ရန်ယွီရှန့်လော့ (ဘာသာပြန်)

De Meng_L

77.6K 10.6K 526

Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title... Mais

မိတ်ဆက်
၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄
၂၅
၂၆
၂၇
၂၈ ပ
၂၈ ဒု
၂၉
၃၀ ပ
၃၀ ဒု
၃၁
၃၂
၃၃
၃၄
၃၅
၃၆ ပ
၃၆ ဒု
၃၇ ပ
၃၇ ဒု
၃၈
၃၉
၄၀
၄၁
၄၂
၄၃
၄၄
၄၅ ပ
၄၅ ဒု
၄၅ တ
၄၆
အတွဲ(၂) ကိုယ်ပျောက်နောက်ယောင်ခံလိုက်သူ ဇာတ်သိမ်း
၄၈
၄၉
၅၀
၅၁ ပ
၅၁ ဒု
၅၂
၅၃ ပ
၅၃ ဒု
၅၄
၅၅
၅၆ ပ
၅၆ ဒု
၅၇
၅၈
၅၉ ပ
၅၉ ဒု
၆၀ ပ
၆၀ ဒု
၆၁
အတွဲ(၃) နာမကျန်းဆေးရုံ ဇာတ်သိမ်း
၆၂
၆၃

၄၇

558 74 5
De Meng_L

人鱼陷落
REN YU XIAN LUO


UNICODE


နာမကျန်းဆေးရုံ : လူပြက်တစ်ယောက်သာ


မွန်းတည့်ချိန်နီးလာသည်နှင့်အမျှ တိုက်ခန်းတိုင်း၏ မီးဖိုချောင်တွင်းမှ ထမင်းဟင်းရနံ့တို့သင်းပျံ့လို့နေသည်။ ပိုင်ချူနျန်တစ်ယောက် လေချွန်လျက် အနက်ရောင်လက်ပြတ်အင်္ကျီဘောင်းဘီတိုဖြင့် ညှပ်ဖိနပ်စီးကာ ဓာတ်လှေကားတွင်းဝင်ရောက်လိုက်ပါသည်။ ဘယ်လက်ကအသီးအရွက် ညာလက်မှာတော့အသားတို့သယ်လာ၏ ၊ ဘယ်လက်၌လက်နှစ်ချောင်းဖြင့် ကြက်သွန်မြိတ်ကိုခွဲကိုင်ကာ ညာလက်တွင် ဖုန်းနှင့်သော့ကိုပါညှပ်ကိုင်ထားလျက်။ သီချင်းလေးညည်းလို့ တံခါးကိုကန်ဖွင့်ရင်း တဖန်ခြေထောက်နှင့်ပဲ တံခါးကိုပြန်ကန်ပိတ်လိုက်လျက် မီးဖိုချောင်ထဲသို့ အေးအေးဆေးဆေး လျှောက်ဝင်သွားလိုက်သည်။ အသီးအရွက်တို့ကို ရေဆေးကာလှီး ၊ အသားတောက်တောက်စင်းထဲ ကော်မုန့်နှင့်ဟင်းခတ်အမွှေးအကြိုင်တို့ထည့် ၊ အိုးထဲရေထည့်ကျိုကာ တစ်ခါသုံး ပလတ်စတစ်လက်အိတ်စွတ်လိုက်လျက် အသားလုံးများလုံးလို့ အိုးထဲထည့်လိုက်ပါပြီး နောက်ဆုံးတွင် ဟင်းနုနွယ်ရွက်အားအိုးထဲသို့ထည့်၏။

အိုးထဲ၌ အသားလုံးများပေါလောပေါ်လာ၏ ၊ ပိုင်ချူနျန်သည် အပြာရောင်လှိုင်းတွန့်နှင့်အစက်များပါသည့်အေပရွန်ကို ၀တ်ဆင်ထားလျက် အိုးဘေးတွင်ရပ်ကာ ဇွန်းဖြင့်ရံဖန်ရံခါ မွှေလို့ပေးသည် ၊ မွှေးရနံ့တို့က ပြတင်းပေါက်အပြင်တိုင် ပျံ့လွင့်လို့သွား၏။

ပန်းကန်စင်ပေါ်တင်ထားသည့် ဖုန်းက အသံမြည်လာကာ စခရင်ထက် 'ဘော့စ်'ဟုပေါ်နေလေသည်။

ပိုင်ချူနျန်သည် လက်ကရေတွေကို အေပရွန်ပေါ်ဖြစ်သလိုသုတ်လိုက်ပါပြီး သီးချင်းညည်းလျက် ကောက်ကိုင်လိုက်ပါ၏။

ယန်ယိ : "အိမ်မှာနေပြီး ကိုယ့်အမှားကိုယ်ပြန်ဆန်းစစ်တာ ဘယ်လိုနေလဲ?"

"မဆိုးပါဘူးမဆိုးပါဘူး။"

ပိုင်ချူနျန် ဟင်းရည်တစ်ဇွန်းကို ငုံ့ကာမြည်းကြည့်ရင်းမှ. .

"အရမ်းကောင်းတယ် ၊ ကျွန်တော် ရှင်းရှီးဖန်း(New West)မှာ သင်တန်းတက်ဖို့စာရင်းပေးလိုက်ပြီး ဘဝရဲ့ အဓိပ္ပါယ်ကိုတောင် ရှာတွေ့ခဲ့တယ်။"

ယန်ယိ : ". . . . . . ရှေ့လက ပိရမစ်တဲအိမ်ကယ်ဆယ်ရေးမှာ မင်းက မဟာမိတ်ရဲဌာနကိုကူညီခဲ့တယ် ၊ ဂုဏ်ယူစရာလို့ယူဆလို့ရတာမို့ မင်းပြန်လာခဲ့လို့ရပြီ။"

ပိုင်ချူနျန် : " ? ကျွန်တော် စာရင်းသွင်းထားတဲ့ အတန်းတောင် ပြီးအောင်မတက်ရသေးဘူး ၊ ဖရုံသီးမှာ ပန်းပုံဖော်တာတွေတောင် တက်နေပြီ ၊ ကျွန်တော် အတန်းထဲမှာ ယုန်တစ်ကောင်က သိမ်းငှက်ကိုနင်းထားတဲ့ပုံ ထွင်းထုထားသေးတယ် ၊ မီတာဝက်လောက်မြင့်ပြီး အရမ်းလှတယ် ၊ နေ့လည်ကြ ဘော့စ်နဲ့ကျင်ရှု(ဦးလေးကျင်)အတွက် အိမ်ကိုပို့ပေးလိုက်မယ်။"

ယန်ယိ နားထင်ကိုဖိပွတ်မိရင်း. .

