သူကြီးသားကကျွန်တော့်အပိုင်[ပု...

By Shinn-0813

302K 14.1K 677

ပုံတိုင်းဆောင် +ရာချီဒွေး သူကြီးသားလေးနဲ့ အပေါင်ဆိုင်သားလေးတို့ကိုဖတ်ပေးကြပါအုန်းရှင့် တောရွာပုံစံလေးကိုမှ ကြ... More

intro
1(Unicode)
1(ZawGyi)
2(Unicode)
2(ZawGyi)
3(Unicode)
3(ZawGyi)
4(Unicode)
4(ZawGyi)
5(Unicode)
5(ZawGyi)
6(Unicode)
6(ZawGyi)
7(Unicode)
7(ZawGyi)
8(Unicode)
8(ZawGyi)
9(Unicode)
9(ZawGyi)
10(Unicode)
10(ZawGyi)
11(Unicode)
11(ZawGyi)
12(Unicode)
12(ZawGyi)
13(Unicode)
13(ZawGyi)
14(Unicode)
14(ZawGyi)
15(Unicode)
15(ZawGyi)
16(Unicode)
16(ZawGyi)
17(Unicode)
17(ZawGyi)
18(Unicode)
18(ZawGyi)
19(Unicode)
19(ZawGyi)
20(Unicode)
20(ZawGyi)
21(ZawGyi)
22(Unicode)
22(ZawGyi)
23(Unicode)
23(ZawGyi)
24(Unicode)
24(ZawGyi)
25(Unicode)
25(ZawGyi)
26(Unicode)
26(ZawGyi)
27(Unicode)
27(ZawGyi)
28(Unicode)
28(ZawGyi)
29(Unicode)
29(ZawGyi)
Final part(Unicode)
Final Part (ZawGyi)
အသိပေးခြင်း

21(Unicode)

5K 325 47
By Shinn-0813

ထို အခြေအနေမှာ အတင်းလွှတ်ဖယ်နေပေမယ့် ပုံတိုင်းကလည်း မြင်နေကျပုံစံနဲ့ မဟုတ်ပေ။

ပြွတ်စ်!!!!

"အာ့ ဖယ် ခင်များ! "

ပြွတ်စ်!!!!

ဒီတစ်ခါ သူရုန်းနိုင်ဖို့ အားမရှိဘဲ ပြန်လုပ်ဖို့လဲ အားမရှိတာကြောင့် သူပြုသမျှခံနေရ၏
ဒါကလဲ ခံစားချက်က ကောင်းနေတာကြောင့်

အခုချိန်မှာ ရှင်းပြတာကိုမကြားချင်တော့ဘဲ သူလုပ်တာဘဲခံချင်နေသည် ဒီခံစားချက်ကလည်းခံဖူးတဲ့သူဘဲသိနေမှာလေ။

"ကိုယ်မလုပ်ခဲ့ဘူး"

စကားမပြောဘဲ ပြီးတဲ့အထိလုပ်ပေးရင် သိပ်ကောင်းမည် ။

"ရာချီ ကိုယ့်ကို ကြည့်ပါအုန်း "

မကြည့်ချင်ဘူး အနမ်းဘဲခံချင်တာလို့ ခင်များကအရိပ်အကဲမသိတော့ ကျုပ်ကနှာဘူးဖြစ်နေရပြီ ။

"ရာချီ.."

ကဲဒီလောက်ထိ ခေါ်ချင်နေတဲ့ကောင် လုပ်ရတာ ဖီးလ်ပျက်တယ်။

"ဖယ်တော့ "

"...."

"ဖယ်လို့ !!!"

"အာ့ "

"ခင်များ ဘာဖြစ်တာလဲ"

အနမ်းတွေမပြတ်သေးဘဲ ရုတ်တရက် ယိုင်ကျသွားပုံတိုင်း ကြောင့် ရာချီ စိတ်ပူကာ

"ပုံတိုင်း ပုံတိုင်း!"

