Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေး...
By Neko_san_ZP
1.2M 118K 4.5K
Zawgyi/Unicode Started date: 25.oct.2020 End date: 26.dec.2023 လော့ကျန်းပေ့ x လော့ရှန်ဟွာ More
intro
ဇာတ်ကောင်မိတ်ဆက်(ဇာတ်ကောင်မိတ်ဆက်)
Chapter - 1 (System moon)
Chapter - 2(My Daddy)
Chapter - 3 (Plan - 1 )
Chapter - 4(ဟန်စုမင်)
Chapter - 5(ဒယ်ဒီဆီက နေ့လည်စာ)
Chapter -6 (ထန်းဟော်ရှ)
Chapter -7 (တကယ် နင်းခံရမဲ့သူက ဘယ်သူလဲ)
Chapter - 8 (ဒယ်ဒီ ရောက်နေပြီ)
Chapter - 9 (ငါ့မှာ ဒယ်ဒီရှိတယ်)
Chapter - 10 (ဒယ်ဒီက ကမ္ဘာပေါ်မှာအချောဆုံး-1)
Chapter-11 (ဒယ်ဒီက ကမ္ဘာပေါ်မှာအချောဆုံး-2)
Chapter -12 (ဒယ်ဒီက ကမ္ဘာပေါ်မှာအချောဆုံး-3)
Chapter -13(ဒယ်ဒီက ငါ့မက်မွန်လေးကို ရိုက်ရဲတယ်!)
Chapter-14 (Lavender Rose meaning Love at first sight)
Chapter -15 (ဒယ်ဒီရန်မကြောက် ရေခဲမုန့်ထပ်စားရန်ကြံနေသည့်ရှန်လေး-1)
Chapter -16 (မင်းက ကိုယ့်အပိုင်ပဲ)
Chapter -17(လီရှန်းဟွာ???)
Chapter-18(hot dogလား ကိုယ်လား)
Chapter -19(ဒယ်ဒီ သိသွားပြီ ဟော်ရှ!)
Chapter -20 (ကျန်းယုဝေဆိုသည့် အန်တီကြီးရေ ဒယ်ဒီဘေးနားကနေ out!)
Chapter-21(ဒယ်ဒီက ထူးဆန်းတယ်)
Chapter -22(ဒယ်ဒီ ဒါဘာအခန်းကြီးလဲ)
Chapter-23(ဦး)
Chapter-24 (ကျန်းလင်းရှ)
Chapter -25(ငါ့ကို သူငယ်ချင်းလို့ကော သတ်မှတ်ခဲ့ရဲ့လား)
chapter-26(ရှအန်းထျန်း & ထန်းဟော်ရှ)
Chapter-27(ပင်လယ်ထဲကလက ပုံရိပ်ယောင်သက်သက်ပဲ)
Chapter - 28
Chapter -29(ဒယ်ဒီက နံပါတ်တစ်)
Chapter-30
Chapter-31(ကော့တင်းပါတီနောက်ကလှည့်ကွက်များ-1)
Chapter-32 (ကော့တေးပါတီနောက်ကလှည့်ကွက်များ-၂)
Chapter-33(ကော့တေးပါတီနောက်ကွယ်ကလှည့်ကွက်များ-3)
Chapter -34(ကလေးငယ်ကြောင့် ရူးတော့မယ်)
Chapter-35(ဖက် ဖက် ဖက် ဖက်)
Chapter -36(ဒယ်ဒီက ရှန်လေးကို ပိုချစ်တာပေါ့နော်)
Chapter-37(နောက်ကွယ်ကဖြစ်ရပ်များ-1)
Chapter -38(နောက်ကွယ်ကဖြစ်ရပ်များ-2)
Chapter -39(နောက်ကွယ်က လှည့်ကွက်များ-3)
Chapter -40(Unicode /Zawgyi)
Chapter -41(မင်းက ကိုယ့်အပိုင် ဟော်ရှ)
Chapter -42(ရှန်လေး စိတ်ကောက်ချင်ပေမယ့်...)
