Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေး...

By Neko_san_ZP

1.2M 118K 4.5K

Zawgyi/Unicode Started date: 25.oct.2020 End date: 26.dec.2023 လော့ကျန်းပေ့ x လော့ရှန်ဟွာ More

intro
ဇာတ်ကောင်မိတ်ဆက်(ဇာတ်ကောင်မိတ်ဆက်)
Chapter - 1 (System moon)
Chapter - 2(My Daddy)
Chapter - 3 (Plan - 1 )
Chapter - 4(ဟန်စုမင်)
Chapter - 5(ဒယ်ဒီဆီက နေ့လည်စာ)
Chapter -6 (ထန်းဟော်ရှ)
Chapter -7 (တကယ် နင်းခံရမဲ့သူက ဘယ်သူလဲ)
Chapter - 8 (ဒယ်ဒီ ရောက်နေပြီ)
Chapter - 9 (ငါ့မှာ ဒယ်ဒီရှိတယ်)
Chapter - 10 (ဒယ်ဒီက ကမ္ဘာပေါ်မှာအချောဆုံး-1)
Chapter-11 (ဒယ်ဒီက ကမ္ဘာပေါ်မှာအချောဆုံး-2)
Chapter -12 (ဒယ်ဒီက ကမ္ဘာပေါ်မှာအချောဆုံး-3)
Chapter -13(ဒယ်ဒီက ငါ့မက်မွန်လေးကို ရိုက်ရဲတယ်!)
Chapter-14 (Lavender Rose meaning Love at first sight)
Chapter -15 (ဒယ်ဒီရန်မကြောက် ရေခဲမုန့်ထပ်စားရန်ကြံနေသည့်ရှန်လေး-1)
Chapter -16 (မင်းက ကိုယ့်အပိုင်ပဲ)
Chapter -17(လီရှန်းဟွာ???)
Chapter-18(hot dogလား ကိုယ်လား)
Chapter -19(ဒယ်ဒီ သိသွားပြီ ဟော်ရှ!)
Chapter -20 (ကျန်းယုဝေဆိုသည့် အန်တီကြီးရေ ဒယ်ဒီဘေးနားကနေ out!)
Chapter-21(ဒယ်ဒီက ထူးဆန်းတယ်)
Chapter -22(ဒယ်ဒီ ဒါဘာအခန်းကြီးလဲ)
Chapter-23(ဦး)
Chapter-24 (ကျန်းလင်းရှ)
Chapter -25(ငါ့ကို သူငယ်ချင်းလို့ကော သတ်မှတ်ခဲ့ရဲ့လား)
chapter-26(ရှအန်းထျန်း & ထန်းဟော်ရှ)
Chapter-27(ပင်လယ်ထဲကလက ပုံရိပ်ယောင်သက်သက်ပဲ)
Chapter - 28
Chapter -29(ဒယ်ဒီက နံပါတ်တစ်)
Chapter-30
Chapter-31(ကော့တင်းပါတီနောက်ကလှည့်ကွက်များ-1)
Chapter-32 (ကော့တေးပါတီနောက်ကလှည့်ကွက်များ-၂)
Chapter-33(ကော့တေးပါတီနောက်ကွယ်ကလှည့်ကွက်များ-3)
Chapter -34(ကလေးငယ်ကြောင့် ရူးတော့မယ်)
Chapter-35(ဖက် ဖက် ဖက် ဖက်)
Chapter -36(ဒယ်ဒီက ရှန်လေးကို ပိုချစ်တာပေါ့နော်)
Chapter-37(နောက်ကွယ်ကဖြစ်ရပ်များ-1)
Chapter -38(နောက်ကွယ်ကဖြစ်ရပ်များ-2)
Chapter -39(နောက်ကွယ်က လှည့်ကွက်များ-3)
Chapter -40(Unicode /Zawgyi)
Chapter -41(မင်းက ကိုယ့်အပိုင် ဟော်ရှ)
Chapter -42(ရှန်လေး စိတ်ကောက်ချင်ပေမယ့်...)
Chapter -43(ဒယ်ဒီက ရှန်လေးအပိုင်)
Chapter -44
Chapter -45
Chapter -46
Chapter -47
Chapter -48
Chapter -49
not update//
Chapter -50
Chapter -51
Chapter -52
Chapter -53
Chapter-54
Chapter-55
Chapter -56
Chapter -57
Chapter -58
Chapter -59
Chapter -60
Chapter -61
Chapter-62
Chapter-63
Chapter-64
Chapter-65
Hello Plz read
//Read//
Chapter -66
Chapter -67
Chapter -68
Chapter-69.1
Chapter-69.2
Chapter -70
Chapter -71
Chapter-72
Chapter-73
Chapter-74
Chapter-75
Chapter-76
Chapter-78
Chapter-79
Chapter-80
Chapter-81
Chapter-82
Chapter-83
Chapter-84
Chapter-85
Chapter-86
Chapter-87
Chapter-88
Chapter-89
Chapter-90
Chapter-91
Chapter-92
Chapter-93
Chapter-94
Chapter-95

