တွေးရင်းတွေးရင်း ဝေးလာဆဲပါလား
ဘယ်အချိန်မှများ ရန်တွေကင်းပြီးဆက်ချစ်နိုင်မလဲ ဘယ်အချိန်မှများ အပူပင်ကင်းနိုင်မလဲ အဲ့လိုတွေ ဖြစ်ဖို့ ဘယ်အခြေအနေအထိ စောင့်နေရမှာလဲ။
ခွပ်!
ပုံတိုင်း အဖေရဲ့ ထိုးချက်ကြောင့် အသွေးအသားကတော့ မဖြုံတော့ဘဲ
ရင်ဘတ်ထဲကတော့ နာစမြဲပါဘဲ။
"ပြန်ခွင့်ပေးပါ "
တောင်းဆိုစရာမလိုခဲ့သင့်ဘူးလေ
နဂိုတည်းက အပြီးနေဖို့လာခဲ့တာမဟုတ်ဘဲ
အမေတစ်ယောက်တည်း အဘရဲ့ ကျန်းမာရေးကိုဂရုစိုက်ဖို့ မအားလပ်တာကြောင့် သူတို့ တောင်းဆိုတဲ့အတိုင်းလာခဲ့တာလေ။
"ပုံတိုင်း မင်းကိုငါသွားခွင့်မပေးနိုင်ဘူး
တကယ်လို့ သွားချင်ရင်တောင် အဲ့ကောင်နဲ့ အပြတ်ဖြတ်ပြီးပြန်လာခဲ့ မဟုတ်ရင်မင်းငါ့အလောင်းကိုဘဲပြန်မြင်ရမယ် "
"ကျွန်တော်ကို့အကြပ်မကိုင်ပါနဲ့ အဘ..
အဘတို့ထပ်ပြီးအဲ့လိုလုပ်နေခဲ့ရင်
ကျွန်တော်ရွေးချယ်ရမယ့်လမ်းကတစ်လမ်းဘဲဖြစ်နေလိမ့်မယ် ဒါက ရာချီလည်းမဟုတ်သလို မိဘတွေလည်းမဟုတ်ဘူး သေလမ်းဘဲ"
"မိဘစကားကို နားထောင်စမ်းပါပုံတိုင်းဆောင်ရာ ဘယ်လိုဖြစ်လို့ ငါတို့ပျိုးခဲ့တဲ့ အပင်က အဆူးတွေထွက်လာရတာလဲ"
"ရာ..ရာချီ!!"
ရုတ်တရက် ခြံဝနားကနေ ထွက်ပြေးသွားတဲ့ ရာချီရဲ့ပုံရိပ်ကြောင့် ပုံတိုင်းစိတ်ထဲ ရောက်ယက်ခက်သွားစေနိုင်သည် ။
နောက်ကနေ လိုက်သွားမလို့လုပ်ခဲ့ပေမယ့်
လက်ကိုလှမ်းဆွဲထားတဲ့ ဖခင်ဖြစ်သူထံမှ အမြန် ရုန်းလိုက်ရင်းမှ။
"ကျွန်တော့်ကိုဆက်ပြီးမပျိုးထောင်ပါနဲ့အဘ
ကျွန်တော်က ရိုးရ်ိုးအပင်မဟုတ်ဘူး ဆူးပင်တစ်ပင်သာဖြစ်နေခဲ့တာပါ "
"ပုံတိုင်းဆောင် မင်းရွေးချယ်မယ့်လမ်းက မင်းမှန်ပြီလို့ထင်နေတာလား "
"မဟုတ်ပါဘူး ကျွန်တော်မမှန်ပါဘူး
ဒါပေမယ့် ကျွန်တော် အချစ်ကြီးခဲ့တာပါ"
နောက်ဆုံးတော့ ရုန်းနိုင်ခဲ့ပြီ။
စိတ်တော့မဖြောင့်သေးဘဲ
ရာချီရှိရာအရပ်ကိုပြေးသွားခဲ့၏
<><><>
သားဆိုး၊သားမိုက်ဆိုတဲ့စကားက မင်းတို့အထင်မှာရော ကြားကောင်းတဲ့စကားလို့ထင်နေလား။
ဟင်အင်းလုံးဝကြားမကောင်းသလို
သူ့လိုသားကောင်းရတနာက ဒီလိုဖြစ်သွားတာက ပို့လိုတောင်ကြားမကောင်းပေ။