Chapter -43(ဒယ်ဒီက ရှန်လေးအပိုင်)
Chapter -44
Chapter -45
Chapter -46
Chapter -47
Chapter -48
Chapter -49
not update//
Chapter -50
Chapter -51
Chapter -52
Chapter -53
Chapter-54
Chapter-55
Chapter -56
Chapter -57
Chapter -58
Chapter -59
Chapter -60
Chapter -61
Chapter-62
Chapter-63
Chapter-64
Chapter-65
Hello Plz read
//Read//
Chapter -66
Chapter -67
Chapter -68
Chapter-69.1
Chapter-69.2
Chapter -70
Chapter -71
Chapter-72
Chapter-73
Chapter-74
Chapter-75
Chapter-76
Chapter-77
Chapter-79
Chapter-80
Chapter-81
Chapter-82
Chapter-83
Chapter-84
Chapter-85
Chapter-86
Chapter-87
Chapter-88
Chapter-89
Chapter-90
Chapter-91
Chapter-92
Chapter-93
Chapter-94
Chapter-95
Chapter-78
2K 252 0
By Neko_san_ZP
Zawgyi
"မင်း...!"
"မင်း ဘာပြောချင်တာလဲ"
"ဟားဟား"
အခုတော့ ထိုမျိုးမစစ်လေးက သူ့တူ​တော်ရဲ့နှလုံးသားကိုပါ သိမ်းပိုက်သွားခဲ့သည်၊ အဲမျိုးမစစ်လေးကို အစတည်းက နှင်ထုတ်ခဲ့ရမှာ၊
"ဘာကိုဆိုလိုတာလဲ..."
-*-*-*-*-*---*-*-*-*-
Chapter -79မျှော်
Unicode
လော့အိမ်တော်၊လော့ကျန်းပေ့အခန်းထဲမှာတော့ အရွယ်ရောက်ယောက်ျားတစ်ယောက်ရဲ့ပေါင်ပေါ်မှာ အသက်ဆယ့်ခုနှစ်အရွယ်ကောင်လေးကထိုင်နေပြီး စာလုပ်နေသည်၊ထိုယောက်ျားဟာ ကောင်လေးလုပ်သမျှကို ထိုင်ကြည့်နေပြီးနောက်မှာ ဖြူဖွေနုဖတ်နေတဲ့ဂုတ်သားလေးကို ဖွဖွလေးနမ်းလိုက်ချိန်မှာ ကောင်လေးက မကျေနပ်စွာလှည့်ကြည့်လာတော့သည်၊
"ဒယ်ဒီနော် ရှန်လေး စာလုပ်နေပါတယ်ဆိုနေ"
"အေး ကိုယ်တွေ့တယ်လေ" လော့ကျန်းပေ့က ရယ်လိုက်ပြီးတော့ ဂုတ်သားလေးပေါ် နောက်တစ်ကြိမ်နမ်းလိုက်သည်၊
"ငြိမ်ငြိမ်နေဗျာ" လော့ရှန်ဟွာက လည်ပင်းကိုပုလိုက်ပြီး မကျေမနပ်ပြောလိုက်ပေမယ့် မျက်နှာအမူအရာကတော့ တကယ်စိတ်ဆိုးနေခြင်းမဟုတ်ပေ၊ထိုချိန်မှာ လော့ကျန်းပေ့ရဲ့ဖုန်းက မြည်လာပြီးနောက်မှာ ဖုန်းမျက်နှာပြင်မှာ လော့ဖုဆိုပြီးနာမည်နဲ့ဖုန်းခေါ်လာတာကိုတွေ့လိုက်ရသည်၊