Chapter-77

2K 260 1
By Neko_san_ZP

Zawgyi





"စီနီယာလော့"



"စီနီယာလော့"














"ဒယ်ဒီ..."












"ရှအာ"
















----------------
Chapter-78မျှော်

Unicode

ကျောင်းဆင်းချိန်ရောက်တော့ လော့ကျန်းပေ့က လော့ရှန်ဟွာကို ကြိုဖို့အတွက် ကျန်တဲ့အလုပ်တွေကို လော့အိမ်တော်ကို ပို့ထားဖို့ အတွင်းရေးမှူးကိုပြောလိုက်ပြီး ကုမ္ပဏီကနေထွက်လာတော့သည်၊ထိုချိန်မှာ လူငယ်တစ်ဦးက လော့ကျန်းပေ့ထွက်သွားတဲ့အကြောင်းကို လူတစ်ယောက်ဆီကိုအကြောင်းကြားလိုက်သည်၊

လော့ကျန်း​ပေ့က ကားပေါ်ရောက်တာနဲ့ ကလေးငယ်လို့မှတ်ထားတဲ့ဖုန်းဆီကို အကြောင်းကြားစာပို့လိုက်ပြီးနောက်မှာ ဒရိုင်ဘာကို ကားထွက်ရန်ပြောလိုက်သည်၊

နောက်တော့ ကျောင်းဝန်းထဲမဝင်ရန်နဲ့ အပြင်မှာသာ စောင့်ရန်ပြောလိုက်ပေမယ့် ကလေးငယ်ကိုတွေ့ချင်စိတ်ပြင်းပြနေတဲ့လော့ကျန်းပေ့က ကားထဲကနေထွက်လိုက်ပြီး အပြင်မှာထွက်ပြီး ရပ်စောင့်နေလိုက်သည်၊

လော့ကျန်းပေ့ထွက်လာတာနဲ့ ကျောင်းသားတစ်ယောက်က အနားရောက်လာတော့သည်၊လော့ကျန်းပေ့လည်း အနားကပ်လာတဲ့ကျောင်းသားကို မြင်ချိန်မှာ မျက်နှာထက်မှာ ရွံရှာမှုများဖြတ်သန်းသွားတော့သည်၊

"စီနီယာလော့"

