ဆေးခန်းကိုရောက်တာနဲ့ ကျန်စစ်ကိုနေရာ၌ ထိုင်ထားခိုင်း၍ ရန်ရှင်းစွာ တစ်ယောက်
ဆေးဗုံးတွေလည်း ကိုယ်တိုင်ယူပြီး
အလုပ်ရူတ်နေတာတောင် စိုးရိမ်ဟန်နဲ့
ဆေးထည့်ပေးနေရသည်။
"အာ့ ဖြည်းဖြည်းလုပ်ပါဗျ "
"အင်း.."
လက်တွေတုန်နေတာကိုတော့ကျန်စစ်တွေ့နေရ၏ အခုလည်းပြောသာမပြောတာ စိတ်ပူနေတာကိုတော့မြင်နေရတာကြောင့်
"စောနကတော့မတားဘဲနဲ့အခုမှစိတ်ပူနေတယ်"
"ကိုကိုက အချိုးမှမပြေတာ"
"ဘာဗျ မပြေတာ ခင်များလေ ခင်များကြောင့် ကျုပ်အပြောခံရတယ် အနာခံရတယ်လေ"
"အင်းပါးစပ်ပိတ်ထား"
"ခင်များကတော့ အမြဲကိုယ်လုပ်ချင်တာလုပ်တယ် "
"...."
"သူများဘက်ကိုလည်းမကြည့်ဘူး"
"...."
"ဒါများဆရာဝန်တဲ့ "
"...."
"ခင်များက တစ်ဦးတည်းသောသားလား"
"...."
"တွေ့လားအခုလည်းပြန်မဖြေဘူး"
ဆရာဝန်အလုပ်သာလုပ်နေခဲ့တာ
အာရုံအများကြီးမစိုက်နိုင်ဘဲ တစ်ခုဆိုတစ်ခုဘဲလုပ်တက်သည်။ဒီအနာကိုဆေးထည့်ရမယ်လို့ ကိုယ့်ကိုကိုယ်ဆုံးဖြတ်ပြီးရင် တခြားဘယ်လူနာဘာဖြစ်ဖြစ် အာရုံမရတော့တာကြောင့် အခုလည်း ဒီအနာကိုသာအာရုံစိုက်မိနေ၏
"ကိုကို မျက်လုံးခနမှိတ်ထားပေးနိုင်မလား"
"...."
ပြောတဲ့အတိုင်း မျက်လုံးမှိတ်ပေးလိုက်တာနဲ့
သူ၏ လက်သူကြွယ်နုနုလေးထံ၌ ဆေးထည့်ပြီး ထိုဒဏ်ရာလေးထပ်ကို ငြင်သာစွာလိမ်းထည့်ပေးနေပေမယ့် ကိုကို့ထံသို့ မကောင်းတဲ့စိတ်တွေဝင်မိမှာကိုလည်း ကိုယ့်ကိုတိုင်ကတားယူနေရတဲ့အထိ။
"....."
တစ်ဖက်လူကျန်စစ်ရဲ့ထံမှာလည်း ထိုအထိအတွေ့လေးက နူးညံ့လွန်းလို့ ဒီတိုင်းလေးသာ ငြိမ်နေချင်ပေမယ့် မဖြစ်နိုင်တဲ့ကိစ္စတစ်ခုသာ။
"ကိုကို.."
မျက်လုံးမှိတ်ထားတာကြောင့် ဒီအသံလေးက
ပိုလို့တောင်သူ၏ နားထဲသို့ဆွဲငင်နေခဲ့၏။
ဖွင့်ကြည့်မိတဲ့ အချိန် သူ့ရှေ့၌ နီးကပ်လာတဲ့ဒေါက်တာရဲ့ အပြုံးက ချိုသာနေလွန်းလို့မေ့မရနိုင်ဖြစ်နိုင်လိမ့်မည်။
ထိုအချိန်မှာဘဲနီးကပ်လာတဲ့ ဒေါက်တာရဲ့
နူတ်ခမ်းက သူ့ရဲ့ နူတ်ခမ်းထပ်ထံသို့ကျရောက်သွားခဲ့၏
ပြွတ်စ်!