လော့ကျန်းပေ့က မျက်မှောင်ကြုတ်သွားပေမယ့် စိတ်မဝင်စားဟန်ဖြင့်နေနေပေမယ့် ဖုန်းက အကြိမ်ကြိမ်မြည်လာချိန်မှာ လော့ရှန်ဟွာကမနေနိုင်စွာပြောလာတော့သည်၊
"ဒယ်ဒီ ကိုင်လိုက်ပါလား..." ဖုန်းက ဆူညံသံတွေမထွက်လာပေမယ့် ဖုန်းတုန်ယင်နေတဲ့အသံက ကြာတော့ လော့ရှန်ဟွာကို အနှောင့်အယှက်ဖြစ်လာတော့သည်၊လော့ကျန်းပေ့လည်း လော့ရှန်ဟွာကို ကားကနေ ပွေ့ချီလိုက်ပြီး မတ်တပ်ရပ်လိုက်ပြီးနောက်မှာ ခုံပေါ် ပြန်ထိုင်ခိုင်းလိုက်သည်၊
"ကိုယ် ဖုန်းပြောလိုက်အုံးမယ်"
လော့ရှန်ဟွာက ခေါင်းညိတ်လိုက်ပြီးနောက်မှာ စာကိုသာဆက်လုပ်နေလိုက်သည်၊လော့ကျန်းပေ့လည်း ဖုန်းကိုလှမ်းယူလိုက်ပြီး ကိုင်လိုက်ချိန်မှာ တစ်ဖက်က ဒေါသတကြီးအော်ဟစ်ပြောဆိုလာသံကို ကြားလာရတော့သည်၊
"လော့ကျန်းပေ့ တခြားမြို့မှာ အခြေတည်သွားတာနဲ့ လော့အိမ်တော်က စည်းမျဥ်းစည်းကမ်းတွေကို လစ်လျူရှုသွားပြီပေါ့ ဟုတ်လား"
"ဦးလေး ပြောစရာရှိတာ ပြော" လော့ကျန်းပေ့က လော့ရှန်ဟွာဆံပင်များကို ဖွဖွလေးသပ်ပေးပြီးတော့ ပြောလိုက်သည်၊
"ငါ့ကို လော့ချင်းဝေ့ပြောပြီးပြီ မင်းက ကိုယ့်သား...ကိုယ့်မွေးစားသားနဲ့ ပြန်တွဲနေတယ်ဆို ဟမ်...လော့အိမ်တော် မျက်နှာကို အိုးမဲသုတ်ချင်တာလား"
"ဟက်... ကျွန်တော့်ဘက်က  ရှန်လေးကို သားအဖြစ်မွေးမယ်ပြောခဲ့တုန်းကလည်း ဦးလေးက အဲစကားပြောခဲ့တယ်သလို ကျွန်တော်လည်း ဘာပြန်ပြောခဲ့လဲ မေ့သွားတာလား"
"မင်းက လော့အိမ်တော်နဲ့ အဆက်အသွယ်ဖြတ်ရဲတယ်ပေါ့"
"လွန်ခဲ့တဲ့ဆယ့်ငါးနှစ်တုန်းက လော့ကျန်းပေ့ဆိုတဲ့ကျွန်တော်က ဘာကောင်မှမဟုတ်ပေမယ့် လက်ရှိအချိန်မှာတော့ မတူတော့ဘူး"
လော့ဖုဘက်က တိတ်ဆိတ်သွားပေမယ့် လော့ကျန်းပေ့ကတော့ ပြောစရာရှိတာဆက်ပြောလိုက်သည်၊