"ရတယ် ကိုယ်ဘာမှမဖြစ်ဘူး "

"ခင်များအဖျားမကျသေးဘူးလား"

ဘုတ်!! (လဲကျသည့်အသံ)

"ပုံတိုင်း!"

"ပုံတိုင်းဆောင် !!"

"တိုင်း!"

"အစ်ကို .."

ခေါ်နေကျ ‌နမည်တွေနဲ့ မျိုးစုံခေါ်ပေမယ့် ထူးဖို့တောင် အားမရှိတော့တဲ့ပုံတိုင်းကတော့ ကြမ်းပြင်ပေါ်၌ အိပ်စက်သွားရ၏
အော်ခေါ်နေတဲ့ သူကတော့ စိုးရိပ်ပူပန်စိတ်တွေကြီးလွန်းနေပြီး မျက်ရည်တွေကျနေတာကြောင့် ပုံတိုင်းရဲ့ အင်္ကျီ၌ထိုမျက်ရည်စလေးတွေကလည်း ဖုံးလွှမ်းသွားရ၏။

<><><>

"အာ....အင်းဟင်း"

"လူနာ မင်း သတိရပြီလား "

"ဗျာ "

ခေါင်းကြီးတစ်ခုလုံးလေးနေခဲ့ပြီး
မနည်းအားယူပြီး ထလာခဲ့ရ၏
ဘေးပတ်ပတ်လည်ကိုကြည့်တော့လည်း
ရွာကဆေးခန်းလေး၌ ရောက်နေခဲ့တာဘဲ။

"ရာချီဒွေးရော "

"ဪ ဟိုတစ်ယောက်လား ပင်ပန်းနေတယ်ထင်လို့ ပြန်နားခိုင်းလိုက်ပါပြီ နှစ်ရက်တောင် ဘာမှမစားဘဲ ဆက်တိုက်စောင့်နေရတော့ သူပါထပ်ပြီးဖျားသွားမှာဆိုးလို့လေ "

"နှစ်ရက်တောင် ကျွန်တော် အိပ်ပျော်သွားတာလား ကျွန်တော်တစ်ခါမှဒီလိုမဖြစ်ဖူးပါဘူး "

"မင်းအခုတလော အိပ်မပျော်ခဲ့ဘူးမလား
ငါတို့က ဆရာဝန်ဆိုတော့ လူနာဘယ်လိုနေခဲ့လဲ ခန်းမှန်းနိုင်တယ် မင်းက စိတ်ဖီးစီးမှုတွေကြောင့် အခုလို မေ့လဲတဲ့အထိ ဖြစ်တာ
ရိုးရိုးဖျားတဲ့သူက ဒီလိုမဖြစ်ဘူး‌လောက်
လေ"

"ဟုတ်ကဲ့ပါ ကျွန်တော်ဆင်ခြင်ပါ့မယ်"

"ဆင်ခြင်ပါ့မယ်ဆိုပြီး စိတ်ထဲက ဟာတွေကိုလည်းအခုဆိုခုဖျောက်မလိုက်နဲ့ ဖြည်းဖြည်းချင်း မေ့ပစ်သွားရမယ် စိတ်ဖီးစီးမှူတွေက စိတ်ကျ ရောဂါပါ ဝင်လာနိုင်တယ် ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါ "

"အေအေ မင်းရဲ့လူနာရှင်ကို အကြောင်းကြားပေးမယ် သူ့မှာ နှစ်ရက်လုံး ငိုယိုနေတာ ပင်ပန်းလောက်ရောပေါ့ "

သူသိနေခဲ့တာပေါ့ သတိသာ မရခဲ့တာ
သတိလစ်နေတုန်းက သူ့ရဲ့ ငိုသံလေးတွေက အိပ်မက်တွေနဲ့ပါ ရောခက်နေတာကို..

"ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် "

"ဒါနဲ့လေ အခုတလော မင်းတို့ဆက်ဆံ‌တာတွေ နားထားရမယ်နော် အတွင်းထဲက နာကျင်လာတဲ့အခါ ‌မပျောက်သေးတဲ့အဖျားကပါ ပိုတက်လာလိမ့်မယ်"

"ဘယ်လို "

"ငါတို့က ဆရာဝန်တွေဆိုတော့ လက်ခံရတယ်လေ ဒါကြောင့် သူတို့ရဲ့အဖြစ်တွေကိုလည်း လေ့လာရတာပေါ့ "

" အဲ့တာ ကျွန်တော်ဆိုင်နေလို့လားဗျ "

"မင်းနဲ့လည်းဆိုင်တယ် ငါတို့နဲ့လည်းဆိုင်တယ် အကယ်၍ မင်းသာတစ်ခုခုထပ်ဖြစ်လာရင် ငါတို့ဘဲ တာဝန်ကြီးရမယ်လေ
ပြီးတော့ ရာချီဒွေးဆိုတဲ့ တစ်ယောက်ကဇိုးဇိုးဇက်ဇက်လေး ဖြစ်မယ်ထင်တယ် ဒါကြောင့် အား တော်ပြီတော်ပြီ ရှောင်ထားအုန်းကြားလား"

"‌ဆရာအခု ကျွန်တော့်ကို.."

"နားလည်ပါတယ် မင်းတို့လို အောက်ကလူတွေက အောက်ရောက်တယ်လို့အပြောခံရရင် ရှက်တက်ကြတယ်လေ အဟီးဟီး "

"ဗျာ..ဗျာ ဗျာ"

"တစ်ခုခု နားမလည်တာရှိရင် ငါ့ကိုလာတိုင်ပင်ဟုတ်ပြီလား ငါလည်း gay တစ်ယောက်ဘဲ ရည်းစားတော့မရှိပါဘူး ဒါပေမယ့် နည်းပြတွေက ဘယ်တော့မှ ဝင်မကစားဘူးလေ "

"ဒါနဲ့ ဆရာ့ကို ကျွန်တော့်မမြင်ဖူးဘူးနော် "

"အာ မိတ်ဆက်ဖို့မေ့နေတာဘဲ ငါက တောင်ကြီးကနေ ဒီရွာလေးကို တာဝန်ကျတဲ့ ဒေါက်တာရန်ရှင်းစွာလေ "

"ဟုတ်ကဲ့ပါဗျသွားလို့ရပါပြီ ကျွန်တော်မလိုအပ်တော့ပါဘူး "

"မရှက်နဲ့သိလား ဆရာဝန်နဲ့လူနာကြားကဆက်ဆံရေးက ရှက်စရာမှမဟုတ်တာ
မင်းကသာ ခံနိုင်ရည်ရှိအောင်ကြိုးစားထား
ငါလည်း ဒီရွာလေးမှာ သဘောကျနေတဲ့သူလေးပေါ်လာလို့ ဆက်ပြီးအခြေချရအုန်းမယ်ထင်ပါနဲ့ အဟိ"

"ဘယ်သူမေးလဲ "

"‌မမေးလဲ ဖြေတယ် ဂရုစိုက်အုန်း "

သူထွက်သွားတာနဲ့အမျှလိုက်ကြည့်နေမိ၏
ဆရာဝန်ထဲမှာ ဒီလို ဇိုးဇိုးဇက်ဇက် နိုင်တာကို မမြင်ဖူးခဲ့သေးပင်။ပြီးတော့ လူကိုများ ဘယ်ဟာကိုကြည့်ပြီး ဘယ်လိုထင်သွားရတာလဲ။

<><><>

ဆေးရုံက အစောင့်တစ်ယောက်က လာခေါ်ပေးတာကြောင့် သူလည်း နားလို့ဝတော့ ဆေးရုံကို အမြန်သွားမယ်လုပ်နေတုန်း

"ငါ့သား ဒီလိုဖြစ်တာမင်းကြောင့်!!"

ဖြန်း!!!!!