"ခင်များ.."
"ပြန်လို့ရပြီ "
"ဘာဗျ "
တစ်ခုခုကိုနစ်နာသလို ရုတ်တရက် မတ်တပ်ရပ်လာခဲ့ပြီး ဒေါက်တာ့ထံသို့ လက်ညိုးထိုးပြီးမှ
"ခင် ခင်များ စားပြီးနားမလည်မလုပ်နဲ့လေ "
"ကျွန်တော်လူနာတွေကိုဆေးကုပေးရအုန်းမယ်ဗျ "
"ဒီ!!ဒီမှာ!!နေအုန်းလေ"
ထိုလူကတော့ ပြောချင်တာပြောပြီးထွက်သွားတာလှည့်ကိုမကြည့်တော့ပေ။
ကျန်နေခဲ့တဲ့ ကျန်စစ်ခင်မျာ ပထမဆုံးအနမ်းလေးကြောင့် ထိုင်မရ ထမရကိုဖြစ်လို့..
<><><>
အစေ့ချပြီး ပြန်လာတဲ့အချိန်
ရာသီဥတု သာယာနေခဲ့လို့ ကျေနပ်နေခဲ့ပေမယ့် ဖခင်ဖြစ်သူကို မြင်လိုက်ရတာကြောင့်
မုန်တိုင်းကလည်း သူ့လိုလိုကျရောက်သွားသလိုခံစားခဲ့ရ၏
"ရာချီ ကိုယ့်အဖေ တစ်ယောက်လုံးကိုမြင်တာတောင် နူတ်ဆက်ဖို့မေ့လောက်အောင်ထိ ဖြစ်နေတာလား"
"နူတ်ဆက်ဖို့မေ့နေတာမဟုတ်ဘဲ တမင်မနူတ်တာပါ "
ဟုတ်သည် ကိုယ့်ဘက်ကဘဲ အပြတ်ဖြတ်နိုင်ဖို့ဘဲလိုသည်။
"မင်းကတော့ပုံတိုင်းနဲ့ရတာနဲ့ တနေ့တခြားက အဖေကိုအဖေမှန်းမသိရိုင်းစိုင်းလာပါလား"
"အဖေ လူကြီးဖြစ်ပြီး အခုထိမရင့်ကျက်သေးတာလား အဖေ့စကားက အဖေကိုယ်တိုင်ပြုလုပ်နေခဲ့တဲ့အရာပါဗျ
ကျွန်တော်ကတော့ကိုယ့်မိဘမို့လို့ ကိုယ်ပိုင်တာလေး စားစေချင်တာကြောင့်ပေးပေးမိပေမယ့် အဖေကတော့ လွတ်ပစ်ရက်ပါလား
ဘယ်လိုတောင်လဲအဖေရာ "
"ငါကမင်းလိုကောင်ပေးတာကိုယူစရာလား
တကယ်လို့ ပေးချင်ရင်လည်း အဲ့ပုံတိုင်းနဲ့ ပြတ်မှလာပေး ငါအကုန်လက်ခံပေးမယ်"
"အဖေနစ်နာသလိုလုပ်မနေပါနဲ့ တကယ်တမ်းကျွန်တော်နဲ့ရလို့နစ်နာက
ပုံတိုင်းပါ တကယ်တော့ ပုံတိုင်းလိုလူလိမ္မာသားသမီးက ကျွန်တော့်လိုမိမဆုံးမ ဖမဆုံးမလိုကောင်နဲ့ရသွားတာဘဲအဖေ့ဘက်ကကျေးဇူးတင်နေရမှာ ဒါပေမယ့်
ဘယ်လိုလုပ်မလဲ ကျွန်တော်ကပုံတိုင်းနဲ့မပြတ်နိုင်တာမို့ အဖေတို့နဲ့ဘဲဝေးရာနေပေးမယ် အဟမ့် အခုထိကိုယ့်ရဲပိုက်ဆံတောင်အကုန်မခံနိုင်ဘဲ ကျွန်တော့်ကိုပြန်ခေါ်ချင်နေတာဘဲ ပုံတိုင်းနေရာမှာသာ ပြန်ပေးဆွဲသမားဆို ကျွန်တော်က သေနေလောက်ပြီနော့"