"မလိုဘူး။ မင်း နေ့ခင်းဘက်ကြ အေးဂျင့်သင်တန်းသစ်စခန်းကိုသွားရမယ် ၊ အဲ့မှာမင်းကိုစောင့်နေတဲ့သူရှိတယ်။"

"အို။"

ဖုန်းပြောလို့အပြီးမှာတော့ လှပတဲ့အားလပ်ရက်သည်လည်း ကုန်ဆုံးတော့မည်ဖြစ်သည်။



လက်ချောင်းတို့တွင် ရေယက်လေးများရှိသည့်လက်တစ်စုံက ခါးတစ်ဝိုက်ညင်သာစွာ ဖက်တွယ်လာ၏။

ပိုင်ချူနျန်၏ ခန္ဓာကိုယ်ကချက်ချင်း တောင့်ခနဲဖြစ်သွားရပြီး အေးစက်စက်ခန္ဓာကိုယ်တစ်ခုက သူ့ကျောပြင်အား ထိကပ်လို့လာလျက်။ တစ်ဆက်တည်းမှာပဲ လည်တိုင်ထက်နှင်းပွင့်လေးတစ်ပွင့် ကျလာသကဲ့သို့ အေးစက်စက်နှုတ်ခမ်းပါးတစ်စုံက ထိကပ်နမ်းရှိုက်ပါသည်။

ရွှေရောင်ဆံနွယ်တစ်စုက ပါးပြင်ပေါ်သို့ကျလာ၏ ၊ ပိုင်ချူနျန်လှည့်ကြည့်လိုက်တော့ စွဲမက်ဖွယ်ကောင်းသော အပြာရောင်မျက်ဝန်းတစ်စုံအား တွေ့လိုက်ရသည်။

လန်ပေါ၏အရပ်သည် သူမတ်တပ်ရပ်နိုင်အောင် ခန္ဓာကိုယ်ကိုထောက်မှီပေးရန် အသုံးပြုသည့်ငါးအရိုးပေါ် မူတည်သည်။ ဥပမာအားဖြင့် ယခုအချိန်တွင် သူသည် ပိုင်ချူနျန်ကဲ့သို့ အရပ်ရှည်နိုင်သည်။

သူသည် လည်စည်းကိုဖြည်လိုက်ပြီး ရဲယူနီဖောင်းကော်လာကိုလှစ်ဟကာ အချစ်pheromoneအနည်းငယ်အား ထုတ်လွှတ်လိုက်ပါ၏။

အနောက်မှနေ Alpha၏ခါးကိုဖက်တွယ်ကာ ပတ်တီးတို့ရစ်ပတ်ထားသည့်လက်က Alpha၏လက်ပြတ်အင်္ကျီအနားအောက်မှ လျှိုဝင်လို့ ထိတွေ့ပွတ်သပ်လာသည် ၊ ပတ်တီး၏ကြမ်းတမ်းသောအစက တောင့်တောင့်တောင့်တင်းတင်းရှိသည့် ဝမ်းဗိုက်ကြွက်သားများကိုပွတ်ဆွဲလို့သွားသည်။

"randi kiblan defuyo nibogi obe."

ရေသူထီးက Alpha၏ နားအနားတိုးတိုးလေးကပ်ပြောလာ၏ ၊ အသံမှာ လူကိုစွဲလမ်းစေကာ ပြင်းပြသောဆန္ဒနှင့် လိင်စိတ်တို့ပြည့်နှက်နေပေသည်။

နှစ်သိမ့်သည့်pheromoneတို့စုပ်ယူရရှိတာ တစ်လကြာသွားခဲ့ခြင်းကြောင့် ရေသူထီးမှာ ပျိုးထောင်စဲကာလအဆုံးသတ်သို့ ဝင်ရောက်လို့လာပြီဖြစ်သည်။ သူသည် စိတ်ခံစားမှုများကိုဖော်ပြရန် ဘာသာစကားကို အပြည့်အဝနားလည်နိုင်သော်လည်း ငယ်စဉ်ကလေးဘဝကတည်းက သူအသုံးပြုခဲ့သော ဘာသာစကားစနစ်သည် လူသားများနှင့်မတူသောကြောင့် သူပြောသောဘာသာစကားတွင် အဓိကချို့ယွင်းချက်များရှိနေဆဲဖြစ်သည်။

မဟာမိတ်ဆေးဘက်ဆိုင်ရာဌာနမှ ပါမောက္ခဟောင်းတစ်ဦးသည် ရေသူမျိုးနွယ်ဘာသာစကားကို သုတေသနပြုထားသော်လည်း မတူညီသောပင်လယ်ဒေသများသို့မဟုတ်ရေသူမျိုးနွယ်များနှင့် မတူညီသောလူအသွင်ငါးများ၏ ဘာသာစကားတို့မှာ မတူကွဲပြားလျက်ရှိပေသည်။ ယခုအချိန်အထိ လူသားများသည် ရေသူမျိုးနွယ်ဘာသာစကားကို လုံးလုံးလျားလျား ပုံဖော်နိုင်ခြင်း မရှိသေးပေ။ အချို့သော ဘုံစကားလုံးများကိုသာ အတည်ပြုနိုင်၏။

ဥပမာအားဖြင့် 'randi'အား ကြောင်ဟု ရည်ညွှန်းသော်လည်း အထူးသဖြင့် ပန်းရောင်ဖဝါး(paw)လေးများရှိသော ကြောင်များကိုရည်ညွှန်းခြင်းဖြစ်ပြီး အခြားသောကြောင်များကိုတော့ ယေဘုယျအားဖြင့် 'rando' ဟုသုံးလေသည်။

'kadin'ဆိုသည်မှာ စောင့်ဆိုင်းခြင်း သို့မဟုတ် နောက်မှ ဟုအဓိပ္ပာယ်ရ၏။

'obe'ကတော့ လိင်ဆက်ဆံခြင်းကို ဆိုလိုပေသည်။

ပိုင်ချူနျန်၏ လည်စလုတ်လေးမှာ အထက်အောက်ရွေ့လျားလို့သွားလျက် ၊ ငုံ့ကာ အသားလုံးစွပ်ပြုတ်ကို အဖြူရောင် ကြွေဟင်းချိုခွက်ထဲသို့ လောင်းထည့်ကာ အဖုံးဖုံးလိုက်၏ ၊ ပြောလာသည့်လေသံမှာတော့ ဩရှရှ။

"ကိုယ့်ကိုမမြှူဆွယ်နဲ့။ မဟာမိတ်ဆေးဘက်ဆိုင်ရာဌာနက ပျိုးထောင်စဲကာလစမ်းသပ်ခံခန္ဓာတွေကို ပြီးပြည့်စုံတဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ တာဝန်ယူနိုင်စွမ်းမရှိခြင်းအဖြစ် အမျိုးအစားခွဲထားတာ ၊ ကိုယ်အခု မင်းနဲ့အိပ်လိုက်ရင် ဂျေးအောင်းရလိမ့်မယ်။"

လန်ပေါက မျက်ခုံးများတွန့်သည်အထိ မျက်မှောင်ကြုတ်ကာ အမြီးသည် အပြာမှနေ အနီရောင်သို့ ဦးတည်ပြောင်းလဲလို့သွားလျက်။

သူသည် Alphaကို အားပြင်းပြင်းဖြင့် ပန်းကန်စင်ဘေးတွန်းလိုက်ပြီး ငါးအမြီးဖြင့် Alpha၏ခါးမှနေပေါင်အထိ ခရုပတ်ပုံသဏ္ဍာန်ရစ်ပတ်ပစ်လိုက်သည်။ တစ်ဖက်လူ၏လည်တိုင်အား လက်နှစ်ဖက်ဖြင့်ဖက်ထားပြီး ခန္ဓာကိုယ်အလေးချိန်တစ်ခုလုံးကိုဖြင့် Alphaကိုယ်ပေါ်မှီထားလျက် နှုတ်ခမ်းပါးဖြင့် ပိုင်ချူနျန်၏လည်တိုင်ကိုထိကပ်ကာ ညင်ညင်သာသာနမ်းရှိုက်လိုက်ပါ၏။ ဤနေရာရှိအရေပြားပေါ်၌ မှေးမှိန်မသွားသေးသော အပြာရောင်ငါးပုံသဏ္ဍာန် အမှတ်အသားနှစ်ခုကျန်ရှိသေးသည် ၊ လန်ပေါကတော့ အရောင်ပိုဖျော့သွားသည်ဟုသာခံစားမိရလျက်။