တစ်ခါမှ မ‌ကြားဖူးသည့်မာထန်တဲ့ အသံနဲ့
လျှင်မြန်စွာ ရိုက်ခဲ့တာကြောင့်
ရာချီရဲ့ ပါးက စပ်ဖျင်းဖျင်း ခံစားလိုက်၏

"ဂျီးတော်.."

"‌ငါ့ကို အဲ့လို လာမခေါ်နဲ့ မင်းကြောင့် ငါ့သားတစ်ခုခုထပ်ဖြစ်ရင် ဒီတစ်သက်ဘယ်တော့မှခွင့်မလွှတ်ဘူး "

ဂျီးတော်၏ ပုံစံက ဒီလိုဖြစ်နေလိမ့်မယ်လို့သူမထင်ခဲ့ပါ ဂျီးတော်ကပါ တော်တော်လေးပြောင်းလဲလာခဲ့တာ။

"ဘာကြောင့် ကျွန်တော့်ပါးကို ရိုက်ရတာလဲ"

"ရိုက်ရုံတင်မကဘူး မင်းကိုအသေသတ်ပစ်ချင်တာ အခုလေ မင်းကြောင့်ဘဲ ငါ့သားက သူ့အဘ ရောဂါဖြစ်နေတာကိုတောင်မမြင်နိုင်တော့ဘဲ စုံလုံးကန်းနေတာဟဲ့ ဘယ်လို မြူဆွယ်ခဲ့လဲ မသိပေမယ့် ငါ့သားကို ငါ့ဆီပြန်ပေးပါ ရာချီရယ် ငါတောင်းဆိုပါတယ် "

ကျွန်တော် အမုန်းဆုံးနဲ့အကြောက်ဆုံးစကားက မင်းကြောင့် ဆိုတဲ့စကား။
ဒီစကားကို အရမ်းကြောက်သည်
(မင်းကြောင့်ငါတို့ပျော်ရွှင်ခဲ့ရသည်)
(မင်းကြောင့် ငါတို့ဒုက္ခရောက်နေခဲ့တာ) ဒီစကားကလူတစ်ယောက်ကို ပျော်ရွှင်နိုင်သလို အဲ့စကားကဘဲ လူတစ်ယောက်ကိုသတ်နိုင်သည်။

"ဂျီးတော်ဘက်က အပြတ်ပြောနေပြီဆိုတော့ ကျွန်တော်လည်း အပြတ်ပြောပါ့မယ် ကျွန်တော် ပုံတိုင်းကို အောက်လမ်းနဲ့ပြုစားထားတာမဟုတ်သလို ခြေထောက်တွေ ရိုက်ချိုးပြီး ဖမ်းချုပ်ထားတာလဲမဟုတ်ပါဘူး
ကျွန်တော် သူ့ရဲ့ရွေးချယ်မှုအားလုံးကို မပိုင်သလို သူ့ရွေးတဲ့လမ်းမှာဘဲ ကျွန်တော်ဆက်လျှောက်နေမှာပါ ဂျီးတော်က ပြန်ခေါ်ချင်တယ်ဆိုရင်တော့ ဂျီးတော်ရဲ့သားကိုသာ သွားပြောလိုက်ပါ သူဆယ်နှစ်ကလေးမဟုတ်သလို ကျွန်တော့်ထက်တောင် ရင့်ကျက်တဲ့သူတစ်ယောက်ပါ သူရဲ့ရွေချယ်မှုကိုသာ ကျွန်တော်က အလေးထားပေးပြီး
သူက ကျွန်တော် ကို့ မလိုတော့ဘူးဆိူပြီးထားသွားရင်တောင် ကျွန်တော်က ခံနိုင်ရည်ရှိအောင် ကျန်ရစ်ခဲ့ပေးမှာပါ "

"....."

"ဒါပေမယ့် ကျွန်တော့်ဘက်ကတော့ သူကိုလုံးဝထားသွားမှာမဟုတ်ပါဘူး ဂျီးတော်တို့ဘက်ကလာတောင်းဆိုတိုင်းကျွန်တော်က လက်လွှတ်ပေးရအောင် ကျွန်တော် နုံအ ပြီး အနစ်နာခံပေးနိုင်တဲ့သူမဟုတ်ပါဘူး "

"မင်း.."

