Ch-1.2
ရှန်းရှီ သည် ဖခင်ဖြစ်သူ၏လည်ပင်အနားတွင် ကပ်၍ပွေ့ဖက်ကာ ငိုယိုနေသည်။
ကျန်းချာ၏စိတ် သည် ယခုအခိုက်အတန့်တွင် များစွာတိုးတက်ကောင်းမွန်လာကာ သူမ ဘာဖြစ်နေသည်ကို သိနေသည်။
"ရှန်းရန်" ကျန်းချာ မှ တည်ငြိမ်သောမျက်နှာထားဖြင့် "ကျွန်မက အရည်အချင်းပြည့်မီတဲ့ ဇနီးမဟုတ်သလို မိခင်ကောင်းတစ်ယောက်လည်း မဟုတ်ဘူး။ ဒီဘဝမှာ ရှင်နဲ့ရှောင်းရှီ ကို တောင်းပန်ပါတယ်"
"မဟုတ်ဘူး" ရှန်းရန် က ကျန်းချာ ရဲ့လက်ကို ဆုပ်ကိုင်၍ "မင်း ကိုယ်တို့ကို မတောင်းပန်ရဘူး"
ကျန်းချာ သက်ပြင်းချလိုက်ပြီး ဆက်မပြောတော့ပေ။ဆက်ပြောလျှင် ဓားနှင့်ထိုးသကဲ့သို့နာကျင်လှသည်။
ခဏအကြာတွင်၊ကျန်းချာမှ " ကျွန်မ သေသွားပြီး ရှင် တခြားမိန်းမနဲ့လက်ထပ်ရင် ရှောင်းရှီ ရဲ့ သဘောတူညီချက်ကို ယူဖို့ ကျွန်မ မျှော်လင့်တယ်"
"ဟင့်အင်း သူများတွေကို မလိုချင်ဘူး သားက မား ကိုပဲ လိုချင်တာ!"
"ဘယ်သူမှရှိမှာမဟုတ်ဘူး ကိုယ့်မိန်းမက မင်းတစ်ယောက်ထဲပဲ.."
ကျန်းချာ မှာ ချက်ချင်းရဲတက်သွားသည်။
သူမသည် ဘဝတစ်လျှောက်လုံးတွင် အပြိုင်အဆိုင်ကြိုးစားခဲ့ပြီး ရှန်းရန် ကိုလက်ထပ်၍ သားတစ်ယောက်ရခဲ့ခြင်းသည် လုံးလုံးလျားလျား မတော်တဆမှုတစ်ခုသာဖြစ်သည်။
သူမ ဖျားနာပြီး စောစောစီးစီး ထွက်ခွာသွားရခြင်းဟာ ဘုရားသခင်ကို ဒေါသထွက်စေခဲ့တဲ့ သူမရဲ့ တာဝန်မဲ့အပြုအမူကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
ကျန်းချာ မှာ အပြစ်တွေအပြည့်ရှိသည်။ တကယ်လို့ သူမ နောက်တစ်ကြိမ်ထပ်လုပ်နိုင်ရင် သူမ အလုပ်ကိုပဲအာရုံစိုက်မနေတော့ပါ။ကံမကောင်းသည်မှာ 'တကယ်လို့' ဆိုသည်မှာမရှိပါ။
" ရှန်းရန်၊ရှောင်းရှီ ရဲ့ ကလေးဘဝအကြောင်း တစ်ခုခုပြောပြပေးနိုင်မလား "
"ကောင်းပြီ"
ကျန်းချာ က မျက်လုံးမှိတ်ထားပြီး အောက်ဆီဂျင်မျက်နှာဖုံးကို ဝတ်ဖို့ ငြင်းဆိုပြန်သည်။ "ပြောပါအုန်း၊ကျွန်မ နားထောင်နေတယ်"
"ကောင်းပြီ"
ရှန်းရန်၏အသံသည် ပျော့ပျောင်းနေပြီး သိထားသည်ကို ပြောပြလို့နေသည်။
ကျန်းချာ သည် နားထောင်နေစဥ် နှုတ်ခမ်းထောင့်များသည် ဖြည်းညှင်းစွာ ကော့တက်သွားသည်။
အချိန်အတော်ကြာပြီးနောက်၊ECG မော်နီတာမှ စူးရှသော "နက်နဲသော" အသံထွက်ပေါ်လာခဲ့သည်။
ရှန်းရန် သည် စက်ဘောင်ပေါ်ရှိ ဖြောင့်တန်းနေသော လိုင်းကိုကြည့်ရင်း လည်ချောင်းထဲ တစ်ဆို့နေကာ သားဖြစ်သူ ရှန်းရှီ၏လက်များကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားမိခဲ့သည်။
"ရှောင်းရှီ "
"ပါး ?"