ရေသူထီး၏ ချွန်ထက်သော သွားများသည် လည်ပင်းရှိ အရေပြားကို ကိုက်လိုက်စဉ်မှာပဲ မွှေးပျံ့သည့် အဖြူရောင်ဆူးနှင်းဆီpheromoneတို့ပျံ့လွင့်လာကာ အရေပြားအောက်ထဲသို့ ထိုးသွင်းလိုက်ပါ၏။ ချစ်ခြင်းမေတ္တာနှင့် ရောစပ်ထားသော စူးရှသောနာကျင်မှုကြောင့် ပိုင်ချူနျန်၏ပုခုံးထက်သွေးကြောစိမ်းများ ထောင်ထလာရသည်။

"နာတယ် ၊ pheromoneသွင်းတာ အရမ်းများသွားပြီ။"

နက်ပြာရောင်ငါးပုံသဏ္ဍာန် အမှတ်အသားသည် သွေးထွက်နေသော သွားရာအောက်မှ ထွက်ပေါ်လာခဲ့၏။ ပိုင်ချူနျန်သည် ခေါင်းငုံ့ကာ ရေသူထီး၏ ခန္ဓာကိုယ်ကို လက်တစ်ဖက်ဖြင့် ထိန်းထားရင်းမှ သူသည် Omega၏မေးစေ့ကို ဘယ်ဘက်လက်ဖြင့် ပင့်မလိုက်ပြီး မျက်ခုံးတို့တွန့်ကွေးကာ ထိုသူ့ကိုစိုက်ကြည့်လိုက်ပါသည်။

"ကိစ္စမရှိဘူး ၊ မင်းကိုယ့်ကိုအနိုင်သာကျင့် ရတယ် ၊ မင်းအရွယ်ရောက်ကာလရောက်မှ မင်းကိုအသေမလုပ်ဖို့ ကိုယ့်ကိုငိုယိုပြီးတောင်းဆိုလာမယ့်အချိန်ကိုစောင့်နေမယ်။"

လန်ပေါ၏လက်ဖဝါးသည် Alpha၏ဝမ်းဗိုက်အောက်နားသို့ ရွေ့လျားသွားပြီး တစ်ချိန်တည်းမှာပဲ မိမိ၏ဝမ်းဗိုက်အောက်ပိုင်းရှိ ဆူးတောင်တို့ကပါဖောင်းကြွထောင်လာလျက်။

(T/N : ရေသူထီးတွေရဲ့ private partနေရာကိုဆူးတောင်လေးတွေနဲ့ဖုံးထားတာမို့ ဟိုအရာထောင်မတ်လာလို့ရှိရင် ဆူးတောင်လေးတွေဖောင်းကြွလာတတ်ပါတယ်။)

"boliea mitub jideio meqiu."

သူသည် Alpha၏နားအနား တိုးတိုးလေးကပ်ပြောလိုက်ပါသည်။

'meqiu'ဆိုသည်မှာ ဥဥခြင်းဖြစ်ပြီး 'jideio'ကတော့ ပျိုးအိတ်ကိုဆိုလိုခြင်းပင်။

(T/N : ပျိုးအိတ် - ရေနဂါးတွေမှာပါတာနဲ့တူပါတယ် ၊ ရေနဂါးတွေမှာဆို အမတွေ ဥဥချိန်မှာ ရေနဂါးအထီးတွေကသူတို့ ဗိုက်မှာရှိတဲ့ အရေပြားအိတ်အတွင်းထဲ ဥတွေခံယူသိမ်းဆည်းပေးပြီး အကောင်ပေါက်တဲ့အထိ ထိန်းသိမ်းစောင့်ရှောက်ထားပေးတတ်ကြပါတယ်။ နောက်တစ်မျိုးမြင်သာအောင်ပြောရရင်တော့ သားပိုက်ကောင်မှာပါတဲ့ ကလေးလေးထည့်ထားတဲ့အိတ်မျိုးပါ။)

ရေသူထီး/မများ၏ အရေအတွက်မှာရှားပါးလွန်းခြင်းကြောင့် သဘာဝဟန်ချက်ညီစေရန် အသင့်လျော်ဆုံး လူဦးရေတိုးနှုန်းကိုရရှိစေရန်
၎င်းတို့အား နည်းအမျိုးမျိုးဖြင့် မျိုးပွါးနိုင်စေလေသည်။ မျိုးပွားခြင်းနည်းလမ်းများထဲမှတစ်ခုမှာ ပတ်ဝန်းကျင်ညစ်ညမ်းဆိုးဝါးမှုအောက်တွင် ရေသူထီး/မOmegaများသည် ၎င်းတို့၏ဥများကို အစုခွဲကာ မတူညီသော ရေသူထီး/မAlphaများ၏ ကိုယ်ထဲဝေမျှပေးလိုက်ကြ၏။ အမျိုးအနွယ်ကို ကာကွယ်ရန် ပိုအစွမ်းထက်ပြီး ပိုမိုအားကောင်းပြင်းထန်သော Alphaများအား ကိုယ်စားအကောင်ပေါက်သည်အထိစောင့်ရှောက်ခိုင်းထားတတ်ပေသည်။

သို့သော်လည်း လူသားAlphaများတွင်တော့ ပျိုးအိတ်၏လုပ်ဆောင်ချက်မပါရှိ ၊ ထို့ကြောင့်လန်ပေါ၏အဓိပ္ပာယ်မှာ သူသည် ပိုင်ချူနျန်နှင့် obeသည့်အခါ အပေါ်ကနေဦးဆောင်မည်ဖြစ်ကြောင်းဆိုလိုခြင်းပေ။

"ဖာ့ခ် ၊ မင်းစိတ်ကူးတွေကတော့ တယ်ကောင်းပဲနော်။ အင်းပါအင်းပါ ၊ လာပါဦး လောင်ကုန်းရေ ကိုယ့်ကိုဖက်ပါဦး။"

ပိုင်ချူနျန်သည် လန်ပေါ၏သေးသွယ်သွယ်ခါးလေးကို လက်နှစ်ဖက်ဖြင့်ဖက်ကာ ခန္ဓာကိုယ်အားထိုသူနှင့်ပူးကပ်ပစ်လိုက်ပြီး ပါးပြင်အား လန်ပေါ၏လည်တိုင်ကြား အပ်ထားလိုက်ပါသည်။

မကြာမီမှာပဲ ပိုင်ချူနျန်၏ ခန္ဓာကိုယ်အပူချိန်သည် အစိုဓာတ်ထိန်းပတ်တီးမှတဆင့် လန်ပေါ၏အရေပြားဆီသို့ ကူးစက်သွားတော့၏။ လန်ပေါမှာ ပူလာသည်ကိုစတင်ခံစားလာရကာ အပူသက်သာစေရန် ခန္ဓာကိုယ်ကိုတွန်းထိုးလှုပ်ရှားလိုက်ပါသည်။

ပိုင်ချူနျန်ကတော့ လက်မလွှတ်ပေးသည့်အပြင် ပိုလို့ပင်တိုးဖက်ပစ်လိုက်ပါ၏။

"ဘာလုပ်တာတုန်း ၊ မပြေးနဲ့လေ။"

အပူချိန်က ပိုမြင့်လာသည်နှင့်အမျှ လန်ပေါသည် Alpha၏ ခန္ဓာကိုယ်အပူချိန်ကြောင့် အလွန်စိတ်မသက်မသာဖြစ်ပြီး ပိုင်ချူနျန်၏ရင်ခွင်ထဲမှ ရုန်းကန်လာပါတော့သည်။

"ပူတယ်။"

"ဒါလေးတောင် မခံနိုင်ဘူးပေါ့ ၊ ကိုယ့်အထဲမှာဆို ဒီထက်တောင်ပိုပူဦးမှာနော် မင်းစမ်းကြည့်ကြည့်ဦးမလား။"

"ရတယ်။"

"ခေါင်းကတော့မာတုန်းပဲ။"

ပိုင်ချူနျန်သည် လက်ဖဝါးကိုဖြန့်ကာ လန်ပေါတင်ပါးထက်တင်လိုက်ပါ၏ ၊ လန်ပေါမှာ အလွန်ပူပြင်းလာသောကြောင့် ခန္ဓာကိုယ်လေးပင်တုန်ယင်လာရကာ သည်းမခံနိုင်တော့ဘဲ Alpha၏ပုခုံးကိုတွန်းလို့ဖယ်သည်။

"ငါ့ကိုလွှတ်. . . အရမ်းပူတယ်. . ."