ဒါတွေ အားလုံးဘယ်သူကြောင့်လဲ သေချာပေါက် ဒီရာချီဒွေးဆိုတဲ့ အရိုင်းအစိုင်းကောင်ကြောင့်ပေါ့။
ပုံတိုင်း အိမ်ရှေ့ကဖြတ်ရင်းသူကြားခဲ့တဲ့ စကားတွေက မနှစ်မြို့စရာပင်။
သူ့သည်လည်းအခုတော့ မိဘတွေကြောင့် စိတ်သောက ရောက်တဲ့အပြင် ဝမ်းနည်းစရာတွေဘဲကြုံတွေ့နေရ၏
ဒါတွေကိုမြင်တော့ သူနဲ့မယူခဲ့တုန်းက အချိန်က တည်ငြိမ်းလွန်းလှတဲ့ ပုံတိုင်းဆောင်ကိုပြန်လွမ်းမိသာ။ ကျွန်တော်သာ သူများအချစ်ကိုမလုယူခဲ့လျှင် ဒီလိုစိတ်ဆင်းရဲမှုတွေလည်းကြုံရလောက်မှမဟုတ်။
အိမ်ရောက်တာနဲ့အမျှ မြင်ရတဲ့ ရာချီရဲ့ပုံရိပ်က တည်ငြိမ်လွန်းနေခဲ့ပြီး
သူ့ကိုမတွေ့တာကြာတဲ့လူတစ်ယောက်ကို ပြေးဖက်လာခဲ့၏ မဟုတ်မှ သူမကြားခဲ့နိုင်ဘူးမလား။
"ကျွန်တော်နိုင်ပြီဗျ "
"ဘာကိုလဲရာချီ "
"အစ်ကိုသိတဲ့အတိုင်း ကျွန်တော် ကျန်စစ်ကိုနိုင်ပြီလို့ "
"မင်းဘယ်တုန်းကမှမရူံးခဲ့ပါဘူးရာချီရာ"
"ဟင်အင်းကျွန်တော်အခုမှ နိုင်သွားတာ "
ကျောကို ပြန်ပုတ်ပေးလာတဲ့ အခိုက့်အတန့်ကနွေးထွေးလွန်းလှသည် ဒါကို သူမလိုချင်တော့ပါ ဒါကနောက်ဆုံးအချိန်ဖြစ်သွားနိုင်တာဘဲလေ။
"ကျွန်တော်လေ အခု လုံးဝပျော်တယ်သိလား
အစ်ကိုက အစ်ကိုမိဘတွေကိုတောင်စွန့်ပြီး ကျွန်တော့်ကိုရွေးချယ်ခဲ့တယ်လေ "
"ကိုယ်ရွေးချယ်မှူက ဘယ်လိုရွေးရွေးမင်းဘဲဖြစ်နေခဲ့တယ်"
"ဒါပေါ့ အစ်ကိုက အခုကျွန်တော့်ကိုစွဲလမ်းနေပြီလေ ဘယ်လိုဘဲဖြစ်ဖြစ် အစ်ကို ကျွန်တော့်ကိုဘဲရွေးချယ်တော့မှာ ဒါပေမယ့်ဘယ်လိုလုပ်မလဲ ကျွန်တော် သရုပ်ဆောင် တကယ်ကောင်းသွားတာဘဲ အဟိ ကောင်းလွန်းလို့ မျက်ရည်တွေပါ ထွက်လာတယ်"
ထိုစကားသံကြားမှ ပွေးဖက်ထားရင်းနဲ့
သူ့နားမလည်နိုင်တော့ပါ သို့ပေမယ့်ရာချီရဲ့ မျက်ဝန်းတွေမှာ မျက်ရည်စလေးတွေက စိုစွတ်နေပြီဖြစ်သည်။
"ရာချီ မင်းငိုနေတာလား "
"အင်းပျော်လွန်းလို့လေ အခုဆိုကျန်စစ်ကိုလည်းနိူင်တယ် ပြီးတော့အစ်ကို ကျွန်တော်မရှိတော့ရင်တောင် ကျွန်တော့်ကိုဘဲစွဲလမ်းတဲ့အထိ တမ်းတနေမှာမလား "