ကျန်းလင်းရှရဲ့မျက်လုံးများဟာ တောက်ပနေပြီးတော့ လော့ကျန်းပေ့ကို ပြုံးရင်းကြည့်နေတော့သည်၊ဒီနေ့ လော့ကျန်းပေ့ ကျောင်းကိုလာမည့်ကိစ္စကို ကျန်းလင်းရှက သတင်းရပြီးသားပင်၊ဒါကြောင့် ဂိတ်မှာ လာရပ်စောင့်နေခြင်းဖြစ်သည်၊သူ့ကို လော့ကျန်းပေ့က မကြိုက်သေးလည်း ကိစ္စမရှိဘူး၊ လော့ရှန်ဟွာ ထွက်လာတာနဲ့ အထင်လွဲမည့်ကိစ္စကို ဖန်တီးလိုက်မယ်၊ပြီးရင် သူနဲ့လော့ကျန်းပေ့က ဘာလိုလိုရှိကြောင်း ကောလဟာလလွင့်လိုက်ရုံပဲ၊

ဒါပေမယ့် ကျန်းလင်းရှက လော့ကျန်းပေ့ကို အတော်ကို လျော့တွက်လွန်းအားကြီးသည်၊ကျန်းလင်းရှ အနားလာတာနဲ့ လော့ကျန်းပေ့က ကားထဲကို တိုက်ရိုက်ပြန်ဝင်သွားတာကြောင့် ကျန်းလင်းရှရဲ့အပြုံးတွေတောင် အေးစက်သွားတော့သည်၊ကျန်းလင်းရှက လက်မလျော့ဘဲ ကားမှန်တံခါးကို သုံး၊လေးချက် ခေါက်လိုက်ပြီး အသံချိုချိုလေးနဲ့ အကြိမ်ကြိမ်ခေါ်နေလိုက်သည်၊

"စီနီယာလော့"

ဒါပေမယ့် ကားထဲကနေ မည်သည့်တုန့်ပြန်မှုမှ မရတဲ့အပြင် စက်နှိုးသံထွက်လာပြီး ကားဟာ ကျောင်းဝန်းထဲကို မောင်းထွက်သွားတော့သည်၊ကျန်းလင်းရှမှာ မျက်နှာအမူအရာတောင် မထိန်းနိုင်တော့ပဲ ကျန်ရစ်ခဲ့တော့သည်၊

'ဘာကြောင့်လဲ...ငါ့အပေါ် ဘာလို့ခါးခါးသီးသီးဖြစ်နေရတာလဲ'

ယမန်နေ့ကကိစ္စကို ကျန်းလင်းရှက ကိစ္စကြီးကြီးမားမားလို့ တွေးပုံမရသလို၊လော့ရှန်ဟွာအပေါ်ကိုလည်း ဆိုးဝါးစွာလုပ်ထားတွေကိုလည်း သာမန်ကိစ္စဟုသာ သတ်မှတ်ထားတာကြောင့် သူ့အပေါ် လော့ကျန်းပေ့ ဆက်ဆံတဲ့ပုံက မတရားဘူးလို့ ခံစားလာရတော့သည်၊

'ဒါတွေက လော့ရှန်ဟွာကြောင့်ပဲ!'

'အရင်ဘဝက စီနီယာလော့ကို ပိုင်ဆိုင်ထားပြီးပြီလေ၊ ဒီဘဝတော့ ငါ့ကို ပိုင်ဆိုင်ခွင့်ပေးသင့်တယ်!'

'ငါ့ဘက်က ဒုက္ခပေးမှ ဒူးထောက်ပြီး လာမတောင်းပန်နဲ့'

ကျန်းလင်းရှရဲ့အကြည့်တွေက အနည်းငယ်ရူးသွပ်နေပြီး သေချာမတွေးတောနိုင်တော့ပေ၊တကယ်လို့ အခုချိန်မှာ လော့ရှန်ဟွာကို တွေ့ခဲ့ရင် ပြေးတောင်သတ်လောက်သည်၊

ဒါပေမယ့် လော့ရှန်ဟွာကတော့ လော့ကျန်းပေ့ပို့ထားတဲ့စာကို မြင်ပြီး မျက်မှောင်ကြုတ်သွားတော့သည်၊ကျန်းလင်းရှက လော့ကျန်းပေ့ကို လာနှောင့်ယှက်ရဲပါလား၊အရင်ရက်က ဖြစ်ခဲ့တဲ့ကိစ္စကို မေ့လျော့သွားတာလား၊