နူတ်နဲ့ဆိုရင်တော့အရာအားလုံးကိုအပြတ်ဖြတ်နိုင်ပေမယ့် စိတ်ထဲမှာတော့ ဒါက မဖြစ်နိုင်တဲ့ကိစ္စလေ။
သို့ပေမယ့် သူတို့ နှစ်ယောက်ရဲ့ ပျော်ရွှင်မှုကို ဖြတ်တောက်နေတာကလည်း နှစ်ဖက် မိဘ အပြင် ရှိမနေခဲ့။
"အစ်ကိုရေ..."
"အစ်ကို "
အရင်လို ဆိုင်ဝလေးမှာ စာအုပ်ဖတ်လျှက်နဲ့
ဧည့်ခုံပေါ်မှာ ရေနွေးခွက်လေးနဲ့ ထိုင်စောင့်နေတဲ့ပုံရိပ်လေးက ဒီနေ့ကျတော့ ပျောက်ကွယ်သွားပြန်သည်။
ဒီအစ်ကိုကိုလည်းသူ သင်္ချာလိုမျိုးပုံသေနည်းနဲ့သာ အနားနားမှာဘဲ အမြဲထားချင်မိသည်။
"ပုံတိုင်းရေ ပုံတိုင်း"
"ပုံတိုင်းမရှိဘူး ဘာလိုချင်လို့လဲ"
ဆိုင်ရှေ့က တစ်စုံတစ်ယောက်ရဲ့ အော်သံကြောင့်တုံ့ဆိုင်းချင်းမရှိ ထွက်လာခဲ့၏
"မင်းညွန့်စိန်ဘဲ ဘာကိစ္စနဲ့လာတာနဲ့ "
"ဟိုဘက်ရွာမှာအပေါင်ဆိုင်မရှိလိူ့ ဒီမှာလာ
ပေါင်တာ "
"ဘာပေါင်တာလဲ "
"ရော့ ဒါလေး "
ဘောက်နီလေးတစ်ခုနဲ့ လာပေါင်တဲ့ ပစ္စည်ကိုဖွင့်ကြည့်လိုက်တော့ ရာချီ အင်အားသင့်မိခဲ့၏ဒီလိုကောင်က ဒါတွေရှိနေစရာအကြောင်းမှမရှိဘဲ။
"ဒီပစ္စည်းက ခိုးရာပါတော့မဟုတ်ဘူးမလား"
"မဟုတ်ဘူး ငါ့အမေဟာ သူ့ဆေးဖိုးအတွက်လာပေါင်တာ "
"ဘယ်လောက်ဈေးဆိုယူမလဲ"
"ရသလောက်ဈေးနဲ့ပေး"
"ရော့ရော့လက်မခံဘူး ဒီလောက်တန်ဖိုးရှိတဲ့လက်ဝတ်ရတနာကို ရသလောက်ဈေးနဲ့ဖြတ်ထဲက ဒါသူခိုးဈေးဘဲ"
"ငါမင်းကိုမဟုတ်ဘူးလို့ပြောနေတယ်လေ ငါအမေတစ်ခုခုဖြစ်ရင် မင်းတာဝန်ယူမှာလား"
"ခန ငါပိုက်ဆံထုတ်ပေးမယ် ခိုးရာပါလို့လာစစ်ဆေးတဲ့အခါ ငါကမင်းနမည်ကိုသုံးမှာနော်"
"အေအေကျေးဇူးဘဲ"
ရာချီကတော့ မယုံကြည်ပေမယ့် ရှေ့နောက်မကြည့်ဘဲ ပိုက်ဆံသာထုတ်ပေးလိုက်၏
ဘယ်လိုသားသမီးကမှ မိဘနေမကောင်းဘူးဆိုပြီး လိမ်မှာတော့ မဟုတ်လောက်ပေ။
<><><>
"ဒီမှာ ခင်များ!!"