ပိုင်ချူနျန်က ပုန်ကန်ချင်နေသည့် Omegaကို သင်ခန်းစာပေးချင်တာမို့ လက်ကိုမလွှတ် ၊ ထင်မှတ်မထားစွာဘဲ လန်ပေါ၏မျက်ဝန်းတို့ထက် ရေကြည်အလွှာတစ်ခုပေါ်လာပြီး ပြာလဲ့လဲ့နီလာရောင်မျက်ဆန်ထက်ဖုံးလွှမ်းကာ ကျဆင်းလာပါ၏။

"အယ်။"

ပိုင်ချူနျန်လည်း Omegaအားတင်းတင်းကြပ်ကြပ်ဖက်ပွေ့ထားသည့်လက်ကို လွှတ်လိုက်တော့ပြီး ထိုသူ့မျက်ဝန်းထက်ငုံ့ကာ နမ်းရှိုက်လိုက်ပါသည်။

"ငိုသွားတာပေါ့။"

"ဟုတ်ပါပြီဟုတ်ပါပြီ မငိုနဲ့တော့နော်။"

ပိုင်ချူနျန်သည် လန်ပေါကို ပွေ့ချီကာ အိပ်ခန်းထဲသို့ အမြန်ဝင်လိုက်ပြီး ခန္ဓာကိုယ်အပူချိန်ကြောင့် ဆူပွက်လုနီးပါးရှိသော ငါးအား ငါးကန်ထဲသို့ ထည့်ပေးလိုက်တော့သည်။

လန်ပေါက ရေအောက်သို့ငုပ်ဆင်းသွား၏ ၊ အမြီး၏ကူးခတ်လှုပ်ရှားမှုကြောင့် အပြာရောင်ရေခူလေးများ အတန်းလိုက်ပေါ်ထွက်လို့လာလျက် တစ်အောင့်ကြာပါမှ ရေပေါ်ပြန်လို့ပေါ်လာလေသည်။ ငါးကန်အစွန်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားရင်း ပိုင်ချူနျန်ကိုမော့ကြည့်ကာ မျက်ဝန်းတွင်းမှနေ အပြာရောင်လင်းလဲ့သလိုမျိုးရှိသည့်အနက်ရောင်ပုလဲလုံးတို့ တစ်ပေါက်ပေါက်ကျဆင်းလာပါ၏။

ပိုင်ချူနျန်လည်း ငါးကန်ဘေးတွင်ထိုင်ကာ လန်ပေါ၏ဆံပင်လေးများကို ပွတ်သပ်ပေးရင်း ချော့မော့နှစ်သိမ့်ရတော့သည်။

"ကိုယ်ကစလိုက်တာပါ ၊ မငိုနဲ့တော့နော်။"

"အိုင်းယား အကုန်စုလိုက်ရင်ဆွဲကြိုးတစ်ကုံးတောင်ရပြီ ၊ ကိုယ်တော့ မိန်းမကိုအနိုင်ကျင့်ပြီးမှ ကြီးပွါးချမ်းသာသွားတာမျိုးလုပ်လို့တော့ မဖြစ်ဘူးလေ။"

"လိမ္မာတယ် ၊ မင်းကိုကြည့်ကောင်းတာလေးပြမယ် လာခဲ့။"

လန်ပေါက သူ့ထံမထီမဲ့မြင်ပြုလေဟန် ပူဖောင်းများစွာကိုမှုတ်ထုတ်လိုက်ပြီး ပိုင်ချူနျန်၏ အဝေးတစ်နေရာသို့ ကူးခတ်ကာ ဘောလုံးတစ်လုံးလိုလုံးသွားပြီး မလှုပ်တော့။

ပိုင်ချူနျန်သည် ငါးကန်၏ အပြင်ဘက်နံရံပေါ်လက်ဖဝါးကိုတင်ကာ ဖန်သားပြင်ထက်ညင်သာစွာခေါက်လိုက်ပါ၏။

"ဒါကိုကြည့်ပါဦး။"

လန်ပေါက သူ့အားတစ်ဝက်လောက်သာ စောင်းငဲ့ကြည့်လာပြီး ရုတ်ခြည်းဆိုသလိုမျက်လုံးများ တောက်ပလာကာ ရေအောက်သို့ကူးခတ်သွားပြီး ငါးကန်၏အပြင်ဘက်နံရံနှင့် ဖိကပ်ထားသော ပိုင်ချူနျန်၏ လက်ဖဝါးကိုသေချာကြည်ရှုလာပါသည်။

"Randi."

လန်ပေါသည် ပျော်ရွှင်စွာဖြင့်လက်ချောင်းတို့ကိုဆန့်လိုက်ပြီး ဖန်သားပြင်ကြားခံလျက်မှ Alpha၏လက်ဖဝါးကိုထိတွေ့လိုက်၏ ၊ ထို့နောက်အမြီးအားရေပေါ်သို့ထုတ်လိုက်ပြီး ပိုင်ချူနျန်ထံအသည်းပုံလေးလုပ်ပြလာပါလေသည်။



(T/N : လန်ပေါစီကနေပြီး ရေသူမျိုးနွယ်ဘာသာစကား စသင်လို့ရပါပြီ Randi obe ဆိုတဲ့နှစ်လုံးကတော့ ဖတ်တဲ့သူတိုင်းတတ်ကြပါတယ်xD 🤭)