[Moon:မဟုတ်ဘူး၊ ပြန်လည်မွေးဖွားလာတဲ့ဇာတ်ကောင်က ရှုပ်ထွေးနေပြီ]

'စိတ်ရှုပ်ထွေးတာမျိုးလား...' လော့ရှန်ဟွာက Systemကို အဖြေထုတ်တာမဟုတ်ပဲနဲ့ သူ့ဘာသာမေးခွန်းထုတ်လိုက်ခြင်းဖြစ်သည်၊

'ဒါက ဖြစ်သင့်ပါတယ်' ပြန်လည်မွေးဖွားလာတဲ့ကျန်းလင်းရှကို လီရှန်းဟွာက ရိုက်ချခဲ့တယ်မလား၊ကျန်းလင်းရှရဲ့အကြံအစည်တွေကို ရိုက်ချခဲ့တာကြောင့် ကျန်းလင်းရှက အတိတ်ဘဝနဲ့လက်ရှိဘဝကို စတင်ရောလာခဲ့သည်၊

Moonက လော့ရှန်ဟွာကို တစ်ချက်ကြည့်လိုက်သည်၊သူ့ရဲ့Hostကို သဲလွန်စ အနည်းငယ်တောင်မပေးရဲပေ၊သူ့Hostက နည်နည်းပြောတာနဲ့များများသိတာကြောင့်ဖြစ်သည်၊

ကျောင်းဆင်းပြီးနောက်မှာတော့ လော့ရှန်ဟွာက ကျောင်းဝန်းထဲကနေထွက်လာပြီးနောက်မှာ လော့အိမ်တော်ရဲ့ကားကိုမြင်လိုက်ရပြီး ပျော်ရွှင်သွားတော့သည်၊လော့ရှန်ဟွာက အပြုံးလေးနဲ့ ပြေးသွားရင်း ကားထဲကနေ လော့ကျန်းပေ့ထွက်လာတာမြင်တော့ အပြုံးပေါ်အပြုံးဆင့်သွားတော့သည်၊

"ဒယ်ဒီ..."

လော့ရှန်ဟွာက လော့ကျန်းပေ့ရဲ့လက်မောင်းကိုဖက်ကာမှီလိုက်ရင်း အသံချိုချိုလေးနဲ့ခေါ်လိုက်သည်၊လော့ကျန်းရဲ့နူတ်ခမ်းများက အပေါ်ကော့တက်သွားပြီး လော့ရှန်ဟွာရဲ့ဆံပင်များကိုဖွလိုက်ပြီး
ကားတံခါးဖွင့်ပေးလိုက်ပြီး ဝင်ခိုင်းလိုက်သည်၊

လော့ရှန်ဟွာလည်း ကားထဲကို လှမ်းမဝင်ခင်မှာ လျောင်ဝူဟွမ်ကို မြင်လိုက်ရသည်၊ဒါပေမယ့် လော့ရှန်ဟွာက တစ်ချက်သာကြည့်လိုက်ပြီး ကားထဲဝင်သွားတော့သည်၊

လော့ကျန်းပေ့ဟာ လော့ရှန်ဟွာကို တောက်လျှောက်ကြည့်နေတာကြောင့် လော့ရှန်ဟွာကြည့်တဲ့ဘက်ကို လိုက်ကြည့်လိုက်ချိန်မှာ လူငယ်တစ်ဦးကိုမြင်လိုက်သည်၊ဒါပေမယ့် တစ်ဖက်လူငယ်က သူ့ကိုတစ်ချက်သာကြည့်ပြီးထွက်သွားသလို လော့ကျန်းပေ့ကလည်း ဂရုမစိုက်တာကြောင့်ကားထဲဝင်သွားပြီး အိမ်​တော်ကို မောင်းခိုင်းလိုက်သည်၊