"စကားတွေ ရှည်သွားရင် တောင်းပန်ပါတယ်
ကျွန်တော့်ဘက်က ဒီလိုပြောမှ ဂျီးတော်တို့က နားလည်တော့မယ့်လူတွေမို့လို့"

ဂျီးတော်ရဲ့ ပေါက်ကွဲသံကို နားမထောင်ချင်တော့ဘဲ တစ်ယောက်သောသူကို စိတ်ပူနေတဲ့ စိတ်နဲ့သာ အပြေးအလွှား ထွက်သွားခဲ့၏

"အစ်ကို.."

"အင်း ကိုယ်အဆင်ပြေပြီ "

အခန်းဝကနေဘဲ လှမ်းအော်ပေမယ့်
အစ်ကိုကတော့ ထုံးစံအတိုင်း အရာရာကိုခွင့်လွတ်နေခဲ့ပြီး ပြုံးပျော်နေရင်းသာ..

"အီးးးဟီးးး အထင်လွဲတာတောင်းပန်ပါတယ်"

"မင်းတောင်းပန်စရာမလိုပါဘူး ကိုယ်ကသာ အထင်လွဲအောင်လုပ်ခဲ့မိလို့ တောင်းပန်ရမှာပါ"

"ဘာလို့ အဲ့လောက်ထိ နားလည်ပေးရတာလဲ"

"မင်းကကိုယ့်ကိုမချစ်တဲ့သူမှမဟုတ်တာ
ကိုယ့်ကိုချစ်တဲ့သူကို ကိုယ်က နားမလည်ပေးနိုင်စရာလား "

ပုံတိုင်း တစ်ချက်ချက် ကြည့်နေပေမယ့်
ထိုကောင်လေးက မျက်နှာကို ရှောင်လွှဲပြီး မပြချင်တဲ့ပုံပေါ်နေ၏

"ရာချီ ကိုယ့်မျက်နှာကိုကြည့် "

"ကျွန်တော်မျက်ရည်တွေ‌နဲ့ရုပ်ဆိုးနေလိမ့်မယ် "

"မင်းကချောပါတယ် ကိုယ့်မျက်နှာကို ကြည့်ပေးစမ်းပါ "

နောက်ဆုံးထိ မျက်နှာမဖော်လာတာကြောင့်
မေးကိုသာ ကိုင်ပြီး မော့ခိုင်းလိုက်၏
ထင်တဲ့အတိုင်းဘဲတစ်ခုခု ဖြစ်လာလို့ရှောင်နေတာဘဲ။

"မင်း ပါးက "

"...."

"ရာချီ ကိုယ့်ကိုပြော မင်းကိုဘယ်သူလုပ်လိုက်လဲ "

"...."

"ရာချီ ကိုယ်ပြောနေတယ်လေကွာ "

"ဂျီးတော်.."

" ဟာကွာ ..နာနေသေးလား "

အခုနေတော့ နှစ်သိမ့်ပေးစရာစကား‌ပါပျောက်နေခဲ့ပေမယ့် စိတ်ထဲမှာတော့ ကတောက်ကစ ဖြစ်မိသွားခဲ့တာတော့အမှန်။

"ရတယ်မနာဘူး "

"ကိုယ်ကြောင့်နဲ့ "

"ရတယ်လို့ ဒါပေမယ့် ဝမ်းနည်းမိတာ"

"ဝမ်းနည်းနေရင် ကိုယ့်ဖက်ထားပေးရမှာပေါ့"

နွေးထွေးစွာ ထွေးပိုက်‌ထားတဲ့ အခါမှာတော့
ရာချီကိုယ်တိုင်ကပင် ထိုရင်ခွင်လေး၌ တိုးဝှေ့နေ၏။
ရီစရာတော့ကောင်းသား အမြဲသန်သန်မာမာ ရှိခဲ့ဖူးတဲ့ ရာချီဆိုတဲ့ကောင်က အစ်ကိုနဲ့တွေ့မှ မျက်ရည်လွယ်တက်နေပြီတဲ့။