" လွန်ခဲ့တဲ့ဆယ့်ငါးနှစ်က ခင်ဗျားတို့ ဘာပြောခဲ့လဲ မှတ်မိတယ်မလား၊ လော့အိမ်တော်မရှိရင် လော့ကျန်းပေ့ဆိုတဲ့ကောင်က ဘာကောင်မှမဟုတ်ဘူးဆိုတာကိုပေါ့၊အဲတုန်းကလည်း ကျွန်တော် ဘာပြန်ပြောခဲ့လဲ"
"လော့ကျန်းပေ့ဆိုတာ လော့အိမ်တော်ရဲ့အထောက်အပံ့မလိုအပ်ဘူးဆိုတာကို...ဦးလေးလော့ဖု ပြောကြည့်လေ လက်ရှိလော့ကျန်းပေ့က လော့အိမ်တော်ကို လိုအပ်မယ်ထင်နေလား"
လော့ကျန်းပေ့က စကားတွေကို အများကြီးပြောလိုက်သည်၊ဒါက ဟိုးတုန်းကပြောခဲ့ချင်တဲ့စကားတွေဖြစ်သည်၊
လော့ဖုကလည်း လော့ကျန်းပေ့ရဲ့စကားတွေကို နားလည်သည်၊လော့ကျန်းပေ့ရဲ့အဖွဲ့အစည်းက သူတို့လော့အိမ်တော်ထက် ဂုဏ်သတင်း ပိုမိုကျော်ကြားသည်၊သူတို့ကသာ လော့ကျန်းပေ့ကို လိုအပ်ပေမယ့် လော့ကျန်းပေ့က သူတို့ကို မလိုအပ်ပေ၊
"ဒါပေမယ့် မင်းရဲ့ကိုယ်တွင်းမှာစီးဆင်းနေတဲ့သွေးတွေက လော့ဆိုတာ မမေ့နဲ့...ပြီးတော့ ငါ့အစ်မရဲ့ဆန္ဒကို မမေ့နဲ့" လော့ဖုစကားကြောင့် လော့ကျန်းပေ့အကြည့်တွေက နက်မှောင်သွားတော့သည်၊
"မွေးစားအမေကို ခုတုံးမလုပ်နဲ့...ခင်ဗျားတို့လော့အိမ်တော်ကလူတွေက မွေးစားမိခင်အကြောင်း ပြောဖို့တန်တယ်ထင်နေလား "
"မင်း...!"
"လော့အိမ်တော်ရဲ့ဆက်ခံသူနေရာရောက်ဖို့ ခင်ဗျားတို့အကူအညီလိုအပ်တယ်ထင်နေလား"
"မင်း ဘာပြောချင်တာလဲ"
"လော့အကြီးအကဲတွေက ခင်ဗျားတို့ကို ဘယ်တုန်းကမှ မျက်လုံးထဲထည့်ခဲ့တာမဟုတ်ဘူး၊အဘိုးကိုယ်တိုင်လည်း ခင်ဗျားရဲ့သားတွေကို မျက်လုံးထဲထည့်နေတာမဟုတ်ဘူး" လော့ကျန်းပေ့စကားက မှန်ကန်တာကြောင့် လော့ဖုက အတော်ကိုစိတ်တိုသွားတော့သည်၊ငယ်ငယ်က သူ့ကိုကြောက်လန့်တဲ့ကလေးက အခုတော့ သူ့ကိုပြန်ကိုက်ရန်ကြိုးစားနေပြီတဲ့လား၊
လော့ဖုက အံကြိတ်လိုက်ပြီးနောက်မှာ
"အရင်ကတော့ ဟုတ်တယ် ဒါပေမယ့် မတူတော့ဘူးလေ၊ မင်းရဲ့လုပ်ရပ်က ငါတို့လော့ကို သိက္ခာကျဆင်းစေတာကြောင့် အကြီးအကဲတွေက ငြိမ်ခံမယ်ထင်နေလား..." ပြောလိုက်ပေမယ့် တစ်ဖက်ကလော့ကျန်းပေ့ရဲ့ ရယ်သံသဲ့သဲ့ကိုသာကြားလိုက်ရသည်၊
"ဟားဟား"
"တစ်ခါတလေ ဦးလေးတို့ကို ကျေးဇူးတင်တယ် သိလား..."