"အမေ!!"
ဆေးရုံက အပြန် တစ်စုံတစ်ယောက်ရဲ့အောံသံကြောင့် ဒေါက်တာ တုန်လန့်သွားခဲ့ရ၏
"ကိုကို မဟုတ်မှ နေ့ခင်းထဲက ဒီမှာရှိနေတာလား"
"ဒါဆို နေခင်းထဲက ကျွန်တော်ပြန်မယ်လို့ခင်များထင်နေတာလား ကျွန်တော်ကလေ"
ကိုယ့်ကိုကိုယ် လက်ညိုး တစ်ထိုးထိုးပြောနေပေမယ့် ဒေါသထွက်နေတဲ့ပုံတော့ မပေါ်ခဲ့။
ရုတ်တရက် သူရဲ့ ခြေလှမ်းက ခုံတန်းလေးထံသို့ကျရောက်သွားတာကြောင့် သူပါလိုက်ထိုင်၏လိုက်သည်။
"အင်းပါ ဘာလို့မပြန်တာလဲ ကျွန်တော်ကတော့အလုပ်ပြီးပြီဆိုတော့ပြန်ရတော့မာ"
"ခင်များ အဲ့လို စားပြီးနားမလည် လုပ်လို့ရမလားဗျ "
"ဒါဆို နားလည်စေချင်တာလား အာ့ဆိုလဲ နားလည်ပြီးတော့ ကိုကို့ကိုယူမယ်လေ"
"ဘာလို့ကိုကိုလို့ ခေါ်နေရတာလဲဗျာ သေချာကြည့်ရင် ကျွန်တော်ကငယ်တာကို"
"ကိုယ်ချစ်တဲ့သူကို ဘယ်လိုနာမ်စားဘဲဖြစ်ဖြစ်ခေါ်ခွင့်ရှိတယ်လေဗျ"
"ခင်များကတော့..."
ချက်ချင်းဆိုသလို ဆူပုတ်ပြီးဟိုဘက်လှည့်သွားတဲ့ ကျန်စစ်ရဲ့ အရှေ့၌ကို သူ့ကဘဲ ကွယ်လျှက် ရင်မောစရာအပြုံးတွေနဲ့ ပြုံးပြလိုက်၍
"ဒါဆို ကျွန်တော်ပြန်ပြီနော် "
ရှင်းမယ်ဆိုတိုင်းပြောစရာစကားတွေထွက်မလာတော့တာကို တကယ်ရင်နာမိ၏
ပြန်တွေးကြည့်တိုင်း ငါက ကျန်စစ်မှဟုတ်ရဲ့လားဆိုသည့်အတွေးပင်။
မပြောရဲလို့လား မပြောသင့်လို့လား
မပြောရက်လို့လားပင်။
"အမ ဧကရီ ခနထွက်ခဲ့ပါအုန်း"
"....."
"အမ!"