Randi - ရန်ဒီ
Obe - အိုဘယ် လို့အသံထွက်ပါတယ်










ZAWGYI

၄၇

နာမက်န္းေဆး႐ုံ : လူျပက္တစ္ေယာက္သာ



မြန္းတည့္ခ်ိန္နီးလာသည္ႏွင့္အမၽွ တိုက္ခန္းတိုင္း၏ မီးဖိုေခ်ာင္တြင္းမွ ထမင္းဟင္းရနံ႔တို႔သင္းပ်ံ႕လို႔ေနသည္။ ပိုင္ခ်ဴန်န္တစ္ေယာက္ ေလခၽြန္လ်က္ အနက္ေရာင္လက္ျပတ္အကၤ်ီေဘာင္းဘီတိုျဖင့္ ညႇပ္ဖိနပ္စီးကာ ဓာတ္ေလွကားတြင္းဝင္ေရာက္လိုက္ပါသည္။ ဘယ္လက္ကအသီးအရြက္ ညာလက္မွာေတာ့အသားတို႔သယ္လာ၏ ၊ ဘယ္လက္၌လက္ႏွစ္ေခ်ာင္းျဖင့္ ၾကက္သြန္ၿမိတ္ကိုခြဲကိုင္ကာ ညာလက္တြင္ ဖုန္းႏွင့္ေသာ့ကိုပါညႇပ္ကိုင္ထားလ်က္။ သီခ်င္းေလးညည္းလို႔ တံခါးကိုကန္ဖြင့္ရင္း တဖန္ေျခေထာက္ႏွင့္ပဲ တံခါးကိုျပန္ကန္ပိတ္လိုက္လ်က္ မီးဖိုေခ်ာင္ထဲသို႔ ေအးေအးေဆးေဆး ေလၽွာက္ဝင္သြားလိုက္သည္။ အသီးအရြက္တို႔ကို ေရေဆးကာလွီး ၊ အသားေတာက္ေတာက္စင္းထဲ ေကာ္မုန့္ႏွင့္ဟင္းခတ္အေမႊးအႀကိဳင္တို႔ထည့္ ၊ အိုးထဲေရထည့္က်ိဳကာ တစ္ခါသုံး ပလတ္စတစ္လက္အိတ္စြတ္လိုက္လ်က္ အသားလုံးမ်ားလုံးလို႔ အိုးထဲထည့္လိုက္ပါၿပီး ေနာက္ဆုံးတြင္ ဟင္းႏုႏြယ္ရြက္အားအိုးထဲသို႔ထည့္၏။

အိုးထဲ၌ အသားလုံးမ်ားေပါေလာေပၚလာ၏ ၊ ပိုင္ခ်ဴန်န္သည္ အျပာေရာင္လွိုင္းတြန့္ႏွင့္အစက္မ်ားပါသည့္ေအပရြန္ကို ၀တ္ဆင္ထားလ်က္ အိုးေဘးတြင္ရပ္ကာ ဇြန္းျဖင့္ရံဖန္ရံခါ ေမႊလို႔ေပးသည္ ၊ ေမႊးရနံ႔တို႔က ျပတင္းေပါက္အျပင္တိုင္ ပ်ံ႕လြင့္လို႔သြား၏။

ပန္းကန္စင္ေပၚတင္ထားသည့္ ဖုန္းက အသံျမည္လာကာ စခရင္ထက္ 'ေဘာ့စ္'ဟုေပၚေနေလသည္။

ပိုင္ခ်ဴန်န္သည္ လက္ကေရေတြကို ေအပရြန္ေပၚျဖစ္သလိုသုတ္လိုက္ပါၿပီး သီးခ်င္းညည္းလ်က္ ေကာက္ကိုင္လိုက္ပါ၏။

ယန္ယိ : "အိမ္မွာေနၿပီး ကိုယ့္အမွားကိုယ္ျပန္ဆန္းစစ္တာ ဘယ္လိုေနလဲ?"

"မဆိုးပါဘူးမဆိုးပါဘူး။"

ပိုင္ခ်ဴန်န္ ဟင္းရည္တစ္ဇြန္းကို ငုံ႔ကာျမည္းၾကည့္ရင္းမွ. .

"အရမ္းေကာင္းတယ္ ၊ ကၽြန္ေတာ္ ရွင္းရွီးဖန္း(New West)မွာ သင္တန္းတက္ဖို႔စာရင္းေပးလိုက္ၿပီး ဘဝရဲ့ အဓိပၸါယ္ကိုေတာင္ ရွာေတြ႕ခဲ့တယ္။"

ယန္ယိ : ". . . . . . ေရွ႕လက ပိရမစ္တဲအိမ္ကယ္ဆယ္ေရးမွာ မင္းက မဟာမိတ္ရဲဌာနကိုကူညီခဲ့တယ္ ၊ ဂုဏ္ယူစရာလို႔ယူဆလို႔ရတာမို႔ မင္းျပန္လာခဲ့လို႔ရၿပီ။"

ပိုင္ခ်ဴန်န္ : " ? ကၽြန္ေတာ္ စာရင္းသြင္းထားတဲ့ အတန္းေတာင္ ၿပီးေအာင္မတက္ရေသးဘူး ၊ ဖ႐ုံသီးမွာ ပန္းပုံေဖာ္တာေတြေတာင္ တက္ေနၿပီ ၊ ကၽြန္ေတာ္ အတန္းထဲမွာ ယုန္တစ္ေကာင္က သိမ္းငွက္ကိုနင္းထားတဲ့ပုံ ထြင္းထုထားေသးတယ္ ၊ မီတာဝက္ေလာက္ျမင့္ၿပီး အရမ္းလွတယ္ ၊ ေန႔လည္ၾက ေဘာ့စ္နဲ႔က်င္ရွု(ဦးေလးက်င္)အတြက္ အိမ္ကိုပို႔ေပးလိုက္မယ္။"

ယန္ယိ နားထင္ကိုဖိပြတ္မိရင္း. .

"မလိုဘူး။ မင္း ေန႔ခင္းဘက္ၾက ေအးဂ်င့္သင္တန္းသစ္စခန္းကိုသြားရမယ္ ၊ အဲ့မွာမင္းကိုေစာင့္ေနတဲ့သူရွိတယ္။"

"အို။"

ဖုန္းေျပာလို႔အၿပီးမွာေတာ့ လွပတဲ့အားလပ္ရက္သည္လည္း ကုန္ဆုံးေတာ့မည္ျဖစ္သည္။



လက္ေခ်ာင္းတို႔တြင္ ေရယက္ေလးမ်ားရွိသည့္လက္တစ္စုံက ခါးတစ္ဝိုက္ညင္သာစြာ ဖက္တြယ္လာ၏။

ပိုင္ခ်ဴန်န္၏ ခႏၶာကိုယ္ကခ်က္ခ်င္း ေတာင့္ခနဲျဖစ္သြားရၿပီး ေအးစက္စက္ခႏၶာကိုယ္တစ္ခုက သူ႔ေက်ာျပင္အား ထိကပ္လို႔လာလ်က္။ တစ္ဆက္တည္းမွာပဲ လည္တိုင္ထက္ႏွင္းပြင့္ေလးတစ္ပြင့္ က်လာသကဲ့သို႔ ေအးစက္စက္ႏွုတ္ခမ္းပါးတစ္စုံက ထိကပ္နမ္းရွိုက္ပါသည္။

ေရႊေရာင္ဆံႏြယ္တစ္စုက ပါးျပင္ေပၚသို႔က်လာ၏ ၊ ပိုင္ခ်ဴန်န္လွည့္ၾကည့္လိုက္ေတာ့ စြဲမက္ဖြယ္ေကာင္းေသာ အျပာေရာင္မ်က္ဝန္းတစ္စုံအား ေတြ႕လိုက္ရသည္။

လန္ေပါ၏အရပ္သည္ သူမတ္တပ္ရပ္နိုင္ေအာင္ ခႏၶာကိုယ္ကိုေထာက္မွီေပးရန္ အသုံးျပဳသည့္ငါးအရိုးေပၚ မူတည္သည္။ ဥပမာအားျဖင့္ ယခုအခ်ိန္တြင္ သူသည္ ပိုင္ခ်ဴန်န္ကဲ့သို႔ အရပ္ရွည္နိုင္သည္။

သူသည္ လည္စည္းကိုျဖည္လိုက္ၿပီး ရဲယူနီေဖာင္းေကာ္လာကိုလွစ္ဟကာ အခ်စ္pheromoneအနည္းငယ္အား ထုတ္လႊတ္လိုက္ပါ၏။

အေနာက္မွေန Alpha၏ခါးကိုဖက္တြယ္ကာ ပတ္တီးတို႔ရစ္ပတ္ထားသည့္လက္က Alpha၏လက္ျပတ္အကၤ်ီအနားေအာက္မွ လၽွိုဝင္လို႔ ထိေတြ႕ပြတ္သပ္လာသည္ ၊ ပတ္တီး၏ၾကမ္းတမ္းေသာအစက ေတာင့္ေတာင့္ေတာင့္တင္းတင္းရွိသည့္ ဝမ္းဗိုက္ႂကြက္သားမ်ားကိုပြတ္ဆြဲလို႔သြားသည္။

"randi kiblan defuyo nibogi obe."