လော့ဖုက လော့ကျန်းပေ့စကားကြောင့် နားမလည်ဟန်ဖြစ်သွားပြီး တစ်ဖက်ကသူရဲ့စကားကိုဆက်နားထောင်လိုက်သည်၊
"အဲတုန်းက ရှန်လေးကို ခင်​ဗျားတို့က လော့မျိုးရိုးထဲ ဝင်မှာကြောက်ပြီးတော့ လော့မိသားစုရဲ့အိမ်ထောင်စုမှတ်တမ်းထဲ မဝင်အောင် မရမကကြိုးစားခဲ့တယ်လေ...ရှင်းရှင်းပြောရရင် လော့ကျန်းပေ့မှာ လော့ရှန်ဟွာဆိုတဲ့သားတစ်ယောက်ဆိုတာ မရှိခဲ့ဘူး၊ သူ့မိခင်ရဲ့လော့ဆိုတာပဲရှိတယ်ဆိုတာ မေ့နေတာလား.."
လော့ကျန်းပေ့စကားကြောင့် လော့ဖုက တိတ်ဆိတ်သွားတော့သည်၊ကောလဟာလတွေ ဘယ်လောက်ပဲ ပြန့်နေပါစေ လော့ဖုတို့သာအမှန်တရားကိုသိခဲ့သည်၊
လွန်ခဲ့တဲ့နှစ်နှစ်ဆယ်တုန်းက လော့ချင်းယောင်က လော့မုမုဆိုတဲ့မိန်းကလေးတစ်ယောက်ကို အိမ်တော်ကိုခေါ်ဆောင်လာခဲ့သည်၊ထိုမိန်းကလေးက လော့ချင်းယောင်ရဲ့လိင်တူချစ်သူဖြစ်နေပြီးတော့ လော့အိမ်တော်ကလူတွေက အတင်းအကြပ်တားဆီးခဲ့သည်၊နောက်တော့ လော့ဖုတို့က လော့မုမုကို ယောက်ျားတစ်ယောက်နဲ့အတူအိပ်စက်အောင် ဖိအားပေးခဲ့ပြီးနောက်မှာ လော့ရှန်ဟွာကို ကိုယ်ဝန်ရလာတော့သည်၊ လော့ချင်းယောင်က လော့အိမ်တော်ရဲ့ပြဿနာကြားညှပ်နေတဲ့ချစ်ရတဲ့အမျိုးသမီးလေးကို အဆုံးထိတာဝန်ယူပြီး ကလေးကိုပါစောင့်ရှောက်ဖို့လုပ်ခဲ့ပေမယ့် လော့မုမုက ကလေးမွေးပြီးချင်းချင်း ကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့သည်၊
လော့ချင်းယောင်ကလည်း လော့ရှန်ဟွာ နှစ်နှစ်သားအရွယ်မှာပဲ ရောဂါကြောင့် သေဆုံးသွားခဲ့ပြီးနောက်ဆုံးမှာတော့ လော့ရှန်ဟွာကို လော့ကျန်းပေ့ကသာ တာဝန်ယူခဲ့သည်၊သူတို့က လော့ကျန်းပေ့က လော့ရှန်ဟွာကို အုပ်ထိန်းသူအဖြစ်တာဝန်ခံတဲ့ကိစ္စအပေါ် ဘာမှမပြောပေမယ့် လော့အိမ်တော်မျိုးရိုးသစ်ပင်ကိုတော့ အဝင်မခံခဲ့ပေ၊
ပြီးတော့ လော့မုမုရဲ့ကလေးကို လော့ကျန်းပေ့က မုန်းတီးနေခဲ့ပြီး နောက်ပိုင်းစွန့်ပစ်မည်ကိုသိတာကြောင့် သူတို့ကလည်း လော့ကျန်းပေ့ကို အခြားမြို့တော်ကိုထွက်သွားတဲ့ကိစ္စနဲ့ပတ်သတ်ပြီး လိုက်လံနှောင့်မယှက်တော့ပေ၊