"ရာချီ မင်းဘာတွေဖြစ်နေတာလဲ မဟုတ်မှ ကိုယ့်အဘကြောင့်လား "
"မဟုတ်ပါဘူး ခင်များကို ကျွန်တော်မချစ်ဘူးလေ အဲ့တော့ ခင်များအဖေပြောတဲ့စကားတွေ ကျွန်တော်ကနားဝင်စရာလား ပြီးတော့ကျွန်တော်က အားလုံးကိုနိုင်ပြီး ထပ်လည်းကစားစရာမလိုတော့လောက်အောင်ကို တော်နေပြီလေ အဲ့တော့ကျွန်တော်လည်းထွက်သွားရုံပေါ့ "
"ရာချီ မင်းမဟုတ်တာမပြောပါနဲ့ မင်းကိုယ့်ကိုမချစ်ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မာလဲ တကယ်လို့ ကိုယ့်အဖေကြောင့်သာဆို ကိုယ်တို့ အတူတူပြေးကြရအောင်လေ"
"တော်စမ်းပါ "
"မဟုတ်ဘူးရာချီ ကိုယ်တကယ်မင်းကိုရွေးချယ်တာပါ ကိုယ်တို့ အတူတူပြေးနိူင်သလောက်ပြေးကြမယ်လေ ဘယ်သူမှမလိုက်လာတဲ့နေရာကို နှစ်ယောက်ထဲ ထွက်ပြေးကြမယ်လေကွာ နော် "
မျက်နှာကိုမကြည့်ဝံ့ဘဲ ဟိုဘက်လှည့်သွားတဲ့
ရာချီရဲ့ နောက်ကနေ အတင်းဖက်ထားလျက် ပြောဆိုနေပေမယ့် ဖယ်ချခံလိုက်ရတဲ့ နွေးထွေးမှူတစ်ခု။
"တော်စမ်းပါဗျ ခင်များကို ကျုပ်မချစ်ဘဲ ဘာကိစ္စနဲ့လိုက်ပြေးရမှာလဲ ခင်များမိဘအိမ်သာပြန်စမ်းပါ "
"ရာချီ!!မင်းကပါ ကိုယ့်ကို မလိမ်ပါနဲ့တော့ကွာ ကိုယ်မင်းကြောင့်လဲအခု လဲမကျအောင်အတင်းအားတင်းထားရတာကွ မင်းကပါ ထပ်လိမ်နေရင်လေ ကိုယ်ရူးသွားလိမ့်မယ်ရာချီရဲ့ "
"....."
"ကိုယ့်ကို မလိမ်ပါနဲ့ကွာ
ကိုယ်တောင်းပန်ပါတယ်
ကိုယ့်ကိုမလိမ်ပါနဲ့တော့
ကိုယ့်မှာ မင်းမရှိရင် မဖြစ်ဘူးကွ!!"
ခွေကျလျက် ငုံ့ကာပြောနေတဲ့ ထိုလူကိုသာ
မရရတဲ့နည်းနဲ့ လျှစ်လျူရူနေရတော့သည်။
သူ့ရဲ့မျက်ရည် သူရဲ့နာကျင်မှု အားလုံးက
ကိုယ်ကြောင့်တဲ့လေ။
ဒီဝဋ်ကြွေးကနေ ဘယ်အချိန်မှများလွတ်မြောက်နိုင်တော့မလဲ။
အပြင်ထွက်လာချိန်မှာတော့ တစ်စုံတစ်ယောက်ရဲ့ ဆွဲပြေးလာမှူကြောင့် ရာချီ အရိပ်ပါ တစ်စက္ကန့်အတွင်း ပျောက်ခဲ့ရင်းသာ။
ခေါ်လာတဲ့အိမ်ကလည်း မျက်ရည်တွေကြောင့်မူန်ဝါးနေပေမယ့် သူ့ရင်းနှီးနေတဲ့ အိမ်လေ ခေါ်လာတဲ့သူကိုသေချာကြည့်မှ...
"နှင်းရည်.."
"ဘာလို့လိမ်ရတာလဲ ကိုကိုကြီးရယ်"
"....."
"ဘာလို့လဲ ဘာလို့ အဆင်မပြေကြရတာလဲ!"