ေရသူထီးက Alpha၏ နားအနားတိုးတိုးေလးကပ္ေျပာလာ၏ ၊ အသံမွာ လူကိုစြဲလမ္းေစကာ ျပင္းျပေသာဆႏၵႏွင့္ လိင္စိတ္တို႔ျပည့္ႏွက္ေနေပသည္။

ႏွစ္သိမ့္သည့္pheromoneတို႔စုပ္ယူရရွိတာ တစ္လၾကာသြားခဲ့ျခင္းေၾကာင့္ ေရသူထီးမွာ ပ်ိဳးေထာင္စဲကာလအဆုံးသတ္သို႔ ဝင္ေရာက္လို႔လာၿပီျဖစ္သည္။ သူသည္ စိတ္ခံစားမွုမ်ားကိုေဖာ္ျပရန္ ဘာသာစကားကို အျပည့္အဝနားလည္နိုင္ေသာ္လည္း ငယ္စဥ္ကေလးဘဝကတည္းက သူအသုံးျပဳခဲ့ေသာ ဘာသာစကားစနစ္သည္ လူသားမ်ားႏွင့္မတူေသာေၾကာင့္ သူေျပာေသာဘာသာစကားတြင္ အဓိကခ်ိဳ႕ယြင္းခ်က္မ်ားရွိေနဆဲျဖစ္သည္။

မဟာမိတ္ေဆးဘက္ဆိုင္ရာဌာနမွ ပါေမာကၡေဟာင္းတစ္ဦးသည္ ေရသူမ်ိဳးႏြယ္ဘာသာစကားကို သုေတသနျပဳထားေသာ္လည္း မတူညီေသာပင္လယ္ေဒသမ်ားသို႔မဟုတ္ေရသူမ်ိဳးႏြယ္မ်ားႏွင့္ မတူညီေသာလူအသြင္ငါးမ်ား၏ ဘာသာစကားတို႔မွာ မတူကြဲျပားလ်က္ရွိေပသည္။ ယခုအခ်ိန္အထိ လူသားမ်ားသည္ ေရသူမ်ိဳးႏြယ္ဘာသာစကားကို လုံးလုံးလ်ားလ်ား ပုံေဖာ္နိုင္ျခင္း မရွိေသးေပ။ အခ်ိဳ႕ေသာ ဘုံစကားလုံးမ်ားကိုသာ အတည္ျပဳနိုင္၏။

ဥပမာအားျဖင့္ 'randi'အား ေၾကာင္ဟု ရည္ညႊန္းေသာ္လည္း အထူးသျဖင့္ ပန္းေရာင္ဖဝါး(paw)ေလးမ်ားရွိေသာ ေၾကာင္မ်ားကိုရည္ညႊန္းျခင္းျဖစ္ၿပီး အျခားေသာေၾကာင္မ်ားကိုေတာ့ ေယဘုယ်အားျဖင့္ 'rando' ဟုသုံးေလသည္။

'kadin'ဆိုသည္မွာ ေစာင့္ဆိုင္းျခင္း သို႔မဟုတ္ ေနာက္မွ ဟုအဓိပၸာယ္ရ၏။

'obe'ကေတာ့ လိင္ဆက္ဆံျခင္းကို ဆိုလိုေပသည္။

ပိုင္ခ်ဴန်န္၏ လည္စလုတ္ေလးမွာ အထက္ေအာက္ေရြ႕လ်ားလို႔သြားလ်က္ ၊ ငုံ႔ကာ အသားလုံးစြပ္ျပဳတ္ကို အျဖဴေရာင္ ေႂကြဟင္းခ်ိဳခြက္ထဲသို႔ ေလာင္းထည့္ကာ အဖုံးဖုံးလိုက္၏ ၊ ေျပာလာသည့္ေလသံမွာေတာ့ ဩရွရွ။

"ကိုယ့္ကိုမျမႇဴဆြယ္နဲ႔။ မဟာမိတ္ေဆးဘက္ဆိုင္ရာဌာနက ပ်ိဳးေထာင္စဲကာလစမ္းသပ္ခံခႏၶာေတြကို ၿပီးျပည့္စုံတဲ့ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္နဲ႔ တာဝန္ယူနိုင္စြမ္းမရွိျခင္းအျဖစ္ အမ်ိဳးအစားခြဲထားတာ ၊ ကိုယ္အခု မင္းနဲ႔အိပ္လိုက္ရင္ ေဂ်းေအာင္းရလိမ့္မယ္။"

လန္ေပါက မ်က္ခုံးမ်ားတြန့္သည္အထိ မ်က္ေမွာင္ၾကဳတ္ကာ အၿမီးသည္ အျပာမွေန အနီေရာင္သို႔ ဦးတည္ေျပာင္းလဲလို႔သြားလ်က္။

သူသည္ Alphaကို အားျပင္းျပင္းျဖင့္ ပန္းကန္စင္ေဘးတြန္းလိုက္ၿပီး ငါးအၿမီးျဖင့္ Alpha၏ခါးမွေနေပါင္အထိ ခ႐ုပတ္ပုံသ႑ာန္ရစ္ပတ္ပစ္လိုက္သည္။ တစ္ဖက္လူ၏လည္တိုင္အား လက္ႏွစ္ဖက္ျဖင့္ဖက္ထားၿပီး ခႏၶာကိုယ္အေလးခ်ိန္တစ္ခုလုံးကိုျဖင့္ Alphaကိုယ္ေပၚမွီထားလ်က္ ႏွုတ္ခမ္းပါးျဖင့္ ပိုင္ခ်ဴန်န္၏လည္တိုင္ကိုထိကပ္ကာ ညင္ညင္သာသာနမ္းရွိုက္လိုက္ပါ၏။ ဤေနရာရွိအေရျပားေပၚ၌ ေမွးမွိန္မသြားေသးေသာ အျပာေရာင္ငါးပုံသ႑ာန္ အမွတ္အသားႏွစ္ခုက်န္ရွိေသးသည္ ၊ လန္ေပါကေတာ့ အေရာင္ပိုေဖ်ာ့သြားသည္ဟုသာခံစားမိရလ်က္။

ေရသူထီး၏ ခၽြန္ထက္ေသာ သြားမ်ားသည္ လည္ပင္းရွိ အေရျပားကို ကိုက္လိုက္စဥ္မွာပဲ ေမႊးပ်ံ႕သည့္ အျဖဴေရာင္ဆူးႏွင္းဆီpheromoneတို႔ပ်ံ႕လြင့္လာကာ အေရျပားေအာက္ထဲသို႔ ထိုးသြင္းလိုက္ပါ၏။ ခ်စ္ျခင္းေမတၱာႏွင့္ ေရာစပ္ထားေသာ စူးရွေသာနာက်င္မွုေၾကာင့္ ပိုင္ခ်ဴန်န္၏ပုခုံးထက္ေသြးေၾကာစိမ္းမ်ား ေထာင္ထလာရသည္။

"နာတယ္ ၊ pheromoneသြင္းတာ အရမ္းမ်ားသြားၿပီ။"