အမဧကရီ သူ့ကို ရုတ်တရက်ရှောင်နေတာကို သူသတိထားမိပါသည်။
ဟိုနေ့က ကိစ္စကြောင့် တစ်နေကုန် သူ့စိတ်နဲ့ စိတ်ပူနေပေမယ့် ဒီအမကတော့ ဖြေရှင်းချက်တစ်ခုမှ မလာခဲ့။
"အမ! အမ မထွက်ရင် နှင်းရည်ကိုတစ်သက်လုံးလာမခေါ်နဲ့"
ဒါမှ နှင်းရည်ရဲ့ပုံစံ အစစ်သာဖြစ်လိမ့်မည်။
နဂိုတည်းက အချစ်မှာတောင် ကိုယ်မရရင် လှည့်မကြည့်တော့လောက်အောင်စိတ်မရှည်တက်တဲ့နှင်းရည် ရင်းနှီးသာတောင်မကြာသေးတဲ့ သူအတွက်လည်းစိတ်ရူတ်မခံနိုင်ပါ။
ဧကရီကတော့ ထိုမှသာ ထွက်လာခဲ့ပြီး နှင်းရည်အရှေ့၌ အမြန်ပြေးရပ်လိုက်၍
"အမ တောင်းပန်ပါတယ် "
"အမကဘာလဲ ကိုယ့်ကိုကိုယ်မှားတယ်လို့ခံစားရတာလား ဒါဆိုလဲဘာလို့ရှောင်နေလဲ
နှင်းရည်ကတော့ကိုယ်နဲ့ရင်းနှီးနေတဲ့သူမို့စိတ်ရှည်ရှည်နဲ့မေးလိုက်ပေမယ့် အမကတော့ မတူသလိုဆက်ဆံ..."
"ထပ်ချစ်မိမှာဆိုးလို့ပေါ့!"
"...."
ထွက်ပေါ်လာတဲ့ ဧကရီရဲ့စကားသံကြောင့်
နှင်းရည်ကိုယ်တိုင် တိတ်ဆိတ်သွားခဲ့ရ၏
"အမက နှင်းရည်တို့အစ်ကိုလိုဘဲ လိင်တူကြိုက်သူ ဒါပေမယ့် အမ ဘယ်သူကိုမှ ထပ်မချစ်ရဲတော့ဘဲ ဒီတိုင်း ဒီတိုင်းလေးဘဲနေချင်တယ်"
"အဲ့တာ နှင်းရည်နဲ့ဘာဆိုင်လဲ အမဘာသာ လိင်တူဘဲကြိုက်ကြိုက် မကြိုက်ကြိုက်
နှင်းရည်သိချင်တာအဲ့အဖြေမဟုတ်ဘူး
အမမှာရောဂါများရှိနေမလားဆိုတာသိချင်နေတာ "
"အမ ချစ်နေခဲ့တာ နှင်းရည်ဖြစ်နေလို့
နှင်းရည်ကဘဲအမချစ်တဲ့သူဖြစ်နေလို့
နှင်းရည်ကို အမ မဆုံးရူံးချင်တာကြောင့်
အခု နှင်းရည်ပြောသလို အမရဲ့ရောဂါ ထပ်မချစ်ရဲတဲ့ ရောဂါဘဲ "
အချစ်စစ်ဆိုတာ ပူလောင်ရမြဲဘဲတဲ့။
အခုလည်း နာနာကျင်ကျင်နဲ့သာ မနည်းပြောနေရတဲ့ စကားတွေမို့လို့ ကိုယ့်ရှေ့က ကောင်မလေးရဲ့ မျက်နှာကိုတောင် မကြည့်ရဲတဲ့အထိ။
"ဧကရီ ဘာဖြစ်တာလဲ "
"...."
မြပိုးနွယ်ကရောက်လာတာကြောင့်စိတ်ပူဟန်နဲ့မေးခဲ့ပေမယ် ဧကရီကတော့ မြိုသိပ်ထားလျှက်။
"နှင်းရည်နင်မဟုတ်မှ ငါ့သူငယ်ချင်းကိုအိမ်ထိ စိတ်ဒုက္ခလာပေးနေတာလား!"
"စလာထဲက ကျက်သရေကိုမရှိဘူး "
"ဒီ!!!"