လျောင်ဝူဟွမ်က အမှန်တရားကိုသိပြီးပေမယ့် တစ်ချက်ကိုသိချင်သေးတာကြောင့် ကျန်းလင်းရှကို တောက်လျှောက်စောင့်ကြည့်နေခဲ့သည်၊နောက်တော့ ကျန်းလင်းရှက အတန်းရှိသေးတဲ့ကြားကနေ ခိုးထွက်သွားတာကို သတင်းရပြီး သူကလည်းအနောက်ကနေလိုက်သွားခဲ့သည်၊

ကျန်းလင်းရှက တစ်ယောက်ယောက်ကို စောင့်နေသလို ကျောင်းဂိတ်နားက နံရံမှာမှီရင်း ရပ်နေပြီး မိနစ်အနည်းငယ်အကြားမှာ ကျောင်းကိုလာတဲ့လမ်းမအပေါ်မှာ အနက်ရောင်ကားတစ်စီး ထွက်လာချိန်မှာ ကျန်းလင်းရှက ပျော်ရွှင်သွားတော့သည်၊ထို့နောက်မှာ  အနက်​ရောင်ကားရပ်သွားပြီး ကားထဲကနေ လူထွက်လာချိန်မှာ ကျန်းလင်းရှက အဲလူဆီကိုကပ်သွားသည်၊

လျောင်ဝူဟွမ်က ကားထဲကထွက်လာတဲ့လူရဲ့ခန့်ညားတဲ့ရုပ်ရည်ကြောင့် လော့ကျန်းပေ့ဆိုတာ တန်းသိလိုက်သည်၊ကျန်းလင်းရှက ပျော်ပျော်ရွှင်ရွှင်နဲ့အနားကပ်သွားချိန်မှာလော့ကျန်းပေ့နဲ့ကျန်းလင်းရှက ရင်းနှီးနေသလားတောင် တွေးမိသွားသည်၊

ဒါပေမယ့် တစ်ဖက်လူရဲ့မျက်နှာမှာ ရွံရှာမှုများဖြတ်သန်းသွားပြီးနောက်မှာ ကားထဲတန်းဝင်ကာထွက်သွားရင်း ကျန်းလင်းရှရဲ့စိတ်တိုစွာကျန်ခဲ့တဲ့အမူအရာကိုကြည့်ရင်း လျောင်ဝူဟွမ်က နားလည်သွားတော့သည်၊

ထို့နောက်မှာတော့ လော့ကျန်းပေ့နဲ့လော့ရှန်ဟွာရဲ့ဆက်ဆံရေးကိုမြင်ပြီးနောက်မှာ ကျန်းလင်းရှပေါ်ထားရှိတဲ့နောက်ဆုံးလက်ကျန်ကြိုးပင်ပြတ်တောက်သွားတော့သည်၊

လျောင်ဝူဟွမ်က ကျန်းလင်းရှက ရှောင်ရှင်းနဲ့ပတ်သတ်ပြီးတော့ သူတို့ကြားဝင်နှောင့်ထားပေမယ့် ဒီကြားထဲပတ်သတ်မှုနဲ့ကျန်းလင်းရှရဲ့အရည်အချင်းကြောင့် သဘောကျခဲ့သည်၊ဒါကြောင့် စိတ်ထဲမှာ သက်ညှာပေးချင်တာကြောင့် နောက်ဆုံးအခွင့်အရေးပေးတဲ့အနေနဲ့ ယုံကြည်ပေးချင်ခဲ့သည်၊

'နောက်ဆုံးတော့ လှလှပပ ကစားသွားတာပဲ' လျောင်ဝူဟွမ်အမူအရာက တင်းမာနေပြီး သူဟာ အေးစက်စွာပြုံးနေတော့သည်၊

"စီနီယာလျောင်" အနောက်ကနေ ကျန်းလင်းရှရဲ့ခေါ်သံကြားချိန်မှာ လျောင်ဝူဟွမ်ရဲ့နူတ်ခမ်းများကမဲ့သွားပေမယ့် သူကအမူအရာကိုပြန်ပြင်လိုက်ပြီး လှည့်ကြည့်လိုက်သည်၊