"ဆရာမ ဆရာမ ခနလာအုန်း"

"ဘာကိုလဲရှင့် "

"သူတို့က ယူထားတာကြာပြီလား"

သူတို့ရဲ့ အခြေအနေကို အခန်းဝကနေ စောင့်ကြည့်နေပြီး ရန်ရှင်းစွာတစ်ယောက် သိချင်လိုစိတ်နဲ့ မေးလိုက်တဲ့အခါ

"သူတို့က တစ်နှစ်တော့ မပြည့်သေးပေမယ့် ကြာပြီထင်တယ် ညီအကိုလိုနေကြတာလို့ဘဲကြားထားတာပါ"

"ဒါပေမယ့် အခြေအနေက ကြည်နူးစရာလေ
အဲ့လူနာကိုတောင်အားကျတာ သူ့ဘဲကြီးကထွေးပွေ့နေတာလေ "

"အဲ့လိုမဟုတ်လောက်ပါဘူး အခြေအနေကြည့်ပုံအရ ရာချီကို ပုံတိုင်းက ဖက်ပေးနေတာလေ ဒါနဲ့ ဆရာက ဘာလို့ရီနေတာလဲ"

ရီနေရတဲ့ အကြောင်းအရင်းကတော့ မင်းတို့မသိလဲရပါတယ် အချိန်တန်လည်းသိရမှာဘဲလေ အဟိ။

<><><>

ကိုယ်ကလူနာလား သူကလူနားလားမသဲကွဲတော့ဘဲ သူကကုတင်မှာ အိပ်ပျော်နေလျှက်
ကိုယ်က သူ့ကိုပြန်စောင့်ပေးနေရသေးတာ

အိပ်မောကျနေတာ သေချာနေပြီဆိုတော့မှ
ပုံတိုင်းတစ်ခုခုကိုသိချင်လိုစိတ်နဲ့ တစ်နေရာကို ထွက်သွားခဲ့၏

"ဒီမှာ ဆရာမလေး "

"ဟုတ်ကဲ့ ဘာများပြောစရာရှိလို့လဲရှင့် "

"ကျွန်တော့်အဖေလေ သိတယ်မလား ဦးတစ်ခိုင်စွန်း သူဒီကိုလာပြတုန်းက ဘယ်ဆရာနဲ့ပြတာလဲသိခွင့်ရှိမလား "

"ခနနော် ...အာဒေါက်တာရန်ရှင်းစွာနဲ့ကုတာပါ "

"ဟိုနေ့ကဒေါက်တာဘဲ သူဘယ်နားရှိနေမလဲ"

"နားခန်းထဲမှာပါရှင့် "

ဆေးခန်းတစ်ခန်းချင်းကိုကျော်လွန်၍ နောက်ဆုံးတော့ ဒေါက်တာရှိတဲ့ နားခန်းထဲသို့ရောက်လာခဲ့၏

"ဒေါက်တာ ခင်ဗျ "

" အောက်ရှက်လေးဘဲ လာလေ"

"ခင်မျာ.."

"အောက်‌ကနေပြီးရှက်နေလို့ အောက်ရှက်လို့ခေါ်တာလေ "

"ဆရာဘယ်လိုတွေမြင်လဲမသိပေမယ့် ဆရာ့ထင်မြင်ချက်ကို ကျွန်တော်စွက်ဖက်မှာမဟုတ်ပါဘူး အခုကျွန်တော်မေးစရာရှိနေလို့ပါ "

"အိုခေ ဒေါက်တာmood ဝင်စမ်း"

ဖြန်း! ဖြန်း! ဖြန်း!