"မင်း ရဲ့မား.. .ဆုံးပြီ။"
***
"...နေ့လည် ၂ နာရီမှာ အစည်းအဝေးရှိတယ်။ ညနေတုန်းက ယွဲ့ရန်ဌာနစတိုးက မန်နေဂျာကျောင်း က ညစာလာစားဖို့ ဖိတ်ထားတယ်။ မနက်ဖြန် မနက် ၉နာရီလောက်ပါ .."
ထိုအသံကို ကြားရချိန် ကျန်းချာမှာ သူ့ခေါင်းမှာ နာကျင်မှုကို ခံစားနေရသည်။
"နေပါဦး.." ကျန်းချာ က လက်ထောက်ကို တား၍ ခေါင်းကိုပွတ်သပ်နှိပ်နယ်နေသည်။
လက်ထောက် မှာ ထိတ်လန့်သွားသည်။ "ဒုဥက္ကဌကျန်း.. အဆင်ပြေပါရဲ့လား? နေမကောင်းဘူးလား။ ဆေးရုံကို ခေါ်သွားပေးရမလား"
ကျန်းချာ က စူးစူးရဲရဲနဲ့မျက်လုံးဖွင့်ကြည့်လိုက်တော့ ... သူမ ဘယ်မှာလဲ?
"ဒုဥက္ကဌ?"
ကျန်းချာ ခေါင်းကို လှည့်ပြီးနောက် အံ့အားသင့်သွားလေသည်။
သူမရဲ့လက်ထောက်လေး ပိုင်ဖေး?
ကျန်းချာ က ဟိုဟိုဒီဒီ ကြည့်လိုက်တော့ ဒါက သူမ ရဲ့ရုံးခန်းလား? ?
ကျန်းချာ မတ်တပ်ထရပ်၍ " ဘာပြောလိုက်တာလဲ?"
"အိုး.. နေ့လည်မှာ အစည်းအဝေးရှိတယ်။ ညနေတုန်းက ယွဲ့ရန်ဌာနစတိုးရဲ့မန်နေဂျာက ညစာစားဖို့ဖိတ်ထားတယ်.. အချိန်က မနက်ဖြန် မနက်၉နာရီပါ....."
"ကောင်းပြီ၊အားလုံး ရွေ့လိုက်ပါ။" ကျန်းချာ လှည့်ကြည့်လိုက်ပြီး သူ့အင်္ကျီကိုယူကာ ဖိနပ်စီးကာ ထွက်လာခဲ့သည်။
ပိုင်ဖေးမှာ အံ့သြသွားလေသည်။ သူမ ဘာကြားလိုက်တာလဲ? ရွေ့ဆိုင်းရမယ်? ဒါ သူမ သိတဲ့ ဒုဥက္ကဌကျန်းလား?
ပိုင်ဖေး မှ "ဒုတိယဥက္ကဌ ... . နေ့လည်အစည်းအဝေးကို ကျွန်မ တကယ် မရွေ့နိုင်ဘူး!"
" ငါ ရွေ့နိုင်တယ်.. " ကျန်းချာမှာ ထွက်လာနေရင်း အပေါ်ဝတ်ဝတ်ဆင်၍ ခိုင်မာစွာပြောလိုက်သည်။ "ငါ့ မှာ လုပ်စရာအရေးပေါ် ကိစ္စရှိတယ်.. နောက်ကျနေဦးမယ်..."
"ဒုတိယဥက္ကဌ!"
"ဘာဖြစ်လို့လဲ?"