"ငါသူ့ကို မချစ်ဘူး ဒီတိူင်းကစားလိုက်တာလို့"
"ဟုတ်ပါတယ် ကိုကိုကြီးကသူ့ကိုမချစ်ပါဘူး ကိုကိုကြီး ဟန်ဆောင်အရမ်းကောင်းပါတယ်"
"...."
"ဟန်ဆောင်ကောင်းတဲ့ကိုကိုကြီး နှင်းရည်ဖက်ထားပေးပြီး နှစ်သိမ့်ပေးလို့ရမလား"
ကမ်းပေးလာတာဘယ်သူဘဲဖြစ်နေပါစေ
ကျွန်တော် ဒီနွေးထွေးမှူကို လိုအပ်နေတာကို
အပြည့်အဝခိုးနားထားလိုက်၏
မိဘတွေထက်ဆိုင်ရင် ညီမလေးကသာ ကျွန်တော့်ကိုနားလည်ပေးနိုင်တော့သည်။
ခလေးဆန်တဲ့မိန်းကလေးဖြစ်ပေမယ့် ဒီတခါတော့သူက သိပ်ကိုရင့်ကျက်နေခဲ့တာ။
"နှင်းရည်ရှိတယ်နော်"
"အင့် အင့်အဟင့်"
"နှင်းရည်ရှိနေပေးပါမယ် "
"ငါလေ ငါသူကိုချစ်တယ်"
"အားလုံးမြင်နိူင်ပါတယ် ဒါပေမယ့်ကိုကိုကြီးမှာ နှင်းရည်ရှိနေပေမယ့် ကိုကိုပုံမှာတော့ဘယ်သူမှမရှိဘူး ကျေးဇူးပြုပြီး ကိုကိုပုံဆီပြန်ပါ "
"ငါမပြန်ဘူး ငါ့သူကိုထပ်ပြီးစိတ်ဒုက္ခမပေးချင်ဘူး "
"ဟင်အင်း သူကိုစိတ်ဒုက္ခပေးနေတာက သူ့ရဲ့မိဘတွေပါ ကိုကိုပုံကတော့ ကိုကိုကြီးရှိနေတယ်ဆိုတဲ့ အတွေးနဲ့တင်ပျော်ရွှင်နေလောက်မှာပါ နော် ကိုကိုကြီးနှင်းရည်စကားကိုနားထောင်ပြီးကိုကိုပုံ့ဆီပြန်ပါ "
"မဟုတ်ဘူး ငါအခုထဲက ရှောင်နေမှ သူငါ့ကို မေ့နိုင်မှာ ဒါကြောင့် ငါ့ဘက်က ဝေးဝေးနေရင်ရပါပြီ"
"....."
"ဒါသာလှအိမ်မလား ငါဒီမှာခနနေလိုက်မယ် အချိန်ခနယူချင်တယ် "
အချစ်စစ်က ဝေးရမြဲဆိုရင်တော့ ဝေးရတာကို ကျွန်တော်ပျော်ပါလိမ့်မည် ဘာကြောင့်ဆိုလျှင် အနည်းဆုံးတော့ အချစ်စစ်ဖြစ်ခဲ့ကြတယ်လေ။
<><><>
"အိမ်ရှင်ဗျို့!!"
ထိုအခြေအနေကိုမသိခဲ့ဘဲ ဒေါက်တာရန်ရှင်းစွာတစ်ယောက်အကြွေးဆပ်ရန်အတွက် အိမ်ရှေ့သို့ရောက်၍ အော်ခေါ်နေခဲ့ပေမယ့် အတော်အတန်ကြာထွက်မလာခဲ့။
သို့ပေမယ့် အိမ်တံခါးကလည်းဖွင့်ထားတာဖွင့်နေတာကြောင့် မလေးမစားနဲ့ ဝင်ခဲ့မိ၏
"လူနာ!!"