အခုတော့ ထိုမျိုးမစစ်လေးက သူ့တူ​တော်ရဲ့နှလုံးသားကိုပါ သိမ်းပိုက်သွားခဲ့သည်၊ အဲမျိူးမစစ်လေးကို အစတည်းက နှင်ထုတ်ခဲ့ရမှာ၊
လော့ဖုရဲ့အမူအရာကမှောင်မိုက်နေပြီး သူက တစ်ခုခုပြောရန်ပြင်လိုက်ပေမယ့် တစ်ဖက်က ဖုန်းချသွားတာကြောင့် ဘာမှမပြောလိုက်ရပေ၊
လော့ဖုက သူ့သားနှစ်ယောက်လုံး အသုံးမကျတာသိတာ​ကြောင့် လော့ကျန်းပေ့ကို အနောက်ကနေကြပ်ကိုင်ကာ လော့အိမ်တော်ကိုဦးဆောင်ချင်သည်၊ဒါပေမယ့် ထင်သလိုမဖြစ်လာချိန်မှာ သူ့အကြည့်တွေက သူ့ညီမလော့ချင်းဝေ့ဆီရောက်သွားတော့သည်၊
လော့ချင်းဝေ့ကလည်း လော့ဖုရဲ့အကြည့်တွေက အနည်းငယ်တုန်လှုပ်သွားပေမယ့် သူ(မ)မှာ အကြံတစ်ခုရှိကြောင်း ပြောလာတော့သည်၊
"လော့ကျန်းပေ့ရဲ့အားနည်းချက်က လော့ရှန်ဟွာပဲ..."
"ဘာကိုဆိုလိုတာလဲ..."
"ကျန်းလင်းရှဆိုတဲ့လူငယ်လေးက လော့ကျန်းပေ့ကို သဘောကျနေတာ၊ ကျွန်မတို့သာ ကျန်းလင်းရှကို ချုပ်ကိုင်ပြီး လော့ကျန်းပေ့အနီးနားကို ပို့ပေးရင် နောက်ပိုင်း လော့အိမ်တော်က အစ်ကိုဖုရဲ့အပိုင်ပဲလေ"
"မင်းက ယုံကြည်ချက်ရှိလို့လား"
"အစ်ကိုသာ ကျန်းလင်းရှကို မြင်ပြီးရင် နားလည်သွားလိမ့်မယ်" လော့ချင်းဝေ့က ယုံကြည်ချက်ရှိစွာပြောလိုက်သည်၊သူမက လော့ရှန်ဟွာကို မုန်းတီးလှသည်၊ပြီးတော့ မောက်မာနေတဲ့သူ့တူကိုလည်း အသည်းခွဲချင်သည်၊ပြီးမှ ကျန်းလင်းရှကနေ တစ်ဆင့် လော့ကျန်းပေ့ကို သူမတို့ထိန်းချုပ်ပစ်မည်၊
-*-*-*-*-*---*-*-*-*-
Chapter -79မျှော်
Continue Reading
You'll Also Like
1K 93 5
စကားပြောဂရုထဲမှာ ခင်မင်ကြတဲ့ ကျနော်ရဲ့ ဘော်ဒါ တစ်သိုက်ကို ဦးတည်၍ စေတနာ ဗလာပွဖြင့် လုပ်ကြံလိုက်သည်။
2.5K 260 10
Unicode ငါကသူ့ကိုကြိုက်တော့ သူကမကြိုက်ဘူး :(( ငါ့သူ့ကိုမကြိုက်တော့တာကိုကြပြန်တော့လည်းသူကမကြိုက်ဘူး:(( ဒီမကောင်းဆိုးဝါးကြီး ဘာဖြစ်ချင်နေတာလဲ ? တစ်ယောက...
735K 7.9K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
964K 50.3K 44