နက္ျပာေရာင္ငါးပုံသ႑ာန္ အမွတ္အသားသည္ ေသြးထြက္ေနေသာ သြားရာေအာက္မွ ထြက္ေပၚလာခဲ့၏။ ပိုင္ခ်ဴန်န္သည္ ေခါင္းငုံ႔ကာ ေရသူထီး၏ ခႏၶာကိုယ္ကို လက္တစ္ဖက္ျဖင့္ ထိန္းထားရင္းမွ သူသည္ Omega၏ေမးေစ့ကို ဘယ္ဘက္လက္ျဖင့္ ပင့္မလိုက္ၿပီး မ်က္ခုံးတို႔တြန့္ေကြးကာ ထိုသူ႔ကိုစိုက္ၾကည့္လိုက္ပါသည္။

"ကိစၥမရွိဘူး ၊ မင္းကိုယ့္ကိုအနိုင္သာက်င့္ ရတယ္ ၊ မင္းအရြယ္ေရာက္ကာလေရာက္မွ မင္းကိုအေသမလုပ္ဖို႔ ကိုယ့္ကိုငိုယိုၿပီးေတာင္းဆိုလာမယ့္အခ်ိန္ကိုေစာင့္ေနမယ္။"

လန္ေပါ၏လက္ဖဝါးသည္ Alpha၏ဝမ္းဗိုက္ေအာက္နားသို႔ ေရြ႕လ်ားသြားၿပီး တစ္ခ်ိန္တည္းမွာပဲ မိမိ၏ဝမ္းဗိုက္ေအာက္ပိုင္းရွိ ဆူးေတာင္တို႔ကပါေဖာင္းႂကြေထာင္လာလ်က္။

(T/N : ေရသူထီးေတြရဲ့ private partေနရာကိုဆူးေတာင္ေလးေတြနဲ႔ဖုံးထားတာမို႔ ဟိုအရာေထာင္မတ္လာလို႔ရွိရင္ ဆူးေတာင္ေလးေတြေဖာင္းႂကြလာတတ္ပါတယ္။)

"boliea mitub jideio meqiu."

သူသည္ Alpha၏နားအနား တိုးတိုးေလးကပ္ေျပာလိုက္ပါသည္။

'meqiu'ဆိုသည္မွာ ဥဥျခင္းျဖစ္ၿပီး 'jideio'ကေတာ့ ပ်ိဳးအိတ္ကိုဆိုလိုျခင္းပင္။

(T/N : ပ်ိဳးအိတ္ - ေရနဂါးေတြမွာပါတာနဲ႔တူပါတယ္ ၊ ေရနဂါးေတြမွာဆို အမေတြ ဥဥခ်ိန္မွာ ေရနဂါးအထီးေတြကသူတို႔ ဗိုက္မွာရွိတဲ့ အေရျပားအိတ္အတြင္းထဲ ဥေတြခံယူသိမ္းဆည္းေပးၿပီး အေကာင္ေပါက္တဲ့အထိ ထိန္းသိမ္းေစာင့္ေရွာက္ထားေပးတတ္ၾကပါတယ္။ ေနာက္တစ္မ်ိဳးျမင္သာေအာင္ေျပာရရင္ေတာ့ သားပိုက္ေကာင္မွာပါတဲ့ ကေလးေလးထည့္ထားတဲ့အိတ္မ်ိဳးပါ။)

ေရသူထီး/မမ်ား၏ အေရအတြက္မွာရွားပါးလြန္းျခင္းေၾကာင့္ သဘာဝဟန္ခ်က္ညီေစရန္ အသင့္ေလ်ာ္ဆုံး လူဦးေရတိုးႏွုန္းကိုရရွိေစရန္
၎တို႔အား နည္းအမ်ိဳးမ်ိဳးျဖင့္ မ်ိဳးပြါးနိုင္ေစေလသည္။ မ်ိဳးပြားျခင္းနည္းလမ္းမ်ားထဲမွတစ္ခုမွာ ပတ္ဝန္းက်င္ညစ္ညမ္းဆိုးဝါးမွုေအာက္တြင္ ေရသူထီး/မOmegaမ်ားသည္ ၎တို႔၏ဥမ်ားကို အစုခြဲကာ မတူညီေသာ ေရသူထီး/မAlphaမ်ား၏ ကိုယ္ထဲေဝမၽွေပးလိုက္ၾက၏။ အမ်ိဳးအႏြယ္ကို ကာကြယ္ရန္ ပိုအစြမ္းထက္ၿပီး ပိုမိုအားေကာင္းျပင္းထန္ေသာ Alphaမ်ားအား ကိုယ္စားအေကာင္ေပါက္သည္အထိေစာင့္ေရွာက္ခိုင္းထားတတ္ေပသည္။

သို႔ေသာ္လည္း လူသားAlphaမ်ားတြင္ေတာ့ ပ်ိဳးအိတ္၏လုပ္ေဆာင္ခ်က္မပါရွိ ၊ ထို႔ေၾကာင့္လန္ေပါ၏အဓိပၸာယ္မွာ သူသည္ ပိုင္ခ်ဴန်န္ႏွင့္ obeသည့္အခါ အေပၚကေနဦးေဆာင္မည္ျဖစ္ေၾကာင္းဆိုလိုျခင္းေပ။

"ဖာ့ခ္ ၊ မင္းစိတ္ကူးေတြကေတာ့ တယ္ေကာင္းပဲေနာ္။ အင္းပါအင္းပါ ၊ လာပါဦး ေလာင္ကုန္းေရ ကိုယ့္ကိုဖက္ပါဦး။"

ပိုင္ခ်ဴန်န္သည္ လန္ေပါ၏ေသးသြယ္သြယ္ခါးေလးကို လက္ႏွစ္ဖက္ျဖင့္ဖက္ကာ ခႏၶာကိုယ္အားထိုသူႏွင့္ပူးကပ္ပစ္လိုက္ၿပီး ပါးျပင္အား လန္ေပါ၏လည္တိုင္ၾကား အပ္ထားလိုက္ပါသည္။

မၾကာမီမွာပဲ ပိုင္ခ်ဴန်န္၏ ခႏၶာကိုယ္အပူခ်ိန္သည္ အစိုဓာတ္ထိန္းပတ္တီးမွတဆင့္ လန္ေပါ၏အေရျပားဆီသို႔ ကူးစက္သြားေတာ့၏။ လန္ေပါမွာ ပူလာသည္ကိုစတင္ခံစားလာရကာ အပူသက္သာေစရန္ ခႏၶာကိုယ္ကိုတြန္းထိုးလွုပ္ရွားလိုက္ပါသည္။

ပိုင္ခ်ဴန်န္ကေတာ့ လက္မလႊတ္ေပးသည့္အျပင္ ပိုလို႔ပင္တိုးဖက္ပစ္လိုက္ပါ၏။

"ဘာလုပ္တာတုန္း ၊ မေျပးနဲ႔ေလ။"

အပူခ်ိန္က ပိုျမင့္လာသည္ႏွင့္အမၽွ လန္ေပါသည္ Alpha၏ ခႏၶာကိုယ္အပူခ်ိန္ေၾကာင့္ အလြန္စိတ္မသက္မသာျဖစ္ၿပီး ပိုင္ခ်ဴန်န္၏ရင္ခြင္ထဲမွ ႐ုန္းကန္လာပါေတာ့သည္။

"ပူတယ္။"

"ဒါေလးေတာင္ မခံနိုင္ဘူးေပါ့ ၊ ကိုယ့္အထဲမွာဆို ဒီထက္ေတာင္ပိုပူဦးမွာေနာ္ မင္းစမ္းၾကည့္ၾကည့္ဦးမလား။"

"ရတယ္။"

"ေခါင္းကေတာ့မာတုန္းပဲ။"

ပိုင္ခ်ဴန်န္သည္ လက္ဖဝါးကိုျဖန့္ကာ လန္ေပါတင္ပါးထက္တင္လိုက္ပါ၏ ၊ လန္ေပါမွာ အလြန္ပူျပင္းလာေသာေၾကာင့္ ခႏၶာကိုယ္ေလးပင္တုန္ယင္လာရကာ သည္းမခံနိုင္ေတာ့ဘဲ Alpha၏ပုခုံးကိုတြန္းလို႔ဖယ္သည္။

"ငါ့ကိုလႊတ္. . . အရမ္းပူတယ္. . ."