"ရှအာ"

"စီနီယာလျောင် ဘာလုပ်နေတာလဲ" ကျန်းလင်းရှက စိတ်တိုပြီး ကျောင်းဝန်းထဲပြန်ဝင်လာချိန်မှာ လျောင်ဝူဟွမ်ကို ​မြင်ပြီး အကြံရသွားတော့သည်၊ဒါပေါ့ သူလည်း လော့ကျန်းပေ့တို့ရဲ့ကား ထွက်သွားတာမြင်လိုက်တာကိုး၊

"အားကစားကွင်းဘက်ကို သွားမလို့လေ၊ ရှအာကကော" လျောင်ဝူဟွမ်က ဟန်ဆောင်ပြုံးလိုက်ပြီး ဖြေလိုက်သည်၊

"လင်းရှက..." ကျန်းလင်းရှက မျက်နှာအမူအရာ ညှိုးနွမ်းသွားပြီးတော့ နူတ်ခမ်းများဖွင့်ဟသွားပြီးတော့ ပြန်ပိတ်သွားတော့သည်၊ဒါပေမယ့် တစ်ချက်ကြည့်လိုက်တာနဲ့ တစ်ယောက်ယောက်က အနိုင်ကျင့်ထားလို့ ပြောရခက်နေသလိုပင်၊ဒါပေမယ့် လျောင်ဝူဟွမ်က ကျန်းလင်းရှရဲ့မျက်နှာအမှန်ကိုသိထားတာကြောင့် ဘာမှမခံစားရပေ၊

ဒါပေမယ့် ကျန်းလင်းရှကို ရိုက်ချဖို့အတွက် ကျန်းလင်းရှအလိုကျနေပေးရအုံးမည်၊ဒါကြောင့် လျောင်ဝူဟွမ်က ပြောရခက်နေတဲ့ကျန်းလင်းရှကို လမ်းကြောင်းပျိုးပေးလိုက်သည်၊

"ဘာဖြစ်လို့လဲ ရှအာ...ပြောရခက်နေတာလား...ကိုယ်ရှိတယ်လေ"

"မဟုတ်ပါဘူး...စောနက လင်းရှက စီနိယာလော့နဲ့တွေ့ခဲ့တယ်...ဒါပေမယ့် လော့ရှန်ဟွာက လင်းရှကို..." ကျန်းလင်းရှက မျက်ရည်များပိုးပိုးပေါက်ပေါက်ကျလာပြီး လျောင်ဝူဟွမ်ရင်ခွင်ထဲတိုးဝင်လာတော့သည်၊

"လင်းရှကို ဘာလို့ မုန်းနေတာလဲမသိဘူး...လင်းရှက စီနီယာလော့ကြောင့် သူနဲ့အဆင်ပြေချင်ရုံလေးလေ"

ကျန်းလင်းရှက လျောင်ဝူဟွမ်ရင်ခွင်ထဲတိုးဝင်ရင်း ငိုရှိုက်ကာပြောနေတော့သည်၊ဒါက သူရဲ့အားနည်းတဲ့အသွင်ကို လျောင်ဝူဟွမ်ကိုပြသပြီး မြူဆွယ်လိုက်ခြင်းဖြစ်သည်၊ဘယ်ယောက်ျားက လှပတဲ့အမျိုးသားတစ်ယောက်ငိုယိုနေတာကို ကြည့်ရက်မှာလဲ၊

"သူက မင်းကိုနားမလည်သေးလို့ပါ...မငိုနဲ့နော်" လျောင်ဝူဟွမ်က ကျန်းလင်းရှဖက်လိုက်မယ်မထင်တာကြောင့် လက်တွေကို အလန့်တကြားမြှောက်လိုက်မိပြီး မျက်နှာက စိတ်ပျက်မှုများဖြတ်သန်းသွားပေမယ့် သူ့ကို မြူဆွယ်ဖို့ကြိုးစားနေတာကို တွေ့လိုက်ရတော့ တကယ်ကို ဟားတိုက်ကာရယ်လိုက်ချင်သည်၊