"အမဧကရီ နှင်းရည်ပြန်ပြီ အမအကြောင်းရင်ဖွင့်ချင်တယ်ဆိုရင် အချိန်မရွေးနှင်းရည်ရှိနေပေးမယ် "
နှင်းရည် ပြန်သွားတော့မှ နှင်းရည် နောက်ကျောပြင် လှလှလေးကိုကြည့်ပြီး
မနည်းနင်းကန်အောင့်ထားရတဲ့ မျက်ရည်တွေကလည်းအရှက်မရှိစွာ ကျရောက်လာခဲ့၏။
"ဧကရီ ရလား ငါရှိတယ်နော်ဘာမှမဖြစ်ဘူး "
"ငါဘယ်လိုလုပ်ရမလဲ ငါ ငါ ပြန်ချင်တာဘဲသိတယ် "
"အချိန်ကျရင်တော့ငါတို့ပြန်ပါ့မယ်"
"ငါလေ အဲ့ညီမလေးကို မြင်တိုင်းမြတ်နိုးရာကိုဘဲ သတိရမိနေတာ "
"တော်ပြီအဲ့တစ်ယောက်ကိုထည့်မပြောနဲ့တော့ ငါတို့မြန်မြန်မေ့အောင်လို့ သူ့ကိုမသိသလိုနေခဲ့ပေမယ့် နင်အခုထိ မမေ့ပစ်နိုင်ဘူးလား စိတ်ဓာတ်ကိုမာမာလေးထားစမ်းပါအုန်း"
မြပိုးနွယ် စိတ်မရှည်ဟန်နဲ့ထွက်ဖို့လုပ်လ်ုက်ပေမယ့် သူ့လက်ထဲက အနီရောင်ဗူးလေးက
မျက်လုံးထံသို့ စွဲစွဲမက်မက်ကိုရောက်ရှိလာခဲ့၏
"မြပိုးနွယ် အဲ့တာဘာလဲ"
"ဪ ဒါလားငါကြွားအုန်းမယ် ရွာထဲက ငါ့နဲ့ကြိုက်နေတဲ့သူပေးလိုက်တာလေ "
"ဘယ်လို နင်ဘယ်တုန်းက ရွာသားနဲ့ကြိုက်ရတာလဲ "
"ဒီရွာကမဟုတ်ဘူးစိတ်ချ "
ဘူးထဲက ထွက်လာတဲ့ဆွဲကြိုးလေးကရောင်တောက်လျှက် ဝင်းပနေ၏ တန်ဖိုးကြီးလောက်တဲ့အထဲပါနိုင်သည် ။
"မဟုတ်မှ သူငှေးသားလား "
"အဲ့လိုတော့မသိပေမယ့် အားကိုးရတယ်လေ
သူမှာ မိန်းကလေးတစ်ယောက်ကိုဒီလိုပေးနိုင်တဲ့ အရည်အချင်းရှိနေတာကို "
"နင်!!နင်ကတော့ပစ္စည်းပေးတာနဲ့ တန်းကြိုက်စရာလား"
"နင့်ကငါ့အမေလား ဝင်မပါစမ်းပါနဲ့"
မြပိုးနွယ်ရဲ့အကျင့်ကိုကောင်းကောင်းသိနေသည် သူကဆရာမသာလုပ်နေခဲ့တာ
လမ်းတစ်ခုတည်းကို အတည်တကျ မရွေးနိုင်တဲ့သူ အသက်အရွယ်ရှိနေပေမယ့် စိတ်ကစားသေးတဲ့အပြင် တစ်ဦးတည်းသော သမီးမို့ တကိုယ်ကောင်းဆန်သေး၏
အခုလည်းဘယ်သူလဲမသိတာတောင် ဒီဆွဲကြိုးလေးတစ်ကုံးကြောင့် အချစ်ကိုလက်ခံလိုက်တယ်တဲ့လား။