ပိုင္ခ်ဴန်န္က ပုန္ကန္ခ်င္ေနသည့္ Omegaကို သင္ခန္းစာေပးခ်င္တာမို႔ လက္ကိုမလႊတ္ ၊ ထင္မွတ္မထားစြာဘဲ လန္ေပါ၏မ်က္ဝန္းတို႔ထက္ ေရၾကည္အလႊာတစ္ခုေပၚလာၿပီး ျပာလဲ့လဲ့နီလာေရာင္မ်က္ဆန္ထက္ဖုံးလႊမ္းကာ က်ဆင္းလာပါ၏။

"အယ္။"

ပိုင္ခ်ဴန်န္လည္း Omegaအားတင္းတင္းၾကပ္ၾကပ္ဖက္ေပြ႕ထားသည့္လက္ကို လႊတ္လိုက္ေတာ့ၿပီး ထိုသူ႔မ်က္ဝန္းထက္ငုံ႔ကာ နမ္းရွိုက္လိုက္ပါသည္။

"ငိုသြားတာေပါ့။"

"ဟုတ္ပါၿပီဟုတ္ပါၿပီ မငိုနဲ႔ေတာ့ေနာ္။"

ပိုင္ခ်ဴန်န္သည္ လန္ေပါကို ေပြ႕ခ်ီကာ အိပ္ခန္းထဲသို႔ အျမန္ဝင္လိုက္ၿပီး ခႏၶာကိုယ္အပူခ်ိန္ေၾကာင့္ ဆူပြက္လုနီးပါးရွိေသာ ငါးအား ငါးကန္ထဲသို႔ ထည့္ေပးလိုက္ေတာ့သည္။

လန္ေပါက ေရေအာက္သို႔ငုပ္ဆင္းသြား၏ ၊ အၿမီး၏ကူးခတ္လွုပ္ရွားမွုေၾကာင့္ အျပာေရာင္ေရခူေလးမ်ား အတန္းလိုက္ေပၚထြက္လို႔လာလ်က္ တစ္ေအာင့္ၾကာပါမွ ေရေပၚျပန္လို႔ေပၚလာေလသည္။ ငါးကန္အစြန္းကို လက္ႏွစ္ဖက္ျဖင့္ ဆုပ္ကိုင္ထားရင္း ပိုင္ခ်ဴန်န္ကိုေမာ့ၾကည့္ကာ မ်က္ဝန္းတြင္းမွေန အျပာေရာင္လင္းလဲ့သလိုမ်ိဳးရွိသည့္အနက္ေရာင္ပုလဲလုံးတို႔ တစ္ေပါက္ေပါက္က်ဆင္းလာပါ၏။

ပိုင္ခ်ဴန်န္လည္း ငါးကန္ေဘးတြင္ထိုင္ကာ လန္ေပါ၏ဆံပင္ေလးမ်ားကို ပြတ္သပ္ေပးရင္း ေခ်ာ့ေမာ့ႏွစ္သိမ့္ရေတာ့သည္။

"ကိုယ္ကစလိုက္တာပါ ၊ မငိုနဲ႔ေတာ့ေနာ္။"

"အိုင္းယား အကုန္စုလိုက္ရင္ဆြဲႀကိဳးတစ္ကုံးေတာင္ရၿပီ ၊ ကိုယ္ေတာ့ မိန္းမကိုအနိုင္က်င့္ၿပီးမွ ႀကီးပြါးခ်မ္းသာသြားတာမ်ိဳးလုပ္လို႔ေတာ့ မျဖစ္ဘူးေလ။"

"လိမၼာတယ္ ၊ မင္းကိုၾကည့္ေကာင္းတာေလးျပမယ္ လာခဲ့။"

လန္ေပါက သူ႔ထံမထီမဲ့ျမင္ျပဳေလဟန္ ပူေဖာင္းမ်ားစြာကိုမွုတ္ထုတ္လိုက္ၿပီး ပိုင္ခ်ဴန်န္၏ အေဝးတစ္ေနရာသို႔ ကူးခတ္ကာ ေဘာလုံးတစ္လုံးလိုလုံးသြားၿပီး မလွုပ္ေတာ့။

ပိုင္ခ်ဴန်န္သည္ ငါးကန္၏ အျပင္ဘက္နံရံေပၚလက္ဖဝါးကိုတင္ကာ ဖန္သားျပင္ထက္ညင္သာစြာေခါက္လိုက္ပါ၏။

"ဒါကိုၾကည့္ပါဦး။"

လန္ေပါက သူ႔အားတစ္ဝက္ေလာက္သာ ေစာင္းငဲ့ၾကည့္လာၿပီး ႐ုတ္ျခည္းဆိုသလိုမ်က္လုံးမ်ား ေတာက္ပလာကာ ေရေအာက္သို႔ကူးခတ္သြားၿပီး ငါးကန္၏အျပင္ဘက္နံရံႏွင့္ ဖိကပ္ထားေသာ ပိုင္ခ်ဴန်န္၏ လက္ဖဝါးကိုေသခ်ာၾကည္ရွုလာပါသည္။

"Randi."

လန္ေပါသည္ ေပ်ာ္ရႊင္စြာျဖင့္လက္ေခ်ာင္းတို႔ကိုဆန့္လိုက္ၿပီး ဖန္သားျပင္ၾကားခံလ်က္မွ Alpha၏လက္ဖဝါးကိုထိေတြ႕လိုက္၏ ၊ ထို႔ေနာက္အၿမီးအားေရေပၚသို႔ထုတ္လိုက္ၿပီး ပိုင္ခ်ဴန်န္ထံအသည္းပုံေလးလုပ္ျပလာပါေလသည္။

(T/N : လန္ေပါစီကေနၿပီး ေရသူမ်ိဳးႏြယ္ဘာသာစကား စသင္လို႔ရပါၿပီ Randi obe ဆိုတဲ့ႏွစ္လုံးကေတာ့ ဖတ္တဲ့သူတိုင္းတတ္ၾကပါတယ္xD 🤭)

Randi - ရန္ဒီ
Obe - အိုဘယ္ လို႔အသံထြက္ပါတယ္

Continue lendo

Você também vai gostar

33.6K 3.4K 6
အရမ္​း​ေျဖာင္​့တယ္​။ အရမ်းဖြောင့်တယ်။
42.5K 4.9K 72
Author _ Shuiqiancheng That's not my work.I am Just Translator
441K 54.2K 54
Xiao Jiu (小九) by Xu Ban Xian (许半仙) ရှောင်ကျိုသည် မင်းသားကိုးပါးထဲတွင်အငယ်ဆုံးဖြစ်သော်ငြား ပါရမီအရှိဆုံးဖြစ်ပေသည်။ သို့ပေမယ့် သူ၏ဦးနှောက်အလုံးစုံကို ယ...