'ပါးစပ်ကနေ အခြားယောက်ျားနာမည်ကိုတပြီး နောက်ယောက်ျားတစ်ယောက်ကို ထပ်မြူစွယ်ဖို့ကြိုးစားနေတာပဲ'

ဒါပေမယ့် သေချာတွေးကြည့်ရင် စသိတည်းက ကျန်းလင်းရှက သူ့ကိုတောက်လျှောက်မြူဆွယ်နေခဲ့ပြီး သူကလည်း သဘောကျခဲ့သည်၊အဲတုန်းက လော့ကျန်းပေ့ကိစ္စကို လျောင်ဝူဟွမ်မသိတာကြောင့် သူ့ဘက်ကလည်း ကျန်းလင်းရှကိုသဘောကျ​တော့ လုပ်ပိုင်ခွင့်ပေးထားခဲ့သည်၊

"လင်းရှကို ကူညီပေးပါလား...စီနီယာလျောင်" ကျန်းလင်းရှက သူ့ရည်ရွယ်ချက်ကို စတင်ထုတ်ပြောလာတော့သည်၊လျောင်ဝူဟွမ်ကလည်း အဲအချိန်ကို စောင့်နေခြင်းဖြစ်ပြီး "ကိုယ်တတ်နိုင်သလောက် ကူညီပေးမယ်"လို့ ပြောလိုက်သည်၊

ကျန်းလင်းရှက လျောင်ဝူဟွမ်ရဲ့အာဏာကို အနည်းငယ်လိုအပ်ကြောင်းပြောလာတော့သည်၊လော့ရှန်ဟွာနဲ့တွေ့ရဖို့က မလွယ်ကူတာကြောင့်ဖြစ်ကြောင်းပြောလာတော့သည်၊

ဒါပေမယ့် လျောင်ဝူဟွမ်ကတော့ ကျန်းလင်းရှရဲ့အကြံက မရိုးရှင်းကြောင်း ရိပ်မိလိုက်သည်၊ကျန်းလင်းရှက ဟိုတယ်တစ်ခုမှာ သူ့အတွက် ပါတီတစ်ခုကျင်းပရန်တောင်းဆိုခဲ့သည်၊အဲပွဲမှာ လော့ရှန်ဟွာကို ရအောင်ဖိတ်ပေးရန် ထပ်မံတောင်းဆိုခဲ့သည်၊ပုံမှန်ဆိုရင် လျောင်ဝူဟွမ်က ငြင်းလိုက်ချင်သော်လည်း မငြင်းပေ၊

ဘာကြောင့်လဲဆိုတော့ ကျန်းလင်းရှကို ရိုက်ချချင်သည်၊

----------------
Chapter-78မျှော်

Continue Reading

You'll Also Like

28.8K 4K 11
Oh Sehun ♡ LuHan ရှိခဲ့ဖူးပါသည်​။ တစ်​ချိန်​က သူ... ချစ်​ခဲ့ဖူးပါသည်​။ တစ်​ချိန်​က သူ... လွမ်းဆွတ်​​နေရပါသည်​။ တစ်​ချိန်​က သူ... ရှိခဲ့ဖူးပါသည်​။ တစ...
2.5K 260 10
Unicode ငါကသူ့ကိုကြိုက်တော့ သူကမကြိုက်ဘူး :(( ငါ့သူ့ကိုမကြိုက်တော့တာကိုကြပြန်တော့လည်းသူကမကြိုက်ဘူး:(( ဒီမကောင်းဆိုးဝါးကြီး ဘာဖြစ်ချင်နေတာလဲ ? တစ်ယောက...
206K 5K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်