အခု သူ့ရှေ့ကသူ၏ပုံစံက ခုံမှာထိုင်နေပြီးပူပန်နေလျှက်နဲ့ လက်သည်းကိုလည်းကိုက်ထားတာကြောင့် အခွံက ကွာလွန်းနေ၍ သွေးများကလည်းထွက်စပြုလာသည်။
အခု သူ၏စိတ်ထဲ၌ အတွေးတစ်ခုနဲ့သာပူပန်နေရ၏ တောင်လိုချင်သာယူသွားလို့သာပြောလိုက်မယ့်ပုံ။
"ပုံတိုင်းဆောင် ခင်များတစ်ခုခုဖြစ်နေတာလား"
"ကျွန်တော် မသေခင်မြင်သွားနိုင်ပါ့မလား"
"ဘာကိုလဲပြောလေ "
"ပျော်ရွင်မှုကိုလေ ကျွန်တော်တို့ချစ်ကြိုက်တာကိုလက်ခံပြီးပျော်ရွင်နေကြတဲ့မိသားစု
ကျွန်တော့်ကိုဆက်ချစ်ပေးနိုင်မယ့်ရာချီရဲ့ ပျော်ရွင်မှုတွေကိုပေါ့ "
"...."
"ဘယ်အချိန်မှများ လိင်တူချစ်ကြိုက်တာကို လက်ခံနိုင်ပါ့မလဲ ကျွန်တော် ပြောချင်တာလေ အချစ်ကလုပ်ယူထားတာမဟုတ်ဘူးဆိုတာကိုသာ မိဘတွေလက်ခံအောင်ပြောပြချင်လိုက်တာဗျာ "
"လက်မခံတာနဲ့လက်ခံတာကနှစ်မျိုးလုံးက 50% ဆီပုံသေရှိနေကြတဲ့အရာဘဲ
LGBT ကိုလက်ခံနိုင်တဲ့သူရှိသလို လက်မခံတာလည်းတစ်ဝက်လောက်ကရှိနေပြန်တယ်
ခင်များမိဘတွေက တောမှာနေလို့ အမြင်မကျယ်တာမဟုတ်နိုင်ဘဲသူတို့ရဲ့စိတ်ကိုက လက်မခံနိုင်သေးတာလဲရှိတယ်
အဓိက က ကိုယ်ရဲ့စိတ်ဘဲ သူတို့ရဲ့အမြင်ကိုဂရုမစိုက်ဘဲ ကိုယ့်ရဲ့ဖြစ်တည်မှုကိုသာ ဂရုစိုက်နေရမှာ လူတိုင်းကတူနေတာမှမဟုတ်တာဗျာ "
"...."
"ထားပါခင်များလက်ဆေးထည့်အုန်း "
အခုမှ လက်သည်းကိုက်တာသတိထားမိပုံရ၏
"အာ အင်း ပြန်ပါတော့ဗျ ကျွန်တော်တစ်ယောက်တည်းနေချင်လို့ "
ပြန်ခိုင်းပေမယ့်ဘယ်လိုလုပ်စိတ်ကဖြောင့်နိုင်မလဲ ။
"ခင်များမလုပ်တာလုပ်ရင် ခင်များချစ်ရသူရဲ့မျက်နှာကိုလဲအရင့်ကြည့်နေပေးပါ
ပြီးတော့ ဒီထက်စိတ်ဓာတ်ကျနေရင် စိတ်ကျရောဂါဝင်လာနိုင်တယ်လို့ ပြောတယ်နော်"
"......"
အားပေးစကားသိပ်မပြောတက်ပေမယ့် ဒီအားပေးစကားလေးကတော့အသုံးဝင်မည်လို့ သူထင်သည်။
အကြွေးဆပ်ဖို့သွားတာ အကြွေးဆပ်ဖို့မေ့ခဲ့၏ သို့ပေမယ့်လည်းနောက်မှသာလာဆပ်တော့မည်ဟုတွေးရင်းနဲ့ဘဲ ဆေးခန်းသို့ရောက်ခဲ့၏
"ဒေါက်တာ ရန်ရှင်းစွာခင်မျ"
"ကိုကို ဘာလာလုပ်နေတာလဲဗျ "
"ခင်များအခုထိ ကျုပ်ကို တာဝန်မယူပေးသေးဘူးနော် "
"ကိုကို တော်တော် တာဝန်ယူခံချင်နေတာလား ဟုတ်ပြီး ကျွန်တော်ယူရင် ကိုကိုမငိုနဲ့နော်"
"ငိုစရာလား အင့်"
"...."