"ကဲဘာမေးချင်တာလဲ "

သူ့ရှေ့မှာ ကြောင်တောင်တာင်တွေလုပ်ပြီးကိုယ့်ပါးကိုယ်ရိုက်ပြီး ချက်ချင်းဆိုသလို ရုပ်ကလည်းတည်သွားသေးတာ။

"ဟို ကျွန်တော်အဖေ ဦးတစ်ခိုင်စွန်းကို ဒေါက်တာ ကုပေးလိုက်တာဆို "

"ဟုတ်ပါတယ်ဗျ အခြေမကောင်းလို့လား မဖြစ်နိုင်ပါဘူး "

"ဒါဆို အခြေအနေကောင်းတာလား "

"ကျွန်တော်ကုပေးတုန်းက အဲ့ဦးလေးကြီးမှာ ထွေထွေထူးထူးရှိမနေဘူးလေ ဒါကြောင့်ပြန်လွှတ်လိုက်တာပေါ့ "

"တကယ်ဘဲ မရှိတာလား "

"လုံးဝကြီးမရှိတာတော့မဟုတ်ဘူး အခြေအနေကတော့ ကောင်းပါသေးတယ် ဒါရိုးရိုးချောင်းဆိုတာဘဲလေ "

"...."

"ဒီကဆရာဝန်တွေကတော့ အခြေခံလောက်ဘဲ ကုပေးနိုင်တယ်လေ သူဆိုးတာကတကယ်ဘဲ အရမ်းကြာနေပြီးသွေးတွေဘာတွေပါလာတဲ့အခါကျမှ မြို့မှာသွားပြကြည့်ပေါ့ "

"ဟုတ်ကဲ့ သိချင်တာသိပြီ‌ဆိုတော့ ခွင့်ပြုပါအုန်း "

"မခွင့်ပြုနိုင်ပါဘူး "

ပြန်မယ်လုပ်ကာမှ စားပွဲကို ထုပြီးထလာတဲ့ သူ့ကြောင့် လန့်ဖြန့်ကာ

"ဗျာ.."

"ကျွန်တော်လည်းသိချင်တာရှိတယ် "

"ဘာများလဲ "

"ဒီရွာက ကျန်စစ် အကြောင်းပြောပြ "

"ဘာကြောင့်လဲ ဒါမှမဟုတ်ဆရာက"

"အင်းမင်းထင်သလ်ိုဘဲ ပြောပြပါ ပြောပြ နော်နော် ပြောပြလို့ "

လက်ကိုဆွဲပြီးပြောနေတဲ့ပုံကလည်း ဒီဆရာပေါက်က တစ်ဇွတ်ထိုးနိုင်ပြီးဘယ်သူမှ မနိုင်လောက်တဲ့ လူစားမျိုးဖြစ်လောက်သည်။

"ကျန်စစ်က ထွေးထွေးထူးထူးတော့မရှိပါဘူး ဒီတိုင်းလူကောင်းတစ်ယောက်ပါ ပြီးတော့"

"ရပြီ ရပြီ လူကောင်းဆိုရပြီ "

ဒီရွာလေးမှာ ကျွန်တော်ရှိနေတဲ့အကြောင်းအရင်းလေးကတော့ သူ့ကြောင့်ဘဲလေ။

<><><>

(ကျန်စစ်အတွက် love line လေးနည်းနည်းပါမယ်နော်)






Continue Reading

You'll Also Like

3.9K 194 11
ထွက်ပြေးလို့လွတ်ကြေးလားကိုကို
248K 38.3K 98
ပြန်သူမရှိတော့ဘူးဆိုလို့ ယူပြန်လိုက်ပြီ ဟီးဟီး ဖတ်ပေးကြပါဦး
368 54 9
နှင်းဆီနီတွေကို သိပ်မုန်းတဲ့ကောင်လေးရယ် နှင်းဆီနီတွေကို သိပ်မြတ်နိုးတဲ့ကောင်ငယ်လေးရယ် ဘယ်လိုတွေများတွေ့ဆုံကြမလဲ။
33.4K 1.4K 200
book 2 to kpop quotes :) just more dumbass crackhead shit ;) (it's mostly NCT but that's not a surprise) ⚠️I DO NOT GIVE CONSENT TO TEENFIC.NET TO ST...