုတဲ့ စကားကိုကြားတော့ အံ့အားသင့်သွားသည်။

ပိုင်ဖေး မှ "ဒုဥက္ကဌ ကျန်း က အိမ်မှာ တစ်ခုခုဖြစ်လို့ ဥက္ကဌရှန်း က သူ့ကိုအိမ်ပြန်ပို့ပေးတာ.."

"ဪ ..." ရှင်းရင်က သူ့ဖုန်းကို ထုတ်၍ ရှန်းရန် ရဲ့ အချိန်ဇယားကို ချိန်ညှိလိုက်သည်။ "မင်းလည်း လုပ်စရာရှိတာ သွားလုပ်..."

ပိုင်ဖေးမှာ သတိကပ်သွားလေသည်။ "ကျွန်မ ဘာလုပ်ရမလဲ?"

ရှင်းရင်က သူမကို တစ်ချက်ကြည့်၍ "ဒုဥက္ကဌကျန်းအတွက် နေ့ခင်းမှာ အစီအစဥ်မရှိဘူးလား?"

"သြော် ကျွန်မ အခုပဲ သွားလုပ်လိုက်မယ်"

ပိုင်ဖေး က ရှင်းရင်ကို ဦးညွှတ်တောင်းပန်၍ သူ့ရုံးခန်းကို အမြန်ပြန်သွားတော့သည်။

"ဒုဥက္ကဌ ကျန်းနဲ့ဥက္ကဌရှန်း တို့ ဘယ်အချိန်တုန်းကများ ဆက်ဆံရေးကောင်းသွားကြတာလဲ?" "


သာသာမှ။

ဒါလေး အစအဆုံးပြီးပါပြီ။1500ပါ။

Continue Reading

You'll Also Like

2.7M 157K 49
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
748K 39.5K 21
This book is about the two daughters-in-law of Rajputs who have gotten married to the two Rajput siblings and are best friends as well even before be...
860K 71.7K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
3.1M 70K 81
Diana is an 18 year old girl about to start her senior year until she bumps into a woman at the bookstore who has quite the personality. The woman ta...