ပြောလို့မှမဆုံးသေးဘူး ကျန်စစ်လက်ကိုဆွဲ၍ အဝေးဆုံးကိုထွက်ပြေးသွားခဲ့၏
ဘယ်ကိုသွားနေလဲမသိပေမယ့် ခနတာမို့အဝေးဆုံးကိုထွက်ပြေးနေခဲ့၏
အချိန်တော်အတန်ကြာရောက်လာတဲ့နေရာက တခြားရွာက အိမ်လေးတစ်အိမ်ဆီသို့။
"ခင်များ ကျုပ်ကိုဘယ်ခေါ်လာတာလဲ"
"ခိုးပြေလာတာလေ "
"ဆရာဝန်လေးရောက်ပြီလား ရှင့် ကျွန်မမျှော်နေခဲ့တာ "
ထွက်မေးလာတဲ့ အဒေါ်ကြီးကိုလည်းမစိမ်းမသက်ခံစားလိုက်ရ၏
"ခလေးရော အဆင်ပြေရဲ့လား "
ကြားထဲက ကျန်စစ်ကတော့ သူတို့ရဲ့အမေးအဖြေတွေကို နားမလည်နိုင်တော့ပါ။
"ဟိုအဖော်ပါလာတာလဲ နားပါအုန်းရှင့်"
"ခင်မျာ..ကျွန်တော့်ကိုလား"
"ဟုတ်တယ် ကိုကို့ ကိုလေ ထားပါ အပြင်မှာခနစောင့်ပေး ကျွန်တော်လူနာကြည့်ပေးရအုန်းမယ် "
သူပြောတဲ့စကားတိုင်းနားထောင်ပြီးသာ အပြင်မှာထွက်စောင့်နေပေးခဲ့၏
ခနကြာတော့ လူတစ်ယောက်သူ့ဘေးမှာလာထိုင်တော့ အလိုက်သတိဘဲ နူတ်ဆက်လိုက်၏ ။
အိမ်ကလူတွေရဲ့ပုံစံကိုသတိထားမိတော့
အားလုံးက အနာတွေကိုယ်စီနဲ့။
"အဘ တို့နဲ့နေရတာ ရွံရှာနေလားကွယ့်"
"မဟုတ်ရပါဘူးဗျ လူတွေထဲကလူဘဲ ဖြစ်တည်မှုတွေမတူပေမယ့် ကျွန်တော်မရွံပါဘူး"
"ကျေးဇူးပါကွယ် တကယ်တော့အဘတို့ ရောဂါတစ်ခုကိုခံစားနေရတာလေ
အဲ့ရောဂါကြောင့်အဘတို့နေတဲ့ရွာကလူတွေက အဘတို့ဆီကကူးမှာကြောက်လို့မောင်းထုတ်ကြတယ်လေ ဒါကြောင့် ဒီမှာဘဲတိတ်ဆိတ်စွာလာနေကြရတာပေါ့ "
"ဘယ်လိုလူတွေလဲဗျာ "
"ဒါကြောင့် အဘတို့ကလူကောင်းတွေကို မုန်းတီးနေခဲ့တာ ဒါပေမယ့် လူတွေကမတူကြဘူးဆိုတာကို ဒီဆရာဝန်လေးကသက်သေပြသွားခဲ့တာ "
"ဘယ်လို"
"ဟုတ်တယ်လေ ဆရာဝန်လေးက လမ်းမှားပြီး ဒီအိမ်ကိုရောက်လာခဲ့တာ အဘတို့ရဲ့အခြေအနေကိုမျက်နှာတစ်ချက်မှမရူံ့ဘဲ
သူလည်းလမ်းမှားလို့အကူညီလိုနေပေမယ့်
အဲ့တာကိုပါမေ့ပြီး ကျွန်တော်ကုပေးမယ်လို့အရင်ပြောခဲ့တာပေါ့ သူတစ်ပတ်လောက်နေသွားခဲ့ပေမယ့် အဘတို့ရဲ့ မျှော်လင့်ချက်တွေကသူနဲ့ကျမှပေါ်လာခဲ့တာလေ "
မထင်ထားလောက်အောင်ဘဲ ပြောရဲဆိုရဲတဲ့ ဒီလူသားက စိတ်သဘောထားပြည့်ဝနေပါလား။ဒီလိုဆရာဝန်မျိုးတွေ မြန်မာနိုင်ငံမှာ အများကြီးလိုအပ်နေခဲ့တာ။
<><>
အဆုံးထိရေးပြီးပြီရှင့်
တစ်ခါတည်းဖတ်ချင်ရင် တစ်ခါတည်းတင်ပေးရမလား။